မင်းကအရမ်းကို
Vol. 1 Ch. 7
ပြောရရင် တော့ မနက်ခင်း ငှက်သံများနဲ့ နွေးထွေးတဲ့ အချိန်လေးကို ရောက်ရှိလာခဲ့ပါပြီ။အရင်တုန်းပ လင်းဖန်ရဲ့ ပန်ပိတ်ဆိုင်လေးမှာ လူအကျဆုံးအချိန်တွေက မနက် ၇၊၈ နာရီ နဲ့ ညနေ ၄၊၅ နာရီတွေပဲဖြစ်ပါတယ်။
လင်းဖန်ဟာ တစ်ညလုံး စိတ်လှုပ်ရှားပြီး အိပ်မပျော်နိုင်ခဲ့ဘူးလို့တောင် ပြောလို့ရပါတယ်။
ကောင်ကင်ဘုံက နေပေးလိုက်တဲ့ လက်ဆောင်ကို တွေးလိုက်တိုင်း လင်းဖန်ဟာ မအိပ် ၊ မစား ဘဲနဲ့တောင် အားအင်တွေပြည့်လာသလို ခံစားနေရသည်။အကယ်၍ သူသာ ဒုံးကျည် တစ်ခုဆို လကမ္ဘာကို သီချင်းလေးဆိုပြီး ပြန်သန်း နေလောက်ပါပြီ။
မနေက အတွေ့အကြုံအရ လင်းဖန်ဟာ အရောအနှော ပါဝင်ပစ္စည်းတွေကို လုံလောက်အောင် ပြင်ဆင်လာခဲ့ပါတယ်။ ဒါက အခုနှစ်ရာ ပြင်ဆင်ဖို့ အေးဆေးပါပဲ။
သူဟာပျော်ရွင်စွာနဲ့ ရေချိုးပြီး လှည်းလေးကို တွန်းကာ ထွက်လာခဲ့လိုက်ပါတယ်။
"ငါ့ဘဝ ကြီးက နောက်ဆုံးတော့ အောင်မြင်မဲ့ အချိန်ကို ရောက်လာပြီ"
လင်းဖန်ဟာ သူ့ကိုသူ စိတ်ထဲတွင် တွေးနေခဲ့သည်။
"လင်းဖန် နင့်ကို ကြည့်ရတာ အိမ်က ထွက်လာတာနဲ့ ပျော်ရွင်နေတဲ့ပုံပဲ"
အန်တီ ဝမ်ဟာ လင်းဖန်ကို ရဲ့ ပျော်ရွင်နေတဲ့ပုံကို ကြည့်ပြီး နှုတ်ဆပ်လိုက်တာပါ။(အဖိုး ဝမ် နဲ့ အမျိုးလားမသိဘူး)
"အန်တီ ဝမ် ဒီရပ်ပိုင်း ကြည့်ရတာ ပိုပို ချောလာတယ်နော်"
လင်းဖန်က သူ့ရဲ့ အောင်မြင်နေတဲ့ အနာဂတ် ဘဝ ကြီးအကြောင်းကို တွေးရင်း ပျော်ရွင်စွာ ပြန် ဖြေလိုက်သည်။
"နင် ထီများ ပေါက်လာတာလား၊ ဘာလို့ ဒီနေ့ တက်ကြွနေရတာလဲ"
အန်တီ ဝမ်ဟာ ပြုံးရင်ပြန်ပြောလိုက်သည်။သူမဟာ အသက် ၅၀ ရှိနေပါပြီ ၊ ဒါကြောင့် သူမ လှပတယ် ဆိုတဲ့ မှတ်ချက်ကို တောင့် မေ့နေခဲ့ပြီ ဖြစ်သည်။
"ဟုတ်တယ် ၊ ထီပေါက်တယ် လို့ပဲ ပြောလို့ရပါတယ်"
လင်းဖန်ဟာ သူ့ရဲ့ စိတ်လှုပ်ရှား မူကိုတောင် မဖုံးကွယ်ထားပဲ တွန်းလှည်းကိူဟဆက်တွန်းနေခဲ့သည်။
လမ်းတစ်ဖက်ရှိ ကြယ်နီ မူလတန်းကျောင်း။
လင်းဖန် ရောက်တဲ့ အချိန်မှာတော့ အလွန်ကြီးမား သည့် လူအုပ်ကြီးကိူတွေ့လိုက်ရသည်။
"ချီးပဲ ၊ ဘယ်လိုတောင်တုန်းဟ ၊ အရင်တုန်းက ကျောင်းသားမိဘတွေ ဒီလောက်အများကြီး ကျောင်းလာမပို့ကြပါဘူး။ဒီလူတွေက မိဘ ဖြစ်ရအောင်လည်း ငယ်ရွယ်လွန်းသေးတယ်"
လင်းဖန်ဟာ စိတ်ရှုပ်ထွေးနေခဲ့ ပေမဲ့ သူ့ရဲ့ လှည်းကို ဆက်တွန်းနေခဲ့ပါသည်။ဒါပေမဲ့ သူ့ရဲ့နေရာနားမှာ သက်လတ်ပိုင်း လူကြီးကို လှမ်းတွေ့နေရပါတယ်။
"ချီးပဲ ဒီလူက မနေ့က ဟို ဘွားတော် ပြောသွားတဲ့ သူ့ယောကျ်ား ဆိုတဲ့ တစ်ယောက်ဖြစ်ရမယ်။သူတို့ ငါ့နေရာကို တကယ်လုချင်နေတာဘဲ"
လင်းဖန် စိတ်တိုသွားခဲ့သည်။ ဒါက အနိုင်ကျင့်နေသလိုပါဘဲ။
"သူလာပြီ ၊ သူလာပြီ ၊ သူဌေးလေးရောက်လာပြီဟေ့"
"လာပြီလား မနေ့က သူရောင်းတဲ့ ပန်ကိတ်ကိုစားပြီး ငါ တစ်ညလုံး ပန်ကိတ်စားတဲ့ အိပ်မက်တွေပဲ မက်နေခဲ့တာလေ"
"ငါရောဘဲ ၊ အဲဒါက အရမ်းအရသာရှိတယ်။မနေ့က သူ့ရဲ့ ပန်ကိတ်ကို စားပြီး တခြားဟာ တွေစားကြည့်တာ အမိှုက်လိုပဲ"
"သူဌေးလေးရေ ၊ မင်းဘာလို့ နောက်ကျ နေရတာလဲကွာ။ မင်းသာ နည်းနည်း ထပ်နောက်ကျရင် ငါတို့ ဗိုက်ဆာပြီး သေသွားတော့မှာ"
...........
လင်းဖန်ဟာ လူအုပ်ကြီး သူ့အနား ဝိုင်းလာတာကို ကြည့်ရင်း ဆွံ့အ နေခဲ့သည်။ပြီးတော့ လူကြီး တစ်ယောက်ဟာ သူ့မျက်နှာရှေ့ကို ဒေါ်လာတစ်ရာ အတင်းထိုးပေးနေပါတယ်။
"သူဌေးလေး ငါ့ပိုက်ဆံကို အရင်ယူထားလိုက်ပါကွာ၊ ဒေါ်လာတစ်ရာ နဲ့ ရသလောက်ပန်ကိတ် ငါ့ကိုပေး။ငါသာ ဒီနေ့ မစားရရင် အလုပ်သွားနိင်မှာ မဟုတ်ဘူး"
"ငါ့ကိုလည်းပေးပါဦး ၊ ဆယ်ခုလောက်"
"ငါ့ကို ၅ ခု"
"သုံးခုလောက်"
လင်းဖန်ကို ကာစတန်မာ ဒီလောက်အများကြီး လာပြီး စုဝေးတာ ပထမဆုံး အကြိမ်ပါ။သူငိုတောင် ငိုချင်နေပါပြီ။
"ပန်ကိတ်ရောင်းပြီး ဘဝမှာ မအောင်မြင်နိုင်ဘူးလို့ ဘယ်သူပြောတာလဲ၊ ဒီလူတွေအများကြီး ငါ့ ဆိုင်ဖွင်တာကို လာစောင့်နေကြတာ မတွေ့ဘူးလား"
လင်းဖန်ဟာ တွေး နေခဲ့သည်။
"လူတိုင်း ခနလောက် စိတ်ရှည်ကြပါ။ ငါ့ရဲ့ လှည်းကို အရင်တွန်းပါရစေဦး"
လင်းဖန် လူအုပ်ကြီး ကို စိတ်ငြိမ်ငြိမ်ထားရန် အရင်ပြောလိုက်သည်။
"ငါ့ကို ပန်ကိတ် အရင်ပေးပါလား ငါ့မှာ အချိန်သိပ်မရှိတော့ဘူး"
လူများဟာ ပန်ကိတ် ရရန် ဆက်လက် အော်ဟစ်နေခဲ့သည်။
လင်းဖန်ဟာ လည်း ဆွံ့အ နေခဲ့ပြီ ဖြစ်သည်။အိပ်မက် တစ်ခု ဟုတောင် ထင်နေမိသည်။လူထုကြီးဟာ ပန်ကိတ် တစ်ခု အတွက် စိတ်ရှည်ရှည် မထား နိုင်တော့ပါဘူး။
"ကောင်လေးတို့ စိတ်ရှည်ရှည် ထားကြ အရောအနှော တွေ မှောက်ကုနိမယ်နော်"
လင်းဖန် အမြန်ပြောလိုက်ရသည်။
"မင်းတို့ကြားကြတယ်မလား ၊ အရမ်းမတိုးကြနဲ့ ၊ အရောအနှောတွေ သာမှောက်ကုန်ရင် ငါတို့ တစ်ခုမှတောင် စားလိုက်ရမှာ မဟုတ်ဘူး။ငါလည်း မင်းတို့ ထက်တောင် စားချင်နေသေးတယ် ၊ ဒါပေမဲ့ ခနစိတ်ရှည် ကြပါဦး"
"ဖြည်းဖြည်း နဲ့ မှန်မှန်ဘဲ စိတ်မလှုပ်ရှားကြနဲ့ အားလုံး ......စိတ်အေးအေးထား ......စိတ်အေးအေးထား......စိတ်အေးအေးထားး"(😂lol)
ကြီးမားပြီး ဗရမ်းပတာ ဖြစ်နေတဲ့ လူအုပ်ကြီးနဲ့ အတူ လင်းဖန်ဟာ ပန်ကိတ် သည်လေးနဲ့ တောင် မတူတော့ပါဘူး။
"သူဌေးလေးရေ ..ဘာတွေကြောင်ကြည့်နေတာလဲ ...မြန်မြန်လုပ် ၊ လူအုပ်ကြီးက မင်းကို စောင့်နေကြတာ"
"ငါလာပြီ .. ငါလာပြီ"
လင်းဖန်ဟာ ပြန်တောင်မတုန့်ပြန်နိုင်ဘဲ အလျင်အမြန်လှည်းကို တွန်းသွားလိုက်သည်။သူကိုယ်တိုင်သာ အမြင်ရရင် ဒီလိုအခြေအနေမျိုးကို ယုံကြည်နိုင်မှာတောက် မဟုတ်ပါဘူး။
ပျံကျစျေးမှာ ရှိတဲ့ ဆိုင်ပိုင်ရှင် တွေအားလုံးဟာ လည်းကြောင်ပြီး ကြည့်နေကြပါတယ်။ပန်ကိတ်သည်က ဒီလောက် လူအုပ်ကြီးကို လှုပ်လှုပ်ရှားရှားဖြစ်အောင်လုပ်တာ သူတို့ဘဝ မှာ ပထမဆံူးမြင်ဖူးတာပါ။
ကလေးတွေကို ကျောင်းလာပို့ကြတဲ့ မိဘ တွေကလည်း အံ့သြနေကြပါတယ်။သူတို့ယာ ဒီလူတွေ ရူးနေပြီ လို့တွေးနေကြသည်။သူတို့ ကျောင်းစည်းကမ်း ထိန်းသိမ်းရေးကို သွားးတိုင်ချင်နေကြသည်။
"မိန်းမ ဘာတွေဖြစ်နေတာလဲ"
လင်းဖန်ရဲ့နေရာကို ယူပြီး တိုဟူး အချဥ်ဖောက် ရောင်းနေတဲ့ လူက သူ့မိန်းမကို မေးလိုက်တာပါ။
"အတုတွေ ၊ ဒါကအတုတွေ ဖြစ်မယ်။ရှင်သူ့နေရာကို ယူပြီးသွားပြီပဲ။အေးဆေးသာနေ၊ ဒီလူတွေ ဘယ်လောက်ကြာကြာ သရုပ်ဆောင်နိုင်မလဲ ကြည့်ရမယ်"
"စိတ်မပူနဲ့ ဒီနေရာက ငါ့ဟာဖြစ်သွားပြီပဲ။ငါကိူ့ သူ့ဖောက်သည် တွေကိုပါ ဆွဲဆောင်ပစ်လိုက်မယ်"
သက်လတ်ပိုင်းလူကြီးဟာ ရယ်ပြီး ပြောလိုက်သည်။
လင်းဖန် ဟာ သူ့နေရာတွင် ဝင်ယူနေသည့် သက်လတ်ပိုင်း လူကြီးကို ကြည့်လိုက်သည်။သက်လတ်ပိုင်း လူကြီးဟာလည်း လင်းဖန်ကို ပြန်ပြီး စိုက်ကြည့်လိုက်သည်။သူ့ကြည့်ရတာ ဖယ်ပေးမယ့်ပုံမပေါ်ပါဘူး။
"သူဌေးလေး ငါအရင်ရောက်တာနော် ဒေါ်လာတစ်ရာ ယူထားလိူက် ပန်ကိတ်ကိူ ရသလောက်ပဲပေး"
"ငါကဒုတိယနော်! အားလုံးပဲ တန်းစီကြပါ။ ဒီနေရာမှာ တစ်ယောက်နဲ့ တစ်ယောက် မတိုက်ခိုက်ကြနဲ့ ဦးနော်"
လူများဟာ စိတ်ရှည်ရှည်နဲ့ တန်းစီနေကြပေမဲ့လည်း လူတန်းကြီး ဆယ်မီတာလောက်ရှည်လျားပြီး ဗရမ်းပတာ နိုင်နေသည်။
လူတိုင်းနီးပါးဟာ မနေ့က လင်းဖန်ရဲ့ ပန်ကိတ်ကို ဝယ်စားခဲ့ကြပြီး ပထမဆုံးကိုက်တဲ့ အချိန်မှာ ဘဲ အရသာအောက် မှာ ကျရံှုးခဲ့ကြတာပါ။
သူတို့ တစ်ခြား ပန်ကိတ်တွေ စားကြည့်တော့လည်း အရသာ လုံးဝမရှိတော့ပါဘူး။သူတို့ တစ်ခုတည်း လိုချင်တဲ့ အရာက လင်းဖန်ရဲ့ ပန်ကိတ်ပါဘဲ။ယင်းကြောင့် သူတို့ဟာ မနက်အစောကြီး ထဲက အိမ်မှ ထွက်လာခဲ့ကြသည်။ သို့ပေမဲ့ လင်းဖန်ဟာ သူ့ဆိုင်ကိုတောင် မတပ်ဆင်ရသေးပါဘူး။သူတို့ စိတ်ရှည်ရှည်စောင့်ဆိုင်းရန်သာ တတ်နိုင်ခဲ့သည်။
မူးယစ်ဆေး၊ ဒါက မူးယစ်ဆေးလိုပဲ။နောက်ဆို ပန်ကိတ် မစားရတဲ့ နေ့ရက်တွေဟာ သူ့တို့အတွက် တစ်ခုခုလိုနေသလို ဖြစ်နေလိမ့်မည်။
ဒါဟာ စွယ်စုံကျမ်း မှ ဖန်တီးထားတဲ့ မှော်ဆန်သည့် နတ်ဘုရား ပန်ကိတ်ရဲ့ စွမ်းရည်တွေပါ။
လင်းဖန် ဆိုင်နေရာ ကိုရောက်တဲ့ အချိန်မှာဘဲ သူ့နေရာမှ လူကို လှမ်းပြောလိုက်သည်။
"ဒါကငါ့နေရာဘဲ မင်းပစ္စည်းတွေကို တစ်ခြားနေရာ ယူသွားလို့ရမလား"
"သူဌေးလေး ငါတောင်းပန်ပါတယ်။ ပန်ကိတ်အမြန်လုပ်ပေးလိူ့ရမလား ငါအလုပ်သွားရမှာ အချိန်မရှိတော့လို့ပါ"
"တောင်းပန်ပါတယ် ၊ ကျွန်တော်ဒီမှာ ရှင်းလင်းရမယ် ့ အရာ ရှိနေသေးလို့ပါ"
တိုးဟူး အချဥ်ဖောက် ရောင်းနေတဲ့ လူကြီးဟာ မျက်မှောင်ကျုတ်ပြီး ပြန်မေးလိုက်သည်။
"ဘာလို့လဲ?ဒီနေရာမှာ မင်းနာမည် တပ်ထားလို့လား။ဒီမြေကိုမင်းပိုင်တာလား။ဒီမြေကို မင်းပိုင်ဆိုင်ကြောင်း အထောက်အထားပြနိုင်ရင် ငါချက်ချင်းထွက်သွားပေးမယ်"
"ယီးပဲ ၊ ဒီမအိမ်လုံးက သူဌေးလေး ဆိုင်နေရာမှာ လာနေပြီး ငါတို့ကို အချိန်လာဆွဲနေတာပဲ။ ညီအစ်ကို တို့ ဒီ တိုဟူးအချဥ်ဖောက်ဆိုင်ကို ဝေးဝေး ပို့ပေးလိုက်ရအောင်၊ မဟုတ်ရင် ငါတို့ ပန်ကိတ်ဒီတစ်သက် စားရတော့မှာမဟုတ်ဘူး"
ခန္ဓာကိုယ် တောင့်တောင့်တင်းတင်းနဲ့ လူကြီးရဲ့ဦးဆောင်မူအောက် တွင် လူအုပ်ကြီးဟာ အလျင်အမြန်ပဲ တိုးဟူး အချဥ်ဖောက် တွန်းလှည်းကို အဝေးကြီး ကို ရွှေ့သွားကြသည်။
"မင်းတို့ဘာလုပ်တာလဲ"
သက်လတ်ပိုင်း လူကြီးဟာ အော်ဟစ်နေခဲ့သည်။
"မင်း မျက်လုံးမမြင်ဘူးလား"
လူအုပ်ကြီးဟာ စိတ်ဆိုးစွာ ပြန်ဖြေလိုက်သည်။ သူတို့ မိုးမလင်းခင် ကတည်းက လာပြီးစောင့်နေခဲ့တာပါ။ပန်ကိတ်စားရဖို့ ဘယ်အတားအဆီးကို မှ သူတို့ မထားနိုင်တော့ပေ။
သူတို့ စိတ်ရှည်မူတွေ ကုန်ဆုံးပြီး ဒေါသတွေဟာ သက်လတ်ပိုင်း လူကြီးအပေါ်ပုံကျ သွားနိုင်သည်။
လင်းဖန်ဟာ တည်တည် ငြိမ်ငြိမ်ပဲ လူအုပ်ကြီးကို ပြောလိုက်သည်။
"စောင့်ရတဲ့အတွက် စိတ်မကောင်းပါဘူး။ မကြာခင် ပန်ကိတ်တွေရစေရပါမယ် ၊ ခနပဲထပ်စောင့်ကြပါ"
စကားအနည်းငယ်ပြောပြီးနောက် လင်းဖန်ဟာ တွေးလိုက်သည်။
"ယောက်ျားတွေရဲ့ နှလုံးသားကို လှုပ်ခတ်နိုင်တာ အစားအသောက် ကောင်းတွေပဲတဲ့"
ကြည်ရတာ လင်းဖန်ဟာ သည်လူများ၏ နှလုံးသားကို လှုပ်ခတ်နိုင်သည့်ပုံပေါ်သည်။