အခန်း (၅၀)
Vol. 4 Ch. 50
“ဖုန်း”
အနီးကပ်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားသည်။သွေးများ ခြေပြတ်လက်ပြတ်များ နေရာအနှံ့ပြန့်ကျဲကုန်သည်။
ချပ်ဝတ်အပြည့်စုံဝတ်ထားသော လူသန်ကြီးများမှာ ပရန်းပတာဖြစ်နေသော ရန်သူအုပ်ထဲသို့ တိုးဝင်သွားပြီး သူတို့လက်ထဲမှ လက်နက်ကြီးများမှာ စတင်ကခုန်တော့သည်။ရန်သူများသည်တံတားပေါ်မှလွှင့်စင်ကုန်ပြီး အမှိုက်သရိုက်များကဲ့သို့ပင် ရေထဲသို့ပြုတ်ကျကာ ရေစီးနှင့်အတူပါသွားကြတော့သည်။
ဖှေးသည်လည်း အရှိန်လုံးဝမလျှော့ချေ။ သူ၏လက်ထဲမှ ပုဆိန်မှာ သေမင်းသကဲ့သို့ ပြန်လည် သတ်ဖြတ်နေပြီဖြစ်သည်။ ရန်သူ့အရေအတွက်မှာ ပုဆိန်တစ်ချက်ဝှေ့ရမ်းလိုက်သည်နှင့် အတူလျှော့နည်းလာသည်။
ဖှေးသည် ယခုအခါတွင်သူ၏ အမြန်နှုန်းကို ပိုတိုးမြှင့်နိုင်ရန်ကြိုးစားနေသည်။ ပိုမြန်မြန်ဆောင်ရွက်ရန်အာရုံစိုက်ထားသဖြင့် ယခုအခါတွင် အနောက်မှသူ့လူများ အာရုံသိပ်မစိုက်ဖြစ်ပေ။ရန်သူ့ဖွဲ့စည်းပုံအား ဖောက်ထွင်းပြီးနောက်တွင် ဖှေး မြင်သမျှရန်သူများအားအကုန်လိုက်သတ်သည်။ ဖှေးပုဆိန်လက်မှ လွတ်သွားသူများကို ပီးရာ့စ် နှင့်တကွ လူသန်ကြီးများက ရှင်းလင်းရန်တာဝန်ဖြစ်သည်။
ထိုမှသာ ရှေ့သို့ဆက်လက်တိုးဝင်တိုက်ခိုက်ခြင်းမှာ ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။ သို့သော်လည်း လူသန်ကြီးများမှာ ဖိအားများကိုပိုမိုရင်ဆိုင်လာရပြီဖြစ်သည်။ရန်သူများမှာ ကောင်းမွန်စွာလေ့ကျင့်ထားသည့် စစ်သားများဖြစ်ကြသည်။ အများစုမှာ ကျွမ်းကျင်စစ်သားများဖြစ်ကြပြီး တချို့စစ်သားများဆိုလျှင် အတွင်းအားအနည်းငယ်ကိုပင် အသုံးချပြီး တိုက်ခိုက်နေကြပြီဖြစ်သည်။တနည်းတစ်ဖုံဖြင့် ရန်သူတို့၏တိုက်ခိုက်မှုများအာ လူသန်ကြီးများအတွက် သေစေနိုင်သောတိုက်ခိုက်မှုများဖြစ်သည်။ဝတ်ဆင်ထားသော သံမဏိချပ်ဝတ်များမှာ ဓားအန္တရာယ်မှကာကွယ်ပေးသော်လည်း တိုက်ခိုက်မှုမှလာသော အားများကြောင့် သူတို့ခန္ဓာကိုယ်များတွင် ထုံကိုက်နာကြင်လာသည်ကိုတော့ ခံစားကြရသည်။အချိန်အနည်းငယ်ကြာသောအကြာ ချမ်းေဘာ့ဒ်လူသန်ကြီးများတချို့မှာ ဒဏ်ရာအနည်းငယ်ရရှိလာကြသည်။သို့သော်လည်း ရန်သူများများသတ်နိုင်ရန်ကိုသာ အာရုံစိုက်ထားကြ၏။သူတို့၏ ဘုရင်အား မနှောင့်နှေးလိုပေ။ နာကြင်မှုများကိုတာ အံကြိတ်ခံပြီး ဘုရင်အနောက်မှ မပြတ်မကွက် လိုက်ပါတိုက်ခိုက်ကြ၏။
ဖှေးလဲ ထိုအရာကို သတိထားမိသည်။ ထို့ကြောင့်သူ့ပုဆိန်ကိုဝှေ့ရမ်းပြီး ဓားမုန်တိုင်းတစ်ခုထက်မံဖန်တီးလိုက်သည်။ အနီးတဝိုက်ရှိ ရန်သူများရှင်းလင်းသွားသည့် အခါတွင် ဇာတ်ကောင်အမြန်ပြောင်းလဲလိုက်သည်။
လူရိုင်းဇာတ်ကောင်၏ အစွမ်းများကွယ်ပျောက်သွားပြီး ပါလာဒင်ဇာတ်ကောင်၏ အစွမ်းများစတင်ဝင်ရောက်လာသည်။
ရုတ်တရက်ပင် ဖှေးကိုယ်မှ မြင့်မြတ်သန့်စဥ်သည့် စွမ်းအင်များထွက်ပေါ်လာပြီး အနောက်မှ လူသန်ကြီးများကို ဝန်းရံသွားသည်။ ဖှေးခြေထောက်စောင့်လိုက်ရာ ဖှေးခန္ဓာကိုယ်မှ ရွေရောင် အကွင်းတစ်ခုပေါ်ထွက်လာပြီး ကျယ်ပြန့်လာသည်။ သူတို့ခန္ဓာကိုယ်မှ ဒဏ်ရာများမှာ ထိုရွေရောင်အကွင်းသူတို့အား ဖုံးလွှမ်းသွားသည်နှင့်တပြိုင်နက် လျှင်မြန်စွာပျောက်ကင်းလာသည်ကို လူသန်ကြီးများခံစားမိလိုက်ကြသည်။သူတို့၏ ခွန်အားများပါပြန်လည်လန်းဆန်းလာကြပြီး ရဲစွမ်းသတ္တိများနှင့် စိတ်ဓာတ်ခွန်အားများပါ တိုးတတ်လာကြသည်။
ပါလာဒင်၏ [ကုသခြင်း]အစွမ်းပင်။
“ဘုရင်အလတ်ဇန္ဒားကွ”
ပီးရာ့စ်မှ အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေသော သွေးများပူလောင်လာပြီး ရန်သူများအား သတ်ဖြတ်ချင်သည့် စိတ်များ တရွေ့ရွေ့တတ်လာသည်ကို ပီးရာ့စ် ခံစားလိုက်ရသည်။ သူ၏တူကြီးအား ပြင်းထန်စွာဝှေ့ရမ်းလိုက်ပြီး ရန်သူ၅ယောက်လောက်အား ဇူလီမြစ်ထဲသို့ ရိုက်ချလိုက်သည်။
“ဘုရင်အလတ်ဇန္ဒားကွ”
ဒရော့ဂ်ဘာ ပါလိုက်အော်သည်။ ရန်သူမှသူ့ကိုလာခုတ်သောဓားအား ဘယ်လက်ဖြင့် ဖမ်းလိုက်ပြီး သူ၏ ညာဘက်မှပုဆိန်ဖြင့်ရန်သူအား ပိုင်းချလိုက်သည်။
“ချမ်းဘော့ဒ် အတွက်ကွ”
ကျန်သည့် လူသန်ကြီးများအတူတကွအော်ဟစ်လိုက်သည်။ သူတို့၏ တိုက်ခိုက်နှုန်းများမှာ သိသာစွာ မြင့်တတ်ကုန်ကြသည်။ တိုက်ပွဲစတင်စဥ်ကတည်းက နောက်ဆုံးမှနေ၍ကြောက်လန့်နေခဲ့သော အိုလတ်ဂ်ပင်လျှင် စိတ်ဓာတ်တက်ကြွလာပြီး သူ၏ ကြယ်တစ်လုံးအဆင့်အစွမ်းများကို စတင်ထိရောက်စွာအသုံးချပြီး ရန်သူတချို့အား ရှင်းလင်းသတ်ဖြတ်လိုက်သည်။
“သေစမ်း အဲ့လူက မြင့်မြတ်တဲ့သူရဲကောင်းကွ...”
“ဟာ... အဲ့အကွင်း... အဲ့အကွင်း..က ရှင်သန်ခြင်း စက်ကွင်းပဲ....”
“နောက်ဆုတ်ကြ ဆုတ်ခွာကြ.. ခေါင်းဆောင်ကို ဒီမြင့်မြတ်တဲ့သူရဲကောင်းကို သတ်ဖို့ ကြယ်အဆင့်စစ်သည်တွေလွှတ်ပေးဖို့ပြောလိုက်...သေစမ်းကွာ ဒီကောင်တွေဘက်မှာ ရှင်သန်ခြင်း စက်ကွင်းအသုံးပြုလိုက်တဲ့ မြင့်မြတ်တဲ့သူရဲကောင်းရှိနေရင် ငါတို့နိုင်နိုင်ချေလုံးဝမရှိဘူး....”
ရွှေရောင်စက်ကွင်း ဖှေး၏ ခြေထောက်မှထွက်ပေါ်လာသည့်အခါ ရန်သူများထံမှ အာမေဋိတ်သံများ အော်ဟစ်သံများလည်း ဆူညံစွာထွက်ပေါ်လာကြ၏။
အတွေ့ကြုံရင့်စစ်သားများဖြစ်သည့် ရန်သူများသည် တိုက်ပွဲတစ်ခုတွင် မြင့်မြတ်သော သူရဲကောင်းပါဝင်လာခြင်း၏ အကျိုုးဆက်ကို ကောင်းစွာနားလည်၏။ မြင့်မြတ်သော သူရဲကောင်းများသည် ကုသရေးစက်ကြီးများကဲ့သို့ပင်။ ရှင်သန်ခြင်း၏စက်ကွင်းအား အသုံးပြုနေသ၍ ရန်သူများမှာမောပန်းတော့မည်လဲမဟုတ် ဒဏ်ရာရပါကလဲ ပြန်လည်ပျောက်ကင်းကုန်ကြမည်ဖြစ်သည်။အထူးသဖြင့် ဤကဲ့သို့ ကျဥ်းမြောင်းလှသော တံတားပေါ်တွင် လူသန်ကြီးများနှင့် ၄င်းတို့အား ပံ့ပိုးနေသော မြင့်မြတ်သည့် သူရဲကောင်းအားတိုက်ခိုက်ရခြင်း၏ ရလဒ်မှာ တစ်ခုပဲရှိလိမ့်မည်။ တစ်ဖက်စောင်းနင်း
သတ်ဖြတ်ခံရမှုပင်။
ယခင်ကလူအင်အားကို အသုံးချပြီးအနိုင်တိုက်ခိုက်နိုင်သည်ဟု ယုံကြည်နေကြသော ရန်သူများမှာ သံသယများစတင်ဝင်ရောက်လာပြီဖြစ်သည်။သူတို့၏ ရဲစွမ်းသတ္တိများမှာ နွေလယ်ခေါင်ရှိ ရေခဲပါးပါးလေးကဲ့သို့ပင် လျင်မြန်စွာ အရည်ပျော် ပျောက်ဆုံး အငွေ့ပြန်သွားတော့သည်။
သို့သော်လည်း ဖှေးမှာ ရန်သူများအား ဆုတ်ခွာရန်အခွင့်အရေးလုံးဝမပေးချေ။
“ကျား...”
ဖှေး ခြေထက်မံစောင့်လိုက်သည်။
ယခုအခေါက်တွင် အစိမ်းရောင်စက်ကွင်းမှာ ဖှေးခန္ဓာကိုယ်ကို ဗဟိုပြုပြီး ကျယ်ပြန့်သွားသည်။ထို့နောက်တွင် သူ၏နောက်လိုက်များဖြစ်သည့် လူသန်ကြီးများအား လွှမ်းခြုံသွားလေသည်။ရုတ်တရက်ပင် ပီးရာ့စ်၊ ဒရော့ဂ်ဘာ နှင့် တခြားလူသန်ကြီးများသည် သူတို့၏ခွန်အားများနှစ်ဆမက တိုးပွားသွားသည်ကို ခံစားလိုက်ရသည်။ ရန်သူများကို သူတို့၏ လက်နက်ကြီးများနှင့် ထိရုံမျှအားစိုက်လိုက်ရုံဖြင့် တံတားပေါ်မှ လွှင့်စင်ကုန်ကြမည်ဖြစ်သည်။
ပါလာဒင်၏ [တိုက်ခိုက်မှု အားထောက်ပံ့ပေးခြင်း]အစွမ်းအား အပြင်လောကတွင်ပထမဆုံး အသုံးပြုလိုက်ခြင်းပင်။
“အိုး........သေပြီဟ အဲ့...အဲ့တာ နှစ်ဆထိစက်ကွင်းပဲ.....”
“ဘုရားရေ နှစ်ဆထိစက်ကွင်းကြီးလား ဒီလူက ဒုတိယမြောက်စက်ကွင်းကို အသုံးပြုနိုင်တဲ့အဆင့်ရောက်နေပြီပဲ...”
“နောက် နောက်..... နောက်ဆုတ်ကြ ငါတို့ယှဥ်လို့မရဘူး....လေး..လေးသည်တော်တွေ...ဒီကောင်တွေကို အမြန်ပစ်သတ်ကြပါဟ....”
တံတားပေါ်ရှိ အခြေအနေမှာ ပို၍ပင် ပရမ်းပတာဆန်လာ၏။ပထမရွှေရောင်စက်ကွင်းကို မြင်လိုက်ရစဥ်က ရန်သူများမှာ အရှုံးပေးရန် ဆုတ်ခွာရန်အတွေးများဝင်လာကြသည်။ ယခုအခါတွင် အစိမ်းရောင်စက်ကွင်းအားတွေ့လိုက်ရသော အချိန်တွင်ကား ဘယ်လိုမှဆက်လက်တိုက်ခိုက်လိုစိတ်မရှိတော့ပေ။ စိတ်ဓာတ်လုံးလုံး ပျက်ဆီးကုန်ပြီဖြစ်သည်။
အေဇာရုတိုက်တွင် မဟာဘုရားကျောင်း၏ လွှမ်းမိုးမှုကြောင့် မြင့်မြတ်သောသူရဲကောင်း၏ အရှိန်အဝါမှာ အလွန်ကြီးမားသည်။မြင့်မြတ်သော သူရဲကောင်းအများစုမှာ အေဇာရုတိုက်ရှိ အင်အားကြီးအင်ပါယာများတွင် အရေးပါသည့်နေရာများကို ချုပ်ကိုင်ထားကြသည်ဖြစ်သည်။မြင့်မြတ်သော သူရဲကောင်းများသည် အဖွဲ့သားများကိုကောင်းမွန်စွာအထောက်ပံ့ပေးနိုင်ကြသည်။ ထို့အပြင် တစ်ကိုယ်တော်တိုက်ခိုက်ရာတွင်လည်း အလွန်ကျွမ်းကျင်ကြသည်။သူတို့၏ ဆန်းကျယ်သည့် စက်ကွင်းများနှင့်အတူ ကုသခြင်းများ ကျိမ်စာများစသည်တို့မှာ ရန်သူစစ်တပ်အတွက် အိမ်မက်ဆိုးများပင်ဖြစ်သည်။မြင့်မြတ်သော သူရဲကောင်းများသည် မည်သည့်စစ်ပွဲတွင်မဆို အဓိက ချုပ်ကိုင်ကစားနိုင်သူများဖြစ်ကြ၏။
ထို့ကြောင့်ပင် ဖှေး၏ ပါလာဒင်အစွမ်းများကို မြင်သည်နှင့်တပြိုင်နက် ရန်သူများမှာ ခံစစ်ကို စွန့်လွှတ်ပြီး မြန်သမျှ မြန်မြန်ပင်ဆုတ်ခွာကြတော့၏။
ဒိုင်ယာဘလို ကမ္ဘာမှ ပါလာဒင်နှင့် အေဇာရုတိုက်၏ မြင့်မြတ်သော သူရဲကောင်းတို့မှာ တူညီပုံရသည်။ပါလာဒင်၏ အစွမ်းတော်တော်များများသည် မြင့်မြတ်သော သူရဲကောင်း၏ စက်ကွင်းများနှင့် များစွာတူညီ၏။ထို့ကြောင့်ပင်ရန်သူများသည် ဖှေးအားမြင့်မြတ်သော သူရဲကောင်းတစ်ယောက်ဟု ထင်မှတ်သွားပြီး ဆက်လက်တိုက်ခိုက်ရန်အတွက် ဆန္ဒမရှိတော့ပေ။
မြင့်မြတ်သော သူရဲကောင်းပေါ်ပေါက်လာမှုနှင့် ဖွဲ့စည်းပုံ၏ အမိန့်ပေးခေါင်းဆောင် အမှတ်စဥ်၂ သတ်ဖြတ်ခံရမှုတို့ကြောင့် ရန်သူ့ဖွဲ့စည်းပုံမှာ ထိန်းမနိုင်အောင်ပင် ပရမ်းပတာဆန်လာတော့သည်။ ကြောက်လက်မှ အသက်လုပြေးနေရသော ကြွက်အုပ်ကြီးကဲ့သို့ပင်။ တစ်ချို့စစ်သားများမှာ အခြင်းခြင်းတိုးဝှေ့မှုတို့ကြောင့် မြစ်ထဲပြုတ်ကျကုန်ကြသည်။ တစ်ချို့မှာ အရပ်မျက်မှာမှားယွင်းပြီးပြေးကြရာ ခံတပ်နံရံပေါ်ရှိ ချမ်းဘော့ဒ်လေးသည်တော်များလက်ချက်ကြောင့် ဆန်ကာပေါက်ဖြစ်ကာ သေဆုံးကုန်ကြသည်။
ရန်သူအများစုမှာ စခန်းစီသို့ ပြန်လည်ပြေးရန်ကြိုးစားနေကြသည့်အတွက် အနောက်တွင်ရှိသော လှေကားကြီးများကို ကာကွယ်နေသည့်ဖွဲ့စည်းပုံရှိစစ်သားများကို တိုးဝေ့ခွာဆုတ်ခွာနိုင်ရန်ကြိုးစားနေကြ၏။
“ဒါအခွင့်ကောင်းပဲ တက်ကြ”
ပါလာဒင်၏ [ကုသခြင်း]နှင့် [တိုက်ခိုက်မှုဆိုင်ရာ အထောက်ပံ့ကို]ကို သုံးလိုက်သည့်အချိန်တွင် ရန်သူများ အနောက်သို့အသဲအသန် ဆုတ်ခွာပြေးနေကြသည်ကို ဖှေး သတိထားမိသည်။ အဘယ်ကြောင့်ဆိုသည်ကိုမူကား ဖှေးမသိချေ။သို့ရာတွင် ယခုအချိန်ခါသည် အခွင့်ကောင်းဖြစ်သည်ဆိုသည်ကိုတော့ ဖှေးသိသည်။
“ပီးရာ့စ်၊ ဒရော့ဂ်ဘာ ဒီလှေကားကြီးတွေကို မြစ်ထဲတွန်းချလိုက်ကြတော့၊ အမြန်လုပ်ကြ”
ဖှေးသူ၏ ပုဆိန်ဖြင့်ဝှေ့ရမ်းတိုက်ခိုက်ရင်း လှေကားများကို ကာကွယ်သည့် ဖွဲ့စည်းပုံအတွင်းသို့ဝင်သွားသည်။ ထို့နောက်တွင်များစွာသောရန်သူများအား ရှေ့မှကာထားကာတစ်ယောက်ထဲခုခံရင်း အနောက်မှ လှေကားကြီးများကို မြစ်ထဲတွန်းချ ဖျက်ဆီးပစ်ရန် ပီးရာ့စ် နှင့် ဒရော့ဂ်ဘာ ကို အမိန့်ပေးလိုက်သည်။
“ဟုတ် အရှင်မင်းကြီး”
လက်ထဲမှလက်နက်ကြီးများနှင့် တိုက်ခိုက်ရင်း လှေကားကြီးများထံသို့ ချည်းကပ်သွားကြသည်။
“ဗွမ်း ဗွမ်း”
လှေကားအား ကာကွယ်နေသော ရန်သူများမှ ပြင်းထန်စွာခုခံသော်လည်း ပီးရာ့စ်နှင့် ဒရော့ဂ်ဘာ ကို တားဆီး၍မရပေ။ ကာကွယ်နေသောစစ်သားများကို တိုက်ခိုက်သတ်ဖြတ်ပြီး လှေကားကြီးနှစ်ခုအား ရေထဲသို့တွန်းချလိုက်၏။
စိတ်ဓာတ်မှာ အလွန်တက်ကြွနေသည်။လှေကားနှစ်ခုအား တွန်းချပစ်လိုက်ပြီးနောက်တွင် အော်ဟစ်ကာ ကျန်ရှိနေသော လှေကားလေးခုအားဖျတ်ဆီးရန် ဆက်လက်ချီတပ်သည်။လှေကားကြီးများအားလုံးအား အောင်မြင်စွာဖျက်ဆီးပြီးပါက သူတို့၏ ရည်ရွယ်ချက်တစ်ဝက်ခန့် အောင်မြင်ပြီးမြောက်သွားမည်ဖြစ်သည်။
ထိုအချိန်တွင်.....
“မူ.....မူး....မူးးးး”
ဇူလီမြစ်တောင်ဘက် ကမ်းမှာ ကျွဲချိုမှုတ်သံများထွက်ပေါ်လာသည်။
ကျွဲချိုမှုတ်သံ၏ သံစဥ်အပြောင်းအလဲ အတိုအရှည်တို့ဖြင့် အမိန့်လှမ်းပေးနေခြင်းဖြစ်သည်။သို့သော်လည်း ရန်သူတပ်များမှာ တစ်ယောက်မျက်နှာတစ်ယောက်သာ စိုက်ကြည့်နေကြပြီး အမိန့်အားလိုက်နာနိုင်ခြင်းမရှိကြတော့ပေ။ထိုအမိန့်များမှာ လှံဒိုင်းကာဖွဲ့စည်းပုံအတွက် အမိန့်များဖြစ်သည်။ သို့သော်လည်း လှံဒိုင်းကာဖွဲ့စည်းပုံ မှာ ဖှေးတို့အုပ်စု၏ ထိုးဖောက်ခြင်းခံလိုက်ရကာ ပျက်သုန်းသွားခဲ့ပြီဖြစ်သည်။
မည်သူမျှ လူ၂၀ခန့်မျှသည် လူ၁၀၀ ကျော်ခန့်ရှိသည့် ဖွဲ့စည်းပုံအား အချိန်ခနအတွင်း အပျောက်ရှင်းနိုင်မည်ဟု ထင်လိမ့်မည်မဟုတ်ပေ။ အမိန့်အား သယ်ဆောင်ရသည့်အချိန်မှာ ၂မိနစ်ခန့်သာ ကြာမြင့်သည်ဆိုသော်လည်း နောက်ကျသွားပြီဖြစ်သည်။
အပိုင်း(၅၁) ဆက်ရန်.....
[နောက်လာမယ့် အပိုင်းတွေကို အောက်ပါLinkက Pageမှပဲဆက်တင်ပေးသွားမှာဖြစ်လို့ Like/Follow လုပ်ထားပေးကြပါဦးဗျ။]
https://www.facebook.com/Hail-The-King-102944898440462/