← Chapters

အခန်း (၄၄)

Vol. 3 Ch. 44

အခန်း (၄၄)

Vol. 3 Ch. 44

“ဟမ်”

အလတ်ဇန္ဒားတစ်ယောက် ထိုကဲ့သို့တောင်းဆိုမှုမျိုး ပြုလုပ်လာမည်ဟု လမ်းပါ့ဒ်ထင်မထားပေ။ဤကဲ့သို့အန္တရာယ်များလှသည့် အ​ခြေအနေမျိုးတွင် ဖှေးသည် မိမိ၏လုံခြုံရေးထက် အန်ဂျယ်လာ နှင့် အမ်မာတို့နှစ်ယောက်၏ လုံခြုံရေးကိုသာ စိတ်ပူ၏။ ဤအချက်ကို လမ်းပါ့ဒ် တစ်ယောက်လေးစားမိသည်။

သို့သော် နန်းတော်မှထွက်ခွာပြီး ရန်သူ့အားသွားရောက်တိုက်ခိုက်မည့် ဖှေး၏ဆုံးဖြတ်ချက်ကိုတော့ လမ်းပါ့ဒ် သဘောမကျချေ။

ချမ်းဘော့ဒ် တိုင်းပြည်ရှိ ဉာဏ်အနည်းဆုံး ပုဂ္ဂိုလ်ပင်လျှင် ခံတပ်နံရံအားစွန့်ခွာပြီး ရန်သူအားသွားရောက်တိုက်ခိုက်ခြင်းမှာ ဆိုးဝါးသည့်အကြံစည်ဖြစ်ကြောင်းသိသည်။ချမ်းဘော့ဒ်တိုင်းပြည်၏ တန်ဖိုးရှိစစ်သားများအား သေတွင်းသို့ပို့နေသည့်အတိုင်းပင်။ ထို့အပြင် အသေအချာလေ့ကျင့်ထားပြီး လူအင်အား ပိုများလှသော ရန်သူများအတွက် အားသာချက်ကြီးဖြစ်နေတော့မည်ဖြစ်သည်။

မနေ့ကတိုက်ပွဲရလဒ်များကို ကြည့်ခြင်းအားဖြင့် အလတ်ဇန္ဒား သည် ရဲရင့်သန်မာသည့် လူငယ်တစ်ဦးဖြစ်သည်ကိုတော့ လမ်းပါ့ဒ် လက်ခံ၏။သို့သော်တိုက်ပွဲတစ်ခုတွင် လအဆင့်နေအဆင့်စစ်သည်တစ်ဦးမဟုတ်ပါက တစ်ဦးတစ်ယောက်ထဲ၏ စွမ်းအားသည် အရေးမပါလှချေ။တစ်ဦးတစ်ယောက်၏ စွမ်းအားတစ်ခုတည်းဖြင့် ပြသနာများကို ဖြေရှင်းပေးမည်မဟုတ်ပေ။လမ်းပါ့ဒ်သည်လည်း အလတ်ဇန္ဒား တစ်ယောက် တိုက်ပွဲအနည်းငယ်နိုင်ရုံမျှဖြင့် မိမိကိုယ်မိမိ အထင်ကြီးကာ ကမူးရှူးထိုးမလုပ်စေလိုချေ။

“ကျွန်​ေတာ်တကယ်လို့သာ ချောင်းမြောင်းတိုက်ခိုက်လိုက်မယ်ဆိုရင် အဲ့ဒီကျောက်တုံးပစ်လောက်လွှဲတွေကို ငါဖျတ်ဆီးပစ်နိုင်လောက်ပါတယ်။ အရှင်လည်း အဲ့လိုသေကြောင်းကြံတဲ့ ကိစ္စမျိုး လုပ်စရာမလိုတော့ဘူးပေါ့.....”

နတ်ရွာစံသွားပြီဖြစ်သော သူငယ်ချင်းနှင့် ခင်မင်ရင်းနီးမှု၊ သန့်စင်ပြီး အပစ်ကင်းသော အန်ဂျယ်လာ၏ မျက်နာတို့ကြောင့် လမ်းပါ့ဒ်မှာ မိမိ၏ ဒဏ်ရာ​ဟောင်းမှာ ပြန်လည်ဆိုးဝါးလာသော်လဲ ထိုကဲ့သို့အန္တရာယ်များသော တာဝန်အား ထမ်းဆောင်ရန် ဝန်မလေးချေ။သို့သော်လဲ ထိုကျောက်တုံးပစ်လောက်လွှဲကြီးများအား ကြယ်အဆင့် စစ်သည် မှော်ဆရာများနှင့် ကာကွယ်ဝန်းရံထားပါက လမ်းပါ့ဒ် လဲ ဖျက်ဆီးနိုင်လိမ့်မည်မဟုတ်ပေ။

“ဦးလေးလမ်းပါ့ဒ် ကျွန်တော်တို့အတွက် ပြသနာက ကျောင်တုံးပစ်လောက်လွှဲတွေတင်မဟုတ်ဘူး တကယ်လိုဦးလေး အကုန်ဖျက်ဆီးနိုင်လိုက်တယ်ဆိုရင်တောင် ချမ်းဘော့ဒ် က ကြာကြာခုခံနိုင်မှာမဟုတ်သေးဘူး။ မစိုးရိမ်ပါနဲ့ဦးလေး ကျွန်တော်လောက်သေရမှာကြောက်တဲ့ ကျွန်တော်ပဲရှိတယ် အန္တရာယ်များလွန်းပြီး သေကြောင်းကြံတဲ့အလုပ်ဆို ကျွန်တော်ဘယ်လုပ်မလဲ....”

ထို့နောက်တွင် ဖှေး၏ မျက်နှာမှာ တည်သွားပြီး လမ်းပါ့ဒ် အနားသို့ကပ်ကာ ခပ်တိုးတိုးပြောလိုက်၏။”ဦးလေးခံတပ်နံရံပေါ်မှာရှိနေမှဖြစ်မှာ ပုန်းနေတဲ့အဆိပ်ပြင်းတဲ့မြွေကို ထိန်းချုပ်နိုင်တာဆိုလို့ ဦးလေးတစ်ယောက်ပဲရှိတယ်။”

လမ်းပါ့ဒ် ၏ အမူအယာမှာ ရုတ်တရက်ပြောင်းလဲသွားသည်။

“အရှင်လဲ သတိထားမိတယ်လား...”

ဖှေး ခေါင်းငြိမ့်လိုက်ပြီး “

ကျွန်တော် သဲလွန်စ အနည်းငယ်ပဲတွေ့ရသေးတယ်။ဘယ်သူလဲဆိုတာတော့ အသိအကျမသိရသေးဘူး သူ့ကိုထိန်းနိုင်တာဆိုလို့ ဦးလေးပဲရှိတယ်လို့ ကျွန်တော်ထင်တယ်။”

လမ်းပါ့ဒ် ခေါင်းငြိမ့်ပြလိုက်သည်။ထို့နောက်တွင် လမ်းပါ့ဒ် ၏ မျက်နှာအမူအရာသည် ချက်ချင်းတင်းမာသွားပြီး ဖှေးအားစိုက်ကြည့်လိုက်သည်။အပြာရောင်ရေစွမ်းအင်များ ညာလက်မောင်းတွင် ဖုံးလွှမ်းသွားသည်။ဘာမှမပြောပဲ မတ်တပ်ထရပ်လိုက်သည် ညာလက်မောင်းတွင် ဖုံးလွှမ်းနေသော စွမ်းအင်များမှာ ကြီးမားသထက်ကြီးမားလာသည်။လျှပ်စီးကဲ့သို့မြန်ဆန်လှသော လမ်းပါ့ဒ်၏ လက်သီးချက်မှာ ဖှေး ရင်ဝသို့ရွယ်ပြီး တိုးဝင်လာတော့သည်။

ခံတပ်နံရံပေါ်တွင် အာမေဋိတ်သံများဖြင့် ပြည့်နှက်ကုန်၏။ ချမ်းဘော့ဒ် ၏ နံပါတ်၁ စစ်သည်သည် ဘုရင်အလတ်ဇန္ဒားအား တိုက်ခိုက်လိမ့်မည်ဟု မည်သူမှထင်မထားပေ။

သို့သော်ဖှေးမှာ ထိုအရာအား သိရှိပြီးသည့်အတိုင်းပင် ကြောက်လန့်ခြင်းမရှိပေ။ဖှေးလည်း လက်သီးတစ်လုံးပြန်ထိုးလိုက်သည်။ ထိုလက်သီးတွင် လမ်းပါ့ဒ်ကဲ့သို့ အတွင်းအား စွမ်းအင်များ ပါဝင်ခြင်းမရှိပေ။ ခွန်အားချည်းသာဖြစ်၏။

“ဖုန်း”

လက်သီးနှစ်ခု ထိတ်တိုက်တွေ့ဆုံသွားကြသည်။

ရုတ်တရက်ပင် တိုက်ခိုက်မှုမှာ ပြင်းထန်သောကြောင့် စွမ်းအင်များဘေးသို့ပျံ့နှံ့သွားပြီး အနီးနားရှိစစ်သားများ မျက်လုံးပါမှိတ်ထားရ၏။တချို့စစ်သားများဆိုလျှင် အနောက်ကိုပါတွန်းရွှေ့ခြင်းခံရသည်။

လမ်းပါ့ဒ် ၏ လက်မှ အပြာရောင်ရေစွမ်းအင်များ တစ်စစီ ပျောက်ကွယ်သွား၏။ လမ်းပါ့ဒ်သည် ယခင်နေရာ၌ပင် ရပ်နေဆဲပင်ဖြစ်သည်။

သို့သော်ဖှေးမှာမူ တိုက်ခိုက်မှုအရှိန်ကြောင့် အနောက်သို့ခြေသုံးလှမ်းစာလောက် ရွေ့သွား၏။ဖှေး၏ ညာလက်လဲ ထုံကျဥ်ပြီး ပူထူသွား၏။

“ကောင်းတယ် မဆိုးဘူး။”

လမ်းပါ့ဒ် ခေါင်းငြိမ့်လိုက်၏။ဖှေးကို ကြည့်ကာ လမ်းပါ့ဒ် စိတ်ကျေနပ်သွားသည်။ သို့သော်ဖှေး၏ စွမ်းအားများတိုးပွားလာမှုအပေါ်တော့ လမ်းပါ့ဒ် အံ့သြမိ၏။နောက်ဆုံးတွင် ချမ်းဘော့ဒ် ၏နံပါတ်စစ်သည်သည် ဖှေး၏ ဆုံးဖြတ်ချက်အား သဘောတူလိုက်ပြီဖြစ်သည်။

“အရှင့်မှာ ကိုယ့်ကိုယ်ကို ခုခံနိုင်လောက်တဲ့အစွမ်းတွေရှိတယ်ဆိုတာ ​ကျွန်တော်လက်ခံလိုက်ပါပြီ။ ဟုတ်ပြီလေ ကျွန်တော်က ခံတပ်နံရံပေါ်မှာနေခဲ့မယ် အရှင်က သွားတိုက်ခိုက်ပါ။ဒါပေမယ့် အခြေအနေက တအားအန္တရာယ်များလာရင် ခေါင်းမမာပါနဲ့ ကျောက်တုံးပစ်လောက်လွှဲတွေကို ဖျတ်ဆီးပစ်ပြီး စစ်သားတွေနဲ့အတူ အမြန်ပြန်ဆုတ်ခဲ့ပါ။ကျွန်တော်တို့တွေ သူတို့ကိုနည်းနည်းကြာကြာလေးခုခံထားဖို့ပဲလိုတယ်။ မကြာခင်မှာပဲ ဇီးနစ်အင်ပါယာက ကျွန်တော်တို့တိုက်ခိုက်ခံနေရတဲ့အကြောင်း သိပြီးတော့ အကူညီလာပေးလိမ့်မယ်။”လမ်းပါ့ဒ် ပြောလိုက်၏။

ယခုအခါသည် လမ်းပါ့ဒ် မှ ဖှေးအားစကားအများဆုံး ပြောဖူးခြင်းပင်။သိပ်အများကြီးမပြောသော်လည်း လမ်းပါ့ဒ် ၏ စိုးရိမ်မှုအား ဖှေးနားလည်လိုက်သည်။

“ကျွန်တော့ကို ယုံပါ။ ကျွန်တော်ဘာလုပ်ရမလဲဆိုတာ သိပါလိမ့်မယ်...”

ဖှေး လမ်းပါ့ဒ်အား အရိုအသေပြုပြီး ခံတပ်မျှော်စဥ်စီသို့ ပြန်လာခဲ့သည်။

လမ်းပါ့ဒ် သူ့ကိုတိုက်ခိုက်ခဲ့သည်မှာ သူ၏ ခွန်အားကို စမ်းသပ်လို၍ဖြစ်ကြောင်းဖှေး သဘောပေါက်သည်။လမ်းပါ့ဒ် စိတ်ချလောက်သည့် စွမ်းအင်မရှိပါက လမ်းပါ့ဒ်သည် သူ့အား နန်းတော်မှ ထွက်ခွာခွင့်ပြုမည်မဟုတ်ပေ။

ထိုစမ်းသပ်မှုသည် ဖှေး၏ သီအိုရီကိုလည်း အတည်ပြုပြီးဖြစ်သွားသည်။လယ်ဗယ်(အဆင့်) ၁၂ လူရိုင်းဇာတ်ကောင်သည် ကြယ်နှစ်လုံးစစ်သည်အား အနိုင်ယူနိုင်သည်။သို့သော်လည်း ကြယ်သုံးလုံးစစ်သည်ကို အားတိုက်ခိုက်ရန်မှာ ခက်ခဲလိမ့်မည်ဖြစ်သည်။

လမ်းပါ့ဒ် ထိုးလိုက်စဥ်က ဖှေးသည် သူ့ထံတွင်ရှိသော ခွန်အားအကုန်သုံးကာ တုန့်ပြန်လိုက်ခြင်းဖြစ်သည်။ သို့သော် လမ်းပါ့ဒ်၏ စွမ်းအင်များကိုသာ ဖျတ်ဆီးလိုက်နိုင်သည်။ ဖှေးမှာမူ နောက်သို့တွန်းဆုတ်ခြင်းခံလိုက်ရပြီး တိုက်ပွဲအား ထိန်ချုပ်နိုင်မှု ဆုံးရှုံးခဲ့ရသည်။

“ငါလဲ ငါ့ရဲ့ခွန်အားတွေကို အမြန်တိုးအောင်လုပ်ရမယ်...”ချမ်းဘော့ဒ် သည် လက်ရှိအခြေအနေအား ကျော်ဖြတ်နိုင်သည်နှင့် တပြိုက်နက်ဒိုင်ယာဘလိုကမ္ဘာသို့ ချက်ချင်းသွားပြီး သူ၏ဇာတ်ကောင်အား အဆင့်မြင့်တင်ရန်ဆုံးဖြတ်လိုက်သည်။စွမ်းအားကြီးလေ စစ်ရမက်များလှသော အေဇာရုတိုက်တွင် အသက်ရှင်နိုင်ရန် အခွင့်ရေးပိုများလေ ဖြစ်သောကြောင့်ပင်။

ဖှေး ခံတပ်မျှော်စဥ်သို့ပြန်ရောက်သောအခါ သူ့အားလူနှစ်ဆယ်နှင့်အတူ စောင့်နေသည့် ဘရွတ်အားတွေ့လိုက်ရသည်။

ထိုလူများမှာ အရပ်၇ပေခန့်မြင့်ပြီး ကျန်းမာသန်စွမ်းသည့်ပုံပေါက်၏။ဘရွတ်သီးသန့်ရွေးချယ်လာသော စစ်သားများပင်ဖြစ်သည်။

“ဒုတ် ဒုတ်”

ဖှေးခေါင်းငြိမ့်လိုက်ပြီး အနားတွင်ရှိသော စစ်သားတစ်ယောက်၏ ရင်ဘက်အား ပုတ်ပြီးမေးလိုက်သည်။”မင်းနာမည်ဘယ်လို ခေါ်လဲစစ်သား...”

“ဒရော့ဂ်ဘာ။ ဒရော့ဂ်ဘာ ပါ အရှင်မင်းကြီး။”

“ဟုတ်ပြီ ဒရော့ဂ်ဘာ မင်းရဲ့ ခွန်အားဘယ်လောက်ရှိလဲ ပြစမ်း။”ဖှေးပြုံးပြီးပြောလိုက်၏။

ဖှေးပြောလိုက်သည်ကို ကြားသော် ဒရော့ဂ်ဘာ မှာ ပြုံးလိုက်ပြီး။မလှမ်းမကမ်းစီရှိသော ကွန်ကရစ်တုန်းကြီးတစ်ခု အားမပြလိုက်သည်။

ဖှေးသဘောကျသွား၏။ ထိုကျောက်တုံးမှာအနည်းဆုံး ပေါင်၆၀၀ ၇၀၀ခန့်အလေးချိန်ရှိပေလိမ့်မည်။ သို့သော် ဒရော့ဂ်ဘာ အတွက်တော့ ပြသနာသိပ်မရှိပေ။ အသာလေးမနိုင်လိုက်သည်။

“ကောင်းတယ် ကောင်းတယ်။ အတော်သန်မာတဲ့ စစ်သားပဲ။” ဖှေး ဒရော့ဂ်ဘာအား ရယ်မောကာ ချီးကျူးလိုက်သည်။ ထို့နောက်တွင် ဒရော့ဂ်ဘာ ဘာထံမှ ကွန်ကရစ်တုန်းအား လက်တစ်ဖက်ထဲနှင့် လွှဲပြောင်းယူလိုက်သည်။ထို့နောက်တွင် အားအနည်ငယ်သုံးပြီး ကွန်ကရစ်တုန်းအား ပစ်လွှတ်လိုက်သည်။ ကွန်ကရစ်တုံးသည် မြေပြင်နှင့် ပြင်းထန်စွာတိုက်ခိုက်မိပြီး ကြေမွသွား၏။

ဖှေးကျောက်တုန်းအား လွယ်လွယ်ကူကူပင် ပစ်လွှတ်လိုက်သောကြောင့် စစ်သားအယောက်နှစ်ဆယ်မှာ အံ့သြကုန်၏။

အယောက်နှစ်ဆယ်တွင် ဒရော့ဂ်ဘာသည် အသန်မာဆုံးဖြစ်သည်။ ဒရော့ဂ်ဘာ ပင်လျှင် ကျောက်တုံးအား လက်နှစ်ဖက်ဖြင့် မယူရသည်ကို ဘုရင်အလတ်ဇန္ဒားမှ လက်တစ်ဖက်ထဲ ဖြင့်ယူကာ ပစ်လွှတ်ချေမွလိုက်သော ကြောင့်ပင်။

“ဘယ်လိုတောင် ကြီးမားတဲ့ခွန်အားလဲဟ...”

အဆင့် ၁၂ လူရိုင်းဇာတ်ကောင် သည် ပေါင်၅၀၀၀ခန့်ရှိသော ခွန်အားများကို ထုတ်လွှတ်နိုင်သည်။ အကန့်သက်မဲ့သော ရုပ်ပိုင်းဆိုင်ရာခွန်အားများစွာရှိခြင်းမှာ လူရိုင်းဇာတ်ကောင်၏ အဓိပ္ပါယ်ပင်။

“မင်းတို့တွေက ချမ်းဘော့ဒ် မှာရှိတဲ့ အသန်မာဆုံးလူတွေဆိုတာ ငါသိပါတယ်။ ဒါပေမယ့် မင်းတို့ရဲ့ ရဲစွမ်းသတ္တိကရော မင်းတို့ခွန်အားတွေလောက် သန်မာလို့လား....”ဖှေး စိတ်အားထက်သန်စေရန် စတင်လှုံ့ဆော်သည်။

ဖှေးစကားအဆုံးတွင် စစ်သားများ၏ မျက်လုံးများသည် ဒေါသထွက်သည့်အသွင်ပြောင်းသွားသည်။ သူတို့၏ ရဲစွမ်းသတ္တိအား သက်သေပြရန်မစောင့်နိုင်တော့ချေ။

“ငါက နန်းတော်ကနေထွက်ပြီး အောက်ကခွေးသားတွေကို သွားပြီး မှတ်လောက်သားလောက်တဲ့သင်ခန်းစာပေးမလို့။ မင်းတို့ကရော ဘယ်လိုလဲ လိုက်ရဲရဲ့လား။ ငါနဲ့အတူသွားပြီး သူတို့ အမေတွေစီ ပြန်ပြေးသွားအောင်လုပ်ကြမယ်....”ဖှေး တစ်ဖက်သို့လှည့်ပြီး နံရံအောက်တွင်ရှိသော ရန်သူများတည်ရှိရာနေရာကို လက်ညိုးထိုးပြီးပြောလိုက်၏။

“ကျွန်တော်လဲ အဲ့ခွေးသားတွေကို သင်ခန်းစာပေးချင်နေတာ ကြာပါပြီ အရှင်မင်းကြီး။ “ ဒရော့ဂ်ဘာ မှ လက်သီးလက်မောင်းတန်းကာပြောလိုက်၏။

“ကျွန်တော်ရှေ့ဆုံးကနေ ဝင်တိုက်လိုပါတယ်။”

“ဟားဟား ဒီကောင်တွေလောက်ကတော့ ကျွန်တော်တစ်ယောက်ထဲနဲ့တောင်ပြီးတယ် သွားကြစို့အရှင်မင်းကြီး။”

“ငါကဦးခေါင်းခွံ အခုနှစ်ဆယ်လောက်ခွဲ ပြီးပြီ နောက်ထက်ထက်ခွဲ ဖို့လဲ ဝန်မလေးဘူး။”

ဖှေး၏ ဆုံးဖြတ်ချက်အားသိလိုက်ရသောအခါ စစ်သားနှစ်ဆယ်မှာ မည်သူမျှကြောက်ရွံ့ခြင်းမရှိကြချေ။ စိတ်အားထက်သန်လာကြသည်။

ထိုအခိုက်တန့်တွင်.....

“အရှင်မင်းကြီး မှာထားတဲ့ဟာတွေ အဆင်သင့်ဖြစ်နေပါပြီ။”

အဝေးမှ ပီးရာ့စ်မှ လှမ်းအော်လိုက်သည်။ ပီးရာ့စ်နှင့် အတူစစ်သားအယောက်၄၀ခန့်ပါလာခဲ့သည်။ စစ်သားများသည် လေးလံတောက်ပသော ချပ်ဝတ်များကို သယ်ဆောင်လာကြ၏။

အပိုင်း(၄၅) ဆက်ရန်....

All Chapters