အခန်း (၅)
Vol. 1 Ch. 5
ပထမဆုံး ပန်ကိတ် တစ်ခု ပြုလုပ်ပြီး တဲ့ အချိန် မှာ အနံ့ဟာ အားလုံးကို ဆွဲဆောင် သွားခဲ့သည်။
"အဲဒါက ပူတယ်နော် ၊ အပူမလောင်စေနဲ့
ဖြည်းဖြည်းချင်းစား"
လင်းဖန် ဟာလည်း သူ့မုန့်သူ မစားဖူး သေးပါဘူး။သူ့စိတ် ထဲမှာတော့ ဘယ်လောက် အရသာရှိမလဲ တွေးနေခဲ့ပါတယ်။မိန်းမလှ လေးကတော့ အရင်တုန်းက
ပန်ကိတ် မစားဖူး တဲ့ပုံပါဘဲ။
သူမဟာ ပန်ကိတ် ကိုင်ပြီး ကိုက် လိုက်ပါတယ်။
မိန်းမလှလေး ကိုက်လိုက်တဲ့ အချိန်မှာ ဘဲ
မျက်နှာ ဟာ နီရဲကာ အပူက လျာကို လောင်ကျွမ်း သွားခဲ့ပါတယ်။ဒါပေမဲ့ သူမဟာ မထွေးထုတ်ပဲ ပန်ကိတ်ရဲ့ အရသာကို ဆက်ခံ နေခဲ့ပါသည်။
"ဝိုး ...အရမ်း အရသာ ရှိတာဘဲ ၊ ငါငိုတောင် ငိုချင်သွားပြီ"
မိန်းမလှ လေးဟာ နောက်တစ်ကိုက် ထပ်ကိုက်လိုက်ပါတယ်။ သူမဟာ လေပေါ်မြောက်သွားပြီး ဘုံကိုးဆင့်ကိုတောင် ကျော်သွား သလို ခံစားလိုက်ရပါသည်။
ဘေးနားက လူတွေဟာ သူမကို အကူညီ မဲ့စွာဘဲ လှမ်းကြည့်နေလိုက်ကြပါတယ်။ယင်းနောက် လင်းဖန် ကိုဝိုင်းဝန်း တိုက်တွန်းလိုက်ကြပါတယ်။
"မြန်မြန် လေး နောက် တစ်ခု လုပ်ပေးပါလား၊ ငါ မစောင့်နိုင်တော့ဘူး"
"ဇီယန်, ယူပြီးရင်လည်း ဘေးကိုသွားတော့လေ။ ငါတို့ကို ပိတ်ထားဖို့ ကြံစည်နေတာလား"
"ဟုတ်တယ် ငါလည်း ဒီအနံ့ ကိုတောင့်မခံ နိုင်တော့ဘူး"
ရှေ့ဆုံးမှာ ရှိနေတဲ့ မိန်းကလေး နာမည် က ဇီယန်ပါ။ သူမက အရပ်ရှည်ပြီး ၊ လက်ချောင်းလေးများ ဟာ သွယ်လျှနေခဲ့ပါတယ်။ သူမကို လှပ တယ်လို့ ပြောနိုင်ပါတယ်။သူမဟာ ပန်ကိတ်ကို စားနေခဲ့ပြီး မျက်နှာကတော့ ကျေနပ် နှစ်သက် နေခဲ့ပါသည်။
"ဒါက အရသာရှိ လွန်းတယ် ။ငါနောက် တစ်ခါ မစားရတော့ ရင်ဘယ်လိုလုပ်မလဲ။အရသာခံပြီး ဖြည်းဖြညိး စားရမယ်"
ဘေးပတ်ဝန်းကျင်က လူများဟာ သူမရဲ့ ဒရမ်မာ ဆန်ဆန် အမှုအရာ ကို ကြည့်နေခဲ့ပါတယ်။
"ဒါက ပန်ကိတ်လေး တစ်ခုဘဲ လေ။သူမ အဲလောက် ဖြစ်နေဖို့ လိုလို့လား"
"မိန်းကလေး ပန်ကိတ်က အဲလောက်တောင် ကောင်းလို့လား။ မင်းတို့ ဇာတ်လမ်းဆင် နေတာတော့ မဟုတ်ပါဘူးနော်"
"ငါတို့က ဇာတ်လမ်းဆင်နေတာမဟုတ်ဘူး။
လူငယ် အနုပညာမဂ္ဂဇင်းမှာ အလုပ်လုပ်တာ၊ ဒီပန်ကိတ်က တကယ်ကို တော်တော်ကောင်းတယ်။ ဝယ်မစားလိုက်ရင် နောင်တ ရသွားလိမ့်မယ်နော်"
လူငယ် အနုပညာ မဂ္ဂဇင်း ကိုလူတိုင်းသိပါသည်။သူတို့ ရဲ့ ရုံးချုပ်က လမ်းဟိုဘက်ခြမ်း က အဆောက်အဦးမှာ ရှိပြီး မိန်းမလှလေးတွေ အများကြီး ရှိသည်။
အဲ့အချိန် မှာဘဲ ပန်ကိတ်ရဲ့ အနံ့ဟာ လူတိုင်းဆီ ကို ပျံ့လွင့်လာခဲ့ပါတယ်။အခုချိန် လူတိုင်းတွေးနေတဲ့ အရာကတော့
"ဒီပန်ကိတ် က တကယ်အဲလောက်တောင် ကောင်းလို့လား"
မိန်းမကြီး ရဲ့ပန်ကိတ် ဆိုင် ရှေ့မှာလည်း လူတစ်ယောက်ဟာ အနံ့ကို ရလိုက်ပြီး နှာခေါင်းရှုတ် ကာ အနံ့ခံနေပါတယ်။
"ဒီမှာ တခါတည်းစားမှာလား၊ ပါဆယ် ထုတ်သွားမှာလား"
"ရပါပြီ ကျွန်တော် ဟိုဘက် ဆိုင်ကို သွားဝယ်လိုက်တော့မယ်"
လူငယ်ဟာ ပိုက်ဆံကို တင်ထားခဲ့ပြီး အနံ့လာရာ ဘက်ကို ပြေးထွက်သွားခဲ့သည်။
"ကောင်လေး.......ကောင်လေး....."
မိန်းမကြီး ဟာ အရင်တုန်းက ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးပါဘူး။ သူမအံ့သြစွာနဲ့ အော်ခေါ်လိုက်ပါတယ်။သူမဟာ အကူညီမဲ့စွာဘဲ လူတွေစုဝေးနေတဲ့ လင်းဖန်ရဲ့ ဆိုင်လေးကို လှမ်းကြည့်နေလိုက်ပါတယ်။
ဗေဒင်ဆရာ ထျန်ဟာ လင်းဖန် ကို ကြည့်လိုက် သူ့ကိုသူ ပြန်ကြည့် လိုက်လုပ်နေခဲ့ပါတယ်။
"ဘယ်လောက်တောင် ကံကောင်းတဲ့
လင်းဖန်လဲ။နတ်ဘုရား တွေက သူ့ကို ကယ်ဆယ်လိုက်ပြီ ထင်တယ်။သူ့အလုပ်က အရင်းပြုတ်တော့မှာကို ရုတ်တရက် အရမ်းကောင်းတဲ့ ပန်ကိတ်တွေပြုလုပ်နိုင်ခဲ့ပါတယ်"
"ဝါးးးးး ဒါက အရသာ အရမ်းရှိတယ်"
"ဒီပန်ကိတ် က ကမ္ဘာမှာ အကောင်းဆုံးလိုလ ငါပြောနိုင်တယ်"
လူငယ် အနုပညာ မဂ္ဂဇင်း က မိန်းမလှ လေးများဟာ ပန်ကိတ် အရသာကို ကျေနပ်နေကြပါတယ်။
ပတ်ဝန်းကျင်က လူများလည်း လှုပ်လှုပ် ရွရွ ဖြစ်လာကြပါပြီ။မိန်းကလေး စားနေတာ ကိုကြည့်ပြီး လေထဲက အနံ့ တွေကို မတောင့်ခံနိုင်ကြတော့ပါဘူး။
"ငါ့ကိုလည်း တစ်ခုပေးပါ၊ အရသာစမ်းကြည့်လိုက်ရအောင်"
"ငါလညိး အနံ့တွေကို တောင့်မခံနိုင်တော့ဘူး ။ငါ့ကိုလည်း တစ်ခုပေးပါဦး"
"တောင်းပန် ပါတယ် တန်းစီပေးကြပါ။အသက်ကြီး တဲ့ လူဖြစ်နေရင် တောင်မှဘဲ ဒီလိုနေရာ မှာ တန်းစီပြီး စည်းကမ်းရှိကြောင်း
ပြသကြပါ"
မိန်းမလှလေး တစ်ယောက်ဟာ အဖိုးကြီး ပြောတာကြားပြီး တန်းစီ ဖို့ ပြောလိုက်ပါသည်။
ငါချမ်းသာ တော့မှာလား လင်းဖန်ဟာ ပန်ကိတ် လုပ်ရင်း တွေးနေလိုက်သည်။
လင်းဖန် လည်း အနံ့ကို မတောင့်ခံနိုင်ပါဘူး။ဒါပေမဲ့ ဝယ်သူတွေ ရှေ့မှာ သွားစားပြရင် ဝိုင်းရိုက်ကြပါလိမ့်မယ်။ဒါကြောင့် သည်းခံနေရပါသည်။
အချိန်တွေဟာ ကုန်သွားခဲ့ပြီး လင်းဖန်ရဲ့
ဆိုင်ရှေ့မှာတော့ လူတန်းဟာ ပိုပို ပြီး ရှည်လာခဲ့ပါပြီ။ပန်ကိတ်ကို တစ်ခါမှ မစားဖူးတဲ့လူတွေရော အနံ့ရပြီး တန်းစီ နေကြပါသည်။
လင်းဖန် ရဲ့ ပန်ကိတ်ကို စားလိုက်မိ တဲ့ လူတွေက တော့ ဆွံ့အ သွားကြပါတယ်။
"ကမ္ဘာပေါ်မှာ ဒီလိုပန်ကိတ် လည်း ရှိသေးတယ်လား အရမ်းအရ သာရှိလွန်းတယ်"
"တကယ်ကို အရင်က ငါဒီလို ပန်ကိတ်မျိုး မစားဖူးဘူး။ငါ ဒီလမ်းကို နေတိုင်းဖြတ်သွားနေတာကိုကွာ။ငါသာ ဒါကိူ စောစောရှာတွေ့ ခဲ့ရင်......."
"ညီအစ်ကို ပန်ကိတ်က အဲလောက်တောင် ကောင်းလို့လား"
ဖြတ်သွားတဲ့ လူတစ်ယောက်ဟာ အဖိုးကြီး စား နေတာကို ကြည့်ပြီး ပေးလိုက်တာပါ။
အဖိုးကြီး ဟာ ဖြတ်သွားတဲ့ လူကို ကြည့်လိုက်ပြီး စိတ်မပါစွာ ပြောလိုက်သည်။
"စားကြည့်"
ဖြတ်သွားတဲ့ လူဟာ ပန်ကိတ်ကို မြည်းကြည့်ပြီးတာနဲ့ ဘာစကား မှ ထပ်မပြောတော့ဘဲ သွားတန်ဆီ လိုက်ပါတယ်။
"ငါ့ကိုဆယ်ခု ပေးပါဦး"
............
ခနအကြာတွင်
"အားလုံးကို တောင်းပန်ပါတယိ ကုန်ကြမ်း ကပြတ်သွား ပါပြီ"
လင်းဖန်ဟာ ပန်ကိတ် ဘယ်နှလုံး ရောင်းလိုက်ရလဲ တောင်မသိလိုက်ပါဘူး။ဒီနေ့အလုပ်ဟာ တော်တော်ပို ကောင်းမွန်ခဲ့ပါတယ်။
"ဘာ....မဖြစ်နိုင်ဘူး.....ငါဒီမှာ မိနစ် လေးဆယ်လောက် စောင့်နေ ခဲ့တာကွ"
"ငါအခုဘဲ တစ်ယောက်ယောက်ရဲ့ ပန်ကိတ်ကို မြည်းကြည့်ခဲ့ပြီး အရမ်းစားချင် နေတာလေ ။အခုမရှိတော့ဘူးဆိုတော့ မင်းငါ့ကို
သတ်ဖို့ ကြိုးစားနေတာလားကွာ"
"ဟုတ်တယ် သူဌေးလေး မင်းဒီလိုလုပ်လိူ့ မရဘူးလေ။ မင်းအိမ်ကို ကုန်ကြမ်း ပြန်ယူမယ် ဆိုရင်ရော ဘယ်လိုလဲ။ငါတို့ ဒီမှာဘဲ စောင့်နေလိုက်မယ်လေ။ ညမအိပ်ရရင်လည်း နေပါစေကွာ"
လင်းဖန်ဟာ မျက်တောင် မခတ်ဘဲ သူတိုလကို ကြောင်ကြည့်နေလိုက်သည်။
လင်းဖန်ဟာ အခုအိမ်ကို ပြန်ပြီး စိတ်ထဲကို စစ်ဆေး ချင်နေခဲ့တာပါ။သူပန်ကိတ် ထပ်ပြီး မလုပ်ချင်တော့ပါဘူး။
"ကျွန်တော် တောင်းပန်ပါတယ်၊ မနက်ဖြန်မှ
ပြန်လာကြပါလားဗျာ။အရောအနှော တွေက အိမ်မှာ အချိန်ယူပြီး ပြင်ဆင်မှ ရမှာ ကြောင့်ပါ"
"ချီးဘဲ ဒါဆိုလည်း ငါ မနက်ဖြန်မှ ပြန်လာတော့မယ်"
"သူဌေးလေး ကျေးဇူးပြုပြီး မနက်ဖြန်တော့ ကုန်ကြမ်းကို လောက်အောင်ယူခဲ့ ပေးနော်။ငါဒီနေ့ကစပြီး မနက်စာကို ပန်ကိတ်ပဲ စားတော့မှာ မလို့ပါ"
"ငါရောဘဲ"
လက်းဖန်ကို တစ်ယောက်တစ်ခွန်း ပြောပြီးတာနဲ့ လူများဟာ အလျိုလျို ပြန်သွားကြသည်။တစ်ခါ စားပြီးသား လူများဟာ လည်း နောက်တစ်ခါ မစားရသဖြင့် စိတ်ပျက်နေကြသည်။
လင်ူဖန် ဟာ ဗေဒင်ဆရာ ထျန်ကို ပြုံးပြလိုက်ပြီး ဆိုင်ကို စတင် ပိတ်သိမ်းလိုက်သည်။မိန်းမလှ လေးတွေကတော့ အစောကြီး ကတည်းက ပြန်သွားကြပါပြီ။
သူဆိုင်ကို သိမ်းပြီးနောက်မှာ တော့ တွန်းလှည်းလေးကို တွန်းကာအိမ်ကို ဖြည်းဖြည်း ချင်း ပြန်လိုက်သည်။ပြန်ရောက်တာ နဲ့ လင်းဖန်ဟာ အိပ်ယာထဲမှာလဲပြီး ဒီနေ့ အဖြစ်အပျက်များကို ပြန်တွေးနေခဲ့သည်။
အရာရာ ဟာ ထူးဆန်းပြီးတော့ အိမ်မက် တစ်ခုလိုပါဘဲ။
......
အားလုံးပဲ ရှိသလောက် အားပေးသူလေး မျှော်နေမယ်ထင်လို့ အပိုင်း ၅ တင်ပေးလိူက်ပါတယ်ခင်ဗျ။အားလုံးကို ကိုယ်ချင်းစာပါတယ် ပုံမှန်ဆို တစ်နေ့တစ်ပိုင်းဆိုရင်တောင် ဖတ်ရတာ အားမရကြဘူးလေနော်။ ဖတ်ပြီးတဲ့လူတွေက လည်းပေ့လေး လူများလာပြီး စည်ကားအောင် ဝိုင်းရှဲပေးကြရမယ်နော်🙏🙏🙏