← Chapters

“အောက်လမ်းဆရာ၏ အစွမ်း”

Vol. 4 Ch. 49

“အောက်လမ်းဆရာ၏ အစွမ်း”

Vol. 4 Ch. 49

“ချမ်းဘော့ဒ် တိုင်းပြည်အတွက်ကွ....”ဖှေး သူ၏ လူများအား အားပေးရန် မမေ့ချေ။

အော်နေရင်းနှင့်ပင် သူ၏ပုဆိန်နှင့် တိုက်ခိုက်နှုန်းမှာ နှေးကွေးမသွားချေ။ သူ၏ရှေ့မှ ရန်သူအား နှစ်ချက်ခန့်ခုတ်ထည့်လိုက်ရာ သုံးပိုင်းဖြစ်သွားတော့သည်။အဝေးသို့လှမ်းကြည့်လိုက်ရာ ရန်သူများမှာ အနောက်သို့ ကိုက်အနည်းငယ်ခန့်ဆုတ်ခွာသွားပြီး ခုခံမှုဖွဲ့စည်းပုံနောက်တစ်ခုထက်လုပ်နေကြောင်းတွေ့လိုက်ရသည်။

ဖှေး အနည်းငယ်ပင်အထင်ကြီးသွားသည်။ ရန်သူ့စစ်သားများ၏ ဖွဲ့စည်းပုံကို ပြန်ဆင်ပြီး ပြန်လည်ဖွဲ့စည်းလိုက်သည်မှာ သူထင်ထားသည်ထက်ပင် မြန်ဆန်၍နေလေသည်။ရှေ့သို့ဆက်လက်တိုက်ခိုက်ရန်မှာ ယခုအခါတွင် ပိုမိုခက်ခဲသွားပြီဖြစ်သည်။ သို့သော်လည်း ပစ်ပြီးသားမြှားအား ပြန်လည် ရုတ်သိမ်းလို့မရချေ။ဆက်လက်တိုက်ခိုက်သွားရမည်သာ ဖြစ်သည်။

ရန်သူ့၏ဖွဲ့စည်းပုံအား အမြန်ကျော်ဖြတ်ပြီး လှေကားကြီးများနှင့် ကျောက်တုံးပစ်လောက်လွှဲ ကြီးများကို ဖျတ်ဆီးပစ်ရမည်ဖြစ်သည်။

ယခုကာလတွင် အချိန်သည်အသက်ထက်အရေးကြီး၏။

သူတို့၏ ချီတပ်သည့် နှုန်းမှာ လျှော့ကျသွား၍မဖြစ်ပေ။ရန်သူ၏ခေါင်းဆောင်မတုံ့ပြန်နိုင်ခင်မှာပင် အပြီးသက်ဖြစ်အောင် လုပ်​ဆောင်ရမည်ဖြစ်သည်။အချိန်များစွာကြာမြင့် သွားပြီး လမ်ဒီအပါအဝင် ကြယ်အဆင့်စစ်သည်များရောက်ရှိလာပါက လွယ်ကူတော့မည်မဟုတ်ပေ။ ဖှေးဖြင့်ပါလာသော စစ်သည်အများစုမှာ ကြယ်အဆင့်များမဟုတ်ကြပေ။ ဖှေးတစ်ယောက်တည်းလွတ်မြောက်နိုင်စေကာမူ ၄င်းတို့မှာ လွတ်မြောက်နိုင်ကြမည်မဟုတ်ကြ။

“ဖွဲ့စည်းပုံကို အမြန်ပြန်ပြင်ကြ။”

စစ်သားနှစ်ဆယ်မှာ တိုက်ပွဲကြာလာသောကြောင့် လျှော့လျှော့ရဲရဲ ဖြစ်လာသော ဖွဲ့စည်းပုံကို အမြန်ပင်ပြင်လိုက်ကြသည်။ဖှေး၏ ဘယ်ဘက်နှင့် ညာဘက်တွင် ပီးရာ့စ် နှင့် ဒရော့ဂ်ဘာ တို့ ကိုယ်စီရှိနေကြသည်။သူတို့နှစ်ယောက်လုံး၏ ခန္ဓာကိုယ်တွင် ရန်သူများ၏ သွေးများဖြင့် ဖုံးလွှမ်းနေ၏။

သွေးများအရိုးစများမှာ သူတို့လက်နက်များပေါ်တွင် ဖုံးလွှမ်းလျက်ရှိသည်။ သူတို့၏ အသွင်ပြင်မှာ ငရဲထိန်းများကဲ့သို့ပင် သွေးများဖြင့် နီရဲနေ၏။

သူတို့၏နောက်မှ လူသန်များမှလည်း ထို့နည်း၄င်းပင် သွေးမိုးရွာသည့်အောက်မှ ဖြတ်လျှောက်ခဲ့သည့်အလား သွေးများ ပေကျံနေသည်။ သူတို့၏ချပ်ဝတ်များပေါ်တွင် မြင်ရသောအရောင်မှာ အနီရောင်ပင်ဖြစ်သည်။ချပ်ဝတ်ပေါ်မှ သွေးများမှာ စီးဆင်းပြီး မြေပြင်ပေါ်သို့ တစက်စက်စီးကျနေ၏။

ဖှေးမှာ ရှေ့ဆုံးမှနေပြီး သူတို့အား ကာကွယ်ကာချီတပ်နေသောကြောင့် သူတို့အား အန္တရာယ်ပြုနိုင်သည့် ရန်သူဆိုလျှင် ဖှေးမှ သတ်ဖြတ်ပြီးဖြစ်နေ၏။ထို့ကြောင့်ဖှေးတို့အဖွဲ့တွင် အသေအပျောက်လုံးဝမရှိသေးပေ။ သူတို့အားထိခိုက်သေမှုမှာ ချပ်ဝတ်ပေါ်မှ ခြစ်ရာများသာရှိ၏။

“အားလုံးပဲ အပြာရောင်အိပ်ထဲက ရေကိုသောက်ပြီး ငါ့အမိန့်ကိုစောင့်နေကြ။ငါအချက်ပြတာနဲ့ ချက်ခြင်းပဲ ချီတပ်....” ဖှေး သူ့အနောက်တွင်ရှိသော လူသန်များကို မှာကြားပြီး သူတစ်ယောက်တည်း ရှေ့သို့အနည်းငယ်ဆက်လက်ချီတပ်သွားသည်။

“ဖုန်း ဖုန်း ဖုန်း”

ဖှေးချီတပ်နေရင်းဖြင့် မြေပြင်ပေါ်တွင်လဲကျနေသော အလောင်းတချို့အား ကန်မြှောက်လိုက်သည်။အလောင်းများသည်လေပေါ်မြှောက်တတ်သွားပြီး ရန်သူ့ဖွဲ့စည်းပုံမှ ဒိုင်းကာများကို ကျော်လွန်ပြီး အနောက်ရှိရန်သူများအပေါ်သို့ ကျရောက်သွားသည်။ဒိုင်းကာများအနောက်မှ အော်ဟစ်သံတချို့ကို ကြားရသော်လဲ ရန်သူ၏ ဖွဲ့စည်းပုံမှာ မပြောင်းလဲပဲ ခိုင်ခိုင်ခံ့ခံ့ဆက်လက်ရှိနေ၏။

တကယ်တန်းတွင် ကန်လွှတ်လိုက်သော အလောင်းများမှာ ရန်သူ့ဖွဲ့စည်းပုံအား ထိခိုက်စေမည်ဟု ဖှေး မျှော်လင့်မထားပေ။

၃ကိုက်၄ကိုက်အကွာအဝေးအား သွားရန်လူရိုင်းဇာတ်ကောင်အတွက် ၃စက္ကန့်ခန့်သာကြာမြင့်မည်ဖြစ်သည်။ ဖှေး ထိုကဲ့သို့ ပြေးသွားနေခိုက်တွင် တစ်ခုလုပ်လိုက်သည်....

“ဇာတ်ကောင် ပြောင်းမယ်.....”

သူ၏ စိတ်ထဲတွင်ပြောလိုက်ပြီး အောက်လမ်းဆရာ ဖှေး အဖြစ်သို့ပြောင်လဲလိုက်သည်။

ရုတ်တရက်ပင် အဖြူရောင်အလင်းတန်းများတောက်ပလာပြီး သူ၏လက်ထဲမှ ပုဆိန်ကြီးနှင့် အတူ လူရိုင်းဇာတ်ကောင်၏ ကြီးမားသည်ခွန်အားများကွယ်ပျောက်သွားသည်။ ထိုအစား သေခြင်းစွမ်းအင်များ သူ့အား ဖုံးလွှမ်းသွား၏။

ထိုအချိန်မှာပင် အောက်လမ်းဆရာ၏ အစွမ်းများမှာ အသုံးပြုရန်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

[ပေါက်ကွဲ တတ်သည့် အလောင်း]

သာမန်လူမျက်စိဖြင့် မြင်နိုင်စွမ်းမရှိသည့် သေခြင်းစွမ်းအင်များ ဖှေးလက်မှထွက်ခွာသွားသည်။ ထို့နောက်တွင် ရန်သူများ၏ ဒိုင်းများကို ဖြတ်ကျော်ကာ အနောက်ရှိ ဖှေးကန်သွင်းခဲ့သော အလောင်းများအတွင်းသို့ သေခြင်းစွမ်းအင်များ စိမ့်ဝင်သွားလေသည်။

“ပေါက်ကွဲစမ်း ပေါက်ကွဲစမ်း” ဖှေးစိတ်ထဲမှ အော်ဟစ်နေသည်။ရုတ်တရက်ပင် ဒိုင်းကာများအနောက်မှ ပေါက်ကွဲသံများနှင့် နာကျဥ်စွာအော်ဟစ်သံများကို ကြားလိုက်ရသည်။

အောက်လမ်းဆရာဇာတ်ကောင်၏ ပေါက်ကွဲတတ်သည့် အလောင်းအစွမ်းအား အသုံးပြုလိုက်ခြင်းပင်။

ဒိုင်းကာအနောက်ရှိရန်သူများမှာ အငိုက်မိကုန်ကြ၏။ သူတို့၏ အိမ်မက်များထဲ၌ပင်လျှင် အလောင်းမှာထ၍ပေါက်ကွဲမည်ဟု ထင်မထားကြပေ။ ထို့အပြင် ပေါက်ကွဲမှုမှာလဲ အတော်တန်ပြင်းထန်လှသည်။သိပ်သည်းဆမြင့်သော သွေးစ အသားစများမှာ သူတို့၏ လယ်သာချပ်ဝတ်များအား လွယ်ကူစွာ ထိုးဖောက်ဝင်ရောက်ကြသည်။ အရိုးအစအနများမှာလည်း သံချပ်ဝတ်များကို ထိုးဖောက်ဝင်ကုန်ကြသည်။

ရန်သူများဘက်မှ အလောင်းများအား ဂရုမစိုက်ပဲနေခဲ့သဖြင့် သေကြေမှုနှုန်းမှာ အလွန်မြင့်မားသွားသည်။

စစ်သားအယောက်၂၀ ကျော်ခန့်မှာ အသံတစ်သံမှပင်မအော်ဟစ်လိုက်ရပဲ ရုတ်တရက် တစ်စစီ ဖြစ်သွားကြသည်။ ပို၍ ကံဆိုးသည့် စစ်သားတစ်ချို့ ခြေလက်များပြတ်ထွက်ကုန်ကြပြီး မြေပြင်ပေါ်တွင် နာကျဥ်စွာလူးလိမ့်နေကြသည်။တချို့ပို၍ကံဆိုးသော စစ်သားများဆိုလျှင် ဒဏ်ရာလုံးဝမရပါပဲ ရုတ်တရက်ပရမ်းပတာအခြေအနေများကြောင့် ဇူလီမြစ်ထဲ ပြုတ်ကျကုန်ပြီးရေစီးနှင့် အတူပါသွားကြသည်။

[ပေါက်ကွဲစေတတ်သော အလောင်း]မှာ အလွန်အစွမ်းထက် ထိရောက်လွန်းသည်။ အမဲရောင်စစ်သည် အမှတ်စဥ်၂ကိုပင် အငိုက်မိသွားစေပြီး အရိုးစတစ်စမှာ သူ၏ ဘယ်လက်မောင်းအား ထိုးဖောက်ဝင်ရောက်သွားသည်။ လက်မအရွယ်ခန့်အကျယ်ဝန်းရှိ အပေါက်တစ်ခု ကျန်ရှိနေခဲ့၏။ သူ၏ ခန္တာကိုယ်တွင် ခုခံနိုင်စွမ်းအား တိုးမြင့်ပေးနိုင်သည့် အတွင်းအားများရှိသော်လည်း [ပေါက်ကွဲစေတတ်သော အလောင်းမှ]ထိခိုက်စေနိုင်မှုအား ကာကွယ်ရန်မလုံလောက်ချေ။သူသည်အမဲရောင်မျက်နှာဖုံး သာ မဝတ်ဆင်ထားပါက သူ၏ ဖြူဖက်ဖြူရော်နှင့် ရှုံ့တွနေသော မျက်နှာအား လူတိုင်းမြင်နိုင်နေမည်ဖြစ်သည်။

အလောင်းများမှာ အဘယ့်ကြောင့် ထပေါက်ကွဲရသည်ဆိုသည်ကို မည်သူမျှ မသိချေ။ ထို့ကြောင့်ပင် ထက်မံပြီး ကသောင်းကနင်း ဖြစ်ကုန်ကြ၏။

တစ်ဖက်တွင်လည်း ဖှေး၏ ချီတပ်လာသည့်နှုန်းမှာ လုံးဝနှေးကွေး၍မသွားချေ။ [ပေါက်ကွဲစေတတ်သော အလောင်း] အသုံးပြုပြီးလိုက်သည်နှင့် တပြိုင်နက် လူရိုင်းဇာတ်ကောင်သို့ ချက်ခြင်းပြန်လည်ပြောင်းလိုက်သည်။

သူ၏ ခွန်အားများပြန်လာသည်နှင့် တပြိုင်နက် အော်ဟစ်ပြီး မြေကြီးအားခြေနှစ်ဖက်ဖြင့် စုံကန်ကာခုန်တတ်ရန်အားယူလိုက်သည်။ မာကြောလှသော ကျောက်တံတား၏ ကြမ်းပြင်ပါအက်ကွဲသွားသည်။ လူရိုင်းဇာတ်ကောင်၏ အစွမ်းဖြစ်သော [ခုန်ကျော်ခြင်း]အား အသုံးပြုလိုက်ခြင်းပင်။

“ဝှီး”

မြင့်မားစွာ ခုန်တတ်သွားပြီး နေရောင်ကိုဖုံးကွယ်ကာ မြေပြင်ပေါ်တွင် ဖှေး၏ အရိပ်ထင်ဟပ်သွားသည်။ အမြင့်၅မီတာခန့်ခုန်တတ်သွားပြီး ရန်သူ့ဖွဲ့စည်းပုံ၏ ရှေ့ဆုံးရှိ လှံဒိုင်းကာများကို ကျော်လွန်ကာ အနောက်ရှိရန်သူများအပေါ်သို့ ကျရောက်တော့မည်ဖြစ်သည်။

“မင်းတော့ သေပြီ”

ခေါင်းဆောင် အမှတ်စဥ်၂မှာ ဖှေးလက်နက်မဲ့စွာဖြင့် လေပေါ်သို့ခုန်တတ်သွားသည်ကိုတွေ့သော် အခွင့်ရေးရပြီဟုတွက်လိုက်၏။ သူ၏ ဘယ်လက်မှ ဒဏ်ရာအားဂရုမစိုက်တော့ပဲ သူ၏ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားများအားလုံးကို ညာလက်တွင်စုစည်းပြီး မိုးပေါ်သို့ ခုန်ပျံသွားကာ ဖှေးအား ဓားဖြင့်တိုက်ခိုက်လိုက်သည်။

သူ၏ ကျွမ်းကျင်သော စွမ်းအင်ဓားသိုင်းကိုအသုံးပြုပြီး ရှေ့တွင်ရှိ ခွန်အားချည်းသာရှိသော ကျွဲရိုင်းအား သတ်ရန်ဖြစ်သည်။

လေပေါ်တွင် တိုက်ခိုက်ရာ၌ သေချာပေါက်နိုင်နိုင်ကြောင်း အမှတ်စဥ်၂မှာ ယုံကြည်ချက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် မိမိမှာ ပို၍ လျှင်မြန်စွာလှုပ်ရှားနိုင်သောကြောင့်ပင်။ ရန်သူမှာ လေးလံသော ချပ်ဝတ်ကြီးများဝတ်ထားသဖြင့် လေပေါ်ဝဲနေခိုက်တွင် သူ၏ တိုက်ခိုက်မှုများကို ရှောင်နိုင်မည်မဟုတ်ပေ။

သို့သော်လည်း.....

“ငါ့ရှေ့က ဖယ်စမ်းကွာ”

“ဖုန်း”

ဖှေးလေပေါ်၌ပင် အော်ဟစ်ပြီး အမှတ်စဥ်၂တိုက်ခိုက်လာသော ဓားအား ကန်လိုက်သည်။

အမှတ်စဥ်၂မှာ ဘာဖြစ်သွားမှန်းပင်မသိလိုက်ချေ။ ညာလက်တစ်ခုလုံး ထုံကျဥ်သွားပြီး သူ၏ဓားမှာ လက်ထဲမှလွတ်ထွက်သွား၏။ဓားကိုတင်းကြပ်စွာဆုပ်ကိုင်ထားသောကြောင့် အမှတ်စဥ်၂၏ ညာလက်မှာ စုတ်ပြဲသွားပြီး သွေးများ ပန်းထွက်လာ၏။

သို့သော်လည်း အမှတ်စဥ်၂၏ အိမ်မက်ဆိုးများမှာ ထိုနေရာ၌ပင်ရပ်တံ့မသွားချေ။ အမှတ်စဥ်၂ မြေပေါ်သို့ ပြန်မကျခင် ဖှေးမှာနောက်တစ်ချက်ကန်ပေးလိုက်သည်။

ယခုအခါတွင်မူ အမှတ်စဥ်၂၏ ရင်ဘက်တည့်တည့်အား ကန်လိုက်ခြင်းဖြစ်သည်။ အမှတ်စဥ်၂ခန္ဓာကိုယ်အတွင်းမှ အရိုးကျိုးကြေသံများ ပေါ်ထွက်လာပြီး ရင်ဘက်ပေါ်တွင် နက်နဲသည့် ခြေထောက်ရာကြီးကျန်နေခဲ့၏။ထို့နောက်တွင် မြေပြင်ပေါ်သို့ ပြင်းထန်စွာပြုတ်ကျသွား၏။

အကန်ခံလိုက်ရစဥ်မှာပင် အမှတ်စဥ်၂၏ နှလုံးမှာကြေမွသွားပြီဖြစ်သည်။ မြေပြင်ပေါ်သို့ပြုတ်ကျအပြီးတွင် အသံတစ်သံမှမထွက်တော့။ သူ၏ ခန္ဓာကိုယ်တွင် အသက်ဝိညဥ် လုံးဝမရှိတော့ပေ။

သူ၏ မျက်လုံးများမှာ ပြူးကျယ်စွာပွင့်နေပြီး အံ့သြထိတ်လန့်ခဲ့သည့် အမူအယာကိုဖော်ဆောင်နေသည်။ မသေခင်သူ၏စိတ်ထဲတွင်နောက်ဆုံးတွေးခဲ့သော မေးခွန်းမှာ “ငါ့လိုကြယ်တစ်လုံးစစ်သည်က အတွင်းအားလုံးဝမရှိတဲ့လူရဲ့ ခြေတစ်ချက်ကန်ရုံနဲ့တင် သေသွားရတာလဲ” ဟုပင်။

ဖှေး လယ်ဗယ်(အဆင့်)၅ လူရိုင်းဇာတ်ကောင် ဖြစ်နေစဥ်ကပင် ကြယ်တစ်လုံးစစ်သည်အား လွယ်ကူစွာသတ်နိုင်သည်။ ယခုအခါတွင် ဖှေး၏ လူရိုင်းဇာတ်ကောင်မှာ လယ်ဗယ်(အဆင့်) ၁၂သို့ရောက်နေပြီဖြစ်သောကြောင့် ကြယ်နှစ်လုံးစစ်သည်အား လက်ကလေးဝှေ့ရမ်းလိုက်ရုံမျှနှင့်ပင် သတ်ဖြတ်ပစ်နိုင်သည်။

သူတို့၏ အမိန့်ပေးခေါင်းဆောင် တစ်ချက်ကန်ခံရရုံဖြင့် အသက်ထွက်သွားသည်ကိုတွေ့လိုက်ရသောကြောင့် ရန်သူ့ဖွဲ့စည်းပုံမှာ ပို၍ပင်ပရမ်းပတာ ဆန်လာသည်။ဖှေးရန်သူ အုပ်စု၏ အလယ်တည့်တည့်သို့ ခုန်ဆင်းလိုက်ပြီး သူ၏ ပုဆိန်အား ဆင့်ခေါ်လိုက်သည်။ အဖြူရောင်များလင်းလတ်သွားပြီး ဖှေးလက်ထဲတွင် ပုဆိန်ရောက်လာတော့သည်။

“ဝီး ဝီး ဝီး”

ဖှေး ပုဆိန်ကို ကိုင်လိုက်ပြီး၃၆၀ဒီဂရီ ပတ်ချာလှည့်လိုက်သည်။ ပတ်ချာလှည့်သည်မှာ မြန်ဆန်လွန်းလှသဖြင့် ဓားမုန်တိုင်းတစ်ခုကဲသို့ပင် အနီးသို့ကပ်လာသော ရန်သူမြန်သမျှ အပိုင်းပိုင်းပြတ်ကုန်၏။ထို့နောက်တွင် ဖှေး ဒိုင်းကာကြီးများအနားသို့ ကပ်သွားပြီး ဒိုင်းကာများအား ကိုင်တွယ်ထားသော လူများအားအပိုင်းပိုင်းဖြတ်ပစ်သည်။

ရန်သူ၏ ဒိုင်းကာလှံတံဖွဲ့စည်းပုံမှာ နောက်တစ်ခါပင် ဖှေး၏ ထိုးဖောက်ခြင်းကိုခံလိုက်ရပြီဖြစ်သည်။ လမ်းပွင့်သွားပြီဖြစ်သောကြောင့် ဖှေးသူ့လူများကို အော်ပြောလိုက်သည်။

“ဝင်တော့ ဒီကောင်တွေအကုန်လုံးကို သတ်ပစ်ကြ။”

ဖှေး လူရိုင်းနှင့် အောက်လမ်းဆရာ ဇာတ်ကောင်များကို အသုံးချပြီး ဖွဲ့စည်းပုံအား ဖောက်ထွင်းသည်မှာ တစ်မိနစ်ပင်မကြာလိုက်ပေ။စစ်သားများ ရေရောထားသော သက်လုံဆေးပုလင်းအား သောက်ပြီးပြီးခြင်းပင် သူတို့အား ဝင်တိုက်ရန်အချက်ပြလိုက်ခြင်းဖြစ်သည်။

“ဒုန်း ဒုန်း ဒုန်း ဒုန်း”

သန်မာသော လူ၂၀စတင်ချီတပ်လာသောအကာတံတားတစ်ခုလုံးပင် ငလျှင်လှုပ်သလိုတုန်ခါသွား၏။

All Chapters