← Chapters

အခန်း (၃၉)

Vol. 3 Ch. 39

အခန်း (၃၉)

Vol. 3 Ch. 39

ဖှေး၏ ပြောင်းလဲမှုရလဒ်များအား ချက်ချင်းပင် ပြန်လည်အကြောင်းကြားလိုက်သည်။

ဖှေး ​ေရွှဒင်္ဂါး ၂၉၀၀၀ခန့်အသုံးပြုပြီးသော် [သွေးပုလင်း အလတ်စား]နှစ်လုံးနှင့် [သက်လုံ ဆေးပုလင်း]တစ်လုံးတို့ကို အပြင်သို့ယူဆောင်သွားခွင့်ရလိုက်သည်။အောင်မြင်နိုင်ချေမှာ ၂၅ရာခိုင်နှုန်းနှင့် ၃၅ရာခိုင်နှုန်းခန့်သာရှိသောကြောင့် ဆုံးရှုံးနိုင်သည်ကို သိရှိပြီးဖြစ်သော်လည်း ဆုံရှုံးသွားသည့်ပစ္စည်းများကို ဖှေးနှမြောမိသည်။

သို့သော် အောင်မြင်ချေမှာလည်း နည်းလွန်းသဖြင့် လက်ရှိသယ်ဆောင်ခွင့်ရသည်ကိုပင် ဝမ်းသာရမည်ဖြစ်သည်။

ယနေ့အတွက် အများဆုံးဂိမ်းကစားနိုင်သည့် အချိန်သို့ရောက်ရှိရန် ၁နာရီကျော်လောက်သာလိုတော့သည်။သူ၏လူရိုင်းဇာတ်ကောင်အဖြစ် ကစားနေခြင်းမှ ထွက်ရန်ဆုံးဖြတ်လိုက်သည်။ ထို့နောက်တွင် ဆွဲငင်အားမဲ့သွားသလိုခံစားလိုက်ရပြီး ဇာတ်ကောင်ရွေးချယ်နိုင်သည့် ဖန်သားပြင်ရှိသည့်နေရာသို့ ​ေရာက်ရှိလာသည်ကိုတွေ့ရသည်။

ဖှေးဖန်သားပြင်ပေါ်တွင် အနည်းငယ်ပြောင်းလဲမှုများကိုတွေ့ရသည်။ ဖှေး၏ လူရိုင်းဇာတ်ကောင်မှာ ဖှေးဝတ်ဆင်ခဲ့သော ချပ်ဝတ်များနှင့် ပစ္စည်းများအားတပ်ဆင်ထားသည်ကိုတွေ့ရသည်။ လယ်ဗယ်(အဆင့်)၁၂ ဖြစ်သော​ကြောင့် တခြားလယ်ဗယ် ၀ ဇာတ်ကောင်များနှင့်ယှဥ်ပါက အရွယ်အစားအားဖြင့် အနည်းငယ်ပိုကြီးနေသည်ကိုလဲတွေ့ရသည်။

“ဒိုင်ယာဘလို ကမ္ဘာမှာ ဖြစ်ပျက်ခဲ့တဲ့ပြောင်းလဲမှုတွေက ဒီဖန်သားပြင်ပေါ်မှာလာပေါ်နေတာပဲ...”

ဇာတ်ကောင်အမျိုးအစားတစ်ခုတွင် ဇာတ်ကောင်တစ်ခုသာ အသုံးပြုနိုင်သည်ကိုလဲတွေ့ရသည်။ ဥပမာအားဖြင့် ဖှေးသည် လူရိုင်းဇာတ်ကောင်၊ မှော်ဆရာဇာတ်ကောင် အစရှိသဖြင့်ဇာတ်ကောင်များပြောင်းလဲ ဆော့ကစားနိုင်သော်လည်း လူရိုင်းဇာတ်ကောင်ချည်းပဲ ဇာတ်ကောင်နှစ်ခုပြုလုပ်၍ ကစား၍မရပေ။

ထိုသို့ကန့်သက်ထားသည်မှာ အကြောင်းပြချက်တစ်ခုခု ရှိကောင်းရှိနိုင်သည်။ သို့သော် ဖှေးတွေးနေရန်အချိန်မရှိပေ။ ယခုအခေါက်တွင် မှော်ဆရာဇာတ်ကောင်အားရွေးချယ်လိုက်ပြီး ဒိုင်ယာဘလို ကမ္ဘာအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။

တုန်ခါသံတချို့နှင့် ဆွဲငင်အားမဲ့သွားသည်ကို ခံစားရပြီးနောက်တွင် ဖှေး စတင်ရာနေရာဖြစ်သည့် [သူပုန်စခန်း]သို့ရောက်လာခဲ့သည်။

အနီးကပ်လေ့လာပြီးနောက်တွင် ဤစခန်းမှာ ဖှေး၏လူရိုင်းဇာတ်ကောင်တည်ရှိနေရာ စခန်းမဟုတ်တော့ပေ။ အပြိုင်စကြဝဋ္ဌာတစ်ခုပုံစံအနေ ဖြင့်တည်ရှိနေပုံရသည်။တနည်းအားဖြင့် ဖှေး လူရိုင်းဇာတ်ကောင်အနေဖြင့် ပြီးမြောက်ခဲ့ပြီးဖြစ်သည့် [နတ်ဆိုး၏ သားရဲတွင်း] [စစ်စတာများ မြေမြုပ်ရာနေရာ] [ကိန်းအား ကယ်ဆယ်ခြင်း]စသည့်အလုပ်များမှာ ယခု [သူပုန် စခန်း]တွင်မပြီးမြောက်သေးပေ။(အဲ့လိုဂိမ်းတွေဆော့ဘူးရင်သိမှာပါ အကောင်ပြောင်းကိုင်ရင် အဲ့အကောင်အတွက် ဂိမ်းကိုအစကပြန်ဆော့ပေးရတာ။)ထိုအလုပ်များအားလုံးမှာ ပြီးမြှောက်ရန်အတွက် မှော်ဆရာဖှေးအား စောင့်နေကြသည်။

လူရိုင်းဇာတ်ကောင်အဖြစ်ဆော့ကစားခဲ့စဥ်က အတွေ့ကြုံရှိပြီးဖြစ်သောကြောင့် ဖှေးသည်ချက်ချင်းပင်စတင်သည်။ သူတော်စဥ် အာကာရာထံအမြန်ပြေးသွားပြီး အလုပ်ကိုလက်ခံယူသည်။ ထို့နောက်တွင် [သွေးမြေရိုင်း လွင်ပြင်]သို့ထွက်လာခဲ့သည်။အချိန်မပြည့်ခင် မှော်ဆရာဇာတ်ကောင်ကိုလည်း လယ်ဗယ်(အဆင့်)မြှင့်တင်ရန်ရည်ရွယ်ထားသည်။

မိနစ်သုံးဆယ်ခန့်အကြာတွင် ဖှေး ပထမဆုံးအလုပ်ဖြစ်သည် [နတ်ဆိုး၏ သားရဲတွင်း]ကိုပြီးမြှောက်သွားပြီးဖြစ်သည်။ပြီးမြှောက်သည့်ဆုအနေဖြင့် ကျွမ်းကျင်မှုဆိုင်ရာ အမှတ်တစ်မှတ်ရရှိသည်။

ထိုအချိန်တွင် သူ၏မှော်ဆရာဇာတ်ကောင်မှာလယ်ဗယ်(အဆင့်) ၃ထိရောက်ရှိနေပြီဖြစ်သည်။မြေရိုင်းလွင်ပြင်ရှိမကောင်းဆိုးဝါးများကို သတ်ဖြတ်ရာမှ ရသည့် ပစ္စည်းများဖြစ်သည့် သာမန်ချပ်ဝတ်နှင့် လက်အိပ်များကို တပ်ဆင်သည်။တပ်ဆင်၍ရနိုင်သည့် ပစ္စည်းများအကုန်တပ်ဆင်ပြီး ကျန်ပစ္စည်းများအားနောက်ပြီးမှ ရောင်းချရန် [ပစ္စည်းများထားသိုရာ အကန့်]ထဲသို့ထည့်ထားလိုက်သည်။

ယခုအခါတွင် ဖှေးထံတွင် ကျွမ်းကျင်မှုဆိုင်ရာ အမှတ်ပေါင်း၄မှတ်ရှိနေပြီဖြစ်သည်။အနည်းငယ်ချင့်ချိန်စဥ်းစားပြီးနောက် အမှတ်တစ်ခုအား [မီးအစွမ်း - မီးတောက်ဖြင့်ပစ်ခြင်း] ​နောက်အမှတ်တစ်ခုအား [လျှပ်စစ်အစွမ်း - လျှပ်စစ်ဖြင့်ပစ်ခြင်း] ကျန်အမှတ်နှစ်ခုအား [အေးခဲခြင်း အစွမ်း - အအေးစီးကြောင်း]စသည့် အစွမ်းများ ရရှိရန်အသုံးပြုလိုက်သည်။

ထို့နောက်တွင် ဖှေး မြေရိုင်းလွင်ပြင်သို့ ပြန်မသွားတော့ပေ။ ဒိုင်ယာဘလိုကမ္ဘာမှ တဖန်ပြန်ထွက်ပြီး ပါလာဒင်ဇာတ်ကောင်အား ရွေးချယ်ပြီး ပြန်ဝင်ရောက်လာခဲ့သည်။

ထုံးစံအတိုင်းပင် စတင်ရာနေရာ သူပုန်စခန်းသို့ပါလာဒင်တစ်ယောက်အဖြစ် ပြန်လည်ရောက်ရှိလာခဲ့သည်။

ထင်ထားသည့်အတိုင်းနောက်ထက်အပြိုင် စကြဝဠာတစ်ခုဖြစ်ပြီး အာကာရာနောက်တစ်ယောက်မှ သူ့အား [နတ်ဆိုး၏ သားရဲတွင်း]အလုပ်အား ထက်ပေးသည်။

ပါလာဒင်ဖှေးသည် သွေးမြေရိုင်းလွင်ပြင်သို့အမြန်ပြေးသွားသည်။ နှစ်ကြိမ်တိုင်ပင်လုပ်ဆောင်ခဲ့ပြီးဖြစ်၍ ယခုအကြိမ်တွင် ၁၅မိနစ်အတွင်းပင် ပြီးမြောက်သွားတော့သည်။

ထို့နောက်တွင် လယ်ဗယ်(အဆင့်၃)သို့ ထက်မံရောက်ရှိသွားပြီး သူပုန်စခန်းသို့ပြန်လာခဲ့သည်။ အာကာရာထံမှ ဆုလက်ခံရယူပြီးချိန်တွင် ဖှေးတွင်ကျွမ်းကျင်မှုဆိုင်ရာ အမှတ်၄မှတ်ရရှိနေပြီဖြစ်သည်။

ပါလာဒင်ဇာတ်ကောင်၏ ရယူနိုင်သော အစွမ်းများကိုဖွင့်ကြည့်လိုက်သည်။ ထို့နောက်တွင် အသေအချာ ချင့်ချိန်ဆုံးဖြတ်ပြီးနောက်တွင် အမှတ်နှစ်မှတ်အား [တိုက်ခိုက်မှုဆိုင်ရာ ပံ့ပိုးမှု]တွင်အသုံးပြုလိုက်သည်။မိမိ၏အဖွဲ့သားများအား တိုက်ခိုက်ချင်းအစွမ်းများတိုးမြှင့်ပေးသောအစွမ်းဖြစ်သည်။ထို့နောက်တွင် ကျန်နှစ်မှတ်အား မိမိအဖွဲ့သားများအား ကုသပေးချင်းအစွမ်းဖြစ်သည့် [ခုခံမှုဆိုင်ရာ ကုသခြင်း]ဟူသည့်အစွမ်းရရှိရန်အသုံးပြုလိုက်သည်။

ထို့နောက်တွင် ထက်မံထွက်ခွာပြီး အောက်လမ်းဆရာ ဇာတ်ကောင်အားထက်မံရွေးချယ်လိုက်သည်။

[သူပုန်စခန်း]တွင်ဖြစ်သည်။ အောက်လမ်းဆရာ ဖှေးသည် သူတော်စဥ်အာကာရာထံမှ [နတ်ဆိုး၏ သားရဲတွင်း]အလုပ်အားထက်မံလက်ခံပြီး သွေးမြေရိုင်းလွင်ပြင်သို့ ထက်မံသွားသည်။

ယခင်အတိုင်းပင် အလုပ်အား၁၀မိနစ်အတွင်းပင် ပြီးမြောက်ပြီး ဖှေး၏လက်ထဲတွင် ကျွမ်းကျင်မှုဆိုင်ရာအမှတ်၄မှတ်နှင့် ဖှေး၏အောက်လမ်းဆရာဇာတ်ကောင်မှာ လယ်ဗယ်(အဆင့်၃)သို့ရောက်ရှိနေပြီဖြစ်သည်။

အောက်လမ်းဆရာဇာတ်ကောင်၏ ထူးခြားချက်မှာ စတင်ရွေးချယ်ပြီးခြင်းပင် မှော်တုတ်တံတစ်ခုနှင့် အစွမ်းတစ်ခုအား ရရှိနေပြီးဖြစ်သည်။ထိုအစွမ်းမှာ အနီးအနားရှိအလောင်းအား ဖုတ်သွင်းကာ မိမိ၍ကျေးကျွန်အနေဖြင့် တိုက်ခိုက်စေခိုင်းနိုင်သည့် အစွမ်းဖြစ်သည့် [ဆင့်ခေါ်ခြင်းဆိုင်ရာ - ဖုတ်သွင်းခြင်း]ဟူသည့်အစွမ်းပင်။ထို့ကြောင့် ဖှေး သူ၏ ကျွမ်းကျင်မှုဆိုင်ရာ အမှတ်၃မှတ်အား

အဆိတ်ဆူးများစွာ ဆင့်ခေါ်ကာ ရန်သူအားတိုက်ခိုက်သည့်အစွမ်းဖြစ်သည့် [အဆိပ်သင့် အစွယ်များ]ဆိုသည့် အစွမ်းရရှိရန်အသုံးပြုလိုက်သည်။ထို့နောက်တွင် ကျန်၁မှတ်အား ရန်သူတစ်ဦးအား ပိုမိုထိခိုက်စေရန် ကျိမ်စာတိုက်သည့်အစွမ်းဖြစ်သည့် [ကျိမ်စာ]အစွမ်းရရှိရန်အသုံးပြုလိုက်သည်။

ဖှေးတကယ်တန်းရရှိလိုသော အစွမ်းမှာ [အဆိပ်အစွမ်း - ပေါက်ကွဲတတ်သောအလောင်း]ဆိုသည့် အစွမ်းဖြစ်သည်။အနီးအနားမှအလောင်းတစ်ခုအား ပေါက်ကွဲစေပြီး ဘေးပတ်ဝန်းကျင်ရှိရန်သူများအား ထိခိုက်စေနိုင်သည့်အစွမ်းဖြစ်သည်။

သို့သော်လည်း အေဇာရုတိုက်တွင် မဟာဘုရားကျောင်း၏ လွှမ်းမိုးမှုအား သတိရသွားလေသည်။ အောက်လမ်း စုန်းများအား မဟာဘုရားကျောင်းမှ လက်ခံမည်မဟုတ်ပေ။ ထို့ကဲ့သို့အစွမ်းများအသုံးပြုသူကိုတွေ့ပါက အရှင်လက်လက် မီးရှို့သတ်မည်ဖြစ်သည်။ အောက်လမ်းဆရာ၏ အစွမ်းဖြစ်သည့် အလောင်းအားဖုတ်သွင်းသည်မှာ အလွန်လူမြင်သိသာစေသည့်အစွမ်းဖြစ်သည့်အတွက် လျို့ဝှက်ထားရမည်ဖြစ်သည်။ သို့သော်လည်း အလောင်းအားဖောက်ခွဲသည့်အစွမ်းမှာ အသုံးဝင်လွန်းလှသည်။ စစ်မြေပြင်တွင်အပေါများဆုံးမှာ လူသေအလောင်းများဖြစ်သည့်အတွက် ထိုအလောင်းများမှာ အောက်လမ်းဆရာ၏မျက်လုံးထဲတွင် ဗုံးများပင်။သို့သော်လည်း ထိုအစွမ်းအားရယူရန် လိုအပ်သော လယ်ဗယ်(အဆင့်)မှာ 6ဖြစ်သည်ကိုတွေ့လိုက်ရသော ဖှေးစိတ်ဓာတ်ကျသွား၏။

အန်ဂျယ်လာနှင့် ဘရွတ်တို့၏ပြောပြချက်အရ မဟာဘုရားကျောင်း၏ အာဏာ ကြီးပုံကို သိပြီးဖြစ်၍ မဟာဘုရားကျောင်းနှင့် အတတ်နိုင်ဆုံးပြသနာမဖြစ်လိုပေ။

ဖှေးအချိန်ကိုတစ်ချက်ကြည့်လိုက်သော် ဂိမ်းကစားနိုင်သည့်အချိန်မှာ မိနစ်၃၀ သာကျန်​တော့သည်ကိုတွေ့လိုက်ရသည်။၃၀မိနစ်အချိန်အတွင်းတွင် ဖှေးအဆင့်အား ၆ထိ မြှင့်တင်နိုင်ရန်ကား မဖြစ်နိုင်ချေ။ကံကောင်းပြီးအဆင့်မြင့်မကောင်းဆိုးဝါးများကျက်စားရာနေရာအား ရှာဖွေတွေ့ရှိသွားပြီး အကုန်ရှင်းလင်းနိုင်လိုက်လျှင်ဖြင့် ရောက်ကောင်းရောက်နိုင်သည်။

ဖှေး အတန်ငယ်စဥ်းစားပြီးနောက်တွင် သွေးကျီးကန်းအားသွားရောက်သတ်ဖြတ်ရန်ဆုံးဖြတ်လိုက်သည်။

သွေးကျီးကန်းတည်ရှိရာ သင်္ချိုင်းမြေတွင် အဆင့်မြင့်မကောင်းဆိုးဝါးများစွာရှိသည်။ထိုမကောင်းဆိုးဝါးများနှင့် ထိပ်တိုက်ရင်ဆိုင်သည်မှာ အဆင့်၃သာရှိသေးသော အောက်လမ်းဆရာအတွက် အန္တရာယ်များလှသောလည်း လူရိုင်းဇာတ်ကောင်အနေဖြင့် တိုက်ခိုက်စဥ်က အတွေ့ကြုံများလည်း ရှိပြီးဖြစ်သောကြောင့် ဖှေးသူလုပ်နိုင်လိမ့်မည်ဟု ယူဆထားသည်။

ချမ်းဘော့ဒ်တိုင်းပြည်သည်လည်း အန္တရာယ်ထဲကျရောက်နေချိန်ဖြစ်သဖြင့် ဖှေးတွံ့ဆုတ်နေ၍မဖြစ်ပေ။ခေါင်းဆောင်ခက်ရှာထံမှ အလုပ်အားလက်ခံပြီး ဖှေး ရွှေဒင်္ဂါး၈၀၀ ခန့်အသုံးပြုကာ သွေးပုလင်းအငယ်စား၊ အတွင်းအားဆေးပုလင်း၊

သက်လုံဆေးပုလင်း စသည့်လိုအပ်သည့်ပစ္စည်းများကို ဝယ်ယူလိုက်သည်။

ဒိုင်ယာဘလို ကမ္ဘာအတွင်းတွင် ညအချိန်သို့ရောက်ရှိနေပြီဖြစ်သည်။ ဖှေးသက်လုံဆေးပုလင်းတစ်လုံးအား မော့သောက်ပြီး ေအးစက်သောဒေသ သို့ ဦးတည်ပြီးပြေးတော့သည်။သွေးမြေရိုင်းလွင်ပြင်ရှိ မကောင်းဆိုးဝါးများ ဖှေးအားတွေ့သော်အော်ဟစ်ကြသော်လည်း ဖှေးထိုမကောင်းဆိုးဝါးများကိုအရေးမလုပ်ပေ။သူ၏အချိန်အား သင်္ချိုင်းမြေရှိပို၍အဆင့်​​မြင့်သော မကောင်းဆိုးဝါးများဖြင့်သာ တိုက်ခိုက်ရန် ရည်ရွယ်ထားသည်။

သို့သော် ဖှေးမထင်မှတ်ထားတာတစ်ခု ဖြစ်ပျက်ခဲ့သည်။ မကောင်းဆိုးဝါး များသည် ညအချိန်တွင်ပို၍တက်ကြွပုံရ၏။ ဖှေးကို တွေ့ရှိလိုက်သော မကောင်းဆိုးဝါးအားလုံးသည် ဖှေးအနောက်မှ ရပ်နားခြင်းမရှိပဲ တဟုန်ထိုးပြေးလိုက်လာခြင်းပင်။

မကြာမှီတွင် ဖှေးအနောက်တွင် မကောင်းဆိုးဝါးအမျိုးအစားများစွာပါဝင်သော မကောင်းဆိုးဝါးအုပ်ကြီးသည် ဖှေးအနောက်မှ ပြေးလိုက်လာကြပြီဖြစ်သည်။

All Chapters