← Chapters

အခန်း (၃၈)

Vol. 3 Ch. 38

အခန်း (၃၈)

Vol. 3 Ch. 38

“ဟမ် ဘယ်ကသာ ငါနင့်ကိုအလုပ်ဖြုတ်နေတာ မဟုတ်ပါဘူး။”အယ်လီနာ၏ ထိတ်လန့်တကြားအပြုအမူကြောင့်ဖှေး ကြောင်သွား၏။”နင် အထင်လွဲနေတာဖြစ်မယ် အယ်လီနာ ငါဒီအလုပ်ကို တစ်ယောက်ထဲ ပြီးအောင်အရင်လုပ်မလို့ ဒါပြီးနောက်အလုပ်လုပ်ရင် နင့်ကို ခေါ်သွားမှာပါ။”

“ဒါပေမယ့်... ဆရာ”

အယ်လီနာသည် ဖှေးမှအလုပ်ထုတ်သည်ဟု ဆိုလိုခြင်းမဟုတ်မှန်း သိပြီးနောက် စိတ်သက်သာရာရသွားသော်လည်း ဖှေးနှင့်အတူဆက်လိုက်လိုက်ပါလိုဆဲ ဖြစ်သည်။ အယ်လီနာ၏ စိတ်တပိုင်းတစက ဖှေးနှင့်ပဲ အတူရှိနေလို၏။ထို့အပြင် သူတို့၏ဆရာအား မကောင်းဆိုးဝါးများနှင့် တစ်ယောက်ထဲတိုက်ခိုက်စေခြင်းသည် ကိုယ်ရံတော်များအတွက် ရှက်စရာအပြုအမူဟုလည်း မြင်သောကြောင့်ပင်။

“အိုကေ ငါအချိန်သိပ်မရလို့။ နောက်မှပဲသေချာရှင်းပြတော့မယ် ဟုတ်ပြီလား...”

ဖှေးလည်း အယ်လီနာနှင့်အတူရှိနေရခြင်းကို နှစ်သက်သော်လည်း အပြင်လောကရှိ ချမ်းဘော့ဒ် တိုင်းပြည်ရင်ဆိုင်နေရသော အန္တရာယ်များကိုတွေးကြည့်ပါက ဖြုန်းစရာအချိန်မရှိချေ။ဖှေးအယ်လီနာအား ထားခဲ့ပြီး ပေါ်တယ်ထဲသို့ ပြန်ဝင်ရန်ပြင်သည်။အယ်လီနာလိုက်မလာစေရန် ထရမ်စတမ်မြို့ထဲသို့ရောက်ရောက်ခြင်း ပေါ်တယ်ကိုပင် ဖျတ်ဆီးပစ်လိုက်သည်။

အယ်လီနာ ပေါ်တယ်ရှိခဲ့သောနေရာသို့ ငေးမိုင်ကာ ကျန်ရစ်ခဲ့သည်။ သူမ၏ မျက်နှာအမူအရာများမှာ အနည်းငယ်ပင်ရှုပ်ထွေး၏။နောက်တများ၊စိတ်ပျက်မှုများနှင့် ဘာကြောင့်မှန်းမသိ ပျော်ရွှင်မှုများကိုပါတွေ့ရသည်။ထို့နောက်တွင် သူမ၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာခဲ့၏။

..........

..........

“ဂါး”

ပေါ်တယ်အား ပိတ်ချပြီးသည်နှင့် ပထမဦးဆုံးဖှေးပြုလုပ်သည်မှာ သူ၏ [ဟိန်းဟောက်ခြင်း]အစွမ်းကို အသုံးပြုလိုက်ခြင်းပင်။

ထိုအရာသည် အလွန်ထိရောက်မှုရှိ၏။ ထူခြားပြီး ကြောက်မယ်ဖွယ်ကောင်းသည့် စွမ်းအင်လှိုင်းများသည် သူ၏ ဟိန်းသံနှင့်အတူ ပျံ့နှံ့သွားလေသည်။ အရိုးခြောက်လေးသည်တော်များ ထိတ်လန့်တခြားဖြစ်ကာ ထွက်ခွာပြေးကြသည်။

“ဒါအခွင့်အရေးပဲ”

ဖှေးလှည့်ပြေးသွားသော အရိုးခြောက်များအနောက်သို့ ပြေးလိုက်ပြီး ပုဆိန်နှင့် ပိုင်းချလိုက်သည်။အရိုးခြောက်ပေါင်းများစွာ ချက်ချင်းသေဆုံးသွားကြသည်။ ၁၀စက္ကန့်အကြာတွင် ဟိန်းဟောက်ခြင်း၏ အစွမ်းအာနိသင်ကုန်ဆုံးသွားပြီး အရိုးခြောက်များဖှေးထံသို့ ပြေးဝင်ပြီးတိုက်ခိုက်ကြပြန်သည်။

ဖှေး ဟိန်းဟောက်ခြင်းကိုထက်မံ အသုံးပြုလိုက်သည်။ ဒိုင်ယာဘလိုကမ္ဘာအတွင်းတွင်ဇာတ်ကောင်များသည် အတွင်းအားမကုန်သေးသ၍ ၄င်းတို့၏ စွမ်းအားများကို စိတ်ကြိုက်သုံးနိုင်ခွင့်ရှိသည်။ အချိန်အပိုင်းခြားစောင့်စရာမလိုပေ။ဖှေးသည်လည်း အတွင်းအားဖြည့် ဆေးပုလင်းများအား ကြိုတင်ဝယ်ယူခဲ့လေရာ [ဟိန်းဟောက်ခြင်း]အစွမ်းအား လုံလုံလောက်လောက်အသုံးပြုနေနိုင်သည်။

၁၁ကြိမ်မြောက် ဟိန်းဟောက်ခြင်းအားအသုံးပြုပြီးသော် အရိုးခြောက်များအားလုံးအား ရှင်းလင်းပြီးဖြစ်သည်။မြေပြင်ပေါ်တွင် ခေါင်းဆောင်အငယ်စားနှစ်ယောင်အား သတ်ဖြတ်ရာမှရရှိသော အပြာရောင်မှော်ပစ္စည်းနှစ်ခုနှင့် သာမန်ရိုးရိုးပစ္စည်းများစွာတို့ပြည့် ပြန့်ကျဲနေသည်။ ဖှေးထိုပစ္စည်းများအား စစ်ဆေးနေခြင်းမပြုတော့ပဲ အကုန်ကောက်ယူသိမ်းဆည်းပြီး ပစ္စည်းထားသိုရ အကန့်ထဲသို့ ပစ်ထည့်လိုက်တော့သည်။

ဖှေး ထရစ်စတမ်မြို့၏ အလယ်ဗဟိုနှင့် နီးလာသည့်အချိန်တွင်မကောင်းဆိုးဝါး အသစ်တစ်မျိုးနှင့် ကြုံတွေ့လိုက်ရသည်။ ထိုမကောင်းဆိုးဝါးများသည် ဂရိရာဇဝင်ထဲမှ လူတပိုင်းဆိတ်တပိုင်းပုံစံဖြစ်သည်။သို့သော် သူတို့သည်ဆိတ်ခေါင်းနေရာတွင် ကျွဲခေါင်းများရှိကြသည်။သူတို့၏ ကြီးမားသည့် ဦးချိုများမှာ အလွန်ထိခိုက်စေနိုင်သည်။ သို့သော် ထိုကဲ့သို့ အနီးကပ်တိုက်ခိုက်တတ်သော မကောင်းဆိုးဝါးမျိုးသည် လူရိုင်းဇာတ်ကောင် အတွက် ပြသနာမဟုတ်ပေ။

ဖှေးသူ၏ သူရဲကောင်းမဆန်သော ဟိန်းဟောက်ခြင်းဗျူဟာကိုပဲ အသုံးပြုပြီး ထိုမကောင်းဆိုးဝါးအုပ်ကိုလဲ ရှင်းလင်းလိုက်သည်။ဗိုလ်ကြီးအငယ်စားတစ်ယောက်ကို သတ်ရာမှ အပြာရောင်မှော်ပစ္စည်းတစ်ခု ထက်ကျလာသော်လည်း ဖှေးကောကနေရန်အချိန်မရတော့ပေ။

အရိုးခြောက်လေးသည်တော်များနှင့် ကျွဲမကောင်းဆိုးဝါးများနှင့် တိုက်ခိုက်ရာမှ ဆူညံသံများကြောင့် ထရစ်စတမ်မြို့၏နောက်ဆုံး ဗိုလ်ကြီး၏ အာရုံစိုက်ခြင်းခံနေရပြီဖြစ်သည်။နောက်ဆုံးဗိုလ်ကြီးမှာ ယခင်ကပါလာဒင်တစ်ဦးဖြစ်ပြီး(ပါလာဒင်ဆိုတာ သူရဲကောင်းအမျိုးစားတစ်မျိုးပါ မြင့်မြတ်သောသူရဲကောင်းလို့ အဓိပ္ပါယ်ရပါတယ်။)ယခု အခါတွင်နတ်ဆိုးတစ်ဦးပြောင်းလဲသွားသူဖြစ်သည်။ဆူညံသံများကြောင့် ဖှေးထံသို့တဟုန်ထိုးပြေးလာနေပြီဖြစ်သည်။တခြားမကောင်းဆိုးဝါးများနှင့် မတူပဲထူးခြားချက်မှာ ခေါင်းဆောင်ကြီးသည် လူသားပုံအတိုင်းပဲရှိနေခြင်းပင်။ သူ၏ နီရဲနေသောမျက်လုံးများမှလွဲ၍ မကောင်းဆိုးဝါး ပုံဖြစ်နေသည့် ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုမှမရှိပေ။သေခြင်းတရား ရက်စက်ကြမ်းကြုတ်မှုနှင့် သွေးဆာမှုတို့ကို မျက်လုံးထဲတွင် မြင်နေရသည်။

ဗိုလ်ကြီး၏ နာမည်မှာ ဂရစ်ဝေါလတ် ပင်ဖြစ်သည်။

ဂရစ်ဝေါလတ်သည် ယခင်က အလွန်စွမ်းအားကြီးသည့် ပါလာဒင်တစ်ဦးဖြစ်ခဲ့သည်။သူ၏ ကျရှုံးပြီးချိန်တွင် ပို၍ ပင်စွမ်းအားကြီးလာခဲ့သည်။သူသည် မြင့်မြတ်သောအစွမ်းများကို ဆုံးရှုံးသွားသော်လည်း သူ၏ နတ်ဆိုးစွမ်းအင်အသစ်များကသူ့အား ပို၍ ရက်စက်ကြမ်း​ကြုပ်စေကာ ပို၍ထိရောက်သည့် လူသတ်စက်တစ်ဦးဖြစ်လာစေခဲ့သည်။ဖှေးအား မြင်မြင်ခြင်း ​ကျယ်လောင်စွာအော်ဟစ်ကာ ဖှေးထံသို့ ပြေးလာပြီး သူ၏လျှပ်စီးကဲ့သို့ မြန်ဆန်လှသော လက်သီးဖြင့်ထိုးချလိုက်သည်။

“ဖုန်း”

ဖှေးတိုးဝင်လာသော လက်သီးချက်အား သူ၏ ဒိုင်းကာဖြင့်ကာကွယ်လိုက်သည်။

ဖှေး သူ၏ ဒိုင်းကာပေါ်တွင် ကျရောက်သော အလွန်ပြင်းထန်သည့် အားကိုခံစားလိုက်ရသည်။ လူရိုင်းဇာတ်ကောင်၏ ခွန်အားများနှင့်ပင်လျှင့် နောက်သို့ခြေလှမ်းပေါင်းများစွာ ရွှေ့လျားသွားသည်။ခန္ဓာကိုယ်တစ်ခုလုံး လောင်မြိုက်သွားသည့်ဒဏ်ကိုလည်း ခံစားလိုက်ရသည်။ဤသည်မှာ ဂရစ်ဝေါလတ်၏ နတ်ဆိုးစွမ်းအင်တစ်ခုဖြစ်သည့် ငရဲမီးနှင့်လောင်မြိုက်စေခြင်းပင်။

ဖှေးလက်နက်ကိုပြောင်းလဲလိုက်ပြီး သူ၏လကအထဲတွင် အသွားနှစ်ဖက်ပါပုဆိန်ပြန်ရောက်လာခဲ့သည်။

“ဒုတ် ဒုတ် ဒုတ်”

ဖှေးသုံးချက်ခုတ်ပိုင်းလိုက်သည်။သုံးချက်လုံးဂရစ်ဝေါလတ်အား ထိပြီး သူ၏ကိုယ်ပေါ်တွင် ပုဆိန်ဒဏ်ရာသုံးခုကျန်ရှိနေခဲ့သည်။ထရစ်စတမ်မြို့၏နောက်ဆုံးဗိုလ်ကြီးမှာ နာကျင်စွာအော်ဟစ်လိုက်သည်။ ထိုတိုက်ခိုက်မှုသည့် ဗိုလ်ကြီး၏သွေးအား ၁၀ပုံတစ်ပုံခန့်လျှော့ကျသွားစေသည်။

“ဟားဟား အတော်ကောင်းတာပဲ ငါသူ့ကိုနောက်ထက် ၂၅ချက်လောက်ခုတ်နိုင်ရင် သူသေလောက်ပြီ။”

ဖှေး နောက်ဆုံးဗိုလ်ကြီးအား အနိုင်ယူနိုင်ရန် မျှော်လင့်ချက်ကိုတွေ့ရသည့် အတွက်ပျော်ရွှင်သွားသည်။ထို့နောက်တွင် [သွေးပုလင်း]အငယ်စားအား အမြန်မော့သောက်လိုက်ပြီး ဂရစ်ဝေါလတ် ၏ ရန်လိုစွာတိုက်ခိုက်မှုများကို ခုခံတားဆီးလိုက်ပြီး ပုဆိန်နှင့် ပြန်လည် တိုက်ခိုက်သည်။ သို့သော် ယခုအခါတွင် နှစ်ချက်မျှသာ ခုတ်ပိုင်းမိသည်။

ကံကောင်းစွာပင် ကျရှုံးပြီး ပါလာဒင်မှာ အသိဉာဏ်မဲ့နေပြီဖြစ်သည်။ ၄င်းတွင်ကြောက်မက်ဖွယ်ကောင်းလောက်သည့် ခွန်အားနှင့် အတွင်းအားတို့ရှိသော်လည်း ထိုစွမ်းအားတို့ကိုထိထိရောက်ရောက် အသုံးမပြုနိုင်ချေ။ဖှေးထံသို့ ပြင်းထန်သော လက်သီးချက်များဖြင့် တိုက်ခိုက်ရုံမျှသာ တတ်နိုင်သည်။ထိုလက်သီးချက်များကို ကာကွယ်ရန် သို့မဟုတ် ရှောင်ကျဥ်ရန်သည်ကား ခက်ခဲသည့် ကိစ္စမဟုတ်ပေ။

ဖှေး ဂရစ်ဝေါလတ်နှင့် တိုက်ခိုက်ရင်း အနောက်သို့ တဖြည်းဖြည်းဆုတ်ဆုတ်လာခဲ့သည်။မကြာခင်သူတို့နှစ်ယောက်လုံး မြို့ပြင်သို့ပင်ရောက်လာပြီ ဖြစ်သည်။ ထို့နည်းဖြင့် တိုက်ခိုက်ရာမှ ဆူညံသံများထွက်လာသော်လည်း အဆောက်ဦးပျက်များထဲမှ မကောင်းဆိုးဝါး များကြားမိပြီး ထွက်လာသည့် ရန်မှ ကင်းဝေးမည်ဖြစ်သည်။တစ်မြို့လုံးရှိမကောင်းဆိုးဝါးများ ရောက်ရှိလာပါက အလွန်အန္တရာယ်များသည့် အခြေအနေဖြစ်သွားပေလိမ့်မည်။

ဖှေး ပို၍ လုံခြုံစေရန် အနောက်သို့ ထက်မံပြေးခွာလိုက်သည်။ထို့နောက်တွင် [သူပုန်စခန်း]သို့ပြန်နိုင်သည့် ပေါ်တယ်တစ်ခုအား [မြို့ကူးစာလိပ်]ကို အသုံးပြုပြီး ဖွင့်ထားလိုက်သည်။အခြေအနေများသည် အန္တရာယ်များသည့်ဘက်သို့ ယိမ်းယိုင်လာပါက[သွေးပုလင်း အငယ်စား]ကို မော့သောက်ပြီး ပေါ်တယ်ထဲသို့ ဝင်ပြေးနိုင်ရန်ဖြစ်သည်။

သို့သော်လည်း မကြာမှီတွင် ဖှေးသည် မိမိကိုယ်မိမိ အစိုးရိမ်လွန်နေသည်ဖြစ်ကြောင်း သိလာခဲ့သည်။ သွေးပုလင်းလေးပုလင်းလောက် သောက်ပြီးချိန်တွင် ဖှေးသည် ထရစ်စတမ်မြို့၏နောက်ဆုံးဗိုလ်ကြီးအား အောင်မြင်စွာ သတ်ဖြတ်ပြီးဖြစ်နေသည်။

ဂရစ်ဝေါလတ် သူ၏ဦးခေါင်းထိတ်ရှိဖှေး ၏ ပုဆိန် ဒဏ်ရာမှ သွေးများပန်းထွက်လာပြီး လဲကျသွားတော့သည်။ရွှေဒင်္ဂါးအများအပြားနှင့် ပစ္စည်းအများအပြား ပေါ်ထွက်လာသည်။

ပစ္စည်းနှင့်ရွှေများ၏ အရောင်တောက်ပမှုတို့ကြောင့် ဖှေး မျက်လုံးများပင် ကျိမ်းစက်ကုန်သည်။သို့သော် အစိမ်းရောင်တောက်ပနေသော ပစ္စည်းတစ်ခုအား ဖှေးချက်ချင်းပင် သတိထားမိသွားသည်။

“သေစမ်း ပစ္စည်းစုံတွဲ ကြီးဟ။”

ဖှေးသူ၏ကံကောင်းမှုကိုပင် အံ့သြသွားသည်။အစိမ်းရောင်တောက်ပသော ပစ္စည်းများသည် ပစ္စည်းစုံတွဲများဖြစ်ကြသည်။ထိုကဲ့သို့ ပစ္စည်းရရှိရန်မှာ အလွန်အမင်းပင် ခက်ခဲလှသည်။ဖှေးဗိုလ်ကြီးအား သတ်ဖျတ်ပြီးပါက ပစ္စည်းကောင်းတစ်ခုရမယ်မှန်းသိပြီးဖြစ်သော်လည်း အစိမ်းရောင် စုံတွဲပစ္စည်းရမည်ဟု ထင်မထားပေ။

ထိုပစ္စည်းအား အမြန်ကောက်ယူပြီး အသေးစိတ်ကြည့်ရှုလိုက်သည်။ ပစ္စည်းမှာ အလွန်အနုစိတ်သည့် အနုတ်များဖြင့် အလှဆင်ပုံဖော်ထားသည့် ချပ်ဝတ်တစ်ခုပင် ချပ်ဝတ်အပေါ်မှ အစိမ်းရောင် ယဥ်ယဥ်လေးတောက်ပနေသည်။သူ၏ဂုဏ်သတ္တိများကို စစ်ဆေးရန် လဲလိုအပ်သေးသည်။

ဖှေး [စစ်ဆေးစာလိပ်]ကို အသုံးပြုပြီး စစ်ဆေးကြည့်လိုက်သည်။

“ဒင်”

ပစ္စည်း၏ ဂုဏ်သတ္တိများသည် ဖှေးအရှေ့တွင်ပေါ်လာခဲ့သည်။

[အာတိတ် သားမွေး]

ခုခံနိုင်စွမ်း: +48

အကြမ်းခံနိုင်မှု: 20/20

တပ်ဆင်အသုံးပြုရန် လိုအပ်သည့် ခွန်အား: 12

တပ်ဆင်အသုံးပြုရန် လိုအပ်သည့် အဆင့်: 2

ထူးခြားဂုဏ်သတ္တိများ: ခုခံနိုင်စွမ်းအား +303%တိုးမြှင့်ပေးသည်။

မှတ်ချက်: စုံတွဲ အစုထဲတွင် ပါဝင်သော ပစ္စည်းများမှာ [အာတိတ် ခါးစည်း] [အာတိတ် သားမွေး] [အာတိတ် ဦးချို] [အာတိတ် သံမဏိလက်အိပ်]တို့ပါဝင်သည်။ စုံတွဲမှပစ္စည်းများကို အတူတပ်ဆင်အသုံးပြုပါက အပိုဂုဏ်သတ္တိများထက်တိုး ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

ရလဒ်များမှာ အနည်းငယ်စိတ်ပျက်စရာကောင်းလှသည်။[အာတိတ် သားမွေး]သည် အာတိတ် စုံထဲပစ္စည်းများထဲတွင် ပါဝင်သည့် ပစ္စည်းတစ်ခုဖြစ်သည်။ အမေဇုန်ဇာတ်ကောင်တစ်ယောက်နှင့် အထူးသင့်တော်သော ပစ္စည်းဖြစ်သော်လည်း ဖှေး၏ဇာတ်ကောင်ဖြစ်သော လူရိုင်းဇာတ်ကောင် နှင့် မသင့်တော်လှပေ။

သို့ရာတွင် ဂုဏ်သတ္တိများမှာ အလွန်ကောင်းလှသည်။ ၄င်း၏တိုးမြှင့်ပေးထားသော ခုခံနိုင်စွမ်းတို့မှာ ဖှေးလက်ရှိဝတ်ဆင်ထားသော ချပ်ဝတ်ထက်ပင် ပို၍ သာလွန်နေပြီဖြစ်သည်။ ထို့​ကြောင့်ဖှေး ချက်ချင်းပင် လဲလှည်ဝတ်ဆင်လိုက်သည်။

အစိမ်းရောင်စုံတွဲ ပစ္စည်းများအပြင် အဝါရောင်ရှားပါပစ္စည်းတစ်ခုနှင့် အပြာရောင်မှော်ပစ္စည်းတော်တော်များများကိုပါတွေ့ရသည်။

သို့သော် ဖှေး ထိုပစ္စည်းများအား မကောက်သေးပေ။ဗိုလ်ကြီး ဂရစ်ဝေါလတ်နှင့် အရိုးခြောက်လေးသည်တော်များအား သတ်ဖြတ်ပြီးနောက်တွင် ဖှေးအား အန္တရာယ်ပြုနိုင်သည့် မကောင်းဆိုးဝါး ထရစ်စတမ်မြို့တွင် မရှိတော့ချေ။ထို့ကြောင့် ကိန်းကို ပထမဦးစွာကယ်တင်ရန်ဆုံးဖြတ်လိုက်သည်။သူ၏ ပစ္စည်းများကိုလည်း ခိုးယူမည့်သူတစ်စုံတစ်ယောက်မှမရှိချေ။

ဖှေးသူ၏ ပုဆိန်အား ပခုံးတွင်ထမ်းပြီး ထရစ်စတမ်မြို့သို့လမ်းလျှောက် လာခဲ့သည်။မကောင်းဆိုးဝါးအနည်းငယ် ဖှေးထံသို့ အော်ဟစ်ပြီးပြေးဝင်လာကြသည်။ သို့သော်စက္ကန့်အနည်းငယ်အတွင်းမှာပင် ဖှေး၏ exp(အတွေ့ကြုံအမှတ်)များအဖြစ်သို့ပြောင်းလဲ သွားကြသည်။​မကြာမှီအချိန်တွင် ဖှေးထံသို့ပြေးဝင်လာသော ဖုတ်ကောင်တစ်အုပ်လဲ ထိုနည်းအတိုင်းပင် ဇာတ်သိမ်းသွား၏။၅မိနစ်ခန့်အကြာတွင် မကောင်းဆိုးဝါး များနှင့် နတ်ဆိုးများအားလုံးအားရှင်းလင်းပြီး ဖြစ်သည်။

ဖှေး ထရစ်စတမ်မြို့အလည်ခေါင်ရှိ သစ်ပင်တစ်ပင်ပေါ်တွင် ​ကြိုးချည်ပြီးတွဲလောင်းချထားခံရသော ကိန်းအားတွေ့လိုက်ရသည်။

“ငါ့ကိုငယ်ပါဦး ငယ်ရွယ်သော ခရီးသွား ကယ်ပါဦး.........”

ဖှေးကိုမြင်သောအချိန်တွင် ကိန်းသည် အာခေါင်ခြစ်အော်ပြီး အကူညီလှမ်းတောင်း၏။သူ၏ အသံသည် မကောင်းဆိုးဝါး အော်သံများထက်ပင် နားထောင်ရဆိုးလှ၏။

“ဒုတ်”

ဖှေး ပုဆိန်ကို ဝှေ့ရမ်းပြီး သစ်ပင်ပေါ်တွင် ချည်ထားသောကြိုးအားဖြတ်ပေးလိုက်သည်။အဘိုးကြီး ကိန်းသည် ကြိုးများပျယ်လျှင်ပျယ်ခြင်း ပေါ်တယ်တစ်ခု အမြန်ဖွင့်ကာ ကြောက်လန့်တကြား ဖြင့် ဝင်ပြေးသွားတော့သည်။

“ဒီအဘိုးကြီးကတော့ကွာ ကျေးဇူးတင်စကားလေးဘာလေးတောင် ပြောမသွားပါလားဟ...”

ဖှေး အမြန်ပင် ပြန်ပိတ်သွားသော ပေါ်တယ်အား ကြည့်ပြီးတွေးလိုက်သည်။ ဖှေးအဘိုးကြီးကိန်း၏ အပြေးမြန်သည့်အရည်အချင်းကိုတော့ ချီးကျူးမိသည်။ သန်မာသည့်လူရိုင်းဇာတ်ကောင် ဖှေးပင် အဘိုးကြီးကိန်းလောက် မြန်မြန်မပြေးနိုင်ချေ။

ဖှေး သူ၏ခံစားချက်များကိုဖော်ပြရန် အဖိုးကြီးကိန်းပြေးဝင်သွားသည့် ပေါ်တယ်တည်ရှိခဲ့ရာနေရာအား လက်ခလယ်ထောင်ပြလိုက်သည်။ထို့နောက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာမှ ပြန့်ကျဲနေသော ပစ္စည်းများကို လိုက်လံကောက်ယူသိမ်းစည်းသည်။ ထို့နောက်တွင် ဂရစ်ဝေါလတ်နှင့်တိုက်ခိုက်ခဲ့စဥ်က ဖွင့်ထားခဲ့သော ပေါ်တယ်အားအသုံးပြုပြီး [သူပုန်စခန်း]သို့ပြန်လာခဲ့သည်။

သူပုန်စခန်းသို့ ပြန်ရောက်သော် အယ်လီနာ အားမတွေ့ချေ။ သူမတစ်ယောက် ဘယ်သွားနေမှန်းမသိ။ ပေါ်တယ်နှင့် အနီးအနားတွင်ရှိမနေချေ။ဖှေး အာကာရာထံသို့သွားပြီး သူ၏ဆုအား သွားယူရန်ဆုံးဖြတ်လိုက်သည်။အဘိုးကြီးကိန်းအား ကယ်ဆယ်သည့်အလုပ်အား အောင်မြင်ခဲ့သည့်အတွက် ရရှိမည့်ဆုလာဘ်မှာ ရိုးရှင်းသည်။

အဘိုးကြီးကိန်းသည် ဖှေးရှာဖွေတွေ့ရှိသည့် ပစ္စည်းများ၏ ဂုဏ်သတ္တိအရည်အသွေးကို အခမဲ့ စစ်ဆေးပေးမည်ဖြစ်ပြီး အာကာရာသည် ဖှေးအားသူမ၏ ပစ္စည်းများကို VIP လျှော့စျေးဖြင့်ရောင်းချပေးမည်ဖြစ်သည်။

ရရှိသောဆုမှာ လုပ်ရသောအလုပ်၏ ခက်ခဲရှုပ်ထွေးမှုနှင့် မတန်ပေ။ “အာကာရာရော အဘိုးကြီးကိန်းရော တော်တော်ညစ်ပတ်ကြတာပဲ”ဖှေး တွေးလိုက်မိ၏။

ဖှေးထို့နောက်တွင် သူ၏ ဇာတ်ကောင်ဂုဏ်သတ္တိဆိုင်ရာအမှတ်များနှင့် ကျွမ်းကျင်မှုဆိုင်ရာ အမှတ်များတို့ကို စတင်အသုံးပြုသည်။ဖှေး ကျရှုံးပြီး ပါလာဒင် ဂရစ်ဝေါလတ် အား သတ်ဖြတ်ပြီးနောက်တွင် သူ၏ လယ်ဗယ်(အဆင့်)သည် ၁၂ထိပင်ရောက်ရှိခဲ့ပြီဖြစ်သည်။ဖှေး၏ ရည်မှန်းချက်ဖြစ်သော လယ်ဗယ်(အဆင့်)၁၀သို့ရောက်ရန်ထက်ပင် ကျော်လွန်နေသည်။အယ်လီနာနှင့်အတူတိုက်ခိုက်ခြင်းမှာ သူ့အား အပို exp(အတွေ့ကြုံအမှတ်များ)ရရှိစေသောကြောင့်ဖြစ်သည်။

ဂုဏ်သတ္တိဆိုင်ရာအမှတ် ၂၅မှတ်အား [ခွန်အား]နှင့် [ရှင်သန်နိုင်စွမ်း]တို့ကို တိုးမြှင့်ရန်အသုံးပြုလိုက်သည်။အဖိုးတန် ကျွမ်းကျင်မှုဆိုင်ရာ အမှတ်၅မှတ်အား တစ်မှတ်ကို [ရန်စခြင်း]ဆိုသည့် အစွမ်းရရှိရန်အသုံးပြုလိုက်သည်။မကောင်းဆိုးဝါးတစ်ကောင်ကို မိမိအားတိုက်ခိုက်လာစေရန်ဆွဲဆောင်နိုင်သည့် အစွမ်းဖြစ်သည်။တစ်မှတ်အား [ဓားရေးကျွမ်းကျင်မှု] တစ်မှတ်အား [လှံရေး ကျွမ်းကျင်မှု] ကျန်နှစ်မှတ်အား [ခုန်ကျော်ခြင်း]ဆိုသည့် အစွမ်းအား ရရှိရန် အသုံးပြုလိုက်သည်။ထိုအစွမ်းကို အသုံးပြုခြင်းဖြင့် ဖှေး မြင့်မားစွာ ခုန်ကျော်နိုင်မည်ဖြစ်ပြီး ဖှေးခုန်လိုက်သော နေရာတဝိုက်ရှိ မကောင်းဆိုးဝါး များအား ဘေးသို့လွှင့်စင်ကာ ထိခိုက်စေမည်ဖြစ်သည်။

ထို့နောက်တွင် ဖှေးသည် သူ၏ဇာတ်ကောင်ဆိုင်ရာ အချက်အလက်များ စာမျက်နှာကိုဖွင့်ကြည့်လိုက်၏။

ကစားသူ အမည် : ဖှေး

ဇာတ်ကောင် အမျိုးစား : လူရိုင်း

အဆင့် : 12

အတွေ့ကြုံ : 95414/112725

ခွန်အား : 60 ကျွမ်းကျင်လိမ္မာမှု : 20

ဉာဏ်ရည် : 10 ရှင်သန်နိုင်စွမ်း : 44

ထိခိုက်စေနိုင်မှု : 30-55 တိကျမှု : 169

အကာအကွယ် : 77 သက်လုံ : 37

သွေးပမာဏ : 157 ကြွယ်ဝမှု : 19

အပူဒဏ်ခံနိုင်စွမ်း : 10 အအေးဒဏ်ခံနိုင်စွမ်း 10

လျှပ်စီးဒဏ်ခံနိုင်စွမ်း : 25 အဆိပ်ခံနိုင်ရည် : 0

တွေ့ရှိရသော အချက်လက်များကြောင့် ဖှေးအနည်းငယ်စိတ်အေးသွား၏။ဖှေး ၏အတွေ့ကြုံအရ လယ်ဗယ်(အဆင့်)10 လူရိုင်းဇာတ်ကောင် သည် အပြင်လောကရှိ ​ကြယ်နှစ်လုံးစစ်သည်နှင့်ညီမျှသည်ဟုယူဆထားသည်။သို့သော်ဖှေးရရှ်ိထားသော ပစ္စည်းများမှ စွမ်းရည်ဂုဏ်သတ္တိအပိုများကို ထက်မံပေါင်းထည့်လိုက်ပါက ကြယ်သုံးလုံးအဆင့်စစ်သည်တစ်ယောက်ကို ကောင်းစွာယှဥ်ပြိုင်တိုက်ခိုက်နိုင်မည်ဟု မျှော်လင့်ထားသည်။ဖှေး လမ်းဒီနှင့်နောက်တစ်ခါထက်မံတိုက်ခိုက်ရပါက လမ်ဒီအား အဆင်ပြေစွာ ဒဏ်ရာရရှိခြင်းမရှိပဲ ခုခံနိုင်လိမ့်မည်မှာသေချာပြီဖြစ်သည်။

သို့သော် ဖှေး လမ်ဒီအားအနိုင်ယူ သို့မဟုတ် သတ်ဖြတ်လိုပါက လယ်ဗယ်(အဆင့်) ၂၀ ဝန်းကျင်ခန့်ရှိရန် လိုအပ်ပေလိမ့်မည်။

ဖှေး သူ၏ပစ္စည်းများကို အခမဲ့စစ်ဆေးပေးမည့် ကိန်းထံသို့ထွက်ခွာခဲ့သည်။ ကိန်းတွင်ပြောစရာစကားများစွာရှိနေသော်လည်း ဖှေးအတွက် အချိန်မရပေ။ ဖှေး စစ်ဆေးပြီးပြီးခြင်း အမြန်ထွက်လာခဲ့သည်။ အဝါရောင်ရှားပါးပစ္စည်းမှာ လေးတစ်လတ် ဖြစ်သည်။ ထိုလေးမှာ ရိုးရိုးရှင်းရှင်းလေးဖြင့် လှပသည်။ အတော်ကောင်းမွန်သည့် ဂုဏ်သတ္တိများရှိသော်လည်း ဖှေး အသုံးပြု၍မရနိုင်ချေ။

အယ်လီနာအသုံးပြု၍ ရနိုင်သည်ဟုဖှေးတွေးမိပြီး နောက်တစ်ခါအယ်လီနာနှင့်တွေ့ပါက အယ်လီနာအား လက်ဆောင်အဖြစ်ပေးရန်ဆုံးဖြတ်လိုက်သည်။”အယ်လီနာတော့ တော်တော်ဝမ်းသာသွားမှာပဲ ငါ့ကိုတော်တော်ကြွေသွားလောက်တယ် ဒိုင်ယာဘလို က ကောင်မလေးတွေနဲ့တွဲလို့ရော ရမလားမသိဘူး ဟီးဟီး”ဖှေး မျက်နှာပြောင်စွာနှင့်တွေးမိသည်။

ကျန်သည့်အပြာရောင်မှော်ပစ္စည်းများမှာ ဖှေးအတွက် အပရိကသာဖြစ်သဖြင့် အကုန်လုံးအား ချယ်စီထံသို့ရောင်းလိုက်သည်။ရောင်းလိုက်ရာမှရသည့် ရွှေဒင်္ဂါးများထက်ပေါင်းထည့်ပါက ဖှေးလက်ထဲတွင် ရွေဒင်္ဂါး၄၀၀၈၀ခန့်ရှိနေပြီဖြစ်သည်။

အကုန်လုံးအဆင်ပြေသွားပြီ ဖြစ်သဖြင့် ဖှေး သူ၏ အစီစဥ်အား စတင်အကောင်အထည်ဖော်လေသည်။

သူတော်စဥ်အာကာရာထံသို့သွားပြီး သွေးပုလင်းအလတ်စား ၅ပုလင်း ဝယ်ယူလိုက်သည်။ သွေးပုလင်းအလတ်စားသည် သွေးပုလင်းအငယ်စားထက် ပို၍အစွမ်းထက်သည်။[သက်လုံဆေးပုလင်း]နှစ်လုံးကိုလဲ ၁၀%လျှော့စျေးဖြင့်ဝယ်ယူလိုက်သည်။

ဝယ်ယူပြီးနောက်တွင်အနီးနားရှိ တဲထဲသို့သွားပြီး သူ၏ခေါင်းထဲရှိ လျို့ဝှက်ထူးဆန်းသောအသံနှင့် အဆက်သွယ်ရရန်ကြိုးစားကြည့်သည်။

“မင်းရှိနေလား... ငါ သွေးပုလင်းအလတ်စား ၅လုံးရယ် သက်လုံဆေးပုလင်း ၂လုံးရယ် မြို့ပြောင်းစာလိပ် ၁လိပ်ရယ်ကို အပြင်ကိုသယ်သွားချင်တယ်...”

အသံပြန်ကြားရခြင်းမရှိသေး။

၅စက္ကန့်၆စက္ကန့်ခန့်အကြာတွင်...

“အသင့်ဆန္ဒအတိုင်းပါပဲ သွေးပုလင်းအလတ်စားကို သယ်ဆောင်ခ ရွှေဒင်္ဂါး၅၀၀၀ သက်လုံဆေးပုလင်း သယ်ဆောင်ခ ရွှေဒင်္ဂါး၂၀၀၀ကျပါမယ်။ သွေးပုလင်းအတွက် အောင်မြင်စွာသယ်ဆောင်နိုင်ချေက ၂၅%ရှိပြီး သက်လုံဆေးပုလင်းကို အောင်မြင်စွာသယ်ဆောင်နိုင်ချေက ၃၅%ရှိပါတယ်။ မြို့ပြောင်းစာလိပ် အား အပြင်သို့သယ်ဆောင်သွားရန် လယ်ဗယ်(အဆင့်)လုံလောက်မှုမရှိသေးပါ။ဆက်လက်လုပ်ဆောင်လိုပါသလား အတည်ပြုပေးပါ...”

သယ်ယူခစျေးနှုန်းများနှင့် အောင်မြင်နိုင်ချေတို့ကိုဖှေးသိပြီးဖြစ်သော်လည်း မြို့ကူးစာလိပ်အား သယ်ဆောင်ရန် လယ်ဗယ်လုံလောက်မှုမရှိသေးဟူသည့်အချက်ကြောင့်ဖှေး အံ့သြသွားသည်။ပစ္စည်းတန်ဖိုးကြီးလေ ပို့ဆောင်ခပိုကြီးပြီး အောင်မြင်နိုင်ချေ နည်းလေဖြစ်သည်။

“ဆက်လက်လုပ်​ဆောင်ပါမည်လား....”

စိတ်မရှည်တော့သည့် အသံဖြင့်မေးလိုက်သည်။

“ဟုတ်ဟုတ် လုပ်ဆောင်ပါမယ်....”

“ဒင် ရွှေလုံလောက်မှုရှိပါတယ် စတင်ကူးပြောင်းနေပါတယ် သွေးပုလင်းအလတ်စား၂ပုလင်းအောင်မြင်စွာ ကူးပြောင်းလိုက်နိုင်ပါတယ် ၃ပုလင်းမှာ မကူးပြောင်းနိုင်ပါ။ သက်လုံးဆေးပုလင်း တစ်ပုလင်းအောင်မြင်စွာ ကူးပြောင်းလိုက်နိုင်ပါတယ် တစ်ပုလင်းမှာ မကူးပြောင်းနိုင်ပါ။”

All Chapters