အခန်း (၄၈)
Vol. 4 Ch. 48
"အား........"
သေဆုံးသွားပြီဖြစ်သော ရန်သူအရာရှိ၏ အနီးအနားတွင်ရှိသော စစ်သားများအလွန်အမင်းထိတ်လန့်ကုန်ကြသည်။သူတို့၏ စိတ်များမှာ မခံနိုင်ကြတော့ပဲ စတင်ပြိုလဲကုန်ကြတော့သည်။ အသဲအသန်ဖြင့် ဖှေး တို့အဖွဲ့အနားမှထွက်ပြေးရန်ကြိုးစားကြသော်လည်း ကံမကောင်းစွာပင်သူတို့၏အနောက်တွင်လည်း ဒိုင်းကာများလှံများဖြင့် ဖွဲ့စည်းပုံတစ်ခု ဆက်ရှိနေပြီး။ ထိုဖွဲ့စည်းပုံမှ သူတို့၏ရဲဘော်စစ်သားများမှာ သူတို့အား နောက်ဆုတ်ခွင့်မပေးပေ။ ပြန်တွန်းလွှတ်ကြသည်။ထို့နောက်တွင် ဖှေးတို့လက်ချက်ဖြင့်သေဆုံးကုန်ကြသည်။ ပြင်းထန်လှသော ဒဏ်ရာများမှာ သူတို့အား ချက်ခြင်းမသေဆုံးစေပေ။ အလွန်အမင်းနာကြင်စေပြီးမှသာ အသက်ထွက်ကုန်ကြ၏။
ဖှေး သူ၏ လယ်ဗယ်(အဆင့်) ၁၂ လူရိုင်းဇာတ်ကောင်၏ ပုဆိန်အား ကိုင်ဆောင်လိုက်ပြီး ရန်သူအရာရှိအား သတ်ပြီးသော် အားကုန်ဝှေ့ရမ်းလိုက်သည်။ သူ၏ အနီးနားတွင်ရှိသော ရန်သူစစ်သားများမှာ ပြေးရန်ပင် အချိန်မရချေ။သူတို့ကိုင်ဆောင်ထားသော လက်နက်များနှင့် အတူ ခါးလယ်မှစပြီး နှစ်ပိုင်းပြတ်ကုန်ကြသည်။
ဖှေး၏ အနောက်တွင်လည်း လေးလံသောသံမဏိချပ်ဝတ်များဖြင့် လုံခြုံစွာကာကွယ်ထားသော ပီးရာ့စ် နှင့်တကွ လူသန်ကြီးများမှာ ကြောက်ရွံ့နေပြီးဖြစ်သော ရန်သူ့စစ်သားများအား ရက်စက်စွာ သတ်ဖြတ်လျက်ရှိသည်။
သူတို့၏ လေးလံထူထဲလှသော သံမဏိချပ်ဝတ်များကြောင့် ရန်သူ့တိုက်ခိုက်မှုများကို ဂရုစိုက်စရာမလိုပေ။ တဖက်တွင်လည်း သူတို့၏ ကြီးမားသော လက်နက်ကြီးများသည် ရန်သူ့များ၏ အသက်အား မရပ်မနား ရိတ်သိမ်းလျက်ရှိ၏။အကယ်၍ရန်သူများက တိုက်ခိုက်မှုများအား ကာကွယ်နိုင်ပင်လျှင် တိုက်ခိုက်သည့်အားမှာ ကြီးမှားလှသောကြောင့်အဝေးသို့လွှင့်စင်ပြီး စုတ်ပြတ်သွားကြမည်ဖြစ်သည်။
ဤသည်မှာ ဒေါသဖြစ်နေကြသော လူသန်ကြီးများနှင့် အနီးကပ်တိုက်ခိုက်ရာတွင်ရရှိသည့် ရလဒ်များပင်။
ရေရောထားသည့် [သက်လုံဆေးပုလင်း]များ သောက်ပြီးသည့်နောက်တွင် လူသန်ကြီးများသည် ယာယီအားဖြင့် အကန့်သက်မဲ့သော သက်လုံများရှိနေကြသည်။သူတို့၏ ခွန်အားများကို မောပန်းခြင်းမရှိပဲ စိတ်ကြိုက်အသုံးချနိုင်သည်။လေးလံလှသော လက်နက်များနှင့် ချပ်ဝတ်များ သည့် သူတို့အား နှေးကွေးစေမည့်အစား ရန်သူများအတွက် အိမ်မက်ဆိုးများဖြစ်လာကြသည်။ဖောက်ထွင်း၍မရသော ချပ်ဝတ်များ၊ ကာကွယ်၍မရသော လက်နက်များနှင့် အတူ ၄င်းတို့သည့် ငရဲပြည်မှ ငရဲထိန်းများကဲ့သို့ပင်။
သူတို့လူသတ်စက်ဖွဲစည်းပုံ၏ ရှေ့ဆုံးတွင်ရှိနေသည်မှာ ဘုရင်အလတ်ဇန္ဒားပင်။ရန်သူ့စစ်သားများထဲတွင် သူ၏ တိုက်ခိုက်မှုများအား ကာကွယ်နိုင်သည့်သူ မည်သူမျှမရှိချေ။မျှော်စဥ်ဒိုင်းကာဖွဲ့စည်းပုံ၏ ရှေ့ပိုင်းမှာ ပျက်စီးသွားပြီဖြစ်သည်။
ဖွဲ့စည်းပုံနောက်ပိုင်းရှိ ရန်သူ့စစ်သားများမှာ သူတို့၏ အနေအထားအား ထိန်းထားနိုင်ရန်ကြိုးစားကြသည်။ သို့ရာတွင် ဖွဲ့စည်းပုံအရှေ့ပိုင်းရှိစစ်သားများမှာ ကြောက်ရွံ့နေကြပြီဖြစ်သည်။သူတို့သည် နတ်ဆိုးအုပ်စုကြီးတစ်ခုအား ရင်ဆိုင်နေရသကဲ့သို့ခံစားရပြီး အမြန်ထွက်ပြေးလိုကြသည်။ပြန်လည်တိုက်ခိုက်မည့်အစား လွတ်မြောက်နိုင်ရန်သာ ကြိုးစားကြတော့၏။၄င်းတို့မှာ စစ်ပွဲအတွေ့ကြုံရင့်ကျက်ပြီးဖြစ်သော စစ်သားများဖြစ်သည်။ သို့ရာတွင် ယခုကဲ့သို့ ရက်စက်သည့် သတ်ဖြတ်ပွဲ မျိုးကဲ့သို့ စစ်ပွဲကိုမူကား မကြုံဖူးသေးချေ။သေရမည့်အချိန်ကိုပင်စောင့်နေရသည့်သဖွယ် ခံစားရ၏။
သူတို့တွေအကုန်လုံးမှာကျွမ်းကျင်စစ်သားများ ဖြစ်သော်လည်း လက်ရှိအချိန်တွင် သူတို့ခေါင်းထဲ၌အတွေးတစ်ခုသာရှိသည်။
လွတ်မြောက်ရန်......
မကောင်းဆိုးဝါး များလက်မှ လွတ်မြောက်ရန်....
ဝေးနိုင်သမျှ ဝေးဝေးပြေးရန်.....
ဤမျှသာ ဖြစ်သည်။
................
ဤအချိန်တွင် တစ်စုံတစ်ယောက်မှ ဦးဆောင်ပြီးထိန်းချုပ်ရန် လုပ်ဆောင်မှဖြစ်တော့မည်။
လက်ရှိဖွဲ့စည်းပုံ၏အမိန့်ပေးခေါင်းဆောင်ဖြစ်သော အမှတ်စဥ်၂မှာ အသိစိတ်ပြန်ဝင်လာသည်။သူတာဝန်ယူထားသည့် ဖွဲ့စည်းပုံမှာ ပရမ်းပတာဖြစ်နေသည်ကိုတွေ့လိုက်ရသောအခါ ပို၍ ဆိုးဝါးမလာအောင် ထိန်းသိမ်းရမည်ဟု သိရှိလိုက်သည်။ထို့ကြောင့် သူ၏ ဓားရှည်ကိုဆွဲထုတ်ပြီး ထွက်ပြေးရန်ကြိုးစားနေကြသော စစ်သားသုံးဦးခန့်အား ခုတ်ပိုင်းချလိုက်သည်။
"ဖွဲ့စည်းပုံကို ခိုင်မြဲအောင်လုပ်၊ နောက်ကလူတွေက ဒုတိယခံစစ်အနေအထားပြင်ထား တိုက်ပွဲကနေထွက်ပြေးဖို့ကြိုးစားရင် ဒီလိုမျိုး ချက်ခြင်း ကွပ်မျက်ခံရမယ် ရှင်းလား...."
သွေးများတစက်စက်ကျနေသော ဓားကိုကိုင်တွယ်ပြီး အမှတ်စဥ်၂ အမိန့်ပေးလိုက်သည်။
ကွပ်မျက်ခံရမည်ဟု ခြိမ်းခြောက်သောကြောင့် စစ်သားများမှာ စိတ်ကိုပြန်ထိန်းပြီး ဖွဲ့စည်းပုံက်ိုတဖြည်းဖြည်း ပြန်ဝင်လာသည်ကိုတွေ့သည့်အတွက် အမှတ်စဥ်၂ အနည်းငယ်စိတ်အေးသွားသည်။
ခေါင်းဆောင်၏အမိန့်ဖြင့် အရှေ့ဆုံးမှ ပရမ်းပတာဖြစ်နေသော စစ်သားများအားစွန့်ခွာပြီး ကျန်ရှိသည့်စစ်သားများမှာ အနောက်သို့ ၄ကိုက်ခန့်ဆုတ်သွားပြီး လှံဒိုင်းကာခံစစ်ပုံကို ထက်မံဖန်တီးသည်။ အနည်ငယ်အကြာတွင် လှံဒိုင်းကာဖွဲ့စည်းပုံ အသစ်တစ်ခု ပေါ်ပေါက်လာပြီဖြစ်သည်။
"ချွင် ချွင် ချွင်"
လှံဒိုင်းကာ ဖွဲ့စည်းပုံမှာ အသင့်ဖြစ်နေပြီ။ အမှတ်စဥ်၂မှာ ဖွဲ့စည်းပုံ၏အနောက်တွင် နေရာယူလိုက်ပြီး ချီတပ်လာသော လူသန်ကြီး၂၃ယောက်အား စိုက်ကြည့်နေ၏။
ယခုအခါတွင်ဖွဲ့စည်းပုံတွင် အနည်းကပ်ဖြစ်နေပြီ ဖြစ်သဖြင့် ယခင်ကဲ့သို့ ထိုးဖောက်ရန် အရှိန်ရယူနိုင်ခြင်းရှိနိုင်မည်မဟုတ်ပေ။ ထက်မံ၍ ထိုးဖောက်နိုင်စရာလဲ အကြောင်းရှိတော့မည် မဟုတ်ဟု အမှတ်စဥ်၂ ယူဆ လိုက်သည်။
"ဒီဖွဲ့စည်းပုံ အသစ်သာ ထက်ပြီး အထိုးဖောက်မခံရဘူးဆို ငါတို့ လှံတွေနဲ့ ဒီခွေးသားတွေကို တစ်စစီလုပ်ပစ်လို့ရပြီ။" အမှတ်စဥ်၂ ရက်စက်စွာတွေးလိုက်သည်။သူသည် ရှေ့တန်းမှ အခြေအနေများကို ဒိုင်းကာများကြားအပေါက်မှနေ၍ လေ့လာအကဲခတ်လျှက်ရှိသည်။
ဤကဲ့သို့ ဖွဲ့စည်းပုံအသစ်ထက်မံဖန်တီးရန်အတွက် ဖွဲ့စည်းပုံပြင်ပရှိ စစ်သားအယောက်၃၀ခန့်အား စွန့်လွှတ်လိုက်ရသည်။ ထိုစစ်သားများအား ဖှေးတို့အဖွဲ့မှာ သစ်ရွက်ခြောက်များလိုပင် ရှင်းလင်း ပစ်နေ၏။သွေးများ လက်နက်အကျိုးအပဲ့များနေရာအနှံ့ပင်။
ချမ်းဘော့ဒ် စစ်သားများမှာ အမှန်အကန်ပင်ရက်စက်ကြမ်းကြုပ်သန်မာသော စစ်သည် များဖြစ်သည်ဟု အမှတ်စဥ်၂ လက်ခံလိုက်သည်။၄င်းတို့၏လက်ထဲမှ လက်နက်ကြီးများသည် ကြယ်တစ်လုံးစစ်သည် ဖြစ်သည့် သူ့ကိုပင်လျှင် အနည်းငယ် ကြက်သီးထစေသည်။မြေမျက်နှာသွင်ပြင် အကန့်သက်များကြားတွင် ထိုကဲ့သို့ချပ်ဝတ်အပြည့်စုံဝတ်ထားသော မကောင်ဆိုးဝါးများကိုရင်ဆိုင်နေရသည်မှာ အိမ်မက်ဆိုးတစ်ခုပင်။
ရှေ့ဆုံးမှတိုက်ခိုက်နေသော သူမှာ အဆိုးဆုံးဖြစ်၏။ အဖွဲ့ထဲတွင် အရွယ်အစားအားဖြင့် အသေးငယ်ဆုံးဖြစ်သော်လည်း အသန်မာဆုံးနှင့် အရိုင်းဆန်ဆုံးဖြစ်သည်။
တိုက်ပွဲစသည့်အချိန်တွင် ထိုသူမှာ ပုဆိန်ကို ပစ်လွှတ်လိုက်ပြီး ရှေ့ဆုံးမှဖွဲ့စည်းပုံကို ဖြိုခွင်းဝင်လာသည်ကို အမှတ်စဥ်၁ ပြတ်သားစွာမှတ်မိသည်။ပြန်စဥ်းစားမိလိုက်တိုင်းတွင် သူကဲ့သို့ စစ်ဘက်ဆိုင်ရာကျွမ်းကျင် အမိန့်ပေးခေါင်းဆောင်ကိုပင် ထိတ်လန့်အံ့သြစေသည်။
ဒိုင်းကာများကြားမှ မြင်ရသည့်ပုံအရထိုပုဂ္ဂိုလ်၏ လက်ထဲတွင် ပိုမိုအန္တရာယ်ရှိသည့်ပုံရသည့် ပုဆိန်ကြီးနောက်တစ်လက် ထင်မံရောက်ရှိနေသည်ကိုတွေ့ရသည်။ ဘယ်ကရောက်လာမှန်းတော့ မသိချေ။
ပုဆိန်၏ အရွယ်အစားမှာ တံခါးရွက်ကြီးများမျှပင်ရှိပြီး အလွန်လေးလံသည့်ပုံပေါက်သည်။ စစ်သား၃ယောက်ခန့်ဝိုင်းဝန်းသယ်ဆောင်ရမည်ဖြစ်သည်။ သို့ရာတွင် ထိုသူမှာ ထိုပုဆိန်ကြီးအား ကောက်ရိုးမျှင်ကဲ့သို့ပင် ပေါ့ပါးစွာအသုံးပြုနေလျှက်ရှိသည်။
ထိုသူမှာ လူသတ်စက်ကဲ့သို့ပင်။
ကောင်းမွန်စွာလေ့ကျင့်သင်ကြားပေးထားသည့် ကျွမ်းကျင်စစ်သား အယောက်၃၀ခန့်ကပင် ထိုသူအားစက္ကန့်နှစ်ဆယ်ကြာ ထိန်းမထားနိုင်ပေ။ ထိုစစ်သားများ အလောင်းများအဖြစ်သို့ပြောင်းသွားကြ၏။ အတိအကျဆိုပါက ရုပ်ပျက်ဆင်းပျက်အလောင်းများပင်။အပိုင်းပိုင်းပြတ်လျှင် ပြတ်၊ မပြတ်ပါက အစိတ်စိတ်အမွာမွာထုခြေခံထားရသည့် အလောင်းများဖြစ်ကုန်ကြ၏။
ထိုအချိန်အတွင်းတွင် ရန်သူဘက်မှ စစ်သားများသည် တံတားပေါ်တွင် အနောက်သို့ကိုက်၅၀ခန့်ဆုတ်ခွာသွားပြီ ဖြစ်သည်။
ရန်သူစစ်သားများနှင့် ချမ်းဘော့ဒ်ခံတပ်နံရံပေါ်ရှိ လူများအတွက် ထိုကာလမှာ အလွန်ရှည်ကြာသည်ဟု ထင်မှတ်ရသော်လည်း တကယ်တန်းမှာ စက္ကန့်၄၀မျှသာ ကြာမြင့်၏။