လေထုက အရမ်းကို
Vol. 1 Ch. 13
အင်တာနက်ရဲ့ ထိုးဖောက်မူတွေနဲ့ ဘယ်သတင်းမဆို ကမ္ဘာအနှံ့ကို ပျံနှံ့ဖို့ အရမိးလွယ်ကူပါတယ်။
ယနေ့ခေတ်မှာတော့ ဝိုက်ဘို နဲ့ ဝီချပ် အင်တာနက် စာမျက်နှာများဟာ ပျံ့နှံ့ဖို့ အလွယ်ကူဆုံးပါ။
ဒီနေ့မှာတော့ ထူးထူးခြားခြား တခြား အင်တာနက် စာမျက်နှာ တစ်ခုက ထင်ရှားနေပါတယ်။ယင်းဟာ လူထုကြီးကို တစ်ခါတည်းလွှမ်းမိုး နိုင်စွမ်းမရှိပေမဲ့ တဖြည်းဖြည် လာများလာခဲ့ပါတယ်။
လူတိုင်းဟာ ခေါင်းစဥ်ကိုမြင်ပြီး စိတ်လှုပ်ရှားသွား ကြတာပါ။
"ထူးဆန်းပြီး ၊ အံ့သြဖို့ကောင်းတဲ့ ရှန်ဟိုင်းလမ်းဘေးမှ အဖြစ်အပျက်တစ်ခု"
"လူငယ်လေးတစ်ယောက် လူအုပ်ကြီးနှင့်အတူ ပန်ကိတ်ရောင်းချမူ"
"နားလည်မူရှိတဲ့ စည်းကမ်းထိမ်းသိမ်းရေး အရာရှိဟာ ပျံကျစျေးသည်ကို ဆက်ရောင်းခိုင်းခြင်း"
လက်ရှိအောင်မြင်နေတဲ့ ယူစီ သတင်းဌာန ဟာလည်း ဒီသတင်း တွေကိုမြင်ပြီး ရှော့ရသွားခဲ့ပါတယ်။ဒီသတင်းတွေကြောင့် အင်တယနက် စာမျက်နှာ အသစ်တောင် တော်တော် ထင်ရှားလာခဲ့ပါပြီး။
ယူစီ သတင်းဌာနလည်း ဒီသတင်းတွေကို ကြားပြီး အရင်းအမြစ်နောက်ပို လိုက်ကာ ပန်ကိတ်ရောင်းတဲ့ကောင်လေးအကြောင်းသတင်းရေးဖို့ ပြင်ဆင်လိုက်ကြရပါတယ်။
ခေါင်းစဥ်တွေအနေနဲ့ကတော့၊ လူတွေဟာ ပိုပြီးတော့တောင် စိတ်ဝင်စားလာကြပါတယ်။
"ကြားဖြတ်သတင်း ၊ ပျံကျစျေးသည် လူအုပ်ကြီး နှင့် စည်ပင်အရာရှိတို့ ညှိနိှုင်းခြင်း"
"သတင်းအသစ် ၊ ဘယ်လို့ထူးဆန်းတဲ့ ပျံကျစျေးသည်ကများ လူအုပ်ကြီးကို ဆွဲဆောင်ပြီး စည်ပင်အရာရှိ လက်ကနေရှောင်ဖို့ကြိုးစားခဲ့တာလဲ"
သတင်းများဟာ လူထောင်ပေါင်းများစွာကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။
"ချီးဘဲ ယူစီ သတင်းဌာနက ကြားဖြတ်သတင်းက စောက်ဆန်းကြီးနော်၊ သတင်းအသစ်ကိုလည်း ကြည့်လိုက်ကြဦး"
"စည်ကမ်းထိန်းသိမ်းရေး အရာရှိတွေက ဘယ်တုန်းကစပြီး နားလည်မူရှိသွားတာလဲ၊အနောက်အရပ်ကနေ နေထွက်တော့မယ် ထင်တယ် ဟား ဟားး"
"စျေးသည်ကတော့ ငွေတော်တော် ဝင်မှာဘဲ"
"ဒါနည်းလမ်းမကျဘူးနော် လူတွေက ပန်ကိတ်အတွက်နဲ့ ဘာလို့ ဒီလောက်ဖြစ်ရမှာလဲ"
"သူတို့အနေအထား က လိမ်ညာနေတာမှန်းသိသာတယ်"
"တင်တဲ့ကောင်ရေ မင်းတို့ သတင်းဌာနက ကြားဖြတ်သတင်းအသစ်တွေ တင်တဲ့နေရာနော်၊ ဒါကသတင်းရော ဟုတ်ရဲ့လားကွာ ရုပ်ရှင်ရိုက်ကွင်းဖြစ်နေမယ်နော်....."
"စောက်ဆန်းကြီးဟ...."
"ဒါက ကြယ်နီ မူလတန်းကျောင်းရှေ့မှာ မလား တော်တော် အရသာရှိလို့ပဲဖြစ်မယ်"
"မင်းတို့သွားစားပြီး ငါ့ကိုကောင်းမကောင်း စာလာပို့ကြ"
"သြော် အေးအေး ....."
...........
စည်ပင်အရာရှိလာပြီဆိုတာနဲ့ ပျံကျစျေးသည်တွေ အကုန်လုံးဟာ အပြေးပြိုင်ပွဲတစ်ခု မှာ ဒိုင်က ဝစီမှုလိုက်သလို စပြေးကြရပါတယ်။ယင်းနောက် အရာရှိပြန်သွားပြီ ဆိုကာမှ သူတို့ပြတ်လာပြီး ရောင်းကြတာပါ။
ပျံကျစျေးသည်တွေအတွက်ကတော့ စည်ပင်အရာရှိနဲ့ တူတူပုန်းတမ်း တို့ စိန်ပြေးတန်း တို့ ဆော့နေကြပါ။(lol 😅)
တချိူ့စျေးသည်တွေဟာ လင်းဖန်ရဲ့ အဖမ်းခံရမူကိုကြားပြီးတော့ ဝမ်းသာလို့ မဆုံးပါဘူး။
"ဒီကောင်လေးက ငါနဲ့နေရာလုချင်နေတာ သူနဲ့ တကယ်ထိုက်တန်တယ်"
လင်းဖန်နဲ့ နေရာလုနေတဲ့ လူကြီးကပြောလိုက်တာပါ။
တခြားလူတွေကလည်း ဘာမှ ဝင်မပြောပေမယ့် ပြိုင်ဘက်တစ်ယောက်လျော့သွားတာကို ဝမ်းသာနေကြပါတယ်။လွန်ခဲ့တဲ့ ရက်တွေကဆို လင်းဖန်ဆီကို သူတို့ ဝယ်သားတွေပါ ရောက်ကုန်တာပါ။
"သူသာနောက်တစ်ခါ ငါနဲ့ပြိုင်ရဲရင် သင်ခန်းစာ ပေးပစ်မယ်"
လူကြီးဟာ တိုဟူး အချဥ်ဖောက်ဆိုင်ကိုပြင်ဆင်နေရင်းပြောလိုက်တာပါ။
"ခုနကတုန်ူးက အဲ့သတ္တိတွေ ဘယ်ရောက်နေတာလဲ"
မိန်းမကြီးဟာ သူယောက်ျား ပြောနေတာကြားပြီး လှမ်းပြောလိုက်ပါတယ်။
"ဒါက......"
"ဟိုမှာ ဟိုမှာ စည်ပင်အရာရှိပြန်လာနေပြီဟေ့"
စည်ပင်အရာရှိရဲ့ကားကို မြင်ပြီး စျေးသည်တစ်ယောက်ဟာ အော်လိုက်တာပါ။
"ဒီ မအိမ်လုံးတွေ ခုနကဘဲ လာခဲ့ပြီးပြီလေ၊ ဘာလို့ ထပ်လာကြတာတုန်း"
"သူတို့က ငါတို့ကို အလူပ်လုံးဝ မလုပ်စေချင်တော့တာ များလားကွာ"
"ဟုတ်တယ် ငါဒီနေ့မရောင်းရရင် စားဖို့တောင် မရှိတော့ဘူး"
"ငါ့လမ်းကို မပိတ်ကြနနဲ့နော်"
"ဘယ်သူကပိတ်နေလို့လဲ လမ်းအကျယ်ကြီးကို ကျော်သွားလိုက်"
ပျံကျစျေးသည်တွေ အကုန်လုံးဟာ သရဲကိူမြင်ရတဲ့ အတိုင်းဖြစ်နေကြပြီး ပစ္စည်းတွေ သိမ်းနေကြပါတယ်။
ခနအကြာတွင် သူတို့အားလုံးဟာ ဆိုင်များသိမ်းကာ ကြယ်နီ မူလတန်းကျောင်းရှေ့မှ ထွက်သွားကြသည်။
ကွက်လပ်ကြီးဟာ ချက်ချင်း ရှင်းလင်းသွားခဒ့သည်။
.........
လင်းဖန်ဟာ ကားပေါ်မှ ဆင်းလိုက်ပြီး အောင်နိုင်သူတစ်ယောက်လိုပြုံးလိုက်သည်။
"တခြားလူတွေ ဘယ်ရောက်ကုန်တာလဲ"
ယင်းနောက်သူဟာ အရာရှိရဲ့ ထရပ်ကား ကိုပြန်ကြည့်ကာ နားလည်လိုက်သည်။
"ကြည့်ရတာ ငါလင်းဖန် က နည်းနည်း ပါဝါရှိလာသလိုပဲ"
ယင်းနေယက်သူ၏ လက်ထဲမှ ယာယီ လိုင်စင်ကိူ ကြည့်လိုက်သည်။
"မကြာခင် လိုင်စင် အစစ် ရတော့မယ်"
သို့ပေမဲ့ လင်းဖန်ဟာ အမြဲတမ်းရည်မှန်းချက်ကြီးသူဖြစ်ကာ အနာဂတ်အကြောင်းကို တွေးနေပြီ ဖြစ်သည်။
ယင်းနောက် စည်ပင် ဝန်ထမ်းလေးဟာ သူ၏ ဆိုင်ကို ကူညီတပ်ဆင်ပေးနေတာတွေ့လိုက်ရပါတယ်။
"ငါလုပ်ပါမယ် ငါလုပ်ပါ့မယ်"
လင်းဖန် အမြန်ဝင်ပြောလိုက်သည်။
"သူဌေးလေး မင်းအခုကစပြီး ထွက်ပြေးစရာမလိုတော့ဘူး၊ ငါကူပြီး ပြင်ပေးပါ့မယ်"
ဒီစည်းကမ်းထိန်းသိမ်းရေး ဝန်ထမ်းတွေဟာ သူ့ပန်ကိတ်ကို စွဲသွားကြပါပြီး။
ဘေးနားမှာ ကြည့်နေကြတဲ့ လူများဟာတော့ ရှော့ရသွားကြပါတယ်။
စည်းကမ်းထိန်းသိမ်းရေး အရာရှိဟာ ဒီပျံကျစျေးသည်ကို ဆိုင်ကူဆင်ပေးနေပါတယ်။
အရင်တုန်းက ဒါမျိုးတစ်ခါမှ မမြင်ဖူးပါဘူး။
............
လူငယ် အနုပညာ မဂ္ဂဇင်း ဌာနတွင်။
မိန်းကလေး အုပ်စုဟာ နှစ်အတောကြာ အစာမစားရသလို ခံစားချက်မဲ့နေကြပါတယ်။
"လူချောလေးက ဘယ်တော့ ပြန်လာမှာလည်း မသိဘူး"
မိန်းကလေးတစ်ယောက်ဟာ ဗိုက်ကို ကိုင်လိုက်ပြီး ပြောလိုက်တာပါ။
"ငါတော့သူပြန်လာမယ်လို့မထင်ဘူး၊ ဆိုင်ကို စည်ပင်အရာရှိက ဖမ်းသွားတာလေ၊ သူဘယ်လိုပြန်လာနိုင်တော့မှာလဲ"
"အဲ့အရာရှိတွေကလည်း ဒီအချိန်ပျမှ ရောက်လာတယ် ၊ ငါတို့ကို ခက်ခဲအောင်လုပ်နေတာပဲ"
"ငါနင်တို့ကို အစောကတည်းကပြောတယ်လေ ၊ သွားတန်းစီ ကြရအောင်လို့ အခုတော့ဘာဆိုဘာမှ မကျန်တော့ဘူး"
အမြဲတမ်း ချစ်ဖို့ကောင်းနေတဲ့ ဟောဟန် တောင် ဝမ်းနည်းနေခဲ့ပါတယ်။
"ငါပန်ကိတ်မစားရရင် သေတော့မယ်ထင်တယ်"
"ဟော်ဟန် တော်လိုက်တော့"
ကျောက်ချင်းယီဟာ ကူညီမဲ့စွာကြည့်ပြီးပြောလိုက်ပါတယ်။ယင်းနောက် သူမ၏ အကြည့်များဟာ အပြင်ဘက်သို့ လှည့်လိုက်ရာ အံ့သြပြီး မတ်တတ် ထရပ်မိလိုက်သည်။
"အပြင်မှာ အပြင်မှာ"
"ချင်းယီ အပြင်မှာ ဘာဖြစ်လို့လဲ"
"လူချောလေး ပြန်ရောက်နေပြီ"
ကျောက်ချင်းယီ ဟာ စိတ်လှုပ်ရှားစွာနဲ့ ကျောင်းရှေ့ကို ညွှန်ပြလိုက်ပါတယ်။
"ဘာ "
ရုတ်တရက် မိန်းကလေးတွေ အကုန်လုံးထရပ်ကာ အပြင်ကို ကြည့်လိုက်ကြပါတယ်။
သူတို့ တကယ်ပျော်ရွှင်သွားကြတာပါ။
"ငါတို့ အမြန်သွားကြရအောင် အမြန်"
"အမြန်လား?"
ရုံးခန်းရဲ့ တံခါးဟာ ပွင့်သွားခဲ့သည်။အရပ်ရှည်ပြီး လှပသည့် မိန်းကလေးတစ်ယောက်ဟာ မပျော်ရွှင်ဟန်နဲ့ လျောက်ဝင်လာခဲ့သည်။
မိန်းကလေး အုပ်စု၏ မျက်လုံးထဲတွင် ချက်ချင်းကြောက်ရွံ့သည့် အရိပ်အယောင်များပေါ်လာခဲ့သည်။
ဟော်ဟန် ဟာ ကျောက်ချင်းယီကိုကြည့်လိုပါတယ်။ချင်းယီသာ ဒီအခြေအနေကို ကယ်တင်နိုင်လိမ့်မည်။
"အစ်မ "
ကျောက်ချင်းယီ ဟာပြောပြီး ခနရပ်လိုက်ပါတယ်။ ဒါတွေအကုန်လုံး ပန်ကိတ်ပြောင့်ပါ အရင်တုန်းက သူမတို့ဒီလို မဖြစ်ဖူးပါဘူး။
"ငါ့ကို သူဌေး လို့ခေါ်ရင်ခေါ် မဟုတ်ရင် အယ်ဒီတာ ခေါင်းဆောင်လို့ခေါ်။အလုပ်မှာ ဆိုရင် ငါ့ကနင့်အစ်မ မဟုတ်ဘူး နင့်ရဲ့ အထက်လူကြီးပဲ"
ကျောက်ချင်းဖန် ဟာ သူ့ရဲ့ ရာထူးကို ပြောကာ ရှင်းလင်းအောင်လုပ်လိုက်ပါတယ်။
လူအုပ်ကြီးဟာ သူတို့ သူဌေးပြေတာ ကြားပြီး နှလုံးခုန်မြန်လာကြပါတယ်။ပုံမှန်လူဆိုရင် ခေါင်းတောင် မမော့ရဲ့ပေ။
ချင်းယီဟာ သူမညီမလေးဖြစ်ပေမဲ့လည်း အခွင့်အရေး မပေးထားပါဘူး။
"အယ်ဒီတာ ခေါင်းဆောင် လူတိုင်းက ဗိုက်ဆာနေကြတာလေ ဒါကြောင့် ရှေ့နားမှာ ပန်ကိတ်သွားဝယ် မလို့"
ချင်းယီဟာ ပြောလိုက်ပါတယ်။ချင်းယီဟာ သူမ၏ အစ်မရှေ့တွင် ဖိအားများ ခံစားနေရပါတယ်။သူမရဲ့ အစ်မ နဲ့ ယှဥ်လိုက်တိုင်း သူမဟာ လောင်းရိပ်အောက် မိနေတဲ့ လူတစ်ယောက်လိုပါပဲ။
ကျောက်ချင်းဖန်ဟာ ရုံးခန်းထဲမှ လူများကို သေချာကြည့်လိုက်ပြီး ကြယ်နီမူလတန်း ကျောင်းဖက်ကြည့်ကာပြောလိုက်သည်။
"သွားလို့ရတယ်"
"ဟေးး"
ဟော်ဟန်ဟာ သွားလို့ရတယ် ဆိုတဲ့ စကားကြားပြီးပျော်ရွှင်သွားခဲ့ပါတယ်။သို့ပေမယ့် မူမမှန်တဲ့ အခြေအနေကို ကြည့်လိုက်ပြီး ချက်ချင်း ပါးစပ်ပြန်ပိတ်လိုက်ရသည်။ယင်းနောက် သူမဟာ ခေါင်းကိုငုံ့ပြီး အာရုံစိုက်မခံရအောင်နေလိုက်ပါတယ်။
"ချင်းယီ နင်တစ်ယောက်ထဲသွားဝယ်လိုက်၊ ဒါပေမဲ့ ဒီတစ်ပတ် မဂ္ဂဇင်းထုတ်လို့ အဆင့်တွေ ကျသွားခဲ့ရင် အကုန်လုံး အထုပ်သိမ်းပြီး လစ်ရမယ် ဆိုတာ သိထားကြ"
ဘနျးးးးးး
ရုံးခန်းတံခါးဟာ ပိတ်သွားခဲ့ပါတယ်။
ကျားသစ်မလေး ထွက်သွားမှ ကျန်တဲ့လူတွေဟာ စိတ်သက်သာရာရလိုက်ကြပါသည်။ခုနက လေထုဟာ ကြောက်ဖို့ကောင်းနေပြီး သူတို့ ဘောင်းဘီထဲတောင် သေးပေါက်ချ မိတော့မလိူ့ပါပဲ။
.........
စာဖတ်သူတို့ မင်မင်ကိုလည်း ရှဲပေးကြပါဦးနော် အများကြီးတင်နိုင်အောင်လေ🙏🙏🙏