← Chapters

အခန်း (၃၇)

Vol. 3 Ch. 37

အခန်း (၃၇)

Vol. 3 Ch. 37

"ရှီး"

အရိုးစုမှာ တုန်ခါသွားသည်။ထို့နောက်တွင် အဖြူရောင်အရိုးများသည် အစိမ်းပုတ်ရောင်အဖြစ်ပြောင်းသွားကာ တဖြည်းဖြည်းပျက်စီးသွားတော့သည်။ မုန်တိုင်းဆေဘာဓား၏ အဆိပ်ဖြင့် ထိခိုက်စေနိုင်ခြင်း ဂုဏ်သတ္တိကြောင့်ပင်ဖြစ်သည်။ထို့ပြင် သေရာမှပြန်ထလာသည့်အမျိုးအစားဖြစ်သော မကောင်းဆိုးဝါး များအပေါ်တွင် ပို၍ ထိခိုက်စေနိုင်သော ဂုဏ်သတ္တိကြောင့် အရိုးခြောက်များသည် ဖှေးအား နာကျင်စေရန် အခွင့်အရေးပင်မရချေ။

ဖှေးသူ၏ဓားအသစ်ဖြင့် အရိုးစုများကို အားရပါရခုတ်ပိုင်းနေစဥ်တွင် အဝေးမှလေးသည်တော် အရိုးခြောက်များမှ စတင်တိုက်ခိုက်လာပြီဖြစ်သည်။

"ဝှစ် ဝှစ် ဝှစ်"

မြှားများကိုပစ်လွှတ်လိုက်ကြသည်။ ထိုမြှားများက ကောင်းကင်ပေါ်မှ မိုးရွာကျလာသကဲ့သို့ ဖှေးထံ ဦးတည်၍ကျလာခဲ့သည်။

ဖှေး သူ၏ အာဇူရာဒိုင်းအား ကိုင်မြှောက်ပြီး ကာကွယ်လိုက်သည်။ဖှေး၏ အကြံအစီမှာ အရိုးစုလေးသည်တော်များအား လူကွဲအောင်ပြုလုပ်ပြီး တစ်ကောင်ခြင်း သတ်ဖြတ်ရန်ဖြစ်သည်။

သို့သော်.......

"ဝှစ် ဝှစ် ဝှစ် ဝှစ်"

ဖှေးအနောက်မှ အပြာရောင်ရေခဲမြှားများ ပျံထွက်လာပြီး အရိုးစုအားသွားမှန်သည်။ဖှေးလှည့်ကြည့်ရာ အယ်လီနာသည် သူ၏ ညွှန်ကြားချက်များကိုမလိုက်နာပဲ ရှေ့သို့တက်ကာ ပြန်လည်တိုက်ခိုက်နေသည်ကိုတွေ့လိုက်ရသည်။

"သေစမ်း" ဖှေး သူတို့ဒုက္ခရောက်တော့မည်မှန်းသိလိုက်၏။

ဤသည်မှာ အယ်လီနာသည် ဖှေးပြောစကားအား ပထမဦးဆုံးအကြိမ်နားမထောင်ခြင်းဖြစ်သည်။ ထရစ်စတမ်ရှိ ပုန်းကွယ်နေသော အန္တရာယ်များကို အယ်လီနာသိဟန်မရှိပေ။အယ်လီနာထိုကဲ့သို့ဆက်လက်တိုက်ခိုက်နေပါက အရိုး​ခြောက်များအားလုံးအား ရှင်းလင်းနိုင်မည်မဟုတ်ပဲ ဖှေးနှင့် သူမကိုယ်သူမ အန္တရာယ်ထဲသို့ ကျရောက်စေမည်ဖြစ်သည်။

ထိုအရိုးစုလေးသည်တော် အုပ်ထဲတွင်ဗိုလ်ကြီးအငယ်စားနှစ်ကောင်ပါဝင်သည်။ ထိုအရာများ၏ မြှားမှာလဲ ပြင်းထန်စွာထိခိုက်စေနိုင်ပြီး မှော်အာနိသင်များပါဝင်ကြသည်။ ဗိုလ်ကြီးအငယ်စားတစ်​ယောက်၏ မြှားချက်သည့် အယ်လီနာ၏မြှားချက်ကဲ့သို့ ရွှေ့လျားမှုများကို နှေးကွေးသွားစေမည်ဖြစ်သည် နောက်တစ်ယောက်၏ မြှားချက်မှာ လျှစ်စီးမိုးကြိုးဓာတ်ပါဝင်သောကြောင့် သွေးများစွာလျော့ပါးသွားစေမည်ဖြစ်သည်။သွေးများစွာရှိသည့် လူရိုင်းဇာတ်ကောင်ဖှေးပင်လျှင်၄င်းတို့နှစ်ယောက်အား ထိတ်တိုက်မတိုက်ခိုက်ရဲပေ။သွေးပုလင်းသောက်လိုက် တိုက်လိုက်ဆုပ်ခွာလိုက် ထိုကဲ့သို့လုပ်ရန်စီစဥ်ထားသည်။

"အမြန်နောက်ပြန်ဆုတ်" ဖှေးအယ်လီနာအား အော်ပြောလိုက်သည်။

သို့သော်နောက်ကျသွားပြီဖြစ်သည်။ အရိုးခြောက်များသည် အယ်လီနာအား သတိထားမိသွားပြီး အယ်လီနာထံသို့ မြှားများမိုးရွာသကဲ့သို့ ပစ်လွှတ်လိုက်သည်။

အယ်လီနာသည် ဖှေးကဲ့သို့သွေးလည်းမများဖှေးကဲ့သို့ ဒိုင်းကာလဲမရှိချေ။မြှားများကိုရှောင်ရန်ကြိုးစားသော်လည်း မြှားတစ်ချို့သည့် သူမခန္ဓာကိုယ်အားဖောက်ဝင်ကုန်ပြီး သူမ၏ လယ်သာချပ်ဝတ်အား သွေးများဖြင့် စွန်းထင်းစေသည်။

"ကျွန်မကိုမစိုးရိမ်ပါနဲ့ဆရာ အလုပ်ကပိုအရေးကြီးပါတယ် ကျွန်မသူတို့ကိုအာရုံလွှဲထားတုန်း ဘေးကနေနေပတ်ပြီး မစ်စတာ ကိန်းကိ သွားကယ်လိုက်ပါ။"

မြှားများသည် သူမခန္ဓာကိုယ်အား စိုက်ဝင်နေဆဲဖြစ်သည်။ ကြီးမားသော ဝေဒနါအား မချိမဆန့်ခံစားနေရ၏။သူမ၏ မျက်နှာမှာ ဖျော့တော့တော့သာရှိနေသော်လည်း သူမ၏ အမူအယာမှာ ဆုံးဖြတ်ချက်ပျက်သားမှုတို့ကို ပြသလျက်ရှိသည်။ ပြင်းထန်စွာနာကျင်ခံစားနေရသော်လည်း သူမရပ်တန့်သွားခြင်းမရှိပေ။ သူမ၏ မြှားများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်နေတုန်းပင်ဖြစ်သည်။သူမ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများမှာလည်း တိုးသထက်တိုးလာပြီဖြစ်သည်။

သူမ၏ချပ်ဝတ်မှာ သွေးများဖြင့် စိုရွဲနေပြီဖြစ်သည်။ သို့သော်လည်း အယ်လီနာမှာအနောက်သို့ခြေတစ်လှမ်းမှ မဆုတ်ပေ။ သူမ၏ မျက်လုံးထဲတွင် အကြောက်တရားကိုမတွေ့ရ ကြီးထွားနေသော အမုန်းများသာရှိ၏။တစ်လှမ်းခြင်းတစ်လှမ်းခြင်းဖြင့် အယ်လီနာသည် အရိုးခြောက်အုပ်အနားသို့နီးကပ်လာပြီ ဖြစ်သည်။

သို့သော် ထိုအခိုက်တန့်တွင်....

"ဒုတ်"

ဗိုလ်ကြီးအငယ်စားဖြစ်သည် [အရိုးစု စစ်သည် လေးသည်တော်မှ] သေစေနိုင်သော လျှပ်စီးမြှားနှင့် တုန့်ပြန်ပေးလိုက်သည်။လျှပ်စီးမြှားမှာ မိုးကြိုးပစ်သကဲ့သို့ အယ်လီနာအားထိမှန်သွားသည်။အယ်လီနာ၏ သွေးမှာ အဆမတန်လျှင်မြန်စွာလျော့နည်းနေပြီဖြစ်သည်။

"သေစမ်း"

ဖှေး အယ်လီနာ အားစိုးရိမ်သွားပြီး သူ့ထံဦးတည်လာသော် မြှားများကို ဂရုမစိုက်တော့ပဲ အယ်လီနာထံပြေးသွားကာ [ဟိန်းဟောက်ခြင်း]ကိုအသုံးပြုပြီး မကောင်းဆိုးဝါး များကို ခြောက်လန့်လွှတ်ရင်း အယ်လီနာ၏ ပါးစပ်ထဲသို့ သွေးပုလင်းမှ ဆေးရည်များအား အမြန်လောင်းထည့်လိုက်သည်။ထို့နောက်တွင် မြို့ပြောင်းစာလိပ်အား အသုံးပြုကာ ပေါ်တယ်တစ်ခုဖွင့်လိုက်လေသည်။ အရိုးစုများ ချည်းကပ်လာနေသည်က််ိုတွေ့သော ဖှေးသည် အယ်လီနာအား သယ်ဆောင်ပြီး ပေါ်တယ်ထဲသို့ဝင်ကာ ဆုတ်ခွာလိုက်ရတော့သည်။

"ဒွီ ဒွီ"

သူတို့နှစ်ယောက်လုံးပေါ်တယ်၏ ကျေးဇူးကြောင့် သေတွင်းမှ သီသီလေးကပ်လွတ်ပြီး [သူပုန်စခန်း]သို့ပြန်လည်ရောက်ရှိလာကြသည်။

သွေးပုလင်း အငယ်စား၏ အကျိုးကျေးဇူးကြောင့် အယ်လီနာမှာ သွေးအပြည့်နီးပါးပင်ပြန်ဖြစ်သွားပြီဖြစ်သည်။ တစ်ဖက်တွင် တော့ဖှေးသည် ခေါင်းဆောင်အငယ်စားနှစ်ဦးလုံး၏ ရေခဲမြှားနှင့် လျှပ်စီးမြှားဒဏ်ကို ပြိုင်တူထိမှန်ပြီး ကောင်းကောင်းပင်မရွေ့လျားနိုင်တော့ချေ။မသေသေးသော်လည်း ဖှေး၏ သွေးအားမှာ ၃၀ သာကျန်တော့သည်ဖြစ်၏ မြှားအနည်းငယ်ထက်မံထိမှန်မှာက သေသွားနိုင်သည်။

အလွန်ကြောက်စရာကောင်းသော အခြေအနေပင်။ဖှေး ဒိုင်ယာဘလိုကမ္ဘာတွင် သေဆုံးသွားပါက ပြန်အသက်ရှင်နိုင်မရှင်နိုင်လဲမသိသေးပေ။

"ငါအမြဲတန်း သူရဲကောင်းလုပ်နေလို့တော့ မဖြစ်သေးဘူးထင်တယ်။"

ဖှေး အယ်လီနာ ထံမှ မွှေးပြန့်သောရနှံ့အားရလိုက်သည်။ သို့သော် နှစ်သက်နေရန်အချိန်မဟုတ်ပေ။ဖှေး [သွေးပုလင်းအငယ်စား]တစ်လုံးအား မော့သောက်လိုက်ပြီး တစ်လုံးအား အယ်လီနာထံသို့ ပစ်ပေးလိုက်သည်။ ထို့နောက်တွင် သူ၏နောက်ကြောတွင် စိုက်နေသော မြှားတစ်ချောင်းအား ဆွဲနုတ်လိုက်ရာ နာကြင်လွန်းလှသဖြင့် သွေးပုလင်းနောက်တစ်လုံးထက်သောက်လိုက်ရသည်။

ကံကောင်းစွာပင် [သွေးပုလင်းအငယ်စား]သည် ချိုမြသော အရသာရှိပြီး ဘေးထွက်ဆိုးကျိုးမရှိပေ။

"ဟေးအယ်လီနာ ငါနင့်ကိုအစကတည်းက ရှေ့မထွက်ဖို့ပြောထားတာကို ဘာလို့နားမထောင်တာလဲ။"

ဖှေးသွေးအားမှာ အပြည့်ပြန်ဖြစ်သွားမည်ဖြစ်ပြီး အယ်လီနာအား စကားနားမထောင်သည့်အတွက် အပြစ်တင်ရန်ဆုံးဖြတ်လိုက်သည်။အကယ်၍ သူမသာ သူ၏စကားနားထောင်ခဲ့ပါက ယခုကဲ့သို့အ​ခြေအနေသို့ ရောက်ရှိလာမည်မဟုတ်ပေ။

အယ်လီနာ သည် ခေါင်းငုံ့ထားပြီး ဘာမှပြန်မပြောချေ။ သူမ၏မျက်လုံးများသည်လည်း မျက်ရည်များဝဲလာနေ၏။သူမ၏ ဒဏ်ရာများမှာ အကုန်မပျောက်သေးသော်လဲ ဖှေးပေးသောသွေးပုလင်းအား မသောက်သေးချေ။ ထိုကဲ့သို့ တန်ဖိုးကြီးမားလှသော သွေးပုလင်းအားမသောက်ရက်သောကြောင့်ဖြစ်သည်။အယ်လီနာကို မြင်သော ဖှေး၏ နှလုံးသားမှာ ပျော့ပျောင်းသွားပြီး ဆက်လက်အပြစ်တင်လိုစိတ်မရှိတော့ချေ။

"ရပါတယ် သွေးပုလင်းကိုသာသောက်လိုက်ပါ နောက်ပြီး ထရစ်စတမ်ကို ပြန်မလိုက်လာနဲ့တော့ ငါနင့်ကို ထက်ကာကွယ်နိုင်ချင်မှ ကာကွယ်နိုင်တော့မှာ။ ဒီမှာပဲစောင့်နေတော့ အလုပ်ပြီးသွားရင် ငါနင့်ကိုပြန်လာရှာမယ်လေ..."

အတန်ငယ်တွေးပြီးသော် အယ်လီနာကို စခန်းတွင်ထားခဲ့ပြီး အလုပ်အားတစ်ယောက်ထဲပင်ဆက်လက်လုပ်ဆောင်သွားရန်ဆုံးဖြတ်လိုက်သည်။ လေးသည်တော်သည် လေးသည်တော်အုပ်စုနှင့်တွေ့ပါက သိပ်အထောက်အကူဖြစ်မည်မဟုတ်သောကြောင့်ဖြစ်သည်။သူမသည် အချိန်မရွေး မကောင်းဆိုးဝါး များ၏ ဝန်းရံခြင်းကို ခံရနိုင်ပြီး တစ်စစီဖြစ်သွားနိုင်သည်။

သို့သော် အယ်လီနာသည် ဖှေး၏ ဆိုလိုခြင်းအား နားလည်မှု လွဲသွားလေသည်။

"အား ကျေးဇူးပြုပြီး ကျွန်မကိုအလုပ်မဖြုတ်ပါနဲ့ဆရာ နောက်တစ်ခါ.... နောက်တစ်ခုဆို ကျွန်မ ကျွန်မကိုယ်ကျွန်မ ကာကွယ်ပါ့မယ်...."

အယ်လီနာ၏ ကြောက်ရွံမှုကြောင့် ဖှေးအံ့သြ သွားသည်။ ယခုအခါသည် ဖှေးအား အယ်လီနာ စကားအများဆုံးပြောဖူးခြင်းပင်။

ထရစ်စတမ်မြို့ ကျရှုံးပြီးချိန်တွင် အရှေ့သို့သွားရာလမ်းမှာ မကောင်းဆိုးဝါးများနှင့် ပိတ်ဆို့ကုန်၍ သူပုန်စခန်းရှိလူများမှာ ပစ္စည်းနှင့် ဆေးဝါးများရရှိရန်အတွက် ဖှေးကဲ့သို့ ခရီးသွားများကိုသာ အားကိုးခဲ့ကြရသည်။သို့သော်ခရီးသွားများရောက်မလာခဲ့သည်မှာ နှစ်၆၀ခန့်ကြာပြီဖြစ်သည့်အတွက် သူပုန်စခန်းမှာ ကျရှုံးလုလုဖြစ်နေပြီဖြစ်သည်။ ဖှေးသည် နှစ်၆၀ကြာပြီး ပထမဆုံးရောက်ရှိလာသော ခရီးသွားပင်။သူပုန်စခန်း၏ ရှင်သန်ရေးအတွက် ဖှေးသည်မျှော်လင့်ချက်ပေ။ ထို့ကြောင့်ခက်ရှာသည် အယ်လီနာအား ဖှေးလက်သို့ထည့်ပေးလိုက်ခြင်းဖြစ်သည်။ အကယ်၍ အယ်လီနာသေဆုံးသွားပါကလဲ နောက်တစ်ယောက်ထည့်ပေးဦးမည်ဖြစ်သည်။

ဖှေးသည်ထိုအကြောင်းအရာများကိုမသိချေ။ ထို့ကြောင့် ပုံမှန်အချိန်တွင် အေးဆေးတည်ငြိမ်သော အယ်လီနာမှာ သူမအား အလုပ်ဖြုတ်သည်ထင်ပြီး ကြောက်ရွံ့စိုးရိမ်နေသည်ကို ဖှေးနားမလည်ချေ။

သူမသည်ခရီးသွားနှင့် ရင်းနီးမှုပျက်ပြားပါက စခန်းအတွက်ဆုံးရှုံးမှုကြီးဖြစ်ပေလိမ့်မည်။ သူမသည် ဖှေးနှင့်အတူတိုက်ခိုက်ရသည်မှာလည်း အသားကျနေပြီဖြစ်ပြီး ဖှေးဘေးမှထွက်မသွားလိုချေ။

All Chapters