← Chapters

“ဘုရင်နှင့် အတူ”

Vol. 4 Ch. 54

“ဘုရင်နှင့် အတူ”

Vol. 4 Ch. 54

ချက်ခြင်းပင် ပီးရာ့စ် နှင့် ဒရော့ဂ်ဘာဦးဆောင်ပြီး အော်ဟစ်ကာရန်သူများထံ ချီတပ်သွားကြ၏။ ချမ်းဘော့ဒ် လူသန်ကြီးများနှင့် ရန်သူ့အရာရှိများ၏ တိုက်ပွဲမှာ စတင်ပြီဖြစ်သည်။

ပီးရာ့စ်နှင့် ဒရော့ဂ်ဘာပါဝင်သော လူသန်ကြီးများသည် အတွင်းအားအသုံးချနိုင်စွမ်းမရှိကြချေ။သူတို့၏တိုက်ခိုက်ပုံများမှာလည်း တိုက်ပွဲများစွာတိုက်ခိုက်ဖူးသည့် ရန်သူအရာရှိများလောက် အဆင့်မမြင့်ပေ။ ရန်သူအရာရှိများနှင့် တစ်ယောက်ခြင်းတိုက်ခိုက်နိုင်စွမ်းမရှိပေ။ သို့သော်လည်း ကံကောင်းစွာဖြင့် မိမိတို့မှာ လူအရေအတွက်ပိုများပြီး ဖှေးပေးထားသည့် အပြာရောင်နှင် အနီရောင် မှော်ရည်အိပ်များလည်းရှိနေသေးသည်။သူတို့အားလုံးထဲတွင် သေရမည်ကိုကြောက်သည့်သူမပါ။ ကြယ်တစ်လုံးအဆင့်ဖြစ်သည့် အိုလတ်ဂ်ကတော့ ထိန်းထားနိုင်သည်။ မည်သည့်အဖွဲ့နိုင်မည်ဆိုသည်ကိုကား မည်သူမှမပြောနိုင်ချေ။

သို့သော်လည်း သေကြေမှုများကိုတော့ ရှောင်လွှဲ၍မရ။

ရန်သူအရာရှိတစ်ယောက်မှာ လူသန်တစ်ယောက်လွှဲရိုက်လိုက်သော ပုဆိန်အားရှောင်ပြီး သူ၏ ဓားဖြင့် မြွေတစ်ကောင်ကဲ့သို့ ပြန်လည်တိုက်ခိုက်လိုက်သည်။ ထိုဓားချက်မှာ သံမဏိချပ်ဝတ်၏ အနည်းငယ် လှစ်ဟနေသော နေရောမှတဆင့် လူသန်ကြီး၏ ဝမ်းဗိုက်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

ထိုလူ၏ ခန္ဓာကိုယ်မှာ ဒဏ်ရာကြောင့် အေးစက်သွား၏။ အသက်ရှင်နိုင်တော့မည်မဟုတ် ကြောင်းမှာထင်ရှား၏။

သို့သော်လည်း ရန်သူမှာဓားကိုနုတ်ပြီး မရယ်မောနိုင်ခင်မှာပင် အဖြစ်ဆိုးတစ်ခုနှင့်ကြုံတွေ့လိုက်ရသည်။သူ၏ဓားချက်ကြောင့် ဒဏ်ရာအကြီးအကျယ်ရသွားသည့်လူမှာ ပုဆိန်ကိုလွှင့်ပစ်လိုက်ပြီး သူ့အားလက်မောင်းများဖြင့် ချုပ်လိုက်၏။လူသန်ကြီးမှာ သူ၏လက်မောင်းများဖြင့် တင်းကြပ်စွာချုပ်ကိုင်ထားလိုက်သောကြောင့် ရန်သူအရာရှိမှာ အသက်ရှူရန်ပင် ခက်ခဲသွား၏။ရန်သူဘယ်လိုမှ မတုန့်ပြန်နိုင်သေးခင်မှာပင် လူသန်ကြီးမှာ “ချမ်းဘော့ဒ် အတွက်”ဟု ကျယ်လောက်စွာအော်ဟစ်ပြီး အနီးအနားရှိ တခြားရန်သူအရာရှိနှစ်ဦးကိုပါ ပြေးတိုက်ကာ သူတို့လေးယောက်လုံးမြစ်ထဲကျသွားတော့သည်။အချိန်ခဏအတွင်းမှာပင် မြစ်အတွင်းရှိ လူသားစားငါးများဝိုင်းဝန်းကိုက်ဖြတ်မှုကြောင့် အရိုးစုများသာ ကျန်ရှိတော့သည်။

ထိုလူသန်ကြီး၏ အသေခံပြီးစွန့်လွှတ်မှုကြောင့် ကျန်ရှိနေသော ရန်သူ့အရာရှိများမှာ ကြောက်လန့်ကုန်ကြ၏။

“ဘရန်နို......”

သူ၏သူငယ်ချင်းဖြစ်သော ဘရန်နို မြစ်ထဲသို့ရန်သူ၃ယောက်နှင့်ပြုတ်ကျသွားပြီး ငါးစာဖြစ်သွားသည်ကို မြင်လိုက်ရသည့်အတွက် ပီးရာ့စ်အလွန်အမင်း စိတ်ထိခိုက်သွား၏။ သူ၏ခြေထောက်အား ဦးတည်လာသည့် ဓားကိုပင်မရှောင်တော့ပေ အထိုးစိုက်ခံလိုက်ပြီး အနီးကပ်လာသည့် ရန်သူအရာရှိအား ဇက်ချိုးကာသတ်ပစ်လိုက်သည်။

တိုက်ပွဲမှာ ပို၍ပို၍ပြင်းထန်သာသည်။ နှစ်ဖက်လုံးတွင် အသေအပျောက်များရှိလာပြီဖြစ်သည်။

ဆောင်းဦးလေသည် တိုက်ပွဲမြေပြင်အား ဖြတ်သန်းတိုက်ခတ်လျှက်ရှိပြီး ကောင်းကင်တွင် ဝမ်းနည်းစရာကောင်းကာ အဖြစ်ဆိုးသည့် သယောင်လေထုအား ချယ်သနေ၏။

ထိုလူသန်ကြီးများမှာ ဘာမှမထူးခြားသည့် သာမန်လူများ ဖြစ်ကောင်းဖြစ်နိုင်သည်။သို့ရာတွင် ဘရန်နို ၏စွန့်လွှတ်မှုအောက်တွင် သူတို့သည် ယှဥ်နှိုင်း၍မရသော ဂုဏ်သရေများဖြင့် တောက်ပနေလျှက်ရှိ၏။

သွေးများပေကျံနေသော် ၄င်းတို့မှာ ဤတံတားပေါ်တွင် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။ သူတို့သေစေကာမူ ကျန်ရှိနေသော မိသားစုများ၊ ချစ်သောပုဂ္ဂိုလ်များကို ကာကွယ်နိုင်ရန်ဝန်မလေးကြချေ။

ဓားလက်များ၏အရိပ်များနှင့် သွေမိုးများအောက်တွင် အဆိုပါသူရဲကောင်းများ၏ ခြေလှမ်းများမှာ ခိုင်မာသည်။ဓားများထိုးစိုက်ခြင်းခံရစေကာမူ၊ သူတို့၏သံမဏိခေါင်းဆောင်းများအောက်မှ သွေးများထွက်နေစေကာမူ၊ သူတို့၏ ခြေလက်များ ခုတ်ဖြတ်ခံရစေကာမူ၊ နောက်သို့ ခြေတစ်လှမ်းမှ ပြန်လည်ဆုတ်ခွာခြင်းမရှိပေ။ “ချမ်းဘော့ဒ် အတွက်ကွ”ဟူ၍ သာ ကျယ်လောက်စွာအော်ဟစ်ကြရင် သူတို့ထက်ပိုမိုသန်မာသော ရန်သူများထံသို့ မကြောက်မရွံ့တိုးဝင်တိုက်ခိုက်ကြမည်ဖြစ်သည်။

တိုက်ပွဲ၏ပြင်းထန်မှုမှာ ဖော်ပြ၍ပင်မရချေ။တဖြည်းဖြည်းဖြင့် ရန်သူအရာရှိများမှာ လူသန်ကြီးများ၏ စိတ်ဓာတ်ထက်သန်မှုကြောင့် တုန်လှုပ်ခြောက်ခြားလာကြသည်။

ခံတပ်နံရံပေါ်တွင်လည်း လူများတိတ်ဆိတ်စွာ ငြိမ်သက်နေကြပြီး မျက်လုံးထဲတွင် မျက်ရည်များဖြင့်ပြည့်နှက်နေကြသည်။သူတို့၏မျက်လုံးများတွင် မခံချင်မှုဖြင့်ဒေါသမီးတောက်များ တောက်လောက်နေကြ၏။ လက်နက်ကိုင်ထားသောလက်များမှာ ဒေါသကြောင့်တုန်ခါနေကြသည်။တစ်ချို့စစ်သားများဆိုလျှင် မခံစားနိုင်တော့ပဲ အော်ဟစ်ကာ နံရံပေါ်မှတွယ်ဆင်းသွားပြီး ကူညီခုခံရန်တံတားပေါ်သို့ပြေးသွားကြ၏။

လမ်ဒီနှင့်တိုက်ခိုက်နေသောဖှေးလဲ ထိုအရာများအားလုံးကိုတွေ့သည်။ဘရန်နိုရန်သူများနှင့်အတူ မြစ်ထဲသို့ခုန်ချသွားချိန်တွင် သူ၏နှလုံးသားထဲ၌ ဖော်ပြ၍မရသော ဝမ်းနည်းမှုမျိုးကိုခံစားလိုက်ရသည်။သူ၏ခန္ဓာကိုယ်ထဲတွင် တစ်စုံတစ်ခု လောင်မြိုက်နေသကဲ့သို့ခံစားရပြီး အပြင်သို့မဖောက်ထုတ်ပါက တစ်ကိုယ်လုံးပြာကျသွားတော့မည့် အတိုင်းပင် ခံစားရသည်။

ဖှေးတစ်ဖက်သို့လှည့်ပြီး ဝမ်းနည်းစွာအော်ဟစ်လိုက်သည်။ထိုလူ၂၂ယောက်က်ို နန်းတော်အတွင်းမှ သူခေါ်ထုတ်လာခဲ့ခြင်းဖြစ်သည်။ သေဆုံးသွားပြီး ဖြစ်သည့် ဘရန်နိုမှ လွဲ၍ ကျန်စစ်သားများကို ဘေးကင်းလုံခြုံစွာဖြင့် နန်းတော်သို့ပြန်ပို့ပေးရမည်ဟု ဖှေး ကျိမ်ဆိုလိုက်သည်။

ဖှေးတစ်ဖက်သို့လှည့်လိုက်ချိန်တွင် လမ်ဒီမှာ ဖှေးကြောပြင်အား ဒဏ်ရာငါးချက်ခန့်ပေးလိုက်ပြီဖြစ်သည်။ သို့သော်ဖှေးမှာ ဂရုမစိုက်ချေ ပုဆိန်မှာ ဖှေးလက်ထဲတွင် ဓားမုန်တိုင်းအသွင်ပြောင်းသွားပြီး ကျန်ရန်သူအရာရှိများကို အပိုင်းပိုင်းဖြတ်လိုက်သည်။ထို့နောက်တွင်...”ဆုတ်ခွာကြတော့ နန်းတော်ထဲပြန်ဝင်ကြ ငါတို့တာဝန်ပြီးပြီ....”ဖှေး အော်ပြောလိုက်သည်။

သို့သော်လည်း....

“ကျွန်တော်တို့ အရှင်နဲ့ပဲဆက်ရှိနေပါမယ်....”

လူသန်ကြီးများထံမှာ ပြိုင်သူထွက်ပေါ်လာသည်။ တစ်ချို့သူများမှာ သူတို့ကိုယ်ပေါ်တွင် ဓားကျိုးဓားပဲ့များ စိုက်နေဆဲပင်ဖြစ်သည်။ မတ်တပ်ကောင်းကောင်းမရပ်နိုင်ကြတော့သဖြင့် တစ်ဦးနှင့်တစ်ဦးမှီပြီး ရပ်နေရ၏။သို့သော် သူတို့၏ဆုံးဖြတ်ချက်မှာ တောင်တစ်လုံးကဲ့သို့ ခိုင်မာပြီး မည်သူမှနောက်ဆုတ်လိုစိတ်မရှိကြပေ။

ဖှေး တစ်ချိန်တည်းမှာပင် နွေးထွေးသွားသောခံစားချက်နှင့် စိတ်ပူသောကရောက်သောခံစားချက်အား ခံစားလိုက်ရာသည်။

လမ်ဒီ၏ ခေါင်းသို့ရွယ်ကာတိုက်ခိုက်သည်ကို ရှောင်ရှားလိုက်ပြီး ပီးရာ့စ်အား”ပီးရာ့စ် ဒါဘုရင်ရဲ့အမိန့်ပဲ မင်းလူတွေကိုနန်းတော်ကိုပြန်ခေါ်သွားတော့။ ငါ့က်ိုစိတ်မပူနဲ့ ငါလွတ်အောင်ပြန်နိုင်တယ်...”

သို့သော် ပီးရာ့စ်မှာ ဖှေးအကြည့်ကိုရှောင်ရှားပြီး မည်သို့မျှပြန်မပြောချေ။

ဘုရင့်အစောင့်တပ်ဖွဲ့ဝင်စစ်သားတစ်ယောက်အနေဖြင့် ဘုရင်အတူနေခဲ့ပြီး တိုက်ခိုက်ရန်ပီးရာ့စ်တွင် အကြောင်းပြချက်များစွာရှိသည်။ဘုရင်မှာ ယခင်ကဲ့သို့ ရပ်တံ့၍မရသော အခြေအနေတွင်ရှိပါက နောက်ဆုတ်ရန်ဖြစ်နိုင်သည်။သို့သော် ယခုအခါတွင် ဘုရင်အလတ်ဇန္ဒားပင်လျှင် လမ်ဒီအား ခက်ခက်ခဲခဲရင်ဆိုင်တိုက်ခိုက်နေရသည်။ယခုအချိန်တွင် နောက်ဆုတ်ပါက ဘုရင်အား အန္တရာယ်ထဲတွင် တစ်ယောက်ထဲထားခဲ့သကဲ့သို့ဖြစ်နေမည်ဖြစ်သည်။သူတို့အားလုံးဘုရင်ကို စွန့်ခွာမည့်အစား စစ်မြေပြင်မှာပင် အသေခံလိုက်မည်ဖြစ်သည်။

ထို့နောက်တွင် ပီးရာ့စ်တို့ ရေအိပ်ထဲမှရေများကို သောက်လိုက်ကြသည်။ ရေအစွမ်းကြောင့် သူတို့ဒဏ်ရာများအပြည့်အဝပြန်မပျောက်သေးခင် ဖွဲ့စည်းပုံတစ်ခုဖွဲ့စည်းလိုက်ကြသည်။

“အရှင်မင်းကြီး လှေကားကြီးတွေနဲ့ ကျောက်တုံးပစ်လောက်လွှဲ ကြီးတွေက ​ဖျက်ဆီးပြီးနေပါပြီ။ အရှင်မင်းကြီးဆုတ်ခွာပါတော့ ကျွန်တော်တို့ထိန်းထားပေးပါမယ်....”ထိုကဲ့သို့အော်ဟစ်ပြီး ပီးရာ့စ်တို့အုပ်စု စတင်ချီတပ်တော့သည်။

ထိုအရာကိုမြင်သော် ဖှေးဘာမှမပြောတော့ချေ။

ဤအခြေအနေမျိုးတွင် သူ၏ဘုရင်အာဏာကပင် ခေါင်းမာလှသောသူ၏ စစ်သားတို့အားနောက်ဆုတ်ခိုင်းဖို့ ဖြစ်နိုင်မည်မဟုတ်တော့ပေ။ဖှေးသူ၏တိုက်ခိုက်ပုံအား ပြောင်းလဲလိုက်သည်။ ခုခံနေမှုကို အာရုံမစိုက်တော့ပဲ လမ်ဒီအား အမြန်သတ်ဖြတ်နိုင်ရန်သာ အားထုတ်တော့သည်။

“ဟားဟား မင်းချောင်ပိတ်နေပြီမလား...ဘာမှလုပ်မနေနဲ့မင်းတို့တွေအကုန်တစ်ယောက်မှ အသက်ရှင်မှာမဟုတ်ဘူး....”လမ်ဒီရယ်မောလိုက်သည်။ သူတို့နိုင် တော့မည်ဆိုသည်ကို လမ်ဒီသေချာနေပြီဖြစ်သည်။ ထို့ကြောင့် ဖှေးအား ယခင်ကဲ့သို့ပြင်းပြင်းထန်ထန်မတိုက်ခိုက်တော့ပေ။ ခုခံကာကွယ်ရုံမျှသာတိုက်ခိုက်တော့သည်။ ကြာလာပါက ဖှေးတို့အဖွဲ့ခြေကုန်လက်ပန်းကျလာမည်ဖြစ်ပြီး လူအင်အားများများနှင့် လွယ်ကူစွာအနိုင်လိုက်မည်ဟု စီစဥ်လိုက်သည်။

ဖှေးလဲ လမ်ဒီ၏အစီစဥ်ကို ရိပ်မိသည်။တစ်ဖက်ကမ်းမှ လေးမြှားများလွယ်လျက်တံတားပေါ်တက်လာသော် လေးသည်တော်အုပ်ကိုလဲ မြင်လိုက်ရ၏။ သူ၏လူရိုင်းဇာတ်ကောင်၏ မသိစိတ်က ထိုမြှားများသည် အလွန်အန္တရာယ်များကြောင်း သတိပေးနေသည်။

သို့သော်ရုတ်တရက်ပင် ဖှေးထိုလေးသည်တော်များထက် အဆမတန်အန္တရာယ်ပိုများသည့် အရာတစ်ခုအားခံစားလိုက်ရသည်။ အဆိပ်ပြင်းသည့်မြွေတစ်ကောင်မှာ သူ့အားအရှင်လက်လက်မျိုရန်ချည်းကပ်လာနေသကဲ့သို့ ခံစားလိုက်ရသည်။

မြန်ဆန်စွာပင် ဖှေးထိုခံစားချက် ဘယ်မှလာသည်ကိုတွေ့ရှိသွား၏။

တောင်ဘက်တံတားထိပ်တွင် အမဲရောင်မြူများထူထဲလျှက်ရှိသည်။အမဲရောင်သဏ္ဍန်တစ်ခုမှာ ထိုမြူများထဲတွင် တရွေ့ရွေ့ဖြင့် ဖှေးတို့ထံချည်းကပ်လာနေ၏။ မှော်ဆရာဇာတ်ကောင် အဖြစ်မှော်ပညာအားအနည်းငယ် နားလည်သောဖှေးမှာ ထိုသဏ္ဍန်ဘေးရှိ ရန်လိုသော၊ရက်စက်သော မှော်စွမ်းအားများ၏ သဘာဝကို ခံစားလိုက်ရသည်။ဖှေးကြုံဖူးသည်များထက် ပိုမိုအန္တရာယ်များသည့်စွမ်းအင်မျိုးဖြစ်သည်။ ဒိုင်ယာဘလိုကမ္ဘာရှိ ခေါင်းဆောင်ကြီး ဂရစ်ဝေါလတ် နှင့်တိုက်ခိုက်စဥ်ကပင် ထိုမျှအန္တရာယ်ရှိသလို မခံစားရပေ။

“ဒါ...ဒါ ကြယ်သုံးလုံးမကအဆင့်ရှိတဲ့မှော်ဆရာပဲ....”

ဖှေး ထိတ်လန့်သွား၏။တကယ့်အန္တရာယ် အစစ်အမှန်မှာ ယခုမှသာကျရောက်လာတော့မည်ဖြစ်သည်။

ပို၍ဆိုးဝါးသည်မှာ ယခုကဲ့သို့အခြေအနေတွင် သူတို့ကြိုးစားခဲ့သည့်အရာအားလုံး အရေးမပါတော့ပေ။ ကြယ်လေးလုံးအဆင့် မှော်ဆရာမှာ ကျောက်တုံးပစ်လောက်လွှဲများ၊ လှေကားကြီးများထက် အဆ၂၀မက အန္တရာယ်ပိုများလေသည်။

All Chapters