အဲဒါက ဒီလောက်ကောင်းလို့လား
Vol. 1 Ch. 10
လင်းဖန် ဒီလူအုပ်ကြီးရဲ့ စွမ်းအားကိုနားလည်လိုက်ပါပြီ။မြို့ရဲ့ စည်းကမ်းထိမ်းသိမ်းရေး အရာရှိကိုတောင် သူတို့က ပြန်ပြီးတွန်းလှန် နိုင်ခဲ့ကြပါတယ်။
"သူဌေးလေးရေ မြန်မြန်လုပ်ပါတော့ကွာ ငါတို့ထပ်မစောင့်နိုင်တော့ဘူး"
"ငါတို့မှာ လိုက်လျောညီထွေ လုပ်ဆောင်နိုင်တဲ့ အစိုးရ ရှိနေတာပဲ"
"တကယ်တော့ ငါတို့တိုင်းပြည်က ပိုပိုပြီးကောင်းလာခဲ့ပြီ။ဒီအရာရှိက ပြည်သူတွေရဲ့ ဆန္ဒကို လေးစားပေးတယ်လေ။ ဒီလို ပြည်သူတွေကို အကြောင်းအကျိုး ဆီလျော်ပြီး ၊ မျှတစွာအုပ်ချုပ်တာက ကောင်းတဲ့ အလုပ်ပဲ"
"ဒီရှန်ဟိုင်းရဲ့ အရာရှိက တကယ်ချစ်ဖို့ကောင်းတာပဲ သူတို့က ရာထူးတိုးဖို့ တကယ်ထိုက်တန်တယ်"
............
လီရှောင်ရှမ်းဟာလည်း ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပါတယ်။ လွန်ခဲ့တဲ့ မိနစ်အနည်းငယ်တုန်းကဆိုရင် ဒီလူတွေက သူတို့ဆန္ဒအတိုင်းမလုပ်ရင် သူ့ကို သတ်တောင်သတ်တော့မယ့်ပုံစံမျိုးတွေနဲ့ပါ။
ဒီမှာလာကြည့်တဲ့ လူတစ်ချို့ဟာ လီရှောင်ရှမ်း ဘယ်လောက်လွမ်းမိုးနိုင်စွမ်းရှိလည်း သိကြပါတယ်။
မြင်ကွင်းက အရမ်းအံ့သြဖို့ကောင်းပါတယ်။
ကံကောင်းချင်တော့ မြင်ကွင်းတွေကို မှတ်တမ်းတင်ထားပြီးကြပါပြီ။မကြာခင် လူတိုင်းကြည့်လို့ရအောင် အင်တာနက်ပေါ် တင်ကြတော့မှာပါ။
ဒီဆိုင်ဟာ အရမ်းကောင်းမွန်လွန်းလို့ လူအုပ်ကြီး ဖြစ်တဲ့အထိရောင်းချ နေရတာပါ။လူအုပ်ကြီးဟာ လည်း လင်းဖန်ရဲ့ ပန်ကိတ်အတွက် စည်ပင် အရာရှိကိုတောင် စိတ်ပြောင်းသွားအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
လင်းဖန်လည်း ဘာလုပ်ရမလဲမသိတော့ပေ။စွမ်းစုံကျမ်းမှ ပန်ကိတ်လုပ်နည်း တစ်ခုကတောင် ဒီလောက်လူအုပ်ကြီး ဖြစ်အောင်ဆွဲဆောင် နိုင်ခဲ့ပါတယ်။တကယ်လို့ သူသာ ဟင်းမျိုးုံကို စွယ်စုံကျမ်းမှ နည်းအတိုင်းချက်ပြုတ်လျင် မတွေးရဲ စရာပါပဲ။
ဒီစွယ်စုံကျမ်းက အရမ်းပဲ အစွမ်းထက်လွန်းပါတယ်။ဒါပေမယ် ပန်ကိတ်ပဲ ရောင်းချ နေမယ် ဆိုရင်တော့ အချိန်ဖြုန်းသလိုဖြစ်နေမှာပါ။ဒါက သူ့ကို အင်မော်တယ် တောင် ဖြစ်လာနိုင်စေမှာပါ။ ဒီလိုမဖြစ်နိုင်ရင်တောင် အနည်းဆုံး သိုင်းပညာ တတ်မြောက်နိုင်ရင် အကောင်းဆုံး ပညာရှင်ဖြစ်နိုင်သည်။လင်းဖန်ဟာ စိတ်လှုပ်ရှားစွာနဲ့တွေးနေခဲ့ပါတယ်။
"ဟေး သူဌေးလေး ပန်ကိတ်ပို အရသာရှိအောင် ဘယ်လိုများ လုပ်တာလဲ"
တန်းစီ နေတဲ့ လူအုပ်ထဲမှ ကောင်လေး တစ်ယောက်ကမေးလိုက်တာပါ။
လင်းဖန်ဟာ လည်း ဒါကို ကြားတဲ့ အခါမှ ပျော်ရွင်စွာပဲ အမြန်ရှင်းပြလိုက်ပါတယ်။
* အမြန် *
"စွယ်စုံအမှတ် ၁ မှတ်"
ရှင်းပြပြီးတဲ့ အချိန်မှာပဲ လင်းဖန်ရဲ့ ခေါင်းထဲမှာ အသံမြည်လာခဲ့ပါတယ်။သူ့ ခေါင်းထဲမှာတော့ စွယ်စုံအမှတ်ဟာ ၂ ကို ရောက်သွားပါပြီ။
ဒါကတိုးတက်လာတာပါပဲ။လင်းဖန်ဒီလိုရှင်းပြရရင် လုံးဝကို မမောပါဘူး။
အရမ်းကို မွှေးကြိုင်လွန်းတဲ့ ပန်ကိတ် ရနံ့လေးဟာ ပေါ်ထွက်လာခဲ့ပါပြီ။
"ဒီ ရနံ့လေးပဲ! ငါတစ်နေ့လုံ ရူရမယ် ဆိုရင်တောင် ကျေနပ်နိုင်မယ် မထင်ဘူး"
လူအုပ်ကြီးဟာ အသက်ကို ပြင်းပြင်း ရူလိုက်ကြပါတယ်။ ဒီရနံ့ ဟာ သူတို့မှာ ရှိတဲ့ ဖိအားတွေ စိတ်ဖိစီးမူတွေကိုတောင် ပျောက်ကွယ်သွားသလိုပါပဲ။
အဲ့အချိန်မှာ သူတို့ ဘေးမှာရပ်နေတဲ့ စည်ပင်အရာရှိတွေတောင် နှာခေါင်း တရှုတ်ရှုတ် ဖြစ်လာခဲ့ပါတယ်။သူတို့က လင်းဖန် ရဲ့ လက်ထဲမှ ပန်ကိတ်တွေ ကို သာကြည့်နေခဲ့မခွာတမ်း ကြည့်နေခဲ့သည်။
ပန်ကိတ်က အရမ်းကို လှပလွန်းပါတယ်။
သူတို့သာ ယူနီဖောင်း လဲလို့ရရင် ချက်ချင်းလူအုပ်ကြီးထဲမှာ ဝင်တန်းစီလိုက်ပါတယ်။ဒါပေမဲ့ သူတို့ဟာ ယူနီဖောင်းဝတ်တွေနှင့်ဖြစ်သည့် အတွက် ဘယ်လောက် အနံ့ဘယ်လောက်မွှေးမွှေး တောင့်ခံနေကြရပါတယ်။
လီရှောင်ရှမ်း တောင်မှ ကျရံှုးလုနီးပါးပါပဲ။သူက ပန်ကိတ်ကို ကြည့်ပြီး ထိမ်းချုပ်မရွာတံတွေးကို မျိုချနေခဲ့သည်။သို့ပေမဲ့ သူ၏ ရာထူးနှင့် ဂုဏ်သတင်းကို ပြန်တွေးကြည့်ကာ စိတ်ကို တွန်ူလှန်နေခဲ့သည်။
သူ့ရဲ့နှလုံးသားထဲကတော့ စားချင်နေခဲ့တာပါ။ ရနံ့ဟာ မွေးကြိုင်လွန်းပြီး စားချင်စိတ်ကိုဖြစ်ပေါ်စေပါတယ်။
ဒါပေမဲ့ စည်းကမ်းထိန်းသိမ်းရေး အရာရှိတစ်ယောက်အနေနဲ့ တောင့်ခံမှ ကိုဖြစ်မှာပါ....
"အရသာရှိတယ် အရမ်းအရသာရှိတယ် ငါ့တစ်ဘဝ လုံး အိမ်မက် မပ်ခဲ့ရတဲ့ ပန်ကိတ်လေးပဲ။ငါဘာမှ ထပ်ပြီးမစားတော့ဘူး ဒီအရသာလေးကို ပါးစပ်ထဲမှာ ထိမ်းသိမ်းထားရမယ်"
ရှေ့ဆုံးမှာ တန်းစီနေတဲ့ လူငယ်လေးဟာ ပန်ကိတ်ကို စားလိုက်တာတဲ့ ထီပေါက်သလိုပဲ တတွတ်တွတ်ပြောနေပါတယ်။
အရမ်းကောင်းတာပဲ။
*အကြည့်*
စည်းကမ်းထိမ်းသိမ်းရေး အရာရှိနဲ့ သူ့လူတွေဟာ ရွှေရောင် နဲ့ အလွာသုံးလွှာ ပါဝင်သည့် ပန်ကိတ်ကို ကြည့်ပြီး တံတွေးများသာမျိုချ နေပါတယ်။
သူတို့ဟာ ပန်ကိတ်အောက်မှာကျဆုံးသွားပြီး ရနံ့က စားဖို့ကို လှုံ့ဆော် ပေးနေပါတယ်။ဒါပေမဲ့ သူတို့ဟာ အကောင်းမွန်ဆုံးတောင့်ခံ နေတုန်းပါပဲ။
ယင်းနောက် နောက်ထပ် ကာစတန်မာတစ်ယောက်လာခဲ့သည်။
"သူဌေးလေး အနှောက်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်။ မြန်မြန်လေး လုပ်ပေးပါလား"
ဒါကတော့ ဆရာဝန် တစ်ယောပ်ပဲ ဖြစ်ပါတယ်။
"ပန်ကိတ် ပြုလုပ်ပုံ အကြောင်းပို သိချင်သေးလား"
"မလိုတော့ပါဘူး သူဌေးလေး ပန်ကိတ်ရဖို့က အရေးကြီးဆုံးပါပဲ။ငါက နေ့လည်ကျရင် အရေးကြီးတဲ့ လူနာကို ခွဲစိတ်ဖို့ ရှိသေးတယ်
ငါအဲဒီကို ပန်ကိတ်ယူသွားချင်လို့"
ဆရာဝန်ဟာ လင်းဖန်ပန်ကိတ်ပြုလုပ်နေတာပို ကြည့်ပြီး ပြန်ဖြေလိုက်ပါတယ်။သူ
မနေ့က တစ်ခေါက် စားပြီးကတည်းက ဒီပန်ကိတ်ကို စွဲလမ်းသွားတာပါ။ သူ့မိန်းမကို ဲီအကြောင်းပြောပြ ပေမဲ့လည်း သူမက မယုံကြည်ပါဘူး။
မစားဘူးတဲ့ လူတွေအတွက်ကတော့ ပန်ကိတ်က ဒီလောက်တောင် အရသာ ရှိတယ် ဆိုတာ ယုံကြည်ဖို့ ခက်ခဲပါတယ်။
သို့ပေမဲ့ စားဖူးတဲ့ လူတွေကတော့ ကမ္ဘာအပြင်ကို ထွက်ဖူးသူများ ဖြစ်သွားကြပါပြီ။သူတို့ ပန်ကိတ်ကို စားလိုက်တဲ့ အချိန်မှာ နတ်ပြည်ကို ကိုရောက်သွားတဲ့ အတိုင်းပါပဲ။
လင်းဖန်ကတော့ စွယ်စုံအမှတ် ဟာ ရဖို့ ခက်ခဲမှန်းတွေးနေခဲ့ပါတယ်။သူရှင်းပြချင်ရင်တောင်မှဘဲ ဘယ်သူမှ စိတ်မဝင်စားနေခခဲ့ပါဘူး။
"ကောင်းပါပြီ ငါရဲ့ပန်ကိတ်က ဒီလောက်အသုံးဝင်မယ်လို့ မထင်ထားမိဘူး။မင်းရဲ့ခွဲစိတ်မူ အောင်မြင်ဖို့ ဆုတောင်းပေးပါတယ်"
"သေချာတာပေါ့ သူဌေးလေး ရဲ့ပန်ကိတ်ကိုစားပြီးတာနဲ့ သေချာ အာရုံစိုက်နိုင်လိမ့်မယ်"
ဒေါက်တာဟာ အပြုံးလေးနဲ့ ပြန်ပြောခိုက်ပါတယ်။
........
အချိန်တွေ ကုန်သွားခဲ့ပြီး ပန်ကိတ်ကိုလည်း တစ်ယောက်ပြီး တစ်ယောက် ရောင်းနေခဲ့ပါတယ်။ကာစတန်မာတွေဟာ ကျေနပ် နေတဲ့ အမူအရာတွေနဲ့ တစ်ယောက်ပြီး တစ်ယောက်ထွက်ခွား သွားနေကြသည်။
သူတို့ရဲ့ လက်ထဲမှာတော့ ပန်ကိတ်တွေကို ရွှေတွေလိုပဲ ဂရုတစိုက် ကိုင်ထားကြပါတယ်။
ဘေးနားက လာကြည့်တဲ့ လူတွေကတော့ မယုံကြည်ကြပေ။ ဒါက လုံးဝ အဓိပါယ် မရှိတဲ့ မြင်ကွင်းကြီးလိုပါပဲ။
"ပန်ကိတ် တစ်လုံးက ဘယ်လောက်အရသာရှိမှာ မလို့လဲ"
"ကောင်းပြီ လူတွေက မင်းရဲ့ ပန်ကိတ်ဆိုင် အရေးယူမခံရတာကို မြင်သွားကြပြီ ဒါကြောင့် မင်းငါတို့နဲ့ ခနလိုက်ခဲ့မှရမယ်"
လီရှောင်ရှမ်းဟာ လူရှင်းသွားတော့မှ ပြောလိုက်တာပါ။
"ဘာ??"
လင်းဖန်ဟာ ဒီစကားကို ကြားလိုက်ပြီး ကြောင်တောင်တောင် ဖြစ်သွားပါတယ်။
"ခေါင်းဆောင်လီ ဒါမဟုတ်သေးဘူးနော် ငါလုပ်တာဆိုလို့ မုန့်လေးပဲ ရောင်းနေတာလေ၊ တခြား ပြစ်မူကြီးတွေ ကျူးလွန်နေတာမှ မဟုတ်တာ ဘာလို့မင်းနဲ့ လိုက်ခဲ့ရမှာလဲ"
အရင်တစ်ေခါက်တွေ လင်းဖန် အဖမ်းခံရရင် လှည်းကိုပဲ ဖမ်းခံရတာပါ။ လူပါလိူက်သွားပြီး အဖမ်းခံ ရတယ်လို ထုံးစံမရှိပါဘူး။
ဒါက လုံးဝ ကို ယုတ္တိ မရှိပေ။
"ဒီလူကြောင် သွားတာလား၊ ဒါမှမဟုတ် သူတို့ငါ့ကို ရိုက်နှက်ချင်လို့ ခေါ်သွားမှာလား"
လင်းဖန် အခြေအနေတွေကို တွေးကြည့်နေပါတယ်။
"မင်းမှာ ဘာပြသနာ ရှိလို့လဲ?ငါတို့ ပြည်သူတွေရဲ့ ဆန္ဒကို အလေးထားတယ်လေ၊ အခုမင်းငါတို့ သဘောထား ကို လိုက်နာရမယ့် အလှည့်ပဲ၊ ငါတို့က မင်းကို မေးခွန်းနည်းနည်းပဲမေးမှာ ပြီးရင် မင်းသွားလို့ရပြီ"
လီရှောင်ရှမ်းဟာ ရုပ်တည်ကြီးနဲ့ ပြောလိုက်ပါတယ်။သူ့မျက်လုံးတွေကတော့ မြို့သားတွေ လက်ထဲမှာကိုင်ထားတဲ့ ပန်ကိတ်ကို သူကြည့်နေပါတယ်။သူ့စ်တ်ထဲမှာတော့
"ဒါကအဲလောက်တောင် အရသာရှိလို့လား၊ ချီးပဲ ဘာပဲဖြစ်ဖြစ် ခနနေရင် ငါလည်း စားရတော့မှာပဲ"😅
"ငါတို့ကျန်သေးတယ် ၊ မပိတ်ပါနဲ့ဦး..."
အဲ့အချိန်မှာပဲ ရှင်းလင်းတဲ့ အော်သံဟာ နေရာတစ်ခုလုံးကို လွှမ်းမိုးသွားပါတယ်။
လူတိုင်းဟာ အသံလာရာကို လှမ်းကြည့်လိုက်တဲ့ အချိန်မှာ မိန်းမလှလေး အုပ်စုဟာ ပန်ကိတ် ဆိုင်လေးဆီကို ပြေးလာတာ တွေ့နေရပါတယ်။
သူတို့ပြေးနေတဲ့ အချိန်မှာ သူတို့ရဲ့ ရင်သားတွေဟာ နိမ့်ချည် မြင့်ချည် နဲ့ တလှုပ်လှုပ်ဖြစ်နေခဲ့ပါတယ်။
* အကြည့် *
ဒီမှာရှိတဲ့ ယောက်ျား လေးတိုင်းဟာ ပါးစပ်အဟောင်းသားနဲ့ လှပတဲ့ မြင်ကွင်းကို ကြည့်နေကြပါတယ်။
လီရှောင်ရှမ်းကလည်း လှည့်ကြည့်လိုက်ပြီး စိတ်ရှုပ်သွားပါတယ်။ပြသနာ တစ်ခု ပြီးသွားတာနဲ့ နောက်တစ်ခုရောက်လာပြန်ပါပြီ။ဒီပန်ကိတ်က ဘယ်လို စောက်ကျိုးနဲ စွမ်းရည်တွေပိုင်ဆိုင်ထားမှန်း မသိတော့ပေ။
"ဒီ ပျံကျစျေးသည်က တရားမဝင် ရောင်းချနေတာ ငါတိူ့ ခနခေါ်သွားမှရမယ်။ မင်းတို့ ငါ့ရဲ့ တာဝန်ကို နားလည်မယ်ထင်ပါတယ်"
လီရှောင်ရှမ်းဟာ မိန်းကလေးတွေ အနားရောက်လာတာနဲ့ပြောလိုက်တာပါ။
"အရာရှိတောင်းပန်ပါတယ် အချိန်လေး နည်းနည်းပဲ ပေးပါလား"
ဟော်ဟန် ဟာ လီရှောင်ရှမ်းရဲ့ လက်ကို ဖက်ထားပြီး တောက်ပနေတဲ့ မျပ်လုံးတွေနဲ့ပြောလိုက်တာပါ။
ခုနကတုန်းက သူတို့ အားလုံး ရုံးခန်းထဲမှာ ရှိနေခဲ့တာပါ။စည်းကမ်း ထိန်းသိမ်းရေး အရာရှိ လာပြီး လင်းဖန် ကိုဖမ်းဖို့လုပ်တဲ့ အချိန်မှာ သူတို့လည်း နာကျင်ခဲ့ပါတယ်။
အစောပိုင်းတုန်းကလည်း လူအုပ်ကြီး ရှိလို့ သူတို့ လူရှင်းတဲ့အထိ စောင့်ဖို့ စီစဥ်ထားကြတာပါ။ စည်ပင်အရာရှိ လာပြီး ဖမ်းလိမ့်မယ်လို့ မထင်ထားခဲ့ပေ။
"တောင်းပန်ပါတယ် မိန်းကလေးတို့ ငါတို့က စည်းမျဥ်းတွေကိ လေးစားရမယ်။ ဒီပျံကျစျေးသည်ကို ဆက်ပြီးရောင်းချခွင့် မပြုနိုင်တော့ဘူး"
(သူတော်တော်စားချင်နေလို့ပဲ ဖြစ်မယ်🙄)
မိန်းကလေးတွေ ဘာမှ မပြောနိုင်ခင်မှာပဲ လီရှောင်ရှမ်းဟာ လက်ကို ဖယ်လိုက်ပြီး ကားထဲကိူ အမြန်ဝင်သွားလိုက်ပါတယ်။
* ကားစက်နိုးသံ *
"ငါ အသက်ဆတာင်မရှင်ချင်တော့ဘူး ၊ ငါအစောကတည်းက လာမယ်လို့ပြောသားပဲ ဘယ်သူမှ နားမထောင်ဘူးလေ အခုတော့ ဆိုင်က ပါသွားပြီ။ ငါဗိုက်ဆာ လိူ့သေတော့မယ်"
"အဲ့ ကျတ်သရေတုန်း အရာရှိ"
..........
လင်းဖန်ဟာလည်း ကားထဲကို ဆွဲခေါ်ခံရပြီး
ပါသွားခဲ့ပါတယ်။