အားနည်းချက်
Vol. 1 Ch. 2
နေ့တိုင်း 4 pm အတိအကျပါဘဲ။ဒီအချိန် ဆိုရင် ကျောင်းသားလေးတွေကို လာကြိုကြတဲ့လူတွေဟာ ကျောင်းဂိတ်မှာ ပြည့်ပြီး၊လူအုပ်ကြီးဖြစ်နေကြပါပြီ။ဒီလူအုပ်ကြီး ရဲ့ကြားမှာဘဲ စျေးရောင်းသူတွေဟာ အလုပ်ရှုပ်နေကြသည်။
အဲ့လူအုပ်ကြီးရဲ့ အလယ်မှာတော့ အကင်ရောင်းတဲ့လူတွေ ၊ သစ်သီး ရောင်းတဲ့လူတွေမျိုးစုံရှိကြသည်။ ဟုတ်တာပေါ့ လင်းဖန်ဟာ လည်း ဒီလူတွေကြားထဲ မှာ ပန်ကိတ်လေး ရောင်းနေခဲ့ပါတယ်။တကယ်တော့ ပန်ကိတ်ရောင်း တာသူတစ်ယောက်ထဲ မဟုတ်ပါဘူး။ အပြိုင်အဆိုင်တွေ ကတော့ အတော်ကို ပြင်းထန် ပါတယ်။
လင်းဖန် ဟာလူငယ်ဖြစ်တဲ့ အတွက် တခြား
ပန်ကိတ် သည် အဒေါ်ကြီး တွေလိုတော့ အတင်း မျက်နှာပြောင်ပြီး မရောင်းရဲပါဘူး။
ဒါကြောင့် သူ့ပန်ကိတ် ဆိုင်လေးဟာ မျက်နှာငယ်ရပါသည်။
"ဟေး ကောင်လေး၊ ဒီနေ့ အခြေနေ ဘယ်လိုလဲ။ မင်းမျက်လုံး နဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေလို့လား။ ဆယ်မိနစ် အတွင်းမှာဘဲ မင်း မျက်တောင် ခတ်နေတာ အကြိမ်တစ်ရာပြည့်တော့မယ်"
(မျက်တောင် ပုတ်ခတ် ပုတ်ခတ် မြန်မြန် လုပ်နေတာကို ပြောချင်တာပါ)
မြင်သာတဲ့ တစ်ရာတစ်ခုမှာရှိတဲ့ နှုတ်ခမ်းမွှေး နဲ့လူကြီး ဟာမေးလိုက်တာပါ။သူဟာ ဝတ်ရုံကြီးကို ဝတ်ထားပြီးတော့ ၊ သူ့လက်တွေကို ဝတ်ရုံထဲထည့်ထားခဲ့သည်။သူဟာလင်းဖန် ရဲ့ အခြေနေကို အစောတုန်းကတည်းက ကြည့်နေခဲ့တာပါ။
"ဝိုး ဝိုး ဘယ်သူလဲလို့ ဗေဒင် ဆရာ ထျန်
ပါလား။ တကယ်တော်ချက် ကတော့ မျက်တောင် ဘယ်နှကြိမ် ခတ်လဲတောင် မြင်နိုင်တယ်"
လင်းဖန် ဟာ သူ့ ခေါင်းထဲမှာရှုပ်ထွေးနေခဲ့တာပါ။ သူ့ခေါင်းထဲ မှာပေါ်လာတဲ့ အရာက ဘာတွေလဲ ပြီးတော့ စွယ်စုံကျမ်း ကရော ဘာလဲ။ ဒါပေမဲ့ ဒီလူစကားက အတွေးတွေ အကုန်လုံး ကို ပျက်စီးစေခဲ့သည်။
"ဒါက ငါ့ရဲ့ ဘွဲ့တစ်ခုဘဲလေ။ကျောင်းဆင်းဖို့ နည်းနည်း လိုသေးတယ်။ ဘာလိူ့ ငါ့ကို မင်းအတွက် ဗေဒင် မကြည့်ခိုင်းတာလဲ။ငါးဒေါ်လာ ပဲ။ငါ ,ဗေဒင် ဆရာ ထျန်ဟာ, လူတစ်ရောက်ရဲ့ အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန်
ကို မြင်နိုင်တယ်။မင်း ဘယ်သူ ဘဲဖြစ်စေ ၊
ဘာကောင်ကြီး ဘဲ ဖြစ်စေ ငါ့အကြည့် တစ်ချက်မှာ အနာဂတ်ပါ ပြောင်းလဲ ပေးလို့ရတယ်"
ဗေဒင်ဆရာ ထျန် ဟာ သေးငယ်တဲ့ ဆိုင်ခန်း
လေးတစ်ခု နဲ့ ဖွင့်ထားခဲ့သည်။ဗေဒင်ဆရာဟာ သူ့ကို ယုံကြည်ဖို့ အစွမ်းကုန် ကြိုးစားနေတာပါ။သူဟာ ဒီအလုပ် ကို လုပ်စားပြီ ဆိုမှတော့ ဂျပိုးကိုလည်း လိပ်ဖြစ်အောင်ပြောသင့် ပြောရပါသည်။ မဟုတ်ရင် ဝင်ငွေ
ရတော့မှာ မဟုတ်ပါဘူး။
"သွားစမ်းပါဗျာ ၊ ခင်ဗျားပြော သလိုသာ တကယ်အစွမ်း ထက် နေရင် ခင်ဗျား အစော ကြီး ကတည်းက အောင်မြင်နေပြီ ပေါ့။ဘာလို့ ဒီလို ကျောင်းရှေ့ မှာ တဲစုတ် လေးနဲ့ ဖြစ်နေတာလဲ။ခင်ဗျား ဘဝင်မြင့်နေသလိုဘဲ, ထျန်ဟန်မင်း, ကလေးတွေ ကိုဒါတွေ ယုံကြည် အောင် လိမ်ညာ ပြောနေတာကို
ကျုပ် မြင်တယ်နော်"
"ငါ့ကို နောက်တစ်ခါ နာမည် မခေါ်မိစေနဲ့ ၊ ဗေဒင် ဆရာ ထျန် လို့ဘဲခေါ် ။ငါက ကောင်းကင် ဘုံရဲ့ လျို့ဝှက်ချက် တွေကို မဖော်ထုတ်နိုင်ဘူး။ဘာဘဲဖြစ်ဖြစ် ငါ ကမ္ဘာကြီးရဲ့ တစ်ရာရာ မှာ အလုပ်လုပ် နေတာဘဲလေ၊ ဘယ်အလုပ်က များ အလွယ်တကူအောင်မြင်လို့လဲ။ ငါကငွေကြေးကိူ မမက်မောဘူး မင်းရဲ့ ပန်ကိတ် လေးတစ်ခုနဲ့ တောင် ဟောပေး နိုင်တယ်"
လင်းဖန် ဟာ လှောင် ရယ်လိုက်ပါတယ်။
သူ ဒီလူကို ဘာမှ ထပ်မပြောချင် တော့ပါဘူး။ဒီ ဗေဒင် ဆရာ ဟာ သူ့ရဲ့ ပုံစံ ကိုမြင်ပြီး တော့ သားကောင် တစ်ယောက် အဖြစ်သတ်မှတ်ကာ လှည့်စားချင်ခဲ့တာပါ။
လင်းဖန် ဟာသူ့ရဲ့ အကွက်ကို မြင်နိုင်ခဲ့ပါတယ်။ဒီဗေဒင် ဆရာ ထျန်ဟန်မင်း ဟာ သူလို ဆင်းရဲတဲ့ သူ့လိုလူတစ်ယောက်ကို တောင် အလွတ်မပေးပါဘူး။
"အစ်မကြီး ၊ ဖြည်းဖြည်း သွားပါဦး ဒါလေးကို ကြည့်ဖို့လိုလိမ့်မယ်နော်"
အဲ့ အချိန်မှာဘဲ အသက် ၅၀ အရွယ်အန်တီကြီး တစ်ယောက်ဟာ ဖြတ်သွားခဲ့ပါတယ်။
ဗေဒင် ဆရာ ထျန်ဟာ လှမ်းခေါ်လိုက်ပြီး
လက်ချောင်းတွေကို တွက်ချက်တဲ့ ပုံစံလုပ်လိုက်သည်။သူပိုပြီး တွက်ချက်လေလေ သူ့ပုံစံတွေဟာ ပိုပိုပြီး အံ့သြလာ လေလေ ပါဘဲ။ကိစ္စအကြီးကြီး ဖြစ်တော့မယ့် မျက်နှာထား မျိုးပါ။
ဒီမြင်ကွင်းကို ကြည့်ပြီး လင်းဖန် ဟာ အေးစက်စက် ထပ်ရယ်လိုက်သည်။
" သနားစရာ သားကောင် လေးတွေ"
လင်းဖန် ဟာရေရွတ်လိုက်ပေမယ့်၊ သူလည်းဘာမှ မတတ်နိုင်ပါဘူး။
"ဒီအဓိပါယ် မရှိတဲ့ ဟာကို ပိုက်ဆံ ပေးမယ့်အစား တစ်ခုခု အရသာရှိတာ ဝယ်စားလိုက်ပါတော့လား။ဥပမာ ငါ့ပန်ကိတ်မျိုး
ပေါ့"
ဒါပေမဲ့ သူဟာ သူ့ပန်ကိတ်အကြောင်း တွေးမိလိုက်ပြီး ရပ်တန့်လိုက်သည်။
ဒီ အန်တီကြီးဟာ အနာဂတ်အကြောင်းအရာ တွေကို ယုံကြည်ပုံပေါ်သည်။သူမ ဟာလိမ်လည် မှုအပေါ်မှာစီးမျော သွားခဲ့ပြီး
အံ့သြတဲ့ မျက်နှာ ပေါ်လာခဲ့ပါတယ်။
"ဆရာ ဘာဖြစ်လို့လဲ ၊ တစ်ခုခု ဖြစ်လို့လား"
"မင်းရဲ့ မျက်လုံးတွေဟာ မဝေးတော့ တဲ့ အနာဂတ်မှာ အက်ဆီးဒန့် တစ်ခုကြုံရမယ် လို့ ပြောနေတယ်"
ဗေဒင်ဆရာ ထျန်ဟာ အသံကို မြင့်ပြီး တကယ် အစစ်အမှန် ပုံစံမျိုး ပြောလိုက်တာပါ။
မူလတန်ကျောင်းသားလေး တွေဟာ မဆင်းလာသေးပါဘူး။ဒါကြောင် လင်းဖန် ဟာ
ဗေဒင်ဆရာ ထျန် သူ့သားကောင်ကိုဘယ်လို လိမ်လည်နေလဲ ဆို တာကို ကြည့်နေလိုက်ပါသည်။သူပြော လိမ် ပြောလိုက်ပြီဆိုတော့ နောက်ကွယ်မှာ ဇာတ်လမ်း ထွင်တော့မှာပါ။သူတို့ နှစ်ယောက် ဟာ အကြိတ်အနယ် ပြောဆို နေကြသည်။
၅ မိနစ် ကြာပြီးနောက်
အန်တီကြီး ဟာ စိုးရိမ်စွာခေါင်းကိုတစ်ဆတ် ဆတ်ငြိမ့် လိုက်ပြီး ထျန်ဟန်မင်း ကို ဒေါ်လာ တစ်ဆယ် ကမ်းပေးကာ အလျင်စလို ထွက်သွားလိုက်သည်။ သူမ မျက်နှာ မှာ တော့ ဒီဗေဒင် ဆရာဟာ သူမရဲ့ ဘဝ ကို ကယ်တင်လိုက်တဲ့ ပုံစံမျိုးပါဘဲ။
"ဘယ်လိုလဲ"
ဗေဒင် ဆရာ ထျန်ဟာ ပိုက်ဆံကိုင်ထားသည့် လက်ကို ဝှေ့ယမ်းလိုက်ပြီး အောင်နိုင်သူ
အပြုံး ဖြင့် အိပ်ကပ်ထဲကို ထည့်လိုက်ပါသည်။
"ဘဝင်မြင့် နေတဲ့ လူဘဲ"
လင်းဖန် ဟာ အဲ့လို ပြောလိုက် ပေမဲ့ လည်း သူ့ရဲ့ နှလုံးသား အတွင်းပိုင်းမှာတော့ မနာလိုဖြစ်နေခဲ့ တာပါ။
သူဟာ ပန်ကိတ် ရောင်းတာကို စတင်တဲ့ အချိန်က စပြီး အရမ်းခက်ခဲ ခဲ့ပါတယ်။အထူးသဖြင့် ဒီနား ဝန်းကျင် မှာ ပန်ကိတ် သည်တွေ အများ ကြီး ရှိနေခဲ့တာပါ။သူရဲ့ ကန်ကိတ် ပြုလုပ်တဲ့ အရည်အချင်းနဲ့ အရာသာကြောင့် လင်းဖန် ဟာ တခြားလူတွေကို
မယှဥ်နိုင်ခဲ့ပါဘူး။တစ်နေ့ ကို ဒေါ်လာတစ်ရာ ဝင်ပြီ ဆိုရင် ဘဲ ကံကောင်းတယ် လို့ ပြောလို့ရနေပါပြီ။
မြိုတော် ရဲ့ စည်ပင် တွေဟာ ကင်းလှည့်လာတဲ့ နေ့ ဆိုရင်တော့ သူ့ရဲ့ ကမ္ဘာ ကြီးဟာ ပျက်စီးသွားသလိုပါဘဲ။
ဒေါင်.....ဒေါင်.......ဒေါင် ........ ဒေါင်
ကျောင်းဆင်း ခေါင်းလောင်းရဲ့ အသံဟာ မြည်လာခဲ့ပါပြီ။လင်းဖန် ဟာ အသက်ကို ပြင်းပြင်း ရှုလိုက်ပြီးတော့ သူရဲ့ ပစ္စည်းကိရိယာ တွေကို အဆင်သင့် ပြင်လိုက်ပြီး
စျေးလာ ဝယ်မယ့် လူတွေကို စောင့် နေလိုက်ပါတယ်။
လင်းဖန်ရဲ့ ပြသနာ က သူ့နားတစ်ဝိုက် မှာဆိုင်တွေ အများကြီး ရှိနေတာပါ။ကျောင်းသားမိဘ တွေလာပြီ ဆိုရင် ပိုင်ရှင်
တွေ ဟာ အပြိုင်အဆိုင် ခေါ်ကြပြီး ဆွဲဆောင်ကြတာပါပဲ။သူ့ရဲ့ ပန်ကိတ် ဆိုင် လေးကို လူနည်းနည်း လေးဘဲ လှည့်ကြည့်ကြပါတယ်။
ရှန်ဟိုင်း လိုနေရာ မျိုးမှာ ကျောင်းသားမိဘ အများစု ဟာ သူတို့ရဲ့ သားသမီးတွေ ကို
ဒီလို လမ်းဘေး မုန်းတွေကို သိပ်မကျွေး ကြပါဘူး။ဒီမုန့် တွေက မသန့်ရှင်းဘူး ၊ ပိုးမွှားတွေ ပါဝင်တယ် လို့ ပြောဆို ဆုံးမကြတာပါ။ဒါကြောင့် ဖောက်သည် အရေအတွက် ဟာ အနည်းငယ်ဘဲ ရှိပါတယ်။
စကားပြောဆိုနေကြတဲ့ အသံတွေနဲ့ လူအုပ်ကြီးဟာ ကျောင်းပေါက်ဝကနေ တဖြည်းဖြည် ရွေ့လာခဲ့ ပါပြီ။
လမ်းဘေး စျေးသည်တွေ ဟာ စတင်ပြီး
ရောင်းချ နေရပါပြီ။ ဗေဒင် ဆရာ ထျန်
တောင်မှဘဲ မေးတဲ့ လူတွေ နဲ့ပါ။
လင်းဖန် ရဲ့ ဆိုင်လေး မှာတော့ ဘယ်သူမှ မရှိသေးပါဘူး။ သူ့ဆိုင်ကို ဘယ်သူမှ သတိ မထားမိကြတာပါ။ကျောင်းသားလေးတွေ၊ မိဘ တွေ သူ့ဆိုင်ရှေ့ က ဖြတ်သွားကြချိန်
ဆို သူတို့ရဲ့ လက်ထဲမှာ ပန်ကိတ်လေးတွေ
ပိုင်ထားကြပြီး ပါပြီ။တခြား ဆိုင်တွေကနေ ဝယ်လာကြတာပါ။
လင်းဖန် ခေါင်းကို လှည့်ကြည့်လိုက်တဲ့ အချိန်မှာ တခြား ပန်ကိတ် ဆိုင် တွေဟာ
မုန့်တွေ လုပ်နေကြပါပြီ။ ဆိုင်ရှင် တွေဟာလည်း တကယ်ကို အလုပ်ရှုပ်နေ ကြတဲ့ ပုံပါဘဲ။
ငါ ဒီမှာ ထိုင်မနေနိုင်တော့ ဘူး။ငါ ကြိုပြီး
ပြင်ဆင် ခဲ့ရတာတွေ အကုန်လုံး အလကား ဖြစ်ကုန်လိမ့်မယ်။ လန်ဖန်ဟာ စိတ်ဓာတ် လည်းကျ လာခဲ့ပါပြီ။တစ်စက္ကန့်လောက် တွေးလိုက်ပြီး လင်းဖန် ဟာ အကျယ်ကြီး
စတင် အော်ပါတော့တယ်။
" အရမ်းကြီးမား ပြီး ၊ မွှေးကြိုင် တဲ့ ပန်ကိတ် တွေ ရောင်းချ ပေးနေပြီနော် !!!!!
ကြက်သားနဲ့ ဆို ၆ ဒေါ်လာပဲ ကျမယ်၊
ဝက်သား နဲ့ဆို ၇ဒေါ်လာပါ။လာပြီး အားပေး နိုင်ပါပြီ ခင်ဗျာ"
သိုသော်လည်း သူအကြာကြီး အော်နေ ခဲ့တာတောင်မှ ဝယ်သူတစ်ယောက် မှ မလာခဲ့ပါဘူး။လင်းဖန်ဟာ စိတ်ပျက်သွားခဲ့ပါပြီ။
သူ့လိပ်ခေါင်း ထွက်ခါနီးတာတောင် ဘယ်သူမှ ဂရုမစိုက်မယ့် ပုံပါဘဲ။
လင်းဖန် ရဲ့ အော်သံ ကိုကြားပြီး သူ့ဆိုင်ရဲ့ ရှေ့ဘက် မလှမ်းမကမ်း မှာရောင်းနေတဲ့ ဆိုင်ရှင် အန်တီ ကြီး ဟာ အထင်သေးသလို လှမ်းကြည့်လိုက်ပါတယ်။သူမ ဟာ ပန်ကိတ်
မုန့် တွေကိူ လုပ်နေရင်း
"အဲ့ကောင်လေး ရဲ့ ပန်ကိတ် တွေကအရသာ တော်တော် ဆိုးတယ်လေ ဒါကြောင် ဝယ်မယ့်သူ ဘယ်သူမှ မရှိတာဘဲ။တချို့လူတွေက
အရသာကို မသိလို့ စမ်းဝယ်ကြည့်ကြတယ်၊
ဒါပေမဲ့ ဘယ်တော့မှ သူ့ဆီက နှစ်ခါ မဝယ်ကြဘူး"
သူမ ဘေးမှာ ရပ် နေတဲ့ ကျောင်းသားမိဘ တွေ ဟာ သဘောတူစွာ နဲ့ခေါင်းငြိမ့် လိုက်ကြပါတယ်။ဒီထဲက မိဘ အချို့ ဟာ တစ်ခေါက် ဝယ်စားကြဖူး ပါတယ်၊ ရလဒ် ကတော့ ကုန် အောင် မစားနိုင်ဘဲ လွင့်ပစ်လိုက်ကြရတာပါဘဲ။
ဗေဒင် ဆရာထျန် ဟာ လူများစွာ ရဲ့ အနာဂတ်ကို ကြည့်ပြီး တဲ့နောက်မှာ လင်းဖန် ကို လှမ်းကြည့်လိုက်ပါတယ်။ လင်းဖန်ရဲ့
အခြေအနေကို ကြည့်နေရင်း လှောင်ရယ်လိုက်ပါတယ်
"ကောင်လေး မင်းဘာလို့ ငါ့ဆီကို မလာတာလဲ။မင်း ပန်ကိတ်ရောင်း တဲ့ အချိန်မှာ ကောင်းမွန်တဲ့ အနာဂတ်တွေ ကိုရအောင် ငါ ယတရာ တွေ ပေးလို့တယ်နော်။ငါ အာမခံတယ်။တကယ်လို့ မင်းငါ့ ဆီကို အလုပ်သင် အနေနဲ့ လာမယ် ဆိုရင်လဲ မဆိုးပါဘူး။မင်းကို ငါ့ပညာ ပေးပြီး ချမ်းသာ အောင်လုပ်ပေးလို့ ရပါတယ်"
"ကိုယ့်ဟာ ကို ဘဲသိမ်းထား လိုက်စမ်းပါ။ငါ့ကံ က တကယ် မဆိုးဘူး။ မကြာခင် ဝယ်မယ့်လူတွေလာလိမ့်မယ်"
လင်းဖန် ဟာ ဒီလူ နောက်ကို လိုက်ပြီးတော့
ဗေဒင်ဆရာ တစ်ယောက်တော့ မဖြစ်ချင်ပါဘူး။သူလုပ် မယ်ဆိုရင် တစ်မြို့ လုံးမှာ ရယ်စရာ ဟာသ တစ်ပုဒ်ဖြစ်လာပါလိမ့်မယ်။
အဲ့အချိန်မှာဘဲ မွှေးကြိုင်တဲ့ ရနံ့လေး လေထဲမှာ လွင့်ပျံ လာခဲ့ပါတယ်။
"ဘယ်လောက်တောင် လှနေရတာလဲ ကွာ"
သူခေါင်းကို လှည့်ကြည့်လိုက်တဲ့ အချိန်မှာ
သူ့ရဲ့ နှလုံး ခုန်သံတွေ မြန်လာခဲ့ပါတယ်။
"ပန်ကိတ် တစ်လုံးလောက်။ ကျေးဇူးပြုပြီးကြက်သားရော ဝက်သား ရော ထည့်ပေးပါ"
မိန်းမလှလေး တစ်ယောက်ရဲ့ ကြည်လင်ပြီး၊
ပြတ်သားတဲ့ အသံ ဟာ သူ့နားထဲကိုဝင်လာခဲ့ပါတယ်။သူမ ဟာ နေကာ မျက်မှန်ကို တပ်ထားပြီးတော့ ရိုးရိုး ရှင်းရှင်း အနက်ရောင် ဝမ်းဆက်ကို ဝတ်ထားတာပါ။
"မိန်းမလှလေး , မင်ဟာတကယ်ကို မှန်ကန်တဲ့ အစားအသောက် ကောင်းတွေ ရွှေးချယ် တတ်တဲ့ အမြင်ရှိတာဘဲ။ဒီ သူဌေးငယ်လေးက အရမ်းကျွမ်းကျင်ပြီး ၊ အရသာရှိတဲ့ ပန်ကိတ်ကို ပြုလုပ်နိုင်တယ်။ဘာလို့ ဒီမှာလာပြီး အနာဂတ်ကို မကြည့်တာလဲ။ဒီမှာ ပြီးသွားတဲ့ အခါကြရင် ပန်ကိတ်လည်း အဆင်သင့် ဖြစ်နေလောက်ပြီ"
ဗေဒင်ဆရာ ထျန် ဟာမျက်နှာ မှာ အပြုံးအကြီးကြီး ကို တပ်ပြီး ပြောလိုက်တာ သူ့ရဲ့ အဝါရောင် သွားတွေတောင် ပေါ်နေခဲ့ပါတယ်။
မိန်းကလေး ဟာ တခစ်ခစ် ရယ်ေမာလိုက်ပါတယ်
"ကျွန်မ ဒီက ပန်ကိတ်ကို အရင်ကတစ်ခေါက်စား ဖူးတယ်။ အခုက အပြေးအလွားသွား နေရပြီး ၊ ဒီနားမှာ တခြား ဆိုင်တွေ ကလည်း မရှိကြတော့ဘူးလေ။သူငယ်ချင်းဆီကို တစ်ခုခု ဝယ်သွားပေးမှ ဖြစ်မှာ မလို့ပါ။
အနာဂတ်ကို ကြည့်ဖို့ကတော့ မေ့လိုက်ပါတော့ ၊ ကျွန်မ အဲတာတွေ အယုံအကြည်မရှိဘူး"
မိန်းမလှ လေးရဲ့ စကားတွေဟာ အနှုတ်လက်ခဏာ ဘက်ကို ဦးတည်နေတာပါ။
ပန်ကိတ်ကို ပြုလုပ်ဖို့ အလုပ်ရှုပ်နေတဲ့ လင်းဖန် ဟာ ဒါကို ကြားပြီး မျက်နှာနီရဲ လာပါတယ်။လင်းဖန် ဟာ သူ့ရဲ့ ပန်ကိတ် အကြောင်း သူသိပါတယ် ၊ တစ်ခါ ဝယ်သွားတဲ့ လူတွေ ဟာနောက်တစ်ခါ ဘယ်တော့မှ ပြန်မရောက်လာကြပါဘူး။
ဗေဒင်ဆရာ ထျန် ဟာခေါင်းကို ငုံထားလိုက်ပါတယ်။ ဒါပေမဲ့ ခန ကြာတဲ့ ခနမှာ
တခစ်ခစ် နဲ့ စတင်ရယ်မော နေခဲ့ပါတယ်။
သူဟာ အသက်ကြီး နေပေမဲ့ ကောင်မလေး
ပြောတဲ့ စကားရဲ့ နောက်ကွယ်က အဓိပါယ်ကို မရူးတဲ့ လူတိုင်းအကုန် နားလည် ပါတယ်။
ရုတ်တရက် လင်းဖန် ရဲ့ခေါင်းထဲက မဂ္ဂဇင်း ဟာ ပွင့်လာခဲ့ပါတယ်။အတန်းလိုက် အတန်း လိုက် စာကြောင်းတွေဟာလည်း အပြည့်ပါဘဲ။
လင်းဖန်ဟာ ခေါင်းကို ခါယမ်းလိုက်ပါတယ်။
"ငါဒီ နည်းလမ်းကို သုံးသင့်လား"
လင်းဖန် တစ်ခါမှ အသုံးဖူးတဲ့န ည်းလမ်းတစ်ခုပါ။သူအရင်က ဒီနည်းလမ်း နဲ့ အတွေ့အကြုံ မရှိပါဘူး သို့ပေမဲ့ ရုတ်တရက်
အရာရာ တိုင်ဟာ ပုံမှန်လို ဖြစ်နေခဲ့ပါတယ်။
သူ ဒါကို အကြိမ် အများကြီး လုပ်ဖူး ထားသလိုပါဘဲ။
"ဝိုး ဒီနည်းလမ်း ကအသစ် ထင်တယ်၊
စိတ်ဝင်စား စရာဘဲ"
မိန်းမလှလေးဟာ ပြောလိုက်ပြီး လင်းဖန် ကိုကြည့်လိုက်ပါတယ်။
လင်းဖန် ဟာ ဘာပြောရမှန်း မသိဖြစ်သွားပြီး ပြုံးပြီး သာ ပြန်ကြည့်လိုက်ပါတယ်။
(lol😂)
ခနအကြာမှာဘဲ မိန်းမလှ လေးဟာ ဖုန်းဝင်လာပြီး ဆိုင်နဲ့ အဝေးကို သွားကာ ဖုန်းပြော
နေခဲ့ပါတယ်။လင်းဖန်ကတော့ ဆက်လုပ်နေ ခဲ့ပြီး နည်းလမ်းကို ကျွမ်းကျင်လာခဲ့ပါပြီ။
မိနစ် အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့
လှပ တဲ့ပန်ကိတ် လေးတစ်လုံးဟာ လင်းဖန် လက်ထဲကို ရောက်လာခဲ့ပါပြီ။
"ဒါက ငါလုပ်ထားတာလား"
လင်းဖန်ဟာ သူ့ကိုယ်သူတောင် မယုံကြည် နိုင်ခဲ့ပါဘူး။အပြင်ဘက် ပိုင်ဟာ ရွှေညိုရောင်နဲ့ ကြွတ်ဆတ်နေပြီး ၊ အတွင်းဘက်ပိုင်ဟာ အဖြူရောင်နဲ့ အသားတွေ မြင်နေရပါတယ်။ပန်ကိတ် ရဲ့အနံ့ဟာ မွှေးကြိုင်နေသည်။ ပုံသဏ္ဌာန် ဟာ လွမ်းမိုးနိုင် စွမ်းရှိပြီး ၊ လုံးဝ စားချင်စဖွယ်ပါဘဲ။လင်းဖန်ဟာ
စားချင်စိတ် တွေဖြစ်လာပေမဲ့လည်း တောင့်ခံ ထားလိုက်ပါတယ်။
"ပြီးပြီလား"
မိန်းမလှ လေးဟာ ဖုန်းဆက်ပြီးသွားပြီး အလျင်စလိုမေးလိုက်တာပါ။
"ပြီးပါပြီ..... ပြီးပါပြီ"
လင်းဖန်ဟာ တွေဝေ အနေဘဲ ပန်ကိတ်ကို ပလတ်စတစ် အိပ် ထဲထည့်ကာ ကမ်းေပးလိုက်ပါတယ်။
မိန်းမလှလေးဟာ အိတ်ကို ယူလိုက်ပြီး
ပိုက်ဆံ ၇ ဒေါ်လာကို ကမ်းပေးလိုက်တယ်။
သူမဟာ လေထဲကို ကြည့်နေပြီး
"ဒီလောက် မွှေးကြိုင်တဲ့ အနံ့က ဘယ်ကနေလာနေတာလဲ"
ကံဆိုးချင်တော့ ၊ မိန်းမလှလေးဟာ လင်းဖန်
ကိုမေးတောင် မမေးပါဘူး။သူမဟာ အရင်က လင်းဖန်ရဲ့ ပန်ကိတ်ကို စားဖူးပြီး၊အနံ့ဟာ ပန်ကိတ်က လာတယ်လို့ မထင်ထား
ပါဘူး။သူမ ဟာ အနံ့ဘယ်က လာသလဲ
စဥ်းစားရင်းဘဲ လှည့်ထွက်သွားခဲ့သည်။
တခြားတဖက် မှာတော့ လင်းဖန်ဟာ အံ့သြ
နေခဲ့ပါတယ်။ တစ်ခုခု ဖြစ်ခဲ့ပြီ ဆိုတာ သူသိလိုက်ပါပြီ။
မိန်းမလှလေး ပြန်သွားတာနဲ့ ၊ သူဆိုင်လေးဟာ တဖန် ပြန်ပြီး တိတ်ဆိတ် သွားခဲ့ပါတယ်။
သူမက လွဲပြီး သူဆိုင်ကို ဘယ်သူမှ ထပ်လာ
မဝယ် ကြတော့ပါဘူး။