← Chapters

အခန်း (၄၃)

Vol. 3 Ch. 43

အခန်း (၄၃)

Vol. 3 Ch. 43

ဖှေးကိုယ်တိုင်လဲ သူသည် လူအများ၏ အာရုံစိုက်မှုအား ရရှိနေကြောင်းသတိထားမိသည်။စိတ်လှုပ်ရှားနေကြသော စစ်သားများနှင့် လူငယ်များကို ညင်သာစွာပြုံးပြပြီး စိတ်အေးလက်အေးဖြစ်စေရန်အားပေးသည်။ ထို့နောက်တွင် ပီးရာ့စ်နှင့် ဘရွတ်တို့နှစ်ယောက်အား လှမ်းခေါ်လိုက်သည်။သူ၏ အာရုံစိုက်မှုရရှိရန်ကြိုးစားနေသော အိုလတ်ဂ်နှင့်တကွ မလှမ်းကမ်းတွင်ရှိနေသာ ဝန်ကြီးချုပ် ဘစ်ဇားတို့ကို ဖှေး အရေးပင်မလုပ်ချေ။အိုလတ်ဂ်နှင့် ဘစ်ဇားအပေါ်တွင် ဘုရင်က ယုံကြည်နှစ်ခြိုက်မှု မရှိတော့သည်မှာ ထင်ရှား၏။

“ဘရွတ်ငါ့ကို ရန်သူရဲ့လှုပ်ရှားမှု အခြေအနေတွေကို ပြောပြပါဦး။”ဖှေး ဇူလီမြစ်တံတားပေါ်ရှိ ရန်သူအုပ်စု၏ အ​ခြေအနေအား လှမ်းကြည့်ရင်း မေးလိုက်သည်။ခံတပ်နံရံ၏ ဓားရာလှံရာထို့ဖြင့်ပြည့်နှက်နေသော တံတိုင်းအား ကိုင်တွယ်ကြည့်ရင်း ဖှေးရပ်နေလေ၏။

“အရှင်မင်းကြီးအနားယူနေခဲ့တဲ့ လွန်ခဲ့တဲ့၄နာရီလုံးလုံးမှာ ရန်သူ့ဘက်က လှုပ်ရှားမှုလုံး​ဝမရှိသေးပါဘူး....အကြောင်းတစ်ခုခုကြောင့်နေမယ်။ တိုက်ခိုက်သယောင်တောင်မပြဘူးဗျ။ သူတို့တွေတစ်ခုခုကိုစောင့်နေကြသလိုပဲ....ဒါပေမယ့်.......”

ဘရွတ်ရန်သူများ၏ အနောက်ကို ညွှန်ပြလိုက်သည်။ဘရွတ်၏ အသံသည်စိုးရိမ်ခြင်းများဖြင့် ပြည့်နှက်နေ၏။

“သူတို့တွေ လှေကားကြီးသုံးခုနဲ့ တစ်ခြားကိရိယာတွေကို လဲတံတားပေါ်ထိယူလာခဲ့ပြီးသွားပြီ။သူတို့တွေဘက်ကအကုန်ပြင်ဆင်ပြီးနေပြီ အရှင်မင်းကြီး။ စစ်သားအရေအတွက်ကလဲ အရင်တစ်ခေါက်က တိုက်ပွဲတုန်းကထက် ပိုများတယ်။ သူတို့တွေအခုချိန်မှာ ဝင်သိမ်းမယ်ဆိုရင် ကျွန်တော်တို့အတွက် အတော်အန္တရာယ်များနိုင်တယ်။”

ဖှေး ဘရွတ်ညွှန်ပြသော နေရာသို့ကြည့်လိုက်ကာတွင် ရန်သူ၏ ဖွဲ့စည်းပုံမှာ အရင်ကနှင့်မတူပဲ ပြောင်းလဲသွား​ကြောင်းတွေ့ရသည်။

အရှေ့မှ ဒိုင်းအကြီးကြီးများကိုင်ပြီး အနောက်မှစစ်သည်များကို မြှားဒဏ်မှကာကွယ်ရန်အဖွဲ့မှာတော့ ရှေ့ဆုံးမှာ ရှိနေတုန်းပင်။သို့သော်ထိုအဖွဲ့၏ အနောက်မှ ဖွဲ့စည်းပုံမှာ ယခင်နှင့်လုံးဝမတူတော့ချေ။လေးသည်တော်များ ဓားသမားလှံသမားများသည် အနောက်သို့ဆုတ်ခွာသွားကြပြီး ထိုသူများ၏နေရာတွင် လှေကားကြီး၃ခုရောက်ရှိနေသည်။ထိုလှေကားများအနောက်တွင် မြှားဒဏ်ကာကွယ်ရန် သစ်သားဖြင့်ပြုလုပ်ထားသည့် နံရံ၅ခု ရှိနေသည်။ ဟိုးအနောက်တွင် ပို၍သန်မာသည့်ပုံရသည့် စစ်သားများက ဝန်းရံကာကွယ်ထားသော ၆၇ပေအမြင့်ရှိ ကျောက်တုံးပစ် လောက်လွှဲကြီး၆ခုလဲရှိနေသေးသည်။

ထိုအရာကိုမြင်သော် ဖှေး မျက်မှောင်ကြုံ့သွား၏။ထိုကျောက်တုံးပစ် လောက်လွှဲကြီး၆ခု မှာကြောက်မက်ဖွယ်ကောင်းသော ကိရိယာများပင်ဖြစ်သည်။ထိုကိရိယာကြီးများ ခံတပ်နံရံနှင့် ကိုက်၂၀၀ခန့်အကွာအဝေးသို့ရောက်ရှိလာပါက မည်မျှခိုင်ခံ့မာကြောသော နံရံဖြစ်စေခါမူ ပြိုလဲ ပျက်စီးသွားနိုင်သည်။ခံတပ်နံရံကြီးပျက်စီးသွားပါ ချမ်းဘော့ဒ် တိုင်းပြည်၏ လူတစ်ထောင်ပင် မပြည့်သော တပ်သားတို့မှာ ခဏအတွင်းမှာပင် အကုန်သေဆုံးသွားမည်ဖြစ်သည်။ထိုကျောက်တုံးပစ်လောက်လွှဲများမှ ကျောက်တုံး အလုံးနှစ်တယ်ခန့်ပစ်ရုံမျှနှင့်ပင် ခံတပ်နံရံနှင့်တကွ ချမ်းဘော့ဒ်စစ်သားများအကုန်ပျက်စီးသွားနိုင်သည်။

ရန်သူ့ဘက်မှခေါင်းဆောင်မှာ ချမ်းဘော့ဒ် တိုင်းပြည်အား ယနေ့အပြီးသိမ်းပိုက်လို၍ ရှိသမျှလူအင်အား ပစ္စည်းအင်အား အကုန်ထုတ်သုံးနေပြီဖြစ်သည်။

“အဲ့မြှားတွေကို ကာကွယ်မယ့်သစ်သားနံရံတွေကတော့ အခုမှလုပ်ထားတယ်ဆိုတာသိသာတယ်။ သစ်ရွက်အစိမ်းတွေတောင် အခုထိရှိသေးတယ်။ ဒါပေမယ့် အဲ့ကျောက်တုံးပစ် လောက်လွဲဲကြီးတွေကိုတော့ အခုမှစလုပ်ဖို့ကတော့မဖြစ်နိုင်ဘူး ငါအရင်ကလဲမတွေ့မိပါဘူး သူတို့ ဘယ်ကများ အကူညီတွေရလာတာလဲ....”ဖှေးတွေးကြည့်နေ၏။

ချမ်းဘော့ဒ် အတွက်ခုခံနိုင်ရန်မျှော်လင့်ချက်မရှိချေ။တိုက်ပွဲစတင်ပါက ချမ်းဘော့ဒ် ဘက်မှ ပစ်ခတ်မည့် မြှားများအား သစ်သားနံရံကြီးများနှင့် ကာရံကာ ရှေ့သို့တက်လာမည်ဖြစ်သည်။ ကျောက်တုံးပစ် လောက်လွှဲကြီးများ ပစ်နိုင်သည့်အကွာအဝေးထိရောက်လာပါက ကျောက်တုံးကြီးများဖြင့် စတင်ပစ်ခတ်တော့မည်ဖြစ်သည်။ထိုအရာသည် ချမ်းဘော့ဒ် တိုင်းပြည်၏ ဇာတ်သိမ်းဖြစ်သွားနိုင်သည်။ လူအင်အားမမျှသည်သာ မကပဲ လက်နက်အင်အားလဲ မမျှတတော့ပေ။

အင်းအားမမျှတသည့်အပြင် ရန်သူဘက်မှခေါင်းဆောင်မှာ ဉာဏ်နီဉာဏ်နက်များပြီး လိမ္မာပါးနက်ပုံရ၏။ချမ်းဘော့ဒ်တိုင်းပြည်၏ စစ်သားအင်အားနည်းပုံကို သူရိပ်မိသည်။ ထို့ကြောင့်ထိုအားနည်းချက်ကို ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ဘရွတ်နှင် တခြားသူများလည်း ချမ်းဘော့ဒ် တိုင်းပြည်အား အကြပ်အတည်းအတွင်းမှ ကယ်တင်နိုင်မည့် နည်းလမ်းကိုရှာမရဖြစ်နေ၏။

ဖှေးလည်း အခြေအနေကိုလေ့သာသုံးသပ်နေသည်။ ဘရွတ်ဖှေးအရိပ်အခြေကို ကြည့်ကာ တစ်ခုခုပြောမည့်ဟန်ပြင်လိုက်သည် သို့သော်နောက်ပြီး မပြောတော့ရန်ဆုံးဖြတ်ကာ မိမိကိုယ်ကို ထိန်းချုပ်လိုက်သည်။

“ဘာပြောမလို့လဲ ဘရွတ် ပြောလေ... ချမ်းဘော့ဒ် ရဲ့ အထွေထွေခေါင်းဆောင်တစ်ယောက်အနေနဲ့ တွံ့ဆုတ်မနေသင့်ဘူးနော်...”ဖှေးဘရွတ်၏ အပြုအမူအားရိပ်မိပြီး ပြောလိုက်သည်။

ဘရွတ်တစ်ယောက် ဖှေးအနားသို့တိုးလာပြီး နားနားကပ်ကာ “အရှင်မင်းကြီး....ကျွန်တော်တို့ ဒီတစ်ခေါက်တော့ မခုခံနိုင်လောက်တော့ဘူးထင်တယ်....ကျွန်တော်နဲ့တစ်ခြားစစ်သားတစ်စုက ခံတပ်နံရံပေါ်မှာပဲဆက်ရှိနေပြီး ရန်သူကိုခုထံထားပြီး အချိန်ဆွဲပေးထားမယ်......အရှင်မင်းကြီးက အန်ဂျယ်လာနဲ့အတူ လမ်းပါ့ဒ်၊ ပီးရာ့စ်နဲ့ တခြားအဆင့်မြင့်စစ်သားတွေကို အစောင့်အနေနဲ့ခေါ်ပြီး ချမ်းဘော့ဒ် အနောက်ဘက်က တောင်တန်းတွေစီကို ဆုတ်ခွာ....”

“ဟင့်အင်း”

ဘရွတ်၏ စကားပင်မဆုံးသေး ဖှေးထိုအကြံကို ငြင်းဆန်လိုက်သည်။ဘရွတ်လဲ ဘာမှဆက်မပြောတော့ချေ။ ဖှေး၏ အသံနှင့် အပြုမူတို့ကိုကြည့်ခြင်းအားဖြင့် ဖှေး၏ဆုံးဖြတ်ချက်မည်မျှခိုင်မာသည်ကို ဘရွတ်နှင့် ပီးရာ့စ်နှစ်ယောက်လုံး ရိပ်မိကြသည်။မည်သည့်အခက်ခဲမျိုးနှင့်ကြုံကြုံ ဘုရင်သည်အနောက်ဆုတ်ပြီး ထွက်ပြေးမည်မဟုတ်ပေ။ ဖှေး၏အပြုအမူကြောင့် ဘရွတ်နှင့် ပီးရာ့စ် တို့မှာ ကျေနပ်မိသော်လည်း တစ်ဖက်တွင်လည်း ဘုရင့်အတွင်စိုးရိမ်မိသည်။

“ငါတို့တွေ ဒီထက်ကြာကြာဆက်စောင့်နေလို့မဖြစ်ဘူး တိုက်ခိုက်မှုတစ်ခုကို အမြန်စတင်မှဖြစ်တော့မယ်။”ဖှေးပြောလိုက်သည်။

ဘရွတ်နှင့် ပီးရာ့စ်တို့နှစ်ယောက်လုံး တုန်လှုပ်အံ့သွား၏။

“တိုက်ပွဲစမလို့လား...”

ဤကဲ့သို့အခြေအနေတွင် မိမိဘက်မှစတင်တိုက်ခိုက်မည်ဟုဆိုခြင်းမှာ မည်သည့်သဘောကြောင့်လဲ နားမလည်ချေ။ ချမ်းဘော့ဒ် သည်မိမိ၏ ​မြေမျက်နှာသွင်ပြင်အားသာချက်ကို စွန့်လွှတ်ပြီး နံရံပေါ်မှဆင်းကာ ရန်သူ့ဘက်အား မိမိဘက်မှ စတင်သွားရောက်တိုက်ခိုက်ပါက သေကြောင်းကြံသကဲ့သို့ပင် ဖြစ်နေတော့မည်ဖြစ်သည်။

“အရှင်...အရှင်မင်းကြီး...... အဲ့တာ အန္တရာယ်မများလွန်းဘူးလား....”ဘရွတ်မှာ ဖှေး၏ စိတ်အားပျောင်းလဲရန်ကြိုးစားနေ၏။

“အချိန်မရှိတော့ဘူး...” ဖှေးခေါင်းကိုခါးရမ်းပြီးပြောလိုက်သည်။ “ငါထင်တာမမှားဘူးဆိုရင် ရန်သူက နေ့လည်စာစားပြီးချိန်လောက်မှာ စပြီးတိုက်ခိုင်လိမ့်မည်။ငါတို့တွေအတွက်တိုက်ပွဲမှာနိုင်ဖို့တစ်ခုတည်းသော မျှော်လင့်ချက်က သူတို့မမျှော်လင့်ထားတာတစ်ခုကို ငါတို့ကောက်လုပ်ဖို့ပဲ။ငါတို့ဘာမှမလုပ်ဘူးဆို ရန်သူက စတင်တိုက်ခိုက်လာမယ် ငါတို့ကလဲ သေခြင်းနဲ့ပဲရင်ဆိုင်ရလိမ့်မယ်။”

ဖှေး ထိုကဲ့သို့ပြောပြီး ဘရွတ်နှင့်ပီးရာ့စ်အား ကြည့်လိုက်သည်။

“ဘယ်လိုထင်လဲ ငါစစ်သည်တို့ မင်းတို့တွေငါနဲ့အတူလိုက်ပြီး ရန်သူတွေကို ဇူလီမြစ်ထဲ ပစ်ချပေးဖို့ သတ္တိရှိရဲ့လား။ သူတို့တွေကို နောက်ဆုံးအကြိမ် ရေချိုးခွင့်ပေးလိုက်ကြတာပေါ့...”

မေးခွန်းမှာ သူငယ်ချင်း ထံမှ အကြံဉာဏ်တောင်းသကဲသို့ပင် ရိုးရှင်းလှသည်။

ထိုအခိုက်တန့်တွင် ဘရွတ်နှင့် ပီးရာ့စ်နှစ်ယောက်လုံး သူတို့၏သွေးများလောင်မြိုက်နေသလိုခံစားလိုက်ရသည်။

“ဂုဏ်ယူစွာလိုက်ပါတိုက်ခိုက်ပါမယ် အရှင်မင်းကြီး။”နှစ်ယောက်လုံး ပြန်ဖြေလိုက်ကြ၏။

“ဟုတ်ပြီလေ။ ငါမင်းတို့ကို လုပ်ခိုင်းစရာတွေရှိတယ်။ ဘရွတ်က စစ်သားတွေကို အနားယူဖို့သွားပြော။ လည်လည်ဝယ်ဝယ်ရှိတဲ့စစ်သားတစ်ချို့ကိုတော့ ရန်သူ့အ​ခြေအနေကြည့်ထားဖို့ တာဝန်ပေးထားလိုက်။နောက်ပြီး ​ကြံ့ခိုင်သန်စွမ်းပြီး ယုံကြည်လို့ရတဲ့ လူအယောက်၂၀လောက်ကို ငါ့စီခေါ်လာခဲ့။ ပီးရာ့စ် မင်းသွားခေါ်လိုက်...”

ဖှေး ပီးရာ့စ်၏ နားနားသို့ကပ်ပြောလိုက်သည်။ ပီးရာ့စ်လဲ နားမလည်စွာဖြင့်ထွက်ခဲ့၏။ ၄င်းတို့နှစ်ယောက်ထွက်သွားသောအခါ ဖှေးခံတပ်နဲရံပေါ်တွင် တိတ်ဆိပ်စွာရပ်နေပြီး လုပ်မည့်အရာများ အစီစဥ်များကိုတွေးတောနေသည်။ထို့နောက်တွင် သူ၏ဘယ်ဘက်သို့ထွက်ခဲ့တော့သည်။

ဖှေး ချမ်းဘော့ဒ်း နံပါတ်၁စစ်သည် လမ်းပါ့ဒ် စီသို့လျှောက်လာခဲ့သည်။

“အရှင်မင်းကြီး...” လမ်းပါ့ဒ် မှ အရိုအသေပေးလိုက်၏။

ယခင်က အလတ်ဇန္ဒား အပေါ်အေးတိအေးစက်သာဆက်ဆံခဲ့သော လမ်းပါ့ဒ် မှာ ယခုအခါတွင် စိတ်လိုလက်ရဆွေးနွေးလို၏။

လမ်းပါ့ဒ် သည် သူတစ်ယောက်ထဲ၏ စွမ်းအားဖြင့် ချမ်းဘော့ဒ် တိုင်းပြည်အားကာကွယ်ခဲ့ပြီး အလတ်ဇန္ဒား ၏ အာဏာအားတည်မြဲအောင်လုပ်ပေးခဲ့သည်ကို ဖှေးသိ၏။ ထို့ကြောင့် လမ်းပါ့ဒ်အား ဖှေးလေးစားသည်။ထို့အပြင် လမ်းပါ့ဒ် သည် ယခင်ဘုရင်ဖြစ်သည့် အလတ်ဇန္ဒား၏ ဖခင်နှင့် အလွန်ရင်းနှီးသော မိတ်ဆွေများလည်း ဖြစ်ခဲ့သည်။

“ဦးလေး လမ်းပါ့ဒ် ကျွန်တော် တစ်ခုအကူညီတောင်းချင်လို့ပါ....”ဖှေး ​ယဥ်ကျေးစွာပြောလိုက်သည်။

လမ်းပါ့ဒ် ဖှေးအား ကြည့်လိုက်သည်။ ထို့နောက်အမဲ ရောင်ရန်သူအုပ်ကြီးကို လှမ်းကြည့်ပြီး ခနတာ တိတ်ဆိတ်သွားသည်။ထို့နောက်တွင်....

“ကျွန်တော့ကို နံရံအောက်ဆင်းပြီး ကျောက်တုံး ပစ်လောက်လွှဲကြီးတွေကို သွားဖျတ်ဆီးစေလိုတာမလား အရှင်မင်းကြီး။ကျွန်တော်၂ခု ၃ခုလောက်ပဲဖျတ်ဆီးနိုင်လောက်မည်။”

“ဟမ်”

ဖှေးတွေဝေသွားသည်။ ခနကြာမှ လမ်းပါ့ဒ် စဥ်းစားသည့်ပုံအား နားလည်လာပြီး ခေါင်းခါရမ်းကာ တည်ငြိမ်စွာပြောလိုက်သည်။”ကျွန်တော် တောင်းဆိုချင်တာအဲ့တာမဟုတ်ဘူး ဦးလေးလမ်းပါ့ဒ်။ကျွန်တော်က မကြာခင်မှာပဲ နန်းတော်ကထွက်ပြီး ရန်သူကိုသွားတိုက်ခိုက်တော့မယ်။ဦးလေးလမ်းပါ့ဒ်က နံရံပေါ်မှာပဲနေခဲ့ပြီး အခြေအနေကိုတည်ငြိမ်ကိုထိန်းပေးထားပါ။ မတော်လို့ကျွန်တော်သေခဲ့မယ်ဆိုရင် ဦးလေးက အန်ဂျယ်လာနဲ့ အမ်မာကို ခေါ်ပြီး သူတို့နှစ်ယောက်ကို ကာကွယ်ပြီး ချမ်းဘော့ဒ် တိုင်းပြည်ကနေ လုံလုံခြုံခြုံထွက်ခွာသွားဖို့ပါ။”

All Chapters