“ပါတီပွဲအတွင်း မတော်တဆမှု”
Vol. 4 Ch. 58
ခမ်းနားထည်ဝါသော အဆောက်ဦးများအကြောင်းပြောရပါက ချမ်းဘော့ဒ်ဘုရင့်နန်းတော်သည် ဇီးနစ်အင်ပါယာ၏ လက်အောက်ခံနိုင်ငံပေါင်း၂၅၀ထဲဲတွင် ထိပ်တန်း ၃အဆင့် အခမ်းနားအလှပဆုံးဖြစ်သည်။ ဆောက်လုပ်ရာတွင် ကြီးမားဖြူဖွေးနေသော ကျောက်တုံးကြီးများကိုသာ ရွေးချယ်အသုံးပြုထား၏။ နန်းတော်၏ အရှေ့တွင်အလွန်ကျယ်ဝန်းသော ရင်ပြင်ကြီးတစ်ခုရှိသည် ထိုရင်ပြင်၏ အရှေ့ဘက်၊ အနောက်ဘက်နှင့် မြောက်ဘက်များတွင် ကိုက်၄၀ခန့်ရှည်လျားသော ကျောက်တိုင်လုံးကြီးများနှင့်၊ ကိုက်၂၀ခန့်အမြင့်ရှိ နတ်ဘုရားရုပ်ထုကြီးများ တည်ရှိသည်။ ဘုရင့်၏ နန်းတော်မှာ ထိုတိုင်လုံးများ၊ ရုပ်တုများ၏ အနောက်ဘက်တွင်ဖြစ်သည်။ ရင်ပြင်၏ တောင်ဘက်တွင် စစ်သားများနှင့် မြို့သူမြို့သားများ ဝင်ထွက်သွားလာရာ ဂိတ်တံခါးရှိ၏။
အောင်ပွဲခံပါတီအား အပြင်ရှိ ကျောက်ရင်ပြင်ပေါ်တွင် ကျင်းပမည်ဖြစ်သည်။
ပါတီပွဲလာသူ လူအုပ်ကြီးမှာ နန်းတော်ရှေ့ရင်ပြင်တွင်စုနေကြပြီဖြစ်၏။ မီးပုံကြီး ၆ပုံအား မှောင်မိုက်သောညတွင် အလင်းရောင်ရစေရန် ထွန်းညှိထား၏။ စစ်သားများနှင့် မြို့သူမြို့သားများတည်ဆောက်ထားသော ကြီးမားသည့် မျှော်စဥ်ဆယ်ခုမှာ ရင်ပြင်၏အလယ်ခေါင်တွင်နေရာချထား၏။ မျှော်စဥ်မှာ ၇ကိုက်ခန်အမြင့်ရှိပြီး တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ကြသည့် ရဲမက်များ၏ အလောင်းများကို မျှော်စဥ်၏ အထပ်များပေါ်တွင် တင်ထားကြ၏။
ဘုရင့်အစောင့်တပ်ဖွဲ့မှစစ်သားများသည် လက်ထဲတွက်လှံရှည်များကိုင်စွဲလျှက် ရင်ပြင်နှင့် ဘုရင့်နန်းတော်အား ကင်းလှည့်လျှက်ရှိသည်။အဖြူရောင်ဝတ်စုံများဖြင့် မြို့သူမြို့သားများမှာ တီးမှုတ်ကခုန်နေကြ၏။ ဆပ်ကပ်သမားများမှာ စားပွဲပေါ်တွင် ကျွမ်းထိုးကာ ဖျော်ဖြေလျှက်ရှိသည်။ လှပသည့်အမျိုးသမီးငယ်များမှာ လက်ချင်းချိတ်လျှက် မီးပုံအား ပတ်လှည်ဝိုင်းကာ ကခုန်လျှက်ရှိကြ၏။ လူအများမှာ ရှင်သန်ခြင်းနှင့် မျှော်လင့်ချက်ကို ကိုယ်စားပြုသော အစိမ်းရောင်စုံသစ်ကိုင်းများကို ကိုင်တွယ်ထားကြပြီး ရယ်မောပျော်ရွင်လျှက်ရှိကြသည်။
မြင်းခွာသံများထွက်ပေါ်လာပြီး ဇီးနစ်အင်ပါယာ၏ မင်းသားငယ်ထရိုပင်စကီမှာ သူ၏အခြွေအရံမြင်းသည်တော်များနှင့်အတူ ပါတီသို့ရောက်ရှိလာသည်။ လူဖြောင့်အဖိုးကြီး ဘတ်စ်မှာ မင်းသားနှင့် သူ၏နောက်လိုက်များအား ရင်ပြင်အနောက်ဘက် နတ်ဘုရားရုပ်တုများအောက်ရှိ VIPထိုင်ခုံများထံသို့ ဦးဆောင်ခေါ်သွား၏။ ဇီးနစ်မှာ သူတို့၏အမိအင်ပါယာဖြစ်သောကြောင့် ချမ်းဘော့ဒ်မြို့သူမြို့သားများမှာ မင်းသားရောက်ရှိလာမှုအပေါ် နွေးထွေးစွာ ကြိုဆိုကြသည်။ ပန်းများဖြင့် ကြိုဆိုနေကြ၏။
မင်းသား ထရိုပင်စကီမှာ ထိုကဲသို့ကြိုဆိုမှုအား အတော်အတန်သသောကျသွားသည်။
ထိုအချိန်တွင် ထရိုပင်စကီမှာ အံ့သြဖွယ်ကောင်းစွာပင် အင်ပါယာ မင်းသားတစ်ပါး၏ ဂုဏ်ကျက်သရေရှိမှုတို့ကို ပြသလျှက်ရှိသည်။ ညင်သာစွာပြုံးပြီး အနီးနားရှိမြို့သားများအား လက်ဝှေ့ရမ်းကာ နှုတ်ဆက်လျှက်ရှိသည်။သို့သော် မင်းသား၏ နောက်လိုက်များမှာ ဤကဲ့သို့တိုင်းပြည်ငယ်မှ လူများအပေါ်တွင် မကောင်းသည့် သဘောထားများရှိနေကြသည်။ ပြုံးရွှင်အော်ဟစ်ပြီး နှုတ်ဆက်နေကြသော မြို့သားများအား အမြှီးနှံ့ပြနေသော ခွေးများကဲ့သို့ပင် ကြည့်နေကြ၏။
ပါတီတတ်ရောက်လာသည်မှာ မင်းသာထရိုပင်စကီတစ်ယောက်ထဲသာဖြစ်ကြောင်း ဘတ်စ်တွေ့လိုက်ရသည့်အခါတွင် အနည်းငယ် စိတ်ပျက်သွား၏။အကြီးဆုံးမင်းသမီး တာနာရှာမှာ သံတမန်အဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး သူမကသာ အရာအားလုံးကိုထိန်းချုပ် အာဏာရှိသည်ဖြစ်သည်။ သို့သော် သူမ၏ သဘောထားနှင့်ရည်ရွယ်ချက်တို့ကို ဘတ်စ်လုံးဝမခန့်မှန်းနိုင်ချေ။ ထို့ကြောင့် ဤပါတီမှာ မင်းသမီးအား သေချာလေ့လာရန်အခွင့်ရေးဖြစ်သည်ဟု ဘတ်စ်ထင်ထား၏။မင်းသမီးမှာ တတ်ရောက်မလာခဲ့ချေ။ သို့သော် ဘတ်စ် ကျန်သည့်လူများကိုလည်း လျစ်လျှူမရှုချေ။ အစေခံများကိုသေချာမှာထားပြီး မင်းသားနှင့်နောက်လိုက်များအား ဂရုစိုက်ဧည့်ခံပေးလျှက်ရှိသည်။
၁၀မိနစ်ခန့်အကြာတွင် လူအုပ်ကြီး၏ သီဆိုကခုန်နေခြင်းမှာ ခနတာ ရပ်တံ့ပြီး တိတ်ဆိတ်သွား၏။
ထိုအချိန်တွင် နန်းတော်ဆောင်အတွင်းမှ ခမ်းနားသည့် ချပ်ဝတ်များဝတ်ဆင်ထားသည့် စစ်သားအဖွဲ့နှစ်ဖွဲ့ထွက်လာပြီး ဝင်ပေါက်လမ်း၏ တစ်ဖက်တစ်ချက်စီတွင် တန်းစီကာနေရာယူလိုက်ကြသည်။ အားလုံးထိုနေရာအား အာရုံစိုက်ကြည့်ရှုနေစဥ်မှာပင် ဘုရင်အလတ်ဇန္ဒားသည် သူ၏ ဇနီးလောင်းအန်ဂျယ်လာ၏ လက်ကို ကိုင်စွဲလျှက် နန်းတော်ရှေ့ လှေကားပေါ်သို့ထွက်လာခဲ့သည်။
ဖှေးမှာ ထည်ဝါသည့် မိုးပြာရောင် မင်းဝတ်မင်းစားကို ဝတ်ဆင်ထား၏။ ဝတ်ဆုံမှာ လေထဲတွင် တလွင့်လွင့်ဖြစ်နေပြီး သူ၏ ကျစ်လစ်တောင့်တင်းသော ခန္ဓာကိုယ်နှင့် အလွန်လိုက်ဖက်သည်။
သစ်ရွက်ပုံ ရွှေသရဖူတစ်ခုကိုလည်း ဦးခေါင်းပေါ်တွင် ဝတ်ဆင်ထား၏။ သူ၏ မဲနက်သောဆံပင်၊ အသင့်တင့်သော ခန္ဓာကိုယ်အချိုးအစား၊ ရန်သူပေါင်းများစွာသတ်ဖြတ်ရာမှ ရရှိလာသော အရှိန်အဝါတို့ကြောင့် အဝေးမှကြည့်ပါက နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
သူ၏ဘေးတွင် လှပသောအန်ဂျယ်လာမှား မိုးပြာရောင်ဂါဝန်ဝတ်ဆုံတစ်ခုအား ဝတ်ဆင်ထား၏။ ခါးတွင် ပါးလွှာသော ရွေခါးစည်းတစ်ခုအား ဝတ်ဆင်ထားလေသည်။ သူမ၏အသားအရေမှာ အမြင့်ဆုံးတောင်တွင် ကျသော နှင်းကဲ့သို့ပင် ဖြူဖွေးတောက်ပနေ၏။ သူမသည် ပန်းများစွာဖြင့်ပြုလုပ်ထားသည့် ခေါင်းစည်းတစ်ခုအား ဝတ်ဆင်ထားပြီး နတ်သမီးတစ်ပါးကဲ့သို့ပင်လှပနေ၏။
သူတို့နှစ်ယောက်လုံး ပြုံးလိုက်ကာ ရင်ပြင်ပေါ်ရှိ အာရုံစိုက်မှုအားလုံးအားသိမ်းပိုက်လိုက်၏။ ကောင်းကင်ပေါ်ရှိ တောက်ပနေသော ကြယ်လေးများပင် သူတို့၏တောက်ပမှုအား ဆုံးရှုံးလိုက်ရသကဲ့သို့ပင်။
ချမ်းဘော့ဒ်မြို့သူမြို့သားများနှင့် စစ်သားများ ချက်ချင်းပင် ဒူးထောက်ပြီးအရိုအသေပေးလိုက်ကြ၏။လူအများအပြားမှာ ယခုအချိန်မှ ဘုရင်အလတ်ဇန္ဒား၏ ထူခြားပြီးအစွမ်းထက်ပုံကို ပထမဆုံးအနေဖြင့် တွေ့မြင်လိုက်ရသည်။ ယခုအချိန်တွင် သူတို့ရှေ့တွင်ရှိသော ခန့်ညားထည်ဝါသည့်ဘုရင်အား ယခင်က ဉာဏ်မမှီသည့် အလတ်ဇန္ဒားနှင့် လုံးဝဆက်ဆက်၍မရပေ။ သူတို့အားလုံး ရင်ပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး သူတို့၏နှလုံးသားဖြင့် အရိုအသေပေးလိုက်ကြတော့သည်။
ရင်ပြင်၏ အနောက်ဘက် VIPထိုင်ခုံတွင်ထိုင်နေသော မင်းသားထရိုပင်စကီပင်လျှင် မတ်တပ်ထ၍မကြည့်ပဲမနေနိုင်ချေ။ နေ့ခင်းအချိန်က သူမှာ ချမ်းဘော့ဒ်ဘုရင်အား အထင်မြင်သေးလျှက်ရှိသည်။ ပါတီပွဲသို့လာရောက်ရခြင်းမှာပင် ဘုရင်အား မထီမြင်ပဲ စနောက်ခြင်းပြုလုပ်ရန်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ ဇီးနစ်အင်ပါယာ၏ မင်းသားမှာ မိမိကိုယ်မိမိ အရှက်ရမိ၏။သူ၏ရှေ့တွင်ရှိသည့် လိုက်ဖက်လှသည့် အတွဲကိုမြင်ရသည့်အချိန်တွင်မူ သူ၏ ချမ်းဘော့ဒ်အပေါ်အထင်သေးခြင်း၊ ဘုရင်အား မကျေနပ်ခြင်း စသည့်ခံစားချက်တို့မှာ လျှင်မြန်စွာပင်ပျောက်ကွယ်ကုန်ပြီဖြစ်သည်။
သို့သော် ထရိုပင်စကီသတိမထားမိလိုက်သည်မှာ သူ၏နောက်လိုက်များမှာ ထိုကဲ့သို့နည်းတူ မခံစားရခြင်းပင်။ မင်းသား၏ အနောက်တွင် ချပ်ဝတ်အပြည့်ရုံဝတ်ဆင်ထားပြီး အနီရောင်ဝတ်ရုံလွှမ်းခြုံထားသည့် စစ်သည်တစ်ယောက်မှာ လှေကားပေါ်ရှိ အန်ဂျယ်လာအား စိုက်ကြည့်နေ၏။ သူ၏မျက်လုံးထဲတွင် လောဘများရမ္မက်များကို အတိုင်းသားတွေ့မြင်နေရ၏။ သူ၏အနောက်တွင်ရှိသော မင်းသား၏ အခြွေရံစစ်သည်များသည်လည်း ထို့နည်းအတူပင်ဖြစ်သည်။
...............
ရင်ပြင်၏ ဘေးတစ်ဖက်တွင်ဖြစ်သည်။
နတ်ဘုရားရုပ်တုကြီးတစ်ခုအောက်တွင် မတ်တပ်ရပ်နေကြသော အမဲရောင်ဝတ်ရုံနှင့် လူသုံးဦးအား မည်သူမျှ သတိမထားမိကြချေ။ ဘုရင်အလတ်ဇန္ဒား နှင့် အန်ဂျယ်လာထွက်လာသည်ကိုတွေ့လိုက်ရသောအခါ လူသုံးဦးအနက်အရှေ့ဆုံးမှ လူထံမှ အသံတစ်ခုထွက်ပေါ်လားသည်။”ဟမ်” အသံမှာ နာတာရှည်နေမကောင်းဖျားနာနေသူကဲ့သို့ပင် အလွန်အားနည်း၏။ ထိုသူမှာ တစ်စုံတစ်ခုအား အံ့သြသွားပုံရသည်။ ထိုကဲ့သို့ တုန့်ပြန်မှုကြောင့် သူ၏အနောက်မှလူနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် တပြိုင်နက်ကြည့်မိကြသည်။ သူတို့နှစ်ယောက်၏ ရှေ့တွင်ရှိသော ပုဂ္ဂိုလ်ထိုကဲ့သို့တုန့်ပြန်ခြင်းကို နှစ်ယောက်လုံးတစ်ခါမှ မတွေ့ဖူးသေးပေ။
.............
ဘုရင်နှင့်မိဖုရားလောင်း ရောက်ရှိလာသောအခွတွင် ပွဲတော်ကျင်းပ ကခုန်နေခြင်းအား တဖြည်းဖြည်းရပ်တံ့လိုက်၏။
လေထုမှာ တဖြည်းဖြည်းခမ်းနားတည်ကြည်သည့်အသွင်ပြောင်းလာ၏။ လူအုပ်မှာ လမ်းဖယ်ပေးလိုက်ကြပြီး ဘုရင်နှင့် မိဖုရားလောင်းမှာ လှေကားပေါ်မှဆင်းလာပြီး ယာယီအားဖြင့် တည်ဆောက်ထားသည့် သစ်သားမျှော်စဥ် ဆယ်ခုထံသို့ ဦးတည်သွား၏။
လေထုအခြေအနေမှာ ပို၍ပင်ငြိမ်သက်လာသည်။
အေဇာရုတိုက်ပေါ်တွင် စစ်ပွဲများသည် အမြဲလိုလိုပင်ဖြစ်ပွားလျှက်ရှိရာ နာရီတိုင်း၊ မိနစ်တိုင်း၊ စက္ကန့်တိုင်းတွင် စစ်သည်များသေဆုံးလျှက်ရှိကြ၏။ ထို့ကြောင့် အလောင်းများကိုမြေမြုပ်ရန်မှာ အလွန်ကြီးမားပြီး အလုပ်ရှုပ်စေမည့်အလုပ်တစ်ခုဖြစ်လာခဲ့သည်။ မြေနေရာ အများအပြားလဲ လိုအပ်လာနိုင်၏။ ထိုကဲ့သို့ အခြေအနေများဖြစ်ပေါ်လာခြင်းအား ရှောင်ကျဥ်နိုင်ရန်အတွက် သေဆုံးသွားသည်စစ်သည်များအား မြေမမြုပ်တော့ပဲ မီးသင်္ဂြိဟ်သည့် အလေ့အထတစ်ခု ပေါ်ပေါက်လာခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဘုရင်ဖြစ်စေ၊ လူကုံတံဖြစ်စေ၊ သာမန်စစ်သည်ဖြစ်စေ စစ်ပွဲအတွင်းသေဆုံးသွားခဲ့ပါက ထိုကဲ့သို့ယာယီဆောက်လုပ်ထားသော သစ်သားမျှော်စဥ်ပေါ်တွင် တင်ပြီး မီးသင်္ဂြဟ်ကြမည်ဖြစ်သည်။ သူတို့၏ဝိဉာဥ်များသည် တမလွန်ရှိ စစ်ပွဲနတ်ဘုရား၏ အင်ပါယာတွင် ရောက်ရှိနေထိုင်နိုင်ကြမည်ဟု အေဇာရုတိုက်မှ လူများယုံကြည်ကြ၏။
ဖှေး အန်ဂျယ်လာထံမှ သင်ယူထားသော အေဇာရုတိုက်၏ ထုံးတမ်းစဥ်လာဓလေ့များအတိုင်း ထိုသစ်သားမျှော်စဥ်ပေါ်သို့တတ်သွားပြီး အန်ဂျယ်လာ၏ လက်ထဲမှ ရွှေဒင်္ဂါးနှစ်ပြားကိုယူပြီး သေဆုံးပြီး စစ်သည်များ၏ မျက်လုံးနှစ်ဖက်ပေါ်သို့တင်ပေး၏။ ဤသည်မှာ နောက်ထပ်ထုံးတမ်းစဥ်လာတစ်ခုဖြစ်သည်။ ထိုကဲ့သို့ ရွှေဒင်္ဂါးပြားများ မျက်လုံးပေါ်သို့တင်ပေးခြင်းအားဖြင့် သေဆုံးပြီးမီးတောက်များကြားထဲတွင် မျက်လုံးများဖွင့်လာနိုင်ပြီး နတ်ဘုရားတို့နေထိုင်ရာနယ်မြေသို့ သွားရာလမ်းအား ရှာတွေ့နိုင်မည်ဟု ယုံကြည်ကြသောကြောင့်ပင်။
ဤသည်မှာ ရှုပ်ထွေးပြီး ရှည်ကြာသည့် ကိစ္စဖြစ်သည်။
ပြီးခဲ့သည့် ခုခံမှုတိုက်ပွဲအတွင်းတွင် ချမ်းဘော့ဒ်ဘက်မှ ရဲရင့်သည့်စစ်သည် ၁၃၁ယောက်ဆုံးရှုံးသွားခဲ့၏။ ထိုကဲ့သည့် မျက်လုံးများပေါ်တင်သည့် လုပ်ငန်းအားလုပ်ဆောင်ရမည့်လူမှာ သက်သက်ရှိသည်။ သို့သော်ဖှေးမှာ ကိုယ်တိုင်လုပ်ဆောင်မည်ဟု တောင်းဆိုခဲ့သောကြောင့်ပင်။ ထုံးတမ်းစဥ်လာများအရ တော်ဝင်ပုဂ္ဂိလ်များ၊ သူရဲကောင်းများ နိုင်ငံကို ကာကွယ်ရင်း ဂုဏ်သရေရှိစွာ ကျရှုံးသွားသော အခါမှသာ ဘုရင်ကိုယ်တိုင်မျက်လုံးပေါ်သို့ ဒင်္ဂါးပြားတင်ပေးသည့် အလေ့အထရှိသည်။
ရင်ပြင်ပေါ်တွင် တိတ်ဆိတ်နေ၏ မည်သူမျှစကားမပြောကြပေ။ လေညင်းတိုက်ခိုက်နေသည်မှာလည်း ရပ်တံ့သွားပုံရ၏။ အမဲရောင် ဝတ်ရုံများဝတ်ဆင်ထားသည့် နန်းတော်လှေကားအရှေ့တွင်ရပ်ေနကြသော ဘုရားကျောင်း သူတော်စဥ်များသာ ရှေးကျသည်သီချင်းတစ်ပုဒ်အား သီဆိုလျှက်ရှိသည်။ သီချင်းတွင် စာသားများမပါရှိချေ။ သို့သော် ထိုသီချင်းမှာ အေဇာရုတိုက်နေရာတော်တော်များများတွင် ပြန့်နှံ့နေခဲ့သော သီချင်းဖြစ်သည်။ ချစ်ရသူများနှင့် ခွဲခွာရသည့်အချိန်တွင် သီဆိုလေ့ရှိကြ၏။
ဖှေး စိတ်ရှည်ရှည်နှင့် စစ်သည်တိုင်း၏ မျက်လုံးများပေါ်သို့ ရွှေဒင်္ဂါးပြားများလိုက်တင်ပေးသည်။
ထို့နောက်တွင်ရုပ်အလောင်းများအောက်ရှိ ကောက်ရိုးများကို မီးရှို့လိုက်ရာ မီးမှာချက်ခြင်းပင်စွဲလောင်သွားတော့သည်။ မကြာမှီမှာပင် ရုပ်အလောင်းများကို လောင်ကျွမ်းသွားပြီး သေဆုံးသွားသူများ၏ မိသားစုဝင်များမှာ ရုတ်တရက်ဝမ်းနည်းပူဆွေးကာ ငိုကြွေးကြတော့သည်။
ထိုအခမ်းအနားမှာ တစ်နာရီခန့်ကြာမြင့်၏။
အလောင်းများတင်ထားသော သစ်သားမျှော်စဥ်ဆယ်ခု တဖြည်းဖြည်းမီးလောင်ပြီး ပြာကျသွားသည့်အချိန်တွင် လေထုမှာ ဖြေသိမ့်လာပြီဖြစ်သည်။ ငိုကြွေးနေခြင်းများ တဖြည်းဖြည်းရပ်တံ့သွားပြီး ဆရာဝင်များရောက်ရှိလာကာ ပြာများကို ဂရုတစိုက်ဖြင့် အမဲရောင်ခေါင်းတလားကြီးတစ်ခုထဲသို့ ထည့်ကြသည်။ ၁၂ရက်ခန့်အကြာတွင်ထိုခေါင်းတလားကြီးအား ချမ်းဘော့ဒ်၏ အရှေ့ဘက်ရှိအမြင့်ဆုံးတောင်ပေါ်သို့ယူဆောင်သွားပြီး မြေမြုပ်မည်ဖြစ်သည်။ သေဆုံးသွားသောစစ်သည်များ၏ ဝိညဥ်များ ချမ်းဘော့ဒ်၏ နေထွက်ချိန်ကို ပထမဆုံးမြင်စေလို၍ဖြစ်သည်။ ဤသည်မှာ ချမ်းဘော့ဒ်တိုင်းပြည်၏ ဓလေ့တစ်ခုဖြစ်သည်။
ထိုကိစ္စများပြီးဆုံးသွားသည့်အချိန်တွင် ယခင်ကပျော်ရွှင်တတ်ကြွသည့် လေထုပြန်လည်ရောက်ရှိလာသည်။
လူအများသည် သူတို့၏စစ်အောင်နိုင်မှုအားအောင်ပွဲခံရန် စတင်၍သီဆိုကခုန်ကြ၏။ ပျော်ရွှင်ဖွယ်လေထုမှာ မီးပုံ၏အလင်းရောင်များကြောင့် ပို၍ပင်မြိုင်ဆိုင်လာသည်။ အသက်အရွယ်၊ကျားမ၊ လူတန်းစားမရွေး လက်များချိတ်ဆက်ကာ ကခုန်နေကြသည်။ ကင်းလှည့်နေကြသော စစ်သားများကိုပင် လူအုပ်ထဲသို့ဆွဲခေါ်ကြ၏။ ဖှေးနှင့် အန်ဂျယ်လာလဲ ထို့နည်းအတိုင်းပင်ဖြစ်သည်။ ပါတီပွဲအတွင်းတွင် လူတိုင်းတန်းတူ ပျော်ရွှင်ကြရန်ဖြစ်သည်။ မင်းသားထရိုပင်စကီနှင့် သူ၏နောက်လိုက်များကိုလဲ ဖိတ်ခေါ်၏။
တချို့အမျိုးသမီးများသည် အသားကင်များ၊ သစ်သီးများဖြင့် ပြည့်နှက်နေသည့် ဗန်းများကိုရယ်မောကာ လူအုပ်အတွင်းသို့သယ်ဆောင်လာကြသည်။
မင်းသားထရိုပင်စကီပင်လျှင် ပျော်ရွှင်လာ၏။ သူ၏မာနများ ကိုချထားလိုက်ပြီး ၁၇နှစ်အရွယ်ရိုးရိုးသာမန်ကလေးတစ်ယောက် ပြန်ဖြစ်သွားသည်။ ထရိုပင်စကီလဲ သူနှင့်ရွယ်တူ ကောင်လေး၊ကောင်မလေးများနှင့် လက်ခြင်းတွဲလျှက် မီးပုံကို ပတ်လှည်ဝိုင်းကာ ကခုန်နေ၏။ သူ၏ အသွင်မှာ လှောင်အိမ်အတွင်းမှ လွတ်မြောက်လာသော ငှက်တစ်ကောင်ကဲ့သို့ပင်။ လွတ်လပ်ပျော်ရွှင်နေ၏။
သို့သော် ထရိုပင်စကီ သတိမထားမိလိုက်သည်မှာ သူ၏နောက်လိုက်များဖြစ်သော အနီရောင်ဝတ်ရုံနှင့်စစ်သည်တို့သည် ရင်ပြင်အလယ်သို့ ရယ်မောကာ တိုးဝင်သွားနေခြင်းပင်။ သူတို့၏မျက်နှာများတွင် မကောင်းကြံသည့်အပြုံးများရှိနေပြီး၊ သူတို့၏မျက်လုံးများမှာ မာနများဖြင့်တောက်ပနေကြသည်။
သူတို့ဦးတည်သွားနေသည့်အရပ်မှာ ရင်ပြင်အလယ်ရှိ လှပသော အန်ဂျယ်လာ၊ အန်မာနှင့် တစ်ခြားအမျိုးသမီးငယ်လေးများ ပျော်ရွှင်စွာ ကခုန်နေကြသော နေရာသို့ပင်။ ကောင်မလေးမှာ ပျော်ရွှင်စွာပြုံးနေ၏။ သူမ၏မျက်နှာတွင် ရယ်မောခြင်းများ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေကာ နတ်သမီးလေးတစ်ပါးကဲ့သို့ပင်။