← Chapters

အခန်း (၄၇)

Vol. 4 Ch. 47

အခန်း (၄၇)

Vol. 4 Ch. 47

စစ်မြေပြင်တွင် စစ်သားများ၏ အာမေဋိတ်သံများ၊ ဒဏ်ရာရစစ်သားများ၏ အော်ဟစ်သံများ၊ အရာရှိများ၏ အမိန့်ပေးသံများဖြင့် ပြည့်နှက်ကုန်၏။

ခံတပ်နံရံပေါ်မှ အားပေး လက်ခုပ်လက်မောင်းတီးကာ အော်ဟစ်သံများကိုကြားနေရသည်။နံရံပေါ်ရှိလူများ၏ အကြောက်တရားများ စိုးရိမ်စိတ်များသည် လက်ခုပ်သံများအဖြစ်သို့ပြောင်းလဲသွားပြီဖြစ်သည်။

နတ်ဘုရားစွမ်းအင်ကဲ့သို့ ပစ်လွှတ်လိုက်သော ပုဆိန်သည် ရန်သူ၏ လှံဒိုင်းကာ ခုခံမှု ဖွဲ့စည်းပုံကိုပါ ထိမှန်လိုက်သည်မဟုတ် ခံတပ်နံရံပေါ်ရှိ လူများ၏ နှလုံးသားကိုပါထိမှန်လိုက်သည်။အမှောင်ထဲတွင် ထွန်းလင်းလိုက်သော မီးတုတ်ကဲ့သို့ပင် သူတို့၏ မျှော်လင့်ချက်များကို ပြန်လည် ရှင်သန်လာစေသည်။

ထိုပုဆိန်မှာ မည်သူ့ပုဆိန်ဖြစ်သည်ဆိုသည်အား ခံတပ်နံရံပေါ်ရှိလူတိုင်း သိရှိပြီးဖြစ်သည်။ထိုသံမဏိခေါင်းဆောင်းဝတ်ဆင်ထားသည့်သူမည်သူဆိုသည်ကိုလည်း လူတိုင်းသိရှိပြီးဖြစ်သည်။အဘယ်ကြောင့်ဆိုသော ငယ်ရွယ်ရဲရင့်သည့်ဘုရင် နံရံပေါ်မှ ကြိုးဖြင့်တွယ်ဆင်းပြီး စစ်သားများကို ဦးဆောင်ကာ ချီတပ်သွားစဥ်ကတည်းက လိုက်လံကြည့်နေခဲ့ကြသောကြောင့်ပင်။

ဇူလီမြစ် တစ်ဖက်ကမ်းတွင်ဖြစ်သည်။

ငွေရောင်မျက်နှာဖုံးရှင် မှာ စိတ်မကြည်မလင်ဖြစ်သွား၏။သူမျှော်လင့်ထားသည့် ပြပွဲကောင်းကောင်းကြည့်ရန်အစီစဥ်မှာ ပျောက်ကွယ်သွားပြီ ဖြစ်သောကြောင့်ပင်။သူ၏ မျက်နှာအမူအရာမှာ စားသောက်ဖွယ်တစ်ခုခုကို အားရပါးရစားသောက်နေစဥ် ကျောက်တုံး ကိုက်မိသော လူ၏ အမူအယာကဲ့ပင်။

ထိုပုဆိန်ပစ်လိုက်သည်ကို မြင်လိုက်စဥ်မှစပြီးဘသူ၏ နှလုံးခုံနှုန်းများမြန်ဆန်လာပြီး တစ်ခုခု လွဲမှားနေသည်ကို ခံစားလိုက်ရသည်။

သူ၏ ဂုဏ်ယူဝင့်ကြွားရသော ဒိုင်းကာလှံတံဖွဲ့စည်းပုံမှာ တစ်စက္ကန့်ပင် မခံနိုင်လိုက်ချေ ရန်သူ၏ ထိုးဖောက်ခြင်းကိုခံလိုက်ရသည်။ ထိုဖြစ်ရပ်မှာ သူ၏ မျက်နှာအား ပိတ်ရိုက်ခံလိုက်ရ သကဲ့သို့ပင်။

ပုဆိန်သယ်ဆောင်လာသော စွမ်းအင်မှာ ငွေရောင်မျက်နှာဖုံးရှင်အား ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့်ခြောက်ခြားစေသည်။ ထိုစွမ်းအားမှာ လူသားစွမ်းအားလည်းမဖြစ်နိုင်ချေ။ အတွင်းအားတို့ကိုလဲ အာရုံမခံမိ။ မည်သည့်အစွမ်းဖြစ်သည်ကို နားမလည်နိုင်ဖြစ်ရသည်။

"အမဲရောင်စစ်သည်တို့ ငါ့အမိန့်ကို သယ်ဆောင်သွား။ ပရမ်းပတာဖြစ်နေတဲ့ လက်ရှိဖွဲ့စည်းပုံကို စွန့်လွှတ်လိုက်တော့။ သော့ဖွဲ့စည်းပုံပြောင်းလိုက်။ ဒီကောင်တွေကိုသေချာဝိုင်းထားလိုက်ချ။ ရမ်းသမ်းပြီး အနီးကပ်တော့ဝင်မချကြနဲ့။"

ငွေရောင်မျက်နှာဖုံးရှင် မှာ စိတ်အမြန်ထိန်းလိုက်ပြီး အစီစဥ်အသစ်တမျိုးထက်ဖန်တီးသည်။ မည်သည့်အခြေအနေမဆို ပြောင်းလဲ ကိုင်တွယ်နိုင်သော အရည်အချင်းပင်။

သူမြင်ရသည့်အရ ထိုစစ်သားအယောက်၂၀မှာ ကြယ်အဆင့်စစ်သည်များမဟုတ်ကြပေ။ ခွန်အားကြီးမားသည့် သာမန်စစ်သားများသာဖြစ်သည်။ အချိန်အတိုင်းတာတစ်ခုထိကြာပါက ၄င်းတို့ ပင်ပန်းနွမ်းနယ်လာကြမည်ဖြစ်သည်။ထိုအခါတွင် သူတို့အား သတ်ဖြတ်သုတ်သင်ရန် များစွာလွယ်ကူသွားမည်ဖြစ်သည်။

သို့သော်လည်း ငွေရောင်မျက်နှာဖုံးရှင် မှာ မစောင့်လိုတော့ချေ။ သူသည် အခြေအနေအား တည်တည်ငြိမ်ငြိမ် အေးဆေးကိုင်တွယ်ခြင်း၊ စစ်သားများအား အမိန့်ပေးခြင်း၊ လူ၏ စိတ်ခံစားချက်များက်ို ခန်မှန်းအသုံးချခြင်း၊ စသည်တို့ကို လေ့ကျင့် ကျွမ်းကျင်ထားသူဖြစ်သော်လည်း လူ၂၀ခန့်မျှမှာ သူ၏ စစ်တပ်အား သတ်ဖြတ်နေခြင်းမှာ သူ့အား အရှက်ရဒေါသဖြစ်စေသည်။ထို့ကြောင့်ပင် သူ့ထံတွင်ရှိသော အပြင်းထန်ဆုံးနည်းလမ်းဖြင့် တိုက်ခိုက်နှိမ်နင်းပြီး ချမ်းဘော့ဒ် နန်းတော်အား အမြန်သိမ်းပိုက်လိုက်ရန် ဆုံးဖြတ်လိုက်သည်။

အတန်ကြာစဥ်းစားပြီးနောက်တွင် ငွေရောင်မျက်နှာဖုံးရှင် အံကြိတ်ကာ အမိန့်ပေးလိုက်သည်။

"ကြယ်သုံးလုံးစစ်သည် လမ်ဒီကို ကျောက်တုံးပစ်လောက်လွှဲတွေကို ကာကွယ်နေတာ ရပ်ပြီး တိုက်ခိုက်​နေတဲ့ စစ်သားတွေနဲ့ ​အမြန်ဆုံးသွားပူးပေါင်းပြီး ဟိုခွေးသားတွေကို အမြန်သတ်ပစ်ဖို့ပြောလိုက်။ ကျန်တဲ့စစ်သားတွေကိုတော့ အဲ့ခွေးသားတွေသေတာနဲ့ ချမ်းဘော့ဒ် တိုင်းပြည်ကို ဝင်သိမ်းဖို့ အသင့်ပြင်ခိုင်းထားလိုက်ကြ။"

ထို့နောက်တွင် အမဲရောင်စစ်သည် နှစ်ဦးမှာ သူ၏ အမိန့်အား ပြောကြားပေးရန် မြင်းများဖြင့် ဒုန်းစိုင်းထွက်ခွာသွားကြ၏။

............

............

ဇူလီမြစ်ကျောက်တံတားပေါ်တွင် တိုက်ပွဲမှာ အရှိန်ကောင်းနေဆဲပင်ဖြစ်သည်။

လယ်ဗယ်(အဆင့်)၁၂ လူရိုင်းဇာတ်ကောင် ၏ ခွန်အားများကို အသုံးပြုပြီး ပုဆိန်ကို ပစ်လွှတ်ကာ ရန်သူ၏ ဖွဲ့စည်းပုံအတွင်းသို့ဝင်ရန် ဖှေးလမ်းဖွင့်ပေးခဲ့သည်။ ဖှေးအနောက်မှ စစ်သားအယောက်၂၀မှာလဲ မကွာပဲ လိုက်ပါလာခဲ့ကြသည်။ ၄င်းတို့မှာ ရန်သူ၏ နှလုံးတည့်တည့်သို့ တိုးဝင်လာသော ဓားတစ်ချောင်းကဲ့သို့ပင်။

ရန်သူ၏ဖွဲ့စည်းပုံမှာ အရှေ့ပိုင်းစစ်မျက်နှာပြင်တွင် ဒိုင်းကာများ လှံများဖြင့် ခုခံမှုအတော်ခိုင်ခံ့သည်။ သို့သော် အနောက်ဘက်ရှိစစ်သားများမှာ လယ်သာချပ်ဝတ်များသာ ဝတ်ဆင်ထားကြသည်။ ရန်သူမှာ အရှေ့စစ်မျက်နှာအား ဖောက်ချိုးပြီး ဝင်လာသည့်အချိန်မှာမူ ထူထဲသော သံမဏိဒိုင်းကာများ၏ အကာအကွယ်မရှိတော့သဖြင့် သားသတ်ရုံမှ သားကောင်များကဲ့သို့ပင် အလွယ်တကူ သတ်ဖြတ်ခံရတော့သည်။

ဖှေး၏ဘေးတွင် ပီးရာ့စ်နှင့် ဒရော့ဂ်ဘာ တို့ရှိနေသည်။ ထိုသူနှစ်ယောက်လုံးသည် ချမ်းဘော့ဒ် တွင် အသန်မာဆုံးစစ်သားများဖြစ်ကြပြီး ပုဆိန်များ တူများဖြင့် အသဲအသန်တိုက်ခိုက်နေကြရာ ရပ်တံ့၍မရချေ။

ကျဥ်းမြောင်းလှသော တံတားပေါ်တွင် သွေးများဖြင့်ပြည့်နှက်နေသည်။ ဖှေးတို့အဖွဲ့ ရောက်သည့်နေရာတိုင်းတွင် ရန်သူများသေကြေပျက်စီးရသည်။မြေမျက်နှာအသွင်အပြင်အရ ရန်သူအရေအတွက်မှာ ပိုများသော်လည်း ဖှေးတို့အဖွဲ့အား မဝိုင်းနိုင်ပဲဖြစ်နေကြသည်။တံတားပေါ်တွင် လူ အယောက်၅၀ခန့်သာ ဆန့်သောကြောင့် သူတ်ို့၏ လူအင်အားပိုများမှုကို အသုံးမချနိုင်ပေ။

တိုက်ပွဲကြားတွင် ရန်သူ့ဘက်မှ ကြယ်တစ်လုံးစစ်သည် အရာရှိသည် ဖှေး ပုဆိန်အား ပစ်လွှတ်ပြီးနောက်တွင် ဖှေးထံတွင် လက်နက်မရှိတော့သည်ကိုတွေ့လိုက်ရသည်။ထို့ကြောင့်ပင် ဝမ်းသာသွားပြီး အနီးနားမှ တဝက်ကျိုးပဲ့နေသော လှံရှည်ကြီးအားကောက်ယူလိုက်သည်။ထို့နောက်တွင် သူ၏ ကြယ်တစ်လုံးအဆင့်အတွင်းအားများကို အသုံးပြုပြီး ဖှေး အား အလစ်ဝင်တိုက်မည်ဖြစ်သည်။ လှံတံမှာ အတွင်းအားများကြောင့် ပူလောင်လာပြီး သွေးကဲ့သို့အရောင်များတောက်ပလာသည်။ထို့နောက်တွင် ဖှေးအနားသို့ တရွေ့ရွေ့ကပ်သွားပြီး...

"သေပေတော့...."

ထိုးချလိုက်တော့သည်။

သို့သော်.....

သူ၏မျက်နှာပေါ်မှ အပြုံးမှာပျောက်ကွယ်သွားပြီး ထိတ်လန့်သော အမူအယာအဖြစ်ပြောင်းလဲသွားတော့သည်။

လက်နက်မရှိသော လူမှာ သူ၏တိုက်ခိုက်မှုကိုတွေ့သော် ထိတ်လန့်သွားခြင်းမရှိပေ။သူ၏ လက်ကိုလေပေါ်တွင်ရွယ်လိုက်ရာ အဖြူရောင်အလင်းတချို့တောက်ပသွားပြီး လက်ထဲတွင် ပုဆိန်တစ်ခုရောက်လာတော့သည်။

"ချွင်"

ထိုးလိုက်သော လှံတံ၏ ထိပ်ဖူးအား ပုဆိန်ဖြင့်တိကျစွာ ခုတ်ပိုင်းချလိုက်သည်။သံသံခြင်း ခုတ်ရာမှ မီးတောက်များကွယ်ပျောက်သွားချိန်တွင် ပုဆိန်သည် အရာရှိ၏ မျက်လုံးထဲတွင် ပါးလွှာသော အလင်းတန်းတစ်ခုဟုသာမြင်ရတော့သည်။ ထိုအလင်းတန်းသည် ကိတ်မုန့်တစ်ခုအား ဓားဖြင့်လှီးလိုက်သကဲ့သို့ သူ၏ လှံတံအားနှစ်ပိုင်း ခုတ်ဖြတ်ကြည့်လိုက်သည်။ ထို့နောက်တွင် ပုဆိန်မှာ ရပ်တံ့မသွား ကျန်ရှိသောအရှိန်ဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားတော့သည်။......

ခန္တာကိုယ်တစ်ခုလုံး အေးစက်သွားသည်......

လှံတံနှင့် ရန်သူအရာရှိ....

ပုဆိန်မှာ လွယ်ကူစွာပင်နှစ်ခုလုံးအား တပြိုင်နက်ပိုင်းဖြတ်ပစ်လိုက်သည်။ မကြာမှီမှာပင် လှံတံရော ခန္ဓာကိုယ်ပါ နှစ်ပိုင်းစီဖြစ်သွား၏။

ထိုသူ၏ အနီရောင်ကိုယ်တွင်းအင်္ဂါများ အရိုးများ အသားများ နှင့် အပူချိန်မြင့်မားနေသည့် နှစ်ပိုင်းပြတ်လှံတံတ်ို့မှာ မြေပြင်ပေါ်သို့ ပြုတ်ကျကုန်သည်။မြေပြင်ပေါ်တွင် သွေးစီးကြောင်းကြီးဖြစ်သွားပြီး ပူလောင်နေသည့် လှံတံနှင့်တွေ့ဆုံကာ အခိုးငွေ့များထလာတော့သည်။လေထုအရောင်မှာပင် အနီရောင်သန်းလာပြီး အနံမှာ သွေးနံ့များဖြင့် ဆိုးဝါးလှတော့၏။

အပိုင်း(၄၈) ဆက်ရန်.....

All Chapters