← Chapters

အခန်း (၄၀)

Vol. 3 Ch. 40

အခန်း (၄၀)

Vol. 3 Ch. 40

မိနစ်အနည်းငယ်အကြာတွင် မြေရိုင်းလွင်ပြင်ရှိမကောင်းဆိုးဝါး အားလုံးလိုလိုပင် ဖှေးအ​နောက်မှ တစီတတန်းကြီးလိုက်ပါလာကြပြီဖြစ်သည်။[သွေးမြေရိုင်းလွင်ပြင်]နှင့် [အေးစက်သော ဒေသ]၏ ကြားနေရာသို့ရောက်သော အခါ ဖှေးအနောက်တွင် မကောင်းဆိုးဝါး သုံးရာကျော် လေးရာနီးပါးလိုက်ပါလာနေကြသည်။

“ဟားဟား”

ဖှေး ပျော်ရွှင်သွားသည်။မကောင်းဆိုးဝါးများမှာ အဆင့်နှိမ့်မကောင်းဆိုးဝါးများသာဖြစ်သော်လဲ ထိုကဲ့သို့မကောင်းဆိုးဝါးအုပ်လိုက်ကြီးမှာ ဖှေးအား အဆင့်မြင့်တင်နိုင်သော အတွေ့ကြုံအမှတ်များ(exp)များစွာ ရရှိစေမည်ဖြစ်သည်။ဖှေး ပြေးနေခြင်းအား ရပ်တံ့လိုက်ပြီး သူ၏ မှော်ကြိမ်လုံးအား ဝှေ့ရမ်းကာ [အဆိပ်သင့် အစွယ်များ]အစွမ်းအား အသုံးပြုလိုက်သည်။

“ရှီး....”

သေခြင်းတရား၏ စွမ်းအင်များသည် မှော်ကြိမ်လုံးမှ ထွက်ခွာသွားပြီး အစွယ်ပုံသဏ္ဍာန်ရှိ အရိုး၃ခု လေထုထဲတွင်ပေါ်ထွက်လာသည်။ထိုအရိုးများသည် မရဏစွမ်းအင်များလွမ်းခြုံလျက်ရှိပြီး မကောင်းဆိုးဝါး များထံဦးတည်ပျံသန်းသွားသည်။ရှေ့ဆုံးမှ ဦးဆောင်ပြေးလာသော မကောင်းဆိုးဝါး ၃၀ခန့်တစ်စစီဖြစ်သွားသည်။

ဖှေးသည် ကြိမ်လုံးအား ထက်မံဝှေ့ရမ်းလိုက်သည်။ မရဏစွမ်းအင်များပေါ်ထွက်လာပြန်သည်။

[ဆင့်ခေါ်ခြင်းအစွမ်း - ဖုတ်သွင်းခြင်း]ကို အသုံးပြုလိုက်သည်။

“ချွတ် ချွတ် ချွတ်”

မရဏစွမ်းအင်များသည် အနီးရှိသေဆုံးနေပြီးဖြစ်သော မကောင်းဆိုးဝါးတစ်ကောင်၏ အလောင်းအပေါ်တွင် လွှမ်းခြုံသွားသည်။ အလောင်းသည် ပြင်းထန်စွာ တုန်ခါလှုပ်ရှားလာပြီး အသားများစုတ်ပြဲကုန်ကာ အတွင်းမှ အရိုးခြောက်တစ်ကောင်ပေါ်ထွက်လာလေသည်။အရိုးခြောက်ဘယ်လက်တွင် ဓားနှင့် ညာလက်တွင် ဒိုင်းတ်ို့ကိုကိုယ်တွယ်ထားသည်။ ထိုအရိုးခြောက်သည် ပြေးလာသောမကောင်းဆိုးဝါးများအား တားဆီးလိုက်ပြီး ဓားကိုဝှေ့ရမ်းကာ အနီးရှိမကောင်းဆိုးများအား ခုတ်သတ်လိုက်သည်။

ဖှေး၏ အရိုးခြောက်စစ်သည်မှာ ရှေ့မှမကောင်းဆိုးဝါးများအား တားဆီးခုခံနေစဥ် ဖှေးမှလည်း အနောက်မှနေ၍ အဆိပ်သင့် အစွယ်များ အစွမ်းဖြင့် တရစက်ပစ်ခက်နေသည်။မကောင်းဆိုးဝါးအုပ်လိုက်ကြီးဖြစ်သောကြောင့် သေချာချိန်တွယ်နေရန်ပင်မလိုပေ။ထိုအစွယ်များသည် ထိုးဖောက်ကာ အနောက်ရှိမကောင်းဆိုးဝါးများကိုပါ သေစေနိုင်စွမ်းရှိသည်။

၆စက္ကန့်ခန့်အကြာတွင် အောက်လမ်းဆရာ ဖှေးဆင့်ခေါ်ထားသော အရိုးခြောက်စစ်သည်မှာလဲ မကောင်းဆိုးဝါးများ၏ ဝိုင်းသမမှုကြောင့် အမှုန့်ဖြစ်သွားပြီဖြစ်သည်။ဖှေး အကွာဝေးတစ်ခုရစေရန် အနောက်လှည့်ပြီး အမြန်ပြေးသည်။ ထို့နောက်တွင် နောက်ထက်အရိုးခြောက်စစ်သည်တစ်ခုအား ထက်မံဆင့်ခေါ်ကာ ယခင်နည်းအတိုင်းပင် ထက်မံတိုက်ခိုက်သည်။

အန္တရာယ်များလာသည့် အခိုက်တံ့များကြုံတွေ့ရသော်လည်း ဖှေး လျှင်မြန်စွာတုန့်ပြန်နိုင်ခဲ့သည်။သူ၏ထံတွင် သွေးပုလင်းနှင့် အတွင်းအားပုလင်းများ ၁၀ပုလင်းကျော်ခန့်ရှိသောကြောင့် လွယ်ကူစွာရှင်သန်နိုင်လေသည်။

၅မိနစ်ခန့်အကြာတွင် မကောင်းဆိုးဝါးအုပ်ကြီးမှာ အကုန်သွေးအိုင်ထဲတွင် အကုန်လဲကျနေပြီဖြစ်သည်။ဖှေး ခြေပြတ်လတ်ပြတ်များ ကိုယ်တွင်းအင်္ဂါများဖြင့် ပြည့်နက်နေသည့်တိုက်ပွဲ နေရာအား လှမ်းကြည့်လိုက်သည်။ မြေကြီးများမှာ သွေးများဖြင့် စိုရွဲလျက်ရှိပြီး နီရဲလျက်ရှိသည်။

ဖှေးမှာ မည်ကဲ့သို့မှ မခံစားရချေ။သေခြင်းတရားနှင့် သတ်ဖြတ်ခြင်းတို့ကို အသားကျနေပြီဖြစ်သည်။ အရင်လိုသွေးထွက်သံယိုမြင်ပါက ခေါင်းမူးတတ်သော သာမန်တက္ကသိုလ်ကျောင်းသားဘဝမှ သေဆုံးမှုရာပေါင်းများစွာကိုမြင်ရသော်လည်း မတုန်လှုပ်တော့သည့် သွေးအေးပုဂ္ဂိုလ်တစ်ယောက်အဖြစ် အချိန်တခဏ အတွင်းပင် ပြောင်းလဲခဲ့ပြီဖြစ်သည်။

အလောင်းများဘေးတွင် သွေးများစိုစွတ်နေသော ရွှေ ဒင်္ဂါးပြားများ၊ ပစ္စည်းများကိုလဲတွေ့ရသည်။

မကောင်းဆိုးဝါး များမှာ အဆင့်နိမ့်သောကြောင့် ပစ္စည်းကောင်းများပါလိမ့်မည်မဟုတ်ပေ။ အချိန်ကလဲမရသောကြောင့် ဖှေးအနီးနားတွင်ရှိသော အပြာရောင်မှော်ပစ္စည်းလေးခုခန့်ကိုသာ ပစ္စည်းထားသိုရာအကန့်ထဲ ကောက်ထည့်ပြီးထွက်ခွာခဲ့သည်။

အချိန်မှာ ၁၅မိနစ်ပင်မကျန်တော့ပေ။[အေးစက်သောဒေသ]သို့ရောက်သည်နှင့် တပြိုင်နက် အေးစက်လှသော လေညင်းက ဖှေးမျက်နာကို တိုက်ခတ်ဖြတ်သန်းသွားသည်။ဤနေရာရှိမကောင်းဆိုးဝါးများမှာ ပို၍သန်မာကြပြီး ပို၍ရန်လိုကြသည်။ ဖှေးသက်လုံပုလင်းတစ်ပုလင်းအား မော့သောက်ပြီး ထက်မံဖြတ်ပြေးပြန်သည်။[သွေးမြေရိုင်းလွင်ပြင်]တုန်းကလိုပင် ဆူညံသံများကြောင့် မကောင်းဆိုးဝါးများ ဖှေးအနောက်သို့ ပြေးလိုက်လာကြသည်။

ပထမဆုံးအနေဖြင့် ဒိုင်ယာဘလိုကမ္ဘာတွင် ညအချိန်တွင်ပြေးလွှားခြင်း၏ အကျိုးဆက်ကို ဖှေးလေ့လာသိရှိလိုက်ရသည်။မူရင်းဒိုင်ယာဘလိုဂိမ်းထဲတွင် ညဘက်တွင်ပြေးလွှားပါက ထိုကဲ့သို့မကောင်းဆိုးဝါးများ လိုက်ပါလာခြင်းမရှိပေ။

သင်္ချိုင်းမြေသို့ရောက်ရှိရန် လမ်းတစ်ဝက်ခန့်အလိုတွင် အနောက်မှလိုက်ပါလာသော မကောင်းဆိုးဝါးများအား ရှင်းလင်းရန်ဖှေး ရပ်တံ့လိုက်ရသည်။မကောင်းဆိုးဝါးများပို၍ ပို၍များလာပါက ဖှေးမရှင်းနိုင်​တော့မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

ဖှေး ရပ်လိုက်ပြီး ယခင်ဗျူဟာကိုသာ ထက်မံအသုံးပြုသည်။ အရိုးခြောက်စစ်သည်တစ်ကောင်အား ဆင့်ခေါ်လိုက်ပြီး အနောက်မှနေ၍ အဆိပ်သင့်အစွယ်များနှင့် တရစက်ပစ်ခတ်တိုက်ခိုက်သည်။

ပထမ၄မိနစ်ခန့်တွင်တော့ အဆင်ပြေချောမွေ့စွာပင်။ မကောင်းဆိုးဝါးများဖှေး၏ မဟာဗျူဟာအောက်တွင် ကောက်ပဲသီးနှံများရိတ်သိမ်းခံရသလို အတုန်းအရုန်းကျရှုံးကုန်သည်။မကောင်းဆိုးဝါးအရေအတွက်မှာ နည်းသထက်နည်းလာလေသည်။ သို့သော်အခြေအနေမှာ ရုတ်တရက်ပြောင်းလဲသွားသည်...........

တိုက်ပွဲမှ ဆူညံသံများကြားရသောကြောင့်လား မကောင်းဆိုးဝါးအခြင်းခြင်း အချက်ပေးသောကြောင့်လားမသိ တစ်ခြားနေရာရှိမကောင်းဆိုးဝါးများမှာလည်းဖှေးထံသို့ အရပ်မျက်နှာ အသီးသီးမှဝင်ရောက်လာကြတော့သည်။ ဖှေး၏အရိုးခြောက်စစ်သည်လဲ မည်ကဲ့သို့မျှ မတားဆီးနိုင်တော့ပေ။ဖှေးထက်မံပြေးရန်ပြင်ရတော့သည်။ သက်လုံဆေးပုလင်းအား မကောင်းဆိုးဝါးများ၏ တိုက်ခိုက်မှုကိုရှောင်ရင်းအမြန်မော့သောက်လိုက်သည်။

“သေစမ်းကွာ ဒီခွေးသားတွေ ဘာလို့ ညဘက်မှာဒီလောက်ထကြွနေကြတာလဲ....”

ဖှေး ဖိအားများကိုခံစားနေရပြီဖြစ်သည်။

အသက်အန္တရာယ်ကို စိုးရိမ်စရာမရှိသော်လဲ။ဖှေးတွင် အချိန်သိပ်မရပေ။ ဤကဲ့သို့မကောင်းဆိုးဝါးများ အဘက်ဘက်မှ တရစက်ဝင်ရောက်လာက ဖှေး သင်္ချိုင်းမြေသို့ အချိန်မှီရောက်ပြီး သူ၏ ရည်မှန်းချက်ဖြစ်သော သွေးကျီးကန်းအား သတ်နိုင်မည်မဟုတ်တော့ပေ။သူ၏အစီစဥ်ဖြစ်သော ဒိုင်ယာဘလို ကမ္ဘာကမထွက်ခွာရသေးခင် လယ်ဗယ်(အဆင့်)6သို့ရောက်ပြီး [ပေါက်ကွဲတတ်သော အလောင်း]အစွမ်းအား ရယူရန်မှာ ဖြစ်နိုင်တော့မည်မဟုတ်ပေ။

ဖှေးသူ၏ တိုက်ခိုက်နှုန်းအား အရှိန်မြှင့်တင်ပြီး ပို၍မြန်မြန်ဆန်ဆန်တိုက်ခိုက်ရန်ကြိုးစားကြည့်သည်။ သို့သော်လည်း မကောင်းဆိုးဝါးအရေအတွက်မှာ များလွန်းနေသည်။ ဖှေးသတ်လိုက်သော မကောင်းဆိုးဝါးများထက် အသစ်ထက်မံရောက်ရှိလာသောမကောင်းဆိုးဝါးများက ပို၍များနေလေရာ မကောင်းဆိုးဝါးအုပ်မှ လျော့ကျသွားခြင်းမရှိပဲ ပို၍ ပို၍ပင်တိုးလာတော့သည်။

“သေစမ်းကွာ”

ဖှေးဒေါသဖြစ်နေပြီဖြစ်သည်။ဖှေး သူ၏မှော်ကြိမ်လုံးကို လက်ကိုင်တုတ်အနေဖြင့်အသုံးပြုပြီး အနီးသို့ရောက်ရှိလာသော မကောင်းဆိုးများများအား ရိုက်ထုတ်လွှတ်လိုက်သည်။ထို့နောက်တွင် [အဆိတ်သင့် အစွယ်များ]နှင့် [ဖုတ်သွင်းခြင်း]အစွမ်းတို့ဖြင့် အဆက်မပြတ်တိုက်ခိုက်နေရသည်။အစွမ်းများအသုံးပြုခြင်းအတွင့် စောင့်ဆိုင်းချိန်မရှိသည်မှာ ဖှေးအတွက်ကံကောင်းသည်။ အတွင်းအားရှိသေးသ၍ စိတ်ကြိုက်အသုံးပြုလို့ရလေသည်။

မကောင်းဆိုးဝါးများမှာ အရေအတွက်များသော်လည်း အဆင့်မြင့်မကောင်းဆိုးဝါးများမဟုတ်သေးသဖြင့် ဖှေးကိုင်တွယ်နိုင်သေးသည်။ သွေးပုလင်းနှင့် အတွင်းအားပုလင်းသောက်လိုက် ခုခံလိုက်ဖြင့်အလုပ်များနေလေ၏။

“သေစမ်းကွာ ဒီလိုပုံစံနဲ့ဆို ငါသွေးကျီးကန်း စီအချိန်မှီရောက်မှာမဟုတ်​တော့ဘူး....”

၅မိနစ်ခန့်အကြာတွင် ကြားနေကြဖြစ်သည့် လျို့ဝှက်ထူးဆန်းသော အေးတိအေးစက်အသံကြီး ဖှေးစိတ်အာရုံထဲတွင်ပေါ်ပေါက်လာသည်။

“ကစားသူဖှေး... အသင်ဟာယနေ့အတွက် အများဆုံးဂိမ်းကစားနိုင်တဲ့အချိန်ကို ရောက်ရှိသွားပါပြီ။ထွက်ခွာရန်ပြင်ဆင်ပါ။၁၀.......၉.......၈.........”

ဖှေး စိတ်ညစ်သွား၏။

ဖှေးမှာ လယ်ဗယ်(အဆင့်)၆သို့မရောက်သေးပေ။ အဆင့်၅တွင်တစ်နေသည်မှာ ကြာပြီဖြစ်ပြီး အဆင့်၆သို့ရောက်ရန် အတွေ့အကြုံအမှတ်(exp)အနည်းငယ်သာလိုတော့သည် ဖြစ်သည်။ချမ်းဘော့ဒ်တိုင်းပြည်အား ဝန်းရံထားသော ရန်သူများအား ထိရောက်စွာတိုက်ခိုက်နိုင်သည့် [ပေါက်ကွဲတတ်သည့် အလောင်း]အစွမ်းအား ရရှိရန် အနည်းငယ်သာ လိုတော့သည်ဖြစ်သည်။

“သေကြစမ်းကွာ ခွေးမသားတွေ...”

ဖှေးစိတ်တိုတိုနှင့် မကောင်းဆိုးဝါးအုပ်ထဲသို့ အဆိပ်သင့်အစွယ်များ ရသလောက်ပစ်လွှတ်လိုက်သည်။

ထိုအချိန်တွင် မထင်မှတ်ထားတာတစ်ခု ဖြစ်ပျက်သွား၏။

“ဒင်ဒေါင်”

ထင်ထင်ရှားရှားအသံတစ်ခုကိုဖှေး နားထဲတွင်ကြားလိုက်ရသည်။

ကောင်းကင်မှ အဖြူရောင်အလင်းတစ်ခုဖှေးကိုယ်အား လွှမ်းခြုံသွားသည်။ ဖှေး၏ကိုယ်ပေါ်မှ ဒဏ်ရာအားလုံးပျောက်ကင်းသွားပြီး ဖှေးဇာတ်ကောင်၏ သွေးနှင့် အတွင်းအားတို့မှာလည်း အပြည့်ပြန်ဖြစ်သွားသည်။

လယ်ဗယ်(အဆင့်) တတ်သွားပါပြီ။

ဖှေးသည်နောက်ဆုံးစက္ကန့်တွင် အဆင့်တက်သွားပြီဖြစ်သည်။

ဖှေးဘာမှတွေးနေချိန်မရှိပေ အောက်လမ်းဆရာ၏ ရယူနိုင်သောအစွမ်းများ စာမျက်နှာအား ကောက်ဖွင့်ပြီး ကျန်ရှိနေသော ကျွမ်းကျင်မှုဆိုင်ရာအမှတ်၁မှတ်အား [ပေါက်​ကွဲတတ်သော အလောင်း]အစွမ်းအား ရရှိရန်အသုံးပြုလိုက်တော့သည်။

“ငါ့ကံက အဲ့လောက်တော့ မဆိုးပါပဲ နောက်ဆုံးစက္ကန့်မှာ အချိန်မှီလေး ငါရည်မှန်းချက်ပြည့်မြောက်သွားပြီကွ...”

ဖှေး စိတ်သက်သာသွား၏။

ထိုအချိန်၌တွင် သူ၏မြင်ကွင်းရှိအရာအားလုံး မှောင်ကျသွားပြီး ဒိုင်ယာဘလိုကမ္ဘာအတွင်းမှ ပြန်လည်ထွက်ခွာနေပြီ ဖြစ်သည်။

..........

..........

ချမ်းဘော့ဒ် နန်းတော်တွင်ဖြစ်သည်။ နေ့လည်ခင်းအချိန်အခါသို့ရောက်ရှိနေပြီဖြစ်သည်။

ဆောင်းဦးရာသီဖြစ်သော်ငြား အပူဒဏ်မှာ မခံမရပ်နိုင်အောင်ပင်။ အမဲရောင်ခံတပ်နံရံကြီးမှာ နေနှင့်အတူကျစ်ကျစ်တောက် ပူလောင်နေ၏။စစ်သားများ၏ သံမဏိလက်နက်များနှင့် သံမဏိချပ်ဝတ်များလည်း ထို့နည်းအတိုင်းပင်ဖြစ်သည်။တချို့စစ်သားများမှာ မောပန်းလှသဖြင့် ချေပစ်လက်ပစ်ထိုင်ကာ အနားယူ နေကြ၏။

ဖိအားနှင့် ပင်ပန်းနွမ်းနယ်မှုအား စစ်သားများအား အပေါ်မှတက်ဖိထားသောတောင်ကြီးနှစ်လုံးကဲ့သို့ပင် စစ်သားများအား စိတ်ဖိအားဖြင့် ရူးချင်သလောက်ပင်ဖြစ်ရသည်။ရန်သူမှာ စတင်မတိုက်ခိုက်သေးပေ။

သို့သော်လည်း ရန်သူ၏ သတ်ဖြတ်လိုသည့်အကြည့်များကို အစဥ်မပြတ်ခံစားနေရသည်။

ထိုကဲ့သို့ကြီးမားလှသောဖိအားမှာ မည်သည့်အခါမှ အဆုံးသတ်မည်ဆိုသည်ကို မည်သူမှမသိ။

သွေးထွက်သံယိုတိုက်ပွဲကြီး မည်သည့်အချိန်တွင် စတင်မည်ကိုလဲ မည်သူမှမသိ။

တိုက်ပွဲအပြီးတွင် ချမ်းဘော့ဒ် တိုင်းပြည်ကြီး ဟန်မပျက်ဆက်လက်တည်တံ့နေနိုင်ပြီး စစ်သားများ လဲ ခံတပ်နံရံပေါ်မှဆင်းကာ သူတို့အားစောင့်ကြိုနေကြသော မိသားစုဝင်များအား ပွေ့ဖက်နိုင်ကြမည်လား မည်သူမျှမသိချေ။

All Chapters