စွယ်စုံကျမ်း၏ စွမ်းအား
Vol. 1 Ch. 6
"စွမ်းစုံကျမ်းလား? ဒါကကောင်းကင်ဘုံက လက်ဆောင်ပေးလိုက်သလိုဘဲ မှန်းစမ်း ဖတ်ကြည့်ရအောင်"
"စွမ်စုံကျမ်းကြီး ထွက်လာခဲ့စမ်း"
လင်းဖန် လက်နှစ်ဘက်ကို ဖြန့်ရင်းအော်လိုက်သည်။
သို့ပေမဲ့အချိန်အကြာကြီး ကြာတာတောင် ဘာမှဖြစ်မလာခဲ့ပါဘူး။ လင်းဖန်ဟာ လက်ကို ပြန်ရုတ်လိုက်ပြီး မျက်လုံးကို မှိတ်လိုက်သည်။
ရုတ်တရက် သူ၏ စိတ်ထဲတွင် ကြီးမားလှသည့် စွမ်စုံကျမ်း ကြီးပေါ်လာခဲ့ပါတယ်။
"သေချာကြည့်ရင်တော့ ဘာမှထူးခြားတဲ့ပုံမပေါ်ပါလား၊ ငါအထဲကိူ စစ်ဆေးကြည့်ရမယ်"
လင်းဖန်ဟာ အနည်းငယ် စိုးရိမ်နေခဲ့ပါတယ်။သူဒီလောက အဖွဲအစည်းတွေအကြောင်းအသိဆုံးပါ။အကယ်၍ လင်းဖန်မှာသာ စွမ်းစုံကျမ်းရှိမှန်း သိရင် နည်းလမ်းပေါင်းစုံသုံးပြီး လာလုကြမှာဖြစ်သည်။
"ငါ့လုံခြုံရေးအတွက် ငါဒီအကြောင်းကို ဘယ်သူကိုမှ မပြောတာကောင်းတယ်။မဟုတ်ရင် ငါအသတ်ခံရနိုင်တယ်"
"စွယ်စုံကျမ်းမှာ ဘယ်လိုစွမ်းရည်မျိုးတွေ ရှိတာလဲ"
လင်းဖန်သည် ပထမ စာရွက်ကို လှန်လိုက်သည်။မာတိကာ များတောင် သူမတွေ့ရပါဘူး။သူမျက်မှောင်ကျုတ်ပြီး အချိန်အကြာကြီး စဥ်းစားနေခဲ့ပါသည်။
...........
စာမျက်နှာ ၁ : နတ်ဘုရား ပန်ကိတ်
စာမျက်နှာတွင် အရသာအလွန်ရှိပုံပေါ်မည့် ပန်ကိတ် ပုံများဖြင့် ပြည့်နေခဲ့သည်။စာမျက်နှာ၏ အောက်ခြေတွင် အမှတ်အသား စာသားများလည်း ရှိသည်။စာသားများဟာ ပန်ကိတ်ရဲ့ မူလဖြစ်တည်လာပုံနှင့် လာဝယ်ကြသည့် လူများအကြောင်းရေးသားထားတာပါ။
သူဟာ နောက်တစ်ရွက်ကို ထပ်လှန်လိုက်ပါသည်။
ဒုတိယစာရွက် ၊ တတိယ စာရွက် တွေက အလွတ်တွေသာဖြစ်သည်။
လင်းဖန် စာအုပ်ရဲ့ နောက်ဆုံးစာရွက်ကို တစ်ခါတည်းတန်းလှန် လိုက်ပါတယ်။စာရွက်က အလွတ်ကြီး ပါဘဲ။ သို့ပေမဲ့ ခနကြာတဲ့ အချိန်မှာ စကားလုံးများ ပေါ်လာပြီး မာတိကာ အဖြစ်ပြောင်း သွားသည်။
"ဘယ်လိုဟာသမျိုးလဲဟ ၊ ဒီလိုပေါကြောင်ကြောင်စာအုပ်ကို ဘယ်သူဖန်တီးထားတာလဲ ငါတကယ်သိချင်တယ်။မာတိကာ ကိုပထမ စာရွက်မှာ မထားဘဲ နောက်ဆံူး စာရွက်မှာ ထားရမယ်လို့ သူဘယ်ကသင်လာတာလဲ"
လင်းဖန် ဟာ စိတ်လှုပ်ရှာနေခဲ့ပါသည်။သူသာ လျောက်လှန်မနေရင် မာတိကာ စာရွက်ကို တွေ့လိူက်မှာတောင် မဟုတ်ပါဘူး။
လင်းဖန် သေချာကြည့်လိူက်သည့် အချိန်တွင် ခေါင်းစဥ်များကိူ စာလုံးသေးသေးလေးများဖြင့် ရေးသားထားတာကို တွေ့လိုက်ရပါတယ်။သူထပ်လှန်လိုက်သည့် အချိန်တွင် များစွာသော မာတိကာ များကို တွေ့နေရပါတယ်။
ကမ္ဘာကြီးပေါ်မှာ ရှိတဲ့ အစားအသောက်ကောင်းတွေ အများကြီးပြသထားပါတယ်၊ အဲ့ထဲမှ တစ်ခုဟာ တော့ နတ်ဘုရား ပန်ကိတ်ပါ။မတူညီတဲ့ အစားအသောက်တွေမှာ မတူညီတဲ့ အဆင့်အတန်းတွေရှိနေခဲ့သည်။လင်ဖန်ဟာ သူ့ဘဝကြီး ပိုမိုစိတ်ဝင်စားဖို့ကောင်းလာတာကိူ ခံစားလိူက်ရပါတယ်။
တခြား ခေါင်းစဥ်များလည်း အများအပြားကို တွေ့နေရသည်။သိုင်းပညာ၊ သီချင်း၊ ဘာသာစကား၊သိပ္ပံ ၊ အနုပညာ ၊ သချ်ာ၊ဆေးပညာ၊ ဒရမ်မာ ၊ သီချင်းဆို ပညာစသည်ဖြင် တွေ့ရပြီး များစွာကျန်နေသေးသည်။
လင်းဖန်ဟာ မာတိကာ တွေအများကြီးကို တွေ့ရပြီး စိတ်လှုပ်ရှားနေခဲ့ပါတယ်။သူခနနားလိုက်ပြီး ဆက်ဖတ်ကြည့်လိူက်တဲ့ အချိန်မှာ သူကို ဆွံ့အ သွားစေမဲ့ ခေါင်းစဥ်တစ်ခုကိုတွေ့လိုက်ရသည်။
"ဒါကြီးက သဘာဝကို လွန်ဆန်သွားပြီ မဟုတ်ဘူးလား"
ခေါင်းစဥ်တွေဟာတော့ ရှေးဟောင်းသိုင်းပညာ၊ အင်မောတယ် ၊ လက်နက်ပြုလုပ်သည့်အရှင်သခင် ၊ သူရဲကောင်း......
လင်းဖန်ဟာ ရုတ်တရက် သူ၏ အ၀ာအိမ်မှ လေးလှန်မူ ကိုခံစားလိုက်ရပြီး အသက်မရူနိုင်သလို ဖြစ်လာခဲ့သည်။
"ငါ အင်မော်တယ် ကိုသာ ဖွင်လိုက်ရင် ငါလူသား မဟုတ်တော့ဘူးလား?"
"ဒါက စွယ်စုံကျမ်း ရဲ့ မိတ်ဆက့်ဖစ်မယ်"
စွယ်စုံကျမ်း၏ ခေါင်းစ၌ များထဲတွင် စကြာဝဠာကြီး၏ လျိုဝှက်ချက် များလည်းပါဝင်နေပြီး စာမျက်နှာ များများ ဖွင့်နိုင်လေ ၊ ပိုပြီး ပညာရလေဖြစ်သည်။
စွယ်စုံအမှတ် :: မင်း မစ်ရှင်များကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်လျင် စွယ်စုံအမှတ်များ ရမည်။စွယ်စုံအမှတ် ရရန် တခြားနည်းလမ်းမှာ တခြားလူများကို မျှဝေပြီး ရနိုင်သည်။
စွယ်စုံအမှတ် အသုံးပြုခြင်း : စွယ်စုံအမှတ်ကိူ အသုံးပြူလျင် ကိူရွေးချယ်ထားတဲ့ စာရွက်ကို ဖွင့်နိုင်သည်။စွယ်စုံ အမှတ် မသုံးလျင် ကျပန်း အနေဖြင့် ပွင့်ချင်တဲ့ စာရွက်ပွင့် နိုင်သည်။
စစ်ဆေးမူ မစ်ရှင် : မစ်ရှင်လုပ်ပြီး အောင်မြင်လျင် အသိပညာ အသစ် စာရွက်များ ပွင့်နိုင်သည်။
ပထမဆုံး အသုံးပြုသူ ဖြစ်သည့် အတွက်အသုံးပြုသူ၏ မှတ်ဥာဏ်များဖြင့် ချိတ်ဆက်ပေးထားပါသည်။
အသုံးပြုသူ : လင်းဖန်
အလုပ်အကိုင် : ပန်ကိတ် အရောင်းသမားလေး
ပထမ စာမျက်နှာမှ အသိပညာ : နတ်ဘုရား အဆင့် ပန်ကိတ်
မစ်ရှင် : လူအနည်းငယ် စုပြုံလာရန် (မေအာင်မြင်သေး)
ဆုလာဒ် : ဒုတိယ စာမျက်နှာပွင့်ပြီး စွယ်စုံမှတ် ဆယ်မှတ်ရမည်။
နောက်ဆုံးတွင် လန်းဖန်ဟာ စွယ် စုံကျမ်း၏ လုပ်ဆောင်ပုံကို နားလည်လိုက်ပြီး ခံပြင်းနေခဲ့သည်။
"ချီးဘဲ ပန်ကိတ် အရောင်းသမားလေးတဲ့။ငါဘာလို့ ငါ့ရဲ့ အလုပ်ကို ပန်ကိတ်ရောင်းပြီးစခဲ့မိတာလဲ။ငါသာ ပေါကြောင်ကြောင် တရုတ်သိုင်းကားတွေကြည့် ပြီး လေ့လာနေရင် ငါ အင်မော်တယ် စာရွက်ပွင့်ချင်ပွင့်မှာ"
"အနည်းဆုံး ငါဘဏ်မှာ လုပ်တဲ့အလုပ်သမားဆိုရင်တောင် ငါဘဏ်နဲ့ သက်ဆိုင်တဲ့ စာမျက်နှာ ပွင့်လိမ့်မယ် ၊ ဒါဆိုငါ့ဆီကို ငွေတွေ မဝင်ပါနဲ့ ဆိုရင်တောင် ဝင်လာဦးမှာဘဲ"
လင်းဖန် သည် အိပ်ယာ ထဲတွင်လှဲနေပြီး ဝမ်းနည်းကြေကွဲ နေခဲ့သည်။
အချိန်တွေ ပြန်လှည့်မရမှတော့ လင်းဖန်ဟာ ပန်ကိတ်လေး အကောင်းဆုံးရောင်းချရန် ဆုံးဖြတ်လိုက်သည်။ မစ်ရှင်ကို အောင်မြင်အောင်လုပ်ပြီး စိတ်ဝင်စားစရာ စာရွက်လေးပွင့်ရန် မျှော်လင့်နေခဲ့သည်။သို့သော်လည်း ပထမ မစ်ရှင်အောင်မြင်ဖို့က မရေရာပါဘူး။
"လူအနည်းငယ် စုဝေးအောင်လုပ်ပါ ဟုတ်လား၊ မင်းပြောတဲ့ လူအနည်းငယ် ကဘယ်လောက်လဲရေးထားလေကွာ"
"မေ့လိုက်တော့ ၊ လောလောဆယ် ငါ ပန်ကိတ်လေး လုပ်ပြီး မြည်းကြည့်ရဦးမယ်။သူများတွေက တော့ တော်တော်ကြိုက်နေကြပုံဘဲ ။ ပန်ကိတ်က အဲလောက်တောင် ကောင်းလို့လား"
ယခုတော့ စွယ်စုံကျမ်းကြီးဟာ သူ့ဘဝ ရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ်လင်းဖန် လက်ခံထားခဲ့သည်။သူ ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောရန်ဆုံးဖြတ်ထားသည်။ သူ့ကို အေလီယန် နတ်ဘုရားတွေ ကယ်တင်လိုက်ကြောင်း ကမ္ဘာကြီးကို ပြောရန် စောက်ရူးအဖြစ်သတ်မှတ်နိုင်သည်။
သူသာ ကြိုးကြိုးစားစား လုပ်ကိုင်လျင် အင်အားကြီးလာနိုင်သည်။
"တော်လောက်ပြီ ၊ ပန်ကိတ်လေး လုပ်ကြည့်ရမယ့်အချိန်ဘဲ"
လင်းဖန်ဟာ လျောက်သွားလိုက်ပြီး ပန်ကိတ်ပြုလုပ်ရန်ပြင်ဆင်လိုက်သည်။ခနအကြာတွင်လင်းဖန် စိတ်လှုပ်ရှားသွားခဲ့သည်။
"ဝိုး အနံ့ကတော့ တကယ်ကို ရှယ်ဘဲ၊ အရသာကောင်းပါ့မလား စမ်းကြည့်မယ်"
လင်းဖန်ဟာ ပါးစပ်ကို ဟလိုက်ပြီး တစ်ကိုက် ကိုက်ကြည့်လိုက်သည်။
သူဆွံ့အ သွားခဲ့သည်။သူ့မျက်လုံးတွေကိုမှတ်လိူက်ပြီး ပါးစပ်ထဲတွင်ပျော်ဝင်နေတဲ့ အကောင်းဆုံး ပန်ကိတ်အရသာ လေးကို ခံစား နေရပါသည်။
"စောက်ရမ်းကောင်းလွန်းတယ် ၊ ငါလုပ်ထားတယ် ဆိုတာတောင် မယုံနိုင်ဘူး၊ ဘယ်သူလာလုပ်ပေးသွားတာလဲ"
လင်းဖန်ဟာ အံ့သြနေခဲ့ပြီး လေပေါ်ကို မြောက်တက်နေသလို ခံစားနေရပါတယ်။
နောက်ဆုံးတော့ သူ၏ ဆိုင်ရှေ့တွင် အမျိုးမျိုးဖြစ်ပျက်နေတဲ့ လူများကို ကိုယ်ချင်းစာနိုင်ခဲ့ပါပြီ။ ပန်ကိတ်ကိုက စောက်ရမ်း အရသာရှိနေခဲ့တာပါ။
"ငါဒီလို ပန်ကိတ်မျိုး လုပ်နိုင်မယ်လို့ မထင်ထားမဘူ။ မိုးကောင်းကင်က အသိပညာတွေ ငါ့ကို ပေးသနားခဲ့ပြီ"
လင်းဖန်ဟာ အိပ်ယာ ဘေးတွင်ထိုင်ကာ ပန်ကိတ်ကို အရသာခံစားရင်း အော်ဟစ်နေခဲ့ပါတယ်။
"ငါလင်းဖန် ရှန်ဟိုင်း မှာ အကောင်းဆုံး ပန်ကိတ် အရောင်းသမားလေး ဖြစ်စေရမယ်၊ ငါရဲ့ ပန်ကိတ်နဲ့ တစ်မြို့လုံးက လူတွေ ချစ်သူ ဖြစ်သွားစေရမယ်ကွာ"
"မဟုတ်ဘူး ဒီရည်မှန်းချက်က နည်းလွန်းတယ်၊ ငါ လင်းဖန် အရာရာ တိုင်းမှာ ကျွမ်းကျင်ပြီး ပိုက်ဆံတွေ အများကြီး ဝင်လာစေရမယ်။ငါ့ရဲ့ ကမ္ဘာကျော်မဲ့ အလုပ်တွေကို ဒီ ရှန်ဟိုင်း မြို့လေးကနေ ဂုဏ်ယူစွာစတင်မယ်"
လင်းဖန်ဟာ စိတ်ခှုပ်ရှားနေခဲ့ပါပြီ။ သူနောက်ဆုံးတော့ အနာဂတ်ရှိတဲ့ လူငယ်လေး ဖြစ်သွားပြီ ဖြစ်သည်။
"ကောင်လေး ၊ မင်းဘာတွေ လာအော်ဟစ်နေတာလဲ။ ပတ်ဝန်းကျင်ကို ဂရုစိုက်ပြီး မင်းအိမ်မက်တွေကို ဖင်ထဲ ခနထည့်ထားစမ်းပါ"
သူ၏ အိမ်နီးချင်း ဖြစ်တဲ့ အဖိုးဝမ် ဟာ လှမ်းအော်ပြောလိုက်သည်။
အရင်လင်းဖန် ကတော့ အမှန်ပင် မျှော်လင့်ချက်မရှိပါဘူး။ အခုတော့ အရာရာတိုင်းပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။
လင်းဖန် ပြန်အော်လိုက်ပါတယ်။
"ဒါငါ့ရဲ့ မဟာ အိမ်မက်ကြီးဘဲ ၊ ဒီတော့ ခင်ဗျား ပါးစပ်ထဲကို ကျွန်တော့်ရဲ့ ပန်ကိတ်တွေနဲ့ လာမထိုးထည့်ခင် ပါးစပ်ပိတ်ထားလိုက်တော့ ၊ အဖိုးကြီး"
"မင်း......."
"မေ့လိုက်တော့ အဖိုးဝမ် ၊ ခင်ဗျားမကြာခင် ကျွန်တော်ရဲ့ မဟာအောင်မြင်မူကြီးကို ရှန်ဟိုင်းမှာ တွေ့စေရမယ်"
"ကောင်းပြီ ၊ မဟုတ်လို့ကတော့ မင်းကို သင်ခန်းစာ ကောင်းကောင်းပေးပစ်မယ်"
အဲ့အချိန်တွင်ပဲ သူ၏ ဘေးနားလေးမှ အိုင်ဖုန်း ၄ အစုတ်လေးဟာ အသံထမြည်လာခဲ့သည်။
လင်းဖန်ဟာ သူကို ဘယ်သူမှ ဖုန်းခေါ်မှာ မဟုတ်မှန်းသိနေခဲ့ပါတယ်။ ဒါဟာ ဝီချပ် ဂရုမှ စာပို့သည့် အသံများဖြစ်သည်။
"ကျောင်းသားလေးတွေ ဒီကိုတစ်ချက်ဂရုစိုက် ငါတို့ အောက်တို့ဘာ ၁ရက်နေ့မှာ လူစုမှ ရမယ်။အဲ့နေက ငါတို့ ဆရာမ ရှား ရဲ့မွေးနေ့ပွဲ ရက်ပဲ။အားလုံး အဲဒီမှာ စုမယ်"
ဝီချပ် အသုံးပြုသူ အမည် "သူဌေးကြီး" ဆိုသည့် တစ်ယောက်ဟာ ပို့လိုက်တာဖြစ်သည်
"လူတိုင်းလာရမယ်နော်"
"အဲတာက ဆရာမ ရှား ရဲ့ မွေးနေ့ ပွဲဘဲ ။အရမ်းအရေးကြီးတယ် အဲ့နေ့မှာ လုပ်စရာရှိတဲ့ အလုပ်တွေ အကုန်လုံးကို ရက်ရွှေ့ထားလိုက်ကြ"
"မင်းရော ဘာလုပ်နေလဲ လင်းဖန် ၊ ပန်ကိတ်ရောင်းရတာ အဆင်မှပြေရဲ့လား။မင်းလာမယ်ဆိုရင် အဲ့နေ့ ရောင်းရမယ် ပိုက်ဆံကို နှစ်ဆ ငါပြန်ပေးမယ်ကွာ ဘယ်လိုလဲ"
"ဟားးဟားး"
"1"
"2"
လင်းဖန်ဟာ စာတွေကျလာတာကို မြင်နေရပြီး စာပြန်ရိုက်လိုက်သည်။
"မင်းငါ့ရဲ့ ပန်ကိတ် နှစ်ရက် ရောင်းရငွေ ကို ပေးချင်တယ် ဆိုရင်တော့ မင်းအိမ်တွေ ၊ ခြံတွေကို အရင်ရောင်းမှ ရမယ်"
"ဟား ဟားး လင်းဖန် မင်းက တကယ်ဟာသ ဘဲကွ"
"ရှန်ဟိုင်းက အလုပ်လုပ်ဖို့ကောင်း တဲ့နေရာမဟုတ်ဘူး၊ ငါ့ဆီကို လာခဲ့ ငါမင်းကို အလုပ်တစ်ခုပေးမယ်"
"မင်းတို့ လင်းဖန်ကို ဆက်မနောက်နဲ့တော့ ၊ ရှန်ဟိုင်းမှာ ရှင်သန်ဖို့ဆိုတာက လွယ်တာမဟုတ်ဘူးနော်။ဒါပေမဲ့ ရိုးရိုးသားသားပြောရရင် ငါတို့အကုန်က ငယ်ရွယ်သေးတယ်နော် ။ လင်းဖန် မင်းရဲ့ ဘဝ ငယ်ရွယ်တဲ့ အချိန်တွေကို ပန်ကိတ်ရောင်းရင်း ကုန်ဆုံးမလို့လား"
"ဝမ်ကျန်း မင်းကတကယ်စကားပြော ကောင်းတာဘဲကွ ၊ သူ့အလုပ် သိပ်မကောင်းပေမယ့်လည်း အောင်မြင်နိုင်ပါတယ်ကွာ
ရုပ်သံမှာပါ ပါလာနိုင်တယ်နော်"
"ရှန်ဟိုင်းမှ လူငယ်ကြယ်ပွင့် လေးတစ်ယောက် ပန်ကိတ်ရောင်းပြီး တစ်နေ့ ဒေါ်လာ ၁၀၀ ဝင်သည်တို့ ဘာတို့ပေါ့ကွာ"
"ဟား ဟားး လမ်းဘေးမှာ စျေးရောင်းလို့ တစ်နေ့ ဒေါ်လာ ၁၀၀ ဝင်ရင် ငါလည်း လာရောင်းမယ်ကွာ"
..........
လင်းဖန်ဟာ ဖုန်းကို ထပ်ပြီး ကြည့်ချင်စိတ်မရှိတော့ပါဘူး။
"အောတိုဘာ ၁ရက်မှ တွေကြမှာလား?၊ ငါအဲ့ကောင်တွေ ပါးစပ်ပေါက်ထဲကိူ ပန်ကိတ်ထိုးထည့်ဖို့ ထပ်မစောင့်နိုင်တော့ဘူး"
လင်းဖန် ဟာ ဘုရားသခင် ရဲ့့ကောင်းချီးပေးခံ ထားရတဲ့လူပါ။ သူတို့နဲ့ မတူပါဘူး။အချိန်ကတော့ ဂျူလိုင်လသာ ရှိပါသေးသည်။
"လောလောဆယ် အရေးကြီး တာကတော့ မနက်ဖြန်ကြရင် ငါပန်ကိတ်ရဲ့ စျေးနှုန်း ကိုမြင့်ရမယ်။ဒါမှမဟုတ် ငါ မလောက်မငှ ယူသွားရမယ်" ( lol )