← Chapters

မိန်းမလှ လေးများ

Vol. 1 Ch. 4

မိန်းမလှ လေးများ

Vol. 1 Ch. 4

"အတိအကျ ကဘာဖြစ်မလဲ"

လင်းဖန်ဟာ ဟာ ထိုင်ပြီးစဥ်းစားနေခဲ့သည်။သူဟာ တစ်ချိန်လုံး မျက်လုံးမှိတ်ထား

ပြီး , ကြီးမားတဲ့ စာအုပ်ကြီးရဲ့ အလေးချိန် ကိူ ခံစားမိပါသည်။

"စွယ်စုံကျမ်းလား?"

အေလီယန် နတ်ဘုရားက ငါကြောင်ပျောက်

နေတာကို မြင်ပြီး လက်ဆောင် ပေးလိုက်တာဖြစ်ရမယ်။

သူဟာ အရင်တုန်းက ဝတ္ထုတွေ အများကြီး ဖတ်ဖူးပြီးတော့ ဒီအခြေအနေကို ကြောက်ရွံ့မနေ ခဲ့ပါဘူး။

လင်းဖန်ဟာ သူ့ရဲ့ ပန်ကိတ်ပြုလုပ်တဲ့ နည်းလမ်း ဟာပြောင်းလဲ သွားပြီ ဆိုတာကတော့ ဝန်ခံရမှာပါ။အနံ့ ဟာတိုးတက် လာခဲ့ပြီး အရသာ ကတော့ သူလည်းမသိသေးပါဘူး။

သူ့မှာ တစ်ခြား စမ်းသပ်ချက်လည်း ရှိပါသေးသည်။

"လူ အနည်းငယ် စုဝေး ခြင်းဆိုပါလား။ လူအနည်းငယ် ဆို တာ ဘယ်နှစ်ယောက်ကို ပြောချင် တာလဲ"

သူဦး နှောက်ကို အနည်းငယ် အလုပ်ပေးပြီးတဲ့နောက် မှာ ခနနားလိုက်ပါတယ်။

"မင်းဘာတွေ ဖြစ်နေတာလဲ။ မင်းဆိုင်ကို ဒီနာရီဝက် အတွင်းမှာ ဘယ်သူမှလာမဝယ်သေးဘူး။မင်း တစ်ရက် ကို ပန်ကိတ် တစ်လုံးဘဲ ရောင်းမယ်လို့ တွေးနေ တာတော့ မဟုတ်ပါဘူးနော်"

ဗေဒင် ဆရာထျန် ဟာ လင်းဖင် လာဝယ်မယ့်လူ မရှိလိုလ အသိစိတ်လွတ်သွားပြီလို့ ထင်နေခဲ့တာပါ။

"ဟမ်...."

လင်းဖန်ဟာ မျက်လုံးကိုဖွင့်လိုက်ပြီး လူလိမ် ထျန် ကို ကြည့်ကာ

"အဆင်ပြေပါတယ်၊ ဒါ ငါ့ရဲ့ ပထမဆုံး အကြိမ် မဟုတ်တော့ ပါဘူး ။ နေသားကျနေပါပြီ"

တကယ်တော့ လင်းဖန် ဟာသူ့ခေါင်းထဲ မှာရှိတဲ့ စွယ်စုံကျမ်း ကို လေ့လာ နေခဲ့တာပါ။ကောင်းတာတွေကော ၊ ဆိုးတာတွေကောရှိပြီး သူကတော့ ကောင်းတာတွေ ပိုရဖို့ ဆုတောင်းနေခဲ့ပါတယ်။

"ဘန်းးးး"

သူ့ဆိုင်နဲ့ မလှမ်းမကမ်း မှာဖွင့်ထားတဲ့ ဆိုင်က အန်တီးကြီး တစ်ယောက်ဟာ သူ့နားကိုရောက်လာခဲ့တာပါ

"မနက်ဖြန် ကစပြီး နင့်ရဲ့ ဆိုင်နေရာကို ပြောင်းရမယ်"

သူမဟာ အေးစက်စက် အသံနဲ့ပြောလိုက်တာပါ။

"ဘာလားဟ ၊ ခင်ဗျားက ဘယ်သူမို့လို့

ကျွန်တော်ရဲ့ ဆိုင်နေရာကို ပြောင်းဖို့ပြောနေရတာလဲ"

လင်းဖန် ဟာ သူမကို ကြည့်ပြီး ပြောလိုက်တာပါ။သူ့အခြေအနေကလည်း သက်တောင့်သက်သာ မရှိတော့ပါဘူး။ယင်းနောက်

စိတ်ထဲကနေ တွေးလိုက်သည်။

"သူမ ငါ့ကို ကြည့်မရ ဖြစ်နေတာဘဲ ဖြ၀်ရမယ်"

"ဒီနေရာမှာ နင့်ရဲ့ ဘယ်သူမ မစားတဲ့ဟာတွေရောင်း စရာမလိုတော့ဘူး။နင့်မှာ ဝယ်သား တစ်ယောက်တောင်မှ မရှိဘူး။မနက်ဖြန် ကစပြီး ငါ့ယောကျ်ား ဒီနေရာ မှာ

အချင်ဖောက်ထားတဲ့ တိုဟူးတွေ လာရောင်းလိမ့်မယ်"

သူမဟာ ပြောလိုက်ပါတယ်။သူမက လင်းဖန် ဟာငယ်ရွယ်ပြီး ပြောရဆိုရ လွယ်ကူမယ် လိူ့ထင်ထားခဲ့တာပါ။သူ့ဆိုင်ဟာ နေရာကောင်းမှာ ရှိနေခဲ့ပြီး လူတိုင်းက မျက်စောင်းတထိုးနေခဲ့သည်။အခုချိန်ဟာ သူမအတွက် လင်းဖန် ကိူမောင်းထုတ်ဖို့ အချိန် ကောင်း ပါဘဲ။

"ခင်ဗျား ယောကျာ်း အချဥ်ဖောက် တိုဟူးရောင်း တာ ကျုပ် နဲ့ ဘာဆိုင်လို့လဲ၊ ဘယ်သူမှ ကျုပ်နေရာကို လာစရာမလိုဘူး။ခင်းဗျား

ဒီလိုလာပြောတာနဲ့ ကျုပ်က ဖယ်ပေးမယ်ထင်နေတာလား"

"နင်ဘာလို့ခေါင်းမာ နေရတာလဲ။နင့်အသက်ငယ်ငယ် လေးဘဲ ရှိသေးတယ် ။ တခြားအလုပ် မလုပ်တတ်ဘူးလား။ဘာလို့ စျေးလာရောင်းနေတာလဲ။ အချက်မပြုတ် လည်း

ကောင်းကောင်း တတ်တာ မဟုတ်ဘဲနဲ့။ငါ့သားဆို နင့်ထက်ငယ်ပြီးတော့ စက်ရုံမှာ လုပ်နေတာ တစ်လ ကို 4 - 5k(ထောင်) ဝင်တယ်"

မိန်းမကြီး ဟာ အထင်အမြင်သေးစွာ နဲ့ အော်ပြော နေခဲ့ပါတယ်။

"ကုန်းမအို ကြီး၊ နင် ငါလူကို လာအနိုင်

ကျင့်နေတာလား"

အဲ့အချိန် မှာဘဲ ဗေဒင်ဆရာ ထျန် ဟာဝင်​ပြောလာခဲ့ပါတယ်။ပတ်ဝန်းကျင်က လူတွေဟာလည်း ဘာတွေဖြစ်နေလည်း ဆိုတာ စပ်စုပြီး ဝိုင်းကြည့်နေတာ လူအုပ်ကြီးတောင် ဖြစ်ခါနီး နေပါပြီ။ဒါပေမဲ့ မိန်းမ ကြီးဟာ ကြောက်ပုံမရပါဘူး။

"နင် နဲ့ ဘာဆိုင်လို့လဲ လူလိမ်"

" နင်ဘယ်သူ့ကို လူလိမ်လို့ ခေါ်လိုက်တာလဲ။ငါဗေဒင် ဆရာနင့်ကိူ ပညာပေးမှ ရတော့မယ်။နင့်မိသားစု မှာ တစ်ယောက်ယောက် မသေချင်ရင် စကားပြော ဆင်ခြင်သင့်တယ်"

ဗေဒင်ဆရာ ထျန်ဟာ ဂရုဏာ ကင်းမဲ့ စွာကြိမ်းဝါးလိုက်ပါတယ်။

"နင်ဘယ်သူ့ကို ကို ပြောနေတာလဲ"

"ငါနင့်ကိုဘဲ ပြောနေတာလေ ။နင်အပျော်ဘူး ဆိုရင်လည်း တိုက်ခိုက်လိုက်ရအောင်။နင့်ကို အရေခွံ စုပ် မလိုက်လိူ့ရတယ်"

ဗေဒင်ဆရာ ထျန်ဟာ အက်ျီလက်တွေကို မလိုက်ပြီး တိုက်ခိုက်ဟန် ပြင်ကာပြောလိုက်ပါတယ်။

"သူမက ဘယ်ရောက်သွားတာလဲ၊ ပန်ကိတ်တစ်လုံးလောက်ပေးပါ"

အန်တီ ကြီးဟာ ထပ်ပြီး ငြင်းခုံချင်သေးပေမဲ့ သူမရဲ့ ဆိုင်ရှေ့မှာ ဝယ်သူရောက် နေခဲ့ပါပြီ။သူမဟာ လင်းဖန် ကိူ မျက်စောင်းထိုးကြည့်လိုက်ပြီး နောက် သူမဆိုင်ကို အမြန်ပြန်သွားခဲ့ပါတယ်။

"လာပြီ .......လာပြီ"

"ပိုပြီး ကြံ့ကြံ့ခိုင်ခိုင် နေစမ်းပါ။အဲ့ကုန်းမ အိုကြီး က မင်းကိူ အလွယ်တကု နိုင်မယ် ထင်ပြီး လာပြသနာ ရှာတာဘဲ"

ထျန်ဟာ လင်းဖန်ကို ပြောလိုက်ပါတယ်။

"ငါမင်းကို ပြောလိုက်ဦးမယ် ။အဲ့မိန်းမကြီးသာ ငါနဲ့ တကယ်တိုက် ခိုက်ချင်တယ် ဆိုရင် သူမ ကို ရှိန်လောက်တဲ့ ကျွမ်းကျင်မှု တွေပြပေးလိုက်လို့တယ်။ အဲဒါမင်းယုံလား"

"ယုံပါတယ်"

လင်းဖန်ဟာ ပြုံးပြီး ခေါင်းငြိမ့်ကာ ပြောလိုက်ပါတယ်။သူတို့ဟာ ခကြာခန ရန်ဖြစ်လေ့ ရှိပေမဲ့လည်း ဆက်ဆံရေး ကောင်းတွေရှိပါတယ်။

"ကောင်းတယ် ၊ ဒီနတ်သမီးလေးတွေက ဘယ်ကလာကြတာလဲ"

ဗေဒင်ဆရာ ထျန်ဟာ ရှေ့ကိုစိုက်ကြည့်နေပြီး ပြောလိုက်တာပါ။

"နတ်သမီးလား"

လင်းဖန်ဟာ စိတ်ရှုပ်စွာနဲ့ သူကြည့်တဲ့ဖက် ကို လိုက်ကြည့်ကာ ရှော့ရသွားပါတယ်။ထျန် ပြောတာ အကယ်အမှန်ပါဘဲ။ နတ်သမီးတွေ ဟာ ဆယ်ယောက်လောက် ရှိပါတယ်။

သူမတို့ ဟာ ရှည်လျားတဲ့ ခြေတံ တွေနဲ့ လှပတဲ့ မျက်နှာ လေးတွေ ရှိကြပါတယ်။ဘေးမှာရှိတဲ့ လူတွေအကုန်လုံး ဟာလည်း သူတို့ကိူ မြင်ပြီး မှင်သက် ကုန်ကြပါတယ်။

အဲ့အချိန်မှာ ဘဲ မိန်းမလှလေး တစ်ယောက်ဟာ လင်းဖန် ရှိတဲ့နေရာကို ညွှန်ပြပြီး ပြောလိုက်ပါတယ်။

"အဲ့ဒါ သူဘဲ"

"အဲ့ဆိုင် ...အဲ့ဆိုင်"

မိန်းကလေး နောက်တစ်ယောက်ဟာ လင်းဖန် ဆီကို ပြေးလာခဲ့ပါတယ်။

"ငါအရင်"

"မဟုတ်ဘူး ၊ ငါအရင်ရောက်တာနော် ငါနဲ့လာမတိုက်ခိုက်ကြနဲ့"

" လူချောလေးရေ ငါအရင်ရောက်တာနော်"

ဘေးပတ်ဝန်းကျင်က လူတွေဟာ အံ့အားသင့်သွားပြီး ဘာတွေဖြစ်နေလဲ ဆိုတာတောင် မသိကြတော့ပါဘူး။

သူတို့ဟာ မိန်းကလေးတွေ ညွှန်ပြတဲ့ နေရာကိုကြည့်လိုက်ရာ ရုပ်ချောချော ကောင်လေးတစ်ယောက်ကို တွေ့ လိုက်ရပါတယ်။ဒါပေမဲ့

မော်ဒယ် တစ်ယောက်လောက်တော့ မချောသေးပါဘူး။

"သူတို့တွေက ပန်ကိတ် ရောင်းတဲ့ ကောင်လေးကိူ ကြိုက်နေကြတာလား"

တစ်ချိန်ထဲ မှာဘဲ ထျန်ဟာ လင်းဖန် လက်မောင်းကိူ ညစ်ကာ​ပြောလိုက်သည်။

"မင်းဘာပြသနာ ရှာထားတာလဲ မိန်းခလေးတွေက မင်းဆီကို လာတာ ဖြစ်မယ်နော်"

"ငါ.."

လင်းဖန် ဘာပြောရမှန်းတောင် မသိတော့ပါဘူး။

လင်းဖန် ဟာ မိန်းမလှလေး တစ်ယောက်လာတာတောင် စိတ်လှုပ်ရှား နေခဲ့တာပါ။အခုတော့ မိန်းကလေး ဆယ်ရောက်ကျော် ပြေးလာ နေခဲ့သည်။သူ ကြောင်အံ့ပြီး ကြည့်နေခဲ့ပါတယ်။

လင်းဖန် သည် ဒီမိန်းကလေး များ သူ့ကို ကြွေ သွား သည် လားဟု တွေးနေလိုက်သည်။

"ချီးဘဲ မင်းဒီလောက် အထိ ဆွဲဆောင် မှုကောင်းလိမ့် မယ်လို့ မထင်ထားခဲ့ဘူး။တကယ်လို မင်း အကုန်လုံး ကို မနိုင်ဘူးဆိုရင် ငါ့ကို မမေ့နဲ့ဦးနော်"

"ဒါ ပထမ ဆုံး အကြိမ်ဘဲ ကျွန်တော်လည်းစိတ်လှုပ် ရှား နေတယ်"

ဗေဒင် ဆရာထျန် ဟာ မိန်းကလေး တွေကို ငေးကြည့် နေရင်း ပြန်သွားခဲ့သည်။

"ငါအရင် ၊ ငါအရင်...."

မိန်းကလေး အုပ်စု ဟာ လင်းတန်နား ရောက်လာခဲ့သည်။ ပထမဆုံးရောက်တဲ့ မိန်းကလေးဟာ လှမ်းခုန်လိုက်ပါတယ်။

လမ်းလျောက် နေသူများဟာ မိန်းကလေး အုပ်စုကြီး ကို ငေးကြည့်နေ ကြပါတယ်။

"မင်းတို့ ဘာလုပ်နေကြတာလဲ"

လင်းဖန်ဟာ မိန်းကလေး တွေကို ကြည့်ကာမေးလိုက်ပါတယ်။ရေမွှေးနံ့ တွေဟာ လည်း လင်းဖန်ရဲ့ နှာခေါင်း မှာမွှန် နေခဲ့ပါပြီ။

လင်းဖန်ဟာ လူပျိုလေး တစ်ယောက်ဖြစ်တဲ့ အတွက် စိတ်လှုပ် ရှားပြီး ကြောက်နေမိပါတယ်။

"ပန်ကိတ် ဆယ်လုံး အရင်ပေးပါ"

ပထမဆုံး မိန်းကလေး ပြောလိုက်တာပါ။

"ဘာ ဆယ်ခု ဟုတ်လား !!! နင်တစ်ခု လို့ပြော လိုက်တာမလား ၊ ငါတို့ နောက်မှာ လူအများကြီး စောင့်နေတာလေ"

"ဟုတ်တယ် ဇီယန် နင် တစ်ခုဘဲရမယ်"

"ကောင်းပြီ ငါ့ကို ပန်ကိတ်တစ်လုံး အရင်ပေးပါ။ ထည့်လို့ရတာ အကုန်ထည့်မယ်"

လင်းဖန် ဟာ မိန်းမလှ လေးကိူ ငေးကြည့်နေခဲ့ပါတယ်။ ဘာတွေဖြစ်နေမှန်း သူနညးမလည်နိုင်သေး ပါဘူး။

သူဟာ မိန်းကလေး များထဲမှ တစ်ယောက်ကို မြင်ကာ မှတ်မိလိုက်သည်။

"ငါခုနက ရောင်းလိုက်တဲ့ ပန်ကိတ်ကြောင့်လား"

လင်းဖန် သူ့ဟာသူ တွေးလိုက်သည်။

"လူချောလေး ၊ ပန်ကိတ် လုပ်ပေးတော့လေ။ ကြည့်တာက ပြီးမှ လိုက်ကြည့်လို့ရတယ်"

ပထမဆုံး မိန်းကလေး ဟာ တိုက်တွန်းလိုက်ပါတယ်။

"ဟင် ၊ ကြံ့ကြာနေလို့ တောင်းပန်ပါတယိ။

အခုဘဲ ပြင်ဆင်လိုက်ပါ့မယ်"

လင်းဖန် ဟာပြောလိုက်ပြီး စွယ်စုံကျမ်း မှ

နတ်ဘုရား ပန်ကိတ် အကြောင်း တွေးလိုက်ပါတယ်။

လူလိမ် ထျန် ဟာ သူ့နေရာကနေ လှမ်းအော်လိုက်သည်။

"မိန်းမလှ လေးတို့ ဘာလိူ့ ဒီမှာ အနာဂတ် အကြောင်းအရာ တွေလာမကြည့်တာလဲ"

လူလိမ် ထျန် ကို စိတ်ပျက်စေတာကတော့ မိန်းမလှ လေးတွေဟာ သူ့ကိုဟလှည့်တောင် မကြည့်ခဲ့ပါဘူး။

"ငါ အိုနေလို့ များလား ကွာ"

မိန်းမလှ လေးတွေ ဟာ ဘေးနားက လူများကို ဆွဲဆောင် နေပြီး ဘာတွေဖြစ်နေလည်း

လှမ်းကြည့် နေကြပါသည်။

လင်းဖန် နဲ့ မလှမ်းမကမ်း မှာရှိတဲ့ ပန်ကိတ်

ရောင်းတဲ့ အန်တီကြီး ဟာ လှမ်းအော်လိုက်ပါတယ်

"မိန်းမလှလေးတို့ အဲ့မှာလူများနေပြီ ၊ ဒီဘက်မှာ ဘယ်သူမှ မရှိဘူး ဒီမှာ အမြန်လာဝယ်လိုက်ပါလား"

"ငါတို့ဆိုင်က အရသာကောင်းပြီး ၊ ပါဝင်ပစ္စည်းလည်း စုံတယ် ၊။သူ့စကေး တွေက ငါတို့ကိုမမှီ ဘူး"

ဘေးနားက ဆိုင်တွေ ဟာ လည်း သူတို့ဆီကို

လူအနည်းငယ် လောက်ဖြစ်ဖြစ် လာအောင် ဆွဲဆောင် နေကြပါတယ်။ဒါပေမဲ့ မိန်းမလှ လေးတွေက လင်းဖန် ဆိုင်ရှေ့ကနေ မခွာကြပါဘူး။

မိန်းကလေးတွေ က လင်းဖန် လုပ်တဲ့ ပန်ကိတ်က သူတို့ထက် ပိုကောင်းကြောင်း လှမ်းပြောလိုက်ကြပါတယ်။ရလဒ်ကတော့

သူတို့ အားလုံး ဆွံ့အ သွားကြတာပါဘဲ")။

"ဝိုး သူ ပန်ကိတ် ကို ကျွမ်းကျွမ်း ကျင်ကျင် လုပ်နိုင် တာဘဲ ငါမစောင်နိုင်တော့ဘူး"

"ဒီ ပန်ကိတ်ကို လုပ်တာမှာ နည်းစနစ် တစ်ခုရှိတယ်။ပထမ မင်း ပါဝင် ပစ္စည်းတွေကိူ ပြင်ဆင်ရမယ်။နောက်ပြီး ဆားအနည်းငယ် နဲ့ ပါဝင်ပစ္စည်းတွေ ကို ရေလောင်းပြီး နယ်ရမယ်"

လင်းဖန်ဟာ စွယ်စုံ ကျမ်းထဲ ကစာသား များကို မိန်းမလှ လေးများအား ရွတ်ပြနေလိုက်သည်။

"ဝိုး ရှင် ပန်ကိတ် လုပ်ရင် တကယ်ပဲ ဒီလို နည်းစနစ် တွေကို သုံးတာပေါ့၊ အိမ်ရောက်ရင် စမ်းကြဟ့်ရမယ်။ ကျွန်မ တစ်ဘဝ လုံး

ရှင်လုပ်တဲ့ ပန်ကိတ်ပဲ စားချင်နေရင် ဒုက္ခပါပဲ"

မိန်းကလေးဟာ ပြောလိုက်သည်။

လင်းဖန် ဟာ မိန်းကလေး ပြောတာကို ကြားပြီး ရှက်ကိုး ရှက်ကန်း ဖြစ်နေခဲ့ပါတယ်။

"ဒင် ... ပန်ကိတ် ပြုလုပ်နည်းကို ရှင်းပြတဲ့ အတွက် စွယ်စုံကျမ်း အမှတ် တစ်မှတ် ရရှိသည်"

စွယ်စုံကျမ်း အမှတ် တစ်မှတ် ဆိုပါလား။အဲဒါက ဘာဖြစ်ရပြန်တာလဲ။

"မေ့ထားလိုက် ငါပန်ကိတ် တွေ အရင်လုပ်ရမယ်။အဲဒါကို တော့ ပြန်ရောက်မှ လေ့လာကြတာပေါ့"

.................. ............... ..................

All Chapters