အခန်း (၅၁)
Vol. 4 Ch. 51
နှစ်မိနှစ်အတွင်းမှာပင် ရန်သူ၏ အထူးခံစစ်ဖွဲ့စည်းပုံမှာ နင်းချေခံလိုက်ရသည်။
တဖက်မှ စုစုပေါင်းရန်သူ၂၃ယောက်မှာ အသေအပျောက်မရှိပေ။ဖှေးအပါအဝင်ချမ်းဘော့ဒ် စစ်သား၂၃ယောက်မှာ မောပန်းခြင်းမရှိပဲ ရှေ့ဆက်တိုး တိုက်ခိုက်သတ်ဖြတ်လျှက်ရှိသည်။
ကျဥ်းမြောင်းလှသော ကျောက်တံတားမှာ ငရဲသို့သွားရာ လမ်းအသွင်သို့ပင်ပြောင်းလဲသွား၏။ရန်သူများမှာ ခုခံရန်နည်းလမ်းမရှိပေ သေမင်းခေါ်ဆောင်ရာအနောက်သို့ နာကြင်စွာအော်ဟစ်ရင်း လိုက်ပါသွားရသည်သာဖြစ်သည်။
လျှင်မြန်စွာပင် ကျန်ရှိနေသေးသော လှေကားကြီး၄ခုအား ဇူလီမြစ်အတွင်းသို့ ပစ်ချဖျတ်ဆီးလိုက်ကြသည်။ စက္ကန့်ပိုင်းအတွင်းတွင် ဇူလီမြစ်၏ ပြင်းထန်လှသော ရေစီးကြောင်း၏ ဝါးမြိုခြင်းခံရတာ ပျောက်ကွယ်သွားတော့သည်။
“ချီတပ်”
လူ၂၃ယောက်၏ သံပြိုင်အော်ဟစ်သံမှာ ကောင်းကင်ကိုပင် တုန်ဟီးစေသည်။ထိုလူသန်ကြီးများမှာ သူတို့အမိမြေကျူးကျော်ခြင်းခံရသည့်အတွက် ဒေါသထွက်နေကြသော လူများဖြစ်သည်။သူတို့၏သွေးများတောက်လောင်နေကာ သူတို့၏ဘုရင်အနောက်မှ ယုံကြည်စွာဖြင့်တိုက်ခိုက်လိုက်ပါနေကြသည်။၄င်းတို့သည် ငရဲပြည်ရှိသွေးကန်အတွင်းမှ ထွက်လာသည့် သတ္တဝါကြီးများ အတိုင်းပင် ခန္ဓာကိုယ်ပေါ်တွင် ရန်သူ၏ သွေးများဖြင့်ပြည့်နှက်နေ၏။
တစ်မိုင်ခွဲခန့်ရှည်လျားသော တံတားပေါ်တွင် ဖှေးတို့အဖွဲ့သည် ကိုက်၅၀၀ခန့် တိုက်ခိုက်ရှင်းလင်းခဲ့ပြီးပြီဖြစ်သည်။
လှေကားကြီးများကို ဖျက်ဆီးပြီးသည့်နောက်တွင် နောက်ထက်ပစ်မှတ်မှာ ကျောက်တုံးပစ်လောက်လွှဲ ကြီးများပင်။သို့ရာတွင် ကျောက်တံတားသည် ဝေးလေကျဥ်းလေဖြစ်သည်။ ကျောက်တံတားအလည်တည့်တည့်တွင် အကျယ်အဝန်းမှာ ၂ကိုက်ခန့်သာရှိ၏။ထိုနေရာမှာ တံတားပေါ်တွင် အန္တရာယ်အများဆုံးနေရာဖြစ်သည်။ ရေစီးမြန်လှသော ဇူလီမြစ်သည် ထိုနေရာ၏ အောက်တည့်တည့်တွင် ရေဝဲကြီးတစ်ခု ဖြစ်ပေါ်လျှက်ရှိပြီး စုပ်အားတစ်ချို့ သက်ရောက်နေသည်။ သာမန်လူတစ်ယောက် ဂရုမစိုက်ပဲ ထိုနေရာမှဖြတ်လျှောက်ပါက ရေဝဲ၏စုပ်အားကြောင့် မြစ်အတွင်းသို့ကျပြီး ရေစီး၏ဝါးမြိုခြင်းအား ခံရမည်ဖြစ်သည်။
တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေသည်။
ဖှေးသည် သူ၏သစ္စာရှိလူသန်ကြီးများနှင့် ရှေ့သို့တိုးတိုးပြီးတိုက်ခိုက်လာရာ ကျောက်တုံးပစ်လောက်လွှဲ ကြီး၆ခုထားထားသည့်နေရာနှင့် နီးသထက်နီးလာပြီဖြစ်သည်။ချမ်းဘော့ဒ်၏ ခံတပ်နံရံပေါ်တွင် လက်ခုပ်သံများ အားပေးသံများဖြင့် ပြည့်နှက်နေသည်။စစ်သားများနှင့် လူငယ်များ အော်ဟစ်ကာအားပေးနေကြသည်။သူတို့၏ အသံများကို တံတားပေါ်ရှိ ပြင်းထန်သောတိုက်ပွဲကြားထဲသို့ ရောက်ရှိစေရန် အော်ဟစ်အားပေးနေကြခြင်းပင်။
တိုက်ပွဲဖြစ်ပွားနေစဥ်တွင် ချမ်းဘော့ဒ်တိုင်းပြည်အတွင်းရှိ အားအနည်းဆုံးသာမန်မြို့သူမြို့သားပင် ရရာလက်နက်ကိုင်စွဲပြီး ခံတပ်နံရံပေါ်သို့ တက်လာကြပြီး သူတို့၏ဘုရင်နှင့်တကွ ရွေးချယ်ထားသောစစ်သားများရန်သူများအား လက်တုန့်ပြန်ချေမှုန်းနေသည်ကိုတွေ့သော် အားပါးတရအော်ဟစ်အားပေးကြသည်။ထိုမြင်ကွင်းမှာ သူတို့၏ နှလုံးသားထဲတွင် စွဲကျန်သွားပြီဖြစ်ရာ သေသည်အထိပင် မေ့နိုင်တော့မည်မဟုတ်တော့ပေ။
လှပသော အန်ဂျယ်လာနှင့် အန်မာမှာ မကြည့်ရဲကြသဖြင့် သရဲကားကြည့်နေသည့်အတိုင်း သူတို့၏မျက်လုံးများအား လက်များဖြင့် ဖုံးအုပ်ထားကြသည်။သို့သော်လည်း ဖှေးအတွက်စိုးရိမ်သည့်အတွက် မကြည့်ပဲမနေနိုင်ကြချေ။ လက်ချောင်းကြားထဲမှနေ၍ တိုက်ပွဲအား ကြည့်ရှုနေကြသည်။အခြေအနေမှာ အန္တရာယ်များလာသည့်အချိန်တွင် သူမတို့နှစ်ယောက်ကြောက်လန့်တကြားအော်ဟစ်ကြမည်ဖြစ်ပြီး ဖှေးမှထိုအခြေအနေကိုပြောင်းလဲ လိုက်သည့်အခါမျ်ိုးတွင် သူမတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက်ဖက်ပြီး ပျော်ရွှင်စွာအားပေးကြမည်ဖြစ်သည်။
ချမ်းဘော့ဒ်၏ နံပါတ်၁စစ်သည် လမ်းပါ့ဒ် မှာခံတပ်နံရံပေါ်တွင် မားမားမက်မက်ရပ်နေသည်။
တိုက်ပွဲ၏အစ ဖှေးနံရံပေါ်မှ တွယ်ဆင်းသွားသည်မှစကာ ရန်သူ၏လှံဒိုင်းကာ ခံစစ်ဖွဲ့စည်းပုံအား ချေမှုန်းလိုက်သည်အထိ အခြေအနေများကို လမ်းပါ့ဒ်မှာ ကြယ်သုံးလုံးစစ်သည် ဖြစ်သည်အလျှောက် တစ်ခြားသူများထက်ပိုမိုသဘောပေါက်နားလည်သည်။လမ်းပါ့ဒ်၏ အပြင်ပိုင်းအမူအရာမှာ တည်ငြိမ်ခန့်ညားသည့်ပုံရှိသော်လည်း စိတ်ထဲတွင် အလတ်ဇန္ဒား၏ အစွမ်းတို့ကြောင့် ရှုပ်ထွေးနေ၏။အလတ်ဇန္ဒားတွင် လျို့ဝှက်ပြီးသန်မာသည့်အစွမ်းများ အနည်းဆုံး၃မျိုးခန့်ရှိသည်မှာသေချာ၏။သားရိုင်းတစ်ကောင်ကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားများ၊ အေးစက်သည့် အဖြူရောင်အတွင်းအားများ၊ မြင့်မြတ်သော သူရဲကောင်းနှင့် ဆင်တူသော မြင့်မြတ် သန့်စင်သည့် အတွင်းအားများ စသည်တို့ပင်။ဤအချက်အလက်များမှာ ခံတပ်မျှော်စဥ်အတွင်းမှ အာရုံခံလိုက်မိသော မတူညီသည့်အတွင်းအား၄မျိုးမှာ အလတ်ဇန္ဒားထံမှ ဖြစ်သည်ဟူသော လမ်းပါ့ဒ်၏ သီအိုရီမှန်ကန်ကြောင်းသက်သေပြနေသည်။
“အလတ်ဇန္ဒားတစ်ယောက်ဘာလို့များ ဉာဏ်ရည်မမှီတာကနေပြန်ကောင်းလာပြီး ဒီလိုထူးခြားတဲ့စွမ်းအင်တွေရလာရတာလဲ...တကယ်ပဲ စစ်ပွဲနတ်ဘုရားက ကောင်းချီးပေးတာများလား......”လမ်းပါ့ဒ် အဖြေမရှာနိုင်ချေ။
သို့သော်သူ၏နှလုံးသားထဲတွင် အလတ်ဇန္ဒားအား ထိုကဲ့သို့ အံ့သြဖွယ်ရာများကိုဆက်လက်ဖန်တီးနိုင်ရန် လေးလေးနက်နက်လိုလားသည်။ရုတ်တရက် လမ်းပါ့ဒ် အတိတ်ကိုပြန်သတိရသွားသည်။ ကောင်းကင်သို့မော့ကြည့်လိုက်ပြီး ရင်းနှီးပြီးသားမျက်နှာတစ်ခုအား မြင်ယောင်လိုက်သည်။”ငါ့ရဲ့မိတ်ဆွေဟောင်းကြီး မင်းရဲ့သားအခုလိုရဲရင့် သန်မာနေတာကို မင်းကောင်းကင်ဘုံရနေမြင်နိုင်နေရဲ့လား။တစ်နေ့ကျရင် သူပိုပြီးသန်မာလာပြီး ငါတို့ရဲ့ပျောက်ဆုံးနေတဲ့ ဟယ်လန်ကို ရှာတွေ့ဖို့ ကူညီနိုင်လောက်တယ်.....”
.........
ဇူလီမြစ် တောင်ဘက်ကမ်းရှိတောင်ကုန်းတစ်ခူပေါ်တွင်ဖြစ်သည်။
“မဖြစ်နိုင်ဘူး။ ဒါလုံးဝမဖြစ်နိုင်ဘူး... ္ီးပဲကွာ။ တစ်ယောက်ယောက်ငါ့ကိုရှင်းပြ ကြစမ်းပါ၊ ဒါတွေဘာကြောင့်ဒီလိုဖြစ်ကုန်ရတာလဲလို့။ဘာ့ကြောင့်လဲ...အဲ့လူက မြင့်မြတ်သော သူရဲကောင်းတစ်ယောက်တဲ့လား၊ ဘယ်လိုတွေဖြစ်ကုန်တာလဲ.....သူအရင်ကအတွင်းအားလုံးဝမရှိတဲ့လူပါ......ငါ့ရဲ့လှံဒိုင်းကာ စည်းပုံတော့သွားပါပြီ၊ ခွင့်မလွှတ်နိုင်စရာပဲ.....”
ငွေရောင်မျက်နှာဖုံးရှင် မှာ စစ်ပွဲဖြစ်ပွားနေသည့်နေရာအား လှမ်းကြည့်ပြီး မခံမရပ်နိုင်ဖြစ်နေ၏။
သူမြင်နေရသည်များကို မယုံနိုင်ဖြစ်နေ၏။ သူဂုဏ်ယူဝင့်ကြွားခဲ့ရသည့် ဖွဲ့စည်းပုံမှာ အချိန်ခနအတွင်းပင် ပျက်ဆီးသွားခဲ့ပြီဖြစ်သည်။
ငွေရောင်မျက်နှာဖုံးရှင် အလွန်ဒေါသဖြစ်လာရာ သူ၏ခန္ဓာကိုယ်အား အပြာရောင်စွမ်းအင်များလွှမ်းခြုံလာပြီး သူ၏အနီးပတ်ဝန်းကျင်၏ အပူချိန်မှာ နှိမ့်ကျလာသည်။သူဆုပ်ကိုင်ထားသော မြင်းကြာပွတ်မှာ ရေခဲသွားပြီး လက်ဖြင့်ဆုပ်ခြေလိုက်သဖြင့် အစိတ်စိတ်အမွာမွာဖြစ်သွား၏။
သူဘယ်တုန်းကမှ ယခုကဲ့သို့အရှက်မရခဲ့ဖူးပေ။
သူ၏ ဗျူဟာမှာ လူ၂၃ယောက်၏ နင်းချေခြင်းကိုခံလိုက်ရသည်။သူဂုဏ်ယူဝံ့ကြွားရသည့်လှံ ဒိုင်းကာဖွဲ့စည်းပုံမှာလည်း ၂မိနစ်ပင် မခံလိုက်ပေ။ သူ၏အမိန့်ပေးရန်ကြာချိန်ဖြစ်သည့် ၂မိနစ်အတွင်းမှာပင် ပျက်ဆီးသွားခဲ့ခြင်းဖြစ်သည်။
ဤကဲ့သို့ဖြစ်ရပ်မျိုးမှာ ဘဝတစ်လျှောက်တွင် တစ်ခါမှမရှုံးနိမ့်ခဲ့ဖူးသည့် ငွေရောင်မျက်နှာဖုံးရှင် အတွက် မျက်နှာကို ဖြတ်ရိုက်ခံလိုက်သကဲ့သို့ပင်။
“အေး ငါချမ်းဘော့ဒ်ကို သိမ်းပြီးတာနဲ့တစ်ယောက်မှအရှင်မထားဘူးလို့ ငါအာမခံတယ်။ချမ်းဘော့ဒ်က ကျေးကျွန်တွေကို အရေခွံနွာပြီး သူတို့အရေခွံတွေကို နံရံပေါ်မှာ ချိတ်ဆွဲထားမယ်။ သူတို့ရဲ့အသားတွေအရိုးတွေကို တောက်တောက်ဆင်းပြီး သူတို့ရဲ့ဘုရင်ကို အတင်းအကြပ်ကျွေးပစ်မယ်...”
ငွေရောင်မျက်နှာဖုံးရှင် ဒေါသကြီးစွာဖြင့် ကြိမ်းဝါးလိုက်သည်။
သူ၏ခန္ဓာကိုယ်အား လွှမ်းခြုံနေသော အပြာရောင်စွမ်းအင်များမှာ သိပ်သည်းလာပြီး ဘေးသို့ပေါက်ကွဲပျံ့နှံ့သွား၏။သူစီးနေသော မြင်းမှာ ရေခဲသွားပြီး ရေခဲမြင်းရုပ်တုအဖြစ်သို့ပြောင်းသွား၏။
ငွေရောင်မျက်နှာဖုံးရှင် အနောက်ရှိ အမဲရောင်စစ်သည် များမှာ အသံတစ်သံမှမထွက်ရဲကြချေ။ သူတို့၏ခေါင်းများကို ငုံ့ထားကြပြီး ပါးစပ်ပိတ်နေ၏။ အမဲရောင်စစ်သည် များစီးနေသော မြင်းများမှာလည်း အန္တရာယ်အား ရိပ်စားမိဟန်ရှိသည်။မျက်လုံးတွင် ကြောက်ရွံ့ခြင်းများ လွှမ်းမိုးနေပြီး အနောက်သို့ဆုတ်ရန်အသဲအသန်ကြိုးစားနေကြသည်။ငွေရောင်မျက်နှာဖုံးရှင်အား သွေးဆာနေသော သားရဲတစ်ကောင်အလား ကြောက်ရွံ့နေကြ၏။
တောင်ကုန်းပေါ်တွင် မည်သူမျှမလှုပ်ရဲကြချေ။