← Chapters

နတ်ပြည်က ကမ္ဘာပေါ်ရောက် လာတာလား

Vol. 1 Ch. 3

နတ်ပြည်က ကမ္ဘာပေါ်ရောက် လာတာလား

Vol. 1 Ch. 3

လူငယ် အနုပညာ မဂ္ဂဇင်း ပုံနိပ် ထုပ်ဝေသော ကုမ္ပဏီ။

ကျုံးချင်းရီ ဟာ ပန်ကိတ်ကို လက်ထဲတွင်ကိုင်ထားပြီး ​ပြုံးကာလမ်းလျောက်နေသည်။

သူမ အပြင်ထွက်နေတုန်း ဒါကို သူမလုပ်ဖော်ကိုင်ဘက် အတွက် ဝယ်လာခဲ့တာပါ။

"ငါတော့ ဒါကို အပိုအလုပ် လို့ မထင်ပါဘူး။

ငါဒီလို အပြင်ကိုသွားပြီး လုပ်ရတာကို တစ်ကယ် သဘောကျတာပဲ"

"ချင်းရီ ကဘာလို့ ပြန်မလာသေးတာလဲ ၊ ငါဒီမှာ ဗိုက်ဆာလို့ သေတော့မယ်"

သူမဟာ ထိုင်ခုံမှာ အလှုပ်မယှက်ထိုင်နေပြီး

အစ်မ မန်ကို လှမ်းပြောလိုက်သည်။သူမဟာ

နှုတ်ခမ်း ကို ခနခန သပ် နေပြီး ကွန်ပျူတာ

မှာ ပြထားတဲ့ စားစရာတွေကို ကြည့်နေခဲ့ပါတယ်။သူမဟာ အလွန်ဆာနေပါပြီ။

သူမရဲ့ နှုတ်ခမ်းတွေဟာ အလွန်ဆွဲဆောင်မှုရှိနေပါတယ်။တကယ်လို့ အနားမှာသာ ယောက်ျားလေး တစ်ယောက်ယောက်ရှိရင်

သူဟာ ချက်ချင်း ပြေးနမ်းမိမှာပါ။

သူမရဲ့ လှပ တဲ့မျက်နှာလေး ဟာ ဝမ်းနည်းမှုတွေနဲ့ ပြည့်နေခဲ့သည်။သူမဟာ လွန်ခဲ့ တဲ့

မိနစ် အနည်းငယ်ထဲက ဗိုက်ဆာ လွန်းလို့ သေမလို ဖြစ်နေခဲ့တာပါ။

ဒီနေရာ ဟာ အမျိုးသမီး တွေရဲ့ ဖက်ရှင် တွေအတွက် မဂ္ဂဇင်း ထုတ်ဝေ ပေးနေတဲ့

နေရာဖြစ်ပါသည်။ ဒီမှာ အလုပ်လုပ်တဲ့ မိန်းကလေး တွေဟာ လှပပြီး ၊ငယ်ရွယ်ကြပါတယ်။

"ဟန်ဟန် နင်ဒီလောက်တောင် အစားပုတ်တာ ဖက်တီး ဖြစ်လာရင် ဘယ်လိုလုပ်မလဲ"

သူမရဲ့ လုပ်ဖော်ကိုင် ဖက်တစ်ယောက်ဟာ ပြောလိုက်သည်။သူမဟာ ထိုင်ခုံ နဲ့ စားပွဲခုံကြားထဲမှာ ဗိုက်ကို ကိုင်ထားပြီး နေနေတာပါ။သူမဟာ အလွန်ဆွဲဆောင် မှုရှိနေပါတယ်။

"ငါသေလောက်အောင် ဆာနေတာ ထက်စာရင် ၊ သေသာသေလိုက်ချင် တော့တယ်။

ချင်းရီ ကဘာလို့နောက် ကျနေရတာလဲ၊ငါဆာလို့ သေသွားပြီးမှ သူမကပြန်လာမယ့်ပုံပဲ"

ဟန်ဟန် ရဲ့မျက်နှာမှာ အလုပ်လုပ်ချင်စိတ်မရှိဘဲ ခါးသီး မှုတွေ ပေါ်နေပါတယ်။သူမဟာ လွန်ခဲ့တဲ့ ဆယ်မိနစ် ကမှ ကိတ်မုန့် တစ်လုံးကို စားခဲ့ပြီး အခု ဗိုက်ဆာတယ် လို့ အော်နေခဲ့တာပါ။

"ဟိုမှာ နင့်ရဲ့ အချစ်တော် ကြီးပြန်လာပြီ"

မိန်းမလှ တစ်ယောက်ဟာ အလုပ်လုပ် နေရင်း လှမ်းပြောလိုက်တာပါ။ သူမဟာ ချင်းရီကို လှမ်းကြည့်လိုက်ပြီး

"နင်သာ နည်းနည်း လေးနောက်ကျရင် ဒီအစားပုတ်က သေတော့မလို့"

"ငါက အစားပုတ် မဟုတ်ပါဘူး ......

မစ် ချင်းရီ နောက်ဆုံးတော့ ပြန်လာပြီပေါ့

မဟုတ်ရင် ငါဗိုက်ဆာပြီး တကယ်သေသွားနိုင်တယ်။နင့်လက်မှာ ပန်ကိတ် ကိုကိုင်ထားတာကိုကြည့်ပြီး ၊ ငါနင့်ကို ချစ်မိသွားပြီ"

ဟန်ဟန် ဟာ ချင်းရီ လက်ထဲက ပန်ကိတ်ကို

ဆွဲယူခဲ့ပြီး ပြောလိုက်တာပါ။သူမဟာ ပန်ကိတ်ကို ထုတ်ဖို့ လုပ်ပြီးကာမှ ရုတ်တရက်

လှမ်းမေးလိုက်သည်။

"နင်ဒီပန်ကိတ် ကို ဘယ်ကဝယ်လာတာလဲ"

"ငါတို့ ရှေ့နားမှာ ရှိတဲ့ ကျောင်းနားက လေ။

နင်တောင် ကောင်လေးတစ်ယောက် လက်လုပ်မုန့် တွေကို လုပ်နေတာ သူ့ရုပ်ရည်က မော်ဒယ် လုပ်လို့ရတယ် လို့ ပြောသေးတယ်လေ"

"အာ....."

ဟော်ဟန် ရဲ့ မျက်နှာမှာ ခါးသီးတဲ့ အမှုအရာ ပေါ်လာခဲ့သည်။

"ဘာလို့ သူ့ဆီက ဝယ်ခဲ့တာလဲ။ သူရုပ်ချောတယ် လို့ငါပြောခဲ့ ပေမယ့်လည်း သူလုပ်တဲ့

ပန်ကိတ် ကိုငါတကယ် မကြိုက်ဘူး"

"နင်ရုပ် ချောတယ်လိူ့ ပြောတဲ့ အချိန်ကတည်းက သူ့စီးပွားရေး မကောင်းတော့တာ ငါသတိထားမိတယ်၊ ဒါကြောင့်နင့်ကိုယ်စား သူ့ဆီက မုန့် ဝယ်ပြီး အားပေးလိုက်တာလေ"

ချင်းရီ ဟာ ဆံပင်တွေကို ပြင်ကာပြော လိုက်သည်။

"နင်မကြိုက်ဘူး ဆိုရင်လည်း လွင့်ပစ်လိုက်လေ!"

ဟော်ဟန် ဟာ အကူညီ မဲ့စွာပြန်ပြော လိုက်သည်။

"ကောင်းပြီ ကောင်းပြီ ငါဗိုက်အရမ်းဆာနေပြီ၊ သူ့အရသာက ပေါက်ကရ ဆိုရင်တောင်

ငါစားရဦးမှာဘဲ ။ မဟုတ်ရင် ငါဗိုက်ဆာပြီး

သေသွားဦးမယ်"

"အချစ်ကလေး ၊ မင်း ဗိုက်ဆာနေတဲ့ သရဲ အဖြစ် ကူး​ပြောင်းဖို့ အခွင့်အရေး ရှိ​ေိတယ်နော်"

ကျုံးချင်းရီဟာ သူမရဲ့ အလုပ်နေရာ ကိုပြန်သွားရင် စ နောက်လိုက်ပါတယ်။

"ဟမ် !! ငါကနတ်ပြည်က နတ်သမီးလေးဘဲ

ဒီကို အစားအသောက်ကောင်း လေးတွေ စားဖို့ ဆင်းသက်လာခဲ့တာ ။ပြီးသွားရင်

ငါက နတ်ပြည်ကို ပြန်သွားရမှာ"

ဟော်ဟန် ဟာ လျှာ ကိုထုပ်ပြီး ပြန်စနောက် လိုက်ပါတယ်။

ရုံးခန်း ထဲမှာ ရှိတဲ့ လူတိုင်းဟာ ဟွာဟန် ရဲ့စကားကိူ ကြားတဲ့ အချိန်မှာ ဝိုင်း ရယ်လိုက်ကြပါတယ်။ဒီလို့ အလုပ်မှာက အဲလိုဘာမဟုတ်တာလေး ကိုငြင်းခုန်ပြီး ပျော်စရာ

ရှာ ကြရတာပါ။

ဟော်ဟန် ဟာ တစ်တွတ်တွတ် ရွတ်နေလိုက်ပြီး လက်လုပ် ပန်ကိတ် ထည့်ထားတဲ့ အိပ်ကို ကြည့်လိုက်သည်။

"ပုံစံ ကြည့်ရတာကတော့ သူနည်းလမ်း တွေ များတိုးတက် လာတာလား၊ ငါစမ်းပြီး

စားလိုက်ဦးမယ်"

ဟော်ဟန် အိပ်ကို ဖွင့်လိုက်တဲ့ အချိန်မှာ ပန်ကိတ်နံ့ဟာ တစ်ရုံးလုံး ပြန့် သွားခဲ့သည်။

ဒါဟာ အရမ်းမွှေကြိုင်တဲ့ အနံ့ ပါဘဲ။လူအကုန်လုံးဟာလည်း အနံ့ရလိုက်ကြပြီး စားချင်စိတ် ဖြစ်သွားကြသည်။

***ရွှေ့လျားသံများ***

ခုံရွှေလျားသံ တွေဟာ ဆူညံ့လာခဲ့ပါတယ်။

မိန်းမလှ လေးတွေအကုန်လုံးဟာ မတ်တပ် ထရပ်လိုက်ပြီး အနံ့လာရာ နေရာကို လိုက်ရှာ လိုက်ကြသည်။

"အနံ့ ကဘယ်ကနေလာတာလဲ"

"ဟုတ်တယ် အနံ့က မွှေးနေတာဘဲ။ဒီလို အနံ့ကို အရင်တုန်းက မရဖူးဘူး"

" ငါအခုနက စားထားတာတောင်မှဘဲ ရုတ်တရက် ဗိုက်ထပ်ဆာလာတယ်"

မိန်းကလေးတွေဟာ အနံ့လာတဲ့နေရာကို လိုက်ရှာ နေတဲ့အချိန်မှာ ဟော်ဟန် ဟာ သူ့ကိုယ်လုံးနဲ့ ပန်ကိတ်ကို ကွယ်ထားလိုက်ပါတယ်။

ပန်ကိတ်ဟာ အပြင်က ရွှေရောင် နဲ့ ကြွတ်ဆပ်နေပြီး အလွှာတွေကလည်း တစ်ထပ်ပြီး တစ်ထပ် နဲ့ စားချင်စဖွယ်ဖြစ် နေခဲ့သည်။အနံ့ နဲ့အကုန်လုံးကို ဆွဲဆောင်နေပြီး

လောလောဆယ် သူတို့ အလိုချင်ဆုံး အရာက ပန်ကိတ်ပါဘဲ။

"အနံ့က ပန်ကိတ်ကနေ လာနေတာဘဲ"

ကျုံးချင်းရီဟာ ချက်ချင်း မှတ်မိလိုက်သည်။ သူမ အစောကဆိုင်ရှေ့ မှာတုန်းကလည်း ဒီအနံ့ကိုရပါတယ် ဒါ​ပေမဲ့ အနံ့ဟာပန်ကိတ်က လာတယ်လို့ မထင်ထားမိခဲ့ပါဘူး။အခုတော့ သူမ တူညီတဲ့ အနံ့ကို ရနေပါပြီ တစ်ခုတည်းသော ဖြစ်နိုင်ခြေကတော့ အနံ့က ပန်ကိတ် ကလာတယ်ဆိုတာဘဲ။

ဟော်ဟန် ဟာ ချက်ချင်းဘဲ တစ်ကိုက်ကိုက် လိုက်ပါသည်။ သူပထမ ဆုံး စတင်ကိုက်လိုက်တဲ့ အချိန် မှာဘဲ အံ့အားသင့် သွားခဲ့ပါတယ်။သူမတ်တတ် ထရပ်လိုက်ပြီး အိပ်မွေ့ချ ခံလိုက်ရသလို ရပ်နေခဲ့တာပါ။

ဟော်ဟန် ရဲ့ ဝိညာဥ်ဟာ ပထမ ဆုံးအကိုက် မှာတင် နိုးထလာ ခဲ့သလိုပါဘဲ။

"အရသာက ....အရသာက..အရမ်းကောင်းလွန်းနေတယ်"

ခနအကြာမှာ ဘဲ ဟွာဟန် ဟာ သတိပြန်ဝင်လာခဲ့ပါသည်။သူမ ရဲ့ ပါစပ်ထဲ မှာရှိတဲ့ အရသာခံအဖုလေးတွေဟာ မှော်ဆန် တဲ့

အရသာကို တွေရှိခဲ့ပြီး စကားတောင် မပြောနိုင်ခဲ့ပါဘူး။

ဒါက သူမ စားဖူးတဲ့ ပန်ကိတ်တွေ ထဲမှာ အကောင်းဆုံးပါဘဲ။အတော်ဆုံးဆိုတဲ့

စာဖိုမှူး တွေတောင် ဒီလောက်ကောင်းအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။

"နင်တို့ ဘာလိုချင်လို့လဲ"

ဟော်ဟန် ဟာမုန့်ကို ကိုယ်နဲ့ကွယ်ထားပြီး လုပ်ဖော်ကိုင် ဖက်တွေကိူ မေးလိုက်တာပါ။

"ဟန်ဟန် လေး ၊ ငါတို့ပန်ကိတ် ကို နည်းနည်း လောက်မြည်းပါရစေ"

"ဟုတ်တယ် အနံ့က မွှေးကြိုင်လွန်းတယ်"

"ဟုတ်တယ် ဟန်ဟန် , ငါ့ရဲ့ အချစ်ကလေး

ကျေးဇူးပြုပြီး တစ်ကိုက်လောက်ပါဘဲ"

........ .......... ........... .........

ဝိုင်းပြီးတော့ ပြောနေကြပါသည်။

"မရဘူး ဒါက ငါ့ဟာလေ။နင်တို့ ဘာလိုချင်တာလဲ။ချင်းရီ, ကယ်ပါဦး ....သူတို့ ငါမုန့်ကို လာလုစားနေကြတယ်"

ဟွာဟန် ဟာဒီလောက် အရသာရှိတဲ့ ပန်ကိတ်ကို ဝေ မစားချက်ပါဘူး။သူမဟာ အကောင်းဆုံး ကြိုးစားပြီး ကာကွယ်နေခဲ့ပါသည်။သို့သော်လည်း ချင်းရီ ဟာ လူအုပ်ထဲကို ဝင်ရောက် လာပြီး ပြောလိုက်ပါတယ်

"ဟန်ဟန် ငါနင့်အတွက်ဝယ် လာပေးခဲ့တာလေ ။ ငါ့ကိူ တစ်ကိုက်လောက် ​ကျွေးပါလား"

ကျွင်းချင်းရီဟာ လည်း အနံ့ရဲ့ ဆွဲဆောင်မှု ကို ခံလိုက်ရပြီး ၊ ဟွာဟန် ကွယ်နေတာ မြင်တဲ့ အခါမှာ ပိုပိုပြီး စားချင်လာခဲ့ပါတယ်။

ဟော်ဟန် မိန်းကလေး အုပ်စု ကို အကြာကြီး မထိန်းထားနိုင် ခဲ့ပါဘူး။

"ဒါက အရမ်းအရသာ ရှိတယ် ။ ငါစားဖူးသမျှထဲ မှာအကောင်းဆုံးဘဲ"

"ငါ့ကိုတစ်ကိုက် လောက်ထပ်ကျွေးပါဦး ဟန်ဟန်လေး"

"မကျန်တော့ဘူး ၊ နင်တို့ အရှုးမတွေ နေ့ဘက်ကြီး ငါ့ဆီက ပန်ကိတ် လာပြီး ဓားပြ

တိုက်နေကြတာလား။နင်တို့ အပြစ်ရှိတဲ့စိတ် မခံစားရဘူးလား"

"ချင်းရီ , နင်ငါတို့ နားက ကျောင်းရှေ့က ဆိုင်က ဝယ်ခဲ့တယ်လို့ပြောတယ်နော်"

"သွားကြမယ်လေ ၊ ဘာတွေစောင့်နေကြတာလဲ။ငါတို့ ဒါမျိုးပန်ကိတ် တစ်အိပ်လောက်ဝယ်ထားကြရင် ဘယ်လိုလဲ"

"ငါကတော့ နေ့တိုင်း ဒီပန်ကိတ် ဘဲ စားနေတော့မယ်လိူ့ ဆုံးဖြတ်ပြီးပြီ"

"မြန်မြန် လူချောလေး ဆီကို သွားအားပေးရအောင်"

မိန်းကလေး အုပ်စုကြီးဟာ ဟော်ဟန်ကိုတောင်ထပ် ဂရုမစိုက်ကြတော့ပါဘူး။သူမတို့တွေဟာ ချက်ချင်းဘဲ ကျောင်းဆီကို ဦးတည်ကာ ထွက်သွားလိုက်ကြသည်။

"ငါ့.... ငါ့ကိုစောင့်ဦးလေ....."

ဟော်ဟန် ဟာတစ်ယောက်ထဲ ရုံးခန်းမှာ ကျန်နေခဲ့ပြီး အော်ကာ ပြေးလိုက်သွားလိုက်သည်။

အားလုံးဘဲ ကျွန်တော် စာစဥ်လေးကို ပုံမှန်တင်ပေးချင်ပါတယ် ဒါပေမဲ့ ပေ့မှာလူအရမ်းနည်းနေသေးလို့

စာစဥ်လေးကို သဘောကျရင် ဝိုင်း share

ပေးကြပါလားဗျာ group တွေထဲကို 🙏🙏🙏

All Chapters