← Chapters

အခန်း (၈)

Vol. 1 Ch. 8

အခန်း (၈)

Vol. 1 Ch. 8

ပန်ကိတ်ရဲ့ အနံ့ကြောင့်လူတွေဟာ လည်း လှုပ်လှုပ်ရွရွ ဖြစ်လာကြပါပြီ။

လေထဲတွင် ပန်ကိတ် ရဲ့ အနံ့လေးဟာ ပျံ့နှံ့နေပြီး လူတွေ အသက်ရူလိုက်တိုင်း ကြည်နူးမူကို ခံစားနေရပါတယ်။

"ဒါက တကယ်ကို မယုံနိုင်စရာ အရသာဘဲ၊အကြာကြီး စောင့်နေရတာ တန်ပါတယ်ကွာ"

*တစ်ကိုက်*

လူကြီးတစ်ယောက်ဟာ စိတ်လှုပ်ရှားနေခဲ့ပြီး ပထမဆုံးကိုက်လိုက်တဲ့ အချိန်မှာပဲ လင်းဖန်ကို အဆက်မပြတ်ချီးမွမ်းနေခဲ့သည်။

"ဒီလို ကျွမ်းကျင်တဲ့ စကေး နဲ့ဆိုရင် သူဌေးလေး မင်း ဝယ်သူမရှိမှာ ပူစရာ မလိူတော့ဘူး၊ငါဘယ်လောက်စားစား စားချင်နေတုန်းပဲ "

"ဒါက အနုပညာ တစ်ခုလိူပဲ"

လင်းဖန်ဟာ ဒါကို ကြားပြီး​ ပြုံးလိုက်သည်။ယင်းနောက် သူဟာ တခြားလူများကို ရှင်းပြလျှင် အမှတ်ရသည့် စွယ်စုံကျမ်း၏ စ ည်းမျဥ်းကိူ သတိရလိုက်သည်။

"ဒီပန်ကိတ်တွေရဲ့ မူရင်းက ထိုင်ဝမ်ကလေ၊ ကျွန်တော်က ဒါကို ကိုယ်ပိုင် နည်းနဲ့ ပြန်မွမ်းမံထားတာ"

လင်းဖန်ဟာ အတတ်နိုင်ဆုံး ရှင်းရှင်းလက်စလင်း ဖြစ်အောင် ရှင်းပြပေးနေခဲ့သည်။သူရှင်းပြလို့ အပြီးမှာတော့ သူ့ရှေ့က အဖိုးကြီးဟာ သူ၏ လက်ထဲမှ ပန်ကိတ်ကိုသာ စိုက်ကြည့်နေခဲ့ပါတယ်။

တခြားလူများဟာလည်း ဘာမှ စိတ်ဝင်စားမူမရှိတာကို တွေ့ရသည့် အခါလင်းဖန် အနည်းငယ် စိတ်ပျက်မိသည်။

"ဟေး...ဟေး....သူဌေးလေး မင်းပြောနေတာတွေ ငါတစ်ခုမှနားမလည်းဘူး ။ ဒါပေမဲ့ မင်းဒီမှာ စျေးရောင်းနေပေမဲ့ အဆင်ပြေပါတယ်ကွာ"

"ကောင်းပြီ"

လင်းဖန်လည်း ဘာမှ မတတ်နိုင်တော့ပါဘူး။တခြားလူတွေ နားမလည် ရင် လင်းဖန် ရှင်းပြတာတွေကလည်း အလကားပဲ ဖြစ်ပြီး၊ စွယ်စုံအမှတ်တွေလည်း ရနိုင်လိမ့်မယ် မဟုတ်ပေ။တစ်စုံတစ်ယောက်ကို ရှင်းပြရန်မှာ အမှန် ခက်ခဲလှပါသည်။

"အိုး ဟုတ်သားပဲ ပန်ကိတ်ရဲ့ စျေးနှုန်းက အခုကစပြီး ဒေါ်လာ ၂၀ ဖြစ်သွားပြီနော်"

လင်းဖန် ဒီအကြောင်းကို မေ့တောင်မေ့တော့မလို့ပါဘဲ ။ နောက်ဆုံးတော့ သူပြောလိုက်သည်။

"ပြသနာ မရှိဘူး ဒါက ဒေါ်လာ ၂၀ လေးပဲလေ။ ငါကတော့ ဒေါ်လာ တစ်ရာ ဆိုရင်တောင် ဝယ်ဦးမှာပဲ၊ အရသာက နတ်ပြည်ကို ရောက်နေသလိုပဲ မင်းဆိုင်မှာဝယ်ပြီးကတည်းက တခြားဆိုင်ကဟာ​ျွေ စားလို့မရတော့ဘူး"

"ဒီပန်ကိတ်ကို ကြည့်လိုက်ဦး အဆင့်တွေ အထပ်ထပ် ပါတယ် ၊ ဒါကတကယ် အနုပညာ ဆန်တာပဲ၊ ငါစားတောင် မစားရက်ဘူး"

*တစ်ကိုက်*

လူပြီးဟာ ပြောလိုက်ပြီး ပထမ ဆုံးအကိုက်မှာပဲ မျပ်နှာတွင် ကြည်နူးမူတွေ ပေါ်လာခဲ့ပါတယ်။

လင်းဖန်ဟာ အများကြီး ဆက်မပြောတော့ပဲ ပန်ကိတ်တွေကိုသာ ဆပ်လုပ်နေခဲ့သည်။အနည်းငယ် ပင်ပန်းပေမဲ့လည်း ပိုက်ဆံတွင်းကြီးပါ။

လင်းဖန်ရဲ့ မစ်ရှင်အတွက်ကတော့ ဒီလူအုပ်ကြီးဖြင့် သူကို အလွယ်တကူ အောင်မြင်စေလိမ့်မည်။သူ့မစ်ရှင်က လူအနည်းငယ် စုဝေးအောင်လုပ်ရမှာပါ။

လူငယ် အနုပညာ မဂ္ဂဇင်း ကုမ္ပဏီ မှာတော့။

"အာာ လူချောလေး နောက်ဆုံးတော့ ဆိုင်လာဖွင့်ပြီ"

ရုံးခန်းထဲရှိ ကောင်မလေး တစ်ယောက်ဟာ အော်လိုက်ပါတယ်။ အကုန်လုံးရဲ့ မျက်လုံးတွေကတော့ သူတို့ရဲ့ ဆန့်ပျင်ဘက်မှာ ရှိနေတဲ့ လင်းဖန်ရဲ့ ပန်ကိတ်ဆိုင်လေးကို ကြည့်နေကြတာပါ။

"လူတွေက ဘာလို့ ဒီလောက်များနေရတာလဲ၊ ငါတို့သွားတန်းစီ ရင်ဘယ်လောက်ကြာအောင် စောင့် ရမှာလဲ မသိဘူး"

"ဘေဘီလေး , ချင်းယီ ငါဗိုက်ဆာလို့ သေတော့မယ် ငါ့ကို ကယ်ပါဦး ၊ နင့်ရဲ့ အလှအပတွေကို သုံးပြီး လူချောလေး ကိုသွားဆွဲဆောင်ပေးပါလား၊ ငါ့အတွက်ပတ်ကိတ်ရအောင်"

ဟော်ဟန် ဟာ အင်အားတွေ မရှိတော့သည့် အသံဖြင့် လှမ်းပြောလိုက်ပါသည်။

"သွား သွား ရုပ်ရည် နဲ့ ဆွဲဆောင်မယ် ဆိုရင် အဲဒါနင်ပဲ ဖြစ်သင့်တယ်လေ။နင်က သူ့ပန်ကိတ် ဘယ်လောက် ကောင်းကြောင်းလဲ ပြောတယ် ၊ သူ့ရဲ့ ကျွမ်းကျင်မူတွေကိုလည်း ပြောတယ် ဒီတော့ နင်တို့ နှစ်ယောက်က အလိုက်ဖက်ဆုံးပဲ"

ကျောက်ချင်းယီ ဟာ ပြုံးပြီး ပြန်ပြောလိုက်ပါတယ်။ ယင်းနောက်သူမဟာ နှုတ်ခမ်းကို သပ်ပြီး တစ်ခုခု ပြန်တွေးနေခဲ့သည်။

"ဘယ်သူနောက်ဆုံးမှ သွားမှာလဲ? ငါတို့ အကုန်လုံးတစ်ချိန်တည်းသွားရင်ရော ဘယ်လိုလဲ အဲတာက သူ့ရဲ့ အာရုံစိုက်မူကို ပိုရလိမ့်မယ်ထင်တယ်"

မိန်ူကလေး တစ်ယောက်ဟာ ပြောလိုက်ပါသည်။

"လူအုပ်ကြီးကို ကြည့်ဦးလေ ငါတို့သွားလည်း ဘာမှ ထူးမှာမဟုတ်ဘူး။ငါတို့ အခြေအနေကို အရင်ကြည့်ကြမယ်၊ လူနည်းသွားမှ အမြန်သွားကြတာပေါ့"

သူတို့ဟာ လင်းဖန်ရဲ့ ဆိုင်လေးကို သာ စောင့်ကြည့်နေကြပြီး ဘယ်သူမှ အလုပ်လုပ်ဖို့ စိတ်မဝင်စားကြပါဘူး။

"အရသာက အရမ်းကောင်းတယ် ဒါနတ်ပြည်များလားကွာ"

လူကြီးတစ်ယောက်ဟာ ပန်ကိတ် သုံးလုံးကို ကိုင်ကာ ထွက်သွားခဲ့ပါသည်။ သူ့ပုံစံကတေယ့ ဘယ်လောက်စားစား မဝနိုင်တဲ့ ပုံပါပဲ"

တန်းစီနေသည့် လူများဟာ လူကြီးကို ငေးကြည့် ရုံသာ တတ်နိုင်ကြသည်။ပန်ကိတ်ရဒ့ အနံ့က တကယ် တောင့်ခံနိုင်ဖို့ ခက်ခဲလှသည်

လင်းဖန်ဟာလည်း ပန်ကိတ်ပြုလုပ်ရာတွင် ကျွမ်းကျင်လာပြီး တစ်ခုပြီးတစ်ခု ပြုလုပ်နေခဲ့ပါတယ်။

ဖြတ်လျောက်သွားသည့် လူများဟာ လညိး စိတ်ဝင်တစား လှမ်းကြည့်နေကြသည်။

တခြား ပျံကျစျေးမှ စျေးသည် များကလည်း မနာလိုစွာ ကြည့်နေကြပါသည်။သူတို့ဆိုင်တွေသာ လင်းဖန်လောက်ရောင်းကောင်းရင် တစ်နေ့ ဒေါ်လာ တစ်ထောင်လောက် ရောင်းရမှာပါ။

"ငါပန်ကိတ်စား လိူက်တာနဲ့ ခွန်အားတွေ ပြည့်လာသလိုပဲ"

"ငါ အလုပ်ကို မသွားတော့ဘူးလို့ ဆုံးဖြတ်ထားတာ ပန်ကိတ်စားလိုက်မှပဲ အားအငိတွေပြန်ပြည့်လာပြီ။အလုပ်သွားလို့ရပြီ"

"သူဌေးလေးရေ ကျေးဇူးပြုပြီး မင်းပျောက်ကွယ်မသွားပါနဲ့နော် ၊ ဆိုင်နေရာပြောင်းမယ် ဆိုရင်လည်း ငါတို့ကို အကြောင်းကြားပေးပါကွာ"

"ငါ့သူဌေး အတွက်လည်း တစ်ခုလောက်လုပ်ပေးပါကွာ ငါ အလုပ်နောက်ကျတဲ့ အကြောင်းပြချက် အနေနဲ့ ဝယ်သွားမှရမယ်"

..........

ဒီလူများ ပန်ကိတ်ကို စားကာ ဖြစ်သွားသည့် ပုံများကို တခြားလူများဟာ အံ့သြခဲ့ရသည်။

"ဒီပန်ကိတ်က ဒီလောက်တောင် ကောင်းလို့လား"

"ဒီလူတွေ ရူးများနေတာလား ၊ ဒါက ပန်ကိတ်လေးတစ်လုံးပဲလေ ၊ ဒါစားရတာ အဲလောက်ပျော်နေဖို့ လိုလို့လား"

"ငါမယုံဘူးကွာ တစ်ခုလောက်သွားဝယ်ကြည့်ရမယ်"

မယုံကြည်ကြတဲ့ လူများဟာ သူတို့ကိုယ်တိုင် စမ်းသပ်လိုနေကြပါတယ်။အဆုံးမှာတော့ သူတို့လည်း လင်းဖန်ရဲ့ ပန်ကိတ်ကို စွဲသွားကြရတာပါပဲ။

သူတို့ဟယ ပန်ကိတ်က ဒီလောက်အရသာရှိမယ် လို့ မထင်ထားကြပါဘူး။သူတို့ စားပြီးနောက် အကုန်လုံးကို နားလည်သွားကြပါသည်။

တခြားတစ်ဖက်မှာတော့ လင်းဖန်ဟာ ပိုပြီးယုံကြည်မူရှိလာခဲ့ပါပြီ။သူ့ဘဝကြီး ပြောင်းလဲလာတာ ခံစား မိရပါတယ်။လင်းဖန်ရဲ့ ဘဝကြီး ဟာ ပန်ကိတ်ရောင်းရင်း အောင်မြင်လာခဲ့ပါပြီ။

တော်ဝင်စျေးနန်းတော်ကြီးထဲမှာတော့၊ သက်လတ်ပိုင်းလူကြီးတစ်ယောက်ဟာ လေလံပစ်သည့် တုတ်တံ နှင့် ပစ္စည်းများကို ကိုင်ထားခဲ့သည်။

လင်းဖန်ရဲ့ ပန်ကိတ် လေလံ ပထမဆုံးစျေးကတော့ ဒေါ်လာ ၁၀၀၀ပါ။

လူအုပ်ထဲမှ လူများဟာတော့ ရူးသွပ်လာကြပါတယ်။

"ဒေါ်လာ တစ်သောင်း"

"ဒေါ်လာ တစ်သိန်း"

"ဒေါ်လာ တစ်သန်း"

"စည်ပင် အရာရှိ ဒီကို ရောက်လာပြီ ဟေ့ ပြေးကြတော့...."

ရုတ်ရက် ကြီးမားသည့် အသံကြီးဟာ လင်းဖန်ရဲ့ အိပ်မက်ကနေ နိုးထသွားစေခဲ့သည်။

"စည်ပင် အရာရှိလား?"

ချီးပဲ ***ပြေးရပြန်တော့မယ်

စည်ပင်အရာရှိတွေဟာ လင်းဖန် အကြောက်ရဆုံးသူတွေပါ။

အလုပ်တိုင်းတွင် သူတို့ အကြောက်ရဆုံးလူများရှိကြပါသည်။ လင်းဖန်လည်း တူတူပါပဲ

သူတို့ဟာ အရမ်းသန်မာကြပြီ အရင်တုန်းကဆို လင်းဖန်လည်း အကြာခန ဖမ်းခံရပါတယ်။ရှောင်ဖန်းထွက်သွား ခဲ့ တာလည်း ဒီလူတွေကြောင့်ပါ။အခုတော့ ရှောင်ဖန်း ဘာတွေလုပ်နေလည်း ဘယ်သူမှ မသိကြပေ။

လင်းဖန် လှည့်ကြည့်လိုက်ပါတယ်။

ကားအနည်းငယ် လာတာကို တွေ့နေရပြီး စည်ပင်အရာရှိလည်း ပါပါတယ်။ယူနီဖောင်း ဆင်တူနှင့် လူများဟာ ကားထဲမှာ ဆင်းလာခဲ့ကြပါသည်။

တခြား ပျံကျ စျေးသည် များဟာလည်း သူတို့၏ တွန်းလှည်းများ တွန်းပြီးတော့ ပြေးနေကြပါတယ်။

လင်းဖန် ဟာလည်း သူ့ရဲ့ ပစ္စည်းတွေကို အသည်းအသန် ထုပ်ပိုး လိုက်ပြီး ပြေးဖို့ ပြင်ဆင်ပါတော့တယ်။သူသာ ဖမ်းခံ ရရင်တော့ တကယ်မလွယ်ပါဘူး။

"သူဌေးလေးရေ ဘာမှားနေလို့လဲ"

"ဟုတ်တယ် ငါတို့ ပန်ကိတ်တောင် မလုပ်ပေးရသေးဘူးလေ"

"ဟုတ်တယ် သူဌေးလေး စိတ်မလူပ်ရှားပါနဲ့ အနည်းဆုံး ငါ့ရဲ့ ပန်ကိတ်လေး လုပ်ပေးခဲ့ပါဦးကွာ"

လင်းဖန်ဟာ ချွေးများပျံလာခဲ့ပါတယ်။စည်ပင်အရာရှိ က သူကို ဖမ်းတော့မှာပါ ဒါတောင် ဒီလူတွေက ပန်ကိတ်ကို ပဲစိတ်ဝင်စားနေကြပါတယ်။

"ကောင်လေးတို့ စည်ပင် အရာရှိက ငါ့ကို ဖမ်းဖို့ ဒီရောက်နေပြီကွ၊ နောက်တစ်ခေါက်ဆိုတာ ရှိပါသေးတယ် ငါလွတ်အောင် အရင်ပြေးမှ ဖြစ်မယ်"

"မဟုတ်ဘူး သူဌေးလေ .. မင်းဘယ်မှ မသွားရဘူး ငါတို့ ပန်ကိတ်သာ မစားရရင် မနက်ဖြန်အထိ ရှင်သန်နိုင်မှာ မဟုတ်ဘူး"

"ဟုတ်တယ် ပန်ကိတ်မစား ရရင် အလစ်ဂျစ် ဖြစ်လာမလားတောင်မသိဘူး"

လူအုပ်ကြီးဟာ ဝိုင်းလာခဲ့ပြီး လင်းဖန်ကိုဟဘယ်မှ မပြေးနိုင်အောင် ဝိုင်းလာကြပါတယ်။

"ငါ....ငါ..."

လင်းဖန် အရင် တုန်းကတော့ ဝယ်သူအများကြီးရှိလို့ ပျော်နေခဲ့တာပါ။ အခုတော့ သူ့ရဲ့ ကာစတန်မာတွေဟာ ဝန်ထုပ်ဝန်ပိုး ဖြစ်လာခဲ့ပါတယ်။

"ကောင်လေးတို့ ငါပြေးပါရစေ မနက်ဖြန်နေ့လည် အတိအကျ လာရောင်းပေးပါ့မယ်ကွာ"

လင်းဖန်ဟာ အတင်းတောင်းပန်လိုက်ပါတယ်။

ဒါပေမဲ့ သူနောက်ပိုင်း မြင်ရတာ တွေကြောင့် ဆွံ့အ သွားခဲ့သည်။

"သူဌေးလေး ကျေးဇူးပြုပြီး ငါတို့အတွက် တစ်ယောက် တစ်ခု လုပ်ပေးပါကွာ ဒါဆိုသွား ခွင့်ပြုပါ့မယ် နော် နော်"

လူအုပ်ကြီးဟာလည်း လင်းဖန်ကို တောင်းပန်နေခဲ့ပါတယ်။ သူတို့ ပန်ကိတ်စားဖို့ အကြာကြီး တန်းစီနေခဲ့ရတာပါ။

"ငါ....ငါ.."

လင်စဖန်ဟာ လှည်းဆီ အမြန်ပြန်သွားလိုက်ပြီး ပါဝင်ပစ္စည်းတွေကို လွင့်ပစ်ဖို့ လုပ်လိုက်ပါတယ်။ ဒါမှ သူဖမ်းခံ ရရင်လည်း ပြစ်ဒဏ် သက်သာမှာပါ။သို့ပေမဲ့

"သူဌေးလေး မင်းဘယ်မှ မသွားရဘူးနော်"

လူအုပ်ကြီးဟာ လင်းဖန်ကို အတင်းတားဆီးနေကြပါတယိ။

"မင်း မသွားရဘူး"

"ဟုတ်တယ် သူဌေးလေ မင်းငါတို့ကို ထားသွားလို့မရဘူးလေ"

စည်ပင် အရာရှိ နဲ့ သူ့လူများဟာ လည်း အခြေအနေကို မြင်လိုက်ပြီး တစ်ယောက်ကို တ၀်ယောက်ကြည့်ကာ ရယ်လိုက်ကြပါတယ်။

"မဆိုးဘူး တကယ်မဆိုးဘူး လူထုကအခုချိန်အခါမှာ တကယ်ကို တရားမျှတလာခဲ့ပြီ။အခုသူတို့က တရားမဝင် ပျံကျစျေးသည်ကိုတောင် ကူဖမ်းပေးနေကြတယ် ဘယ်လောက်ဂုဏ်ယူဖို့ကောင်းလဲ"

စည်ပင်အရာရှိ လီရှောင်ရှမ်း ဟာ အခြေအနေတွေကို ကြည့်ပြီး ပြောလိုက်တာပါ။သူဟာ မြို့သူ မြို့သားတွေကို ဂုဏ်ပြုစကားပြော ဖို့တောင် စဥ်းစားနေခဲ့ပါသေးတယ်။

လင်းဖန် အတွက်ကတော့ လုံးဝကို မတူပါဘူး။ ကောင်းကင်ကြီးကို ကြည့်ပြီး ငိုနေယုံသာ တတ်နိုင်ပါတော့တယ်။

......

All Chapters