အခန်း (၅၆)
Vol. 4 Ch. 56
ရန်သူ၏ စနစ်တကျဖွဲ့စည်းပုံမှာ ထက်မံ၍ပင် ပရမ်းပတာဖြစ်ကုန်၏။ ရန်သူများမှာ ကြောက်လန့်တကြား အော်ဟစ်ပြီး အသက်ရှင်နိုင်ရန်ကြိုးစားနေကြသည်။
ကျောက်တံတား၏ တုန်ခါမှုမှာ အချိန်ကြာလာလေ ပို၍ပြင်းထန်လာလေဖြစ်သည်။ အက်ကြောင်းများစွာပြည့်နက်နေသော တံတား၏အလယ်ခေါင်တွင် ဖှေးတစ်ယောက်သာ တည်ငြိမ်စွာ ရပ်နေ၏။ ဖှေးဘာဆက်လုပ်ရမည်ကို အသေအချာစဥ်းစားနေခြင်းပင်။
ဖှေး [သွေးပုလင်း အလတ်စား]တစ်လုံးနှင့် [သက်လုံ ဆေးပုလင်း]တစ်လုံးတို့ကို ထုတ်ပြီး မော့သောက်လိုက်သည်။သူ၏ပင်ပန်းနွမ်းနယ်မှုများမှာ ချက်ခြင်းပင် ပျောက်ကင်းသွားပြီး ဒဏ်ရာများစတင်ပျောက်ကင်းစ ပြုလာသည်။
မကြာမှီမှာပင် သူ၏ ပေါက်ပြဲနေပြီဖြစ်သော ချပ်ဝတ်နှင့် ကျိုးပဲ့သွားသော ပုဆိန်မှလွဲ၍ ဖှေးသည်တိုက်ပွဲမစမှီက ကဲ့သို့ခွန်အားများပြန်လည်ပြည့်ဝလာပြီဖြစ်သည်။သူ၏ခန္ဓာကိုယ်မှာ ဒဏ်ရာများလည်း အကုန်ပျောက်ကင်းသွားပြီဖြစ်ပြီး အမာရွတ်တစ်ခုပင် မကျန်ခဲ့ပေ။
ဒိုင်ယာဘလိုကမ္ဘာရှိ ဆေးပုလင်းများမှာ အလွန်အစွမ်းထက် မှော်ဆန်လွန်းလှသည်။
ထိုအချိန်တွင် တံတား၏ မြောက်ဘက်အခြမ်းရှိ လူသန်ကြီးများမှာ အလွန်ထိတ်လန့်သွားသည်။သူတို့၏ ဘုရင်သည် ကျိုးပဲ့တော့မည်ဖြစ်သည့် ကျောက်တံတား၏အလည်ခေါင်တွင် မလှုပ်ရှားပဲ ရပ်နေသောကြောင့်ပင်။ ဖှေးသည် မောပန်းလွန်းသဖြင့် ပြေးရန်ပင်ခွန်အားမရှိတော့ဟု သူတို့အားလုံး ထင်လိုက်ကြ၏။ အကယ်၍ တံတားပြိုကျပြီး ရေထဲပြုတ်ကျပါက အန္တရာယ်အလွန်များလှသည့်အတွက် သူတို့အားလုံး ဘုရင့်အတွက်စိုးရိမ်သွားကြသည်။
“သေစမ်း အမြန်လုပ် အရှင့်ကိုကယ်...”
ပီးရာ့စ်မှာဖှေးထံလို့ အမြန်ပြေးသွားသည်။ ကျန်သည့်လူသန်ကြီးများလည်း ထိုကဲ့သို့ပင် သူတို့ကိုယ်ရှိ ဒဏ်ရာများကို ဂရုမစိုက်ကြပေ။ ဘုရင်အားသွားရောက် ကယ်တင်ရန်သာ စိတ်စောနေ၏။
“ဟာဟေ့ရောင် မင်းတို့ကောင်တွေရူးနေတာလား ပြန်လာခဲ့ကြ။”
ထိုအချိန်တွင် ဒရော့ဂ်ဘာသည် အလွန်တည်ငြိမ်နေသည်။ ပြေးထွက်သွားသော ပီးရာ့စ် အား ဂုတ်မှလှမ်းဆွဲလိုက်ပြီး အော်ပြောလိုက်သည်။”ငါတို့တွေအကုန်ပြေးဝင်သွားရင် ငါတို့ကိုယ်အလေးချိန်ကြောင့် တံတားကပိုပြီး မြန်မြန်ပြိုကျသွားနိုင်တယ်။ဘုရင်ကို အမြန်သွားခေါ်ပြီး အမြန်ပြန်ပြေးလာနိုင်တဲ့သူတစ်ယောက်ပဲ သွားတာကောင်းတယ်...”
“ငါသွားမယ် ငါကအမြန်ဆုံးပဲ...”ပီးရာ့စ်မှာ စက္ကန့်ပိုင်းခန့်သာငြိမ်သွားပြီး တံတားပေါ်ထက်ပြေးသွားရန်ပြင်သည်။
“ဟားဟား ငါ့လောက်တော့မမြန်ပါဘူး...”ဒရော့ဂ်ဘာ ပီးရာ့စ်အားဂုတ်မှထက်မံလှမ်းဆွဲပြီး ပီးရာ့စ်နောက်စေ့အား သူ၏ပုဆိန်ရိုးဖြင့် သတိမေ့အောင်တွယ်လိုက်သည်။ “ငါဘုရင့်က်ိုသွားကူညီလိုက်မယ် မင်းတို့ကောင်တွေအဲ့ ဆံပင်အဖြူနဲ့ငပိန်းကို စောင့်ရှောက်ထားလိုက်ကြ” ဒရော့ဂ်ဘာ အော်ပြောကာ ကျားသစ်တစ်ကောင်ထက်ပင် လျှင်မြန်သည့် အမြန်နှုန်းဖြင့် ပြေးထွက်သွား၏။
ဒရော့ဂ်ဘာ၏ အကြံမှာ စကားတစ်ခွန်းမှပြောမနေတော့ပဲ ဖှေးအားခါးမှချီပြီး ဇူလီမြစ်မြောက်ဘက်ကမ်းသို့ အမြန်ပြန်ပြေးရန်ဖြစ်သည်။
“ဒရော့ဂ်ဘာ မင်းဒီမှာဘာလုပ်နေတာလဲ...”
သူ၏နောက်လာမည့်အကြံစဥ်တစ်ခုအား လေးလေးနက်နက်တွေးနေသောဖှေးမှာ ဖုန်များကြားမှထွက်ပေါ်လာသော ဒရော့ဂ်ဘာကို မြင်လိုက်ရသဖြင့် အံ့သြသွားသည်။
“အရှင်မင်းကြီး တံတားကပြိုကျတော့မယ်။ ကျွန်တော်တို့နောက်ပြန်ဆုတ်မှ ရတော့မယ်....”
ဖှေးတစ်ခုခုပြောရန် ပြင်ဆင်နေချိန်မှာပင် သူ့ခြေထောက်အောက်ရှိတံတား၏ အပိုင်းမှာ ပြင်းထန်စွာ တုန်ခါလာတော့သည်။ ထိုနေရာအား ထောက်ကန်ပေးထားသော အကြီးဆုံးကျောက်တိုင်ကြီးမှာ ရေထဲသို့လဲပြိုသွားပြီဖြစ်သည်။ အောက်မှအသားစား ငါးကြီးများမှာ ပါးစပ်ကြီးများဟလျှက် အသင့်စောင့်ကြိုနေကြသည်။
“အချိန်မရှိတော့ဘူး....”
ချမ်းဘော့ဒ် တိုင်းပြည်ဘက်သွားရာဖြစ်သည့် တံတားအပိုင်းမှာ ပြိုလဲသွားပြီဖြစ်သည့်အတွက် ပြန်လမ်းမရှိတော့ပေ။ဖှေး ဒရော့ဂ်ဘာ လက်ကိုဆွဲပြီး လူရိုင်းဇာတ်ကောင်၏ [ခုန်ကျော်ခြင်း]ကိုအသုံးပြုလိုက်သည်။ ကျောက်သားမျက်နှာပြင်အား ပြင်းထန်စွာစောင့်ကန်ပြီး ခုန်ကျော်လိုက်ခြင်းကြောင့် ဖှေးရပ်နေခဲ့သော တံတားအစိတ်အပိုင်းမှာ အောက်သို့ပြိုကျကုန်၏။
ဖှေးဒရော့ဂ်ဘာအား ဆွဲခေါ်ပြီး လေပေါ်သို့ခုန်တက်သွားကာ လုံခြုံသည့်နေရာတွင်ဆင်းသက်လိုက်သည်။
သို့သော် ထိုလုံခြုံသောနေရာသည် ချမ်းဘော့ဒ်တိုင်းပြည်ရှိရာ မြောက်ဘက်ခြမ်းမဟုတ်ပေ။ ရန်သူများရှိရာဖြစ်သော တောင်ဘက်အခြမ်းပင်။
“ဖုန်း”
ဖှေးနှင့် ဒရော့ဂ်ဘာ တို့နှစ်ယောက်လုံး တံတား၏ အက်ကွဲကြောင်းများရှိသောနေရာနှင့် ၁၂ကိုက်ခန့်အကွာတွင် ဆင်းသက်လိုက်သည်။နောက်ဆုံးတွင် တံတားပေါ်ရှိ ဖုန်မှုန့်များမှာ ငြိမ်သက်သွားပြီဖြစ်ပြီး ပြင်းထန်စွာတုန်ခါနေခဲ့သော တံတားမှာ ငြိမ်သက်သွားပြီဖြစ်သည်။
တံတား၏ အလယ်ဖြစ်သည့်အကျဥ်းမြောင်းဆုံးနေရာတည့်တည့်သည် ပြိုကျသွားပြီး ၁၇ကိုက်ခန့်အကျယ်ရှိ နေရာလပ်တစ်ခုဖြစ်ပေါ်သွားသည်။ နေရာလပ်အောက်ရှိ မြစ်ရေပြင်မှာ ပြင်းထန်စွာ စီးဆင်းနေ၏။ ထိုချောက်ကမ်းပါးသကဲ့သို့ တံတားပေါ်ရှိ နေရာလပ်မှာချမ်းဘော့ဒ်တိုင်းပြည်အား ဝင်ရောက်ရန်ကိုတားဆီးထားသည့် သဘာဝအတားဆီးတစ်ခုဖြစ်သွားပြီဖြစ်သည်။ထိုကဲ့သို့ပြိုကျအပြီးတွင် ရန်သူများအတွက် ချမ်းဘော့ဒ်အားဝင်ရောက်တိုက်ခိုက်ရန် နည်းလမ်းမရှိတော့ပေ။ ကြယ်အဆင့် စစ်သည်များသာ ကြိုးများ၊ချိတ်များအကူအညီဖြင့် တစ်ဖက်သို့ကူးနိုင်ကောင်းကူးနိုင်လိမ့်မည်။ သာမန်စစ်သားတို့အတွက် အတောင်ပံပါမှသာ တစ်ဖက်သို့ရောက်နိုင်တော့မည်ဖြစ်သည်။
ဖှေးနှင့်ဒရော့ဂ်ဘာတို့ ပြတ်ကျသွားသောတံတား၏ အစွန်းတွင်ရပ်နေကြ၏။ သူတို့၏အနောက်တွင်ကား ၁၇ကိုက်ရှည်လျားသည့် သေခြင်း၏နယ်မြေပင်ဖြစ်သည်။ မြစ်ရေစီးကြောင်းနှင့် မြစ်အတွင်းရှိအသားစားငါးများသည်ကား ဟာသမဟုတ်ချေ။
သူတို့၏ အရှေ့တွင်ကား ရန်သူထောင်ပေါင်းများစွာပင်။ရန်သူများ၏ လက်နက်များမှာ နေရောင်အောက်တွင် တောက်ပလျှက်ရှိပြီး သူတို့၏မျက်လုံးများတွင် သတ်ဖြတ်လိုသည့် အရိပ်ယောင်များ အတိုင်းသားပေါ်လွင်နေသည်။
ထိုလူနှစ်ယောက်၏ အခြေအနေမှာ အသက်ရှင်လျှက်လွတ်မြောက်ရန် မဖြစ်နိုင်သည့်အခြေအနေပင် ဖြစ်တော့သည်။ သူတို့နှစ်ယောက်ပေါင်း၍ ရန်သူထောင်ပေါင်းများစွာကို သတ်ဖြတ်နိုင်ပါက၊ သို့မဟုတ် ချမ်းဘော့ဒ်စစ်သားများ ထိုနှစ်ယောက်အား ချမ်းဘော့ဒ် ဘက်သို့ပြန်ခေါ်ရန်နည်းလမ်းရှိပါက လွတ်နိုင်သည်။သို့သော်နှစ်ခုလုံးမှာ မဖြစ်နိုင်ပေ။
ခံတပ်နံရံပေါ်တွင် လူတိုင်းစိုးရိမ်လျှက်ရှိနေ၏။စစ်သားများနှင့် မြို့သူမြို့သားများ၏ မျက်နှာများအရောင်ကင်းမဲ့ကုန်ပြီး အသံတစ်သံမှမထွက်ကြချေ။ ကြယ်သုံးလုံးစစ်သည် လမ်းပါ့ဒ်မှာ မျက်မှောင်ကြုံ့လျှက်ကြည့်နေ၏။လမ်းပါ့ဒ်၏ဘေးတွင် အန်ဂျယ်လာမှာ သူမ၏နှုတ်ခမ်းများကို တင်းကြပ်စွာကိုက်ထားရာ သွေးများပင်စီးကျနေပြီဖြစ်သည်။မျက်ရည်များမှာ သူမ၏ပါးပြင်ပေါ်တွင်မိုးစက်များကဲ့သို့ စီးကျလျှက်ရှိသည်။အန်မာလည်း အန်ဂျယ်လာ၏ လက်မောင်းတွင်မှီလျှက် တိတ်ဆိတ်စွာ ငိုကြွေးလျှက်ရှိသည်။
ဇူလီမြစ်တောင်ဘက်ကမ်းရှိ ငွေရောင်မျက်နှာဖုံးရှင် မှာ အလွန်ဒေါသဖြစ်နေပြီဖြစ်သည်။ထိုကဲ့သို့ အလယ်ပိုင်းပြိုကျသွားသော တံတားကြောင့်ချမ်းဘော့ဒ်အား အလျင်အမြန်သိမ်းပိုက်ရန် ဆန္ဒမှာမဖြစ်နိုင်တော့ချေ။
“နှစ်ယောက်လုံးကိုသတ်ကွာ သူတို့နှစ်ယောက်လုံးကိုအမြန်သတ်ပစ်ကြ။”
ငွေရောင်မျက်နှာဖုံးရှင်၏ မိမိကိုယ်ကိုယုံကြည်မှု၊ အရာအားလုံးကို မိမိထိန်းချုပ်မှုအောက်တွင်ရှိသည်ဟူသော ခံစားချက်တို့မှာ ပျောက်ကင်းကုန်ပြီဖြစ်သည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဒေါသနှင့် မခံချင်စိတ်တို့ကြောင့် ထိန်းချုပ်၍မရအောင်ပင် တုန်ခါလျှက်ရှိသည်။စကားပင် ပီပီသသမပြောနိုင်တော့ချေ။ သူ၏ ခန့်ညားထည်ဝါသည့် အမူအယာတို့မှာ ပျောက်ဆုံးကုန်ပြီဖြစ်၏။
ငွေရောင်မျက်နှာဖုံးရှင်၏ အချွေအရံများမှာ တစ်ခြားလူတစ်ယောက်လားဟုပင်ထင်မှတ်နေရသည်။ သူ၏လက်အောက်တွင်တာဝန်ထမ်းဆောင်လာသည်အမှာ အချိန်အတော်ကြာပြီဖြစ်သော်လဲ မိမိတို့၏ခေါင်းဆောင်ဤကဲ့သို့ ဒေါသဖြင့် အရူးတပိုင်းဖြစ်သွားသည်ကို တစ်ခါမှမမြင်ဖူးသေးပေ။ ပုံမှန်အားဖြင့် တည်တည်ငြိမ်ငြိမ် ခန့်ခန့်ညားညားနေတတ်သောသူဖြစ်၏။
တစ်ပိုင်းတစ်စပြိုကျနေပြီဖြစ်သော တံတားပေါ်တွင်ဖြစ်သည်။ ဖုန်များငြိမ်သက်ရှင်းလင်းသွားသော်အခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် လမ်ဒီ စိတ်အေးသွားသည်။ ဤအခြေအနေတိုင်းဆိုပါက ရန်သူနှစ်ယောက်သည် သူ့လက်မှသေရန်မှတပါး တစ်ခြားလွတ်လမ်းမရှိတော့ပေ။သူတို့နှစ်ယောက်သည် နောက်သို့ပြန်ပြေးရန်လဲ လမ်းမရှိတော့ပေ။ ရန်သူထောင်ပေါင်းများစွာနှင့်တိုက်ခိုက်ရပါက ကြယ်လေးလုံးအဆင့်စစ်သည်ပင် ရှင်နိုင်မည်မဟုတ်ပေ။
“ဟားဟား မင်းတို့နှစ်ကောင်တော့သေပြီ။ ငါမင်းတို့တွေကိုမသတ်ခင် မင်းတို့အရိုးတွေကိုရိုက်ချိုး၊ အသားတွေကိုဆွဲဖြဲပြီး သေပါရစေတော့ တောင်းဆိုလာတဲ့အထိနှိပ်စက်မယ်.....”လမ်ဒီမှာ ကျေနပ်စွာပြုံးပြီး ဖှေးတို့ထံတဖြည်းဖြည်းလမ်းလျှောက်သွား၏။
လမ်ဒီ၏အနောက်ရှိ စစ်သားများလည်း တဖြည်းဖြည်းရှေ့သို့တက်လာ၏။သေစေလိုသည့်အကြည့်များစွာမှာ ဖှေးနှင့်ဒရော့ဂ်ဘာတို့ထံ ကျရောက်လျှက်ရှိပြီး အခြေအနေမှာ စိတ်ဓာတ်ကျဖွယ်ဖြစ်လာတော့သည်။
သာမန်လူများဆိုပါက ထိုအခြေအနေတွင် စိတ်ဖောက်ပြန်သွားနိုင်၏။
“ဟူးးးးး ငါတို့နှစ်ယောက်တော့ ဒီနေရာမှာတင်သေရတော့မယ်နဲ့တူပါတယ်...မင်းနောင်တရနေပြီလား....”ဖှေးမှာ ချည်းကပ်လာသော ရန်သူများအားမကြည့်ပေ။ ဒရော့ဂ်ဘာ ဘက်သို့လှည့်ပြီး ပြုံးကာမေးလိုက်သည်။ “မင်းကြောက်နေပြီလား...”
“ကြီးမြတ်တဲ့ဘုရင် အလတ်ဇန္ဒားရဲ့ဘေးမှာ သေခွင့်ရတာက ဒိုင်ဒီယာ မိသားစုအတွက် ကြီးမားတဲ့ ဂုဏ်သရေပါအရှင်မင်းကြီး။ ကျွန်တော်မျိုး ဒိုင်ဒီယာ ဒရော့ဂ်ဘာ ဘယ်တော့မှ နောင်တရမှာမဟုတ်ပါဘူး....”ဒရော့ဂ်ဘာ ထိုကဲ့သို့ ပြန်လည်လျှောက်တင်ပြီးနောက်တွင် ပုဆိန် ကိုတင်းတင်းဆုပ်ကိုင်လျှက် ရှေ့သို့တက်ကာ ဖှေးအရှေ့မှ ဝင်ကာလိုက်သည်။ထို့နောက်တွင် ရန်သူများအား စိုက်ကြည့်ပြီး ကြုံးဝါးလိုက်သည်။ “ဟားဟား ငါဒီနေ့လူလုံလုံလောက်လောက် သတ်ခဲ့ပြီးပြီ။ မင်းတို့တွေ ဘုရင်ကိုထိချင်ရင် ငါ့ကိုအရင်ကျော်ဖြတ်နိုင်မှရလိမ့်မယ်....”
ထိုအချိန်တွင် ဖှေး၏သွေးများထက်မံတောက်လောင်လာသည်။
အရင်က ဖှေး ကိုယ့်ကိုယ်ကို မေးခွန်းတစ်ခု အကြိမ်ကြိမ်အခါခါမေးေနခဲ့သည်။ “ငါဘာအတွက်ကြောင့် ဒီလောက်ခက်ခက်ခဲခဲတိုက်ခိုက်ပေးနေရတာလဲ...ငါကဒီကမ္ဘာကို မတော်တဆရောက်လာတဲ့လူတစ်ယောက်ပဲလေ...ငါဘာလို့ကြိုးစားတိုက်ခိုက်နေရတာလဲ...ငါ့ရဲ့ ဒိုင်ယာဘလိုကမ္ဘာကရမယ့်အစွမ်းတွေနဲ့ဆိုရင် ငါဘယ်နေရာမှာပဲဖြစ်ဖြစ် အေးဆေးနေသွားလို့ရနေတာပဲ...အဲ့တာကိုငါဘာလို့အခုလို အသဲနဲ့အသန်ချမ်းဘော့ဒ်ကိုခုခံပေးနေရတာလဲ....”။
“ငါဘာလို့ အသဲနဲ့အသန် ခုခံတိုက်ခိုက်ပေးနေရတာလဲ....”
“အားနည်းပေမယ့် ကြင်နာတတ်တဲ့ အန်ဂျယ်လာကြောင့်လား....”
“သစ္စာရှိပြီး ရဲရင့်တဲ့ ဘရွတ်၊ ပီးရာ့စ်နဲ့ ငါ့စစ်သားတွေအတွက်လား.....”
“မျှော်လင့်ချက်မဲ့နေကြပြီးတော့ ငါ့ကိုနတ်ဘုရားတစ်ပါးလို ယုံကြည်ပြီး အားကိုးနေကြတဲ့ ချမ်းဘော့ဒ် မြို့သားတွေအတွက်လား....”
“ဟီးဟီး ငါဘယ်တုန်းကစပြီး ဒီလောက်သဘောထားကြီးလာတာပါလိမ့်....”
ဖှေးယခင်က သူ၏ခေါင်းထဲတွင် သံသယများမေးခွန်းများဖြင့် ပြည့်နှက်နေခဲ့သည်။သို့သော်ယခုအခိုက်တန့်တွင် သူ၏အရှေ့တွင် မားမားမက်မက်ဝင်ကာလိုက်သော ဒရော့ဂ်ဘာ၊ ချမ်းဘော့ဒ် ဘက်အချမ်းတွင် မိမိတို့အားပြန်ခေါ်နိုင်ရန် အသဲအသန်ကြိုးစားနေကြသော စစ်သားများ၊ စသည်တို့ကိုမြင်လိုက်ရသောအခါ တွန့်ဆုတ်နေစရာ၊ သံသယဖြစ်စရာအကြောင်းတစ်ခုမှ မရှိဟု ဖှေးခံယူလိုက်တော့သည်။ အရာအားလုံးသည် ဖြစ်သင့်သည့်အတိုင်းချည်းသာဖြစ်၏။
ဤသည်မှာ ဘုရင်အစစ်မှန်တစ်ပါး၏ ဆုံးဖြတ်ချက်သာဖြစ်တော့သည်။ ဖှေးအရှေ့ရှိဒရော့ဂ်ဘာထံသို့ လမ်းလျှောက်သွားသည်။ “မင်းပြန်ရောက်ရင် ငါ့အမိန့်ကိုပြောပေး။ ဘရွတ်နဲ့လမ်းပါ့ဒ်ကို စစ်သားတွေတစ်ယောက်မှ နံရံအောက်ကိုဆင်းမလားအောင် ထိန်းထားပေးဖို့ပြောလိုက်။ဒါငါ့ရဲ့ဘုရင်တစ်ပါးအနေနဲ့ အမိန့်ပဲ... ဘယ်သူမလိုလိုက်နာရမယ်။ မလိုက်နာတဲ့သူမှန်သမျှကို သစ္စာဖောက်အဖြစ် သက်မှတ်မယ်။”
“ဟမ် ဘယ်လို.....” ဒရော့ဂ်ဘာ ကြောင်သွား၏။ဖှေးဘာကိုဆိုလိုမှန်း သူနားမလည်ချေ။
ထိုအခိုက်တန့်တွင် ဖှေး ဒရော့ဂ်ဘာ လက်ထဲမှပုဆိန်ကို ရုတ်တရက်ယူလိုက်ပြီး လူသန်ကြီးအား လက်ကောက်ဝတ်မှကိုင်ဆွဲလိုက်သည်။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်အား တင်းလိုက်ပြီး ဒရော့ဂ်ဘာကို ကိုင်မြှောက်ကာ တစ်ဖက်သို့ပစ်လွှတ်လိုက်တော့သည်။ ဒရော့ဂ်ဘာမှာ တုန့်ပြန်ချိန်ပင်မရလိုက်ပေ သူ၏ခန္ဓာကိုယ်လေပေါ်တွင် မြောက်လျှက်ဖြစ်နေသည်ကိုတွေ့လိုက်ရသည်။ လူတိုင်း၏အာမေဋိတ်သံများထွက်ပေါ်လာသည် ဖှေး ဒရော့ဂ်ဘာအား သဲအိတ်တစ်အိပ်ကဲ့သို့ ပြတ်ကျနေသောနေရာအား ကျော်လွန်၍ တံတားတစ်ဖက်သို့ရောက်အောင် ပစ်ပို့လိုက်ခြင်းပင်။ဒရော့ဂ်ဘာမှာ တစ်ဖက်သို့ရောက်သွားပြီး သူ၏ သံချပ်ဝတ်နှင့် ကျောက်တံတား၏ ကြမ်းပြင်နှင့် ပွတ်တိုက်မှုတို့ကြောင့် မီးစများပင် ထွက်ပေါ်လာ၏။ပြုတ်ကျမှုကြောင့် အနည်းငယ်မူးမိုက်ရုံမှ လွဲပြီး ဒရော့ဂ်ဘာမှာ ဒဏ်ရာတစ်စုံတစ်ရာမှ မရရှိချေ။
“ပြန်ကြတော့ မင်းတို့အကုန်လုံး... ငါ့ကိုယုံပါ ငါရောက်အောင်ပြန်လာခဲ့မယ်....”
ဖှေး၏ အသံမှာ တံတား၏တစ်ခြားတစ်ဖက်သို့ ပျံ့နှံ့သွား၏။ ဖှေးပြောလိုက်သည်ကို ဒရော့ဘာ၊ ပီးရာ့စ်၊ လမ်းပါ့ဒ်၊ ဘရွတ်၊ အန်ဂျယ်လာတို့ ရှင်းလင်း ပြတ်သားစွာကြားလိုက်ရသည်။ထိုအသံမှာ ကောင်းကင်၌ပင် ပဲ့တင့်သံထပ်နေပြီး အချိန်အတန်ကြာသည်အထိ ပျောက်ကွယ်၍မသွားပေ။
ထိုကဲ့သို့အော်ပြီးသော် ဖှေး ဒရော့ဂ်ဘာထံမှ ယူထားသော ပုဆိန်ကို လွှင့်ပစ်လိုက်ပြီး ရုတ်တရက် ရှေ့သို့ပြေးဝင်သွားတော့သည်။လေညင်းတိုက်ခတ်သကဲ့သို့ လမ်ဒီနှင့် ရန်သူများထံဦးတည်ကာ ပြေးလာ၏။
“ဟားဟားဟား မင်းတော့သေပြီ။”
ထိုအခြေအနေတွင် ဒရော့ဂ်ဘာလွတ်မြောက်သွားသည်ကို မြင်ရသော လမ်ဒီမှာ အလွန်မခံနိုင်ဖြစ်နေ၏။အားသာချက်များစွာရှိနေပါလျှက် ဆက်တိုက်ရှုံးနိမ့်နေခြင်းသည် လမ်ဒီအား အလွန်ဒေါသဖြစ်စေသည်။လမ်ဒီလဲရှေ့သို့ ပြေးထွက်လာပြီး ဖှေးကို ထိတ်တိုက်ရင်ဆိုင်ရန်ပြင်လိုက်သည်။ အနီရောင်စွမ်းအင်မီးတောက်များမှာ သူ့ခန္ဓာကိုယ်အား ဝန်းရံလျှက်ရှိပြီး နေမင်းကဲ့သို့တောက်ပလျှက်ရှိ၏။ လမ်ဒီ၏ အစွမ်းများ အမြင့်ဆုံး ထုတ်ထားသည်မှာ အသေအချာပင်။
“ဟားဟား ငါမင်းကို ဒီတစ်ချက်ထဲနဲ့ ခေါင်းဖြတ်ပြီး ငရဲကိုပို့ပေးတော့မှာကွ....”ဖှေးမှာ လမ်ဒီကို ကြောက်လန့်ခြင်းမရှိပဲ ပိုမို၍ပင်ရယ်မောကာ ခနဲ့လိုက်သည်။ပြေးဝင်နေစဥ်တွင် ရုတ်တရက်ပင် ဖှေးမှော်ဆရာဇာတ်ကောင်အဖြစ်ပြောင်းလဲလိုက်သည်။သူ၏ ခန္ဓာကိုယ်အားမှော်စွမ်းအင်များစတင်ဝင်ရောက်လာသည်။
“ဝှစ် ဝှစ် ဝှစ်”
မီးလုံးများစွာပေါ်လာပြီး လမ်ဒီထံသို့ ပစ်လွှတ်လိုက်သည်။
မှော်ဆရာဇာတ်ကောင်၏ မီးအစွမ်း [မီးလုံးဖြင့် ပစ်ခြင်း]။ပင်
ထို့နောက်တွင် “ချွတ် ချွတ် ဖြတ် ဖြတ်” ငွေရောင်လျှပ်စစ်လုံးများ ဖှေး၏ လက်ဖဝါးမှ ပေါ်ထွက်လာပြီး လမ်ဒီထံသို့ ပျံသန်းသွားသည်။
မှော်ဆရာဇာတ်ကောင်၏ လျှပ်စစ်အစွမ်း [လျှပ်စီးဖြင့် ပစ်ခြင်း]
ထိုမျှနှင့်ပင် အဆုံးမသက်သေးပေ။လျှပ်စီးများ ပစ်လွှတ်အပြီးတွင် ပတ်ဝန်းကျင်ရှိ အပူချိန်မှာရုတ်တရက် များစွာ နိမ့်ကျသွား၏။ ဖှေး၏လက်ဖဝါးတွင် ရေခဲစွမ်းအင်များစုစည်းလာပြီး ရေခဲလုံးများအဖြစ် ပစ်လွှတ်လိုက်ပြန်သည်။ထိုရေခဲလုံးများပျံသန်း နေခိုက်အချိန်တွင် အနီးနားရှိလေထုကိုပါ အေးခဲစေသည်။
ဖှေးတွံ့ဆုတ်မနေပဲ လယ်ဗယ်(အဆင့်)၃ မှော်ဆရာ၏ အစွမ်းသုံးခုလုံးအား ဆက်တိုက်အသုံးပြုပစ်လိုက်သည်။မှော်ဆရာဇာတ်ကောင်၏ အတွင်းအားများအားလုံးကုန်ဆုံးသည်အထိပင် အသုံးပြုပြီသော် လူရိုင်းဇာတ်ကောင်အဖြစ်သို့ ပြန်လည်ပြောင်းလိုက်၏။
ရွေရောင်အလင်းတန်းများ တောက်ပသွားသည်။
လူရိုင်းဇာတ်ကောင်၏ ဒုတိယမြောက်လက်နက်ဖြစ်သည့် အာဇူယာဒိုင်းနှင့် မုန်တိုင်းဆေဘာဓားတို့ကိုဆင့်ခေါ်လိုက်သည်။
တစ်ဖက်တွင် လမ်ဒီမှာ ဖှေး၏ မှော်အစွမ်းများကြောက့် ပျာယာခက်သွား၏။
သူ၏ရန်သူသည် မှော်ဆရာတစ်ဦးလဲဖြစ်နေလိမ့်မည်ဟု လုံးဝပင်ထင်မထားပေ။သို့သော်လည်း ကြယ်သုံးလုံးစစ်သည်ဖြစ်သည့် အတွက် မီးလုံးများကို အလွယ်တကူပင်ရှောင်ရှားလိုက်သည်။ သို့သော်ရှောင်ရှားပြီး နေရာတကျဖြစ်အောင်ပြန်မနေရသေးခင်မှာပင် လျှပ်စစ်လုံးများမှာ သူ၏မျက်နှာတည့်တည့်သို့ ပြန်သန်းလာသည်ကိုတွေ့လိုက်ရသည်။ ဓားဖြင့်ကာရန်ပြုလိုက်သော်လည်း လျှပ်စီးလုံးများမှာ သူ၏ဓားဖြင့် မထိသေးခင်ပင်လျှင် ပေါက်ကွဲသွားပြီး လမ်ဒီခန္ဓာကိုယ်အနှံ့အပြားသို့ ထိမှန်သွား၏။ လျှပ်စီးဒဏ်ကြောင့် ထုံကျဥ်သွားပြီး လှုပ်ရှားမှုများအနည်းငယ်နှေးကွေးသွား၏။
သူ၏ကြယ်သုံးလုံးအဆင့်အတွင်းအားများမှာ အလျှင်အမြန်ပင် လျှပ်စီးဒဏ်ကို ကုသလိုက်၏။ သို့သော်လည်း ပြန်တိုက်ခိုက်မည်ပြင်ဆဲအချိန်တွင် သူ၏ မြင်ကွင်းတွင် ရေခဲလုံးများဖြင့် ပြည့်နက်သွား၏။ လမ်ဒီမှာ သန်မာသည့်သူတစ်ယောက်ဖြစ်သော်လည်း ယခုအခါတွင် မရှောင်နိုင်တော့ချေ။
“ဖုန်း”
ရေခဲလုံးမှာ ထိမှန်သွားပြီး လမ်ဒီ၏ခန္ဓာကိုယ်တစ်ခုလုံးအား ပါးလွှာသော ရေခဲပြင်တစ်ခုဖုံးအုပ်သွားပြီး မလှုပ်ရှားနိုင်တော့ချေ။ သူ၏ အနီရောင်စွမ်းအင်များဖြင့် ရေခဲကို အရည်မပျော်နိုင်ခင်မှာပင် ရွှေရောင်အလင်းတန်းတစ်ခု တောက်ပသွားသည်ကို မြင်လိုက်ရပြီး သူ၏ လည်ပင်းအေးစက်သွားသည်ကို ခံစားလိုက်ရသည်။လမ်ဒီလေပေါ်တွင် ပျံနေသကဲ့သို့ခံစားလိုက်ရပြီး မကြာမှီမှာပင် ရင်းနှီးပြီးသားဖြစ်သော ပုံရိပ်တစ်ခုအားမြင်လိုက်ရ၏။ ထိုအရာမှာ သူ၏ ခန္ဓာကိုယ်ပင်။ လည်ပင်းအထက်ပိုင်းတွင် ခေါင်းမရှိတော့ပဲ သွေးများမှာရေပန်းကဲ့သို့ ပန်းထွက်နေလျှက်ရှိ၏။
“ငါ.....ခေါင်းဖြတ်ခံလိုက်ရတာလား......”
ထိုအရာမှာ လမ်ဒီ၏ စိတ်ထဲတွင်နောက်ဆုံးအနေဖြင့် တွေးလိုက်မိသောအတွေးပင်။ကြောက်ရွံခြင်းကိုစတင်မခံစားရခင် သူ၏အသိစိတ်မှာတဖြည်းဖြည်း ကွယ်ပျောက်သွားတော့၏။
အရာအားလုံးတိတ်ဆိတ်နေသည်။ ကောင်းကင်ရံတွင် အဖြူရောင်တိမ်တိုက်များဖြင့် ပြည့်နှက်နေ၏။
တံတားပေါ်တွင်ဖြစ်သည်။
ညာလက်တွင်ရွှေရောင်ဓားနှင့် ဘယ်လက်မောင်းတွင် အာဇူယာဒိုင်းကာ၊ ဘယ်လက်တွင် ကြယ်သုံးလုံးစစ်သည် လမ်ဒီ၏ ဦးခေါင်းကိုကိုင်ကာ ဖှေး မားမားမက်မက် ရပ်နေ၏။ဦးခေါင်းပြတ်မှ သွေးများမှာ မြေပြင်ပေါ်သို့တစက်စက်ကျလျှက်ရှိပြီး သွေးကွက်ကြီးတစ်ခုဖြစ်ပေါ်နေသည်။
ဖှေး၏ အနောက်တွင် ခေါင်းမရှိတော့သော လမ်ဒီ၏အလောင်းမှ သွေးများသည်ကောင်းကင်သို့ ပန်းထွက်လျှက်ရှိသည်။
“ချွင်”
အလောင်း၏ လက်မှဓားမြေပြင်ပေါ်သို့ ပြုတ်ကျပြီး အသံတစ်ခုပေါ်ထွက်လာသည်။ထို့နောက်တွင် လွန်ခဲ့သည့် စက္ကန့်အနည်းငယ်က စွမ်းအင်များစွာပြည့်ဝနေခဲ့သော လမ်ဒီ၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ်လဲကျသွား၏။
ကြယ်သုံးလုံးစစ်သည်တစ်ယောက်မှာ တိုက်ချက်တစ်ချက်ကိုပင် မရင်ဆိုင်နိုင်လိုက်တော့ပဲ ခေါင်းဖြတ်ခံရကာ နိဂုံးချုပ်သွားပြီဖြစ်သည်။
ဖှေးလက်ထဲရှိ လမ်ဒီ၏ခေါင်းတွင် မျက်လုံးများ ပြူးကျယ်စွာပွင့်လျက်ပင်ရှိသေး၏။သူ၏ မျက်လုံးများတွင်တော့ ရှင်သန်ခြင်းအငွေ့အသက်များ လုံးဝမရှိတော့ပေ။
အသက်ရှင်စဥ်က စွမ်းအားကြီးမားပြီး ပြိုင်ဘက်ကင်းခဲ့သော တော်ဝင်ကြယ်သုံးလုံးအဆင့် စစ်သည် လမ်ဒီမှာ သေဆုံးသွားသောအခါ သူတောင်းစားနှင့်ပင် ဘာမှမကွာခြားတော့ပေ။
ဖှေးတည်ငြိမ်စွာဖြင်ပင့် ရှေ့သို့လမ်းဆက်လျှောက်လာခဲ့သည်။ သူ၏ခြေလှမ်းများမှာ ပေါ့ပါးသွပ်လက်နေသည်။ သို့သော်လည်း ရန်သူများမှာ ဖှေခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည့်အကြိမ်တိုင်းတွင် ထိတ်လန့်သွားကြပြီး အနောက်သို့ ဆယ်လှမ်းခန့် ဆုတ်ခွာသွားကြမည်ဖြစ်၏။
ဖှေးခြိမ်းခြောက်စကားများပြောခြင်းလဲမရှိ၊ သတ်ဖြတ်လိုသည့် အကြည့်ဖြင့် ရန်သူများအား ကြည့်ခြင်းလဲမရှိပေ။ ရှေ့သို့တိတ်တိတ်ဆိတ်ဆိတ်သာ လမ်းလျှောက်နေ၏။
သူ၏ရှေ့တွင်ရှိသော ထောင်ပေါင်းများစွာရှိသည့်ရန်သူများကိုပင် ကြည့်ခြင်းမရှိပေ။ ထိုရန်သူများအနောက် အတန်ဝေးသောနေရာရှိ အမဲရောင်စွမ်းအင်များ လွှမ်းခြုံလျက်ရှိသော ပုံရိပ်ကိုသာစိုက်ကြည့်နေ၏။ပြင်းထန်လှသည့် ဖိအားများမှာထိုအရာထံမှ အဆက်မပြတ်ထုတ်လွှတ်လျှက်ရှိပြီး ဖှေးစိတ်ထဲတွင်ရှိသော အန္တရာယ်များသည်ဟုမသိစိတ်မှ လှုံ့ဆော်မှုတို့မှာ တစထက်တစ်စ ပိုမိုမြင့်မားလာ၏။
“ငါဒီမှော်ဆရာကို ဘယ်လိုသတ်ရမလဲ...”
ဖှေးတွေးလိုက်သည်။
လမ်ဒီနှင့်တိုက်ခိုက်ခဲ့သည်မှာ လွယ်ကူသည်ဟုထင်ရသော်လည်း ထိုကဲ့သို့မဟုတ်ချေ။
ပထမဦးဆုံးအနေဖြင့် မှော်ဆရာဇာတ်ကောင်သို့ပြောင်းကာ အစွမ်းသုံးခုလုံးက်ိုသုံးလိုက်ရသည်။ မီးဖြင့်ပစ်လိုက်ခြင်းမှာ လမ်ဒီအား အာရုံလွှဲရန်ဖြစ်သည်။ လျှပ်စစ်လုံးများမှာ လမ်ဒီ၏ ခန္ဓာကိုယ်အား ထုံကျဥ်နှေးကွေးသွားစေရန်ဖြစ်သည်။ ထို့နောက်တွင် ရေခဲလုံးများဖြင့်ပစ်ကာ လမ်ဒီအား အေးခဲစေပြီး စက္ကန့်အနည်းငယ်လောက်ရပ်တံ့သွားစေရန် လုပ်ဆောင်နိုင်ခဲ့သည်။ဖြစ်စဥ်တစ်ခုလုံကို ဖှေးကြိုတင်စီစဥ်ထားခဲ့ပြီး လှပစွာပင် အကောင်ထည်ဖော်နိုင်ခဲ့သည်။ ဖှေးမှာ ထိုနည်းဖြင့် ခက်ခဲသည့်ရန်သူအား အနိုင်ယူခဲ့ခြင်းဖြစ်သည်။
တကယ့်အစွမ်းခြင်းယှဥ်မည်ဆိုပါက ဖှေးမှာ လမ်ဒီ၏အစွမ်းအား မမှီချေ။သို့သော် ဒိုင်ယာဘလိုကမ္ဘာမှ အစွမ်းများမှာ ထူးခြားဆန်းပြားသည်။ မည်သူမှမမြင်ဖူး မသိသေးသည့်အစွမ်းများပင်။ ဖှေးထိုအရာအား အားသာချက်အဖြစ်အသုံးချပြီး လမ်ဒီအားအငိုက်ဖမ်းသတ်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော်အမဲရောင်စွမ်းအင်များ လွှမ်းခြုံလျှက်ရှိသော ပုံရိပ်မှာ လမ်ဒီထက်အစပေါင်းများစွာ ပို၍ စွမ်းအားကြီးသည်။ ထို့အပြင်ဖှေးသည် သူ၏ အစွမ်းအကုန်အား လမ်ဒီကိုတိုက်ခိုက်ရာတွင် အသုံးပြုလိုက်ပြီဖြစ်သဖြင့် ထိုပုံရိပ်မှာ သူ၏အစွမ်းများကို မြင်ပြီးသိပြီးဖြစ်နေနိုင်သည်။ရန်သူမှာ သိရှိသွားပြီဖြစ်သဖြင့် ယခင်ကကဲ့သို့ အငိုက်ဖမ်းရန်အသုံးချ၍ ရနိုင်တော့မည်မဟုတ်တော့ပေ။သို့သော်စွမ်းအားကွာခြားမှုအလွန်ကြီးသောကြောင့် ဖှေး၏လှည့်ကွက်များနှင့် ဗျူဟာများမှာ ထိုမှော်ဆရာအတွက်ကလေးကစားစရာပင် ဖြစ်နေတော့မည်ဖြစ်သည်။
ဖှေး၏ခေါင်းထဲတွင် အတွေးပေါင်းများစွာဖြင့် ရှုပ်ထွေးနေ၏။ သို့သော်လည်း သူ၏ခြေလှမ်းများမှာ တုန့်နှေး၍မသွားပေ။
ဖှေးရန်သူအား တဖြည်းဖြည်းချည်းကပ်လာသည်။တဖက်တွင်လည်း ရန်သူစစ်သားများသည် ခြင်င်္သေ့တစ်ကောင်အား ရင်ဆိုင်နေရသော ကြွက်များကဲ့သို့ ခံစားရသော ကြောင့်အနောက်ကိုသာ အသဲအသန်ဆုတ်နေကြသည်။သူတို့မှာ ဖှေးအားကြည့်ရန်ပင် သတ္တိမရှိကြတော့ပေ။ ဖှေး၏ပွဲဆက်အနိုင်ရမှုများနှင့်၊ ကြယ်သုံးလုံးအဆင့်စစ်သည် လမ်ဒီအား သတ်ဖြတ်လိုက်မှုတို့ကြောင့် ရန်သူစစ်သားများ၏ စိတ်ဓာတ်နှင့် ရဲစွမ်းသတ္တိတို့မှာ လွန်စွာပျက်ပြားကုန်ကြပြီဖြစ်၏။
ဖှေးအတွက်ကတော့ ပန်းခြံထဲတွင် လမ်းလျှောက်နေရသည့်အတိုင်းသာခံစားရ၏။ဆူညံမှုများနှင့် တိုက်ခိုက်မှုများကို မမြင်ရမကြားရချေ။ ရန်သူများအတွက်မှာ ဖှေးအား ပလိပ်ရောဂါကဲ့သို့ပင် ရှောင်ခွာလိုနေကြသည်။ အနောက်သို့အသဲအသန် ဆုတ်ပြေးနေကြရာ စောင့်ကြည့်ရေးအဖွဲ့ဝင်များပင် ထိန်းချုပ်၍မရတော့ချေ။စောင့်ကြည့်ရေးအဖွဲ့များမှာ ထွက်ပြေးစစ်သားများကို လိုက်လံကွပ်မျက်နေသော်လဲ မရပ်တံ့နိုင်ပေ။ တစ်ချို့စစ်သားများဆိုလျှင် ဖှေးအနားမှ ပို၍မြန်မြန်ဆန်ဆန် လွှတ်မြောက်ရန် လိုက်လံကွပ်မျက်နေသော စောင့်ကြည့်ရေးအဖွဲ့များရှိရာသို့ပင် ပြေးထွက်သွားကြသည်။
“အားးးးးးးးး လေးသည်တော်တွေ အမြန်ပစ် သူ့ကိုအမြန်ပစ်သတ်ပါတော့......”
လမ်ဒီခေါင်းဖြတ်ခံလိုက်ရသည်ကို မြင်လိုက်ရသောငွေရောင်မျက်နှာဖုံးရှင်မှာ သတိပါလစ်ချင်သလိုဖြစ်သွား၏။ လေးသည်တော်များကို အသဲအသန်အော်ဟစ် အမိန့်ပေးနေလေသည်။
အလယ်ခေါင်ပြိုကျပြီး ကွာဟမှုအကြီးကြီးဖြစ်နေသော တံတားကိုမြင်ပြီးသော် ငွေရောင်မျက်နှာဖုံးရှင် ရှုံးနှိမ့်သွားသကဲ့သို့ခံစားလိုက်ရသည်။ ချမ်းဘော့ဒ်အား ယခုအချိန်တွင် သိမ်းပိုက်ရန် မဖြစ်နိုင်တော့ချေ။ ငွေရောင်မျက်နှာဖုံးရှင် တွင် ချမ်းဘော့ဒ် တိုင်းပြည်အား အလွယ်တကူသိမ်းပိုက်နိုင်ရန် နည်းလမ်းထောင်ပေါင်းများစွာမက ရှိနေခဲ့သည်။သို့သော် သူရှုံးနိမ့်ရသည့်အကြောင်းအရင်းကို သူနားမလည်သေးချေ။ တိုက်ပွဲ ဗျူဟာများကိုလဲ သေချာစွာစီစဥ်ခဲ့သည်။လက်နက်ရိက္ခာများကိုလဲ စနစ်တကျအသုံးပြုခဲ့သည်။ ရန်သူကိုလဲ လျှော့မတွက်ခဲ့ချေ..........။သို့သော် သူရှုံးနိမ့်ခဲ့သည်။ သူ၏စစ်သားများလဲများစွာ သေကြေခဲ့သည်။
တစ်ဝတ်ကျိုးနေပြီဖြစ်သော တံတားပေါ်တွင်သူ့အား မည်သူမျှမရပ်တံ့ရဲပဲ ဖြေးညင်းစွာ လမ်းလျှောက်လာသည့် လူကိုတွေ့သောအခါ ငွေရောင်မျက်နှာဖုံးရှင်သည် ယခုလက်ရှိတိုက်ပွဲတွင် အရေးကြီးသည့်အချက်တစ်ခုကိုလျစ်လျူရှုထားခဲ့မိသည်ကို နားလည်သွား၏။ဤသည်မှာ ရန်သူ၏ဘုရင်၏အစွမ်းများသည် အချိန်တိုအတွင်းမှာပင် များစွာတိုးတတ်လာသည်ဟူသောအချက်ပင်။ ဘုရင်သည် မနေ့က လမ်ဒီအား အနောက်ဆုတ်ရန်ကို အသဲအသန်ကြိုးစားခဲ့ရသည်။ သို့သော်ယနေ့တွင်မူ ထိုဘုရင်မှာ သူ၏ဖွဲ့စည်းပုံအတွင်းသို့ လူ၂၀နှင့်ဝင်တိုက်ပြီး လမ်ဒီအား တစ်ချက်ထဲဖြင့်ခေါင်းဖြတ်လိုက်သည်အထိ အစွမ်းထက်လာခဲ့သည်။
“ကြယ်တစ်လုံးကနေ သုံးလုံးထိတတ်သွားတာလား...”
မည်သူမျှ ထိုကဲ့သို့တွေးထားမည်မဟုတ်ပေ။ ငွေရောင်မျက်နှာဖုံးရှင်၏ ဗျူဟာများကို ဖှေး၏အားသာချက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ဖြင်းဖြစ်သည်။ ဖှေးတွင် ကြယ်သုံးလုံးစစ်သည်နှင့် တူညီသောအစွမ်းရှိသည်ကိုသိပါက သူ၏စစ်တပ်နှင့် ကိရိယာကြီးများအား ကျဥ်းမြောင်းလှသော တံတားပေါ်တွင်နေရာချထားခဲ့မည်မဟုတ်ပေ။
“ဒါပေမယ့်...ဘယ်လိုလဲ....”
“မဟုတ်မှလွဲေရာ....အဲ့လူကတစ်ညထဲနဲ့ ကြယ်အဆင့်နှစ်ဆင့်တက်သွားတာလား....”
ငွေရောင်မျက်နှာဖုံးရှင် မျက်နှာပျက်သွားပြီး အလွန်ထိတ်လန့်သွားသည်။ သူစဥ်းစားမိသော အချက်ကြောင့်ပင်။ “အဲ့လိုသာဆိုရင် ဒီလူကဘယ်လိုတောင်လား....စစ်ပွဲနတ်ဘုရားကိုယ်တိုင်များ ပြန်ဝင်စားလာတာလား....”
“မရဘူး ငါဒီလိုလူကို အသက်ရှင်လျက်ဆက်ထားလို့မဖြစ်ဘူး..နို့မို့ဆို.....”
ရန်သူ၏အစွမ်းအပြည့်အဝ ကြီးထွားလာပါက ကြောက်မက်ဖွယ်အလွန်ကောင်းတော့မည့်အဖြစ်ကို သတိထားမိလိုက်သော ငွေရောင်မျက်နှာဖုံးရှင်၏ စိတ်အား အကြောက်တရားများဖြင့် ဖုံးလွှမ်းသွားသည်။ သူ၏ဆရာဖြစ်သည့် ထူးဆန်းသောမှော်ဆရာ၏ဆန္ဒဖြစ်သည့် ဖှေးအားအသက်ရှင်လျှက်ရယူလိုသည့် အချက်ကိုပင် ထည့်မစဥ်းစားတော့ပေ။လေးသည်တော်များကို အမြန်အော်ဟစ်အမိန့်ပေးလိုက်သည်။ “စပစ်တော့ သံချပ်ဝတ်ဖောက်မြှားတွေနဲ့ အမြန်စပစ်တော့ မြန်...မြန်..မြန်...မြန်...ပစ်...”
“ဝှစ် ဝှစ် ဝှစ် ဝှစ်”
ဤသည်မှာ တိုက်ပွဲအတွင်းတွင် ငွေရောင်မျက်နှာဖုံးရှင် အောင်မြင်စွာအချိန်မှီပေးနိုင်ခဲ့သည့် တစ်ခုတည်းသောအမိန့်ပင် ဖြစ်ကောင်းဖြစ်နိုင်၏။ သူ၏ အမိန့်အပြီးတွင် လေးကြိုးများစွာကို ဆွဲတင်လိုက်ကြသည်။ လေးကြိုးလွှတ်သံတို့နှင့်အတူ အမဲရောင်မြှားများစွာတို့မှာ လေထုကိုခွင်း၍ထွက်ခွာသွား၏။တံတားပေါ်ရှိ ကောင်းကင်ရံတစ်ခုလုံးပင် မြှားများဖြင့်ပြည့်နှက်သွားသည်။
“ယီးပဲကွာ..”
ထိုအရာကိုတွေ့သော အခါ အမဲရောင်စွမ်းအင်များ လွှမ်းခြုံလျက်ရှိသော ထူးဆန်းသည့်မှော်ဆရာမှာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ ထိုသူမှာ “သားရဲ” အား အရှင်လတ်လတ်ဖမ်းစီးပြီး စွမ်းအားတစ်မျိုးမှတစ်မျိုးလွယ်ကူစွာ ပြောင်းလဲနိုင်သည့် လျို့ဝှက်ချက်ကိုရယူရန် စီစဥ်ထားသောကြောင့်ပင်။ သို့သော်ထိုမြှားမိုးများအောက်တွင် သားရဲမှာ သံဖြင့်ထုလုပ်ထားသည်ဆိုလျှင်ပင် အသက်ရှင်နိုင်ဖွယ်မရှိတော့ပေ။
တပိုင်းတစ ပြိုကျနေပြီဖြစ်သော တံတားပေါ်တွင်ဖြစ်သည်။
ဖှေးခေါင်းမော့ကြည့်လိုက်ရာ မြှားမိုးများရွာချတော့မည့်ကောင်းကင်အားတွေ့လိုက်ရကာ သေမင်းကလှမ်းခေါ်နေသကဲ့သို့ခံစားလိုက်ရသည်........ ရန်သူ့ခေါင်းဆောင်မှာ တံတားပေါ်တွင်ရှိနေသေးသော မိမိစစ်သားများကို ဂရုစိုက်ပုံမရချေ။
ထိုအန္တရာယ်အား မြင်တွေ့လိုက်ရသောအခါ ဖှေးဘယ်လက်မှ အာဇူရာဒိုင်းကာဖြင့် သူ့မျက်နှာအား ကာကွယ်လိုက်သည်။
“ဒုတ် ဒုတ် ဒုတ် ချွင် ချွင်”သူ၏ခန္ဓာကိုယ်အား တူပေါင်းများစွာဖြင့် ဝိုင်းထုရိုက်နေသကဲ့သို့ပင် နာကျဥ်လှသော ခံစားမှုသည် သူ၏အာရုံကြောစနစ်တွင် ပျံ့နှံ့သွား၏။
တံတားပေါ်တွင် အမဲရောင်ချပ်ဝတ်များနှင့် စစ်သည်များမှာ သူတို့၏ရဲဘော်စစ်သားများ ပစ်ချလိုက်သော မြှားများကြောင့် တစ်ယောက်ပြီးတစ်ယောက်သေဆုံးနေကြ၏။ နေရာ အနှံ့တွင်သွေးများစီးကျနေပြီး နာကျင်စွာအော်ဟစ်ငိုကြွေးသံများမှာ မြစ်ရေစီးဆင်းသံထက်ပင် ပို၍ကျယ်လောင်နေ၏။သေစေနိုင်သောမြှားများမှာ ရန်သူများ၏ မျက်လုံးများ၊ ဦးခေါင်း၊ ခြေလက်၊ ရင်ဘက် နေရာအနှံ့အား ထိုးဖောက်ဝင်ရောက်သည်။ တချို့မြှားဒဏ်ရာပြင်းထန်စွာမှန်ပြီး မသေသေးသော စစ်သားများမှာ နာကျဥ်စွာအော်ဟစ်ငိုကြွေးပြီး သူတို့၏စခန်းထံသို့ တွားသွားရန်ကြိုးစားနေကြပြီး သွေးကြောင်းရာကြီးများချန်ထားခဲ့ကြသည်။
တံတားပေါ်မှာ ငရဲခန်းတစ်ခုဖြစ်လာတော့သည်။
အနည်းငယ်ဝေးလှံသောနေရာတွင် ငွေရောင်မျက်နှာဖုံးရှင်သည် တောင်ထိပ်တစ်ခုမှနေ၍ ဖြစ်ပျက်နေသည်များကို ကြည့်ရှုနေသည်။သူ၏စစ်သားများ၏ နာကြင်စွာအော်ဟစ်ငိုကြွေးပြီး သူ့အားကျိမ်ဆဲကာ သေကြေနေကြသည်ကို မြင်နေရကြားနေရသောလည်း ဂရုလုံးဝမစိုက်ပေ။သူဂရိုစိုက်ကြည့်နေသည့် တစ်ခုတည်းသောအရာမှာ ထိုလူသာဖြစ်သည်။
သို့သော်သူ့အား တစ်ချိန်ထဲမှာပင် ဒေါသထွက်၊ ကြောက်လန့်စေသည်မှာ မြှားများပထမအကြိမ်ပစ်ပြီးသည့်အချိန်တွင် ထိုသားရဲမှာ ချပ်ဝတ်အပြည်ံ့ဝတ်ထားပြီး သူ၏ ဓားနှင့်ဒိုင်းကာကို ဝှေ့ရမ်းကာ မြှားများကို ကာရန်ကြိုးစားနေဆဲပင်ဖြစ်ကြောင်းကို တွေ့နေရသောကြောင့်ပင်။ သူ၏ခန္ဓာကိုယ်မှ သွေးများစီးကျနေပြီဖြစ်သော်လဲ သေစေနိုင်သည်အထိတော့ ဒဏ်ရာမရသေးပေ။
“လေးသည်တော်တွေ မရပ်လိုက်နဲ့နော် ဆက်တိုက်ပစ်နေ.....”
“ဝှစ် ဝှစ် ဝှစ် ဝှစ်”
မြှားများသည် ကောင်းကင်ရံအား တိမ်မဲများကဲ့သို့ပင် ဖုံးလွှမ်းသွားသည်။ချွန်ထက်နေသော မြှားခေါင်းများသည် သန်းခေါင်ရံညရှိ ကြယ်ပွင့်များကဲ့သို့ပင်။
“ဒုတ် ဒုတ် ဒုတ်”
ချပ်ဝတ်ဖောက်ထွင်းရန် အထူးပြုလုပ်ထားသော မြှားများသည် သူတို့ကျရောက်ရာလမ်းတစ်လျှောက်၏ အသက်များကို ရိတ်သိမ်းသွား၏။မြှာခေါင်းများသည်လည်း သေမင်း၏ တံစဥ်းကဲ့သို့ပင် သူတို့လမ်းတစ်လျှောက်ရှိ အဆီးအတားများ၊ ချပ်ဝတ်များက်ို ထိုးဖောက်သွားကာ တံတား၏ကျောက်ကြမ်းပြင်ပေါ်၌ပင် အပေါက်များ ဖြစ်ပေါ်စေသည်။
မြှားများတွင် ခံစားချက်မရှိပေ။ ကျရာလမ်းတစ်လျှောက်ရှိ စစ်သားများအား အကုန်သတ်ဖြတ်ပစ်သည်။
မကြာမှီတွင် တံတားပေါ်တွင် အသက်ရှင်ကျန်သူဟူ၍ပင် မရှိတော့ပေ။ ယခင်က ဒဏ်ရာရ ငိုကြွေးအော်ဟစ်နေကြသော စစ်သားများမှာ ယခုအခါတွင် ပို၍သေဆုံးနိုင်ဖွယ်ပင်မရှိေတာ့။ အလောင်းတိုင်းအလောင်းတိုင်းတွင် မြှားပေါင်းများစွာ စိုက်နေလျှက်ရှိ၏။
ငွေရောင်မျက်နှာဖုံးရှင် ထိုလူအားစိုက်ကြည့်နေသည်။
သူမြင်ချင်နေခဲ့သော အရာအားနောက်ဆုံးတွင်မြင်လိုက်ရပြီဖြစ်သည်။ ထိုလူမှာ လှုပ်ရှားမှုလုံးဝမရှိတော့ပေ။ သူ၏ခန္ဓာကိုယ်တွင် မြှားပေါင်းများစွာစိုက်ဝင်နေ၏။”ချွင်” လက်တွင်ကိုင်ထားသော သူ၏ဒိုင်းကာနှင့် ဒိုင်းမှာ လွတ်ကျပြီး မြေပေါ်ရောက်သည်နှင့် တပြိုင်နက်ပျောက်ကွယ်သွားသည်ကိုတွေ့လိုက်ရသည်။ “ဖုန်း” ထို့နောက်တွင် ထိုလူသည် မြေပြင်ပေါ်သို့ လဲကျသွားပြီဖြစ်၏။
“သေပြီလေ ဟားဟားဟား နောက်ဆုံးတော့သေသွားပြီ... နောက်ဆုံးတော့သူသေသွားပြီကွ...”
ငွေရောင်မျက်နှာဖုံးရှင်မှာ အရူးကဲ့သို့ပင် တုန်ခါစွာရယ်မောနေ၏။ ဆက်လက်ရယ်မောနေရင် မျက်ရည်များပါကျလာခဲ့သည် သူဝမ်းသာနေသည်လား၊ ဝမ်းနည်းနေသည်လားပင် မသဲကွဲချေ။သို့သော်သူ မြေပြင်ပေါ်တွင် ဒူးထောက်ခါဆက်လက်ရယ်မောနေသည်။ ရယ်မောနေရင်းပင် သူ၏အသံမှာ ကြမ်းရှလာပြီး ငိုကြွေးသည်အဖြစ်ပြောင်းသွားတော့သည်။ အရူးတစ်ယောက်ကဲသို့ပင်။
ငွေရောင်မျက်နှာဖုံးရှင် လေးဘက်ထောက်လျှက်ငိုကြွေးနေသော တောင်ကုန်းပေါ်တွင် အာမေဋိတိတ်သံများဖြင့် ပြည့်နှက်နေတော့၏။
သေဆုံးသွားပြီဖြစ်သည်။
ထိုလူမှာ နောက်ဆုံးတွင်တော့ သေဆုံးသွားခဲ့ပြီဖြစ်၏။
သို့သော် သူ၏ ကျွမ်းကျင်စစ်သည် ၃ထောင်ခန့်မှာလည်း အကုန်မြှားမှန်သေဆုံးသွားခဲ့ပြီဖြစ်သည်။ ထိုမျှသာမက အသက်ရှင်ကျန်ရှိနေသော စစ်သားများမှာလည်း သေလောက်သည်အထိကြောက်လန့်ကုန်ကြပြီဖြစ်သည်။ လက်နက်များကို တစ်ဖန်ကိုင်စွဲပြီး နောက်တစ်ကြိမ်တိုက်ပွဲဝင်ရန် သတ္တိမရှိကြတော့ပေ။ငွေရောင်မျက်နှာဖုံးရှင်အား ပို၍မခံမရပ်နိုင်ဖြစ်စေသည်မှာ သူ၏အခြေအရံ အမဲရောင်စစ်သည် တစ်ဝက်မျှကိုပင် ဆုံးရှူံးလိုက်ရခြင်းပင်။ ထိုစစ်သည်များမှာ အနည်းဆုံးကြယ်တစ်လုံးအဆင့်များ ရှိကြသည်။ ကြယ်သုံးလုံးအဆင့်စစ်သည် လမ်ဒီကို ဆုံးရှုံးလိုက်ရသည့်အကြောင်းကိုတော့ ဖော်ပြရန်ပင်မလိုတော့ချေ။
ငွေရောင်မျက်နှာဖုံးရှင်မှာ ထို “သားရဲ”၏ တွန်းအားပေးမှုတို့ကြောင့် စိတ်ပိုင်းဆိုင်ရာပျက်ပြားလုနီးနီးပင် ဖြစ်သွားရသည်။
စစ်မြေပြင်တွင် ထိုလူနောက်ဆုံးတွင် လဲကျသွားသည်ကိုတွေ့သော် စစ်သားများသူတို့၏ လည်ပင်းများကိုကိုင် အသက်ပြင်းထန်စွာရှူနေကြသည်။ သေမင်းမှာ သူတ်ို့အား ချမ်းသာပေးလိုက်သကဲ့သို့ပင် ခံစားလိုက်ရ၏။ သူတို့၏ စိတ်ထဲတွင်တောင်တစ်လုံးနှင့် ဖိထားခံထားရသကဲ့သို့ ဖိအားမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။ တစ်ချို့ရန်သူစစ်သားများဆိုလျှင် မျက်ရည်များကျသည်အထိပင် ရယ်မောနေကြသည်။
ယခုအချိန်မတိုင်ခင်အထိ လူတစ်ယောက်ထဲကပင် စစ်တပ်တစ်ခုလုံးအား ဖျက်ဆီးပစ်နိုင်သည်ကို မည်သူမျှမကြုံဖူးသေးပေ။
ထူးဆန်းသည့်မှော်ဆရာမှာ အလွန်ဒေါသဖြစ်နေ၏။သို့သော်လည်း ငွေရောင်မျက်နှာဖုံးရှင်၏ မျက်နှာအမူအယာများကို အဝေးမှလှမ်းမြင်လိုက်ရသောအခါတွင် ဒေါသကိုထိန်းလိုက်ပြီး ပြသနာမရှာတော့ရန် ဆုံးဖြတ်လိုက်သည်။အတန်ကြာတွေးပြီးနောက်တွင် သူ၏ဘေးတွင်ရှိသော စစ်သားအနည်းငယ်အား အမိန့်ပေးလိုက်သည်။
“မင်းတို့ကောင်တွေ အဲ့အလောင်းကို သွားသယ်ပြီး ငါ့တဲထဲယူလာခဲ့ကြ။”
တော်ဝင်မှော်ဆရာကြီး၏အမိန့်ကြောင့် စိတ်ဓာတ်ပျက်ပြားနေကြသော စစ်သားတစ်ချို့မှာ အသိစိတ်ပြန်ဝင်လာကြသည်။ ထို့နောက်တွင် စစ်သားတစ်ချို့ မြှားပေါင်းများစွာစိုက်ဝင်နေသောအလောင်းထံသို့ ပြေးသွားပြီး သယ်ဆောင်ကာ မှော်ဆရာ၏တဲထံသ်ို့ မှော်ဆရာနှင့်အတူ လိုက်ပါလာခဲ့ကြသည်။
အလောင်းအားသယ်ဆောင်ရသည်မှာ အင်မတန်လေးလံလှသည်။ ဝတ်ဆင်ထားသော သံမဏိချပ်ဝတ်နှင့် စိုက်ဝင်နေသော မြှားများ၏အလေးချိန်ကို ထည့်ပေါင်းပါက စုစုပေါင်းပေါင်၃၀၀ခန့်ပင် လေးလံလောက်၏။အလောင်းအားဝိုင်းဝန်းသယ်ဆောင်နေကြသော စစ်သားများချွေးပြန်နေကြသည်။ သူတို့အားလုံးအလောင်းကို ကြည့်ပင်မကြည့်ရဲပေ။ အလောင်းမှထွက်ပေါ်နေဆဲဖြစ်သည့် သတ်ဖြတ်လိုစိတ်များသည် သူတို့၏စိတ်ဝိဉာဥ်အား တစ်စစီဆုတ်ဖြဲနေသကဲ့သို့ပင်။ ထို့ကြောင့် ထူဆန်းသည့်မှော်ဆရာအနောက်မှလိုက်ပါလာကြသော စစ်သားများတုန်ယင်နေကြ၏။
“မင်းတို့တွေအကုန်လုံး ထွက်သွားကြတော့...အထဲမှာဘာတွေပဲဖြစ်နေဖြစ်နေ တစ်ယောက်မှဝင်မလာစေနဲ့ ကြားလား......”
အထဲတွင်မှောင်မိုက်နေသည့် အမဲရောင်တဲတစ်ခုအနားသို့ရောက်သောအခါ အလောင်းအားတဲအတွင်းတွင် ချထားစေပြီး ထွက်သွားချရန် ထူးဆန်းသည့်မှော်ဆရာမှ အမိန့်ပေးလိုက်သည်။
စစ်သားများမှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခံလိုက်ရသည့်အတိုင်း ဝမ်းသာအားရဖြင့် တဲအတွင်းမှအမြန်ပြေးထွက်ကုန်ကြသည်။တဲထဲတွင်စိုစွတ်ပြီး မှိုအနံ့များဖြင့်ပြည့်နက်နေ၏။ ဆေးစိမ်ထားသည့် အလောင်းတချို့၏အနံ့များကိုလည်း ရနေရသည်။ခွဲစိတ်ခန်းသုံးပစ္စည်းများနှင့်တူသော ချွန်ထက်သည့် ကရိယာများနှင့် ပုလင်းများကိုနေရာအနှံ့တွင် ချိတ်ဆွဲထား၏။နေရာတစ်ခုလုံးမှာ သားသတ်ရုံတစ်ခုကဲ့သို့ဖြစ်နေပြီး ရန်သူစစ်သားများထိုအထဲတွင် တစ်စက္ကန့်ပင် မနေချင်ကြပေ။
ထို့နောက်တွင် ထူးဆန်းသည့်မှော်ဆရာ တဲတံခါးကို သေချာစွာပိတ်လိုက်သည်။ ထို့နောက်တွင် ပို၍သေချာစေရန် တံခါးအနားတွင် မှော်ပညာဖြင့်အကာအရံတချို့ ချထားလိုက်သည်။ ထို့နောက်တွင် သူ၏လက်မှအပြာရောင်မီးတောက်တချို့ကို ထုတ်လွှတ်လိုက်ပြီး တဲအလည်တွင်ချိတ်ဆွဲထားသော ရေနံဆီမီးအိမ်ကို ထွန်းညှိလိုက်သည်။ မီးအိမ်အတွင်းရှိ အပြာရောင်မီးတောက်မှာ တဖြတ်ဖြတ်တောက်ပနေ၏။ တဲအတွင်းတွင် မီးရှိနေပြီဖြစ်သော်လည်း အထဲတွင်အေးတိအေးစက်ဖြစ်နေတုန်းပင်။ အရာအားလုံးမှာ ငရဲကဲ့သို့ပင်ကြောက်မက်ဖွယ်ကောင်းနေ၏။
“ဟိုး ဟိုး ဟိုး ဟိုး”
မှော်ဆရာ၏ ရယ်မောသံမှာ ဇီးကွက်တစ်ကောင်ကဲ့သို့ပင်။ မြေပြင်ပေါ်ရှိအလောင်းအား ငုံ့ကြည့်ရင်း သူ၏မျက်လုံးများမှာ လောဘအရောင်များလင်းလတ်နေ၏။ ထို့နောက်တွင် နောင်တအနည်းငယ်ဖြင့် သူ့ကိုယ်သူစကားပြောလိုက်၏။ “အသက်ရှင်လျှင်မဖမ်းလိုက်နိုင်တာတော့ တော်တော်ဆိုးတာပဲ....ဒါပေမယ့်ငါအောက်လမ်းပညာအနည်းငယ်တတ်ထားတော့ သူ့အလောင်းကိုခွဲစိတ်စမ်းသက်ကြည့်ရင်တော့ သူ့လျှို့ဝှက်ချက်ကို သိနိုင်လောက်ပါတယ်....ဟိုး ဟိုး ဟိုး ဒီလျို့ဝှက်ချက်ကိုရတာနဲ့ ငါက နှစ်ပေါင်းများစွာကြာတာတောင်မတတ်နိုင်ဖြစ်နေတဲ့ ကြယ်ငါးလုံးအဆင့်ကိုချက်ခြင်းရောက်သွားပြီး လအဆင့်မှော်ဆရာဖြစ်ဖို့ဆိုတာလဲဝေးတော့မှာ မဟုတ်တော့ဘူး...ဟီး ဟီး”အသံပြာပြာဖြင့်ရီမောလိုက်သည်။
ထို့နောက်တွင် မစောင့်နိုင်တော့ အလောင်း၏ သံချပ်ဝတ်အားချွတ်ရန် လက်ဖြင့်ကိုင်လိုက်သည်။သံချပ်ဝတ်အားချွတ်ပြီး စတင်ခွဲစိတ်တော့မည်ဖြစ်သည်။
မှောက်လျှက်ဖြစ်နေသော အလောင်းအားပတ်လက်အနေအထားဖြစ်အောင် ဆွဲလှန်လိုက်သည့်အချိန်တွင် မှော်ဆရာ၏မျက်နှာပေါ်ရှိအပြုံးမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး မမျှော်လင့်ထားသည့် ထိတ်လန့်မှုအသွင်သို့ ပြောင်းလဲသွားတော့သည်။မှော်ဆရာမှာ စွမ်းအားကြီးသော်လည်း ရုတ်တရက်ကြောက်လန့်တုန်လှုပ်သွားသည်။
မိမိကိုပြုံးပြနေသော အလောင်းတစ်ခုကို မြင်ပါက မည်သူ မကြောက်လန့်ပဲရှိနေနိုင်သနည်း။မှော်ဆရာ၏ အာရုံကြောများမှာ သဘာဝအတိုင်းပင် တုန့်ပြန်လိုက်ခြင်းဖြစ်သည်။
“မင်း.....မဖြစ်နိုင်တာပဲ......အသက်ရှင်နေတုန်းပဲလား........”
မှော်ဆရာမှာ သရဲကိုမြင်လိုက်ရသည့်အတိုင်းပင် ကြောက်လန့်တကြားအော်ဟစ်လိုက်သည်။
မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့သန်မာသော စစ်သည်မှာ မှော်ဆရာ၏အနီးကပ်သို့ရောက်လာသောအခါ ဘာဖြစ်တော့မည်နည်း။မှော်ဆရာ၏ မျက်နှာမှာ ဖြူဖက်ဖြူရော်ဖြစ်သွားသည်။ ထို့နောက်တွင် မှော်စွမ်းအင်များစတင်ပေါ်ပေါက်လာပြီး တဲအတွင်းတွင် စတင်ပျံ့နှံ့လာသည်။ မှော်ဆရာမှာ မိမိခန္ဓာကိုယ်အား ကာကွယ်နိုင်ရန်အသဲအသန်ကြိုးစားနေ၏။ မှော်ဆရာများသည်အလွန်အစွမ်းထက်သောလဲ သူတို့၏ ခန္ဓာကိုယ်မှာ အလွန်အားနည်းသည်။
သူ၏ပါးစပ်မှ ဂါထာမန္တန်ရွတ်ဖတ်သံများစတင်ထွက်ပေါ်လာသည်။
သို့သော်.......
“ဘုန်း”
ဖှေး၏လက်သီးတစ်ချက်မှာ မှော်ဆရာ၏မိမိကိုယ်ကိုကာကွယ်နိုင်ရန် ကြိုးစားနေမှုကို ရပ်တံ့သွားစေသည်။ကြတ်ဖတစ်ကောင်အား လည်မျိုညစ်လိုက်သည့်အတိုင်းပင် ဂါထာရွတ်ဖတ်သံမှာ ရပ်တံ့သွား၏။ထို့နောက်တွင် တဲအတွင်းပျံ့နှံစပြုလာပြီဖြစ်သော အမဲရောင်စွမ်းအင်များမှာ ရုတ်တရက်ပျောက်ကွယ်သွား၏။
မှော်ဆရာမှာ ပါးစပ်အဟောင်းသားဖြစ်နေသည်။ ထိပါးခံလိုက်ရသော အပျိုစဥ်တစ်ယောက်ကဲ့သို့ သူ၏မျက်နှာတွင် မယုံနိုင်မှုများဖြင့် ပြည့်နှက်နေပြီး လက်နှစ်ဖက်မှာ သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုအား နာကြင်စွာဖုံးကိုင်ထားသည်။ သူ၏ ပေါင်ခြံကြားပင်။
“သေစမ်း ယောက်ျားတစ်ယောက်ရဲ့ အားနည်းဆုံးအစိတ်အပိုင်းက ပေါင်ကြားဆိုတာအမှန်ပဲပေါ့.......”
ဖှေးလက်သီးဖြင့်ထိုးကာရယ်မောပြီး၊ သိက္ခာမရှိတွေးလိုက်မိသည်။ ရယ်မောနေသော်လည်း ဖှေးမှာအခွင့်ရေးကို လက်လွှတ်မခံပေ။ ခုန်ထပြီး မှော်ဆရာ၏ ပေါင်ကြားအားထက်မံ၍ ပြင်းပြင်းထံထံ ကန်ထည့်လိုက်သည်။
ထိုကန်ချက်အားခံစားပြီးနောက်တွင် မှော်ရော၏ခန္ဓာကိုယ်မှာ တောင့်တောင့်ကြီးဖြစ်သွားတော့၏။ သားရဲတစ်ကောင်သေဆုံးသကဲ့သို့ ငြီးငြူသံမှာ သူ၏လည်ချောင်းအတွင်းမှထွက်ပေါ်လာပြီး အနောက်သို့ပတ်လက်လန်လဲသွားတော့သည်။ အမဲရောင်ဝတ်ရုံမှာ သူ၏မျက်နှာအား ဖုံးကွယ်ထားခြင်းမရှိတော့ပဲ အရိုးခြောက်ကဲ့သို့မျက်နှာအား မြင်လိုက်ရ၏သည်။ အလွန်ပိန်လွန်းလှသဖြင့် အရိုးပေါ်အရေတင်ရုံမျှသာ သူ၏ခေါင်းတွင်လည်း ဆံပင်တစ်ချောင်းမှမရှိပေ။
ခန္ဓာကိုယ်၏ အရေးကြီးသည့်အစိတ်အပိုင်းအား တိုက်ခိုက်ခံလိုက်ရသဖြင့် မှော်ဆရာ၏မျက်နှာမှာ အဖြူရောင်မှအမဲရောင်သို့ပြောင်းလဲသွားသည်။ ထို့နောက်တွင် အမဲရောင်မှအစိမ်းရောင်........စွမ်းအားကြီးမားလှသည့် ကြယ်လေးလုံးအဆင့် မှော်ဆရာကြီးမှာ နာကျင်မှုကြောင့် မျက်ရည်များပင်ဝဲနေ၏။ ပုဇွန်တစ်ကောင်ကဲ့သို့ကွေးကာ မြေပြင်ပေါ်တွင် လူးလိမ့်လျှက်ရှိနေပြီး မကြာခင်မှာပင် သတိလစ်မေ့မျောသွားတော့သည်။
“သေစမ်း...မင်းကလည်း ငါ့လိုသေချင်ယောင်လိုက်ဆောင်နေတာလား....”
ဖှေးမှာ ကြယ်လေးလုံးမှော်ဆရာအား အလွယ်တကူရှင်းလင်းနိုင်လိုက်သည်ကို မယုံကြည်နိုင်သေးပေ။ မှော်ဆရာသတိလစ်ဟန်ဆောင်နေသည်မဟုတ်ကြောင်း သေချာသွားစေရန် ပေါင်ကြားအား ထက်မံဆောင့်ကန်ကြည့်လိုက်သည်။
“သူတကယ်ပဲ သတိလစ်သွားတဲ့ပုံပဲ.....”
ဖှေး စိတ်အေးသွားသည်။သူ၏ စိတ်တွင်ရှိနေသော ဖိအားများပျောက်ကွယ်သွားသည်နှင့် အတူ သူ၏တင်းမာနေသော အာရုံကြောများမှာလဲ လျှော့ကျသွားပြီဖြစ်သည်။ စိတ်အေးသွားပြီး မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး အသက်ဝဝရှုူနေ၏။
အရာအားလုံးမှာ ဖှေးမျှော်လင့်ထားသည်ထက်ပင်ပို၍ အဆင်ပြေချောမွေ့စွာပီးဆုံးသွားခဲ့သည်။တိုက်ပွဲအတွင်းတွင် ရန်သူ့လေးသည်တော်များကို မြင်လိုက်ရသောအခါတွင် ဖှေးသေချင်ဟန်ဆောင်ရန် အကြံတစ်ခုရလိုက်၏။ သူသည် ထူထဲလေးလံသည့် သံမဏိချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ထိုသံမဏိချပ်ဝတ်၏အောက်တွင် လယ်ဗယ်(အဆင့်)၁၂ လူရိုင်းဇာတ်ကောင်၏ ချပ်ဝတ်ကို ထက်မံဆင့်ခေါ်ဝတ်ဆင်နိုင်သေးသည်။ အထူးသဖြင့် [အာတိတ် စုံတွဲပစ္စည်းများ]ထဲတွင် ပါဝင်သော ပစ္စည်းတစ်ခုဖြစ်သည့် [အာတိတ် သားမွှေး]ပင်။ ထိုချပ်ဝတ်တွင် ခုခံနိုင်စွမ်းများစွာရှိ၏။(အပိုင်း၃၈ တွင် ထိုပစ္စည်း၏ အချက်အလက်များအား ဖော်ပြခဲ့ပြီး။) အပေါ်မှသံမဏိချပ်ဝတ်အား မြှားများဖောက်ထွင်းစိုက်နိုင်သော်လည်း အောက်တွင် ဝတ်ဆင်လိုက်သည့် အာတိတ်သားမွှေးကိုတော့ လုံးဝဖောက်ထွင်းနိုင်မည်မဟုတ်ပေ။ မြှားအရှိန်ကြောင့် နာကြင်မည်ဖြစ်သော်လည်း ဦးခါင်းအား ဒိုင်းဖြင့်အသေချာကာရံထားပါက ကောင်းစွာပင် အသက်ရှင်နိုင်မည်ဖြစ်သည်။သေချင်ယောင်ဆောင်ပြီးနောက်တွင် ဖှေးသည်ရန်သူ့စခန်းထဲခိုးဝင်ကာ ရန်သူ၏ ကြယ်လေးလုံးမှော်ဆရာအား ရုတ်တရက် အငိုက်ဖမ်းတိုက်ခိုက်မည်ဖြစ်သည်။ထိုမှသာ ဖှေးတွင်အောင်မြင်နိုင်ခြေ 60%ခန့်ရှိမည်ဖြစ်သည်။
ဖှေးစိုးရိမ်နေခဲ့သည့်အရာမှာ ရန်သူမှော်ဆရာအား အလစ်တိုက်ရန် အနားသို့မည်ကဲ့သို့ကပ်ရမည်နည်း ဆိုသည့်အရာပင်။ သို့သော်ထိုမှော်ဆရာမှာ ကံဆိုးစွာဖြင့် ဖှေးအားကိုယ်တိုင်ကိုယ်ကျ တဲထဲသို့ယူဆောင်စေခဲ့ပြီး ဖှေးအနားသို့ ထိကိုင်ရန်ချည်းကပ်လာကာ ကိုယ့်သေတွင်းကို တူးသွားခဲ့သည်။
“ငါကံစကောင်းပြီဆိုတာနဲ့ ဘယ်အရာမှငါ့ကို ရပ်တံ့လို့မရတော့ဘူးထင်တယ်....ဟားဟားဟား ငါကကံကောင်းခြင်းမှာတော့ ဘုရင်တစ်ပါးပဲဟေ့...”
ဖှေး စုတ်ပြတ်သက်နေပြီဖြစ်သော သံမဏိချပ်ဝတ်အား ချွတ်လိုက်ပြီး အောက်တွင်ဝတ်ဆင်ထားသည့် [အာတိတ် သားမွေး]ချပ်ဝတ်ကို ပြသလိုက်သည်။မြှားများမှာ အလွန်အစွမ်းထက်လှပြီး [အာတိတ် သားမွေး]ချပ်ဝတ်ကိုပင် အချိုင့်အခွက်များဖြည့် ပြည့်နှက်သွားစေသည်။ မြှားများမှသယ်ဆောင်လာသည့် အားများမှာ ဖှေးခန္ဓာကိုယ်အားထိခိုက်စေသည်။
“သေချင်ယောင်ဆောင်ရတာ တကယ်တန်းတော့တော်တော်ခက်တယ်.....”
ဖှေး သူ၏ ခါးပတ်အတွင်းမှ [သွေးပုလင်း အလတ်စား]တစ်လုံးအား ထုတ်ယူလိုက်ပြီး တစ်ငုံခန့်သောက်လိုက်သည်။ သူ၏ ဒဏ်ရာများအမြန်ပင် ပြန်လည်ပျောက်ကင်းစပြုလာပြီဖြစ်ပြီး၊ အရိုးကိုက်အောင်ပင်နာကြင်နေသော နာကြင်မှုမှာ ကွယ်ပျောက်သွားပြီဖြစ်သည်။သူတစ်လုံလုံးကုန်အောင်တော့ မသောက်ရဲပေ။ နောက်ဖြစ်လာနိုင်သည့် အရေးကိစ္စများအတွက် ချန်ထားရဦးမည်။ ထို့နောက်တွင် သွေးပုလင်းအား သူ၏ ပစ္စည်းထားသိုရာအကန့်အတွင်းသို့ ပြန်ထည့်လိုက်၏။
ဖှေးဒဏ်ရာများပျောက်ကင်းလာသောအခါ တဲအတွင်းသို့လေ့လာကြည့်လိုက်သည်။ တဲတစ်ခုလုံးတွင် သတ္တဝါပေါင်းစုံသေဆုံးထားသည့်အတိုင်း အပုတ်နံ့များဖြင့် ပြည့်နှက်နေသည်။ တဖျတ်ဖျတ်တောက်ပနေသော အပြာရောင်မီးအိမ်အောက်တွင် တဲတစ်ခုလုံးသည် တိတ်ဆိတ်နေပြီး ခံစားရဆိုးဝါးလှသည်။
နောက်ဆုံးတွင် ဖှေးမျက်လုံးများသည် အမဲရောင်ကြိုးများ ထံသို့ ကျရောက်သွားသည်။ အကြံကောင်းတစ်ခုရသွားပြီး သူ၏မျက်လုံးနှစ်စုံတောက်ပသွား၏။ သတိလစ်နေသော မှော်ဆရာအား ကြိုးတုပ်ချည်နှောင်ထားရန် ဆုံးဖြတ်လိုက်၏။ ဖှေးဤမှော်ဆရာအား မသတ်ဖြတ်လိုပေ၊ သူ၏မျက်လုံးထဲတွင် အသက်ရှင်နေသောမှော်ဆရာမှာ သေဆုံးနေသော အလောင်းတစ်လောင်းထက် အဖိုးတန်သည်ဟု မြင်သောကြောင့်ပင်။ ထိုမှော်ဆရာအား ကောင်းမွန်စွာထိန်းချုပ်ထားနိုင်ပါက သူ၏ဦးနှောက်ထဲတွင်ရှိသော သတင်းအချက်အလတ်များသည် ဖှေးအတွက် ရတနာများပင်ဖြစ်တော့သည်။ ချမ်းဘော့ဒ်တိုင်းပြည်မှာ တိုက်ကြီးပေါ်ရှိ ခေါင်ဖြား နေရာတွင်ရှိသော တိုင်းပြည်တစ်ခုဖြစ်သည်။ ထို့ကြောင့် အေဇာရုတိုက်ပေါ်တွင် ဘရွတ်နှင့် လမ်းပါ့ဒ်ကပင် ရှင်းမပြနိုင်သေးသော အရာပေါင်းများစွာ ရှိနေနိုင်သေး၏။ ထို့ကြောင့်ဖှေး သတင်းအချက်အလက်များကို မှော်ဆရာ၏ ပါးစပ်မှတိုက်ရိုက်ရယူလိုသည်။
ဖှေးကြိုးများကို ကောက်ယူလိုက်ပြီး ကောက်ကျစ်စွာပြုံးလိုက်သည်။
“ငါဒီအဖိုးကြီးကို ဘယ်လိုတုပ်ရင်ကောင်းမလဲ....”
ထောင်သားများကိုကြိုးတုပ်သည်မှာ လွယ်ကူသောအလုပ်မဟုတ်ပေ။ စနစ်တကျမချည်နှောင်ထားပါက ကြိုးပျယ်ပြီး ထွက်ပြေးလွတ်မြောက်သွားနိုင်သည်။သို့သော်ဖှေးမှာ ၁၈နှစ်အထက် BDSMကားတော်တော်များများကြည့်ထားသော အတွေ့ကြုံရှိသဖြင့် ကြိုးတုပ်ရန်မှာ ပြသနာမဟုတ်ပေ။ ဖှေး သူ၏ အတွေ့ကြုံများအား လက်တွေ့အသုံးချရန် အဆင်သင့်ပင်။
မိနစ်အနည်းငယ် ကြာပြီးနောက်...
“ဟူး...ပြီးပြီ”ဖှေးလက်ခုပ်တီးလိုက်ပြီး သူ၏ပြီးမြောက်သွားသည့် အလုပ်အားကြည့်လိုက်သည်။
သနားစရာကောင်းသည့် ကြယ်လေးလုံးအဆင့် မှော်ဆရာမှာကြိုးများဖြင့် အထပ်ထပ်ချည်နှောင်ထားခံရ၏။ ဖှေးကြိုးခြောက်ကြိုးခန့်ကို ယူပြီး ချည်နည်းပေါင်း၁၂နည်းခန့် အသုံးပြုပြီး လုပ်မရအောင်ချည်တုပ်ထားခဲ့သည်။ထို့နောက်တွင် ကြိုးအထုံးကြီးတစ်ခုပြုလုပ်ပြီး မှော်ဆရာ၏ ပါးစပ်တွင် ဆို့ထားလိုက်သည်။ ထိုမှသာ မှော်ဆရာသတိရလာသောအခါတွင် ဂါထာမန္တန်များရွတ်ဆိုနိုင်တော့မည် မဟုတ်ပေ။
သို့သော်ထိုမျှဖြင့်ပင် မပြီးဆုံးသေးချေ။
ဖှေးမှာ အလွန်ဂရုစိုက်တတ်သည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်၏။သူ၏လုံခြုံမှုအား ပို၍သေချာစေရန်အတွက် ရှာတွေ့ထားသည့် တုတ်လုံးကြီးတစ်ခုအား မှော်ဆရာ၏အနောက်ပေါက်ထဲသို့ ထိုးထည့်ထားလိုက်သည်။ ထို့နောက်တွင်ချည်နှောင်ထားသော ကြိုးများနှင့် တုတ်အားဆက်သွယ်ထားလိုက်သည်။ ဤသို့ဖြင့် မှော်ဆရာမှာ အနည်းငယ်ပင် ရုန်းကန်ရန်ကြိုးစားပါက ကြိုးများသည် တုတ်ကို လှုပ်ခါစေမည်ဖြစ်ပြီးသူ့အား တရစက် မုဒိန်းကျင့်ခြင်းကို ခံစားရမည်ဖြစ်သည်။ထိုဝေဒနာမှာ အမာကြောဆုံးလူကိုပင် သတိလစ်မေ့မြောသွားနိုင်သည်။
ထိုကဲ့သို့လုပ်ပြီးသည့်အချိန်မှာပင်လျှင် ဖှေးသည်စိတ်မချသေးပေ။ ကြယ်လေးလုံးအဆင့်မှော်ဆရာတစ်ယောက်သည် သူ့အတွက် အစွမ်းထက်လွန်းနေသည်။ အဲ့လူမှာ ကြိုးဖြည်ဖို့နည်းလမ်းတစ်ခုခုရှိနေရင် ဘယ်လိုလုပ်မလဲ။ အတန်ကြာစဥ်းစားပြီးနောက်တွင် ဖှေးမှော်ဆရာ၏ အရိုးများခြေလက်များကို အကုန်ရိုက်ချိုးပစ်လိုက်သည်။ သတိလစ်မေ့မြောနေသာ မှော်ဆရာမှ မသိစိတ်မှ နာကြင်စွာရုန်းကန်ပြီး ပါးစပ်မှသွေးများစီးကျလာသည်ကို ဖှေးတွေ့လိုက်ရသောအခါ မှော်ဆရာမှာ အတော်ကြာသည်အထိ သတိရလာတော့မည်မဟုတ်ကြောင်း သိလိုက်ရသည်။ထို့ကြောင့် သူ၏အကြံစဥ်အား စတင်အကောင်ထည်ဖော်တော့သည်။
................
................
ရန်သူ့ စခန်းထဲတွင်ဖြစ်သည်။
ရန်သူစစ်သားများအထုပ်အပိုးများ ပြင်ဆင်နေကြပြီး အလျှင်အမြန်ဆုတ်ခွာရန်ပြင်နေကြသည်။လွန်ခဲ့သည့် ၁၀မိနစ်ခန့်က ကင်းထောက်တစ်ယောက်ရောက်လာပြီး ဇီးနစ်အင်ပါယာ၏ တပ်ဖွဲ့များကို တွေ့ရှိခဲ့ကြောင်း သတင်းပို့သွားသောကြောင့်ပင်။ ထိုတပ်ဖွဲ့များမှာ ချမ်းဘော့ဒ်တိုင်းပြည်ထံသို့ ဦးတည်လာနေသည်မှာ သေချာသလောက်ဖြစ်နေပြီဖြစ်သည်။ထို့ကြောင့်ပင် ငွေရောင်မျက်နှာဖုံးရှင်မှာ ချမ်းဘော့ဒ်အား သိမ်းပိုက်မည့်အကြံကို မေ့လိုက်ရတော့၏။ ဇီးနစ်မှတပ်ကူများရောက်လာခြင်းမှာ ငွေရောင်မျက်နှာဖုံးရှင် ဆုတ်ခွာရန်အတွက် အကြောင်းပြချက်ကြောင်းတစ်ခုပင်။ တံတားမှာလဲ ကျိုးပဲ့နေပြီဖြစ်ရာ သူ့အတွက်တိုက်ခိုက်နိုင်သည့် နည်းလမ်းမရှိတော့ပေ။
ထိုအရာများအားလုံးထက် သူ၏စစ်သားများမှာ ထိုနန်းတော်အနီးတွင်တိုက်ခိုက်ရန် လုံးဝပင်သတ္တိမရှိတော့ချေ။ ယနေ့ဖြစ်ပျက်ခဲ့သော အရာများက စစ်သားများ၏ ရဲစွမ်းသတ္တိများအား ဖျတ်ဆီးပစ်လိုက်ပြီး သူတို့အားလုံး မြစ်တစ်ဖက်ကမ်းတွင်တည်ရှိနေသော ခံတပ်နံရံကြီးနှင့် ချမ်းဘော့ဒ် နန်းတော်အား တစ်သက်လုံးမမြင်လိုကြတော့ပေ။
စခန်းတွင်စစ်သားအားလုံ အထုပ်ပိုးပြင်ပြီး အလုပ်ရှုပ်နေကြသည်။ မှော်ဆရာ၏တဲအပြင်ဘက်တွင် ရန်သူစစ်သားနှစ်ယောက်ခန့် အစောင့်အဖြစ်ရှိနေကြသည်။ သူတို့နှစ်ယောက်မှာ ငွေရောင်မျက်နှာဖုံးရှင် မှသူ့ဆရာအား လက်ဆောင်ပဏာပေးထားသည့် အစောင့်များပင်။ သူတို့နှစ်ယောက်လုံးမားမားမက်မက်ရပ်နေကြ၏ သူတို့အပျင်းကြီးနေသည်ကို မှော်ဆရာသိရှိသွားမည် စိုးသောကြောင့်ပင်။ ယနေ့မတိုင်ခင်ထိ စစ်သား၁၄ယောက်ခန့်မှာ မှော်ဆရာ၏လက်တွေ့စမ်းသပ်မှုများအတွက် ဓာတ်ခွဲခန်းသုံးကြွက်များအဖြစ် ယူဆောင်သွားခြင်းခံခဲ့ရသည်။ ထိုသနားစရာကောင်းသည့် စစ်သား၁၄ယောက်လုံးမှာ မသေခင် ခန့်မှန်းလို့ပင်မရသည့် နှိပ်စက်ညင်းပန်းမှုများအား ခံစားခဲ့ရသည်မှာ အသေအချာပင်ဖြစ်သည်။ သူတို့၏ တိရစ္ဆာန်များကဲ့သို့ နာကြင်စွာအော်ဟစ်ခဲ့သံများသည် ကျန်စစ်သားများအား အိမ်မက်ဆိုးများပင် မက်စေ၏။
သူတို့နှစ်ယောက်လုံး စစ်ပွဲအားအမြန်ပြီးဆုံးစေလိုကြသည်။ ထိုမှသာ ဤကဲ့သို့မကောင်းဆိုးဝါးကဲ့သို့မှော်ဆရာအား စောင့်ပေးရန်လိုတော့မည်မဟုတ်ပေ။
ထိုအချိန်တွင်...
“ဖုတ် ဖုတ်”
တဲအဝင်ဝအား ကာရံထားသည့် ထူထဲသည့်လိုက်ကာမှာ ပွင့်လာပြီး တစ်စုံတစ်ယောက်ထွက်လာလေသည်။
အစောင့်နှစ်ယောက်လုံးအရိုအသေပေးရန် အမြန်လှည့်လိုက်ကြသည်။ သို့သော်ထွက်လာသော သူ၏မျက်နှာကိုမြင်ရသောအခါ နှစ်ယောက်လုံးအေးစက်သွား၏။ သူတို့၏ မျက်နှာများဖျူဖက်ဖျူရော်ဖြစ်ကုန်ကြသည်။ အစောင့်တစ်ယောက်မှ ရုတ်တရက်အံ့သြထိတ်လန့်မှုကြောင့် မေ့မျှောကာလဲကျသွား၏။ကျန်အစောင့်တစ်ယောက်မှာ ကြောက်လန့်ပြီး ကတုန်ကယဥ်နေသော်လည်း အခြေနေကောင်းသေးသည်။
“ဟေးသားရီး... ငါလမ်းပျောက်နေလို့ မင်းတို့ဏဲ့ခေါင်းဆောင်နေတာ ဘယ်တဲလဲကွ...”ဖှေးသူ၏ရှေ့တွင် ရှိနေသောစစ်သားပါ မေ့မျှောသွားမည်ကို စိုးရိမ်သွားသည်။ စစ်သား၏ပုခုံးအားပုတ်ပြီး ခင်မင်ဖွယ်အပြုံးဟု သူသက်မှတ်ထားသော အပြုံးပြုံးကာ မေးလိုက်၏။
စစ်သားမှာထိန်းချုပ်၍မရအောင်ပင် တုန်ခါနေပြီးစကားပင်မပြောနိုင်ချေ။ သူ၏တုန်ခါနေသော လက်များဖြင့် ၁၅ကိုက်အကွာတွင်ရှိနေသော အမဲရောင်တဲကြီးတစ်ခုအား ညွှန်ပြလိုက်၏။
ဖှေးတဲအားလမ်းကြည့်လိုက်သည်။ ရန်သူစစ်သားများ နေရာအနှံ့တွင်ရှိနေသော်လည်း ဖှေးမှာ ပုန်းမနေချေ။ ထိုတဲထံသို့ တိုက်ရိုက်လမ်းလျှောက်သွား၏။ ကြယ်လေးလုံးမှော်ဆရာ အား ထိန်းချုပ်ပြီးနောက်တွင် သူ့အားရပ်တံ့နိုင်သည့် ရန်သူမရှိတော့ပေ။
စက္ကန့်အနည်းငယ်အကြာတွင် တစ်စုံတစ်ယောက်မှာ ဖှေးအားသတိထားမိသွားသည်။ သ်ို့သော် မည်သူမျှ အော်ဟစ်ခြင်းမရှိ။ အသံပင်မထွက်ချေ။
“ချွင် ချွင် ချွင်”
မြင်လိုက်ရသော ရန်သူများအားလုံးကြက်သေသေကုန်ကြပြီး ကိုင်ထားသောလက်နက်များ မြေပေါ်ပြုတ်ကျကုန်ကြသည်။မည်သူမျှ မလှုပ်ရှားကြပဲ အမဲရောင်တဲကြီးထံဦးတည်သွားနေသော ဖှေးကိုသာ လိုက်ကြည့်နေကြတော့၏။
လေထုမှာ တိတ်ဆိတ်ပြီး ထူးဆန်းနေ၏။
............
............
ချမ်းဘော့ဒ် ခံတပ်နံရံပေါ်တွင်ဖြစ်သည်။
“ဘုရားရေ........”
“မဖြစ်နိုင်ဘူး......”
“ဘုရင်အလတ်ဇန္ဒား....”
မြှားပေါင်းများစွာ တပိုင်းတစပြိုကျထားသော တံတားအားဖုံးလွှမ်းထားသည်ကိုတွေ့သော် လူအများမှာ ချက်ချင်းပင် စတင်ငိုကြွေးကြတော့သည်။ သူတို့၏ခွန်အားများကုန်ခမ်းသွားသည့်အလား တစ်ဦးနှစ်တစ်ဦးအမှီပြုလျှက်ရပ်ကာ ငိုကြွေးနေကြ၏။ လမ်းပါ့ဒ်မှာ စကားတစ်ခွန်းမှမပြော ခံတပ်နံရံပေါ်မှ ခုန်ချသွား၏။ အန်မာမှာ အန်ဂျယ်လာ၏ လက်မောင်ပေါ်တွင် သတိလစ်မေ့မျှောသွား၏။ အန်ဂျယ်လာ၏ မျက်နှာမှာ နှင်းကဲ့သို့ပင် ဖြူဖက်ဖြူရော်ဖြစ်နေ၏။
ကောင်းကင်ပေါ်မှနေမင်း၏ တောက်ပမှုများသည် ရုတ်တရက် ပျောက်ကွယ်သွားသကဲ့သို့ပင်။ခံတပ်နံရံပေါ်ရှိလူများအားလုံးအတွက် အရေးပါသည့်အရာကြီးတစ်ခု ပြိုလဲသွားပြီး ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်သွားသကဲ့သို့ ခံစားနေရသည်။
ချမ်းဘော့ဒ်မြို့သူမြို့သားများနှင့် စစ်သားများမှာ မတ်တပ်ရပ်ရန်ပင် အင်အားမရှိတော့ပေ။ သူတို့၏ လက်နက်များ အောက်သို့လွှတ်ကျကုန်ကြသည်။ သူတို့အားလုံးခံတပ်နံရံအောက်သို့ ဆင်းသွားကြပြီး ဂိတ်တံခါးစီသို့ အမြန်ပြေးသွားကြသည်။ လူတိုင်းပျက်စီးနေပြီဖြစ်သော တံတားပေါ်သို့သွားလိုနေကြသည်။ သူတို့အသက်များသေလျှက်သေပါစေ သူတို့အားလုံး ဘုရင်အလတ်ဇန္ဒားကိုပြန်လည်လိုချင်ကြသည်။ စစ်ပွဲနတ်ဘုရား၏ကောင်းချီးပေးချင်းကို ခံရသည့် ဘုရင်သေဆုံးသွားပြီဆိုသည်ကို မည်သူမျှ မယုံကြည်နိုင်ကြချေ။ ဘုရင်မှာ အသက်ရှင်နေသေးသည်။ အသက်ရှင်ကိုရှင်နေရဦးမည်ဟုပင် ယုံကြည်နေကြ၏။ ယခင်က ဉာဏ်ရည်မမှီခဲ့သော ဆယ်ကျော်သက်ဘုရင်တွင် ဤကဲ့သို့စွမ်းအားများရှိနေလိမ့်မည်ဟု လုံးဝထင်မထားပေ။
လူအုပ်ထဲတွင် လူအနည်းစုမှာတော့ တိတ်ဆိတ်စွာ မတ်တပ်ရပ်နေတုန်းပင်။ သူတို့၏အမူအယာမှာ တစ်ခြားလူများနှင့်မတူပေ စိတ်ကျေနပ်ပျော်ရွှင်မှုတို့မှာ သူတို့မျက်လုံးများတွင် အတိုင်းသားပေါ်လွင်နေကြ၏။ ဝန်ကြီးချုပ်ဘစ်ဇားမှာ ခံတပ်မျှော်စဥ်အောက်တွင် မတ်တပ်ရပ်နေပြီး သူ၏ပျော်ရွှင်မှုတို့ကို လူအများမသိအောင် မနည်းထိန်းချုပ်ထားရ၏။ “ကောင်းလိုက်တာ နောက်ဆုံးတော့ သူသေသွားပြီ။” ရိုးသားစွာပင် အလတ်ဇန္ဒား၏ အစွမ်းတို့မှာ သူ့အားများစွာ အံ့သြထိတ်လန့်စေခဲ့သည်။ “မဟုတ်မှလွဲရော အလတ်ဇန္ဒားက ဉာဏ်ရည်မမှီချင်ယောင် ဆောင်နေခဲ့တာလားဟ” ဘစ်ဇားထိုကဲ့သို့တွေးလိုက်မိသည့်အချိန်တွင် ချွေးများပြန်လာခဲ့၏။ “ဘာနေနေပဲကွာ အလတ်ဇန္ဒားကရန်သူတွေလက်ထဲမှာသေသွားပြီ၊ တံတားကလဲကျိုးသွားတော့ ရန်သူတွေဝင်တိုက်နိုင်မှာလဲမဟုတ်တော့ဘူး တော်တော်အဆင်ပြေတာပဲ။ ငါ့ရဲ့အစီစဥ်တွေကို ဆက်ပြီး အကောင်ထည်ဖော်လို့ရပြီ။”
ဘစ်ဇား၏ ဘေးတွင် ဖတ်တီးဂေးလ်မှာ အလွန်ဝမ်းသာစွာပြုံးနေ၏။
“ဟားဟား အလတ်ဇန္ဒားစောက်ပိန်း၊ မင်းနောက်ဆုံးတော့သေသွားပြီမလား၊ မင်းကပုံမှန်ပြန်ဖြစ်လာပေမယ့် မင်းသိတာက နှိမ့်ကျတဲ့မြို့သားတွေအတွက် မင်းအသက်ကိုရင်းပြီး ရန်သူထဲဝင်တိုးဖို့ပဲ။ အခုတော့ကြည့်လေ မင်းမြှားတွေနဲ့ဝိုင်းဆော်ခံရပြီးသေပြီမလား။”
ဂေးလ်သူ၏ခေါင်းအား လှည့်လိုက်ပြီး အန်ဂျယ်လာအား ရမ္မက်ကြီးမားသည့်မျက်လုံးများဖြင့်ကြည့်လိုက်သည်။ အန်ဂျယ်လာ၏ ဘေးတွင်စောင့်ရှောက်ပေးနေသော ဘရွတ်မရှိပါက ယခုချက်ခြင်းပင် အန်ဂျယ်လာအားတစ်ခုခု ထလုပ်တော့မည်ဖြစ်သည်။
............
............
ရန်သူ့စခန်း အလည်တည့်တည့်တွင်ရှိနေသော ကြီးမားသည့်အမဲရောင်တဲအတွင်းတွင်ရှိသည်။
ငွေရောင်မျက်နှာဖုံးရှင်မှာ တဲအလည်ရှိ ကျောက်ထိုင်ခုံပေါ်တွင် စိတ်ပျက်လက်ပျက်ထိုင်နေ၏။ ကျန်ရှိနေသေးသော အမဲရောင်စစ်သည်ကိုးယောက်ကို ကြည့်ကာပြောလိုက်သည်။ “ဆုတ်ခွာဖို့ အသင့်ပြင်ထားသော။ ဒဏ်ရာအပြင်းအထန်ရနေတဲ့ ငါတို့ရဲ့ရဲမက်တွေကို သတ်ပစ်လိုက်တော့။ ငါတို့တွေဒီကိုရောက်နေခဲ့တယ်ဆိုတာကို ဇီးနစ်အင်ပါယာသိသွားလို့မဖြစ်ဘူး။ စစ်မြေပြင်ကိုသေချာရှင်းလင်း ခြေရာလက်ရာလုံးဝမကျန်ခဲ့စေနဲ့........ငါတစ်နေ့ကျရင် “အန်ဟိုဗင်”ရဲ့ သံမဏိမြင်းစီးစစ်သည်တွေကို ဦးဆောင်ပြီး ဒီတိုင်းပြည်ကို တစ်စစီဖြစ်အောင်လုပ်ပစ်ကွာ....”
ငွေရောင်မျက်နှာဖုံးရှင် လက်သီးဆုပ်ပြီးကြုံးဝါးလိုက်သည်။သူ၏လက်များမှာ ဒေါသကြောင့် တုန်ခါနေ၏။သို့သော် ထိုအချိန်တွင် ထင်မှတ်မထားသည့်အရာတစ်ခု ဖြစ်ပျက်သွား၏။
အဝေးမှာ ပြင်းထန်သောလေကြမ်းတစ်ခုတိုက်ခတ်လာပြီး ရွတ်ဖျင်တဲတစ်ခုလုံးအား နှစ်ပိုင်းပိုင်းလိုက်၏။ တဲမှာလဲပြိုသွားပြီး နေရောင်ခြည်များဝင်ရောက်လာကာ တဲအတွင်းမှအရာအားလုံးကို ဖော်ပြလိုက်သည်။
“မင်းပြန်လို့မရတော့မှာတော့ စိုးတယ်ကွ....”
အဝေးမှ အသံတစ်ခုကိုကြားလိုက်ရသည်။ ရုတ်တရက်ပင် ငွေရောင်မျက်နှာဖုံးရှင်၏ မျက်ခွံများကျဥ်းမြောင်းသွား၏။ သေသွားပြီဟု သူထင်ထားသော လူတစ်ယောက်မှာ သူ့ထံသို့တဖြည်းဖြည်းလမ်းလျှောက်လာသည်ကို ကြောက်မက်ဖွယ် တွေ့လိုက်ရတော့သည်။သတ်ဖြတ်လိုသည့်အာရုံများကို ရနေရသောကြောင့် ငွေရောင်မျက်နှာဖုံးရှင်ပို၍ပို၍ စိတ်ဖိစီးလာပြီး အသက်ရှူရန်ပင် ခက်ခဲလာတော့သည်။
“မင်း....” ငွေရောင်မျက်နှာဖုံးရှင်၏ မျက်နှာတွင်မယုံနိုင်မှုများဖြင့် ပြည့်နှက်နေ၏။ “မင်းမသေသေးဘူးလား....”
“ဟုတ်တာပေါ့ ငါမသေသေးဘူးလေ...ဟီးဟီး အဲ့တော့ မင်းသေရတော့မယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ....”
ဖှေး အနားသို့တိုးသထက်တိုးလာသည်။ သူ၏မျက်လုံးများမှာ ဓားတစ်ချောင်းကဲ့သို့ပင် စူးရှနေ၏။ဖှေးငွေရောင်မျက်နှာဖုံးရှင်ကို ယခုအခါမှမြင်ဖူးခြင်းဖြစ်သည်။ သို့သော် ငွေရောင်မျက်နှာဖုံးရှင်၏ ခန်းနားထည်ဝါသောအဝတ်အစားများနှင့် အမဲရောင်စစ်သည်များမှ ဝိုင်းဝန်ကာကွယ်ထားပုံကိုကြည့်ပါက ငွေရောင်မျက်နှာဖုံးရှင် မှာ ရန်သူများ၏ခေါင်းဆောင်၊ ကျူးကျော်သိမ်းပိုက်ရန်ကြိုးစားသည့် အဓိကတရားခံ၊ ချမ်းဘော့၏စစ်သည်ရာပေါင်းများစွာ သေဆုံးရသည့် အကြောင်းအရင်းဖြစ်သည်မှာ ထင်ရှားသည်။ ထိုကဲ့သို့လူတစ်ယောက်အား ဖှေးထွက်သွားခွင့်ပေးမည်မဟုတ်ပေ။
ဖှေး ငွေရောင်မျက်နှာဖုံးရှင်ထံမှ ကြီးမားသည့်အတွင်းအား အတက်အကျတို့အားမခံစားရပေ။ ထို့ကြောင့်ထိုသူမှာ ကြယ်နှစ်လုံးဝန်းကျင်အဆင့်သာရှိသည်ဟု ဖှေး ခန့်မှန်းလိုက်သည်။ ထိုမျှလောက်စွမ်းအားမှာ ဖှေးအား အန္တရာယ်လုံးဝပေးနိုင်မည်မဟုတ်ပေ။ ဖှေးငွေရောင်မျက်နှာဖုံးရှင်အား တစ်ချက်ထဲပင် အပြတ်ရှင်းနိုင်သည်ဟု တွေးလိုက်သည်။
အနီးရှိ စစ်သည်များမှာ အနားသို့ တိုးကပ်မလာရဲပေ။ ငွေရောင်မျက်နှာဖုံးရှင်နှင့် အမဲရောင်စစ်သည်များမှာ ဖှေးနှင့်နှိုင်းယှဥ်ပါက အလွန်အားနည်းနေသေးသည်။
“သူ့ကို သွားသတ်ကြ။” ငွေရောင်မျက်နှာဖုံးရှင် လက်ငြိုးထိုးပြီး အော်ဟစ်အမိန့်ပေးလိုက်သည်။ အမဲရောင်စစ်သည် ၈ဦးမှာ တွန့်ဆုတ်ခြင်းမရှိပဲ ညာသံပေးပြီး ဖှေးထံသို့ပြေးဝင်လာကြသည်။ သူတို့အားလုံးသေမည်ကိုသိသော်လည်း ငွေရောင်မျက်နှာဖုံးရှင်၏ တင်းကြပ်သောစည်းကမ်းများအောက်တွင်နေလာသည်မှာ အချိန်အတော်ကြာပြီဖြစ်သောကြောင့် မတွံ့ဆုတ်ရဲပေ။
“သေစမ်း....”
ဖှေး၏ မျက်နှာအမူအရာမှာ အေးစက်သွားပြီး အရှိန်မြှင့်ပြေးလိုက်သည်။ အမဲရောင်စစ်သည်များနှင့် ဝင်တိုက်တော့မည့်အချိန်တွင် အဖြူရောင်အလင်းတစ်ခုတောက်ပသွားပြီး [မုန်တိုင်း ဆေဘာ]ဓားနှင့် [အာဇူရာဒိုင်းကာ]သည် ဖှေး၏ လက်နှစ်ဖက်တွင် ပေါ်ပေါက်လာခဲ့သည်။ ထို့နောက်တွင် ၁၈၀ ဒီဂရီစက်ဝိုင်းခြမ်းဟန် ဝှေ့ရမ်းလိုက်ရာ ရွေရောင်မုန်ဒိုင်းဆေဘာဓားမှာ ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်သို့ပင် ပြောင်းလဲသွား၏။
“ရွှပ် ရွှပ်.....”
ညင်သာသော အသံ၈ချက်ထွက်ပေါ်လာပြီး အမဲရောင်စစ်သည် ၈ယောက်မှာ လက်ရှိနေရာ၌ပင် မလှုပ်ရှားတော့ပဲ ရပ်တံ့သွားတော့၏။ ဖှေးမှာ အနည်းငယ်မျှပင် နှေးကွေး၍မသွားပေ။ မုန်တိုင်းကဲ့သို့ပင် ငွေရောင်မျက်နှာဖုံးရှင်ထံသို့ ချီတပ်သွား၏။ သူ၏မျက်နှာအမူယာမှာ အေးစက်နေသော်လည်း သူ၏နှလုံးသားထဲတွင်း မီးများတောက်လောင်နေ၏။
“ဟားဟားး လာစမ်းပါ မင်းကိုငါကိုယ်တိုင်သတ်မယ်.....”
ငွေရောင်မျက်နှာဖုံးရှင်မှာ ရဲစွမ်းသတ္တိကိုပြန်လည်ကြိုးစားမွေးလိုက်ပြီး အပြာရောင်မှော်စွမ်းအင်များ သူ၏ခန္ဓာကိုယ်တဝိုက်တွင်တောက်ပလာသည်။ လက်တစ်ဖက်မှ ဘောလုံးတစ်လုံးစာခန့်ရှိသည့် ရေခဲဆူးလုံးအား ဖန်တီးလိုက်ပြီး ဖှေးထံ ပစ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ရေခဲမှုန်ရေခဲစများစွာပေါ်ပေါက်လာပြီး သူ၏ခန္ဓာကိုယ်အား ပတ်ပတ်လည် ဒိုင်းအဖြစ်ကာရံလိုက်သည်။
တစ်ချိန်တည်းမှာပင် တိုက်စစ်နှင့်ခံစစ်ကို တည်ဆောက်လိုက်ခြင်းပင်ဖြစ်သည်။ ငွေရောင်မျက်နှာဖုံးရှင်မှာ ကြယ်နှစ်လုံးအဆင့် ရေခဲမှော်ဆရာဖြစ်သည်။ သူ၏အကွက်များကိုကြည့်ခြင်းဖြင့် လက်တွေ့တိုက်ပွဲအတွေ့ကြုံများစွာ ရှိခဲ့သည်မှာ ထင်ရှားသည်။ တစ်စက္ကန့်အတွင်းမှာပင် အကောင်းဆုံးဗျူဟာကို ရွေးချယ်အသုံးပြုခဲ့သည်။
“ဖုန်း”
ရေခဲဆူးလုံးမှာ ဖှေးအားတိကျစွာ ထိမှန်သွားသည်။
အားရကျေနပ်သွားသည့် အမူအယာ ငွေရောင်မျက်နှာဖုံးရှင်၏ မျက်နှာပေါ်တွင်ပေါ်လာသည်။ ရေခဲဆူးလုံးသည် သူ၏ရန်သူအား အချိန်အနည်းငယ်ကြာ နှေးကွေးထုကျဥ်သွားစေမည်ဖြစ်ပြီး ထိုအချိန်အတွင်းတွင် ငွေရောင်မျက်နှာဖုံးရှင်မှာ မှော်ကိရိယာများစွာနှင့် မှော်မန္တန်များစွာရွတ်ဖတ်ကာ သူအမုန်းဆုံးရန်သူအား သတ်ဖြတ်နိုင်မည်ဖြစ်သည်။
သို့သော်......
ထိုပြေးဝင်လာသော လူမှာ အနည်းငယ်မျှပင် နှေးကွေးသွားခြင်းမရှိပေ။ အထင်ကြီးဖွယ်အမြန်နှုန်းဖြင့် ဖှေးမှာ ငွေရောင်မျက်နှာဖုံးရှင်၏ ရှေ့သို့ ချက်ချင်းလိုလိုပင် ရောက်ရှိလာ၏။ ငွေရောင်မျက်နှာဖုံးရှင်၏ မျက်လုံးထဲတွင် ရွှေရောင်ဓားမှာ သေမင်းခေါ်သံကဲ့သို့ပင်။
“အားးးးးးးးးးးးး”
ထိုကဲ့သို့ အန္တရာယ်များလှသော အခြေအနေတွင်ငွေရောင်မျက်နှာဖုံးရှင်မှာ ဒဏ်ရာရပြီးဖြစ်သည့် ဝက်ဝံတစ်ကောင်ကဲ့သို့ အော်ဟစ်လိုက်၏။ မှော်စွမ်းအင်များစွာမှာ သူ၏ခန္ဓာကိုယ်အတွင်းမှ တရစက်ထွက်ပေါ်လာပြီး ရေခဲပွင့်များအဖြစ်သို့ပြောင်းလဲသွား၏။ ထိုရေခဲပွင့်များမှာ သူ၏ခန္ဓာကိုယ်အား မြန်ဆန်စွာလှည့်ပတ်နေပြီး ရေခဲပြင်အကာရံများ တစ်လွှာပြီးတစ်လွှာပေါ်ပေါက်လာတော့သည်။ ယခုအချိန်တွင်သူအလိုအပ်ဆုံးအရာမှာ ထိုရွှေရောင်ဓား၏ သေစေနိုင်သော တိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန်သာဖြစ်သည်။ သို့သော် ထိုရေခဲအလွှာများမှာ ရွှေရောင်ဓား၏ ထိုးချက်ကို အချိန်အနည်းငယ်မျှသာ ကာရံထားနိုင်လိုက်၏။ မကြာမှီတွင် ရွှေရောင်ဓားမှာ လျှက်စီးကဲ့သို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။
“ဇွပ်”
ရွှေရောင် မုန်တိုင်းဆေဘာဓားမှာ ညာတာမှုကင်းမဲ့စွာဖြင့် ငွေရောင်မျက်နှာဖုံးရှင်၏ လည်မျိုအတွင်းသို့ စိုက်ဝင်သွားတော့သည်။
ခနအကြာတွင် ငွေရောင်မျက်နှာဖုံးအောက်ရှိ မျက်လုံးများတွင် ရှင်သန်ခြင်းကင်းမဲ့ကုန်ပြီဖြစ်သည်။ ငွေရောင်မျက်နှာဖုံးရှင်မှာ မယုံနိုင်ခဲ့ပေ။ သူ၏နောက်ဆုံးအချိန်ထိ သူကဲ့သို့အင်ပါယာကြီးတစ်ခု၏ ထီးနန်းအားဆက်ခံရမည်ဖြစ်သော တော်ဝင်မင်းသားမှာ ယခုကဲ့သို့နေရာမျိုးတွင် အသတ်ခံရလိမ့်မည်ဟု ထင်မထားခဲ့ပေ။
“ထွီ မျက်နှာဖုံးအနောက်မှာ ပုန်းနေတဲ့ ငကြောက်ပဲ...”
ဖှေး သူ၏ ဓားအား ပြန်ဆွဲနုတ်ပြီး အလောင်းအား ကန်ထုတ်ပစ်လိုက်သည်။ သူ၏ကိုယ်ပေါ်တွင်ဖုံးအုပ်နေသည့် ရေခဲစများကို အရေးပင်မလုပ်ချေ။ ပတ်ဝန်းကျင်ရှိသူ့အား ဝိုင်းကြည့်နေကြသော ရန်သူများအားဖှေး ခက်ထန်စွာကြည့်လိုက်သည်။ ထိုအချိန်မှာပင် မလှုပ်မယှက်ရှိနေသော အမဲရောင်စစ်သည်၈ယောက်မြေပြင်ပေါ်သို့ လဲကျကုန်ကြသည်။ သူတို့၏ အသက်ဝိညင်များအား မုန်တိုင်းဆေဘာဓာမှ ချွေယူသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။
“xီးကြည့်နေကြတာလား ထွက်သွားကြစမ်း...”ဖှေးရုတ်တရက် ဟိန်းဟောက်လိုက်သည်။
ရန်သူထောင်ပေါင်းများစွာ အော်ဟစ်ပြီး ဖှေးအရှေ့မှ ထွက်ပြေးကုန်ကြသည်။
ထိုအချိန်တွင် ကျယ်လောင်သည့်စစ်ခရာသံတစ်ခုအား အတန်ငယ်ဝေးကွာသောနေရာမှ ကြားလိုက်ရသည်။ မြင်းစစ်သည်အုပ်ကြီးတစ်ခု ချမ်းဘော့ဒ်တိုင်းပြည်ထံသို့ ဦးတည်ချီတပ်လာသည်က်ိုတွေ့လိုက်ရသည်။ ထိုမြင်းစစ်သည်ဖွဲ့စည်းပုံကြီးမှာ အဝေးမှလှမ်းကြည့်ပါက အမဲရောင်တိမ်တိုက်ကြီးတစ်ခုကဲ့သို့ပင်။ မြင်းများဖြင့် ဒုန်းစိုင်းချီတပ်လာနေကြရာ မြေကြီးပင် ငလျှင်လှုပ်သကဲ့သို့ တုန်ခါနေသည်။
ဖှေး၏ မျက်နှာ အမူအယာမှာပြောင်းလဲသွားသည်။ အနည်းငယ်ကို၍မြင့်မားသော ကုန်းမူတစ်ခုပေါ်သို့ ခုန်တက်သွားပြီး လှမ်းကြည့်လိုက်သည်။ အပြာရောင်ကောင်းကင်ကြီးနှင့် အစိမ်းရောင်မြက်ခင်းပြင်ထို့ တွေ့ဆုံနေသည့် အဝေးရှိမိုးကုတ်စက်ဝိုင်းတွင် ရှည်လျားသည့်ငွေရောင်အလံများကို မြင်လိုက်ရသည်။ အလံများသည် လေပေါ်တွင်တလူလူလွှင့်လျင်ရှိရာ ငွေရောင်နဂါးများကဲ့သို့ပင်။ ထို့နောက်တွင်မြေပြင်မှာ ငလျှင်လှုပ်သကဲ့သို့တုန်ခါလာပြီး ငွေရောင်ချပ်ဝတ်များဝတ်ဆင်ထားသော မြင်းတပ်ကြီးသည် ချမ်းဘော့ဒ်တိုင်းပြည်တည်ရှိရာ အရပ်သို့ ဒုန်းစိုင်းချီတပ်လာတော့သည်။
“ငါမြင်ရသလောက် ခန့်မှန်းကြည့်ရရင် အဲ့မြင်းတပ်ထဲမှာ မြင်းစစ်သည်ပေါင်းအနည်းဆုံး၆၀၀ လောက်တော့ပါလိမ့်မယ်။ သူတို့တွေက ဇီးနစ်အင်ပါယာက ပို့လိုက်တဲ့ စစ်ကူတွေလား.... ရန်သူ့ရဲ့စစ်ကူတွေလား......”
ဖှေး ဂရုတစိုက်ဖြင့်လေ့လာကြည့်နေသည်။
ငွေရောင်ချပ်ဝတ်များဝတ်ဆင်ထားသော မြင်းတပ်များမှာ ဆုတ်ခွာနေသော ရန်သူများနှင့်ဆုံသောအခါ ရပ်တံ့သွားခြင်းမရှိပဲ ရန်သူများအား စတင်သတ်ဖြတ်တော့သည်က်ိုတွေ့လိုက်ရသည်။ ကျယ်လောင်သော စစ်ခရာသံများအောက်တွင် မြင်းခွာများရောက်ရှိသွားသည့်နေရာတွင်းတွင် သွေးများအသားစများ လေပေါ်သို့ ပျံဝဲကုန်သည်။ ဓားများလှံများဖြင့် ရန်သူများအားထိုးစိုက်ကြသည်။ ဆာလောင်နေသောကျားများအား သိုးခြံတစ်ခုအတွင်းသို့လွှတ်ပေးလိုက်သည့် အတိုင်းပင်။ ရန်သူတစ်ထောင်ခန့်မှာ ကြောက်လန့်တကြားအော်ဟစ်နေကြသည်။ ၄င်းတို့တွင်ပြန်လည်တိုက်ခိုက်နိုင်သည့် ခွန်အားမရှိကြတော့ပေ။ ဤသည်မှာ တစ်ဖက်စောင်းနင်း တိုက်ပွဲပင်။
“ဟူးးးတော်သေးတာပေါ့။ ဇီးနစ်အင်ပါယာက ပို့လိုက်တဲ့အကူအညီတွေဖြစ်တဲ့ပုံပဲ.....”ဖှေး အနည်းငယ်စိတ်အေးသွားသည်။ ထို့နောက်တွင် တစ်ခုခုကို သတိရလိုက်ပြီး ဖှေးကုန်းမူပေါ်မှ ခုန်ဆင်းလိုက်၏။ ထို့နောက်တွင် ထူးဆန်းသည့်မှော်ဆရာ၏ တဲအတွင်းသို့ပြန်လာခဲ့ပြီး ရုန်းကန်ထားသည့်ခြေရာလက်ရာများကို အံ့သြဖွယ်တွေ့ရှိလိုက်ရသည်။ ကြယ်လေးလုံးအဆင့် မှော်ဆရာမှာ နိုးလာခဲ့ပြီး ကြိုးများချည်နှောင် ထားသည်မှ ရုန်းကန်ရန်ကြိုးစားခဲ့သည်မှာ ထင်ရှားသည်။ ကံမကောင်းစွာပင် မအောင်မြင်ခဲ့ချေ။ ဖှေး၏ ယုတ်မာလှသော ကြိုးချည်နည်းမှာ ထိရောက်စွာအသုံးဝင်သွား၏။ သနားစရာကောင်းသော မှော်ဆရာမှာ အနောက်ပေါက်အား မုဒိန်းကျင့်ခံလိုက်ရသည့်ပုံပင်။ သွေးစက်များကို မြေပေါ်တွင်တွေ့နေရသည်။ သစ်သားတုတ်လုံးမှာ မှော်ဆရာရုန်းကန်နေချိန်အတွင်းတွင် အပြင်းအထန်လှုပ်ရှားသွားခဲ့ပုံရသည်။ ထိုသို့မခံမရပ်နိုင်လှသော နာကျင်မှုကြောင့် မှော်ဆရာမှာ ထက်မံမေ့မျှောသွားခဲ့ရသည်။
ဖှေးသတိလစ်နေသော မှော်ဆရာအားမြေပြင်ပေါ်မှ မပြီး ငွေရောင်မျက်နှာဖုံးရှင် ရှိခဲ့သော တဲထံသို့သယ်ဆောင်လာခဲ့သည်။ ထို့နောက်တွင်ဖှေး မှော်ဆရာ၏ ငွေရောင်မျက်နှာဖုံးရှင်၏ အလောင်းနှင့်အတူထားလိုက်သည်။ သူ၏ မုန်တိုင်းဆေဘာဓားနှင့် ရွတ်ဖျင်တဲထံမှ ပိတ်စခက်ကြီးကြီးတစ်ပိုင်းအား စုတ်ဖြဲကာ မှော်ဆရာနှင့် အလောင်းတို့ကိုအတူတကွရစ်ပတ်ပြီး ထုတ်ပိုးကာ သူ့အနားတွင်ချထားလိုက်သည်။
ထိုကဲ့သို့လုပ်ပြီးသော် မတ်တပ်ရပ်လိုက်ပြီး ဇီးနစ်အင်ပါယာပို့လိုက်သော အကူညီများအားလှမ်းကြည့်လိုက်၏။ ထိုအချိန်တွင် တောက်ပသောချပ်ဝတ်များနှင့် မြင်းစစ်သည်များမှာ လှည့်ပတ်ကာ ကျန်ရှိနေသည့်ရန်သူများကို လိုက်သတ်ဖြတ်နေတုန်းပင်။ မြင်းစစ်သည် အယောက်၂၀ခန့်မှာ ခွဲထွက်လာခဲ့ပြီး ဖှေးရှိရာအရပ်သို့ ချီတပ်လာကြသည်။
ဖှေး သူတို့အားတစ်ခုမေးရန်ပြင်လိုက်သည်။ သို့သော် ထိုမြင်းစစ်သည်များမှာ ဖှေးကိုမြင်သော်လည်း အရှိန်မလျှော့သေးသည်ကိုတွေ့လိုက်ရသည်။ ၄င်းတို့သည် လှောင်ပြောင်ရယ်မောကာ ထီမမြင်စွာအော်ဟစ်ပြီး ဖှေးထံသို့ ဒုန်းစိုင်းဝင်လာကြသည်။ လက်ထဲရှိလှံများကို ကိုင်မြှောက်လိုက်ရာ နေရောင်အောက်တွင် တောက်ပလျှက်ရှိသည်။ လှံထိပ်များတွင် ရန်သူများ၏သွေးများစီးကျလျှက်ရှိ တုန်းပင်။ ယခုအခါတွင်မူ ထိုလှံများသည် ဖှေးအားရွယ်ထားကြ၏။
“သေစမ်း ဒီငတုံးတွေက ငါ့ကိုရန်သူထဲကတစ်ယောက်လို့ ထင်နေကြတာလားဟ....”
ဖှေးအော်ဟစ်ကာ ရှင်းပြမည်ပြင်ဆဲတွင် ချီတပ်မှုအားဦးဆောင်လာသည့် ထည်ဝါသည့် ချပ်ဝတ်နှင့် စစ်သည်တစ်ယောက်သည် ရုတ်တရက်ရယ်မောပြီး မြင်းစီးလာသည့်အရှိန်ကိုသုံးကာ ဖှေးအား လှံဖြင့်လှမ်းပစ်လိုက်သည်။ ၂ကိုက်ခန့် ရှည်လျားသော လှံတံမှာ ဖှေးထံသို့ ဦးတည်ပြီး ပျံသန်းသွား၏။
“ချွင်”
ဖှေး၏ မျက်နှာအမူအရာမှာ အေးစက်သွားသည်။ သူ၏ ဘယ်လက်ကို မြှောက်၍ အာဇူရာဒိုင်းကာဖြင့် တိုးဝင်လာသောလှံတံအား ကောင်းကင်ပေါ်သို့ အသာအယာ ပုတ်ထုတ်လိုက်သည်။ ဖှေးလှံပစ်လိုက်သော လူ၏အစွမ်းမှာ ကြယ်တစ်လုံးအဆင့်ပင် မရှိသည်ကို ခံစားလိုက်ရသည်။ ဤမျှလောက်အဆင့်သာရှိသည့်တိုက်ခိုက်မှုမှာ လယ်ဗယ်(အဆင့်)၁၂လူရိုင်း ဇာတ်ကောင်အား ပန်းနှင့်ပေါက်နေသကဲ့သို့ပင်။
“မင်း.....မင်းကပြန်ခုခံရဲတယ်ပေါ့။ မြင်းနဲ့နင်း သတ်ကြစမ်းကွာ...”
ထည်ဝါစွာဝတ်ဆင်ထားသည့် စစ်သည်မှ သူ၏ အတိကျဆုံး တိုက်ချက်အား ‘စစ်ရှုံးပြီး’ ရန်သူမှ လွယ်ကူစွာခုခံနိုင်လိမ့်မည်ဟု ထင်မထားပေ။ တစ်ခနအကြာ အံ့သြပြီးနောက်တွင် သူ၏ဂုဏ်သရေအား ထိပါးပုတ်ခတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။သူ၏ခါးမှ ဓားရှည်အားဆွဲထုတ်ပြီး ဖှေးအား ညွှန်ပြကာ အမိန့်ပေးလိုက်သည်။
သူနှင့်သူ့အနောက်တွင်ရှိ မြင်းသည်တော်များမှာ သံဖိနပ်များတွင် တပ်စဥ်ထားသည့် ဆူးချွန်များဖြင့် စီးေနသောမြင်းအားကန်လိုက်ကြသည်။ မြင်းများမှာ နာကြင်သွားပြီး ရုတ်တရက်အရှိန်မြင့်ကာ ဖှေးထံသို့ပြေးသွားကြတော့သည်။
“နေပါဦး....ရပ်လိုက်....ငါကချမ်းဘော့ဒ်က ရန်သူမဟုတ်ဘူးဟ...”
ဖှေး အော်ဟစ်ပြီးရှင်းပြလိုက်သည်။
သို့သော် ဦးဆောင်ပြီး ချီတပ်လာသောလူမှာ ဖှေးအော်သံကြားသော်လည်း ရပ်တံ့ခြင်းမရှိပေ။ ခေါင်းကိုငုံ့ပြီးထက်မံ၍ပင် အရှိန်တင်လိုက်သည်။ သူ၏အနောက်တွင်ရှိသော မြင်းစစ်သည်များမှာလဲ ထို့နည်းအတိုင်းပင် သူတို့မျက်နှာတွင် စိတ်လှုပ်ရှားပြီး ခနဲ့သည့်အပြုံးများမှာ ထင်ရှားနေသည်။သူတို့အားလုံးဖှေးအားကြည့်သည့်ပုံမှာ သူတောင်းစားတစ်ယောက်အား ကြည့်နေသည်နှင့် ဘာမှမခြားပေ။
“သေစမ်း...ဒါတော့မဟုတ်သေးဘူး...ဒီလူတွေကငါ့ကို အပျော်သဘောအနေနဲ့ သတ်ချင်နေကြတာပဲ.....”
မြင်းစစ်သည်များမျက်နှာပေါ်ရှိ ရန်စသည့်အပြုံးများကိုမြင်ရသော် စကားလုံးများဖြင့် ဖြေရှင်းရန်မဖြစ်နိုင်တော့မှန်း ဖှေးရိပ်မိသွားသည်။
ဖှေး မဲ့ပြုံးပြုံးလိုက်ပြီး အာဇူရာဒိုင်းကာကို သူ၏ပခုံးပေါ်တွင် နေရာချထားကာ မြင်းစစ်သည်များနှင့် တိုက်ရိုက်ဝင်တိုက်ရန်ရွယ်လိုက်သည်။
“လာစမ်းပါ ခွေးမသားတွေ ဘယ်သူကပိုမာလဲဆိုတာ ကြည့်ရသေးတာပေါ့.....”သူတို့၏ အပြုမူများကြောင့် ဖှေးဒေါသဖြစ်သွားတော့သည်။
လျှင်မြန်စွာပင် မြင်း၁၄ကောင်နှင့် လူတစ်ယောက် ထိတ်တိုက်ဝင်တိုက်ကြတော့သည်။
“ဘုန်း ဘုန်း ဘုန်း ဘုန်း”
ခိုင်မာသည့် နံရံတစ်ခုအား ဝင်တိုက်လိုက်ရသည့်အတိုင်းပင်။ မြင်းစစ်သည်များ ပြင်းထန်စွာဖြင့် မြေပြင်ပေါ်သို့ ဒလှိမ့်ခေါက်ကွေး ပြုတ်ကျကုန်ကြပြီး နာကြင်စွာအော်ဟစ်နေကြ၏။ ရှေ့ဆုံးမှဦးဆောင်လာသည့် စစ်သည်မှာ အခြေအနေအဆိုးဆုံးပင်။ မြင်းပေါ်မှ ပြုတ်ကျပြီး ဘောလုံး တစ်လုံးကဲ့သို့ မြေပင်ပေါ်တွင်လိမ့်သွားသည်။ သူ၏ခန်းနားထည်ဝါသည့် ချပ်ဝတ်မှာ ယခုအခါတွင် သွေးများဖုန်များဖြင့် ညစ်ပတ်ကုန်၏။ သူ၏မျက်နှာတွင်လဲ ပွန်းပဲ့ပြီး ဖုန်မှုန့်များပေကျံနေလေရာ ရေမချ်ိုးရသည်မှာ အလွန်ကြာပြီဖြစ်သော အိမ်ေခြရာမဲ့သူတောင်းစား ကဲ့သို့ပင်။
မြင်းများမှာလဲ မြေပေါ်သို့ပစ်လဲကုန်ကြပြီး ပြန်ထရန်ကြိုးစားနေကြသည်။
ဖှေးမှာ တစ်ဖက်သို့လှည့်လိုက်ပြီး မတ်တပ်ရပ်နေသည်။ စကားတစ်ခွန်းမှပြောခြင်းမရှိချေ။ ဖုန်အလုံးလုံးဖြင့် ကုန်းရုန်းထနေသည့် မြင်းစစ်သည်များကိုသာ သရော်သည့်ဟန်ဖြင့်ကြည့်နေသည်။ ဖှေး၏ အသွင်အပြင်မှာ သူအားစိန်ခေါ်လာသည့် ခွေးများကိုကြည့်နေသည့် နဂါးတစ်ကောင်ကဲ့သို့ပင်။ ထိုအကြည့်မှာ မြင်းစစ်သည်များနှင့် သူတို့၏ခေါင်းဆောင်အား အလွန်မခံမရပ်ဖြစ်စေသဖြင့် သွေးပါအန်ချင်လာသည်။
“မင်းးးး” ခေါင်းဆောင်စစ်သည်မှာ ဖှေးအားလက်ညိုးထိုးလိုက်သည်။ “မင်းက ဇီးနစ်အင်ပါယာရဲ့ စစ်သည်တွေကို တိုက်ခိုက်ရဲတယ်ပေါ့....မင်းတော့သေပြီ။ မင်းကိုငါသတ်မယ်....”
ထိုကဲ့သို့အော်ဟစ်ခြိမ်းခြောက်နေသောလည်း သူတို့ထဲမှ မည်သူမျှ ဖှေးအားဝင်မတိုက်ရဲပေ။
ဖှေးမှာ ပြောစရာဘာမှမရှိတော့။
“မင်းရူးနေတာလား။ မင်းကပဲအရင်ငါ့က်ိုလှံနဲ့လာပစ်တာလေ။ နောက်ပြီး ငါ့ကိုမြင်းနဲ့နင်းသတ်ဖို့လုပ်တာေလ၊ အဲ့တော့ငါကမခုခံပဲ ငြိမ်ပြီး အသတ်ခံလိုက်ရမှာလား....”
စစ်ကူများ၏ အကျင့်စရိုက်ကြောင့် ဖှေးဇီးနစ်အင်ပါယာ၏ အကူညီအပေါ်တွင် စိတ်ဝင်စားမှု ကုန်ဆုံးသွားပြီဖြစ်သည်။ ထို့နောက်တွင် ဘာမှပြန်ပြောမနေတော့ပဲ ငွေရောင်မျက်နှာဖုံးရှင်၏ အလောင်းနှင့် မှော်ဆရာတို့ပါဝင်သည့် အဝတ်ထုပ်အား ကောက်ယူပြီး ချမ်းဘော့ဒ်ဘက်သို့လှည့်ကာ လမ်းလျှောက်ထွက်ခွာသွားတော့၏။
“ခွေးမသား မင်းသတ္တိရှိရင် ထွက်မပြေးနဲ့လေ....”
မြင်းစစ်သည်ခေါင်းဆောင်မှာ ကြောက်ရွံ့နေသော်လည်း ပါးစပ်ပိတ်မသွားချေ။ သူ၏ရန်သူထွက်သွားသည်အား မြင်လိုက်ရသောအခါ သူ၏သတ္တိများပြန်ပေါ်လာပြီး ဆဲဆိုရန်စလိုက်သည်။
ဖှေး ရပ်တံ့လိုက်ပြီး ပြန်လှည့်လိုက်သည်။ သူ၏မျက်နှာမှာ ရေခဲကဲ့သို့ အေးစက်နေ၏။
“မင်းနောက်တစ်ခွန်း ထပ်ပြောတာနဲ့ ငါမင်းကိုသတ်ပစ်မယ်..”
ထိုအချိန်တွင် ဖှေးထံတွင် တကယ်သတ်ဖြတ်လိုသည့် ဆန္ဒများရှိနေသည်။ ထိုပိန်းတိန်းတိန်းစစ်သည်များမှာ ဇီးနစ် အမိအင်ပါယာက ပို့လိုပ်သော အကူညီများဖြစ်သဖြင့် ပြသနာအကြီးအကျယ်မဖြစ်လိုချေ။ သို့သော်လည်း ထိုစစ်သည်များမှာ သူ့အား ထက်မံ၍ရန်စလျှက်ရှိ၏။ ထိုကဲ့သို့ပြောပြီးနောက်တွင် ဖှေး၏ မုန်တိုင်းဆေဘာဓားမှာ ရွှေရောင်လတ်သွား၏။ ထိုစစ်သည်များနောက်တစ်ခွန်း ဆက်ပြောပါက ဖှေးသူတို့အား ငရဲ၏အရသာကိုပြပေးတော့မည်ဖြစ်သည်။
ရုတ်တရက်ဖှေး ခန္ဓာကိုယ်မှ လူသတ်လိုသည့်အငွေ့သတ်များ အရိပ်ယောင်များထွက်ပေါ်လာ၏။
ဒိုင်ယာဘလို ကမ္ဘာနှင့် လက်ရှိကမ္ဘာတွင် သတ်ဖြတ်မှုများဆက်တိုက်လုပ်လာအပြီးတွင် ဖှေးလက်ချက်ဖြင့် မကောင်းဆိုးဝါးများ၊လူများမည်မျှ သေကြေပြီးပြီဆိုသည်ကား မည်သူမျှသိနိုင်တော့မည်မဟုတ်ချေ။ ဖှေးသည်လွန်ခဲ့သည့် ရပ်အနည်းငယ်အတွင်းတွင် အလောင်းတောင်များနှင့် သွေးပင်လယ်များပေါ်တွင် ခြေနင်းလျှောက်လာခဲ့ပြီးပြီဖြစ်သည်။ ထို့ကြောင့်သတ်ဖြတ်လိုသော အာရုံများမှာ ဖှေးကိုယ်ထဲတွင်စိမ့်ဝင်ပြီး သိပ်သည်းနေလေ၏။ ယခုအခါတွင် ထိုအာရုံများသည့် အပြင်သို့ယိုဖိတ်ထွက်လာရာ ရန်သူ၏ ရဲစွမ်းသတ္တိအား ခြေမှုန်းပစ်လိုက်သည်။
မြင်းစစ်သည်များ ကြောင်လန့်စွာပါးစပ်ပိတ်သွားကြ၏။ အဖွဲ့ထဲတွင် ဖင်အယားဆုံးဖြစ်သည့် ခေါင်းဆောင်လဲ အသံမထွက်တော့ချေ။ ရန်သူ၏မျက်လုံးအတွင်းရှိ သတ်ဖြတ်လိုသည့် အာရုံကိုမြင်လိုက်ရသဖြင့် ခန္ဓာကိုယ်တစ်ခုလုံးအေးစက်သွား၏။ ဖှေးပြောလိုက်သည်မှာ ခြိမ်းခြောက်ရုံသက်သက်မဟုတ်။ စကားတစ်ခွန်း ထက်မံပြောပါက အမှန်တကယ်ပင် သတ်ပစ်မည်ဖြစ်သည်။
“စောက်ကြောက်တွေ” ဖှေး စိတ်ထဲတွင် တွေးလိုက်ပြီး ချမ်းဘော့ဒ်ထံသို့ လက်ထဲမှအထုပ်ကြီးနှင့်အတူ ထွက်လာခဲ့တော့သည်။ ခံတပ်နံရံပေါ်မှလူများ သူ၏ သေချင်ယောင်ဆောင်ခြင်းကို မြင်လိုက်ရကြောင်း သိ၏။ လူတိုင်းသူ့အတွက်မည်မျှ ဝမ်းနည်းပြီး၊ စိတ်ထိခိုက်နေကြမည်ကို သူမတွေးရဲလောက်အောင်ပင်။ အထူးသဖြင့် အန်ဂျယ်လာနှင့် ဘရွတ်ပင်ဖြစ်သည်။ ထို့ကြောင့် လူတိုင်းစိတ်အေးသွားစေရန်အတွက် ဖှေးအမြန်ပြန်မှ ဖြစ်တော့မည်ဖြစ်သည်။
သူထင်ထားသည့်အတိုင်းပင် ပြိုကျနေသောတံတား၏ ပြတ်ကျနေသော နေရာသို့ရောက်သောအခါ လူအများအပြားငိုကြွေးပြီး နန်းတော်ဂိတ်တံခါးမှ တံတားထံသို့ ပြေးထွက်လာကြသည်ကိုတွေ့ရသည်။ ပြတ်ကျနေသောနေရာအနီးတွင် တစ်ဖက်သို့ရောက်နိုင်ရန် ကြံဆနေသည့် လူများကိုလည်း တွေ့နေရသည်။
ဖှေး နှလုံးသားမှာ နွေးထွေးသွား၏။ ဖှေး လူရိုင်းဇာတ်ကောင်၏ [ခုန်ကျော်ခြင်း]ကိုအသုံးပြုပြီး ၁၇ကိုင်ခန့်ကွာဝေးသည့် ပြတ်ကျနေသောနေရာအား ခုန်ကျော်လိုက်သည်။ သို့သော်သူ ထိုနေရာ၌ပင် ရပ်မသွားချေ ထက်မံခုန်လိုက်ပြီး တစ်ဖက်ရှိ လူအုပ်ကြီး၏ အလည်တည့်တည့်တွင် ဆင်းသက်လိုက်သည်။
“အဲ့တာ ဘုရင်အလတ်ဇန္ဒားပဲ.....”တစ်စုံတစ်ယောက်မှ ပျော်ရွှင်စွာစတင်အော်ဟစ်လိုက်သည်။
“ဟားဟား အရှင်မသေသေးဘူးဆိုတာ ကို ကျွန်တော်မျိုး ပန်းပဲဆရာဟယ်ရီသိပြီးသားပါ။ ဟိုခွေးသားတွေ အရှင့်ကိုဘယ်လိုလုပ်ထိနိုင်ကြမှာလဲ....” ဆံပင်အဖြူရောင်နှင့် အဖိုးကြီးတစ်ယောက်မှာ ဖှေးကိုတွေ့သောအခါ မျက်ရည်များစို့လာပြီး ပျော်ရွှင်သွားသည်။
“ဘုရင်အလတ်ဇန္ဒား....အရှင်.....အတော်အံ့သြဖို့ကောင်းတာပဲ....ကျေးဇူးပါ စစ်ပွဲနတ်ဘုရား.....”လက်နက်အဖြစ် လယ်ယာပစ္စည်းများအား ကိုင်ဆွဲထားသောလယ်သမား တချို့မှာ ဒူးထောက်လိုက်ပြီး သူတို့ဘုရင်အား ကာကွယ်ပေးသည့်အတွက် စစ်ပွဲနတ်ဘုရားအား ကျေးဇူးတင်နေကြသည်။
ပီးရာ့စ်၊ ဒရော့ဂ်ဘာတို့ပါဝင်သော လူသန်ကြီးများမှာလဲ တစ်ဖက်သို့ရောက်ရှိရန်ကြိုးစားရာတွင် အသုံးပြုနေသည့်ကြိုးများကို လွင့်ပစ်လိုက်ပြီး ဖှေးထံသို့ပြေးလာကြသည်။
အနည်းငယ်ဝေးကွာသော ခံတပ်နံရံပေါ်တွင်ဖြစ်သည်။
ဝန်ကြီးချုပ် ဘစ်ဇား၏ပိန်သွယ် ခြောက်ကပ်နေသော ခန္ဓာကိုယ်မှာ ထိုမြင်ကွင်းကိုမြင်သော် ယိုင်နဲ့နဲ့ဖြစ်သွား၏။ သူ၏အမြင်အာရုံမှာ ထွေပြားသွားပြီး မျက်လုံးထဲတွင် ကြယ်လများမြင်လာရတော့သည်။ သူ၏ ပါးစပ်မှာ ဟလျှက်ဖြစ်နေသောကြောင့် အထဲမှသွားများကိုပင်မြင်နေရ၏။ သူ၏ဆံပင်များမှာ တိုက်ခတ်ေနသောလေကြောင့်ရှုပ်ထွေးနေပြီး သူ့ကိုယ်သူပြန်ပြောလိုက်၏။ “မဖြစ်နိုင်တာပဲ.....ဒါလုံးဝမဖြစ်နိုင်ဘူး......သူအသက်ရှင်လျှက်ရှိတုန်းပဲလား......ဘယ်လိုလဲ.......သူကမကောင်းဆိုးဝါးတစ်ကောင်လား....မြှားရာပေါင်းများစွာနဲ့ဝိုင်း ပစ်တာတောင် အသက်ရှင်နေတုန်းပဲလား...သေစမ်းးးးးးးးးးးးး”
အဖိုးကြီးမှာ သူ့ကိုယ်သူရူးတော့မည်ဟုပင် ခံစားလိုက်ရ၏။ ယခင်က ပီတိဖြစ်နေခဲ့သော ဂေးလ်မှာ ယခုအခါတွင် ခြေထောက်တွင်အားအင်များ ကုန်ဆုံးသွားပြီး ထိုင်နေလေ၏။ “အလတ်ဇန္ဒား မသေသေးဘူး.......” ဖတ်တီးဂေးလ်၏ မသိစိတ်မှာသူ့အား “သေစမ်း ငါရဲ့ကံကောင်းမှုတွေတော့ ကုန်ဆုံးသွားပြီ၊ ဒုက္ခကြီးကြီးလာတော့မယ်ထင်တယ်....”ဟုပြောနေ၏။
ခံတပ်မျှော်စဥ် အောက်တွင်ဖြစ်သည်။
“ဟမ်.....” အန်ဂျယ်လာ ဖြေးညင်းစွာ ပြန်လည်သတိရလာခဲ့သည်။ မပွင့်ရသေးခင် ကြွေလွင့်သွားခဲ့ရသော ကြာပန်းခဲ့သည့် ဝမ်းနည်းစိတ်များ လွှမ်းမိုးနေတုန်းပင်။ ပျော်ရွှင်မှုများ ပျောက်ကွယ်သွားပြီဖြစ်သော သူမ၏ မျက်လုံးများမှာ အရင်လိုမတောက်ပတော့ချေ။ တံတားပေါ်မှ ပျော်ရွှင်စွာအော်ဟစ်သံများကို ကြားရသောအခါ တစ်ဖက်သို့လှည့်ပြီး မျက်ရည်များကြောင့် မှုန်ဝါးနေဆဲဖြစ်သည့် မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။ ထိုအခိုက်တံ့တွင် သူမ၏မျက်လုံးများမှာ တစ်နေရာ၌ပင် ရပ်တံ့သွားသည်။ သူမ၏နှလုံးခုန်သံမှာ တဖြည်းဖြည်းမြန်ဆန်လာတော့သည်။ သူမ၏ မှုန်ဝါးနေသော မျက်လုံးများမှတဆင့် ရင်းနီးနေပြီးဖြစ်သော ပုံရိပ်တစ်ခု တံတားပေါ်တွင်ရပ်နေသည်ကို မြင်လိုက်ရသောကြောင့်ပင်။ ဝမ်းနည်းနေသော ကောင်မလေးမှာ သူမ၏မျက်လုံးများကို ပွတ်လိုက်ပြီး “ဘုရားရေ....အဲ့တာ တကယ်သူပဲ......”
ဖျတ်လတ်တက်ကြွမှုများမှာ ထိုကောင်မလေး၏ နူးညံ့အားနည်းသည့် ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
“အလတ်ဇန္ဒား.....”
အန်ဂျယ်လာ တီတိုးပြောဆိုလိုက်ပြီး သူမ၏မျက်နှာတွင် မျက်ရည်များ ထိန်းချုပ်၍မရအောင် ကျလာတော့သည့်။ ယခုတစ်ခေါက်ငိုခြင်းမှာ ယခင်ကကဲ့သို့ အသဲကွဲသဖြင့်မဟုတ်ပေ ပျော်ရွှင်ခြင်းကြောင့်သာ။ သူမရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး သူမ၏မျက်ရည်များကို အမြန်သုတ်လိုက်သည်။ ထို့နောက်တွင် သူမ၏ ရှည်လျားသော ဂါဝန်ကို အစွန်းနှစ်ဖက်မှမကာ ဘရွတ်နှင့် လမ်းပါ့ဒ်တို့ တားထားသည်ကို ဂရုမစိုက်တော့ပဲ ခံတပ်နံရံပေါ်မှပြေးဆင်းသွားတော့သည်။
“ငါသူ့ကို သွားတွေ့မှဖြစ်မယ်....” လှပသောကောင်မလေးမှာ သူမကိုယ်သူမ ပြောလိုက်၏။
ခံတပ်နံရံပေါ်မှနေ၍ မြို့ပြင်ရှိကျောက်တံတားထံသို့သွားရာလမ်းအား သူမမကြာခန သွားလာဖြတ်သန်းဖူးသည်။ ခံတပ်နံရံပေါ်သို့ နေဝင်နေထွက်ချိန်အားကြည့်ရန်၊ ကျောက်တံတားပေါ်အား ယခင်က သနားစရာကောင်းသောအလတ်ဇန္ဒားအတွက် ဆုတောင်းရန် မကြာခနသွားနေကြဖြစ်သည်။ သို့သော် ယခုကဲ့သို့ ဝေးကွာပြီးရှည်ကြာလွန်းနေသလို မခံစားမိခဲ့ချေ။
သူမ ထိုယောက်ျား၏ အနားသို့ချက်ချင်းရောက်သွားလျှင် ကောင်းမှာပဲဟုပင် ဆုတောင်းမိသည်။
“ဟေး အန်ဂျယ်လာ ချော်လဲမယ်၊ သတိထားဦး ငါ့ကိုလဲစောင့်ပါဦး....”
အန်မာမှာ အန်ဂျယ်လာ၏ အနောက်မှလှမ်းသတိပေးနေသည်။ သူမလဲပြေးပြီးလိုက်လာနေရာ သူမအနောက်တွင်စုချည်ထားသော ရွှေရောင်ဆံပင်မှာ အပေါ်အောက်ခုန်နေသည်။ ဤကဲ့သို့တောက်ပပြီး ပျော်ရွှင်နေသောမြင်ကွင်းမှာ ချမ်းဘော့ဒ်နံပါတ်၁ စစ်သည် လမ်းပါ့ဒ်အား နှစ်ခြိုက်စွာ ပြုံးမိစေသည်။ လွန်ခဲ့သည့် နာရီအနည်းငယ်ခန့်က အလတ်ဇန္ဒားတစ်ယောက်မြှားမှန်ပြီး လဲကျသွားသည်ကို တွေ့ရသောအခါ လမ်းပါ့ဒ်တစ်ယောက်ထိတ်လန့်သွားပြီး ခံတပ်နံရံပေါ်မှ ခုန်ဆင်းသွားပြီး အလတ်ဇန္ဒားထံသို့ ချက်ခြင်းပြေးသွားခဲ့သည်။ သို့သော်လမ်းတစ်ဝက်တွင် အန်ဂျယ်လာကိုစောင့်ရှောက်ပေးပါဟူသော ဖှေး၏တောင်းဆိုချက်ကို သတိရသွားပြီး အနည်းငယ် တွံ့ဆုတ်ကာ အန်ဂျယ်လာ၏ဘေးသို့ ချက်ခြင်းပြန်လာခဲ့၏။
အန်ဂျယ်လာအနားသို့ပြန်ရောက်သောအခါ ဘေးရန်မသီခပဲရှိသည်ကို တွေ့ရသောကြောင့် ဘုရားသခင်ကို လမ်းပါ့ဒ်ကျေးဇူးတင်မိ၏။ အန်ဂျယ်လာ၏ဘေးတွင် သူ့အစား အန်ဂျယ်လာအား နိုးကြားစွာစောင့်ရှောက်ပေးနေသော ဘရွတ်ကိုလဲတွေ့လိုက်ရသည်။
ယခုအခါတွင် အရာအားလုံး အဆင်ပြေသွားပြီဖြစ်သည်။ အလတ်ဇန္ဒားကလဲ အသတ်ရှင်လျှက်ပြန်လာနိုင်ခဲ့သည်။ ရန်သူများမှာလဲ ရှုံးနှိမ့်သွားပြီး ဆုတ်ခွာသွားပြီဖြစ်သည်။ ဇီးနစ်အင်ပါယာ မှအကူညီများလည်း ရောက်လာခဲ့ပြီးပြီ။ချမ်းဘော့ဒ်တိုင်းပြည်၏ အန္တရာယ်များမှာ ချက်ချင်းပင်ကွယ်ပျောက်သွားပြီဖြစ်သည်။ အပျော်ရွှင်ဆုံးဇာတ်သိမ်းတစ်ခုပင်။ ထိုကဲ့သို့အခြေအနေများကြောင့် များသောအားဖြင့် ရုပ်တည်တည်နေတတ်သော လမ်းပါ့ဒ်ပင်လျှင် ယခုအခါတွင်ပြုံးရွှင်နေ၏။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ယခုအကြိမ်မှပင် ပထမဆုံးပြုံးမိခြင်းဖြစ်၏။ လမ်းပါ့ဒ်ပြုံးရွှင်စွာဖြင့် အဝေးရှိစိတ်ဆင်းရဲနေသော ဝန်ကြီးချုပ် ဘစ်ဇားအား တစ်ချက်လှမ်းကြည့်လိုက်သည်။
ဘစ်ဇားမှာ တိတ်ဆိတ်စွာဖြင့် သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။
...........
ဇူလီမြစ် တောင်ဘက်ကမ်းတွင်ဖြစ်သည်။
မြင်းစစ်သည်ရာပေါင်းများစွာမှာ မြစ်ကမ်းဘေးသို့ဦးတည်ချီတပ်လာပြီး လက်ကျန်ရန်သူများအား ရှင်းလင်းသုတ်သင်ပြီးသော် ရပ်လိုက်သည်။ မြင်းရှစ်ကောင်နှင့်ဆွဲလာသော ကြီးမားသည့်အနီရောင်ရထားလုံးကြီးတစ်ခုရောက်ရှိလာပြီး လူအုပ်စုအားခွဲခြမ်းလိုက်သည်။ ရထားလုံးမှာကြီးမား၏။ အနည်းဆုံး ၃ကိုက်ခန့် ရှည်လားသည်။ ရထားလုံးတွင် အနုစိတ်သည့် သစ်သားဘီးလေးဘီးဖြင့် ထောက်ပံ့တပ်ဆင်ထားသည်။ ရထားလုံးကြီးမှာ သဘာဝအတိုင်းအလွန်ကြီးမားသည့် သစ်လုံးကြီးတစ်ခုအား ပုံထွင်းထုထားသည်ဟုပင်ထင်ရသည်။ အဆူးအခတ်ပန်းပုံစံများဖြင့် ထွင်းထုအလှဆင်ထားပြီး ရထားလုံးပေါ်ထွင်းထုထားသည့် ငှက်နှစ်ကောင်ပုံမှာ လွန်စွာအသက်ဝင်လှသည်။ ရထားလုံး၏ ဘေးနှစ်ဘက်တွင် သေးငယ်သော ပြတင်းပေါက်နှစ်ခုပါရှိ၏။ ပို၍အံ့သြဖို့ကောင်းသည်မှာ ရထားလုံးမောင်းနှင်နေသည့် ပုဂ္ဂိုလ်မှာ တောက်ပြောင်သည့်ငွေရောင်ချပ်ဝတ်ဝတ်ဆင်ထားသည့် သူရဲကောင်းတစ်ယောက်ဖြစ်ပြီး ထိုသူမှာ အလွန်အစွမ်းထက်သည့်ပုံပေါက်၏။
ရထားလုံးရောက်လာသည်ကိုတွေ့ရသောအခါ ဖှေးကြောင့်မြင်းပေါ်မှပြုတ်ကျခဲ့သော ထည်ဝါသည့်ချပ်ဝတ်နှင့်သူရဲကောင်းမှာ ရထားလုံးထံပြေးသွားပြီး “အမ တာနာရှာ အဲ့လူက ဇီးနစ်အင်ပါယာရဲ့ ဂုဏ်သရေကိုစော်ကားလိုက်တာပဲ....အမကိုတောင်စော်ကားလိုက်သေးတယ်.....အဲ့လူကို ညာတာပေးလို့မရဘူးအမ.....”ငိုကြွေးကာ ပုံကြီးချဲ့တိုင်တန်းတော့၏။
ရထားလုံးအတွင်းတွင် စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်နေ၏။
ထို့နောက်တွင် အားနည်းပြီး ညင်သာသည့်အသံတစ်ခုမှ ပြန်ပြောလိုက်သည်။ “သူ့ကိုအရင်သွားစတာ နင်မဟုတ်ဘူးလား ဂျင်မီ။ နောက်ဆုံးတော့ နင်က ဇီးနစ်အင်ပါယာရဲ့မင်းသားငယ်တစ်ဦးပါလားဆိုတဲ့ အချက်ကိုဂရုမစိုက်တဲ့စစ်သည်တစ်ယောက်နဲ့ တွေ့ဖူးသွားပြီမလား။ ဒီတစ်ခါခံလိုက်ရတာကနေ တစ်ခုသင်ယူလိုက်တော့။ ဘယ်သူ့ကိုမှ အကြောင်းမဲ့ရန်သွားမစနဲ့...။ ကိုယ်ပိုင်အင်အားကြီးပြီး၊ စစ်အင်အားအများကြီးရှိရုံနဲ့ သူရဲကောင်းစစ်စစ်တစ်ယောက်ဖြစ်မလာနိုင်ဘူးဆိုတာ ငါနင့်ကိုအခါပေါင်းများစွာပြောဖူးတယ် မဟုတ်လား။ လူသားဆန်မှု၊ ရိုးသားမှု၊ ကိုယ်ချင်းစာတရား၊ ရဲစွမ်းသတ္တိ၊......အဲ့အချက်အလက်တွေနဲ့ပြည်စုံမှသာ သူရဲကောင်းတစ်ယောက်ဖြစ်လာနိုင်လိမ့်မယ်...”
အားနည်းသောအသံမှာ နာတာရှည်ဖျားနာ နေရာမှ သက်သာလာခါစလူတစ်ဦးကဲ့သို့ပင်။ သို့သော်ထိုအသံမှာ လူများ၏စိတ်အား ထိုးဖောက်နိုင်သည့်အစွမ်းရှိ၏။ တာနာရှာ ဟုအမည်ရသော ကောင်မလေးမှာ သူမ၏ အသုံးမကျသည့်မောင်၏ အလိမ်အညာများကို ဖော်ထုတ်လိုက်ပြီး၊ သူ့မောင်အားဆုံးမစကားတစ်ခုပြောကြားလိုက်၏။
မင်းသားငယ် ထရိုပင်စကီမှာ သူ၏ဂုဏ်သရေအားအရှက်ရစေခဲ့သော လူအားသူ့အမလက်မှတဆင့် သင်ခန်းစာပေးရန်ကြံစည်နေခဲ့ခြင်းဖြစ်သည်။သို့သော် သူ့အမမှာလက်မခံချေ။ “ဒီတစ်ခါကတော့ ကျွန်တော်အရင်စတာမဟုတ်ရပါဘူး အမ......”
“တော်ပြီ၊ ဆက်မပြောနဲ့တော့ နောက်ထပ်ဆက်ပြောနေဦးမည်ဆိုရင် ငါနင့်ကိုအိမ်ပြန်ပို့လိုက်တော့မယ်.....”အားနည်းသည့်အသံမှာ ရထားလုံးအတွင်းမှ ထက်မံထွက်ပေါ်လာပြီး အေးစက်စွာ တုန့်ပြန်လိုက်၏။အခိုက်တံ့တစ်ခုအကြာ တိတ်ဆိတ်ပြီး သူမပြောလိုက်သည်။ “အိမ်တော်ထိန်း ဘတ်စ်ကို ဒီကိုခဏလာဖို့ ယဥ်ယဥ်ကျေးကျေးပြောလိုက်......”
ရထားလုံးအနီးမှ ထရိုပင်စကီ စိတ်ဆိုးဆိုးဖြင့် မတ်တပ်ရပ်ပြီး အနားရှိ စစ်သားတစ်ယောက်အား တိတ်ဆိတ်စွာပြောလိုက်သည်။ “သွား အဲ့သောက်လမ်းပြကို ဒီကိုခေါ်ခဲ့စမ်းကွာ...”
စစ်သားအမိန့်ကိုနာခံပြီး ချက်ခြင်းထွက်ခွာသွား၏။
မကြာမှီတွင် စစ်သားသည် အသက်၄၀အရွယ်ခန့်ရှိသော လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်နှင့်အတူပြန်ရောက်လာခဲ့သည်။ ထိူလူမှာ အရပ်၆ပေခန့်မြင့်မား၏။ သူ၏သပ်ရပ်သောဆံပင်၊ တောက်ပသော မျက်လုံး၊ ခန့်ညားသောမျက်နှာနှင့် အချိုးအစားကျလှသော ခန္ဓာကိုယ်တို့ကြောင့် သူဝတ်ဆင်ထားသော ဝတ်ရုံအကြမ်းစားကပင်လျှင် ကမ္ဘာ့စျေးအကြီးဆုံးဝတ်ဆုံတစ်ခုဟု ထင်ရသည်။ လူတိုင်းထိုအမျိုးသားထံမှ ခန့်ညားမှု၊ ကိုယ်ရှိန်ကိုယ်ဝါတောက်ပမှုတို့ကို ခံစားနေရသည်။ ဤလူမှာ အသက်ငယ်ရွယ်စဥ်အခါက အလွန်ဖြောင့်သည့် ယောက်ျားတစ်ယောက်ဖြစ်ခဲ့မည်ဆိုသည်မှာ အသေအချာပင်ဖြစ်သည်။ ယခုအသက်လေးဆယ်ကျော်အရွယ်၌ပင်လျှင် ငယ်ရွယ်အပြစ်ကင်းသည့် မိန်းမပျိုလေးများကို အလွယ်တကူဆွဲဆောင်နိုင်ဆဲပင်ဖြစ်သည်။
“ဘတ်စ် မင်းနှိမ့်ကျတဲ့သောက်လမ်းပြ၊ကျပ်မပြည့်တဲ့ ချမ်းဘော့ဒ်ဘုရင် မင်းရဲ့သမက်လောင်းကို ဇီးနစ်အင်ပါယာက သံတမန်တွေရောက်လာပြီ အမြန်ထွက်လာပြီး ဒူးထောက်ကြိုဆိုပါလို့ ပြောလိုက်........”မင်းသား ထရိုပင်စကီမှာ ယောက်ျားခြင်းမနာလိုသောကြောင့်လားမသိ ဤအသက်လေးဆယ်အရွယ် ရူပါခန့်ညားသော ဘတ်စ်ကိုမြင်တိုင်း ဒေါသဖြစ်မိ၏။
“အမိန့်တိုင်းပါ...... အရှင့်သား”
လူလတ်ပိုင်းအရွယ် ယောက်ျားမှာ ဒေါသမဖြစ်ချေ။ ထုံးစံအတိုင်းအရိုသေပေးပြီး ချမ်းဘော့ဒ် နန်းတော်ထံသို့ မနှေးမမြန် လမ်းလျှောက်ထွက်ခွာသွား၏။ ထိုကဲ့သို့ ရင့်ကျက်တည်ငြိမ်သောအပြုအမူကြောင့် မင်းသား ထရိုပင်စကီမှာ သူ့ကိုယ်သူ ပေါက်လွတ်ပဲစားအရိုင်းအစိုင်းကဲ့သို့ခံစားလိုက်ရသဖြင့် စိတ်ဓာတ်ကျသွား၏။ သို့သော် မည်သူမျှမသိလိုက်သည်မှာ ဘတ်စ်လှည့်သွားပြီးနောက်တွင် ဘတ်စ်၏နောက်ကြောအား မင်းသားထရိုပင်စကီမှ လက်ခလယ်ထောင်ပြလိုက်ခြင်းပင်။
“နောက်ဆုံးတော့ ချမ်းဘော့ဒ်ကိုပြန်ရောက်လာခဲ့ပြီ။” ဘတ်စ်၏ စိုးရိမ်ပူပန်မှုများမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။
ချမ်းဘော့ဒ်သို့ပြန်ရောက်ပြီး ခိုင်ခန့်ကြီးမားစွာ အကောင်းတိုင်းတည်ရှိနေသော ခံတပ်နံရံကြီးအားတွေ့လိုက်ရသောအခါ ဘတ်စ် စိတ်အေးသွားသည်။ “ကောင်းတယ်၊ စစ်ကူတွေရောက်လာတာ နောက်ကျမသွားခဲ့ဘူး။ အဆိုးဆုံးတွေလဲဖြစ်မလာခဲ့ဘူး။ အမဲရောင်ချပ်ဝတ်နဲ့ရန်သူတွေလဲ နန်းတော်ကို မသိမ်းပိုက်နိုင်ခဲ့ဘူး..... “
ထိုကဲ့သို့တွေးပြီးသော် တစ်ခုခုကိုတွေးမိပြီး စိတ်ပူသွားကာ သက်ပြင်းချလိုက်၏။ “လမ်းပါ့ဒ်လဲ ဒီမှာရှိနေတော့ ဘစ်ဇား ဘာမှသိပ်လုပ်နိုင်မှာတော့မဟုတ်ပါဘူးလေ... အန်ဂျယ်လာနဲ့ ကျပ်မပြည့်တဲ့ဘုရင်ကောင်လေးလဲ လုံခြုံလောက်ပါတယ်.....”
လမ်းတစ်လျှောက်တွင် ရုပ်ပျက်ဆင်းပျက်အလောင်းများကြောင့် ဘတ်စ်ထိတ်လန့်မိ၏။ ချမ်းဘော့ဒ်မည်ကဲ့သို့ ခုခံထားနိုင်ခဲ့သည်ကို သူမသိချေ။ ဘုရင့်အစောင့်တပ်ဖွဲ့မှ စစ်သား၄၀၀ခန့်သည် ရန်သူ၏ ကျွမ်းကျင်စစ်သား၂၀၀၀ ကျော်ခန့်အား ၅ရက်တာ ခုခံထားနိုင်ခဲ့သည်မှာ အံ့သြဖွယ်ပင်။
တံတားပေါ်သို့ စတင်ခြေလှမ်းလိုက်သော အခါ အေးဆေးတည်ငြိမ်စွာဖြင့် လမ်းလျှောက်လာသော ဘတ်စ်မှာ ကြက်သေသေသွားတော့သည်။
“အိုး.. ဘုရားရေ မယုံနိုင်စရာပဲ.... တံတားကိုဖြတ်ပစ်လိုက်တာ..ဘယ်သူ့အကြံများပါလိမ့်။ ဘရွတ်နဲ့ လမ်းပါ့ဒ်ကတော့ ခေါင်းမာတဲ့သူတွေဆိုတော့ သူတို့မဖြစ်နိုင်ဘူး....ဘစ်ဇားများလား...မဖြစ်နိုင်လောက်ပါဘူး...အဲ့အဖိုးကြီးဘယ်တုန်းက ကောင်းတာတစ်ခုခုလုပ်ဖူးလို့လဲ....”
ဘတ်စ်ခေါင်းငုံ့ပြီး တွေးကြည့်နေ၏။
ရုတ်တရက်ပင် တံတား၏ တစ်ဖက်ခြမ်းမှာ ပျော်ရွှင်စွာအော်ဟစ်အားပေးနေသံများကို ရုတ်တရက်ကြားလိုက်ရသည်။ တစ်ဖက်ကမ်းတွင် ချမ်းဘော့ဒ်မြို့သားများ အကြောင်းတစ်ခုခုကြောင့် စုနေကြပြီး ပျော်ရွှင်စွာအောင်ပွဲခံနေကြသည်ကို ဘတ်စ်သတိထားမိလိုက်သည်။ ကျယ်လောင်သောရေစီးသံများကြားထဲတွင် တိုးညင်းသောအသံများကိုကြားနေရသည်။ “ဘုရင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ။”စသည်ဖြင့် ဘုရင်အားဝိုင်း ထောပနာပြုနေကြသည့် အသံများပင်။ ဘတ်စ်အနည်းငယ် အံ့သြသွားသည်။ “အမ်.... ဘုရင်မင်းကြီး သက်တော်ရှည်ပါစေဆိုပါလား....သူတို့တွေ ကျပ်မပြည့်တဲ့ အလတ်ဇန္ဒားကိုဆိုလိုနေတာလားဟ...”
ဘတ်စ်သူ၏ ခြေလှမ်းများကိုအရှိန်မြှင့်လိုက်ရာ ထက်မံ၍ အံ့သြဖွယ်မြင်ကွင်းတစ်ခုအား မြင်လိုက်ရသည်။
သူ၏ လှပပြီးအပြစ်ကင်းသည့် သမီးအန်ဂျယ်လာမှ နန်းတော်မှ ကျောက်တံတားထံသို့ အပြေးသွားနေခြင်းပင်။ သူမ၏ မိန်းကလေးဆန်သော အပြုမူများမရှိတော့ပဲ ပန်းများကြားထဲတွင် ပျော်မြူးနေသော လိပ်ပြာငယ်တစ်ကောင်ကဲ့သို့ လူအုပ်ကြားထဲတွင် ပြေးကာ စုတ်ပြဲနေသော ချပ်ဝတ်နှင့် သွေးများဖုံးလွှမ်းနေသော လူငယ်တစ်ယောက်အား ပြေးဖက်လိုက်သည်ကိုတွေ့လိုက်ရသည်။
ဘတ်စ်မှာ သူ၏မျက်လုံးများကိုပင် မယုံနိုင်ချေ။
“ဘုရားရေ ငါ့ရဲ့ သန့်စဥ်ပြီး၊လိမ္မာတဲ့ သမီးအန်ဂျယ်လာက ဘယ်အချိန်ကစပြီး ဒီလိုပွင့်လင်းသွားတာပါလိမ့်။ မရင်းနှီးတဲ့ ယောက်ျားလေးတစ်ယောက်ကို လူလယ်ခေါင်မှာ ပွေ့ဖက်လိုက်တာလား....။ သူမက သူမကိုယ်သူမ ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ ဘုရင်မလောင်းဆိုတာကို မေ့သွားတာလား...ဒါမှမဟုတ် ငါမရှိတဲ့အချိန်တွင်းမှာ မှော်ဆန်တဲ့အရာတစ်ခုများ ဖြစ်ပျက်သွားလို့လား....”
ဘတ်စ်၏ စိတ်ထဲတွင်တွေးနေရင်း မခံမရပ်နိုင်ဖြစ်လာ၏။
သူသည် သူ၏မိုက်မဲသည့်သမီးငယ်အား ယောက်ျားလေးများ၏ စကားလုံးလှလှလေးများကို မယုံစားမိရန် ဆုံးမဖို့လိုအပ်သည်ဟု တွေးလိုက်မိသည်။ ထို့ကြောင့် တံတား၏ပြတ်ကျနေသော နေရာ၏ အစွန်းအားပြေးသွားပြီး ရည်ရွယ်ချက်ရှိရှိ အော်ဟစ်လိုက်သည်။
“ဟေး...အန်ဂျယ်လာ အသဲလေး ငါပြန်လာပြီ....”
.............
ပြတ်ကျနေသော ကျောက်တံတား၏ တစ်ဖက်ခြမ်းတွင်ဖြစ်သည်။ ဖှေးသည် နူးညံ့နွေးထွေးလှသော ပွေ့ဖက်မှုအောက်တွင် ကြည်နူးနေ၏။ သူ၏ ဇနီးလောင်းမှာ နန်းတော်ထဲမှပြေးထွက်လာပြီး သူ့အားပွေ့ဖက်လိုက်သည့်အတွက် တစ်ခဏအကြာ အံ့သြသွားသော်လည်း ယခုအခါတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။ “သူရဲကောင်းနဲ့ မိန်းမလှလေးဆိုတာ လိုက်ဖက်တာပဲ၊ ဟုတ်တယ်မလား...ဟီးဟီး”ဖှေး စိတ်ထဲမှ တွေးလိုက်၏။
ဖှေးထိုကဲ့သို့ များစွာပျော်ရွှင်နေခိုက်တွင် တစ်စုံတစ်ယောက်မှာ အရမ်းမဲ့ပြုမှု အော်ဟစ်လိုက်သောကြောင့် သူ၏ပျော်ရွှင်သာယာမှုများ အဆုံးသက်သွား၏။
“အန်ဂျယ်လာ အသဲလေး ငါပြန်လာပြီ....”ဟူသော အသံပင်။
ဖှေး ဒေါသဖြစ်သွားသည်။
“ဒီဘဲက ဘယ်သူလဲဟ....ဘယ်ကောင်မို့ ငါ့ကောင်မလေးကို အသဲလေးလို့ ခေါ်ရဲတာလဲ....”
ဖှေး၏ ကိုယ်ထဲတွင် ထိန်းချုပ်၍မရအောက် ဒေါသမီးများ တောက်လောင်နေပြီး မနာလိုစိတ်များတဖွားဖွားပေါ်ပေါက်နေ၏။ ဖှေး အသံလာရာ ပြတ်ကျနေသည့် တံတားတစ်ဖက်ရှိ အစွန်းနေရာသို့လှမ်းကြည့်လိုက်ရာ ခန့်ညားသော အသက်ကြီးကြီးယောက်ျားတစ်ယောက်မှာ သူ၏ လက်ထဲမှ အန်ဂျယ်လာအား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုသူမှာ မကောင်းတစ်ခုခု ကြံနေသည်သာဖြစ်သည်ဟု ဖှေးကောက်ချက်ချလိုက်သည်။
“ဒီအဖိုးကြီးက ဘယ်သူလဲ....”
ဖှေး၏ လက်သီးများမှာ ယားနေပြီဖြစ်သည်။
ထို “အဖိုးကြီး”မှာ တစ်ဖက်မှနေ၍ အန်ဂျယ်လာအား ဆက်လက်၍ မျက်စလှမ်းပစ်နေသဖြင့် ဖှေးဒေါသဖြစ် အံကြိတ်နေသည်မှာ သွားများပင်ကျိုးလုလုပင်။ ဖှေးဘေး၏ စစ်သားများနှင့် မြို့သားများမှာ အားပေးအော်ဟစ်နေခြင်းကို ရပ်တံ့ပြီးဖှေးအား ထူးဆန်းသည့် အမူရာများဖြင့် ကြည့်နေကြသည်။
ဘတ်စ်မှာ ဘုရင့်ဘဏ္ဍာတိုက်ထဲမှ ရတနာများစွာကို ယူပြီး ထွက်သွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လူတိုင်းမှာ ဘတ်စ်ကို သူ့သမီးအန်ဂျယ်လာနှင့် ကျပ်မပြည့်သည့်ဘုရင် အလတ်ဇန္ဒား အား စွန့်ခွာပြီး ထွက်သွားခြင်းဖြစ်သည်ဟု ထင်ထားကြသည်။ သို့သော် ဘတ်စ်မှာ ယခုအချိန်တွင် ပြန်ရောက်လာသောကြောင့် လူတိုင်းထူးဆန်းသည့်အမူအယာများဖြင့် အံ့သြနေကြခြင်းဖြစ်သည်။
သို့သော် ဖှေးမှာ အဓိပ္ပါယ်ကောက်လွဲသွား၏။
ဘုရင်၏အောင်ပွဲခံပွဲတွင် ဘယ်ကမှန်းမသိသော ဘဲကြီးတစ်ယောက်မှ ဘုရင့်ဇနီးလောင်းအား လာရောက်ဖွန်ကြောင်နေသောကြောင့် မြို့သူမြို့သားများ၏ မျက်နှာများမှာ ထိုကဲ့သို့ထူးဆန်းသည့်အမူအယာများဖြစ်နေသည်ဟု ဖှေးထင်သွားသည်။
“ဝှီး”
ဖှေး လူရိုင်းဇာတ်ကောင်၏ [ခုန်ကျော်ခြင်း]ကို အသုံးပြုပြီး တံတားပြတ်ကျနေသော အပိုင်းကို ခုန်ကျော်သွား၏။ ထို့နောက်တွင် စကားတစ်ခွန်းမှမပြောတော့ပဲ သူ၏ယောက္ခမလောင်းအား ဝတ်ရုံမှကိုင်စွဲကာ မလိုက်သည်။ ဖှေး၏စိတ်ထဲတွင် သူ့ကောင်မလေးကိုဖွန်လာကြောင်သော အဖိုးကြီးအား ပညာပေးလိုက်ဦးမည်ဟူသော ရည်ရွယ်ချက်နှင့်ပင်.......
ထိုအချိန်တွင် အန်ဂျယ်လာ၏ အသံထွက်ပေါ်လာသည်။
“အဖေ....အဖေပြန်လာပြီလား......”
“ဟမ် အဖေတဲ့လား....”
ဖှေး အံ့သြသွားသည်။ ဖှေးခေါင်းထဲတွင် ဖျတ်ကနဲ အခြေအနေကို ရုတ်တရက်သဘောပေါက်သွား၏။ “သေစမ်းဟ.... ဒီအဖိုးကြီးကတကယ်တော့ အန်ဂျယ်လာရဲ့အဖေပါလား...” ဖှေး ရုတ်တရက် ထိတ်လန့်သွားတော့၏။ ဖှေးဘာမှမပြောနိုင်သေးခင်မှာပင် သူ၏လက်ထဲမှဘတ်စ်မှာ အံ့သြစွာဖြင့် အော်ဟစ်လိုက်သည်။ “လတ်စသက်တော့ မင်းကိုး အလတ်ဇန္ဒား၊ မင်းပုံမှန်ပြန်ဖြစ်သွားတဲ့ပုံပါ့လား... အဲ..မင်းဘာလုပ်နေတာလဲ ငါလေ...မင်းရဲ့ယောက်ခမလောင်း ငါ့ကိုအမြန်ပြန်ချပေး...”
ဖှေး ရှက်သွား၏။
“သေစမ်း... ငါ ငါ့ယောက်ခမကို ငါပြန်ပြီးမနာလိုဖြစ်နေခဲ့ရတယ်လို့....ငါအခုချိန်မှ ကယောင်ခြောက်ခြားဖြစ်နေလို့မရဘူး အကုန်လုံးအဆင်ပြေအောင် ပြန်လုပ်မှရမယ်....”
ဖှေးတွေးနေရင်းဖြင့် ခေါင်းထဲတွင်အကြံတစ်ခုပေါ်လာ၏။ သူ၏ ရန်လိုစွာ ဝတ်ရုံအား မချီထားသည့် လက်မှာ ပွေ့ဖက်မှုအသွင်သို့ ပြောင်းလဲသွားတော့သည်။ ဖှေး ဘတ်စ်အား ပွေ့ဖက်ပြီး မျက်နှာတွင် အံ့သြပျော်ရွှင်သည့် အပြုံးဖြင့် “အား... ဦးလေးဘတ်စ် ကျွန်တော်ဦးလေးကို အရမ်းသတိရနေခဲ့တာ....”
“ဟမ်...ဟုတ်လား ခုနကမင်းငါ့ကို သေစေချင်နေတဲ့ပုံလားလို့....” ဘတ်စ်မှာ ဖှေး၏ ပွေ့ဖက်မှုကြောင့် အသက်ရှူရပင် ခက်ခဲသွားသည်။
“ဟာမဟုတ်ပါဘူး ဦးလေးကလဲ.. ဦးလေးလျှောက်တွေးမိနေတာ နေမှာပါ...ဟီးဟီး.....ကျွန်တော်ဦးလေးကို တစ်ဖက်ကိုခေါ်သွားပေးမယ်လေ..ဟဲဟဲ...”
ဖှေး သူ၏ယောက်ခမလောင်းအား မပြီး တံတားတောင်ဘက်မှ မြောက်ဘက်အခြမ်းသို့ ပြန်၍ ခုန်ကျော်သွားသည်။