အခန်း (၄၅)
Vol. 3 Ch. 45
လေးလံသော ချပ်ဝတ်ကြီးများကို ခံတပ်နံရံဘေးတွင် စုပြုံချထားလိုက်ကြသည်။ချပ်ဝတ်၂၂စုံခန့်သည့် နံရံပေါ်တွင် လင်းလတ်တောက်ပနေကြ၏။
ထိုအရာများမှာ အရင်ဘုရင် တန်ဖိုးထားစုဆောင်းခဲ့သည့် အဖိုးတန်ချပ်ဝတ်များဖြစ်သည်။အလွန်မာကြောသန်မျာသော သံသတ္ထုများဖြင့် ထုလုပ်ထားခြင်းဖြစ်သည်။ကြည့်ရှုရသည်မှာ လှပတင့်တယ်လှပြီး တန်ဖိုးကြီးမားသည့်ပုံပေါက်၏။ခုခံနိုင်မှုမှာလဲ အလွန်မြင့်မားလှပြီး သာမန်လက်နက်မျိုးဖြင့် မထိုးဖောက်နိုင်ချေ။
အရင်ဘုရင်အဟောင်းမှာ ထိုချပ်ဝတ်များအား အလွန်မြတ်နိုးလှပြီး နိုင်ငံ့ရတနာကဲ့သို့ပင် သဘောထားခဲ့သည်။နန်းတော်ထဲမှ ထုတ်သုံးရန်ဆန္ဒပင်မရှိချေ။ဝတ်ဆင်အသုံးချခြင်းလဲမရှိ ရန်ဖန်ရန်ခါ ဂရုတစိုက်ဖြင့် ဖုန်သုတ်ရုံလောက်သာ ရှိ၏။
သို့သော် ဖှေးမှာ ထိုချပ်ဝတ်များအား ကတ်ထူစက္ကူများကဲ့သို့ပင် ဂရုစိုက်ခြင်းမရှိပဲ ခံတပ်နံရံပေါ်သို့ ယူဆောင်လာခဲ့၏။ဘုရင်အလတ်ဇန္ဒားဘာလုပ်တော့မည် ဆိုသည်အား မည်သူမျှမသိကြချေ။ လူအားလုံး အခြင်းခြင်းတီတိုးပြောဆိုနေကြပြီး စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြ၏။
“ဘယ်လိုထင်လဲ ငါ့စစ်သားတို့။ မင်းတို့ဒီချပ်ဝတ်တွေကို ဝတ်ဖို့အဆင်ပြေရဲ့လား....”ဖှေး တောက်ပနေသော ချပ်ဝတ်များအား ညွှန်ပြပြီးမေးလိုက်၏။
“ရပါတယ် အရှင်မင်းကြီး။” စစ်သားများပျော်ရွှင်သွားကြ၏။ တန်ဖိုးကြီးအရည်သွေးမြင့်မားသော လက်နက်များ ချပ်ဝတ်များအား အသုံးပြုရန် စိတ်လှုပ်ရှား ပျော်ရွှင်ကြသည်မှာ စစ်သားများ၏ သဘာဝပင်သာဖြစ်သည်။
“ဟုတ်ပြီလေ။ အချိန်သိပ်မရဘူး မင်းတို့ကြိုက်တာကို ရွေးပြီး အမြန်ဝတ်လိုက်တော့...”
စစ်သားများသည် သန်မာသလို ပွင့်လင်းကြသည်။ ဘုရင်၏ အမိန့်ကြားပြီးနောက် မိမိနှစ်သက်သည့် ချပ်ဝတ်အား ဆွဲယူဝတ်ဆင်ကြသည်။
“ပီးရာ့စ် မင်းလည်း တစ်စုံယူလိုက်။ ပြီးရင်ငါ့နောက်လိုက်ခဲ့...”
“ဟုတ်ကဲ့ အရှင်မင်းကြီး။” ပီးရာ့စ် လဲ စိတ်လှုပ်ရှားစွာဖြင့် ချပ်ဝတ်တစ်ခုအား ကောက်ယူလိုက်သည်။
ထိုချပ်ဝတ်များသည် အရည်အသွေးကောင်း လှပသည်သာမဟုတ်။ သံမဏိများဖြင့် ထုလုပ်ထားခြင်းကြောင့် ပေါင်၆၀ ၇၀ခန့်လေးလံ၏။ထို့ကြောင့်ပင် ဖှေးသည် ဘရွတ်အား ချမ်းဘော့ဒ် ၏ အသန်မာဆုံးစစ်သားများကိုသာ ရွေးချယ်ခိုင်းခဲ့ခြင်းဖြစ်သည်။ သာမန်လူတစ်ယောက်သည် ထိုချပ်ဝတ်များအား ဝတ်ဆင်ပြီး ရန်သူများအား တိုက်ခိုက်ဖို့နေနေသာသာ လမ်းပင်လျှောက်နိုင်မည်မဟုတ်ချေ။
ဖှေးသည် လူအများကြီးဖြင့်သွားရောက်တိုက်ခိုက်ရန် အစီစဥ်မရှိချေ။
ဖှေး ဘရွတ်အား တစ်ချက်ကြည့်လိုက်သည်။ ဘုရင့်အစောင့်တပ်ဖွဲ့၏ ဒုတိယခေါင်းဆောင်ဘရွတ်မှာလဲ ကြယ်တစ်လုံးစစ်သည် တစ်ယောက်ဖြစ်သည်။ဘရွတ်သည်လဲ အဆိုပါတိုက်စစ်တွင် ပါဝင်သင့်သည့် လူတစ်ယောက်ဖြစ်သည်။ သို့သော်လည်း ခံတပ်နံရံပေါ်တွင် မမျှော်လင့်ထားခဲ့သည် တစ်ခုခု ဖြစ်ခဲ့ပါက စစ်ဗျူဟာခေါင်းဆောင်တစ်ဦးလဲ ရှိနေမှ ဖြစ်မည်ဖြစ်သည်။
စက္ကန့်အနည်းငယ်ကြာ စဥ်းစားပြီးနောက်တွင် ဘရွတ်အားခံတပ်နံရံပေါ်တွင် ပင်နေခဲ့ခိုင်းတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ဘရွတ်အနောက်မှ အိုလက်ဂ် ကိုဖှေး လှမ်းတွေ့လိုက်ပြီး အိုလတ်ဂ်အား လက်ပြပြီး လှမ်းခေါ်လိုက်သည်။ အိုလက်ဂ် မှာ ဘုရင့်အာရုံစိုက်မှုရသဖြင့် အူယားဖားယားပြေးလာ၏။
“သွား ကြိုက်တဲ့ ချပ်ဝတ်တစ်ခု သွားယူချေ။”ဖှေး တိုတို ပြတ်ပြတ်ပင် ပြောလိုက်သည်။
အိုလတ်ဂ်တွေဝေသွား၏။ သူသည် ခံတပ်မျှော်စဥ်နှင့် ဝေးလံသောနေရာတွင်ရှိနေသည်ဖြစ်၍ ဖြစ်ပျက်ခဲ့သည်များကို မသိသေးချေ။ဘုရင်သည် သဘောထားကြီးစွာဖြင့် သူ့အား လာမည့်တိုက်ပွဲအတွက် တန်ဖိုးကြီး ချပ်ဝတ်တစ်ခုပေးနေသည်ဟုသာ ထင်လိုက်၏။အိုလတ်ဂ်မျက်နှာပေါ်တွင် တောက်ပသည့်အပြုံးတစ်ခုပေါ်ပေါက်လာပြီး နောက်ဆုံးကျန်ရှိနေသည့် ချပ်ဝတ်တစ်စုံအား ကောက်ယူကာ အမြန်ဝတ်ဆင်လိုက်သည်။
မြန်ဆန်စွာပင် စစ်သားတစ်ချို့ ကြီးမားသည့်လက်နက်ကြီးများကို သယ်ဆောင်လာပြီး ခံတပ်နံရံပေါ်သို့တက်လာကြသည်။
ထိုလက်နက်ကြီးများမှာလည်း နန်းတော်ထဲမှလက်နက်ကြီးများပင်ဖြစ်သည်။ အရင်ဘုရင်သည် တန်ဖိုးကြီး လက်နက်များ ချပ်ဝတ်များ စုစောင်းရသည်အား အလွန်ဝါသနာပါခဲ့သည်။သို့သော်လဲ ဖှေးမှာ အရေးအကြီးဆုံးအချိန်တွင် လက်တွေ့အသုံးချလိုက်ခြင်းပင်ဖြစ်သည်။
“ချွင် ချွင်”
လက်နက်များအား ပစ်ချလိုက်သည်။ ကြီးမားလှသော ပုဆိန်များ တူများ တင်းပုတ်များဖြစ်ကြသည်။ကြီးမားလေးလံလှသောကြောင့် အောက်သို့ပစ်ချလိုက်သောအခါ ခံတပ်နံရံရှိ အုတ်များပါကွဲကြေကုန်၏။
“အားလုံးပဲ အဆင်ပြေတဲ့ လက်နက်တစ်ခုစီယူကြ။”
ဘုရင့်အမိန့်ကို ကြားရသောအခါ စစ်သားအယောက်၂၀လုံးနှစ်သက်ရာ လက်နက်ကိုယ်စီအား ကောက်ယူလိုက်ကြသည်။ပီးရာ့စ်မှာ ကြီးမှလှသည့် တူကြီးအား ရွေးချယ်လိုက်ပြီး။ ဒရော့ဂ်ဘာ မှာ ရှည်လျားလှသော ပုဆိန်ကြီးတစ်ခုအား ကောက်ယူလိုက်သည်။
အိုလတ်ဂ်တစ်ယောက်လဲ တစ်ခုခုလွဲနေသည်ကို စတင်သတိထားမိလာသည်။ သို့သော်လည်း ဘုရင် တင်းမာသော မျက်နှာကိုမြင်သောကြောင့် ဘာမှမမေးရဲချေ။ သူ၏ အရပ်ထက်ပင်ရှည်သော ဓားရှည်ကြီးတစ်ခုအား ကောက်ယူလိုက်ပြီး ဖှေးဘေးတွင် ရပ်နေလိုက်သည်။
သူ့အတွက် လက်နက်နှင့် ချပ်ဝတ်တစ်ခုမှမရှိတော့သောကြောင့် ဘရွတ်မှာ ကြောင်သွားပြီး “အရှင် မင်းကြီး ကျွန်တော့....”
“မင်းကခံတပ်နံရံပေါ်မှာ နေခဲ့။ ချမ်းဘော့ဒ် တိုင်းပြည်ကို ငါပြန်မလာခင်အထိ ငါ့ကိုယ်စား စောင့်ရှောက်ထိန်းသိမ်းပေးထားပါ။” ဘရွတ်၏ ပခုံးအား ပုတ်ပြီးဖှေးပြောလိုက်သည်။ “ငါဒီနံရံပေါ်မှာဆိုလို့ စိတ်ချရတဲ့သူမင်းပဲရှိတယ်...”
ဖှေး၏ အမိန့်အား ဘရွတ်ချက်ချင်းပင် နားလည်လက်ခံလိုက်သည်။
ဖှေးလည်း တခြားဘာမှထက်မပြောတော့ချေ။ ဖှေးစစ်သားများသူ၏ အမိန်အတိုင်းယူလာသည့် ရေသန့်များဖြင့်ဖြည့်ထားသော ရေအိပ်၄၆အိပ်အား ယူပြီး ခံတပ်မျှော်စဥ်ထဲသို့ ဝင်လာခဲ့သည်။
မျှော်စဥ်အတွင်းသို့ရောက်သောအခါ သူ၏ ခါးပတ်ထဲမှ [သွေးပုလင်းအလတ်စား]နှင့် [သက်လုံဆေးပုလင်း]တို့ကို ယူပြီး ရေအိပ်များထဲတို့ အစက်အနည်းငယ်စီမျှ အညီအမျှထည့်လိုက်သည်။ထို့နောက်တွင် သမအောင်လှုပ်ခါပြီး စစ်သားများကိုခေါ်ကာ တစ်ယောက်ကို ၂အိပ်စီဝေလိုက်သည်။
“စစ်ပွဲနတ်ဘုရားက ငါ့တို့ကိုကောင်းချီးပေးလိုက်တာဖြစ်တယ်။အပြာရောင်အိပ်ထဲမှာရှိတဲ့ရေက မင်းတို့ရဲ့မောပန်းနွမ်းနယ်မှုတွေကို ကွယ်ပျောက်စေပြီး၊ အနီရောင်အိပ်ထဲကရေကို သောက်ရင် ဘယ်ဒဏ်ရာမဆို ပျောက်ကင်းစေလိမ့်မယ်။ ငါတို့တွေ ရန်သူ့ နယ်နိမိတ်ထဲရောက်ရင် မင်းတို့ကိုယ်မင်းတို့ ဂရုစိုက်ကြ။ ပင်ပန်းလာတာပဲဖြစ်ဖြစ် ဒဏ်ရာရရင်ပဲ ဖြစ်ဖြစ် ရေကိုချက်ခြင်းသောက်ကြ။”
ပီးရာ့စ်နှင့် စစ်သားများထိုအရာကိုကြားရသော အခါပျော်ရွှင်သွားကြသည်။
သူတို့သည် အလွန်သန်မာကြသူများဖြစ်သော်လည်း ပေါင်၆၀ခန့်ရှိသော ချပ်ဝတ်များနှင့် ပေါင်း၄၀ခန့်ရှိသော လက်နက်များကိုင်တွယ်တိုက်ခိုက်ရပါက အချိန်တန်ပါက ချေကုန်လက်ပန်းကျလာမည်ဖြစ်သည်။သို့သော် ဘုရင်အလတ်ဇန္ဒားပေးသည့် ရေအိပ်နှစ်အိပ်ကြောင့် သူတို့၏ စိုးရိမ်မှုများ ပပျောက်သွားပြီဖြစ်သည်။
နောက်ဆုံးတွင်တော့ ထောင်မှုးအိုလတ်ဂ်သည် အခြေအနေများကို ရိပ်မိသွားပြီဖြစ်သည်။ သူ၏ မျက်နှာ ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး။ “အရှင်.... အ.... အရှင် မင်းကြီး... ကျွန်... ကျွန်တော်”
ဖှေး အိုလက်ဂ် အား အေးစက်စက်စိုက်ကြည့်လိုက်သည်။ အိုလတ်ဂ်မှာ ခံတပ်နံရံအောက်ဆင်းရမည်ထက် ဘုရင်ကိုပိုကြောက်သောကြောင့် ဘာမှဆက်မပြောရဲတော့ချေ။
“ကဲအားလုံးပဲ အပြာရောင်ရေအိပ်ထဲက ရေတစ်ငုံစီလောက်သောက်ပြီး တိုက်ခိုက်ဖို့ အသင့်ပြင်ကြတော့...”
ဖှေး ဒိုင်ယာဘလို ကမ္ဘာအတွင်းမဝင်ခင်က ဝတ်ဆင်ခဲ့သော သူရဲကောင်းချပ်ဝတ်အား ဝတ်ဆင်ရင်းပြောလိုက်သည်။
“ဂလု ဂလု”
ပီးရာ့စ် နှင့် စစ်သားများလည်း ရေကိုမော့သောက်လိုက်ကြသည်။ ရေပါးစပ်ထဲစဝင်သည်နှင့် တပြိုင်နက် စစ်သားများ၏ မျက်နှာတွင် အံ့သြမှုများဖြင့် ပြည့်နှက်ကုန်တော့သည်။
သူတို့၏ ခန္ဒာကိုယ်တစ်ခုလုံး စွမ်းအင်များဖြင့် ပြည့်နှက်သွားသလိုခံစားရ၏။ ချပ်ဝတ်၏ အလေးချိန်ကိုပင် မခံစားရတော့ပေ။ တီရှပ်ပါးပါးတစ်ထည်ဝတ်ထားရသလိုပင် ပေါ့ပါးသွားတော့၏။
“ခံတပ်နံရံအောက်ကိုရောက်တာနဲ့ လူတိုင်း ငါ့အမိန့်ကို တသွေမသိမ်းလိုက်နာရမယ်။ မလိုက်နာတဲ့လူဆို နေရာမှာတင် သေဒဏ်ပေးမယ် ဟုတ်ပြီလား...”ဖှေး ပုဆိန်အား ကိုင်မြှောက်ပြီး “ကဲ့ဒါဆိုစထွက်မယ်။”
ဖှေး ဦးဆောင်ပြီး ခံတပ်မျှော်စဥ်အတွင်းမှထွက်ခဲ့ကြသည်။ ဖှေးမှာကြားထားသည့်အတိုင်း မျှော်စဥ်အပြင်မှ စစ်သားများသည် ခံတပ် နံရံအပေါ်မှ တွယ်ပြီးဆင်းနိုင်ရန် ကြိုးများအသင့်ပြင်ထား၏။ပီးရာ့စ်သည် ရှေ့ဆုံးမှ ကြိုးကိုယူပြီး ကျန်စစ်သားများကို လက်ပြကာ ခံတပ်နံရံပေါ်မှ ခုန်ချသွားလေ၏။ မစ်ရှင်သည် အန္တရာယ်များလှသော်လည်း ပီးရာ့စ်မှာ ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ပင်ဖြစ်၏။ သက်လုံဆေးပုလင်းမှာ ပီးရာ့စ် ၏ သက်လုံစွမ်းအားတိုးမြှင့်ထားသောကြောင့် လေးလံသော ချပ်ဝတ်ကြီးဝတ်ဆင်ထားသော်လဲ မျောက်တစ်ကောင်ကဲ့သို့ပင် ကြိုးကိုတွယ်ခိုပြီး ခံတပ်နံရံအောက်သို့ လျှင်မြန်စွာရောက်ရှိသွားတော့သည်။မကြာမှီမှာပင် ကျန်စစ်သားအယောက်၂၀လဲ တွယ်ဆင်းကာ နံရံအောက်ခြေသို့ရောက်ရှိသွားကြသည်။နံရံအောက်သို့ရောက်ရောက်ခြင်းပင် “V” ပုံသဏ္ဍန်ဖွဲ့စည်းလိုက်ကြသည်။ ပီးရာ့စ် မှာရှေ့ဆုံးမှဖြစ်သည်။
ဖှေးမှာ နံရံပေါ်၌ပင်ရှိသေးသည်။ ခေါင်းဆောင်းကို ဝတ်ပြီး ကြိုးကိုကိုင်တွယ်ကာ နံရံပေါ်မှတွယ်ဆင်းမည်ပြင်ဆဲတွင်...
“မသွားပါနဲ့... အလတ်ဇန္ဒား”
အန်ဂျယ်လာ မှာ ငိုယိုပြီး သူ့ထံပြေးလာသည်ကိုတွေ့လိုက်ရ၏။ သူ့အား အန္တရာယ်များလှသည့်အလုပ်အား လုပ်စေလိုသည့်ပုံမပေါ်။
ဖှေးအန်ဂျယ်လာအား စက္ကန့်အတန်ကြာစိုက်ကြည့်နေခဲ့သည်။ ထိုစက္ကန့်များသည် အလွန်ကြာသည်ဟုပင်ထင်ရ၏။ ဖှေးအတွက် အန်ဂျယ်လာအား စကားပြောနေရန်အချိန်မရပေ။ အချိန်ကြာလေ ရန်သူမှသတိထားမိနိုင်ချေ ပိုများလေဖြစ်သောကြောင့်ပင်။အန်ဂျယ်လာ၏ မျက်နှာ အားနောက်ဆုံအကြိမ်အဖြစ်ကြည့်ရင်း ခံတပ်နံရံပေါ်မှ ခုန်ချခဲ့တော့သည်။