ဒါကိုအောင်မြင်အောင်လုပ်
Vol. 1 Ch. 12
"အောက်မှာ ဘာတွေဖြစ်နေတာလဲ"
ရုံးပေါ်မှ အရာရှိများဟာ အောက်ကိုလှမ်းကြည့်ကာပြောလိုက်ပါသည်။
"ငါ့ကို တစ်ချက်လောက်ရိုက်စမ်းပါဦး၊ အရာရှိလီကို ကြည့်လိုက်ကြစမ်းပါ သူမုန့်စားလိူ့ ဖြစ်နေတဲ့ပုံကို ကြည့်ဦး၊ သုံးရက်လောက် အစာမစားရတဲ့ အတိုင်းပဲ ဟားဟား"
"ရိုးရိုးသားသားပြောရရင် သူ့ကိုကြည့်ပြီးငါတောင် ဗိုက်ဆာလာသလိုပဲ။အနံ့က တောင့်ခံဖို့ ခဲယဥ်းလွန်းတယ်"
"ငါတို့အောက်ဆင်းပြီး သွားကြည့်ကြမလား"
"သွားမယ်လေ"
အရာရှိများဟာ ရနံ့လာရာ အောက်ဘက်ကို ဆက်ကာလျောက်သွားလိုက်ကြသည်။
.....
"ဘယ်လောက်တောင် ကောင်းတဲ့ အရသာမျိုးလဲ"
"ငါဒါကို စားပြီး ကောင်းကင်ပေါ်ပျံနေတယ် လို့တောင်ထင်ရတယ်"
အောက်တွင် ကံကောင်းပြီး အနည်းငယ်စားလိုက်ရသည့် အရာရှိများဟာ ကျေနပ်နေကြပါတယ်။
တစ်ကိုက်ကိုက်လိုက်ယုံနဲ့ ပန်ကိတ်ဟာ ပါးစပ်ထဲတွင် အရည်ပျော်သွားပြီး အရသာများဟာ စိမ့်ဝင်သွားခဲ့သည်။
တစ်ယောက်ယောက်က ဒေါ်လာတစ်သောင်းနှင့် လာကမ်းလှမ်းလျှင်တောင် သူတို့ ပန်ကိတ် စားဖို့ကို လက်မလွတ်နိုင်ပေ။
ပန်ကိတ်ကိုစားလိုက်တာနဲ့ သူတို့နှလုံးသားထဲမှ စိတ်ကျေနပ်မူများကို ခံစားကြရသည်။သူတို့၏ စိုးရိမ်ပူပန်မူတွေဟာ လေထဲတွင် အငွေ့လို ကွယ်ပျောက်သွားပါတယ်။
လီရှောင်ရှမ်းဟာ လည်းမျက်လုံးကို မှိတ်ကာ ပန်ကိတ်ကို ဇိမ်ကျကျ စားနေခဲ့သည်။သူမျက်လုံး ဖွင့်ပြီးစကား အနည်းငယ်သာ ပြောနိုင်ပါတယ်။
"အရမ်းကောင်းလွန်းတယ် ၊ အကောင်းဆုံးထဲက အကောင်းဆုံးဘဲ"
ဒါကိုကြားပြီးနောက် လင်းဖန်ဟာလည်း ကိုယ်ကိုကို ဂုဏ်ယူမိသွားပါတယ်။
"ကြည့်ရတာ ခေါင်းဆောင်လီ ကို စိတ်မပျက်စေတော့ဘူးထင်တယ်"
"လုံးဝဘဲ ၊ ဒါက ငါမျှော်လင့်ထားတာထက်တောင် ပိုနေသေးတယ်"
"ငါဒါကို စားပြီးတဲ့နောက်တခြားဟာတွေ အရသာမရှိတော့မှာတောင် ကြောက်ရတယ်"
......
"ခေါင်းဆောင်လီ ဘာတွေလုပ်နေတာလဲ"
နောက်ထပ်လူများဟာ တဖြည်းဖြည်း စုဝေးလာခဲ့ပါပြီ။သူတို့အတွက် ပန်ကိတ်၏ ရနံ့ဟာ တွန်းးလှန်ရန် ခက်ခဲနေပြီး မစားရဘဲ ပြန်မသွားချင်ကြပါဘူး။
"ဒီမှာ နည်းနည်းရှိသေးတယ် ခင်ဗျားတို့ရော မြည်းကြည့်ကြဦးမလား"
လင်းဖန်ဟာ ပြောလိုက်ပြီးနောက် ကျန်ရှိနေတဲ့ လက်ကျန်အရောအနှောများနဲ့ ပန်ကိတ် များကို ကျွမ်းကျင်စွာထပ်လုပ်လိုက်သည်။
"ငါက ပန်ကိတ်ဆိုရင် တကယ်ကြိုက်တာ"
"မင်းသာငါတို့ကို တစ်ခုလောက် လုပ်ပေးရင် ဝမ်းမြောက်မိမှာ"
"ဟုတ်တယ် သူတို့တွေ အရမ်းကြိုက်နေကြတာကို ကြည့်ပြီး ငါလည်းစားကြည့်ချင်လာပြီ"
လင်းဖန်၏ ပန်ကိတ်ကိူ မစားဖူးကြတဲ့လူတွေဟာတော့ တခြားလူများ ဘာကြောင့် ဒီလိုဖြစ်ပျက်နေလဲဆိုတာ မစဥ်းစားတတ်ကြပေ။
သို့သော်လည်းသူတို့ ပထမဆုံး စကိုက်လိုက်တဲ့အချိန်မှာပဲ အကုန်လုံးကို နားလည် သဘောပေါက်သွားကြပါတယ်။ဒီပန်ကိတ်ကိုက ကောင်းလွန်းနေခဲ့တာပါ။
"ဒီအရသာက.."
"ငါ့ကိူတကယ် စိတ်မပျက်စေဘူး၊ စောက်ရမ်းကောင်းလွန်းတယ်"
သူတို့ဟာ ပထမဆုံးအကိုက်မှာ တုန့်ပြန်လိုက်ကြပြီးနောက် ဘာမှ ထပ်မပြောတော့ပဲပန်ကိတ်ကိူသာ ဂရုတစိုက် စားနေခဲ့ကြသည်။
ပန်ကိတ်ရဲ့ အရသာဟာ ကမ္ဘာအပြင်ဘက်ရောက်သွားသလို ကောင်းလွန်းလှသည်။
......
လီရှောင်ရှမ်း ဟာလည်းသူ၏ ပန်ကိတ်စားတာကို လက်စသတ်လိုက်ပြီး ကျေနပ်စွာနဲ့ခေါင်းညိမ့်လိုက်ပါတယ်။သူကအခုတော့ ပန်ကိတ်ကိူ တစ်နေ့တစ်ခါ မစားရဘဲ မနေနိုင်တော့ပါဘူး။
"လင်းဖန် ပိုက်ဆံတွက်လိုက်ဦး"
"ရပါတယ် ပန်ကိတ်တွေက အလကားကျွေးတာပါ"
ဘယ်သူမှ လင်းဖန်ပြောတာကို လက်မခံလိုကြပေ။ ပန်ကိတ်ရဲ့အရသာကကောင်းလွန်းပါတယ် ဒါကို သူတို့အလကားစားပြီး လူပါးမဝချင်ကြပါဘူး။ဒါကြောင့် ခေါင်းဆောင်လီက ငွေရှင်းဖို့ပြောနေတာပါ။
သူတို့ပန်ကိတ်စား လိုက်တာနဲ့ ပိုက်ဆံရှင်းရမယ်ဆိုတဲ့ အသိစိတ်လူတိုင်းမှာ ရှိကြပါတယ်။(ဝိုး)
"ငါတို့ မင်းရဲ့ကြင်နာမူကို လက်မခံပါရစေနဲ့၊ ငါတို့က စည်းကမ်းထိန်းသိမ်းရေး အရာရှိတွေဆိုပေမယ် ဒါက ငါတို့ရဲ့ အလုပ်တစ်ခုပဲေ လ။ကျေးဇူးပြုပြီး ဒီလောက်ကောင်းတဲ့ပန်ကိတ်တွေကိူ စျေးဘယ်လောက်ကျလဲ တွက်ပေးပါ။မင်းရဲ့ကြင်နာမူကို အသိအမှတ်ပြုပေမဲ့လည်း ငါကတော့မင်းကို ဒဏ်ငွေ ဒေါ်လာ ၅၀၀ ဖြတ်ပိုင်းပေးရဦးမှာပဲ၊ အလုပ်ကအလုပ်ပဲလေ"
ခေါင်းဆောင်လီ ဟာပြောလိုက်ပါတယ်။
"ခေါင်းဆောင်လီ ခင်ဗျားမှားနေပြီ၊ ကျွန်တော်ဒီမနက် ခင်ဗျားပြောတာကိုကြားပြီး စဥ်းစားမိသွားတယ်။ကျွန်တော့်လို လူငယ် တကယ် ဒီလို ပန်ကိတ် ပဲရောင်းမနေသင့်ဘူး။ဒါကြောင့် ကျွန်တော် တခြားအလုပ်ရှာတော့မယ် ဒီလှည်းကိုလည်း မလိုတော့ပါဘူး"
လင်းဖန်ရဲ့ အမူအရာကတော့ ဒီမနက် လီရှောင်ရှမ်းပြောခဲ့တဲ့ စကားတွေကြောင့် အမှန်တကယ် အလင်းပွင့်သွားတဲ့ ပုံပေါ်နေခဲ့ပါတယ်။
"မလုပ်ရဘူး...."
လီရှောင်ရှမ်းဟာ တွေဝေခြင်းမရှိပဲ ပြောလိုက်ပါတယ်။
"ဘာဖြစ်လို့လဲ"
လင်းဖန်ဟာ ကြောင်တောင်တောင်ဖြစ်သွားသည်။
"ငါလှည်းကို ပြန်မယူရင်တောင် သူငါ့ကို ဒဏ်ငွေ ဖြတ်ပိုင်းပေးဖို့ ကြံစည်နေတာလား"
အဟွတ် အဟွတ်
လီရှောင်ရှမ်းနဲ့ ကျန်တဲ့လူတွေပါ စားနေရင်း သီးချင်သလိုဖြစ်သွားကြပါတယ်။
"မဟုတ်ဘူးကောင်လေး ဒါရောင်းတာကလည်း တကယ် အနာဂတ်ကောင်း တွေရှိတယ်နော်၊ ဒီပန်ကိတ်က ဘယ်လောက်တောင် ဝင်ငွေကောင်းလိုက်မလဲ မင်းစဥ်းစားကြည့်၊ ဒီအလုပ်မှာ မင်းက ကျွမ်းကျင်ပြီး ပညာပါတယ်လေ။မင်းသာ လိုင်စင်တစ်ခုရှိရင် ဘယ်နေရာမှာ ဖွင်ဖွင့် အေးဆေးပဲ"
"ခေါင်းဆောင်လီ ကျွန်တော်ရဲ့ ဆိုင်လေးက လမ်းဘေးမှာဖွင့်တာလေ ၊ ဘယ်လိုလုပ် လိုက်စင်သွားလျောက်လို့ရမှာတုန်း"
လီရှောင်ရှမ်းဟာ ချောင်ပိတ်မိသလို ခံစားလိုက်ရပါတယ်။သူ ဒီကောင်လေးကို ပန်ကိတ်ရောင်းဖို့ ခွင့်ပြုပေးမှကို ရတော့မှာပါ။မဟုတ်ရင် သူဒီပန်ကိတ် ထပ်စားချင်တဲ့ အခါကျ ဒုက္ခလှလှ တွေ့တော့မှာပါ။
"ပုံမှန်အတိုင်းဆိုရင်တော့မဖြစ်နိုင်ဘူးလေ၊ စိတ်မပူနဲ့ မင်းက အခုပိုက်ဆံသာတွက်လိုက်"
"မဟုတ်ဘူး လိုင်စင်လုပ်တာက ကြာတယ်လို့ပြောကြတယ် ပြီးတော့ ကျွန်တော့်မှာလည်း ပိုက်ဆံ အများကြီး မရှိဘူး။ထားလိုက်ပါတော့ ကျွန်တော် အလုပ်အသစ်ပဲ ရှာလိုက်တော့မယ်"
လင်းဖန်ဟာ မျက်နှာငယ်နဲ့ ပြန်ငြင်းလိုက်ပါတယ်။
လင်းဖန်ရဲ့ စကားကိုကြားပြီး ကျန်တဲ့ လူများဟာလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပါတယ်။သူတို့ လင်းဖန်ရဲ့ ပန်ကိတ်ကို မစားဖူးသေးရင် တော့ဘာမှ မဖြစ်ပါဘူး အခုတော့ သူတို့ စားဖူးပြီးသွားပါပြီ။နောက်တစ်ခါသူတို့ စားချင်လို့ လင်းဖန် မရောင်းတော့ရင် စောက်ပြသနာပါပဲ။
"ခေါင်းဆောင်လီ ဒီအကြောင်းကို သူ့ကိုပြောမနေနဲ့တော့၊ သူ့အတွက်ကတော့ လိုင်စင်ရဖို့ ခက်ခဲမှာပဲ။ကျွန်တော် တို့ဘဲ နည်းနည်း လှုပ်ရှားပြီး ဖန်တီးပေးလိုက်ကြရအောင်" ( 😂 )
"ငါလည်းသဘောတူတယ် အရာရှိလီ ၊ လိုင်စဥ်ရဖို့က အဆင့်ဆင့်ဖြတ်သန်းရပြီး နည်းနည်းကြာလိမ့်မယ် ၊ ဒီကြားထဲ သူရောင်းလို့ရအောင် ယာယီ လိုင်စင် အရင်လုပ်ပေးထားလိုက်မယ်"
"အိုး ယာယီလိုင်စင်ဌာန မှာ့ ငါ့ဘောဒါ တစ်ယောက်ရှိတယ် အခုပဲ ငါသွားလုပ်ပေးလိုက်မယ်"
ကောင်လေးတစ်ယောက်ဟာ ပြောလိုက်ပြီး
ဗျူရိုကရေစီ ရုံးတစ်ခုစီ ဦးတည်ပြီး ပြေးသွားလိုက်ပါတယ်။
"ဟေး အဆင့်ဆင့် ဖြတ်သန်းတာကို ငါတို့ဌာနက ထိန်းချုပ်ထားတာ အဲကကောင်တွေကိူ ငါကမြန်မြန်လုပ်ဖို့ မှာလိုက်တယ် လို့ပြောလိုက်"
"ဒီကိစ္စကို ငါတို့နောက်မှ အစည်းအဝေးခေါ်မယ်၊ ဘာပဲဖြစ်ဖြစ် အခုကစပြီး ဒီပန်ကိတ်ရောင်းချမူက တရားဝင်ဖြစ်သွားပြီ"
လီရှောင်ရှမ်းဟာ ထပ်ပေါင်းပြောလိုက်ပါတယ်။
အချိန်ခနကြာတဲ့ အခါမှာကောင်လေး ဟာ ပြန်ရောက်လာခဲ့ပါတယ်။
"ရောဒီမှာ မင်းအတွက် ယာယီ ရောင်းချခွင့် လိုင်စင်ရပြီ"
သူဟာ လင်းဖန်ရဲ့ လက်ထဲကို ကမ်းပေးလိုက်ကာ ထပ်ပြောလိုက်သည်။
"ပန်ကိတ်ကိုပဲ ဆက်ရောင်းရမယ်နော်"
လီရှောင်ရှမ်းဟာလည်း ဒေါ်လာ ၃၀၀ ထုတ်ကာပေးလိုက်သည်။
"မင်းပန်ကိတ်ကိူပဲ ကြိုးစားပြီးရောင်း စာရွက်စာတမ်းတွေ အဆင်သင့် ဖြစ်ရင် မင်းဆီ ပို့ပေးလိုက်မယ်"
"ခေါင်းဆောင်လီ ဒါက ဥပဒေကို ချိုးဖောက်သလိုဖြစ်သွားမှာပေါ့"
လင်းဖန်ရဲ့ စိတ်ထဲတွင် အပျော်တွေ လွမ်းခြုံလာခဲ့သည်။သူဒဏ်ငွေ မပေးရယုံ သာမက သူတို့က လိုင်စင် ပါ လုပ်ပေးခဲ့ပါတယ်။
"စည်းမျဥ်းတွေကို လူကလုပ်တာလေ၊ ငါတို့လို အရာရှိတွေအနေနဲ့ အလားအလာရှိတဲ့ မင်းလို လူငယ်တွေကို အခက်မတွေ့စေချင်ဘူး"
"ကြိုးစားပြီး၊ ဒီလုပ်ငန်းကို ကျယ်ပြန့်အောင်သာကြိုးစားကွာ"
လီရှောင်ရှမ်ဟာ အချိန်အတော်ကြာ အောင် လင်းဖန်နဲ့ စကားပြောနေခဲ့ပါတယ်။
လူတိုင်း၏ မျက်လုံးအောက်တွင် လင်းဖန်ဟာ အလားအလာ ရှိသည့် လူငယ်တစ်ယောက်ဖြစ်ပါသည်။
"သူ့လှည်းကို ကားပေါ်တင်ပြီး အမြန်ပြန်လိုက်ပို့ပေးလိုက်"
လီရှောင်ရှမ် အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ ခေါင်းဆောင်"
လင်းဖန်လည်း ကားပေါ်တက်ပြီးသည့်အချိန်တွင် လီရှောင်ရှမ်းဟာ အနားကပ်ပြီး မေးလိုက်သည်။
"နေ့တိုင်း ဘယ်အချိန်တွေ ဖွင့်တာလဲ"
"မနက်ပိုင်းဆို ၇ ၊ ၈ နာရီလောက်မှာ ဖွင့်ပြီး ညနေဆို ၄ နာရီ ဝန်းကျင်မှာ ဖွင့်ပါတယ်"
"ကြယ်နီ မူလတန်းကျောင်းနားမှာဘဲမလား"
"ဟုတ် အဲ့နားမှာ ရှာလို့ရတယ်"
ယင်းနောက် လင်းဖန်ဟာ ကားပေါ်မှ ကောင်းကင်ကြီးကို ကြည့်လိုက်ပါသည်။ဘဝကြီးဟာ စောက်ရမ်း အံ့သြဖို့ ကောင်းလွန်းလှပါတယ်။
"အလုပ်ကြိုးစားကောင်လေး၊ ပန်ကိတ်ကိူအောင်မြင်အောင်လုပ်နော်"
"စိတ်မပူနော် ကျွန်တော် က မ္ဘာကျော်တဲ့ အထိကြိုးစားမှာ"
"မင်း လုပ်နိုင်တယ် ညီအစ်ကို ၊ ငါတို့ မင်းကိုစောင့်ကြည့်နေမယ်"
လင်းဖန်ရဲ့ ကားလေးဟာတော့ အားလုံး၏ မျက်စိရှေ့မှ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပါတယ်။