အခန်း (၄၁)
Vol. 3 Ch. 41
ဘရွတ်တစ်ယောက်လည်း ခံတပ်နံရံပေါ်တွင် လမ်းပတ်လျှောက်နေပြီး စစ်သားများကို အားပေးရန်ကြိုးစားနေသည်။သို့သော်လည်း သိပ်ထိရောက်မှုမရှိချေ။ ကိုယ်စိတ်နွမ်းနယ်မှုတို့အား စကားတစ်ခွန်းထဲဖြင့် ပြေပျောက်ေစရန်မှာ မဖြစ်နိုင်။
ဂေးလ်တစ်ယောက်လဲ မြေပြင်ပေါ်တွင် ချေပစ်လက်ပစ်ထိုင်ပြီး အသက်ရှူသံများ မြန်ဆန်နေကာ မောပန်းနေသည်။သူတို့ မိသားစုလူယုံစစ်သည်များသာ သူ့အားထီးဖြင့် မိုးမပေးထားပါက အပူဒဏ်ကြောင့်ပင် ဂေးလ်တစ်ယောက် သေဆုံးသွားနိုင်သည်။ သူ့အဖေ ဘစ်ဇားတစ်ယောက်လည်း ဂေးလ်၏ အနောက်တွင် တည်ငြိမ်စွာရပ်နေသည်။ မျက်လုံးများမှာ စူးရှလျှက်ရှိပြီး ထိုအဘိုးကြီး ဘာတွေတွေးခေါ်နေသည်ကိုကား မည်သူမျှမသိနိုင်ချေ။
ထောင်မှူး အိုလတ်ဂ်တစ်ယောက်လည်း ဖှေးမှ သူ့အားကာကွယ်ရန်တာဝန်ပေးထားသည့်နေရာတွင်ထိုင်လျှက်ရှိသည်။ သူ၏ ချပ်ဝတ်မှ ရင်ဘက်အစိတ်အပိုင်းတစ်ခုအားဖြုတ်ကာ ယပ်တောင်သဖွယ် အသုံးပြုပြီး ယပ်ခက်နေ၏။အိုလတ်ဂ် မြစ်တစ်ဖက်ကမ်းရှိ ရန်သူများကို လှမ်းကြည့်ပြီး တစ်စုံတစ်ခု ကြံနေသည့်အတိုင်း လမ်းပါ့ဒ်ကို လည်းလှမ်းကြည့်လိုက်သည်။ ထို့နောက်တွင် ခံတပ်မျှော်စဥ်ရှိ ကွန်းကအလောင်းအား တွေ့ပြီး သူ့ပါသူခေါင်းရမ်းလိုက်သည်။
ပီးရာ့စ်တစ်ယောက်လည်း ဘုရင့်ဓားအားလွယ်ကာ ခံတပ်မျှော်စဥ်ရှေ့တွင် လမ်းလျှောက်လျက်ရှိသည်။
အချိန်တွေလဲ တဖြည်းဖြည်းကြာလာပြီဖြစ်ပြီး ခံတပ်နံရံပေါ်တွင် အပူချိန်မှာ မြင့်သထက်မြင့်လာပြီ ဖြစ်သောကြောင့် ပီးရာ့စ် တစ်ယောက်စိတ်မရှည်တော့ချေ။ဘုရင်မင်းမြတ်သည်လည်း မျှော်စဥ်ထဲတွင် ဘာလုပ်နေလဲမသိချေ။ အသံတစ်သံမှပင်မကြားရ။ဖှေးမှကြိုတင်သတိပေးထားချင်းမရှိပါက ပီးရာ့စ်တစ်ယောက်အထဲသို့ဝင်သွားပြီး ဘုရင်အဆင်ပြေရဲ့လား ကြည့်မိမည်ဖြစ်သည်။
ထိုအချိန်တွင် ရုတ်တရက်....
ကြယ်သုံးလုံးအဆင့်စစ်သည် လမ်းပါ့ဒ်တစ်ယောက်ထိတ်လန့်တုန်လှုပ်သွားသည်။ ပြင်းထန်ပြီးကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တစ်ခုမျှော်စဥ်အတွင်းမှ ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသောကြောင့်ပင်။
ကြယ်တစ်လုံးအဆင့်စစ်သည် အိုလတ်ဂ်လဲ ထို့နည်းအတူပင် ခံစားလိုက်ရသည်။ ဖိအားမှာ ပြင်းထန်လွန်းလှပြီး သေမင်းက စိုက်ကြည့်ချင်းကိုခံရသကဲ့သို့ ဖြစ်သည်။ထိုကဲ့သို့ ခံစားချက်အား လမ်းပါ့ဒ်ဒေါသထွက်သည့် အချိန်တွင်ပဲ အိုလတ်ဂ်တစ်ယောက်ခံစားဖူးသည်။”လမ်းပါ့ဒ်လဲ ဒေါသဖြစ်မနေပါဘူး..... မဟုတ်မှလွဲရော.... အလတ်ဇန္ဒားစီကများလား”
ဘရွတ်လဲ ထို့နည်းအတိုင်းပင် ခံစားလိုက်ရပြီး ခံတပ်မျှော်စဥ်သို့သာ စိတ်လှုပ်ရှားစွာစောင့်ကြည့်နေသည်။
ခံတပ်မျှော်စဥ်နင့် အနီးကပ်ဆုံးတွင်ရှိသော သူမှာ ပညာသင်မှော်ဆရာ ဂေးလ်ပင်ဖြစ်သည်။ ဂေးလ်တစ်ယောက် သူ၏ အကြောက်လန့်ဆုံးဆရာကိုတွေ့လိုက်မိသည့်အတိုင်း ထခုန်ကာ တုန်ခါနေတော့သည်။သူ၏ သားအပြုအမူကိုမြင်သော ဘစ်ဇား၏ မျက်လုံးများသည် စိတ်ဝင်စားစရာတစ်ခုခုအား သတိထားမိသလို ပြူးကျယ်သွားလေသည်။
မှော်ဆရာများ ကြယ်အဆင့်စစ်သည်များမှလွဲ၍ ပီးရာ့စ်အပါအဝင်ရိုးရိုးသာမန်စစ်သားများမှာတော့ ဘာမှမခံစားရချေ။
ခံတပ်မျှော်စဥ်အတွင်းတွင်ဖြစ်သည်။ ဖှေး မျက်လုံးများဖွင့်လိုက်ပြီး ပျက်စီးနေသည့် ပြတင်းပေါက်များမှ တဆင့် ရန်သူများ၏ အခြေအနေ အားကြည့်လိုက်သည်။အချိန်လေးနာရီခန့်ပင် ကုန်ဆုံးသွားပြီဖြစ်ပြီး အခြေအနေမှာ ဖှေး မျှော်လင့်ထားသည့်အတိုင်းပင် ရန်သူများစတင်တိုက်ခိုက်ခြင်းမရှိသေးပေ။
ဖှေး ခန့်မှန်းထားသည့်အတိုင်းဆိုပါက ရန်သူ့ဘက်မှ ခေါင်းဆောင်သည် နေ့လယ်စာစားပြီးချိန်ခိုက်တွင် စတင်တိုက်ခိုက်မည်ဖြစ်သည်။ ထိုအချိန်သည် သာမန်လူများအတွက် အပင်ပန်းဆုံးအချိန်တစ်ခုလဲ ဖြစ်လေသည်။ဖှေးကောင်းကင်အားမော့ကြည့်လိုက်ပြီး တိုက်ပွဲ စတင်ရန်မှာ မိနစ်နှစ်ဆယ်ပတ်ဝန်းကျင်ခန့်သာ လိုတော့ကြောင်းသိလိုက်၏။
တိုက်ပွဲစတင်တောမည့်ဖြစ်သဖြင့် သူလဲ ပြင်ဆင်စရာရှိတာ ပြင်ဆင်ရန်လိုအပ်၏။ ဖှေး သူထိုင်နေသော ကျောက်တုံးပေါ်မှ ထလိုက်သည်။ မျှော်စဥ်အပြင်ဘက်သို့ ချက်ခြင်းထွက်မသွားသေးပေ။
ဖှေးသူ၏ မျက်လုံးများကိုမှိတ်လိုက်ပြီး ဒိုင်ယာဘလို ကမ္ဘာအတွင်းမှ သူရရှိခဲ့သော စွမ်းအားများကို အာရုံခံကြည့်သည်။ဖှေး၏အတွေ့အကြုံအရ သူ့ထံတွင် လယ်ဗယ်(အဆင့်) ၁၂လူ ရိုင်းဇာတ်ကောင်အပြင် အဆင့်၃ မှော်ဆရာ အဆင့်၃ ပါလာဒင်နှင့် အဆင့်၆ ေအာက်လမ်းဆရာတို့၏အစွမ်းများကိုရရှိနေပြီးဖြစ်သည်။
အနည်းငယ် အကြာတွင် သူတစ်စုံတစ်ခုကိုခံစားလိုက်ရသည်။
အေးစက်လှသော သေခြင်း၏ စွမ်းအင်လှိုင်းများသူ့အားလွှမ်းခြုံသွားသည်။
ဖှေးသူ၏မျက်လုံးများအား ဖွင့်ကြည့်လိုက်သောအခါ သူ၏လက်ထဲတွင် လေဆင်မှာမောင်းအငယ်စားသကဲ့သို့ လှည့်လည်နေသော အဖြူရောင်သေခြင်းစွမ်းအင်များကိုတွေ့လိုက်ရသည်။
“ဒါ.....ဒါက အောက်လမ်းဆရာရဲ့ သေခြင်းစွမ်းအင်တွေပဲ....”
ဖှေး စိတ်လှုပ်ရှားသွား၏။ သို့သော်ခနအကြာတွင် ဖှေး မျက်နှာပျက်သွားသည်။အောက်လမ်းဆရာ၏ အစွမ်းမှလွဲ၍ လူရိုင်း မှော်ဆရာနှင့် ပါလာဒင်တို့၏ အစွမ်းများကို ခံစား၍မရသောကြောင့်ပင်။
“ဘာတွေ ဖြစ်ကုန်တာလဲဟ”ဖှေး မျက်လုံးများကိုမှိတ်ပြီး တွေးကြည့်လိုက်သည်။
“သေစမ်း ဒါမဖြစ်သင့်ဘူး ဇာတ်ကောင်တိုင်းရဲ့အစွမ်းတွေကိုယူလာလို့ရတယ်ဆိုတဲ့ ငါ့ရဲ့ အတွေးတွေမှားသွားတာလား...”
ထို့အချိန်တွင်.....
“မှတ်ချက်: တစ်ချိန်မှာဇာတ်ကောင်တစ်ကောင်ရဲ့အစွမ်းကိုသာအသုံးပြုလို့ရပါတယ်။ တခြားဇာတ်ကောင်ရဲ့အစွမ်းကို အသုံးပြုလိုပါက ဇာတ်ကောင်ပြောင်းလဲခြင်းကိုလုပ်ဆောင်ပေးပါ။”အေးစက်သောအသံအား ဖှေးစိတ်ထဲတွင်ကြားလိုက်ရသည်။
“ဇာတ်ကောင်ပြောင်းလဲမှုလား”ဖှေးတွေဝေသွားသည်။ ထိုအရာသည် ဘာကိုဆိုလိုလဲမသိပေ။
သို့သော်အနည်းငယ်စဥ်းစားပြီးချိန်တွင် ဖှေးသဘောပေါက်သွား၏။
“အော် ဒီလိုကိုး”
“လူရိုင်းဇာတ်ကောင်အဖြစ်ပြောင်းမယ်။”ဖှေး စိတ်ထဲတွင် ရွတ်ဆ်ိုကြည့်လိုက်သည်။
“ဝှစ်”
ဖှေးလက်ထဲရှိအဖြူရောင်သေမင်းစွမ်းအင်များသည် အေးစက်သော စွမ်းအားလှိုင်းများနှင့်အတူ ရုတ်တရက်ပျောက်ကွယ်သွားသည်။
ဖှေးအောက်လမ်းဆရာ၏ စွမ်းအားများကို လုံးဝမခံစားရတော့ချေ။ သူယခုခံစားရသည်မှာ ကြီးမားသန်စွမ်းလှသည့် လယ်ဗယ်၁၂ လူရိုင်းဇာတ်ကောင်၏ ခွန်အားများပင်ဖြစ်တော့သည်။
လူရိုင်းဇာတ်ကောင်သို့ ပြောင်းလဲပြီးချိန် တွင် ဖှေးခံစားရသည်မှာ ကြီးမားလှသော ရုပ်ပိုင်းဆိုင်ရာ ခွန်အားတို့ပင် ဖြစ်သည်။
ခံတပ်နံရံအား လက်သီးတစ်ချက်ထိုးရုံမျှဖြင့် ပင် ပြိုလဲအောင် လုပ်နိုင်သည်ဟုပင် ခံစားနေရသည်။
“ငါ့ရဲ့ခွန်အားတွေက အဆင့်၁၂ရောက်တာနဲ့ အဆမတန်တော်တော်များများကို တိုးပွားလာတာပါ့လား....”ဖှေးမှာ သူ၏ လမ်းတစ်လျှောက်ရှိအရာများအားလုံးကို တွန်းဖယ်စုတ်ဖြဲသွားနိုင်သော ပင်လယ်ကဲသို့ပင် ခံစားနေရသည်။ “ဒါပဲလေ... ငါဒိုင်ယာဘလိုကမ္ဘာထဲမှာ လူရိုင်းဇာတ်ကောင်အဖြစ်နဲ့ ခံစားနေရသလိုမျိုးပဲ ဒီခံစားချက်က။”
သူ၏ အဆမတန်ကြီးမားသော ခွန်အားများကြောင့် သူ့ကိုယ်သူ ဟာကျူလီလားဟုပင်ထင်မိသည်။ဖှေး အမှုမဲ့ အမှတ်မဲ့ဖြင့် သူ့ကိုယ်သူ ငုန့်ကြည့်လိုက်မိရာတွင် အလွန်အမင်းအံ့သြ သွားလေ၏။
အလွန်အမင်းအံ့သြစရာကောင်းပြီး မထင်မှတ်ထားတာတစ်ခုအားတွေ့လိုက်ရသောကြောင့်ပင် ဖြစ်သည်။
သူယခင်က ဝတ်ဆင်ထားသော သူရဲကောင်းချပ်ဝတ်မှာ မရှိတော့ပေ။ ထိုချပ်ဝတ်အစား အနုစိတ်ကနုတ်များဖြင့် အလှဆင်ထားသည့် တောက်ပသော ချပ်ဝတ်တစ်ခု ရောက်နေသည်အားတွေ့ရသည်။ထိုချပ်ဝတ်သည် အစိမ်းရောင်ဖျော့ဖျော့လေးတောက်ပနေ၏။ ဘာပစ္စည်းနှင့်ထုလုပ်ထားသည်အား မသိနိုင်ချေ။စွမ်းအားကြီးသော မှော်စွမ်းအင်တို့ကို ချပ်ဝတ်မှ အာရုံခံမိနေသည်။
ချပ်ဝတ်အပြင်ဖှေးသည် လယ်သာ ဖိနပ်၊ လက်အိပ်နှင့် ခါးပတ်တို့ကိုလဲ ဝတ်ဆင်ထားကြောင်းတွေ့လိုက်ရသည်။
ဖှေးထိုပစ္စည်းများအားလုံးကိုမှတ်မိသည်။
“ဟမ်ဒါတွေက ငါ့ရဲ့ဒိုင်ယာဘလိုကမ္ဘာက လူရိုင်းဇာတ်ကောင်ရဲ့ ပစ္စည်းတွေပဲ ဒါပေမယ့်...ဘယ်လိုဖြစ်လို့ ဒီကိုပါလာတာလဲ....ငါ အဲ့ပစ္စည်းတွေကို သယ်ဆောင်လာမယ်ဆိုပြီး ဟိုအသံကိုလဲမပြောခဲ့မိပါဘူး....”မမျှော်လင့်ထားသော ရှာဖွေတွေ့ရှိမှုကြောင့် ဖှေး၏နှလုံးခုန်သံများ မြန်ဆန်သွားသည်။
ဖှေးသိသလောက်ဆိုလျှင် အကယ်၍ ဒိုင်ယာဘလို ကမ္ဘာမှပစ္စည်းတစ်ခုခု အားယူဆောင်လိုပါက ဖှေး ထူးဆန်းသောအသံထံတွင် ရွှေဒင်္ဂါးပေးကာ ရွှေ့ပြောင်းရမည်ဖြစ်သည်။ထို့အပြင် မအောင်မြင်နိုင်ချေကလည်း ရှိသေးသည်။သူ၏ချပ်ဝတ်နှင့်တကွ ပစ္စည်းများအား ရွှေ့ပြောင်းခဲ့ခြင်းမရှိပဲ အပြင်လောကသို့ရောက်ရှိနေသောကြောင့် ဖှေးနားမလည်နိုင်ပဲ ဖြစ်နေသည်။
“ဘာတွေဖြစ်ကုန်တာလဲ...”
“မှတ်ချက်: ကစားသူ၏ဇာတ်ကောင်သည် လယ်ဗယ်(အဆင့်) ၁၀ကိုကျော်လွန်သွားပါက ကစားသူသည်ဇာတ်ကောင်၏ ပစ္စည်းများကို ဒိုင်ယာဘလိုလောက၏ ပြင်ပလောကများတွင်ပါ အသုံးပြုခွင့်ရရှိသည်။
မှတ်ချက်: ပစ္စည်းများကို ကစားသူတစ်ဦးတစ်ယောက်ထဲသာလျှင် အသုံးပြုနိုင်သည်။ ပစ္စည်းများကို ဒိုင်ယာဘလိုလောကမှ လွဲ၍ တခြားကမ္ဘာများလောကများထဲတွင်ပြုပြင်နိုင်ခြင်းမရှိ။
မှတ်ချက်: ပစ္စည်းများသည် သဘာဝအတိုင်းပင် အချိန်နှင့် အမျှ ပျက်ဆီးယိုယွင်းလာမည်ဖြစ်သည်။ ပစ္စည်းများကို ဒိုင်ယာဘလို ကမ္ဘာအတွင်းတွင်သာ ပြန်လည်ပြုပြင်နိုင်သည်။
မှတ်ချက် မှတ်ချက်.....”
ထိုအသံသည် ဖှေး၏ အမေးကို ကြားသွား၍ ဖှေးအား မှတ်ချက် တစ်စီတတန်းဖြင့် အသေးစိတ်အချက်လက်များပေးကာရှင်းပြသွားသည်။
“အော်...အဲ့...လို....လား...”
ဖှေးသူ့နဖူးသူပြန် ပုတ်လိုက်သည်။
“ဒါက ငါလယ်ဗယ်(အဆင့်)၁၀ကို ကျော်လွန်တဲ့အတွက်ရရှိတဲ့ အကျိုးကျေးဇူးတွေပေါ့။ ဒါဆိုငါအဆင့် ၂၀ ၃၀ ၉၀ တွေကိုရော ကျော်လွန်ရင် ရရှိမယ့် အကျိုးကျေးဇူးတွေရှိဦးမှာပေါ့...”
ယခုမေးခွန်းကိုတော့ အသံမှ အဖြေပြန်မပေးချေ။
“ရပါတယ် မင်းမပြောချင်ရင်လဲမပြောပါနဲ့...ငါ ပစ္စည်းတွေယူပြီးအသုံးပြုလို့ရတယ်ဆိုရင် ငါ့ရဲ့အသွားနှစ်ဖက်ပါ ပုဆိန်ကြီးကရောဘယ်မှာလဲ
..”
ဖှေးထိုကဲ့သို့တွေးလိုက်ရာတွင် မှော်ဆန်ဆန်အရာတစ်ခု ဖြစ်ပျက်သွား၏။
အဖြူရောင်အလင်းတန်းတစ်ခု တောက်ပသွားပြီး။ သူ၏လက်ထဲတွင် လေးလံသွားသည်ကို ခံစားလိုက်ရသည်။ လူရိုင်းဇာတ်ကောင်၏ လက်နက်ဖြစ်သော ကြီးမားလေးလံသည့် အသွားနှစ်ဖက်ပါ ပုဆိန်ကြီးမှာ ဖှေးလက်ထဲသို့ရောက်ရှိနေပြီဖြစ်သည်။
ဖှေးပုဆိန်အားဝှေ့ရမ်းကြည့်လိုက်သည်။ ပုဆိန်အားဝှေ့ရမ်းရသည်ကို ရင်းနီးနေသလိုခံစားရသည်။ ပုဆိန်သည် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကဲ့သို့ပင်။ ထိုပုဆိန်အား ကိုင်တွယ်ထားပါက ပြိုင်ဘက်ကင်းသကဲ့သို့ပင်ခံစားရလေသည်။
ဖှေးပုဆိန်ဝှေ့ရမ်းရသည်ကို သဘောကျနှစ်ခြိုက်နေသော်လည်း မိမိကိုယ်ကို ထိန်းချုပ်ပြီး အခြေအနေအားထက်မံလေ့လာသည်။
“ငါ့ရဲ့ အဓိကလက်နက်ကို အသုံးပြုလို့ရတယ်ဆိုရင် အာဇူရာဒိုင်းနဲ့ မုန်တိုင်းဆေဘာ ဓားတို့ရော အသုံးပြုလို့ရတယ်မလား...”
ဖှေးထို့ကဲ့သို့ တွေးလိုက်လျှင်တွေးလိုက်ခြင်း အဝါရောင်အလင်းတစ်ခုတောင်ပသွားကာ ဖှေးလက်ထဲရှိ ပုဆိန်ကြီးကွယ်ပျောက်သွားသည်။ ပုဆိန်နေရာတွင် အာဇူရာဒိုင်းနှင့် မုန်တိုင်းဆေဘာ ဓားတို့ရောက်ရှိလာသည်အား တွေ့လိုက်သည်။
“ဟားဟားဟား ငါထင်ထားတဲ့အတိုင်းပါပဲလား...”
လက်နက်တစ်ခုမှ တစ်ခုသို့ပြောင်းလဲရန်မှာလဲ လွယ်ကူသည်ကိုဖှေးတွေ့လိုက်ရသည်။လက်နက်ပြောင်းလဲကိုင်တွယ်ရန်အတွက် ဖှေးတွေးလိုက်ရန်သာ လိုအပ်သည်။ အချိန်အနည်းငယ်မျှပင်ကြာချင်းမရှိ။
“ဝှစ် ဝှစ် ဝှစ် ဝှစ်”
ဖှေးအတွေးဖြင့် လက်နက်ကူးပြောင်းချင်းအား လေ့ကျင့်ကြည့်နေသည်။ သူလက်ထဲတွင် ပုဆိန်မှ ဓားနှင့် ဒိုင်း၊ ဓားနှင့်ဒိုင်းမှ ပုဆိန် စသည်ဖြင့် အမျိုးမျိုးပြောင်းလဲနေသည်။လက်နက်များကို လျှင်မြန်စွာ ပြောင်းလဲ ကိုင်တွယ်နိုင်ပါက တိုက်ပွဲတွင်များစွာအကျိုးပြုစေမည်ဖြစ်သည်။
ဖှေး သူ၏ စွမ်းအင်အသစ်များအား စမ်းသပ်နေရင်း ပြသနာကြီးတစ်ခုအားသတိထားမိသွားသည်။
“နေပါဦး စွမ်းအားကြီးမှော်ပစ္စည်းတွေကို ဒီလောကယူလာနိုင်တာကောင်းပေမည့် ဒီချပ်ဝတ်ကြီးကို ငါက အမြဲဝတ်ထားရတော့မှာလားက ဘုရင်ဆိုပေမည့် စစ်ပွဲနေ့တိုင်းတိုက်နေရတာမှမဟုတ်တာ ငါညစာစားပွဲတွေဘာတွေသွားရင်ဘယ်လိုလုပ်မလဲ ဒီချပ်ဝတ်ကြီး အမြဲဝတ်ထားရင်လူတွေက ငါ့ကို ငကြောင်မှတ်ကြတော့မှာပဲ....”
“ငါဒါတွေကို ဖြုတ်ထားချင်ရင်ရော ဘယ်လိုလုပ်ရမလဲမသိဘူး.....”
ဖှေးတွေးလိုက်စဥ်မှာပင် ပြောင်းလဲမှုများ ထက်မံဖြစ်ပေါ်သွားသည်။သူဝတ်ဆင်ထားသည့် လူရိုင်းဇာတ်ကောင်ပစ္စည်းများ ပျောက်ကွယ်သွားသည်ကိုတွေ့လိုက်ရသည်။ ထိုပစ္စည်းများဘယ်ရောက်သွားသည်ကိုတော့ ဖှေးမသိချေ။အခန်းကိုလှည့်ပတ်ကြည့်ရှုသော အခါတွင် ထောင့်တစ်နေရာတွင်ရောက်ရှိနေသည်အား တွေ့လိုက်ရသည်။
“သေစမ်း ငါလုပ်ချင်တာလုပ်လို့ရတာပဲဟ...”
ဖှေးမျက်နာတွင် အပြုံးတစ်ခုပေါ်ပေါက်လာသည်။
“ပစ္စည်းတွေကို ငါ့စိတ်ကတွေးရုံနဲ့ ဖြုတ်တပ်လုပ်လို့ရတာက တော်တော်အဆင်ပြေတာပဲဟ...”
ဖှေးနှလုံးခုန်သံများ ထက်မံမြန်ဆန်လာပြန်သည်။
“ဒီပစ္စည်းတွေကိုယူဆောင်လာလို့ရတယ်ဆိုရင် သူတို့ရဲ့ ထူခြားဂုဏ်သတ္တိတွေကိုလဲ ငါအသုံးပြုလို့ရမှာပဲ....”
ထို့သို့တွေးမိပြီး သူ၏ ခါးပတ်၏ ထားသိုခြင်း ဂုဏ်သတ္တိအား စမ်းသပ်ရန်ဆုံးဖြတ်လိုက်သည်။
ဒိုင်ယာဘလိုကမ္ဘာရှိခါးပတ်များသည် ကစားသူအား [ပစ္စည်းထားသိုရာ အကန့်]ထားသိုရာ နေရာအပိုရရှိစေသည်။ခါးပတ်အရည်အသွေးကောင်းလေ ထားသိုနိုင်သည့်နေရာ ပိုများများပါလေဖြစ်သည်။ဖှေး ဝတ်ဆင်ထားသော ခါးပတ်မှာ ထားသိုရန်နေရာ ၈နေရာခန့်သာပါရှိသည်။
ဖှေး သူ၏ ခါးပတ်အား ငုံ့ကြည့်ပြီး အနီးရှိလက်သီးဆုပ်အရွယ်ခန့်ရှိသော ကျောက်တုံးတစ်တုံးအား ကောက်ယူလိုက်သည်။ထို့နောက်တွင် မျက်စိမှိတ်ကာ ကျောက်တုံးကို အာရုံပြုပြီး ခါပတ်အတွင်းသို့ထည့်ရန်တွေးလိုက်သည်။
ဖှေးတွေလိုက်ခြင်းလိုလိုပင် ကျောက်တုံးမှာပျောက်ကွယ်သွားလေသည်။
“သေစမ်း အဲ့တာ အလုပ်ဖြစ်တာလား...”
ဖှေး ခါးပတ်၏ ထားသိုရာနေရာ အား စိတ်ထဲတွင်တွေးလိုက်သည့်အချိန်တွင် သူ၏မျက်လုံးထဲတွင် ခါးပတ်၏ ထားသိုရာနေရာအကန့်၈ခုကို မြင်တွေ့ရသည်။ဖှေး စမ်းသပ်ထားသောကျောက်တုံးသည် အကန့်တစ်ခုအတွင်းတွင်ရှိနေသည်ကိုတွေ့လိုက်ရသည်။ ကျောက်တုံးအပြင် ဖှေး ဒိုင်ယာဘလို ကမ္ဘာမှ ရွေဒင်္ဂါး၂၉၀၀၀ခန့်အကုန်ကျခံကာ သယ်ဆောင်ခဲ့သော သွေးပုလင်း ၂လုံးနှင့် သက်လုံဆေးပုလင်းတစ်လုံးတို့မှာလည်း ခါးပတ်အတွင်းတွင်ရောက်ရှိနေကြောင်းတွေ့ရသည်။