ပထမ
Vol. 1 Ch. 11
ရှန်ဟိုင်းမြို့ ပြစ်မူထိမ်းသိမ်းရေး ဗျူရိုကရေစီ တွင်ဖြစ်သည်။ စည်းကမ်းထိမ်းသိန်းရေး စင်တာ လို့လည်း လူသိများသည်။
ကားတစ်စီးဟာ လမ်းဘေးတွင် ကားပါကင်ထိုး ခဲ့သည်။
လင်းဖန်ဟာ နောက်မှာ ကြိုးနဲ့ဆွဲလာတဲ့ သူ့ရဲ့လှည်းလေးကို အကူညီမဲ့စွာ ကြည့်လိုက်ပါတယ်။
"ခေါင်းဆောင်လီ ဒါကျွန်တော်ရဲ့ ပထမ ဆုံးအကြိမ်ပါ ကျွန်တော် ဒဏ်ငွေ ဆောင်ပြီး လွတ်ပေးနိုင်မလား"
လီရှောင်ရှမ်းဟာ လင်းဖန် ကိုကြည့်ပြီး လှောင်ရယ်လိုက်ပါတယ်။
"ဘယ်လိုလုပ်မင်းရဲ့ ပထမ ဆုံးအကြိမ် ဖြစ်နိုင်မှာလဲ ကောင်လေး။မင်းက ဝါရင့်နေတဲ့ ကောင်ဇိုးလေးပဲ၊ မင်းရဲ့ ဘော်ဒါ ဘယ်မှာလဲ။ဒီနေ့ သူ့ကို မမြင်ပါလား"
"သူထွက်သွားပြီ ၊ ဘာလို့လဲ ဆိုတော့ သူဒီလို ဖမ်းခံရတာတွေကို စိတ်ပျက်နေပြီလေ"
"မင်းကိုငါ အကြံဥာဏ်ပေးရရင် မင်း လျောက်လွာတင် မှတ်ပုံတင်ပြီး တရားဝင်ရောင်းချသင့်တယ်။ မင်းက ပြစ်မူကြီးတွေ ၊ ခိုးတာတွေ မလုပ်ဘူး ဒါပေမဲ့ မင်းရဲလုပ်ရပ်တွေက မြို့ရဲ့ပုံရိပ်ကို ထိခိုက်စေတယ်"
ခေါင်းဆောင် လီ ဟာ လင်းဖန်ကို တရားဝင်လုပ်ကိုင်ရန် ပြောဆိုနေသည်။
သို့ပေမဲ့ ခေါင်းဆောင်လီ မျက်လုံးခနခန ရောက်နေတဲ့ နေရာကတော့ လင်းဖန်ရဲ့ လှည်းကိုပါ။
"ကောင်လေး မင်းက ပန်ကိတ်လုပ်တာ တကယ် ကျွမ်းကျင်တာပဲ၊ လူတွေက မင်းရဲ့ ပန်ကိတ် အတွက် တိုက်ခိုက်မယ့် ပုံတောင်ရတယ်"
ဒါကို ကြားပြီးသည့် နောက်တွင် လင်းဖန်၏ နှလုံးသားထဲမှ ဂုဏ်ယူမူ နှင် ပျော်ရွှင်မူများ ပေါ်လာခဲ့သည်။ဒါပေမဲ့ သူဟာ နိမ့်ချပြီး ပြန်ဖြေလိုက်သည်။
"ခင်ဗျားက ကျွန်တော်ကို မြောက်နေတာပဲ၊ ဒါက အလုပ်သေးသေး လေးပါ"
"နိမ့်ချ မနေပါနဲ့ ကောင်လေး ငါ အရာရှိလုပ်လာတာ အတော်ကြာသွားပြီ ဒါမျိုး တစ်ခါမှ မမြင်ဖူးသေးဘူး"
ယင်းနောက် ခေါင်းဆောင်လီ ဟာ သူ၏ တပည့်တစ်ယောက်ကို လက်ဝှေ့ယမ်းပြီး မေးလိုက်သည်။
"ရှောင်ဝမ် ဗိုက်ဆာလား"
"ဟင်အင်း ဆျာ မဆာပါဘူး"
ရှောင်ဝမ်ဟာ မစဥ်းစားပဲ ချက်ချင်း ပြန်ငြင်းလိုက်သည်။
"ဟေး ရှောင်လီ မင်းရော ဗိုက်ဆာလား"
"အိုး ကျွန်တော် မနက်က စားလာပြီးပြီဆရာ ဒါပေမဲ့ အခုတော်တော် ဆာနေသလိုပဲ"
ရှောင်လီ ဟာ မဆာဘူးလို့ ဖြေတော့ မလို့ပါပဲ ဒါပေမဲ့ ခေါင်းဆောင်လီ ရဲ့ မေးခွန်းနဲ ပတ်သက်ပြီး တစ်ခုခု မှားနေတာ သတိထားမိလိုက်ပါတယ်။
ခေါင်းဆောင်လီက ဒါမျိုးတွေ စိတ်မဝင်စားပါဘူး။သူဟာ ဗျူရိုကရေစီ မှာ တခြားလူ စားပြီးပြီလား မပြီးသေးဘူးလား ကို ဂရုစိုက်တဲ့ သူမဟုတ်ပေ။ ဒါတစ်ခုခုတော့ မှားနေပါပြီ။
"ဒါသူ့ရဲ့ နောက်တစ်ဘက် မျက်နှာတစ်ခုလား"
အဲ့ အချိန်မှာပဲ ရှောင်လီ ရဲ့ မြင်ကွင်းထဲမှာ တစ်ခုခုတွေ့လိုက်ရပါတယ်။အဲဒါကတော့ လင်းဖန် ရဲ့ ပန်ကိတ် လှည်းလေးပါပဲ။
"အိုး....ငါသိပြီ"
ခေါင်းဆောင်လီ က လင်းဖန် ရဲ့ ပန်ကိတ်ကို စားရဖို့ ဂွင်ဆင်နေခဲ့တာပါ။
ရှောင်လီဟာ နားလည်သွားပြီး ခေါင်းဆောင်လီ ကိူ အမြန်ထပ်ပြောလိုက်သည်။
"ခေါင်းဆောင်လီ ကျွန်တော်ကတော့ ဗိုက်အတော်ဆာ နေပြီ ဒီနားဝန်းကျင်ကလည်း စတိုးဆိုင်လေး တစ်ခုတောင်မရှိဘူး"
ခေါင်းဆောင်လီ ကလည်း စိတ်ပျက်နေတဲ့ ပုံနဲ့ မျက်ခုံးတွန့်ကာ ပြန်ဖြေလိုက်သည်။
"ဟုတ်တယ် ရှောင်လီ ဒီနားမှာ အဲဒါက အဓိက ပြသနာအဲ"
သူတို့တွေ သရုပ်ဆောင် နေတာကို မြင်နေရပြီး လင်းဖန် သဘောပေါက်ဖို့ အချိန်အကြာကြီး မယူလိုက်ရပါဘူး။ လင်းဖန်ဟာ ချက်ချင်းဝင် ပြောလိုက်သည်။
"ခေါင်းဆောင်လီ မနက်စာ ဆိုတာ အတော်အရေးကြီးတယ်နော်၊ တကယ်လို့ ကျော်ွားရင် ကျန်းမာရေး ပြသနာတွေ ဖြစ်လာနိုင်တယ်။ ကျွန်တော် ပန်ကိတ်လေး လုပ်ပေးရင်ကော ဘယ်လိုလဲ အစာပြေ ဖြစ်သွားတာပေါ့"
"အိုး မင်းက အရမ်းကြင်နာ တတ်တာပဲ၊ ဒါက ငါတို့ စည်းမျဥ်းနဲ့ မကိုက်ညီပေမဲ့ ကျန်းမာရေးက ပိုပြီးအရေးကြီးတယ်လေ။ရှောင်လီကိုပဲ ကြညိ့ သူမက ဗိုက်ဆာခို့ မျက်နှာ တွေပါ ဖြူနေပြီ ၊ ဒါက သူမပို ကူညီ နိုင်လိမ့်မယ်"
ခေါင်းဆောင်လီ ဟာ အစကထဲက ဒီလိုဖြစ်အောင်ီစဥ်နေတာပါ။ အခုတော့ သူ့ကို ဘယ်အရာကမှ မတားဆီး နိုင်တော့ပေ။
ခေါင်းဆောင်လီဟာ လူအုပ်ကြီး ရှေ့မှာကတည်းက ပန်ကိတ်ကို စားချင်နေခဲ့တာပါ။
အဲ့အချိန်မှာ ပဲ လင်းဖန်ကို ဖမ်းဖို့ လိုက်သွားတဲ့ လူများဟာ ပန်ကိတ်အကြောင်းတွေး မိလိုက်ကြပါတယ်။ သူတို့ဟာ လူအုပ်ကြီး ကိုတောင် ပြန်မြင်ယောင် လာမိသည်။သူတို့က ပန်ကိတ်အတွက် အရာရာ တိုက်ခိုက်ရဲ့တဲ့ ပုံပေါ်နေခဲ့သည်။
"ကျွန်တော်လည်း ဗိုက်ဆာတယ်"
"ဟုတ်တယ် ကျွန်တော်လည်း မနက်စာ မစားရသေးဘူး"
"ဟုတ်တယ် ငါ ဒီနေ့မနက်တုန်းက ချွေးမ လေးက မအားလို့။ ငါလည်း မစားရသေစဘူး" (lol😂)
လူများဟာ ပန်ကိတ်အကြောင်း ပြန်တွေးလိုက်ကြပြီး လုပ်လက်စ အလုပ်များကို ချကာ ပန်ကိတ် လှည်းနားမှာ စုဝေးလာကြပ့့တယ်။
လင်းဖနိ ရဲ့ ပန်ကိတ်အကြောင်း မသိတဲ့ လူတွေကတော့ တစ်ချက်လောက်သာ လှမ်းကြဟ့်ပြီး သူတို့ အလုပ်ကို ဆက်လုပ်နေခဲ့ပါတယ်။
လူများဟာ ပိုပိုများလာခဲ့ပြီး လီရှောင်းရှမ်း လည်းရွေးချယ်စရာမရှိတော့ပါဘူး။သူဟာအကုန်လုံးကိူ အလုပ်ပြန်လုပ်ခိုင်းပြီး ပန်ကိတ် အဆင်သင့်ဖြစ်ရင် ခေါ်မယ် လိူ့ပြောလိုက်ပါတယ်။
ဘယ်သူမှ ခေါင်းဆောင်လီ ရဲ့ စကားပို မလိုက်နာပဲ မနေရဲပေ။သူတို့ဟာ ဖြည်းဖြည်းချင်း ပြန်ထွက်သွားပြီး ပန်ကိတ်ရရင် ခေါ်ဖို့ပြောနေခဲ့ပါတယ်။
"ငါလုပ်နိုင်ခဲ့ပြီ"
လီရှောင်ရှမ်း သူ့စိတ်ထဲကနေ တွေးလိုက်တာပါ။အခုတော့ လူအများကြီး စားနေကြတဲ့ ပန်ကိတ်ကို သူလည်း စားရပါတော့မယ်။
လင်းဖန်ဟာ လှည်းဆီကို လျောက်သွားလိုက်ပြီး ပြု်ဆင်ဖို့ လုပ်လိုက်ပါတယ်။သူတွေးနေတာကတော...
"ငါက တကယ်ကို ဂျီးနီးယပ် ပဲ။စည်းကမ်းထိမ်းသိမ်းရေး ရုံးမှာ စျေးရောင်ရမယ် လို့ မထင်ထားဘူး"
"လူတွေက ပန်ကိတ်လုပ်ဖို့ လွယ်တယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ အရသာရှိဖို့ ကျွမ်းကျင်မူတွေလိုတယ်"
လင်းဖတ်ဟာ ပန်ကိတ်လုပ်နေရင်ဂရုတစိုက်ရှင်းပြနေပါတယ်။
ဒါပေမဲ့ သူပြောနေတာကို ဘယ်သူမှ စိတ်မဝင်စားကြပါဘူး။သူတို့က ပန်ကိတ်ကိုပဲ စိတ်ဝင်စားကြတာပါ။
သူရှင်းပြပြီး တဲ့ အချိန်မှာတော့ ဘာ အမှတ်မှ တက်မလာခဲ့ပေ။
ဒီကမ္ဘာမှာ အစားအသောက်ကောင်းတွေ အများကြီး ရှိပေမယ့်လည်း ဘယ်သူမှ ဘယ်လိုလုပ်ရလဲ မေးမနေပါဘူး။ ကျွမ်းကျင်သူများကလည်း ထုတ်ပြောမည်မဟုတ်ပေ။
"သူများတွေနဲ့ ပါဝင်ပစ္စည်းချင်း တူတာတောင်မှပဲ ငါက ပန်ကိတ်ကိူ အရမ်းပောင်းအောင်ပြုလုပ်နိုင်တယ်။ ဒါက စွယ်စုံကျမ်း ရဲ့ အစွမ်းကြောင့်ပဲ ဖြစ်မယ်"
လင်းဖန် သူ့ဟာသူတွေးနေလိုက်တာပါ။
သိပ်မကြာတဲ့ အချိန်လေးမှာပဲ ပထမဆုံး
ပန်ကိတ်ဟာ ပြီးဆုံးသွားပြီး သင်းပျံ့ တဲ့ရနံ့ဟာ လေထဲကိုရောက်သွားခဲ့ပါတယ်။
အပေါ်ယံ ရွှေရောင် မျက်နှာပြင်ဟာ နေရောင်အောက်မှာ တောက်ပနေပါတယ်။
"မင်းရဲ့ ကျွမ်းကျင်မူတွေက အရမ်းကောင်းမွန်တာပဲ"
ခေါင်းဆောင်လီဟယ ချီးမွမ်း လိုက်ပြီး သူ့ရဲ့ မျက်လုံးတွေဟာတော့ လတ်ဆတ်တဲ့ ပန်ကိတ်အပေါ်သာ ကြည့်နေခဲ့သည်။
ပတ်ကိတ်မှာ အလွှာပေါင်းများစွာပါဝင်နေပြီး ၊၊ တစ်လွှာချင်းစီတိုင်းဟာ စက္ကူ တစ်ရွက်လိုပါပဲ။အမြင်နဲ့တင် တခြားပြိုင်ဘက်တွေကို အများကြီး ကျော်တက်သွားပါပြီ။
ဘေးနားမှာ ရှိနေတဲ့ လူတွေဟာလည်းပန်ကိတ်ရဲ့ ရနံ့ကို ရနေခဲ့ပြီး တံတွေးမြိုချ နေခဲ့ပါတယ်။
"ပထမ တစ်ယောက်အတွက် အဆင်သင့်ဖြစ်ပြီ"
လင်းဖန်ဟာ အော်လိုက်ပြီး ပန်ကိတ်ကို ကောင်တာပေါ်တင်လိုက်ပါတယ်။
အဲ့အချိန်မှာပဲ အချိန်ဟာ အေးခဲသွားခဲ့ပြီး၊ ဘယ်သူက ပထမဆုံး ကံကောင်းတဲ့ တစ်ယောက်ဖြစ်မလဲ လှည့်ကြည့်နေကြပါတယ်။
အဲ့အချိန်မှာ ဘဲ တစ်ယောက်ယောက်ဟာ ထပြောလိုက်ပါတယ်။
"ခေါင်းဆောင်လီ ဆရာပဲ အရင်စားလိုက်လေ"
"ဟုတ်တယ် ဆရာပဲ ဖြစ်သင့်တယ်၊ ကျွန်တော်ကို ဒီမနက်တော်တော် ပင်ပန်းထားတာ ဗိုက်ဆာနေပြီ"
လီရှောင်ရှမ်း လည်း ယဥ်ကျေး မနေနိုင်တော့ပါဘူး။နောက်ဆုံးတော့ သူပန်ကိတ်စားဖို့ အခွင့်အရေး ကရလာခဲ့ပါပြီ။
လီရှောင်ရှမ်းဟာ ပန်ကိတ်ကိူ ဂရုတစိုက် မလိုက်ပါတယ်။
"ပြီးပြည့်စုံ တဲ့ ပုံစံ ၊ ပြီးပြည့်စုံတဲ့ ရနံ့ ၊ ပြီးပြည့်စုံတဲ့ ခံစားမူ။ ငါလိုတာဆိုလို့ ပထမဆုံး တစ်ကိုက်ပဲ လိုတော့တယ်"
သူဟာ ပါးစပ်ကို ဟပြီး ပထမဆုံး တစ်ကိုက်ကိူ ကိုက်လိုက်ပါတယ်။သူ့မျက်လုံးများဟာ အရောင်လက်သွားပြီး ပထမဆုံး အကြိမ်က တကယ်မယုံနိုင်စရာပါပဲ။
*အကြည့်များ*
ပန်ကိတ်ဟာ သူ့ရဲ့ လည်ချောင်းထဲကို ရောက်သွားခဲ့ပါတယ်။
"ခေါင်းဆောင် အရသာ ဘယ်လိုလဲ"
"ခေါင်းဆောင် တကယ်စားရတဲ့ ခံစားချက်လေးပြောပါဦး"
........
လီရှောင်ရှမ်းလည်း ဆွံ့အ နေခဲ့ပါပြီ။သူခံစားနေရတာကတော့ ကောင်းကင်ထက်မှာ အတောင်ပံလေး ဖြန့်ပြီးပျံသန်းနေသလိုပါပဲ။
ပထမဆုံးကိုက်လိုက်တဲ့ အချိန်မှာပဲ အရသာဟာ ပါးစပ်ထဲ ကိုစိမ့်ဝင် သွားခဲ့ပြီး အျော်ရွင်မူတွေကို ပေးနေပါတယ်။
"မြွန် ......မြွန် ......မြွန်.."
သူပြောနိုင်တာ အဲလို ဗလုံးဗထွေး မသံတွေပါပဲ။
ဒီအသံတွေကို နားထောင်ပြီး လူတိုင်းဟာလညိး စားချင်လာခဲ့ပါတယ်။(lol)
အခုတော့ လီရှောင်ရှမ်းဟာ အစောက တွေ့ခဲ့တဲ့ လူအုပ်ကြီးကို ကိုယ်ချင်းစာနိုင်ခဲ့ပါပြီ။
ပန်ကိတ်က ဒီလိုအရသာ ဖြစ်နေမှတော့ သူတို့ ဆိုင်ကို အတင်းကာကွယ်နေတာ အံ့သြစရာ မရှိတော့ပါဘူး။
သူလည်း ပန်ကိတ်ကို နောက်တစ်ခါတွေ မစားရတော့ရင် လူအုပ်ကြီးလိုပဲ သောင်းကြမ်း မိပါလိမ့်မယ်။