အခန်း (၁၅)
Vol. 1 Ch. 15
ကျောက်ချင်းယီ ဟာ သူ့ရဲ့ ပန်ကိတ်သည်လေး အဖမ်းမခံရတဲ့အတွက်ပျော်ရွှင်နေခဲ့ပါတယ်။တိုဟူး အချဥ်ဖောက်သည် ကတော့ပါသွားခဲ့ပါပြီ။လင်းဖန်မှာ လိုင်စင်ရှိနေတာ သူမယုံတောင် မယုံနိုင်ပါဘူး။
နေ့လယ်ဘက်အချိန်တွင်။
လင်းဖန်ဟာ အနီးအနားတွင်ရှိသည့် စားသောက်ဆိုင် တစ်ခုသို့သွားကာ အကောင်းဆုံး အစားအသောက်နှစ်ပွဲနှင့် ဟင်းရည် ကို မှာယူကာစားသောက်လိုက်သည်။
လင်းဖန်ဟာ အရင်ဘဝမျိုးနဲ့ အခုဘဝ ကို နိှုင်းယှဥ်ကြည့်နေခဲ့သည်။ဘယ်လောက်တောင် ပြောင်းလဲသွားလိုက်လဲ?
လင်းဖန်အစားအသောက်များကိူ ပျော်ရွှင်စွာ၀စားသောက်နေခဲ့သည်။ယင်းနောက် သူ့ဘေးနားရှိဖုန်းလေးကို ကောက်ကိုင်လိုက်ကာ သတင်းကြည့်ရန်ပြင်လိုက်သည်။
"UC သတင်းဌာန ကဘာသတင်း အသစ်မှ မတင်ပါလား ၊ ငါဝင်ကြည့်လိုက်ဦးမယ်"
လင်းဖန် သူ၏ အိုင်ဖုန်း ၄ အစုတ်ကလေးကို အပေါ်အောက် ထပ်ဆွဲကြည့်လိုက်ရာ ထူဆန်းသည့် သတင်းများကို တွေ့လိုက်ရပါတယ်။
"စောက်ကျိုးနဲ သတင်းထဲမှာ ငါဟ"
လင်းဖန် မျက်လုံးကို ပြူးလိုက်ပြီး မယုံကြည်နိုင်စွာကြည့်လိုက်ပါတယ်။သေချာကြည့်လိုက်မှ ဒါဟာ အမှန်တကယ်သူမှန်းသိလိုက်သည်။
"ကြယ်နီမူလတန်းကျောင်းရှေ့တွင် ပျံကျစျေးသည်လေးမှ လူအုပ်ကြီးကို ဆွဲဆောင်ထားသည့် အံ့သြစရာမြင်ကွင်း"
လင်းဖန် ဒီ ဆော့ဝဲ ကိုပိတ်ကာ နောက်တစ်ခုကို ပြောင်းကြည့်လိုက်သည်။အက်ပလီကေးရှင်း ဖွင့်လိုက်သည့် အချိန်တွင်ပဲ ရေရွတ်သံများကိုကြားလိုက်ရပါတယ်။
"ဒါတကယ်ကို အရသာရှိတယ်"
"လုံးဝ စပါယ်ရှယ်ပဲ"
"ဒီပန်ကိတ်က တကယ်ကောင်းလွန်းတယ်"
လင်းဖန်ဟာ ဒီအသံတွေကိုကြားပြီး တကယ်ဂုဏ်ယူရပါတယ်။သူသေချာကြည့်လေ ဝမ်းသာလေပါ။
သူပန်ကိတ်ကို ရောင်းနေတုန်းက လူတွေအဲလိုဖြစ်ပျက်နေတာ မတွေ့မိပါဘူး။သို့ပေမဲ့ မှတ်တမ်းတင်ပြီး အင်တာတက်အပေါ်ကိုရောက်မှ သူလည်းသတိထားမိတာပါ။
လင်းဖန်ဟာ သူ၏ ပန်ကိတ်ကို ယုံကြည်မူရှိပြီး ဘယ်လောက် ကျွမ်းကျင်လဲဆိုတာ သူသိပြီးသားပါ။
သို့သော်လည်း အောက်မှ မှတ်ချက် စကားတွေကြောင့် သူကူကယ်ရာမဲ့ပြီး ဒေါသထွက်သွားပါတယ်။
"သရုပ်ဆောင်တွေ တကယ်တော်လွန်းပါတယ်"
"ငါးဆယိ့တစ်ယောက် တောင်လား၊ အဲတာက တော်တော် အခြေအနေ ဆိုးဝါးသွားပြီ"
"ငါတို့ဘယ်ခေတ်မှာ နေနေတာလဲ၊ ဒီလို အလိမ်အညာတွေကို မယုံကြည်သင့်ဘူး"
"မင်းဘောကသာ အလိမ်အညာကြီးလေ၊ ငါ့ပန်ကိတ်တွေက တကယ်အရသာရှိတယ်"
ဒီအခြေအနေမှာ လင်းဖန်ထထပ်ပြီး သည့်မခံနိုင်တော့ပါဘူး။သူပါဝင်ပြီး မှတ်ချက်များ ပြန်လည်ရေးသားလိုက်ပါတယ်။
သူတို့တွေ လာပြီးလက်စားခြေမှာကိုလည်း လင်းဖန်မကြောက်ပါဘူး။သူတို့လာခဲ့လို့ရှိရင် သူတို့ပါးစပ်ကို ပန်ကိတ်နဲ့ ပိတ်လိုက်လို့ ရပါတယ်။
တစ်နာရီကျော်ကျော်လောက် မှတ်ချက်တိုက်ပွဲ ဆင်နွဲပြီးတဲ့နောက်မှာ လင်းဖန်ဟာ
သူ့လှည်းလေးကို ကျောင်းရှေ့ကို ပြန်တွန်းလာခဲ့လိုက်ပါတယ်။
လင်းဖန်သတင်းမှာပါလာပြီဆိုကတည်းက သူ့ရဲ့ စမ်းသပ်ချက်တွေ ပြည့်သွားပြီဆိုတာ သေချာသွားပါတယိ။
ရှန်ဟိုင်း သတင်းဌာန တစ်ခုတွင်။
"ရှောင်ဝမ် ငါမင်းကို ကြယ်နီမူလတန်းကျောင်းရှေ့က ပန်ကိတ်သည်ကို အင်တာဗျူးဖို့ သွားစေချင်တယ်။အဲ့အကြောင်း သတင်းရေးလိုက်"
"ကောင်းပါပြီ ခေါင်းဆောင်"
ရှောင်ဝမ်ဟာ ကုမ္ပဏီမှ သတင်းတင်ဆက်သူဖြစ်ပြီးတော့ သိပ်ပြီး အင်တာဗျူးလေ့မရှိပေ။များသောအားဖြင့် သူ့အလုပ်က သတင်းတွေကို အင်တာနက်ပေါ်တင်ရတာပါ။
"နောက်ဆုံးတော့ ငါကျော်ကြားနေတဲ့ တစ်စုံတစ်ယောက်ကို အင်တာဗျူးရတော့မယ်၊ဒါပေမဲ့ ဒီလူဟာက အလိမ်အညာကြီး"
ရှောင်ဝမ်ဟာ ရေရွတ်လိုက်ပြီး အကုန်လုံးကို သေချာပြင်ဆင်နေခဲ့သည်။
ညနေလေးနာရီ။
လင်းဖန်ဟာ သူ့လှည်းလေးကိုတွန်းပြီး ကြယ်နီ မူလတန်းကျောင်းရှေ့ကို ရောက်လာသည့်အချိန်တွင် စျေးသည်များဟာ သူ့ကို စိုက်ကြည့်နေတာကိုတွေ့လိူက်ရပါတယ်။
"ကောင်လေး မင်းကတကယ်အံ့သြဖို့ကောင်းတာပဲ"
လင်းဖန် ဆိုင်ကို ပြင်ဆင်အပြီးမှာ လူလိမ်ထျန်ဟာ သူ့နားရောက်လာပြီးပြောလိုက်ပါတယ်။
"အံ့သြဖို့ကောင်းတယ်လား၊ ဟုတ်တယ် ကျွန်တော်က စောက်ရမ်း အံ့သြဖို့ကောင်းတယ်"
လင်းဖန်ပြနိပြောလိုက်ပါတယ်။
"အခု ငါ့ကို ရိုးရိုးသားသား ပြောစမ်းပါ၊ မင်းလိုင်စင်ကို ဘယ်တုန်းက ရသွားတာလဲ၊ ငါတို့တွေ ဒါကိုပဲ စဥ်းစားနေကြတာ။"
လူလိမ်ထျန် ဟာ လင်းဖန်ရဲ့ လှည်းတွင် ကပ်ထားသည့် ယာယီ လိုင်စင်ကို ကြည့်ကာမေးလိုက်ပါတယ်။
လူလိမ်ထျန်ဟာ အရင်ကတည်းက လိုင်စင် လျောက်ချင်ခဲ့တာပါ။သို့ပေမဲ့ အလွယ်ကူပေ။
"ဟေး ဟေး ခင်ဗျားက ဒါကိုသိချင်တာလား၊ ရိုးရှင်းပါတယ်။ကျွန်တော့်ကို ဒေါ်လာ ၁၀၀ ပေးလိုက်။"
လင်းဖန် လက်ဝှေ့ယမ်းပြီး ပြန်ဖြေလိုက်ပါတယ်။
"မင်းက ဒါလေးပြောဖို့ ပိုက်ဆံလိုချင်သေးတာလား၊ ထားလိုက်တော့ ငါမသိချင်တော့ဘူး"
လူလိမ်ထျန်ဟာလည်း လက်ပြန်ဝှေ့ကာ ပြောလိုက်ပါတယ်။လင်းဖန်ဟာတော့ အဝတ်တစ်ခုဖြင့် သူ၏ ဆိုင်ကို လိုက်သုတ်နေခဲ့သည်။
"ငါ့ရဲ့ တရားဝင် လိုင်စင်ကလည်း လာတော့မှာ၊ နောက်ဆို စည်ပင်တွေဖမ်းမှာ ကြောက်စရာမလိုတော့ဘူး။ဘယ်လောက် စိတ်ချမ်းသာဖို့ကောင်းလဲ"
"သူဌေးလေးရောက်နေပြီ ၊ သူဌေးလေးရောက်နေပြီ"
လင်းဖန် ဆိုင်ဖွင့်ပြီး တဲ့ အချိန်မှာပဲ လူအနည်းငယ်ဟာ ရောက်လာခဲ့ပြီး တန်းစီလိုက်ကြပါတယ်။လင်းဖန် ဒီလူတွေဟာ အရင်နေ့က စားသွားတဲ့ လူတွေမှန်း ချက်ချင်းမှတ်မိလိုက်ပါတယ်။
"သူဌေးလေးရယ် ငါခုနက တစ်ခေါက်ရောက်သေးတယ်"
"သူဌေးလေး ငါ့ကိူခြောက်ခုလောက်ပေး"
"ပန်ကိတ် မစားရတဲ့နေ့ဆိုရင် နေရတာ အဆင်မပြေဘူး"
မျက်တောင်တစ်ခတ်အတွင်းမှာ လင်းဖန်ရှေ့တွင် တန်းဆီသည့် လူများပြည့်လာခဲ့သည်။
"ဒီကောင့်ဟာက မဟုတ်တော့ဘူး ခုမှဆိုင်ဖွင့်တာ ဝယ်မယ့်လူတွေ တန်းစီနေတာပဲ"
"ချီးပဲ"
လူလိမ်ထျန်လည်း အံ့သြနေခဲ့ပါတယ်။ဘာတွေဖြစ်နေတာခဲ?ဒီကောင်လေးက မဆိုးဘူး။
"ရှေးဆိုရိုးစကားက လူတော်တွေနဲ့ ပေါင်းသင်းရင် အမြဲတမ်း အကျိုးအမြတ်ရှိလိမ့်မယ်တဲ့"
ယင်းနောက် သူလည်း စတင်ကြောညာလိုက်ပါတယ်။
"အနာဂတ်ကို ကြည့်ဖို့ အခွင့်အရေးကို လက်မလွတ်နဲ့နော်၊ အတိတ်က အမှားတွေကိုပါ ပြန်ပြင်လို့ရတယ်"
ပန်ကိတ်ဝယ်ပြီးတဲ့ လူတစ်ချို့ဟာ သူ့အသံကိုကြားပြီး ရောက်လာကြပါတယ်။လူတွေလာတာကိုတွေ့တဲ့ အချိန်မှာတော့ ဗေဒင်ဆရာ ထျန်ဟာ အစွမ်းကုန်ပြုံးထား
ခဲ့ပါတယ်။
လင်းဖန် ပန်ကိတ်လုပ်ရင်း အလုပ်ရှုပ်နေသည့် အချိန်တွင် မိုက်ကရိုဖုန်းကိုင်ထားသည့် တစ်ယောက်နှင့် ကင်မရာ ကိုင်ထားသည့် တစ်ယောက်ဟာ သူ့အနားကိုရောက်လာခဲ့ပါတယ်။
"ဟိုင်း ကျွန်တော်က ရှန်ဟိုင်း လူထုသတင်းဌာန ကပါ။ခင်ဗျားက ကျော်ကြားနေတဲ့ ပန်ကိတ် ကောင်လေးလားမသိ"
ရှောင်ဝမ်ဟာ အပြုံးလေးနဲ့ မေးလိုက်ပါတယ်။
"ပန်ကိတ်ကောင်လေးလား ၊ ဟုတ်ပါတယ် ကျွန်တော်ပါ"
လင်းဖန်ဟာသူတို့ပြောတဲ့ စကားကိုကြားပြီး သဘောကျသွားခဲ့ပါသည်။
"ဟိုင်း ပန်ကိတ်ကောင်လေး ကျွန်တော်က ရှန်ဟိုင်း လူထုသတင်းဌာန ကပါ။အင်တာနက်ပေါ်မှာ တက်နေတဲ့ သတင်းတွေကို ကြားပြီးသားဖြစ်ပါလိမ့်မယ်။ခင်ဗျားဆိုင်က ကာစတန်မာတိုင်းဟာ ပန်ကိတ်စားပြီးတဲ့နောက်မှာ ထူးဆန်ူတဲ့ အမူအရာတွေ ဖြစ်သွားကြပါတယ်၊ ပန်ကိတ်နဲ့ ပတ်သက်ပြီး ဘယ်လို မှော်ဆန်မူတွေ ရှိလည်း ဆိုတာ ပြောပြပေူနိုင်မလား"
ရှောင်ဝမ် မေးလိုက်ပါတယ်။
သို့ပေမယ့် ရှောင်ဝမ်ရဲ့ စိတ်ထဲမှာတော့ ဒီလူတွေ အကုန်လုံးဟာ သရုပ်ဆောင်တွေလို့ပဲ ထင်မိပါတယ်။
ကမ္ဘာပေါ်မှာ အတော်ဆုံးစားဖိုမှူးတောင် ဒီလိုမလုပ်နိုင်သေးပါဘူး။လမ်းဘေးစျေးသည် ဆိုရင် ပြောစရာတောင် မလိုတာပါ။
"ဟေး သတင်းယူမယ် ဆိုတဲ့ကောင်လေး၊ သူဌေးလေး အလုပ်ရှုပ်နေတာ မမြင်ဘူးလား၊ မင်းသူပြီးသွားအောင် ခနစောင့်သင့်တယ်"
"ဟုတ်တယ် မင်းသူတို့နောက်ကွယ်က မှော်ဆန်မူကို သိချင်တာမလား ၊ အဲဒါက ကောင်းကင်ဘုံလိုပဲ၊ ကမ္ဘာကြီးပေါ်က ကောင်းကင်ဘုံ"
"ဟုတ်တယ် မင်းမစားကြည့်ဘဲနဲ့တော့ ငါတို့ပြောနေတာကို နားလည်မှာ မဟုတ်ဘူး"
"ဟုတ်တယ် သတင်းထောက် ဝမ် ငါလည်း အခုအလုပ်ရှုပ်နေတာ"
လင်းဖန် အပြုံးလေးနဲ့ ပြောလိုက်ပါတယ်။သူဖြေပေးချင်ပေမယ့်လည်း မတတ်နိုင်ပေ။အင်တာဗျူးဖြေပြီး ရှင်းပြရင် သူစွယ်စုံအမှတ်တွေ ရချင်ရမှာပါ။
ယင်းနောက် သူဟာ ပန်ကိတ်လုပ်နေရင်း စိတ်ထဲရှိ စွယ်စုံကျမ်းကို ခနဝင်ကြည့်လိုက်ပါတယ်။
စွယ်စုံကျမ်းဟာတော့ စမ်းသပ်မူကို ပြည့်သွားလို့ ဒုတိယ စာမျက်နှာဟာ ကျပမ်း ပွင့်နေခဲ့ပါပြီး။
"ငါ့ကို လာနောက်နေတာလားကွာ"