← Chapters

“ဖှေး၏ အစီစဥ်”

Vol. 4 Ch. 55

“ဖှေး၏ အစီစဥ်”

Vol. 4 Ch. 55

“ငါအဲ့မှော်ဆရာကို သတ်နိုင်တဲ့ နည်းတစ်ခုကြံမှ ဖြစ်မယ်...”ဖှေးတွေးလိုက်၏။

ဖှေး၏ လက်ရှိခွန်အားနှင့်ဆိုပါက ကြယ်သုံးလုံးစစ်သည် ကိုပင် ခက်ခက်ခဲခဲယှဥ်ပြိုင်တိုက်ခိုက်နေရ၏။ ကြယ်သုံးလုံးအဆင့်ထက်များစွာမြင့်သော မှော်ဆရာအား ရန်သူအုပ်ကြီးနှင့်အတူ တိုက်ခိုက်ရသည်မှာ လပေါ်သွားနိုင်ရန်ကြိုးစားသည်ထက်ပင် ပိုမိုခက်ခဲနိုင်၏။လမ်ဒီနှင့်တိုက်ခိုက်နေရင်း ခေါင်းထဲမှ ဖြစ်နိုင်သည့်အကြံတစ်ခုကိုအမြန်စဥ်းစားနေသည်။ သို့သော်လည်း တစ်ခုမှတွေးမရပေ။သူသည် လူရိုင်းဇာတ်ကောင်၊ မှော်ဆရာဇာတ်ကောင်၊ အောက်လမ်းဆရာဇာတ်ကောင်၊ ပါလာဒင် မည်သည့်ဇာတ်ကောင်ပြောင်းစေကာမူ ထိုကြယ်လေးလုံး(သို့မဟုတ်)ကြယ်ငါးလုံးအဆင့်သို့ပင် ရောက်ခါနီးပြီဖြစ်သော မှော်ဆရာအား ယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။

အချိန်ခနအကြာတွင် လူသန်ကြီးများသည်လည်း နီးကပ်လာပြီဖြစ်သည်။ သူတို့သည် ဖှေးအားကျော်လွန်ပြီး လမ်ဒီအားဝင်တိုက်ခိုက်ကာ ဖှေး​ဆုတ်ခွာနိုင်ရန်အတွက် အချိန်ဆွဲပေးရန်အကြံဖြင့်ဖြစ်သည်။

“ငါဒီထက်ပိုကြာလို့မဖြစ်တော့ဘူး...” ​ဖှေးဆုံးဖြတ်လိုက်၏။

အချိန်မှာရွှေဖြစ်ပြီး အနည်းငယ်ကြန့်ကြာသွားပါက သူတို့အကုန်လုံးသေ​ကြေနိုင်သည်ကို ဖှေးသဘောပေါက်လိုက်သည်။

ဖှေးရုတ်တရက် အော်ဟစ်ကာ လူရိုင်းဇာတ်ကောင်၏ ဟိန်းဟောက်ခြင်းအစွမ်းကို ထက်မံအသုံးပြုလိုက်ကာ အနီးကပ်လာသော ရန်သူများအား ခြောက်လန့်လွှတ်လိုက်သည်။သူ၏တိုက်ခိုက်မှုဖြင့် လမ်ဒီအား အနောက်သို့အနည်းငယ်တွန်းဖယ်လိုက်ပြီး လေပေါ်သို့ခုန်လိုက်သည်။ထို့နောက်တွင် သူ၏ပုဆိန်အားတင်းကြပ်စွာ ဆုပ်ကိုင်ပြီး တောင်တစ်လုံးအားခုတ်ပိုင်းလိုသည့်ပုံစံမျိုးဖြင့် အောက်သို့ခုတ်ချလိုက်သည်။

ထိုရိုက်ချက်မှာ အလွန်ပြင်းထန်၏။ ပုဆိန်သွားနှင့် လေထုပွတ်တိုက်မှုကြောင့်ပင် မီးတောက်မီးစမျာ ပေါ်ထွက်လာသည်။ဥက္ကာပျံတစ်လုံးမှာ ကမ္ဘာမြေပြင်သို့ ရိုက်ခတ်တော့မည့် အတိုင်းပင်။

လမ်ဒီထိတ်လန့်သွားသည်။ ထိုရိုက်ချက်ကို ထိတ်တိုက် မရင်ဆိုင်ရဲပေ။

“ဖုန်း”

ရုတ်တရက်ပင် တံတား၏ ကြမ်းပြင်အက်ကွဲသွားကာ ဖုန်မှုန့်များ ကျောက်စများ နေအရာအနံ့ပြန်ကျဲကုန်သည်။တံတားတစ်ခုလုံးပင် တုန်လှုပ်သွား၏။တံတား၏ အောက်ဘက်မျက်နှာပြင်တွင် တွယ်ကပ်ထားသော ကျောက်တုံးများ ရေထဲသို့ ပြုတ်ကျကုန်ကြသည်။

“ဟားဟား မင်းစောက်ကြောက် ကြယ်သုံးလုံးစစ်သည်က ငါ့ပုဆိန်ချက်ကို မရင်ဆိုင်ရဲဘူးလား...” ဖှေးလမ်ဒီအား ပုဆိန်ဖြင့်ရွယ်ပြီး ခနဲ့လိုက်သည်။ထိုအခိုက်တန့်တွင် ထိုနေရာ၌ရပ်နေသည်မှာ သူတစ်ယောက်တည်းမဟုတ်ပဲ အနောက်တွင် စစ်သားထောင်ပေါင်းများစွာရှိနေသေးသကဲ့သို့ ခံစားလိုက်ရသည်။

“နောက်ပြန်ဆုတ်ကျ”

ရန်သူအား ခနဲ့ပြီးသော် ဖှေး၏မျက်နှာ အမူအယာမှာ ပြောင်းလဲသွားသည်။ လက်ဖြင့် သူ့အားကျော်လွန်၍ တိုက်ခိုက်ရန်ချီတပ်လာသော လူသန်ကြီးများကို ပုတ်ထုတ်လိုက်၏။လူရိုင်းဇာတ်ကောင်၏ ခွန်အားနှင့် ရင်ဆိုင်လိုက်သောကြောင့် လူသန်ကြီးများသည် နံရံတစ်ခုအားဝင်တိုက်မိသကဲ့သို့ပင် အနောက်သို့လွင့်စင်သွားကြ၏။

ထို့နောက်တွင် ဖှေးအရင်ကလိုပင် လေပေါ်ခုန်တတ်သွားပြီး ပုဆိန်ဖြင့် အောက်သို့အားကုန်လွှဲကာ ဆင်းလာသည်။ပုဆိန်မှာ လေထုပွတ်တိုက်အားကြောင့် ပူပြင်းနီရဲလာကာ လမ်ဒီထံသို့ရွယ်ကာရောက်လာ၏။

လေပေါ်မှ ဖှေးအော်ပြောလိုက်သည်။”ဟားဟား ဘယ်ကောင်ဒါကို ယှဥ်ချရဲလဲကွ....”

မည်သူမျှ မချရဲကြ။ လမ်ဒီအပါဝင်ရန်သူများအားလုံး ပုဆိန်ချက်အား ရှောင်ရန် အနောက်သို့ အသဲသန်ရှောင်သွားကြ၏။

ရန်သူထောင်ပေါင်းများစွာရှိသည့်အနက် လှံဒိုင်းကာဖွဲ့စည်းပုံ ပုံအား တစ်စစီဖြစ်အောင်လုပ်ခဲ့သော သားရဲ၏ ပုဆိန်ချက်ကို ရင်ဆိုင်ရဲသည့်သူ တစ်ယောက်မှမရှိပေ။ မိမိရည်ရွယ်ချက်ပြီးမြောက်မြန် အသက်စွန့်ရန်ပင်ဝန်မလေးသည့် သားရိုင်းများနှင့်ရင်ဆိုင်နေရသည့်အချိန်တွင် အနောက်သို့ဆုတ်ရန်သာ ရွေးချယ်နိုင်တော့၏။

ဖှေးမှာ ရပ်နားခြင်းမရှိပဲ လေပေါ်သို့ဆက်တိုက်ခုန်ပြီး ပုဆိန်ဖြင့် ရန်သူကိုရွယ်ကာ တစ်ချက်ပြီးတစ်ချက်ခုတ်နေ၏။သူ၏ပုံမှာ ရန်သူ၏နယ်နိမိတ်ထဲဝင်ပြီး နယ်ချဲ့နေသော ရူးသွပ်နေသည့် သားရိုင်းကဲ့သို့ပင်။ ရန်သူများမှာ တလှမ်းခြင်းဖြင့် နောက်ကိုသာ နာနာဆုတ်နေရ၏။

“ဘာလဲကွ ဘယ်ကောင်မှငါ့ကို မယှဥ်ရဲဘူးလား...”

“ဟားဟား မင်းတို့တွေအကုန်လုံး စောက်ကြောက်တွေလား....”

“ဟေ့ယောင် လမ်ဒီမင်းကြယ်သုံးစစ်သည်ဖြစ်ပြီး ငါ့ကိုကြောက်နေတာလား၊ လာချစမ်းပါ...”

“ဘယ်ကောင်ငါနဲ့ချရဲလဲကွ.....”

“.......”

ဖှေးတစ်ခါခုတ်ပြီးတိုင်း ရန်သူအား တစ်ခါခနဲ့ပြီး ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။

သူ၏မျက်နှာမှာ ဘုရင်တစ်ပါးက သူပိုင်သောမြေကို ငုံ့ကြည့်နေသည့် သဏ္ဍန်ရှိပြီး သူ့အားမည်သူမျှ စိုက်မကြည့်ရဲကြပေ။ဖှေးရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည့်အချိန်တိုင်းတွင် ရန်သူများမှာ တွန့်ဆုတ်စွာဖြင့် နောက်သို့ချေတစ်လှမ်းပြန်ဆုတ်သွား၏။လမ်ဒီပင်လျှင် ဖိအားကိုခံစားနေရသည်။သူ၏ကြယ်သုံးလုံးအဆင့် အတွင်းအားအကာရံများဖြင့်ပင်လျှင် ဖှေး၏ရိုက်ချက်အား ထိတ်တိုက်ရင်ဆိုင်ပါက နှစ်ပိုင်းပိုင်းခံလိုက်ရမည်ဖြစ်သည်။ ထို့ကြောင့် လမ်ဒီပင် နောက်သို့တလှမ်းခြင်းဆုတ်နေရ၏။

၇စက္ကန့်အတွင်းမှာပင် ဖှေးသည် ၈ချက်ခန့်ခုတ်ပြီးပြီဖြစ်သည်။ထို၈ချက်လုံးမှာ တံတားကြမ်းပြင်အား ထိမှန်ပြီး မိုးကြိုးပစ်လိုက်သကဲ့တံတားတစ်ခုလုံး တုန်ခါတုန်ခါ၍သွားသည်။ကျောက်တံတားပေါ်မှ ကျောက်တုံးကျောက်စတချို့ပဲ့ကျပြီး ရေပြင်ရှိလူသေအလောင်းများအား လုယက်စားသုံးနေကြသော အသားစားငါးများတချို့အပေါ်သို့ပြုတ်ကျကုန်သည်။ဇူလီမြစ်၏ ရေမျက်နှာပြင်မှာ အနီရောင်သို့ပင် ပြောင်းသွား၏။

ရန်သူမှာ အနောက်သို့၁၇ကိုက်ခန့်ဆုတ်သွားပြီဖြစ်သည်။

ပုဆိန်ဖြင့် ၈ခါမြောက်ရိုက်နှက်ပြီးချိန်တွင် ဖှေးရပ်နားလိုက်ပြီး ရန်သူများအား ရယ်မောလိုက်သည်။ထို့နောက်တွင် ရှေ့သို့ဆက်မတိုးတော့ပဲ အနောက်သို့ အနည်းငယ်ဆုတ်ကာ လူရိုင်းဇာတ်ကောင်၏ [ခုန်ကျော်ခြင်း]ကို အသုံးပြုပြီး ခုန်လိုက်သည်။ ထို့နောက်တွင် ပုဆိန်အားတင်းကြပ်စွာ ဆုပ်ကိုင်ပြီး သူတွင်ရှိသမျှခွန်အားတို့ဖြင့် အောက်သို့အသားကုန်ရိုက်ချလိုက်တော့သည်။

ထိုရိုက်ချက်မှာ ရန်သူများအား ရည်ရွယ်သည်မဟုတ်ပေ။ သူ့အနောက်ရှိ ကျောက်တံတားကြမ်းပြင်အား ရိုက်ချလိုက်ခြင်းပင်။

“ချွတ်...”

ဖှေးကိုင်ဆောင်ထားသော ပုဆိန်မှာ ထိုခွန်အားကိုခံနိုင်ခြင်းမရှိတော့ပဲ လက်ကိုင်မှစကာ ကျိုးပဲ့သွားတော့၏။

ကျောက်တံတား၏ မျက်နှာပြင်နှင့် ရိုက်ခတ်လိုက်သံမှာ ကျယ်လောင်စွာလှသဖြင့် လူတိုင်းနားများကို လက်ဖြင့်အုပ်လိုက်ကြရ၏။

အနီးနားရှိရန်သူများဆိုလျှင် နားစည်များပင် ပေါက်ထွက်ကုန်ကြပြီး နားအတွင်းမှသွေးများယိုစီး လာကြသည်။

ဖှေးပြသလိုက်သောခွန်အားမှာ နတ်ဘုရားများ၏အမျက်ဒေါသကို သရုပ်ပြလိုက်သကဲ့သို့ပင်။

ရန်သူများ၏ မျက်နှာများ အရောင်ကင်းမဲ့ကုန်သည်။

ထိုကဲ့သို့အံ့သြထိတ်လန့်အပြီးတွင် ပီးရာ့စ်အပါဝင် လူများတွေးလိုက်သည်။”ဘာလို့ ဘုရင်အလတ်ဇန္ဒားက အနောက်ကိုခုန်လှည့်ပြီး တံတားကိုခုတ်လိုက်တာလဲ....”

တံတားပေါ်၏ ကျောက်တုံးများ ဖုန်မှုန့်များ ရှင်းလင်းငြိမ်သက်သွားချိန်တွင် မောပန်းကာအသက်ရှူနေသော ဘုရင်အလတ်ဇန္ဒားကိုတွေ့လိုက်ရသည်။ထိုကဲ့သို့ပြင်းထန်သည့် ရိုက်ချက်များစွာအား ဆက်တိုက်ရိုက်ခတ်ပြီးချိန်တွင် ဖှေးမှာ မောပန်းနေပြီဖြစ်သည်။

ဖှေထိုနေရာ၍ပင် တိတ်ဆိတ်စွာရပ်နေပြီး လမ်ဒီအား ပြုံးကြည့်လိုက်သည်။အချိန်အခိုက်တံ့တစ်ခုစာ စစ်မြေပြင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွား၏။

ရုတ်တရက်ပင် တစ်စုံတစ်ခု ဖြစ်ပျက်သွား၏။

“ချွတ်”

လူတိုင်းသေးငယ်သည့် အက်ကွဲသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအသံမှာ ပိုးမွှားတစ်ကောင် အော်မြည်သံသကဲ့သို့ ညင်သာ၏။ သို့သော် လူတိုင်း၏ နှလုံးသားအား မိုးကြိုးပစ်သကဲ့သို့ ရိုက်ခတ်သွားသည်။ဖှေး​ခြေထောက်အောက်ရှိ ကျောက်တံတားကြမ်းပြင်မှာ အက်ကွဲစပြုလာသည်ကိုတွေ့သော် ကြောက်လန့်တကြားဖြစ်ကုန်ကြတော့၏။

ရုတ်တရက်ပင် လူအများသည် ဖှေး၏ အကြံစဥ်အားနားလည်သွားတော့သည်။ ဖှေး၏ အားကုန်ရိုက်ချက် ကိုးချက်မှာ ရန်သူများသတ်ရန်မဟုတ်ပေ။ တံတားအား ဖြိုချရန်ကြိုးစားနေခြင်းသာ ဖြစ်၏။တံတားတစ်ခုလုံး ကွဲအက်ကြောင်းများဖြင့် ပြည့်နက်လာပြီး စတင်ပြိုကျလာတော့သည်။

ကျောက်တံတားမှာ ပြင်းထန်စွာတုန်ခါလာသည်။

“ချွတ် ချွတ် ဒုန်း ဒုန်း”

အက်ကွဲကြောင်းများမှာ ကြီးသထက်ကြီးလာ၏။

တံတားအောက်မှ ထောက်ထားသောကျောက်တိုက်ကြီးများမှာ ရေထဲသို့လဲကျသွား၏။

“သေစမ်း တံတားက ပြိုကျတော့မယ်ဟ” လမ်ဒီ လန့်ဖြန့်သွားသည်။ သူ၏အတွင်းအားများကိုအသုံးပြုပြီး အနောက်သို့အမြန်ခုန်လိုက်၏။သူသည်ကြယ်သုံးလုံးအဆင့်ဖြစ်စေကာမူ ရေစီးသန်သောမြစ်ထဲသို့ပြုတ်ကျသွားပါက အသားစားငါးများ၏ ချွန်ထက်နေသော အစွယ်များအောက်တွင် အသက်ရှင်နိုင်ရန် အခွင့်ရေးရှိမည်မဟုတ်ပေ။

All Chapters