အခန်း (၃၆)
Vol. 3 Ch. 36
အယ်လီနာသည် ဖှေးနှင့်အတူရှိနေသည့် အချိန်တိုင်းတွင် လုံခြုံစိတ်ချသလို ခံစားရသည်။သူမနှင့် သူမ၏သွေးသောက်ညီအမများ ခက်ခက်ခဲခဲရင်ဆိုင်ရသော မကောင်းဆိုးဝါး များမှာ ဖှေးနှင့်အတူရှိနေချိန်တွင် ဂေါ်ဖီထုတ်များကဲ့သို့ပင် သတ်ဖြတ်ရလွယ်ကူနေသည်။မကောင်းဆိုးဝါးအားလုံးမှာ ဖှေး၏ တားဆီးခြင်းကိုခံရသဖြင့် အယ်လီနာ ၏အနားသို့ ဘယ်နည်းနှင့်မှရောက်မလာနိုင်ချေ။ဖှေးသည် ထိခိုက်စေမှုများအား ကာကွယ် ဆီးတားပေးနေသော တံတိုင်းကြီးကဲ့သို့ပင်။
အတွေ့အကြုံသည် သူမ၏ ကိုယ်ရံတော်နှင့် သခင်ဆက်ဆံရေးအပေါ် ထားရှိခဲ့သော အမြင်အားပြောင်းလဲစေခဲ့သည်။ ခေါင်းဆောင်ခက်ရှာအပါအဝင် လူတိုင်းပြောသည့်ပုံအရ ခရီးသွားများသည် ကိုယ်ရံတော်များအား လက်နက်တစ်ခုဟုဟာ သဘောထားပြီး အသုံးချခဲ့ကြသည်။တချို့ခရီးသွားများဆိုလျှင် သူတို့၏ကိုယ်ရံတော်များအား လူသားဒိုင်းအဖြစ်ပင် အသုံးချခဲ့သည်များလည်းရှိသည်။ ထို့ကဲသို့ဖြစ်ရပ်များကြောင့် [သူပုန် စခန်း]တွင် စစ်သည်ပေါင်းများစွာသေကြေခဲ့ရသည်။
သို့သော်စခန်း၏ ဖြစ်တည်မှုနှင့် စခန်းအတွင်းရှိ တိုက်ခိုက်နိုင်စွမ်းမရှိသည့် နေထိုင်သူများအားကာကွယ်ရန်အတွက် အမျိုးသမီးသူပုန်များမှာ ခရီးသွားများထံသို့ ကိုယ်ရံတော် အဖြစ်ဖြင့် ဝင်ရောက်လုပ်ကိုင်ကာ မိမိကိုယ်ကိုယ် စွန့်လွှတ်ကြရသည်။
သို့သော် သူမ၏အရှေ့တွင်ရှိသော လူရိုင်းဇာတ်ကောင် ခရီးသွားဖှေးမှာ ထိုကဲ့သို့မဟုတ်ကြောင်းထင်ရှားသည်။ပုံပြင်များမှာ မမှန်ကန်သည့်အတွက်လား သို့မဟုတ် သူမကံကောင်းပြီး ဂရုစိုက်ကြင်နာတတ်တဲ့ခရီးသွားနှင့် တွေ့ခြင်းလားမသိပေ။
“အချိန်တွေကြာပြီးပြောင်းလဲသွားလို့နေမှာပါ။ ခရီးသွားတွေပျောက်ကွယ်ကုန်ပြီး သူပုန်စခန်း စွန့်ပစ်ခြင်းခံထားရတာ နှစ်၆၀လောက်လဲ ရှိပြီလေ။အရာအားလုံးပြောင်းလဲသွားခဲ့ပြီပေါ့...”အယ်လီနာထိုကဲ့သို့သာ ကောက်ချက်ချလိုက်သည်။
ဖှေးအယ်လီနာ၏မျက်နှာပေါ်မှ အမူအယာအားမြင်သော် အနည်းငယ်ရယ်မိသော်လည်း ဘာမှမပြောချေ။တစ်ဖက်သို့လှည့်ပြီး ပေါ်တယ် စီသို့ လမ်းလျှောက်သွားသည်။အယ်လီနာလည်း သူ၏နောက်မှလိုက်ပါလာခဲ့၏။
[အမှောင်သစ်တော]မှ [ကျောက်တုံးထူထက်သောလွင်ပြင်]သို့ ၁၀မိနစ်ခန့်အကြာ လမ်းလျှောက်ပြီးရောက်ရှိခဲ့သည်။ ဖှေး အာကာရာထံသို့ စာလိပ်အား ဘာသာပြန်ခိုင်းရင် သွေးပုလင်းနှစ်ပုလင်းပါဝယ်ခဲ့သည်။ တစ်ပုလင်းမှာ သူ့အတွက်ဖြစ်ပြီး တစ်ပုလင်းမှာ အယ်လီနာအတွက်ဖြစ်သည်။မကောင်းဆိုးဝါးများမှာလည်း သတ်ဖြတ်ခဲ့ပြီးဖြစ်၍ အချိန်သိပ်မကုန်တော့ချေ။
သူတို့နှစ်ယောက်သား အထိန်းအမှတ်ကျောက်တုံးများကို အလွယ်တကူပင် ရှာဖွေတွေ့ရှိခဲ့ကြသည်။ဖှေး ဘာသာပြန်ပြီးပြီ ဖြစ်သော စာလိပ်အားထုတ်ပြီး စာလိပ်တွင်ဖော်ပြထားသည့်အတိုင်း ကျောက်တုံး၅တုံးအား အစဥ်လိုက်ထိကိုင်လိုက်သည်။ရုတ်တရက်ပင် ကောင်းကင်ကြီးတစ်ခုလုံးမှေးမှိမ်သွားပြီ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်ကျသွားသည်။
လွင်ပြင်တစ်ခုလုံးတွင် ပြင်းထန်သောလေများစတင်တိုက်ခတ်လာပြီး သစ်ရွက်ခြောက်များလေထဲတွင် ပြန့်ကျဲနေတော့သည်။ကမ္ဘာပျက်တော့မလို ခံစားနေရ၏။ထိုအချိန်တွင် ကျောက်တုံးငါးတုန်းမှာ အပြာရောင်ရောင်စဥ်တန်း ငါးခုဖြာထွက်လာပြီး မကြာမှီအချိန်မှာပင် ရောင်စဥ်များအားလုံးစုပေါင်းသွားပြီး ကြီးမားသည့် အနီရောင်ပေါ်တယ်တစ်ခု ကျောက်တုံးများအလယ်တွင်ပေါ်ပေါက်လာသည်။
ထိုပေါ်တယ်မှာ “ထရစ်စတမ်”မြို့သို့ဆက်သွယ်ပေးထားသော ပေါ်တယ်ပင်ဖြစ်သည်။အဘိုးကြီး ကိန်းအားဖမ်းချုပ်ထားသည့် နေရာပင်။
“ဒီကျောက်တုံးငါးတုံးက ဖြာထွက်တဲ့စွမ်းအင်တွေက အတော်တောင်လန့်စရာကောင်းတာပဲ”ဖှေးပြောလိုက်၏။
အယ်လီနာ လဲထိုနည်း၄င်းပင် အတော်အံ့သြနေသည်။ ဖှေးအနောက်မှနေ၍ နှစ်နာရီကြာလိုက်လာခဲ့ချိန်သည် သူမ၏ လွန်ခဲ့သည့် နှစ်ဆယ့်တစ်နှစ်လုံးထက်ပင် စိတ်ဝင်စားစရာကောင်းနေ၏။မတွေ့ဘူးမကြုံဖူးသည်များအား ဆက်တိုက်တွေ့ကြုံနေရသည်။
“ငါတို့ဒီပေါ်တယ်ထဲကို ဝင်လိုက်တာနဲ့ တစ်ဖက်မှာ မကောင်းဆိုးဝါး နဲ့ နတ်ဆိုးတွေအများကြီးရှိနေနိုင်တယ်။ငါ့နောက်ကနေ သတိထားပြီးလိုက်ခဲ့ ရှေ့ကို အတင်းမတက်နဲ့ ဟုတ်ပြီလား..”ဖှေး အယ်လီနာအား သတိပေးလိုက်သည်။”အခြေအနေတွေက အန္တရာယ်အတင်းများလာခဲ့ပြီဆိုရင် အဲ့နေရာကနေအမြန်ထွက်ဖို့ကြိုးစားဟုတ်ပြီလား ပေပြီးမရင်ဆိုင်နဲ့...”
ထရစ်စတမ်မြို့သည့် အမှောင်သခင်ကြီး ဒိုင်ယာဘလို နိုးထလာသည့်အချိန်တွင် ဖျတ်ဆီးခြင်းခံလိုက်ရပြီး နတ်ဆိုးနှင့်မကောင်းဆိုးဝါးများပျော်စံရာ နေရာတစ်ခုအဖြစ်သို့ရောက်ရှိနေပြီဖြစ်သည်။ ကြီးမြတ်သည့် ပါလာဒင်တစ်ဦးပင်ထိုနေရာတွင် ကျရှုံးခဲ့ပြီး စွမ်းအားကြီးနတ်ဆိုးတစ်ဦး ဖြစ်နေခဲ့သည်။ ထိုပါလာဒင်မှာ ထရစ်စတမ်၏ ခေါင်းဆောင်ကြီးဖြစ်သည်။လူအိုကြီး ကိန်းအား အောင်မြင်စွာကယ်တင်ရန်မှာ လွယ်ကူမည်တော့မဟုတ်ပေ။ ဖှေးမကောင်းဆိုးဝါးများများ ဖြေးဖြေးခြင်းသတ်ဖြတ်သွားရန် စီစဥ်ထားသည်။သူ၏ [ပစ္စည်းများ ထားသိုရာအကန့်]ထဲတွင် [သွေးပုလင်း အငယ်စား]ပုလင်းနှစ်ခန့်ရှိသည်။ ထိုသွေးပုလင်းများသည် ဖှေးနှင့်အယ်လီနာတို့အတွက် လာမည့်တိုက်ပွဲတွင် လုံလုံလောက်လောက် အထောက်အပံ့ပေးနိုင်မည်ဖြစ်သည်။
သို့သော် အခြေအနေမှာအလွန်ဆိုးဝါးလာပါက ဖှေးအယ်လီနာအား ကာကွယ်နိုင်တော့မည်မဟုတ်ပေ။ အကယ်၍ မကောင်းဆိုးဝါး များအယ်လီနာအား ဝိုင်းလိုက်ပါက ချက်ချင်းပင် အယ်လီနာ အား တစ်စစီ ဆွဲဖြဲ ပစ်ကြမည်ဖြစ်သည်။ထို့ကြောင့်ပင် ဖှေး အယ်လီနာအား မကြာခနသတိပေးနေရခြင်းဖြစ်သည်။
ထို့နောက်တွင် ဖှေးပေါ်တယ်ထဲသို့ဝင်သွားကာ [ကျောက်တုံးထူထပ်သော လွင်ပြင်]မှထွက်ခွာသွားတော့သည်။ဖှေးပြောသည်မှာ ဘာမှထူးခြားသည်မပါသော်လည်း အယ်လီနာ၏ ရင်ထဲတွင်နွေးထွေးသွားသလိုခံစားရသည်။ သူမအားတစ်စုံတစ်ယောက်က ဂရုစိုက်စိတ်ပူပေးသောကြောင့်ပင်။
“သူက ငါ့ရဲ့ အားစိုက်မှုနဲ့ စွန့်လွှတ်ပေးမှုတို့ကို ထိုက်တန်တဲ့သူပဲ”အယ်လီနာစိတ်ထဲမှ ဆုံးဖြတ်ချက်ချကာ ဖှေးနှင့်အတူ ပေါ်တယ်ထဲသို့ဝင်သွားတော့သည်။
............
............
ချမ်းဘော့ဒ် တိုင်းပြည်တွင်ဖြစ်သည်။
မွန်းတည့်ချိန်နားကပ်နေပြီဖြစ်သော်လဲ ရန်သူ၏လှုပ်ရှာမှုအား မတွေ့ရသေးချေ။ ရန်သူများသည် ဇူလီမြစ်တံတားပေါ်တွင်နေရာယူကာ တိုက်ခိုက်ရန်အချိန်ကောင်းအား စောင့်နေလျက်ရှိကြသည်။
ခံတပ်နံရံပေါ်ရှိ ဖိအားမှာ အချိန်နှင့်အမျှတိုးနေလျှက်ရှိသည်။ မြစ်ရေစီးဆင်းနေသံမှ လွဲ၍ တခြားဘာအသံမှမကြားရချေ။ စစ်သားများနှင့် လူငယ်များမှာ ဇောချွေးများပြန်နေကြပြီဖြစ်သည်။ ယခင်ကတက်ကြွခဲ့သော စိတ်ဓာတ်ခွန်အားတို့မှာ တဖြည်းဖြည်း ပျောက်ကွယ်စပြုလာပြီဖြစ်သည်။
ရန်သူမှာလဲ တိုက်မဲ့အသွင်မရှိသေးချေ။သို့သော်တိတ်ဆိတ်ငြိမ်သက်မှုမှာ စစ်သားများရင်ဝကိုဓားဖြင့်ထိုးနေသကဲ့သို့ပင် ဖိအားမှာပြင်းထန်လွန်းလှသည်။ဘရွတ်သည်လည်း အချိန်နှင့်အမျှစိတ်လှုပ်ရှားနေပြီး ပီးရာ့စ်တစ်ယောက်လည်း ဓားထမ်းပြီး ခံတက်မျှော်စဥ်ရှေ့တွင် စောင့်ကြပ်လျှက်ရှိသည်။လူတိုင်း၏မျက်လုံးများသည် ခံတပ်မျှော်စဥ်၏ပျက်စီးနေသောနံရံအကြားမှမြင်နေရသော တရားထိုင်နေသည့် လူငယ်တစ်ဦးအပေါ်တွင်ကျရောက်နေကြသည်။
ထိုသူမှာ ဘုရင်အလတ်ဇန္ဒားပင်ဖြစ်သည်။ယခုကဲ့သို့အကြပ်အတည်းရောက်နေသောအချိန်တွင် တစ်စုံတစ်ယောက်က မျှော်လင့်ချက်ရှိပါသေးတယ်ဟု ပြောပါက ထိုမျှော်လင့်ချက်မှာ ဘုရင်အလတ်ဇန္ဒားပင်ဖြစ်ပေလိမ့်မည်။
ချမ်းဘော့ဒ် ၏နံပါတ်၁စစ်သည် လမ်းပါ့ဒ်ပင် စစ်သားတို့အား လုံခြုံသည့်ခံစားချက်မျိုးမပေးနိုင်ချေ။ တနည်းနည်းဖြင့် ယခင်ကကျပ်မပြည့်သည့်ဘုရင်အလတ်ဇန္ဒားကသာ သူတို့၏ အကြောက်တရားများကို ပျောက်ကင်းစေသည်။
............
............
ဒိုင်ယာဘလို ကမ္ဘာအတွင်းရှိ ထရစ်စတမ်မြို့တွင်ဖြစ်သည်။
ဖှေးပေါ်တယ်ထဲမှထွက်လာလာခြင်း [အရိုးခြောက်]များ ဓားများဖြင့်ဝိုင်းကာ ဖှေးကားဝိုင်းဆော်ကြတော့သည်။
“သေစမ်း ဒီကောင်တွေက ဒီလောက်တောင်များတာလား။တော်တော်လည်း ရန်လိုနေကြတယ်ဟ...”ဖှေးစိတ်ထဲတွင်တွေးပြီး သူ၏ ပုဆိန်ကို လျှင်မြန်စွာပင် ဝှေ့ရမ်းလိုက်သည်။ အနီးနားရှိ အရိုးခြောက်သုံးကောင် လွှင့်ထွက်သွားတော့သည်။
တကယ့် စိန်ခေါ်မှုမှာ လာနေရုံသာရှိသေးသည်။အရိုးခြောက်များသည် ဖှေးတို့အား ရေလှိုင်းကဲ့သို့ ဝင်တိုက်ခိုက်နေကြပြီ အနောက်တွင်ဖုတ်ကောင်များမှာ တရွှေ့ရွှေ့ချည်းကပ်လာနေကြသည်။ထရစ်စတမ်မြို့ရှိ မကောင်းဆိုးဝါးများမှာ သန္ဒေပြောင်းလဲထားသဖြင့် ပုံမှန်မကောင်းဆိုးဝါးများထက် အဆပေါင်းများစွာ ထိခိုက်စေနိုင်သလို သတ်ဖြတ်ရန်လဲ ပို၍ခက်ခဲကြသည်။
သို့သော် ဖှေးသည်လည်း အလွန်သန်မာသည် သူ၏ ပုဆိန်ကျရောက်သည့်နေရာတိုင်း မကောင်းဆိုးဝါးများ ရက်ရက်စက်စက်သေဆုံးရသည်။သို့သော်သူ၏တိုက်ခိုက်နှုန်းမှာ မမြန်ဆန်လှချေ။ တိုက်ခိုက်မှုတိုင်းတွင် ဖှေး ဒဏ်ရာရလေသည်။သူ၏သွေးမှာလည်း တဖြည်းဖြည်းလျှော့နည်းလာပြီဖြစ်သည်။ဖှေအလွန်ကြောက်လန့်သွားသည် [ဟိန်းဟောက်ခြင်း]ကို အသုံးပြုပြီး မကောင်းဆိုးဝါး များအား အဝေးသို့ခြောက်လန့်လွှတ်လိုက်ပြီး သူ၏ သွေးပုလင်းအား အမြန်သောက်ပြီး သွေးပြန်ဖြည့်ရသည်။
[ဟိန်းဟောက်ခြင်း]၏အစွမ်းမှာအမြန်ပင်ပျောက်ကွယ်သွားပြီး မကောင်းဆိုးဝါးများထက်မံတိုးဝင် တိုက်ခိုက်ကြပြန်သည်။
ထို့အချိန်တွင်
“ဝှစ် ဝှစ် ဝှစ်”
ရေခဲမြှားများမကောင်းဆိုးဝါများထံသို့ ပျံသန်းသွားသည်။အယ်လီနာသည်လဲ ပေါ်တယ်အတွင်းမှထွက်ပေါ်လာပြီ ဖြစ်သည်။ အယ်လီနာသည် သူမ၏လေးကို လျင်မြန်စွာတင်ပြီး ပစ်ခတ်ရာ အနီးရှိမကောင်းဆိုးဝါးများရေခဲကုန်သည်။
“အဝေးကနေပဲ တိုက်ခိုက်၊ အနားမကပ်စေနဲ့၊ ငါ့အနောက်မှာပဲနေ”ဖှေး အယ်လီနာ အားအမိန့်ပေးလိုက်ပြီး ရှေ့သို့ဝင်တိုးကာတိုက်ခိုက်တော့သည်။မကောင်းဆိုးဝါးများကို အဝေးသို့ပို့ကာ အယ်လီနာ လုံခြုံသည့်နေရာမှထိရောက်စွာတိုက်ခိုက်စေနိုင်ရန်ဖြစ်သည်။
မကောင်းဆိုးဝါးများအနီးသို့တအားရောက်လာသည့်အချိန်တိုင်းတွင် ဖှေး[ဟိန်းဟောက်ခြင်း]ကို အသုံးပြုပြီး မကောင်းဆိုးဝါးများအား ခြောက်လှန့်လိုက်မည်ဖြစ်သည်။ မကောင်းဆိုးဝါးများကြောက်လန့်ပြီးထွက်ပြေးနေစဥ် ဖှေးသည် သူသတ်နိုင်သမျှ သတ်ဖြတ်မည်ဖြစ်ပြီး [ဟိန်းဟောက်ခြင်း]အာနိသင်ကုန်ခမ်းပြီး မကောင်းဆိုးဝါး များပြန်ကပ်လာပါက ထိုကဲ့သို့ပင်ထက်မံပြုမူမည်ဖြစ်သည်။
မိနှစ်နှစ်ဆယ်ခန့်အကြာတွင် အဆင့်နှိမ့်မကောင်းဆိုးဝါးအုပ်ကြီးအား ရှင်းလင်းလိုက်ပြီးဖြစ်သည်။နောက်ဆုံးတွင်ဖှေး ထရစ်စတမ်မြို့အား အသေချာကြည့်ရှုနိုင်ပြီဖြစ်သည်။ထရစ်စတမ်မြို့မှာ ယခုအခါတွင် အပျက်ဆီးပုံကြီးဖြစ်နေပြီဖြစ်သည်။ ယခင်က စည်ကားကဲ့သော မြို့ကြီးမှာ ယခုကဲ့သို့ ဖြစ်ပျက်သွားသည်မှာ ယုံနိုင်ဖွယ်မရှိချေ။မြေပြင်မှာ ပတ်ကြားအပ်များဖြင့် ပြည့်နှက်နေပြီး အဆောက်ဦးများစွာမှာ ပြိုလဲ ပျက်စီးနေသည်။ နေရာအနံတွင် ငရဲမီးများတောက်လောင်ကျွမ်းနေရာ ကောင်းကင်ရံတွင် အမဲရောင်မီးခိုးများဖြင့် ပြည့်နှက်နေလေသည်။
မြို့နေလူများမှာ မကောင်းဆိုးဝါးများကြောင့် သေဆုံးသွားခဲ့ပြီး သွေးဆာနေသော မိစ္ဆာများနတ်ဆိုးများအဖြစ်သို့ ပြောင်းလဲသွားကြပြီဖြစ်သည်။
ထရစ်စတမ်၏ ဗိုလ်ကြီးမှာ ကျဆုံးသွားခဲ့သည့် ပါလာဒင်ဖြစ်သည်။ထို ဗိုလ်ကြီးမှာ အစွမ်းထက်ပြီး သတ်ဖြတ်ရန်ခက်ခဲလှသည်။ ထို့သော်ကိန်းအားဖမ်းချုပ်ထားသည့်နေရာတွင်သာ စောင့်နေပြီး ဖှေးအားလာရောက်တိုက်ခိုက်ခြင်းမပြုသဖြင့် နောက်ဆုံးတိုက်ပွဲအတွက် ပြင်ဆင်ချိန်ရလေသည်။
ဖှေးနှင့်အယ်လီနာတို့ ခရီးဆက်လာစင် အရိုးခြောက်လေးသည်တော်များနှင့် ရင်ဆိုင်တွေ့လိုက်ရသည်။ ထိုလေးသည်တော်အရိုးခြောက်များသည် ပုံမှန်တဇွတ်ထိုးဝင်ရောက်တိုက်ခိုက်တတ်သော အရိုးခြောက်များနှင့် မတူများစွာပါးနပ်သည်။ ဖှေးတို့အား အဝေးမှနေ၍ လေးနှင့် ပစ်ခတ်တိုက်ခိုက်မည်ဖြစ်သည်။အနားသို့တိုးကပ်လာခြင်းမရှိပေ။
ဖှေးအယ်လီနာအား အနောက်ဆုတ်ရန် အချက်ပြလိုက်ပြီးသူ၏ ဒုတိယဦးစားပေး လက်နက်များကိုပြောင်းလဲကိုင်တွယ်လိုက်သည်။
အာဇူရာ ဒိုင်းနှင့် ရွှေရောင်ဆေဘာဓားတို့မှယညဖှေးလက်ထဲတွင်ပေါ်ပေါက်လာခဲ့၏။ဖှေး သူတို့အားအလစ်တိုက်ရန်ကြံနေသော အရိုးခြောက်လေးသည်တော်ထံအမြန်တိုးဝင်သွားပြီး ဓားဖြင့် ခုတ်ပိုင်းချလိုက်လေသည်။