အခန်း (၅၂)
Vol. 4 Ch. 52
ငွေရောင်မျက်နှာဖုံးရှင်၏ ဘေးတွင်အမဲရောင်ဝတ်ရုံဝတ်ထားသည့် ထူးဆန်းသည့်မှော်ဆရာ မည်သည့်အချိန်ကတည်းက ရောက်ရှိနေသည်ကို မည်သူမှ သေချာမသိချေ။အနီးကပ်တွင်ရှိနေသော်လည်း ငွေရောင်မျက်နှာဖုံးရှင် ထုတ်လွှတ်လိုက်သော အတွင်းအားများသည် သူ့အပေါ်တွင် မည်သည့်နည်းဖြင့်မှ ထိရောက်ခြင်းမရှိပေ။ထိုမှော်ဆရာစီးနေသော်မြင်းမှာ အေးဆေးပင် မြက်စားလျှက်ရှိနေ၏။အမဲရောင်စွမ်းအင်များမှာ သူ့အား ဝန်းရံလျှက်ရှိပြီး ထိုပတ်ဝန်းကျင်ရှိအလင်းကိုပင် ကွေးညွတ်စေလျက်ရှိသည်။
“ငါ့အမိန့်ကိုသွားပြောပေး သံချပ်ဝတ်ထိုးဖောက်နိုင်တဲ့ လေးသည်တော်ဖွဲ့စည်းပုံကို အသင့်ပြင်ထားဖို့ပြောလိုက်။ တံတားရဲ့ရှေ့ပိုင်းတဝက်လောက်ကို နေရာလပ်မရှိပစ်နိုင်အောင် စီစဥ်ထား၊ ငါဘာပဲပေးရပေးရ ဒီခွေးသားတွေကို သေအောင်ပစ်နိုင်မှ ကျေနပ်မယ်....” ငွေရောင်မျက်နှာဖုံးရှင် ဒေါသဖြင့် အမိိန့်ပေးလိုက်သည်။ သူ၏မျက်လုံးများမှာ ဒေါသကြောင့် ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် နီရဲနေ၏။
“ဆရာ...ကျွန်နော်တို့စစ်သားတွေလဲတံတားပေါ်မှာရှိနေသေးတယ်လေ သူတို့ပါရောပြီး မြှားမှန်ကုန်နိုင်ပါတယ်....”
အမဲရောင်စစ်သည် များမှာနားမလည်နိုင်ကြချေ။ ဖှေးတို့အုပ်စု ဝင်တိုက်ပြီးချိန်တွင် အုပ်စုနှစ်ခုမှာ ရောနေပြီဖြစ်သည်။အကယ်၍ထိုနေရာအား သံမဏိဖောက်ထွင်းနိုင်သည့် လေးမြှားများဖြင့် ပစ်ခတ်ပါက သူတို့လူ၁၀၀ ကျော်ခန့်ကိုပါ ဆုံးရှုံးရမည်ဖြစ်သည်။
“ငါ့တို့စစ်သားတွေလား စစ်သားတွေဆိုတာသူတို့ခေါင်းဆောင်ကိုကာကွယ်ဖို့ အသက်ပေးရတာ သူတို့တာဝန်မဟုတ်ဘူးလား၊ ငါ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့အတွက် သူတို့အသက်စွန့်လွှတ်ခွင့်ရတာ သူတို့ကိုယ်သူတို့ ကံကောင်းတယ်လို့တောင်ယူဆရဦးမယ်။”
ငွေရောင်မျက်နှာဖုံးရှင် မှာ အနောက်သို့ပင့်လှည့်မကြည့်ပေ။ စာကြောင်းအနည်းငယ်မှာ စစ်သားတစ်ရာကျော်၏ ကံကြမ္မာအား ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
ဒေါသများကြားထဲတွင် ကျန်ရှိနေသော အသိစိတ်သေးသေးလေးတစ်ခုမှ ငွေရောင်မျက်နှာဖုံးရှင် အား အရေးပေါ်အစီစဥ်တစ်ခုလိုအပ်ကြောင်း လှုံ့ဆော်နေ၏။ဆက်တိုက်ရင်ဆိုင်နေရသော အရှုံးများကြောင့် အခြေအနေအား ပို၍သတိထားတတ်လာပြီး အနည်းငယ်လဲကြောက်ရွံ့တတ်လာပြီဖြစ်သည်။ရှေ့ဆုံးမှချီတပ်တိုက်ခိုက်နေသော လူမှာ ငွေရောင်မျက်နှာဖုံးရှင် အား တုန်လှုပ်အံ့သြစရာများစွာကို ဖန်တီးပေးခဲ့ပြီးဖြစ်သည်။ထို့ကြောင့်ပင် သံမဏိချပ်ဝတ်ထိုးဖောက်နိုင်သော မြှားများဖြင့်ပင် ထိုချမ်းဘော့ဒ်သားရိုင်းများအား ရပ်တံ့နိုင်မည်မဟုတ်ဟု တွေးမိလေသည်။
သူ၏ရေခဲရုပ်တု မြင်းပေါ်တွင် အတန်ကြာထိုင်စဥ်းစားပြီးနောက်တဖက်သို့လှည့်ကာ ဘေးရှိ အမဲရောင်ဝတ်ရုံခြုံထားသည့် ထူးဆန်းသည့်မှော်ဆရာအား ညင်သာစွာပြောလိုက်၏။
“ဆရာကြီး...တကယ်လို့ ကျွန်တော်တို့ရဲ့ မြှားတွေက အဲ့ခွေးသားတွေကို မရပ်တံ့နိုင်ခဲ့ဘူးဆိုရင် ဆရာကြီးရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မှော်ပညာကို အသုံးပြုပြီး အဲ့ကောင်တွေကိုရှင်းပေးနိုင်မလား....”
အမဲရောင်ဝတ်ရုံဖြင့် ထူးဆန်းသည့် လူမှာခေါင်းငြိမ့်ပြလိုက်သည်။ သူ၏ ရွှေ့လျားမှုကြောင့် အနည်းငယ်ရွှေ့သွားသည့် ဝတ်ရုံအောက်မှ ထူးဆန်းသည့်စာများ ကနုတ်များဖြင့်ပြည့်နက်နေသည့် မှော်တုတ်တံတစ်ချောင်းကို တပိုင်းတစမြင်တွေ့လိုက်ရ၏။
သူသည်ငွေရောင်မျက်နှာဖုံးရှင်အား ချက်ခြင်းအဖြေပြန်မပေးသေး။ သူ၏စိတ်ထဲတွင်တွေးနေ၏”အတော်အံ့သြဖို့ကောင်းတာပဲ...ငါ့သက်တမ်းတစ်လျှောက်မှာ အရိုင်းဆန်တဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အား၊ အမှောင်စွမ်းအား၊ မြင့်မြတ်သန့်စဥ်တဲ့စွမ်းအားတွေကို တလှည့်စီပြောင်းသုံးသွားတာမျိုးကို တစ်ခါမှမမြင်ဖူးသေးဘူး။ဒီလူမှာ ထူးဆန်းတဲ့အစွမ်းတစ်မျိုးကို ရရှိထားတဲ့ပုံပဲ။ စွမ်းအားသုံးမျိုးက တအားကြီးအစွမ်းမထက်သေးပေမယ့် စိတ်ဝင်စားစရာကောင်းတာတော့ အမှန်ပဲ၊ ငါသူ့ရဲ့လျှို့ဝှက်ချက်ကို သိမှဖြစ်မယ်။အဲ့နည်းလမ်းကိုသိပြီဆိုရင် ငါလည်းနောက်တစ်ဆင့်ကိုတက်နိုင်ပြီး ငါ့အစွမ်းတွေတော်တော်များများ တိုးလာတော့မှာပဲ ဟားဟားဟား”
ထိုသို့တွေးပြီးသော် ငွေရောက်မျက်မှာဖုံးရှင်မှာ ဘက်သို့လှည့်ကာ သူ၏အေးစက်စက်ကွဲအက်အက်အသံဖြင့်ပြောလိုက်သည်။ “အေး ငါကူညီပေးမယ်...ဒါပေမယ့်အဲ့လူ ငါအဲ့လူကိုတော့ အသက်ရှင်လျှက်ပဲလိုချင်တယ်....”
ဖှေးအားလက်ညိုးထိုးပြလိုက်သည်။ လက်ညိုးမှာ အိုဟောင်းနေသာ သစ်ပင်တစ်ပင်၏ သစ်ကိုင်းတစ်ခုကဲ့သို့ပင် အိုဟောင်းရွတ်တွနေ၏။
ငွေရောင်မျက်နှာဖုံးရှင် မျက်မှောင်ကြုံ့လိုက်သည်။ သူသည်ဖှေးအား မကျေနပ်ဆုံးဖြစ်သဖြင့် အသက်ရှင်လျက်မထားလိုပေ။ထိုသူကြောင့်သာမဟုတ်လျှင် လှံဒိုင်းကာဖွဲ့စည်းပုံမှာ လွယ်လွယ်ကူကူထိုးဖောက်ခံရပြီး ရက်ရက်စက်စက် သတ်ဖြတ်ခံရမည်မဟုတ်ပေ။ ဖြစ်နိုင်ပါက ထိုလူအား မြှားပေါင်းများစွာဖြင့် ပစ်ပြီး စုတ်ပြတ်အောင်လုပ်ကာ သတ်ပစ်လိုသည်။သို့သော်လည်း သူ၏ဆရာဖြစ်သည့် အမဲရောင်ဝတ်ရုံဖြင့်ထူးဆန်းသည့်မှော်ဆရာ၏ ကြောက်မက်ဖွယ်ကောင်းသည့် ကြယ်လေးလုံးအဆင့် မှော်ပညာအစွမ်း၏ အထောက်ကူက်ိုလိုလားသဖြင့် ခေါင်းငြိမ့်ကာ သဘောတူလိုက်ရသည်။
“ငါ့အမိန့်ကိုသွားပြောလိုက်...လေးသည်တော်တွေကို ဂရုစိုက်ဖို့ပြောလိုက်ရန်သူဘက်က ခေါင်းဆောင်ကိုမသေစေနဲ့လို့ ဒါမယ့်မသေရုံတမယ်ပဲထား......”ငွေရောင်မျက်နှာဖုံးရှင် သူ၏ အမိန့်အား ပြန်လည်ပြုပြင်လိုက်သည်။
အမဲရောင်စစ်သည်များမှာ ဘာမှမပြောရဲချေ၊ သူ၏အမိန့်အား ပြောကြားပေးရန် ထွက်ခဲ့ကြ၏။
မကြာမှီမှာပင် စစ်သားတစ်စု ရန်သူ့စခန်းထဲမှ ထွက်လာခဲ့ကြသည်။ထိုရန်သူများ၏ ခြေလှမ်းများမှာ ခိုင်မှာပြီး ခွန်အားတောင့်တင်းကြောင်းထင်ရှားသည်။တစ်ယောက်ခြင်းစီ၏အနောက်တွင် ကြီးမားသည့်အမဲရောင် လေးကြီးများနှင့် အဖြူရောင်ငှက်မွေးများ ဖြင့်ပြုလုပ်ထားသည့် မြှားများပြည့်နှက်နေသာ မြှားကျည်တောက်များကို လွယ်ထားကြသည်။မြှားများအပေါ်တွင် မှော်စာလုံးများ ထွင်းထုထားပြီး မှော်စွမ်းအင် အနည်းငယ်ပါရှိသည်။ထိုမြှားများမှာထူထဲလှသည့် သံမဏိချပ်ဝတ်များနှင့် အဆင့်နိမ့်မှော်ဆရာတို့၏ အကာရံများကိုထိုးဖောက်နိုင်စွမ်းရှိသည့် မြှားများပင်ဖြစ်သည်။ထိုမြှားများမှာ စစ်မြေပြင်တွင် စစ်သည်များမှော်ဆရာများအတွက် အဆိုးဝါးဆုံး အိမ်မက်ဆိုးများပင်ဖြစ်သည်။
မြှားတစ်ချောင်းကို ပြုလုပ်ရန်ပင် ကုန်ကျစရိတ်လဲကြီးမားလှသည်။ထိုမြှားချောင်းများမှာ ရွှေဖြင့်ပြုလုပ်ထားသည်ဟုပင်ဆိုနိုင်သည်။ ပုံမှန်အားဖြင့်ဆိုပါက ငွေရောင်မျက်နှာဖုံးရှင် ထိုကဲ့သို့တန်ဖိုးကြီးလှသည့်မြှားများကို ထုတ်သုံးမည်မဟုတ်။ ယခုအခါတွင် ထိုမြှားများရှိသမျှအကုန်ထုတ်ပစ်လိုသည်အထိပင် ဒေါသထွက်နေ၏။
ဝတ်ရုံအနက်နှင့် ထူးဆန်းသည့်မှော်ဆရာမှာ ထိုအရာအား မသိချင်ယောင်ဆောင်နေလိုက်သည်။
ထို့နောက်တွင် တိတ်ဆိတ်စွာရယ်မောလိုက်၏။ သူ၏ရယ်သံမှာ ကွဲအက်အက်ဖြင့် ပန်းကန်တစ်ခုအား ခတ်ရင်းဖြင့် ခြစ်နေသည့်အတိုင်းပင်။သူ၏မြင်းပေါ်တွင်စီးရင်း တံတားပေါ်သို့ ဖြေးညင်းစွာ ခရီးနှင်ခဲ့၏။တံတားအနီးသို့ရောက်လာလေလေ သူ့အားလွမ်းခြုံထားသည့် အမဲရောင်စွမ်းအင်များ သိပ်သည်းလာလေဖြစ်သည်။ အနီးရှိလူများ၏ အမြင်အာရုံကို ဝေဝါးစေလျက်ရှိသည်။
ထိုအချိန်မှာပင် တံတားပေါ်ရှိ တိုက်ပွဲမှာ ပိုမိုပြင်းထန်လာပြီဖြစ်သည်။ အတိအကျဖော်ပြရပါက ဖှေး၏ သတ်ဖြတ်မှုများမှာ ပိုမိုပြင်းထန်လာပြီဖြစ်သည်။ဖှေးထိပ်ဆုံးမှနေပြီး ဦးဆောင်နေသောကြောင့် မည်သည့်ရန်သူ၏ ဖွဲ့စည်းပုံအဆို ဒိန်ခဲကဲ့သို့ အရည်ပျော်သွားမည်ဖြစ်သည်။
လှေကားကြီး၆ခုကား ဖျတ်ဆီးပြီးသည်မှာ ကြာခဲ့ပြီဖြစ်သည်။လွန်ခဲ့သည့်၂မိနစ်တွင် ဖှေးဦးဆောင်သော သားသတ်သမား၂၃ယောက်မှာ လှံသမားဖွဲ့စည်းပုံနှင့် ဓားသမားဖွဲ့စည်းပုံတို့ကို တိုက်ခိုက်ချေမှုန်းပြီးဖြစ်သည်။
သူတို့အဖွဲ့ရောက်သွားသည့်နေရာတိုင်း ငရဲအသွင်ပြောင်းသွား၏။ သွေးများနေရာအနှံ့ပြန့်နှံ့နေပြီး နာကြင်စွာအော်ဟစ်သံများမှာ အဓိကကာရံများပင်ဖြစ်၏။တံတားအောက်ရှိ ပြင်းထန်လှသော ရေစီးသန်နှင့်အတူ သေခြင်းတရား၏ ရယ်မောသံများဟုပင် တင်စားလောက်သည်။လေထုပင်နီရဲနေလျက်ရှိရာ အသက်ရှူလိုက်သည့်အခါတိုင်းတွင် လေများအားရှူသွင်းနေခြင်းမဟုတ် သွေးမှုန်သွေးစများပင်။
တိုက်ပွဲသည်ထိုကဲ့သို့ အခြေအနေရောက်လာသည့်အခါ လေ့ကျင့်မှုများစွာပြုလုပ်ထားပြီး စစ်ပွဲများစွာရင်ဆိုင်ဖူးသည့် ကျွမ်းကျင်စစ်သားများပင် ဆက်လက်တိုက်ခိုက်ရန် သတ္တိမရှိတော့ပေ။တောက်ပသောနေမှာ ကောင်းကင်အလည်တည့်တည့်တွင် ထွန်းလင်းတောက်ပနေသော်လည်း ရန်သူများမှာ ရေခဲသေတ္တာထဲမှာ နေနေရသည့်အလား ခြေလက်များအေးစက်နေကြ၏။
ယခင်က စနစ်တကျနှင့် ညီညီညာညာဖွဲ့စည်းပုံများမှာ ယခုအခါတွင် ပရမ်းပတာဖြစ်နေကြပြီဖြစ်သည်။ ရှေ့မှရန်သူများမှာ အနောက်ရှိလူများသို့တိုးဝှေ့ကာ ဆုတ်ခွာပြေးရန်ကြိုးစားကြသည်။ အခြင်းခြင်းတိုက်မိပြီး ကျဥ်းမြောင်းလှသည့် တံတားပေါ်မှလိမ့်ကျကုန်ကြသည်။
ပို၍ကြောက်စရာကောင်းသည်မှာ တံတားပေါ်မှပြုတ်ကျသော အလောင်းမျာ၊ လူများ၊ သွေးစသွေးနများကြောင့် တံတားအောက်တည့်တည့်တွင် ကြောက်စရာပုံစံရှိ အသားစားငါးများရောက်ရှိလာကြ၏။ ငါများမှာ၄ကိုက် ၅ကိုက်ခန့်အရွယ်အစားရှိပြီး အစွယ်များမှာ နေရောင်အောက်တွင်တောက်ပနေသည်။ လူတစ်ယောက်ပြတ်ကျသွားပါက ရေစီးနှင့် မပါတော့ပဲ စက္ကန့်ပိုင်းအတွင်းပင် အရိုးတခြား အသားတခြားဖြစ်သွားမည်ဖြစ်သည်။
“ဘုရားရေ ဒါအသားစား ရေသားရိုင်းကြီးတွေပဲ သွေးနံ့ရလို့ ရောက်လာကြတာနေမှာ....”
စစ်သားများမှာ ငါးများကိုမြင်သော် ကြောက်လန့်တကြား အော်ဟစ်ကြ၏။ ဖွဲ့စည်းပုံမှာပို၍ပင် အခြေအနေဆိုးလာသည်။
“သွား သွား သွား သွား”
ဖှေး ပါလာဒင်ဇာတ်ကောင်ပြောင်းလိုက် လူရိုင်းဇာတ်ကောင် ပြောင်းလိုက်ဖြင့်တိုက်ခိုက်နေ၏။ ပါလာဒင်၏ အစွမ်းများဖြင့် မိမိ၏ လူသန်ကြီးများအန္တရာယ်ကင်းစေရန် အတတ်နိုင်ဆုံး ကာကွယ်ပေးထားသည်။ရန်သူများနီးကပ်လာပါက လူရိုင်းဇာတ်ကောင်ပြောင်း၍ ပုဆိန်ဖြင့် ခုတ်သတ်ပစ်သည်။
မကြာမှီမှာပင် ဖှေးတို့အဖွဲ့သည် တံတား၏ အကျဥ်းမြောင်းဆုံးနေရာသို့ရောက်လာကြပြီဖြစ်သည်။ ကျောက်တုံးပစ်လောက်လွှဲ ကြီးများမှာ ၄င်းတို့၏ ရှေ့တည့်တည့်၌ပင်။ဖှေးသူ၏လမ်းတွင်ရှိနေသော ရန်သူများအား ပုဆိန်ဖြင့်ခုတ်သတ်ပြီး ကျောက်တုံးပစ်လောက်လွှဲကြီးတစ်ခုအား ရေထဲသ်ို့ကန်ချလိုက်သည်။မကြာမှီမှာပင် ကျောက်တုံးပစ်လောက်လွှဲကြီး ၆ခု ရှိသည့်အနက် ၄ခုကို ဖျတ်ဆီးပြီးသွားပြီဖြစ်သည်။
အရာအားလုံးမှာ ဖှေးမျှော်လင့်ထားသကဲ့သို့ပင်။ ပရမ်းပတာဖြစ်နေသော ရန်သူများကြောင့် ပို၍ပင်လွယ်ကူနေသေး၏။
ထိုအချိန်တွင် တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့သည်...
“ပေါက်ကွဲသော နေမင်း၏ရိုက်ချက်.......”
ကျယ်လောင်လှသောအော်ဟစ်သံတစ်ခုနှင့်အတူ ပြင်းထန်လှသော အနီရောင်ရှိ အတွင်းအားရိုက်ချက်တစ်ခုသည် ဖှေးထံဦးတည်ပြီး ပျံသန်းလာ၏။
ဖှေးမျက်မှောင် ကြုံ့လိုက်သည်။
ရန်သူ၏ ကြယ်သုံးလုံးအဆင့်စစ်သည် ဓားသမား လမ်ဒီ နောက်ဆုံးတွင်ရောက်ရှိလာခဲ့ပြီဖြစ်သည်။