← Chapters

ဘဝက အံ့သြဖို့ကောင်းတယ်

Vol. 1 Ch. 14

ဘဝက အံ့သြဖို့ကောင်းတယ်

Vol. 1 Ch. 14

စည်ပင်အရာရှိများ၏ ကားသည် လင်းဖန်၏ ဆိုင်လေးနဲ့ မီတာ ၃၀၀ လောက်အကွာမှာ ရပ်ထားပါတယ်။စည်းကမ်းထိန်းသိမ်းရေး အရာရှိတစ်ယောက်ဟာ တော့ သူ၏ ယူနီဖောင်းကို ချွတ်ကာ အရပ်ဝတ်ဖြင့်လဲ ဝတ်နေခဲ့ပါသည်။

"တစ်ခါတစ်လေလည်း ယူနီဖောင်း ဝတ်ထားရတာ ဒုက္ခရောက်တယ်၊ ငါ ဝယ်စရာရှိရင် အဆင်မပြေဘူး"

"ငါတို့ အဝတ်အစား မလဲဘဲ သွားဝယ်ကြည့်လိူက်ပါလား၊ ငါတို့က စည်းကမ်းထိန်းသိမ်းရေး အရာရှိတွေလေ။ငါတို့သာ ယူနီဖောင်းကြီးနဲ့ ပျံကျစျေးသည်ဆီမှာ ဝယ်နေတာမိသွားခဲ့ရင် ရှင်းပြရ ခက်ခဲသွားလိမ့်မယ်"

"ဒါအမှန်ပဲ"

...........

လင်းဖန် ဟာတော့ အတွေးထဲတွင် နစ်မျောနေခဲ့ပါသည်။သူ့ဘေးနားမှာ ဘယ်ပျံကျစျေးသည်မှမရှိပေ။သူယှဥ်ပြိုင်ချင်ရင်တောင် လောလောဆယိ ပြိုင်ဘက်မရှိသေးပါဘူး။သူဟာ အထီးကျန်သလိုတောင် ခံစားလိုက်ရပါတယ်။

လောလောဆယိ လင်းဖန်ဟာ တစ်ယောက်ထဲရှိနေခဲ့ပေမယ့် သူဟာ အပြိုင်အဆိုင်ရှိတာကို ပိုသဘောကျပါတယ်။

* တွန်းလှည်းအသံများ*

ကြယ်နီမူလတန်းကျောင်းရှေ့ကို လာပြီး အကဲခတ်တဲ့ ပျံကျစျေးသည် အနည်းငယ်ကိုတွေ့နေရပါပြီ။

သူတို့ဟာ လင်းဖန်စျေးရောင်းနေတာ ကိုမြင်တဲ့အချိန်မှာ သူတို့လည်း ခပ်တည်တည်နဲ့ ပြင်ဆင်ပြီး ဝင်ရောင်း လိုက်ကြပါတယ်။

"အေးဆေးပဲ ဟိုစောက်ရူးတွေ မရှိတော့ဘူး"

ယင်းနောက် ပျံကျစျေးသည် အများစုဟာ တဖြည်းဖြည်းရောက်လာကြပြီး ၊ သူတို့ နေရာများတွင် ဝင်ရောင်ကာ ပြင်ဆင်လိုက်ကြသညါ။

မိန်းမကြီးဟာ လင်းဖန်ကို တွေ့သည့်အချိန်တွင် လှောင်ပြုံးပြုံးပြီး ပြောလိုက်ပါတယ်။

"ကောင်လေး မင်းပြန်ရောက်တာမြန်လှ ချည်လား၊ ကြည့်ရတာ ပိုက်ဆံတော်တော် ကုန်ကြသွားတယ်ထင်တယ်"

"ဒီကောင်လေးကို ကြည့်ကြစမ်းပါ ဘယ်လောက်တောင် တုန်းလိုက်လဲ ငါတို့ ထွက်ပြေးနေတဲ့ အချိန်မှာတောင် သူပြေးရကောင်းမှန်း မသိဘူး"

မိန်းမကြီးရဲ့ ယောက်ျားဟာလည်း ရယ်မောလိုက်ပြီး သူ့လှည်းကို လင်းဖန် ဆိုင်ဘေးတွင်ရပ်ကာ ပြောလိုက်ပါတယ်။

"ကောင်လေး ဘယ်လောက် ပေးလိုက်ရလဲ"

"ခင်ဗျား အလုပ်မဟုတ်ပါဘူး"

လင်းဖန်ဟာ တစ်ချက်ကြည့်ကာပြန်ပြော လိုက်ပြီး ထပ်မပြောတော့ပါဘူး။

"ဝိုး မင်းက မာနကြီးလှချည်လား၊ အခုမင်းမှာ ဘာလို့ ဝယ်သူမရှိရတာလဲ။ခုနက ရှိုးပွဲမှာ လူငှားရတာ ပိုက်ဆံအတော်ကုန်သွားလို့ ထပ်မငှား နိုင်တော့တာလား"

"ငါထက်တာတော့ မင်းရိုးရိုးသားသား အလုပ်လုပ်ပြီး မလိမ်ညာသင့်ဘူး။အခုမင်းရဲ့ သရုပ်ဆောင်တွေ မရှိမှတော့ ရှိုးပွဲလည်း မရှိတော့ဘူးလေ"

လင်းဖန် ဒီလူနဲ့ ဘာမှ ငြင်းခုန်မနေချင်တော့ပေ။ ဘာပဲဖြစ်ဖြစ် သူ့ဆိုင်ဟာ လိုင်စင် ရှိပြီးသားပါ။လင်းဖန်အနေနဲ့ သူတို့ကို ပြိုင်ဘက်အဖြစ်သာ သဘောထားလိုက်ပါတယ်။

*ခြေသံ ခြေသံ*

စည်းချက်ကျကျ လမ်းလျောက်လာတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ခြေသံကို လင်းဖန်ဆိုင် လေးရဲ့ ညာဘက်နားကနေ ကြားနေရပါတယ်။

အဲ့အချိန်မှာဘဲ မွှေးပျံလှတဲ့ ရေမွှေးရနံ့လေးဟာ လေထဲကို သင်းလာခဲ့ပါတယ်။

လင်းဖန်လှည့်ကြည့်လိုက်ရာ မနေ့က နေ့လည်မှ မိန်းမလှလေးမှန်း ချက်ချင်း မှတ်မိလိုက်ပါသညါ။

မိန်းကလေးဟာ မနေ့ကနှင့် အနည်းငယ်ပြောင်လဲ သွားပေါ်ပုံပေါ်ပါတယ်။မနေ့ကထက် ဒီနေ့ပိုလှလာတယ် ဆိုရင် ပိုပြီးမှနိပါလိမ့်မည်။သူမဟာ မတူညီသည့် အဝတ်စားများကိုလည်း ဝတ်ဆင်ထားခဲ့ပါတယ်။

ဒါပေမဲ့ လင်းဖန်ဟာ တနှာရူးမဟုတ်ပါဘူး၊ မိန်းကလေးဟာ အတော်လှပသည့်ပုံပန်း ရှိပေမဲလည်း သူစိုက်ကြည့်မနေခဲ့ပေ။အထူးသဖြင့် သူမရဲ့ ဖွံ့ထွားလှတဲ့ ရင်သားတွေဟာ

တင်းကျပ်သည့် အဝတ်အစား အောက်တွင် အတော်လှပလှသည်။သူတို့ဟာ အပေါ်ကို ရုန်းထွက်ဖို့ ကြိုးစားနေသလိုပါပဲ။

သို့ပေမဲ့ လင်းဖန်ဟာသိက္ခာ ရှိတဲ့ လူငယ်လေးတစ်ယောက်ပါ။

"မိန်ကလေး ပန်ကိတ်လိုချင် လို့လား"

လင်းဖန်ဟာ အပြုံးလေးနဲ့ မေးလိုက်ပါတယ်။

ကျောက်ချင်းယီဟာ ပန်ကိတ်ဆိုင်နဲ့ အနီးကိုရောက်လာသည့် အချိန်မှာ ကောင်းကင်ဘုံနဲ့ နီးကပ်လာသလိုတောင် ထင်မှတ်လိုက်ရပါတယ်။

"ဟုတ်"

ကျောက်ချင်းယီ တွေဝေမနေပဲ ချက်ချင်း ပြန်ဖြေလိုက်ပါတယ်။

"ကျွန်မကို ပန်ကိတ် အခု ၂၀ လောက်ပေးပါ"

"ပြသနာမရှိပါဘူး"

လင်းဖန်ဟာ အလုပ်ရောက်လာပြီလို့တွေးလိုက်ပြီး ​ပြန်ဖြေလိုက်ပါတယ်။သူဟာ ဘေးဘက်မှ တိုဟူး သည်ကို လှောင်ပြောင်ကာ တစ်ချက်လှည့်ကြည့်လိုက်ပါသည်။

"မင်း မျက်လုံးကိုဖွင့်ပြီး ကြည့်လိုက်စမ်းပါ ဝယ်သူရောက်နေပြီတွေ့လား"

ဘေးနားက တိုဟူးသည်ကြီးကတော့ လင်းဖန် ရဲ့ အပြုအမူတွေကို မမြင်ပါဘူး။သူ့ရဲ့မျက်လုံးတွေဟာ လင်းဖန်ရှေ့မှ မိန်းမလှလေး၏ ဖွံ့ထွားသည့် ရင်သားတွေကိုသာ ကြည့်နေခဲ့သည်။သူ့ရဲ့ စိတ်ထဲမှာတော့ သူ့မိန်းမ နဲ့ မိန်းမလှ လေးကို နှိုင်းယှဥ်ကြည့်နေပြီး ရင်နာလို့မဆုံးပါဘူး။

"မိန်းမလှလေး ဒီပန်ကိတ်ရဲ့ လျိုဝှက်ချက်က"

လင်းဖန် စွယ်စုံအမှတ်ရဖို့ကို ကြိုးစားပြီး ပန်ကိတ်အကြောင်း ရှင်းပြလိူက်ပါတယ်။သို့ပေမဲ့ သူရှင်းပြပြီးတာတောင် ဘာအမှတ်မှ တက်မလာခဲ့ပေ။လင်းဖန်ခေါင်းကို မော့ကြည့်လိုက်ရာ ဖုန်းကို နိပ်ကာ အလုပ်ရှုပ်နေသည့် မိန်းမလှလေးကိုသာ တွေ့လိုက်ရပါတယ်။သူမက သူပြောတာတွေ တစ်ခုမှ မကြားပါဘူး။

ခနအကြာတွင် စည်းကမ်းထိန်းသိမ်းရေး ဝန်ထမ်း နှစ်ယောက်ဟာ ပုံမှန် အရပ်ဝတ်ဖြင့် ရောက်လာခဲ့ပါတယ်။သူတို့ဟာ လင်းဖန် အလုပ်ရှုပ်နေတာကို တွေ့ပြီး နောက်ကနေ တန်းစီ လိုက်ပါတယ်။

သူတို့ဟာ လင်းဖန် လုပ်ရမယ့် ပမာဏ ကိုတစ်ချက်ကြည့်လိုက်ပြီး အနည်းငယ်စောင့်ရဦးမယ် ဆိုတာ သိလိုက်ပါတယ်။ဒါကြောင်သူတို့ဟယ ဘေးနားမှ တိုဟူးဆိုင်ကို လျောက်သွားကာ အနည်းငယ် လှည့်ပတ်ကြည့်လိုက်ပါတယ်။

"ဟင်"

လင်းဖန် သူတို့ကို ရင်းနှီးသည် ဟုခံစားမိလိုက်သည်။ နောက်မှ သူတို့ဟာ သူ့ကိုလိုက်ပို့သည့် စည်ပင် အရာရှိ နှစ်ယောက်မှန်း မှတ်မိလိုက်ပါတယ်။

သူတို့ ဒီကို ပြန်လာကတည်းက ပန်ကိတ်အတွက် ဖြစ်မှန်း လင်းဖန် နားလည်လိုက်ပါတယ်။လင်းဖန် အတွက် ကတော့ ဒီနှစ်ယောက် က ညီအစ်ကိုလိုတောင် ဖြစ်နေပါပြီ။

"သူဌေး တိုဟူး အချဥ်ဖောက် ဝယ်ဦးမလား"

ဆိုင်ရှင်လူကြီးဟာ ချက်ချင်းအပြုံးလေးနဲ့ နှုတ်ဆက်လိုက်ပါတယ်။

"မင်းသုံးနေတဲ့ ဆီတွေမှာ တစ်ခုခုမှားနေတယ် ထင်တယ်နော်။မင်း ဆီတွေကို မကြာခန လဲမသုံးဘူးမလား"

စည်ပင် အရာရှိတစ်ယောက်ဟာ ညွှန်ပြလိုက်ပြီး မေးလိုက်ပါတယ်။

သူတိူ့ရဲ့ လုပ်သက်နဲ့ အတွေ့အကြုံအရ တစ်ချက်ကြည့်လိုက်တာနဲ့ ဒီလူစောက်တလွဲ လုပ်ထားတာ တွေကို ပြောနိုင်ပါတယ်။

"ဘယ်လိုဖြစ်နိုင်မှာလဲ ၊ ကျွန်တော် လွန်ခဲ့တဲ့ နှစ်ရက်ကမှ ဆီတွေကို လဲထားတာ၊ သန့်ရှင်ပြီးသားပဲ"

လူကြီးဟာ ပုံမှန်မျက်နှာနဲ့ရှင်းပြ နေပေမဲ့ သူ့မျက်လုံးများဟာ မလုံမလဲ ဖြစ်နေခဲ့ပါတယ်။တကယ်တော့ သူဒီဆီတွေ ကိုဟမလဲပဲ သုံးတာအတော်ကြာနေပါပြီး၊ ဒါကို ဒီလူတွေ သတိထားမိသွားတာ ဖြစ်နိုင်ပါတယ်။

"အော် ဟုတ်လား"

အရာရှိဟာ ခေါင်းညိမ့်ပြီး ပြန်ပြောလိုက်ပါတယ်။သူ ဆိုင်ရှင် ရှင်းပြတာကို ယုံလား မယုံလားတော့ ဘယ်သူမှ မသိနိုင်ပေ။

"သူဌေး ခင်ဗျား ယုံမယုံတော့ မသိဘူးကျွန်တော်တို့လို စျေးသည် အတွက်ကတော့ သန့်ရှင်းဖို့က ပထမဘဲ၊ ကျွန်တော်ဘေးက ပန်ကိတ်သည်ကိုကြည့် သူကြော်တဲ့ဆီတွေကို မလဲတာ လပိုင်းလောက်ရှိတော့မယ်၊ အဲလိုပန်ကိတ်မျိုးကို တကယ်မစားသင့်ဘူး"

လူကြီးဟာ မိန်းကလေး ကြားအောင် ပြောလိုက်ပြီး ဝယ်နေတာ ရပ်တန့်သွားအောင် ကြိုးစား လိုက်ပါတယ်။

လူကြီးကို အံ့သြစေတာကတော့ မိန်းမလှလေးဟာ စိတ်ပူတဲ့ပုံ လုံးဝမပေါက်ပါဘူး။

ကျောက်ချင်းယီဟာ လူကြီးပြောတာပို လုံးဝ ဂရုမစိုက်ပါဘူး။

ဒီလို အရသာရှိတဲ့ ပန်ကိတ်ဟာ တစ်လလောက်ဆီ အလဲပဲ သုံးနေတာ ဘယ်လိူမှမဖြစ်နိုင်ပေ။

တကယ်သူပြောသလို ဆီတွေကို သုံးနေတယ် ဆိုရင်တောင် သူမ ဝယ်စားရဦးမှာပါပဲ။

သို့ပေမဲ့ စည်ပင်အရာရှိ တွေအနေနဲ့ကတော့ ဆိုင်ရှင်လူကြီးရဲ့ အခြေအမြစ်မရှိတဲ့ စကားတွေကို လုံးဝ သည်းမခံနိုင်ကြပါဘူး။

လင်းဖန်ရဲ့ ပန်ကိတ်ကို သူတို့ နှလုံးသားထဲကနေ ကြိုက်နှစ်သက်ကြတာပါ။ဒီလူရဲ့ စောက်တလွဲ စကားတွေကို သည်းမခံနိုင်ကြပေ။

*ဘန်း*

စည်ပင်အရာရှိ တစ်ယောက်ဟာ လူကြီးရဲ့ကောင်တာကို လက်ဝါးဖြင့်ရိုက်လိုက်သည်။

ယင်းနောက် သူဟာ သူ့ရဲ့စကားပြောစက်ကို ထုတ်ကာပြောလိုက်သည်။

"ကြယ်နီ မူလတန်း ကျောင်းရှေ့ကို လာခဲ့"

"သူဌေး ဘာကိုပြောချင်တာလဲ"

လူကြီးဟာ ဘာတွေဖြစ်နေမှနိး နားမလည်စွာဘဲ မေးလိုက်ပါတယ်။

ခနအကြာတွင်တော့ စည်းကမ်းထိမ်းသိန်းရေး ထရတ် ကားဟာ ပေါ်လာခဲ့ပါသည်။

"စည်ပင်တွေလာပြီ စည်ပင်တွေလာပြီဟေ့"

"သူဌေး တောင်းပန်ပါတယ် စည်းကမ်းထိန်းသိမ်းရေး အရာရှိတွေလာနေပြီ ကျွန်တော်သွားမှ ရတော့မယ်"

"မလှုပ်နဲ့ ငါက စည်းကမ်းထိန်းသိမ်းရေး အရာရှိဘဲ မင်းဥပဒေ ကိုချိုးဖောက်ပြီး ဆိုင်တပ်ဆင်ထားတယ်"

အရာရှိပြောလိုက်ပါတယ်။

ယင်းနောက် လူကြီးဟာ ယူနီဖောင်း ဝတ်စည်ပင်အရာရှိတွေ ရောက်လာတာကို တွေ့လိုက်ရပြီး သူဘယ်လောက်တုံးအ လဲဆိုတာ သိသွားခဲ့ပါတယ်။သူ ပတ်ဝန်းကျင်ကို ကြာ့်လိုက်ငည့်အချိန်မှာ လူတိုင်းဟာ ထွက်ပြေးနေကြပါတယ်။သူ့မိန်းမတောင်မှ လစ်သွားခဲ့ပါပြီ။

သို့ပေမဲ့ လင်းဖန်ဟာ အေးဆေးပဲ ပန်ကိတ် ဆက်လုပ်နေတာ တွေ့လိုက်ရပါတယ်။

"သူလည်းပဲ စျေးသည်ပဲလေ၊ သူလည်း စည်းကမ်းကို ချိုးဖောက်ထားတယ်"

လင်းဖန်ဟာ လူကြီးဘက်ကို ချက်ချင်းလှည့်ပြီး ယာယီလိုင်စင်ကို ထုတ်ပြလိုက်ပါတယ်။

"စိတ်မကောင်းပါဘူး ငါ့ဆိုင်က လိုင်စင်ရှိပြီးသား၊ မင်းလို ဥပဒေကို မချိုးဖောက်ထားဘူး"

"မိန်းကလေး မစိုးရိမ်ပါနဲ့ ဒီပန်ကိတ်တွေက ခုနကသူပြော သလိုမဟုတ်ဘူးးနော် ငါက သန့်ရှင်းတဲ့ စျေးသည်လေးပါ"

လူကြီးဟာ လင်းဖန်ရဲ့ လိုင်စင်ကို ကြည့်လိုက်ပြီး အံ့သြသွားခဲ့ပါတယ်။

လင်းဖန်အတွက်ကတော့ လိုင်စင်ရပြီးသားဖြစ်ပြီး ဘာမှ ကြောက်စရာမလိုတော့ပါဘူး။

All Chapters