မင်းနဲ့အတူ ကောင်းကင်ဘုံအထိ ပျံသန်းမယ်
Vol. 1 Ch. 1
#ဘာသာပြန် = စနိုးဝှိုက်
" ငါ့ရဲ့ ညီအစ်ကိုကောင်းလေး၊ ဒီတစ်ခါနှုတ်ဆက်ပြီးရင် ငါတို့ဘယ်ချိန်မှ ပြန်တွေ့ရမယ် ဆိုတာ မသေချာဘူး။ငါမင်းနဲ့ စောစော မတွေ့ဖြစ် ခဲ့တာကို နောင်တ အရဆုံးပါကွာ။ငါတို့ သုံးလ လောက် တူတူ ရုန်းကန်ခဲ့ကြတယ် ဒါပေမဲ့ ငါတို့ရဲ့ ရေစက်...က...."
"ဟေး ၊ အရမ်းခံစားမနေပါ နဲ့ကွာ ။ မင်းဘာ
တွေ ပြောနေလည်း ဆိုတာတောင် ငါနားမလည်ဘူး"
လင်းဖန် ဟာသူ့ရှေ့ မှာရပ်နေတဲ့ ညီအစ်ကို ကို အကူညီ မဲ့စွာကြည့်နေလိုက်ပါတယ်။ဒီ
လိုဖြစ်နေတာက ဒီတစ်ခါနဲ့ ဆိုရင် သုံးခါမြောက် ရှိနေပါပြီ။သူတို့ နှစ်ယောက်ဟာ
အစပိုင်းမှာတော့ ချစ်ခင် ရင်းနှီးကြပြီး၊
တိုးတက်ကြီးပွားလိုစိတ် ရှိကြပါသည်။ဒါပေ
မဲ့ အချိန်အနည်းငယ်ကြာလာတဲ့ နောက်မှာတော့ ဘယ်သူမှ ဆက်လုပ် ဖို့ ခွန်အား မရှိတော့ပါဘူး။
"ညီအစ်ကိုလင်း ၊ ငါထွက်သွားပြီးရင်လည်း
မင်းကို စည်ပင်တွေ ကမကြာခန လိုက်ဖမ်းနေဦး မှာဘဲ။ ထပ်တောင် မတွေးနိုင်တော့ပါဘူးကွာ။ ငါအဲ့ကောင်တွေကို အရမ်းမုန်းတာဘဲ။ ငါ့ ဆန္ဒကို မင်းနားလည်ပေးပါကွာ"
အဝတ်ထုတ် တစ်ထုပ်ကို ကိုင်ထားတဲ့ ကောင်လေး ဟာ လင်းဖန် ရဲ့ရှေ့မှာ ရပ်နေပြီး ပြောလိုက်ပါသည်။
"ညီအစ်ကို ၊ အချိန်တွေ ကုန်ပြီးသွားရင်
ငါတို ပြန်တွေ့ကြမှာပါကွာ ။ငါသွားတော့မယ်"
*တံခါး ဖွင့်သံ*
လူငယ်လေးဟာ တံခါးကို ဖွင့်ပြီး နောက် မှာ
အရှိန်ပြင်းစွာ နဲ့ ပြေးထွက်သွားလိုက်ပါသည်။
"ရှောင်ဖန်း ဘယ်ကို သွားမှာလဲလို့"
လင်းဖန် ဟာ အပြင်ကို အမြန်ထွက်လိုက်ပြီး
လှမ်းအော်လိုက်သည်။
"တုန်ကွမ်း"
"အဲမှာမင်း ဘာလုပ်စားမှာလဲ။ အဲ့ဘက်မှာ စီးပွားရေး တွေက မကောင်းဘူးနော်"
အဲ့ဘက်မှာ စီးပွားရေးမကောင်း လို့ အလုပ်သမား အများစုဟာ ထွက်ခွာနေကြပါသည်။စက်ရုံပေါင်း များစွာ ဟာလည်း ငွေ အကြပ်အတည်းနဲ့ သာ ရင်ဆိုင်နေကြရသည်။ရှန်ဟိုင်း ကလည်း အခြေအနေ ဆိုးနေပေမဲ့ အဲ့ဒီနေရာကပိုဆိုး ပါသည်။
"ငါ ခန္တာကိုယ်ကို ရောင်းစားမယ်"
ရှောင်ဖန်းဟာ မတ်တပ် ရပ်နေလိုက်ပြီး ပြန်လှည့်မကြည့်ဘဲ အော်လိုက်ပါသည်။သူဟာစိတ်ဆုံဖြတ်ပြီး တဲ့ပုံပါဘဲ။
"မင်းက ယောကျ်ား ကြီးလေကွာ"
ဒီရှောင်ဖန်း ဦးနှောက်များ လွတ်သွားတာလားကွာ။ဘယ်ယောက်ျားလေးက ခန္တကိုယ်နဲ့ လုပ်စားမှာလဲ။ပြီးတော့ သူ့ကိုယ်က အမွှေးတွေလည်း ထူပါတယ်။
"ယောက်ျားလေးဆို လုပ်စားလို့ မရတော့ဘူးလား။အဲ့မှာ အလုပ်အကိုင် တွေ အများကြီးရှိပါသေးတယ်။ညီအစ်ကို ဒီနေရာက ငါတို့ တွေ့ခဲတဲ့နေရာလေးဘဲ။ငါချမ်းသာလာတဲ့ အထိဘဲစောင့် နေပေးပါကွာ။မင်းကို ပြန်လာခေါ်ပြီး ကောင်းကင်ဘုံ အထိ ပျံသန်းကြမယ်"
ဖြည်ညှင်းစွာနဲ့ ဘဲ လင်းဖန်ရဲ့ ရှေ့မှာ အရိပ်ပဲ ကျန်ခဲ့ ပါတော့တယ်။
"ဒီကောင် တစ်ယောက်ထဲ ထပ်ထွက်သွားပြန်ပြီ။ရှောင်ဖန်း ၊ ဒီကောင်သူ့ဖုန်း နံပါတ်လေးတောင် ချန်မပေးသွားဘူ။ဘယ်အချိန် ချမ်းသာပြီး တော့ ငါ့ကိုပြန်လာခေါ်မှာလဲ။"
လန်းဖန် ဟာ အလျင်အမြန်ဘဲ ရှောင်ဖန်းရဲ့ နောက်ကို ပြေးလိုက်လိုက်ပါတယ်။ဒါပေမဲ့
အရိပ်တောင် မမြင်ရတော့ပါဘူး။သူဟာ
ခေါင်းကို ခါယမ်းလိုက်ပြီး တစ်လကို ဒေါ်လာ လေးရာနဲ့ ငှားထားတဲ့ အိမ်လေးကို
ပြန်လာလိုက်ပါသည်။
သူ့ရဲ့ အိမ်သေးသေးလေးကို ကြည့်လိုက်ပြီး၊လင်းဖန်ဟာ စိတ်သောက ရောက်နေခဲ့ပါပြီ။
သူသာ ဒီလို အခြေအနေတွေ ဖြစ်မယ်မှန်းသိ
ရင် ဒီပလိုမာ ဝင်ခွင့် မလျောက် ခဲ့ပါဘူး။အထက်တန်းပြီးတော့ ကျောင်းထွက်လိုက်တာကမှ ကြက်သွန်နီ ပန်ကိတ်လေးရောင်းပြီးပို ကောင်းတဲ့ဘဝ လေးရဦးမှာ ပါ။
"မေ့လိုက်တော့ ၊ အနည်းဆုံး ရှောင်ဖန်းက
စာလေးတော့ ချန်ထားခဲ့ မှာဘဲ
သွားကြည့်လိုက်ဦးမယ်"
......... ..............
"မင်း ဦးလေးတဲ့မှ ဘဲကွာ ချီးဘဲ"
ခနလေးအတွင်း မှာ ဘဲ ငှားထားတဲ့ အိမ်လေးထဲကနေ ဆဲရေး တဲ့ အသံတွေထွက်လာခဲ့ပါတယ်။
လင်းဖန် ရဲ့ ရှေ့မှာ မဂ္ဂဇင်း စာအုပ် ၁၀ အုပ်လောက်ရှိနေပြီး၊ IOUS ငွေချေးစာရွက်တွေလည်း တွေ့နေရသည်။ကြည့်ရတာ တစ်ယောက်ယောက်က ဖတ်ကြည့်ပြီးပါပြီ။
ချစ်လှစွာသော ညီအစ်ကို လင်း
"ညီအစ်ကိုလင်း ၊ မင်းဒီစာ ကိုဖတ် နေတဲ့အချိန်ဆို ငါမရှိလောက်တော့ပါဘူးကွာ။
ငါ့ကို တားဖို့လည်း မကြိုးစားနေပါနဲ့တော့၊
ငါတုန်ကွမ်းကို သွားနေလောက်ပြီ။ရှန်ဟိုင်း
မှာရှိတဲ့ သုံးလလောက်က အဆင်မပြေခဲ့ဘူး။မှတ်ဥာဏ် ကောင်းလေးတွေ တောင်မရှိခဲ့ ပါဘူး။ငါအလျင်စလို ထွက်သွားပေမဲ့
အက်ျီလက်တွေထားခဲ့ပါတယ် ၊ တခြားဘာမှလဲ ငါနဲ့ မယူသွားခဲ့ပါဘူး။ဒီအကြွေးစာရွက်တွေ ကိုတော့ ဆပ်ပေးပါဦး ကွာ၊ ဒါပေမဲ့ စိတ်မပူပါနဲ့ ငါက ကိုယ့်အကြွေးကို
မေ့တတ်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး။
ငါ တုန်ကွမ်း မှာ ချမ်းသာ လာတဲ့ အထိဘဲ စောင့်ပေးပါ ၊ ငါ ဒီအကြွေး ရဲ့ အဆပေါင်း
ထောင်ချီ၊ သောင်းချီမက ပြန်ပေးပါမယ်လို့
ကတိပေးပါတယ်။ ဒီမဂ္ဂဇင်း တွေက ငါအကြိုက်ဆုံးအရာတွေပါ ဒီနေ့တော့ မင်းကို
ပေးလိုက်ပြီနော် ။ ပြန်တွေ့ကြမယ်။"
........... ..............
မဂ္ဂဇင်း ပုံကြီး ရဲ့ ရှေ့ မှာရပ်နေရင်း လင်းဖန်ဟာ စိတ်ညစ်ပြီး ဆွံ့အ နေခဲ့ပါသည်။
"ဒီကောင်က ငါ့အစားအသောက်တွေကို စားတယ်။ ငါ့ ပိုက်ဆံတွေကို ချေးတယ် နောက်ဆုံးတော့ ငါကို ဒီမဂ္ဂဇင်း ပုံကြီးနဲ့ ထားခဲ့တာလားကွာ....ချီးဘဲ ရှောင်ဖန်း
မင်းကို ငါ ရှာ မတွေစေနဲ့ပေါ့ကွာ"
"မေ့လိုက်တော့။အနည်းဆုံး ငါ့မှာ ကြည့်စရာ တစ်ခုခုရပါတယ်လေ။ဘာတွေ လဲ ကြည့်လိုက်ရအောင်"
Wow အိုးးးး
သူဟာ စာရွက်တွေ တစ်ရွက်ပြီး တစ်ရွက်လှန်နေပါသည်။
" မဆိုးပါဘူး ..... ဘယ်လောက်တောင် လှပ လိုက်တဲ့ မြင်ကွင်းလေးတွေလဲ"
"အိုး .... ဒီစော်ကြီးက တော်တော် လန်းတာပဲဟ။ ဒီလို မဂ္ဂဇင်းမှာ ပေါ်ပေါ်ထင်ထင် ဖြစ်နေဖို့ဆို တာ တော်ယုံ အလှနဲ့ အလွယ်ဘူးနော်"
လင်းဖန် မဂ္ဂဇင်းကို ဖတ်နေတာ အချိန်တွေဟာ တစ်စက္ကန်ပြီး တစ်စက္ကန့် ၊ တစ်မိနစ်ပြီး တစ်မိနစ် ကုန်သွားခဲ့ပါသည်။နောက်ဆုံးမှာ
တစ်အုပ်သာ ကျန်ပါတော့တယ်။
"ဘာတုန်းဟ? အပြင်အဖုံးကို တော့စော်လန်းလန်းလေး ထားထားပြီးတော့။အထဲမှာ
ဘာလို့ဘာမှ မပါတာလဲ။စာအုပ်ကလည်း အထူကြီးကို။ဒီစာအုပ်က ဂျင်းလားမသိဘူး"
တခြားစာအုပ်တွေ အကုန်လုံးဟာ နတ်ပြည်ရောက်နေတဲ့ အတိုင်းပါဘဲ ဒါပေမဲ့ နောက်ဆုံးတစ်အုပ် မှာတော့ လင်းဖန် ရဲ့ ခံစားချက်တွေ မကောင်းတော့ပါဘူး။
"ဘာလို့ ဒီလောက် ဆွဲငင်အား ပြင်းတဲ့ မိန်းကလေးကို အဖုံးမှာ ပြထားရတာလဲ?။စာဖတ်သူတွေကိုလိမ်ဖို့လား၊သူတို့ရဲ့ စိတ်တွေကို ဆွဲဆောင်ပြီးတော့ နောက်ဆုံးမှ တစ်ကွက်လိုက်ပြလိုက်သလိုဘဲ"
**အကြည့်**
လင်းဖန် ဟာ အိပ်ယာမှာလှဲနေပါသည်။ လက်ထဲ မှာတော့ စာအုပ်ရဲ့ အဖုံးကို ကိုင်ပြီး ကြည့်နေခဲ့ပါသည်။မိန်းကလေးက တော်တော်ကို ၊ ဆွဲဆောင်နေသလိုပါဘဲ။
ခန အကြာမှာ လင်းဖန်ရဲ့ မျက်လုံးဟာ ပိတ်သွားပြီး အိပ်ပျော်သလို ဖြစ်သွားပါသည်။
"ကလင် ကလင် ကလင်"
သူ့ရဲ့ အိုင်ဖုန်း 4 အဟောင်းလေးဟာ မြည်လာခဲ့သည်။လင်းဖန်ရဲ့ မျက်လုံးဟာ ချက်ချင်းဘဲ ပွင့်လာခဲ့ပါတယ်။
"မင်းရဲ့ ဆိုင်ကို ဖွင့်ဖို့ အချိန်ရောက်နေပြီနော်၊ လေးနာရီတောင်ခွဲပြီးနေပြီ။မူလတန်း
ကလေးတွေ ကျောင်းလွှတ် တော့မယ်။မင်
ထပ်ပြီး နောက်ကျနေရင် နေရာလွတ်တောင် ရှိတော့မှာ မဟုတ်ဘူး"
ဒီပလိုမာ ဘွဲ့ ရပြီးတဲ့နောက်မှာ လင်းဖန် ဟာမျှော် လင့်ချက်တွေ နဲ့ ရှန်ဟိုင်းကို တက်လာခဲ့ပါတယ်။ဒါပေမဲ့ အမှန်တရား တွေက သူ့ကို နာကျင်စေခဲ့သည်။
သူဘွဲ့ရပြီး နှစ်နှစ် ကြာတဲ့ အခါမှာ လင်းဖန်ဟာ ကုမ္ပဏီ တွေ အများကြီး နဲ့ အလုပ်တွေ အများကြီး သွားလျောက်ခဲ့ပါသည်။ဒါပေမဲ့
သူ့ရဲ့ကံဆိုးမှုကြောင့် ဘယ်အလုပ်မှ ကြာရှည် မ ခံခဲ့ပါဘူး။
ပထမဆုံးအလုပ်မှာ သူဌေးက စော် ချောချောလေးနဲ့ ထွက်ပြေးသွားသည်။သူ့မယားကြီးဟာ ကုမ္ပဏီကို ရောင်းလိုက်ပြီးလင်းဖန် လည်း နှစ်လ စာပေးပြီး အထုတ်ခံခဲ့ရသည်။
ဒုတိယ အလုပ်မှာ လင်းဖန်ဟာ အလုပ်ကြိုးစားခဲ့ ပြီး သူဌေးလင် မယားကလည်းသူ့ကိုနှစ်သက်ခဲ့သည်။တစ်နေ့ လင်းဖန်
ကို ရုံးခန်းထဲ ခေါ်ပြီး ကုမ္ပဏီတစ်ခု အကြောင်း ရင်းရင်းနှီးနှီးပြောခဲံသည်။
ဒေါ်လာ သုံးထောင် ပေးသွင်းပြီး လစဥ်ဒေါ်လာ ငါးရာ ပြန်ရမှာပါ။မင်းများများသွင်းလေ များများပြန်ရလေ ပါဘဲ။
ပထမဆုံးကြားတဲ့ အခါမှာ လင်းဖန်ဟာ စိတ်လှုပ်ရှားသွားခဲ့ပါတယ်။သူဌေးလင်မယား တောင်မှ သူတို့ငွေတွေ သွင်းကြပါတယ်။
ဒါကြောင့် သူလည်း ပိုက်ဆံလေးတွေကို ပျော်ပျော်ကြီး သွင်းလိုက်ပြီး စောင့်ဆိုင်းနေခဲ့ပါသည်။
ဒါပေမဲ့ နှစ်လကြာတဲလ အခါမှာ တစ်ခုခု မှားနေတာ သတိထားမိလိုက်ပါသည်။
သူ အလိမ်ခံလိုက်ရပါပြီ။လင်းဖန်ဟာ ချက်ချင်းသွားပြီး သူ့သူဌေးကို သွားပြောလိုက်ပေမဲ့ သူတို့လည်းမွဲနေခဲပါပြီ။စီးပွား
ပါပျက်သွားခဲ့တာပါ။
ပညာအရည် အချင်းနောက်ခံ ရှိတာနဲ့ဘဲ IQ
မြင့်တယ်လို့ မဆိုလိုပါဘူး။လင်းဖန်ဟာ သူ့
လုပ်အားခ နှစ်လစာလောက် အလိမ်ခံ လိုက်ရပါသည်။
နောက်ဆုံးမှာတော့ လင်းဖန် ဟာ သူ့လက်ကျန် စုဆောင်းထားတဲ့ ပိုက်ဆံလေးနဲ့
ကြက်သွန်နီ ပန်ကိတ်လေး ရောင်းပြီး ပျံကျ စျေးသည်လေး လုပ်ဖို့ ဆုံးဖြတ်ချက်ချ ခဲ့လိုက်သည်။
ပိုက်ဆံအရဆို ဒီအလုပ် လေးဟာ ပန်ကိတ်တစ်လုံးကို ခြောက် ဒေါ်လာ ဝန်းကျင်နဲ့ တော်တော် အဆင်ပြေပါသည်။ဝယ်သူများလေ ပိုက်ဆံပိုဝင်လေပါဘဲ။
အဓိက ပြသနာ ကတော့ မြို့တော် စည်ပင်တွေပါဘဲ။သူတို့ လာပြီဆိုရင် လင်းဖန်ဟာ လှည်းလေးကို တွန်းပြီး သုတ်ခြေတင် ပြေးရပါသည်။တစ်ခါတစ်လေ ဆိုလှည်းထားခဲ့ပြီး
ပြေးရတဲလ အခေါက်တွေရှိပါသည်။လှည်းကို ပြန်ရွေးတဲ့ အခါ ဒေါ်လာ တစ်ရာဝန်ကျင်ကုန်သည်။တကယ်ကို စျေးကြီးတာပါ။
"ဟမ် ဘာလို့ ဒီမဂ္ဂဇင်းက ငါ့လက်ထဲမှာ ကပ်နေတာလဲ"
လင်းဖန်ဟာ ဖိနပ် စီးမလို့လုပ်နေတာပါ ။ဒါပေမဲ့ မဂ္ဂဇင်း ကိုအောက်ချလို့ မရပါဘူး။
"ဟို မအိမ်လုံး ရှောင်ဖန်း ကော်တွေ သုတ်သွား ပြန်ပြီလား မသိပါဘူးကွာ"
လင်းဖန်ဟာ မဂ္ဂဇင်း ကို ဆွဲခွာဖို့ လုပ်လိုက်တဲ့ အချိန်မှာဘဲ သူ့ခေါင်းထဲမှာ အသံမြည်လာပြီး မဂ္ဂဇင်းဟာ ပျောက်ကွယ်သွားခဲ့ပါသည်။
"ဒင်... လုပ်ဆောင်ချက် ပြည့်မှီသွားပါပြီ-
မဂ္ဂဇင်းကို လက်ကနေ ခြောက်နာရီ ကြာအောင် မချခဲ့ပါဘူး"
"သမိုင်းထဲက အသန်မာဆုံး စွယ်စုံကျမ်း ကြီး နိုးထလာခဲ့ပါပြီ"
"ပထမဆုံး အသုံးပြုသူ ဖြစ်သည့် အတွက် ပိတ်ပင် ထားဆီးထားခြင်းမရှိဘဲ၊ ပိုင်ရှင်ရဲ့ မှတ်ဥာဏ်တွေနဲ့ ဆက်သွယ်နိုင်ခဲ့ပါသည်။"
"စာမျက်နှာ ၁ - နတ်ဘုရားရဲ့ ကြက်သွန်နီပန်ကိတ်"
"အဆင့် - နတ်ဘုရား အဆင့်"
"အရသာ စမ်းသပ်ချက် - မေ့မရနိုင်တဲ့ အရသာ စွဲလမ်းမှု"
"စမ်းသပ်ချက် - လူတွေပြုံကျလာအောင် လုပ်ဆောင်ပါ၊ အချိန်မကန့်သတ်"
"ဆုလာဘ် - ပြီးဆုံးလျှင် ဒုတိယ စာမျက်နှာ မှ စွယ်စုံကျမ်း အသိပညာများ ကျပန်း ပေါ်လာပါလိမ့်မည်"
လင်းဖန် ဟာ ဆယ်မိနစ်လောက် ကြောင်အပြီး ရပ်နေခဲ့ပါသည်။ လက်ထဲမှာ လည်း ဘာကော်မှ မရှိပါဘူး။
လင်းဖန် ဟာ လက်ကို မြောက်ပြီး ပါးကို အားနဲ့ရိုက်ချလိုက်သည်။အကုန်လုံးက အစစ် အမှန်ပါဘဲ( lol )
" စွယ်စုံကျမ်း လား"
လင်းဖန်ဟာ ပြန်စဥ်းစားကြည့်လိုက်သည်။
စာအုပ်ရဲ့ မျက်နှာဖုံးက အရင်လို စော်အလန်းလေး မဟုတ်တော့ပါဘူး တောင်ကြီးတစ်တောင် ရောက်နေပါပြီ။ရွှေရောင်စာလုံးကြီးတွေနဲ့ မျက်နှာဖုံးမှာတော့
"စွယ်စုံကျမ်း"
သူစာရွက်ကို လှန်ကြည့်လိုက် တဲ့ အခါမှာ ပထမ တစ်ရွက်ဟာ အရင်လို အလွတ်ကြီး မဟုတ်တော့ပါဘူး။အရင် ကို စားချင်စဖွယ်လှပတဲ့ ပန်ကိတ်ပုံတွေနဲ့ပါ။မျဥ်းကြောင်းတွေ နဲ့ ရေးထားတဲ့ စကားလုံးတွေလည်းရှိနေခဲ့ပါသည်။
"အိမ်မက်လား ၊ တကယ်လားဟ။ မေ့လိုက်တော့ ဘာဘဲ ဖြစ်ဖြစ် ငါ့ ပန်ကိတ်တွေ သွားရောင်းရဦးမယ်"
လင်းဖန် ဟာ အံ့သြနေဆဲဖြစ်ပေမဲ့ ၊ လှည်းလေးကို တွန်းပြီး ပန်ကိတ် ရောင်း ထွက်လာခဲ့လိုက်ပါသည်။
"လင်းဖန် ဒီနေ့နောက်ကျ နေတယ်နော်"
သူအိမ်က ထွက်တာနဲ့ အမျိုးသမီးကြီးအုပ်စု ဟာသူတို့ ကလေးတွေကို ကြိုဖို့ ထွက်လာကြပါပြီ။
"အင်ဟင်"
လင်းဖန်ဟာ ခေါင်းညိမ့် ပြလိုက်ပြီး လှည်းကိုတွန်းကာ ထွက်သွားလိုက်သည်။
"ဟေး ၊ လင်းဖန် ကြည့်ရတာ စိတ်ဓာတ်ကျ နေသလိုဘဲ နော် ။သူ အသဲများကွဲ နေတာလား မသိဘူး"
"အသဲကွဲတာသေချာရင် သတင်းကောင်းဘဲပေါ့ ၊ ငါကြားတာတော့ နင့် သမီးက အသက် ၃၀ ပြည့်တော့မှာ မလား။ဒါက တိုက်ဆိုင်မှု
မဖြစ်နိုင်ဘူးလား"
"ဘာလို့ အဓိပ္ပါယ် မရှိတာတွေ ပြောနေရတာလဲ၊ ငါ့သမီးက အသက်သုံး ဆယ် ပြည့်ရင်ပြည့်လိမ့် မယ် ဒါပေမဲ့ သူ့လို လူမျိုး
နဲ့တော့ မပေးစားနိုင်ပါဘူးတော်။နင့်သမီး
နဲ့သာပေးစားလိုက် ၊ ငါ့သမီးက သူဌေးသားနဲ့ဘဲ ယူမှာ"
" ဟား ဟား ဟား"
ကျယ်လောင်တဲ့ အသံတွေဟာ မိန်းမ ကြီးများ အုပ်စုကနေ ထွက်လာခဲ့သည်။