← Chapters

အဆင့်နှစ် အချိန်လေဟာနယ်

Vol. 60 Ch. 830

အဆင့်နှစ် အချိန်လေဟာနယ်

Vol. 60 Ch. 830

ခြင်္သေ့ကြီးက ကျောက်စာတစ်ချပ်ပမာ ကြီးမားလှသော လက်ဝါးကြီးများဖြင့် ရုန်ယွမ်၏ ယောကျ်ားအသက်ကို ရက်ရက်စက်စက် ရိုက်နှက်နေသည်။ ထို့ကြောင့် ယောကျ်ားလေးများဖြစ်သော ပါရမီရှင်ကိုးယောက်မှာ ပေါင်နှစ်ချောင်းကို စေ့ထားလိုက်ပြီး ကြက်သီးများပင် ထလာသည်။ ယဲ့ချန်ကလည်း ဝင်ရောက်ကန်ကျောက်နေသဖြင့် နှစ်ယောက်လုံးက လူမိုက်များပမာ ရမ်းကားနေသည်။ ရုန်ယွမ်ထံမှ လူသံဟုပင် မပီသသော အော်သံများ ထွက်ပေါ်လာသဖြင့် လူတိုင်းက ကရုဏာသက်နေကြသည်။ ဤလူမိုက်နှစ်ယောက်၏ လက်အတွင်း ကျရောက်သွားရခြင်းအတွက် သူက အလွန်ကံဆိုးသူ ဖြစ်ရပေလိမ့်မည်။

"ခွေးကောင် မင်း အရှုံးပေးပြီလား။ ကိုယ့်ကိုကိုယ်နှိမ့်ချပြီး ငါတို့ကိုတောင်းပန်ရင် ခွင့်လွှတ်ပေးမယ်။ မဟုတ်လို့ကတော့ မင်းကို ငါရဲ့ မျိုးဆက်ဖြတ် လက်ဝါးသိုင်းအကြောင်း ကောင်းကောင်းပြပေးလိုက်မယ်"

ခြင်္သေ့ကြီးက ရုန်ယွမ်ကို အထက်စီးမှ သတိပေးလိုက်ပြီး သူ၏လက်ဝါးကြီးကို မြှောက်ပြလိုက်၏။ သူ၏လက်ဝါးက အဓိကနေရာသို့ ချိန်ရွယ်ထားသောကြောင့် ယဲ့ချန်က ခါးသက်သက် ပြုံးလိုက်မိသည်။ ထိုအချိန်၌ ရုန်ယွမ်သည် စက္ကူတစ်ရွက်ပမာ ဖြူဖျော့နေပြီး တစ်ကိုယ်လုံး ချွေးစေးများ ထွက်နေသော်လည်း အံကြိတ်နေခဲ့သည်။

"မိုက်ရိုင်းလှချည်လား။ မင်းတို့ရဲ့ထောင်ချောက်ထဲကို ရောက်မသွားရင် မင်းတို့က ငါ့ကို ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ။ မင်းတို့မှာ သတ္တိရှိရင် ငါပြန်ကောင်းလာတဲ့ အချိန်ကျ မျှမျှတတ တိုက်ခိုက်မယ်"

သူက စကားလုံးအချို့ကို အားယူ၍ တုန်ရီစွာ ပြောလိုက်၏။

"ခွေးကောင် မင်းကများ တရားမျှတမှုအကြောင်း ပြောရဲသေးတယ်။ ဉာဏ်အလင်းပွင့်နေတာကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာကရော မျှတတာလား"

သူ၏စကားကြောင့် ခြင်္သေ့ကြီးက ဒေါသူပုန်ထသွားကာ ခရမ်းရောင်မီးတောက်များ ထုတ်ဖော်၍ ရုန်ယွမ်၏ပေါင်ကြားကို မီးကင်ပေးလိုက်သည်။ နာကျင်လွန်းသဖြင့် သူက မျက်ရည်များ ဝဲတက်လာကာ မီးခိုးများပင် ထွက်ပေါ်လာပြီး ထိုနေရာက မည်းနက်နေအောင် လောင်ကျွမ်းခံလိုက်ရသည်။ ယောကျ်ားတစ်ယောက်အတွက် ဤမျှအဖြစ်ဆိုးသော အတွေ့အကြုံမျိုးက ကြောက်စရာကောင်းလွန်းနေသည်။ အခြားသူများမှာ ဤမြင်ကွင်းကို မြင်သောအခါ ခြင်္သေ့ကြီး၏ ကြမ်းတမ်းရက်စက်မှုကြောင့် လိပ်ပြာလွင့်ကုန်ကြသည်။

"မင်းအပြစ်အတွက် ပြန်ပြီးပေးဆပ်ရမယ်။ မင်းသာ ငါ့ကို ရန်မစရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူး"

ယဲ့ချန်က အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး ရုန်ယွမ်ကဲ့သို့ အောက်တန်းကျသူတစ်​ယောက်ကို စကားဖြင့်ပြောနေလျှင်လည်း အကျိုးမထူးရာ ရိုက်နှက်ခြင်းကသာ အဖြေ ဖြစ်ပေလိမ့်မည်။

"မင်းတို့နှစ်ယောက် ဒီကိစ္စကို မှတ်ထားစမ်း။ မင်းတို့ ငါ့ကိုမသတ်ရင် အနာဂတ်မှာ သေချာပေါက် လက်စားပြန်ချေမယ်"

ရုန်ယွမ်က စကားပြောရန်အတွက် ရှိသမျှအင်အားကို ဖျစ်ညှစ်အသုံးချနေရ၏။ သူက ထိုနှစ်ယောက်သည် မသတ်ရဲဟု ယုံကြည်ထားသောကြောင့် ခြိမ်းခြောက်ရဲခြင်းဖြစ်သည်။ သူက ပေါ့ဆသွားသဖြင့် အလစ်ဖမ်း တိုက်ခိုက်ခံလိုက်ရခြင်းဖြစ်ပြီး ပြန်လည်ကောင်းမွန်လာလျှင် သွေးနှင့် ပြန်လည်ပေးဆပ်စေရန် တေးမှတ်ထားသည်။

"တော်တော်ခေါင်းမာနေတယ်ပေါ့။ ဒီနေ့ မင်းကို ကောင်းကောင်းသင်ခန်းစာပေးပစ်မယ်"

ယဲ့ချန်က ရုန်ယွမ်၏ တိမ်နက်ချက်ဝတ်ကို အလုံးစုံခွဲထုတ်ပစ်လိုက်သဖြင့် ခြင်္သေ့ကြီးက နောက်တစ်ကြိမ် စိတ်တိုင်းကျ ရိုက်နှက်ခွင့်ရသွားသည်။ ဤမြင်ကွင်းက ရက်စက်လှသော်လည်း အခြားပါရမီရှင်များ ကြည့်နေမည်ကို သိသောကြောင့် ယဲ့ချန်က သတိပေးချက်တစ်ခုအနေဖြင့် ခွင့်ပြုထားသည်။ ထိုကိုးယောက်က ရုန်ယွမ်၏ဦးဆောင်မှုနောက်သို့ လိုက်လျှင် သေချာပေါက် ခံစားရပေလိမ့်မည်။ ရုန်ယွမ်မှာ အလွန်ဒေါသထွက်လွန်းသဖြင့် သွေးများ ဆက်တိုက်အန်ထွက်နေရသည်။ သူကသာ ပေါ့ဆသွားပြီး ယဲ့ချန်၏ထောင်ချောက်အတွင်း မရောက်သွားလျှင် သူ၏အချိန်လေဟာနယ်စွမ်းအားဖြင့် ရှုံးနိမ့်စရာ အကြောင်းမရှိချေ။ သူ၏သွေးကြောများမှာ အပိုင်းပိုင်းပြတ်တောက်နေပြီး ကြိုးစားပမ်းစား စုစည်းနိုင်ခဲ့သည့် အချိန်လေဟာနယ်ချီများမှာလည်း ခြင်္သေ့ကြီး၏ ရိုက်ချက်များကြောင့် ပြန်လည်ပျောက်ကွယ်သွားကြသည်။ သူ၏တစ်ကိုယ်လုံးက ယောင်ကိုင်းနေပြီး အဝတ်အစားများမှာလည်း ခရမ်းရောင်မီးတောက်ကြောင့် ပြာကျသွားကာ ချောမောလှပသော မျက်နှာက ဝက်တစ်ကောင်ပမာ ဖောင်းကားနေသည်။ ကျန်ပါရမီရှင်များမှာ ရုန်ယွမ်ကဲ့သို့ ရိုက်နှက်ခံရမည်ကို ကြောက်လန့်နေကြပြီး ယဲ့ချန်ကို စိန်ခေါ်ဖူးသော လီရိမှာ အလွန်​တုန်လှုပ်နေသည်။ နံပတ်တစ်ပါရမီရှင်ပင် ဤမျှအခြေအနေဆိုးအောင် ရိုက်နှက်ခံနေရလျှင် သူ့အဖို့ ဆိုဖွယ်ရာမရှိချေ။ ကံကောင်းသည်မှာ သူက ယဲ့ချန်နှင့် ပြဿနာကြီးကြီးမားမား မရှိခဲ့ခြင်းဖြစ်သည်။ သို့မဟုတ်လျှင် အလွန်ရက်စက်သည့် ဤလူရမ်းကားနှစ်ယောက်လက်ထဲတွင် သေချာပေါက် ဒုက္ခရောက်သွားနိုင်သည်။

လင်ချိုးသည်လည်း အဝေးမှ ယဲ့ချန်တို့ကို လေးနက်စွာ ကြည့်နေခဲ့သည်။ ရုန်ယွမ်က ယဲ့ချန်၏တိုက်ကွက်ကို လျစ်လျူရှုထားမိသဖြင့် ရှုံးနိမ့်သွားရသော်လည်း တစ်ဖက်လူ၏တိုက်ကွက်က တိမ်နက်ချပ်ဝတ်ကိုပင် ထိုးဖောက်နိုင်သောကြောင့် ဝှက်ဖဲများ သေချာပေါက်ရှိနိုင်သည်။

"ဒီကောင်က သေချာပေါက် မရိုးရှင်းဘူး။ အနာဂတ်မှာ သူ့ကို အလွယ်တကူ ရန်သွားမစမိစေဖို့ သတိထားရမယ်။ ဒါပေမယ့် ရုန်ယွမ်က ဒီလောက်အထိရိုက်နှက်ခံထားရတာကို သူ့ဆရာ သိသွားရင် သေချာပေါက် ပြဿနာကြီးလာလိမ့်မယ်"

ဤဖြစ်ရပ်က ရုန်ယွမ်၏ဘဝ၌ အကြီးမားဆုံး အရှက်ခွဲခံရခြင်းဖြစ်သော်လည်း သူ၏မာနကြောင့် လောင်ရင်ကို ပြောမည်မဟုတ်ပေ။ သို့သော် လင်ချိုး၌ အကြံအစည်အချို့ရှိနေပြီး လက်ရှိအချိန်တွင် လောင်ရင်က ပျောက်ကွယ်နေသဖြင့် အခက်တွေ့သွားရသည်။

"ရပြီ။ ထားလိုက်တော့"

ရုန်ယွမ်မှာ ခေါင်းမာသော အခွံမာသီးကဲ့သို့ မည်မျှသင်ခန်းစာပေးခံရပါစေ၊ အရှုံးပေးမည်မဟုတ်သောကြောင့် ယဲ့ချန်က တားမြစ်လိုက်သည်။ ကြယ်အလင်းနယ်မြေတွင် သတ်ဖြတ်ခြင်းကို တားမြစ်ထားသောကြောင့် ဆက်လက်ရိုက်နှက်နေခြင်းက အဓိပ္ပါယ်မရှိပေ။

"ငါတို့ ဒီကောင့်ကို လွှတ်ပေးလိုက်ရင် အနာဂတ်မှာ သေချာပေါက် ပြဿနာကြီး ဖြစ်လာနိုင်တယ်"

ခြင်္သေ့ကြီးက အသံချင်းဆက်သွယ်၍ သတိပေးလိုက်၏။ သူတို့က ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာကို ပိုင်ဆိုင်ထားသော်လည်း ရုန်ယွမ်၏ အချိန်လေဟာနယ်အဆင့်က သတိထားရမည့် အရာဖြစ်သည်။ သူသာ ပြန်လည်ကောင်းမွန်လာလျှင် လက်စားချေပါက အနည်းငယ် ဒုက္ခရောက်သွားနိုင်သည်။

"ဒီကောင်က နောက်ထပ်ရန်လာစချင်ရင်လည်း နောက်ထပ်ရိုက်ပေးလိုက်ကြတာပေါ့"

ပြဿနာကို မကြောက်တတ်သော ယဲ့ချန်က ပေါ့ပေါ့ပါးပါး​​ ဖြေလိုက်သည်။

"ကောင်းပြီ"

ယဲ့ချန်က ယုံကြည်မှုအပြည့်ရှိနေသောကြောင့် ခြင်္သေ့ကြီးက ခေါင်းညိတ်လိုက်ကာ ရုန်ယွမ်ကို ကန်ထုတ်၍ လက်ကို ဖုန်ခါပြီး ထွက်ခွာသွားကြသည်။ သူတို့က ရင်ပြင်တွင် ကျင့်ကြံရန် အကောင်းဆုံးနေရာကိုရွေး၍ ကျင့်ကြံလိုက်ကြသော်လည်း မည်သူမှ စကားတစ်ခွန်းပင် မဆိုရဲပေ။

"ချန်ရဲ မင်းကြောင့် ရုန်ယွမ်ဒဏ်ရာရသွားတာကို ခေါင်းဆောင်လောင်သိရင် သေချာပေါက် ဒေါသထွက်လိမ့်မယ်။ သူက တပည့်တွေကို အမြဲတမ်း ကာကွယ်ပေးတတ်တဲ့အတွက် ပြင်ဆင်ထားရလိမ့်မယ်။ ကံကောင်းတာက လောလောဆယ်မှာ သူက အပြင်သွားနေတာလား၊ တံခါးပိတ်ကျင့်စဥ်ဝင်နေတာလား တစ်ခုခု ဖြစ်နိုင်တယ်။ လူမြင်ကွင်းမှာ မပေါ်လာတာ အရမ်းကြာနေပြီ။ ပြီးတော့ ရုန်ယွမ်ရဲ့မာနအရဆိုရင် သူ့ဆရာကို မပြောလောက်ပါဘူး။ ဒါပေမယ့် အချို့လူတွေက သွေးထိုးနိုင်တယ်"

မီကွမ်က ယဲ့ချန်ကို အသံချင်းဆက်သွယ်၍ သတိပေးလိုက်သည်။

"ဒါပေမယ့် တကယ်အပြစ်ရှိတာက ရုန်ယွမ်ဆိုတော့ ခေါင်းဆောင်လောင်သာဝင်ပါမယ်ဆိုရင် ကျန်တဲ့ခေါင်းဆောင်တွေနဲ့ မဟာအကြီးတွေ ဝင်ပါလာမှာဖြစ်လို့ အများကြီးတော့ မစိုးရိမ်ပါနဲ့"

မီကွမ်က နောက်ထပ်ပြောလိုက်ပြန်သည်။ ယဲ့ချန်သည် ရုန်ယွမ်ကို ရိုက်နှက်ရဲခြင်းမှာ ကြိုတင်တွက်ချက်ထားပြီးသောကြောင့် ဖြစ်သည်။ ထိပ်တန်းမဟာမိတ်တွင် ဂိုဏ်းဂဏအသီးသီး ကွဲနေသောကြောင့် လောင်ရင်ဝင်ပါလာလျှင် သူ့ကို ဆန့်ကျင်မည့်သူတစ်ယောက် ထွက်လာပေလိမ့်မည်။ သူက ရုန်ယွမ်ကို အနိုင်ယူခြင်းဖြင့် အလားအလာကို ထုတ်ပြထားပြီးဖြစ်သောကြောင့် တန်ဖိုးထားခံရမည်ဖြစ်ရာ ကြောက်စရာမရှိတော့ပေ။ အခြားပါရမီရှင်များသည်လည်း ရင်ပြင်ထက်တွင် ကျင့်ကြံရန် ရောက်ရှိလာကြသော်လည်း ယဲ့ချန်ကို ကြောက်သောကြောင့် ခပ်ဝေးဝေးတွင် နေရာယူခဲ့ကြသည်။

ယဲ့ချန်က မျက်လုံးမှိတ်၍ တင်ပျဥ်ခွေထိုင်ချလိုက်ပြီး အချိန်လေဟာနယ်ချီများကို တိတ်တဆိတ် ဆင်ခြင်နေခဲ့သည်။ တစ်ယောက်ယောက်ကသာ ရန်စမလာလျှင် သူက ပြဿနာသွားရှာစရာ အကြောင်းမရှိပေ။ သူ၏ကိုယ်တွင်း၌ အနီရောင်ချီက ကြယ်ကိုးလုံးကြားတွင် လည်ပတ်နေကာ ကျွမ်းကျင်စွာ အသုံးပြုလာနိုင်သည်။ သူနှင့် သာမန်လူများအကြား ကွာခြားသည်မှာ အခြားလူများသည် အချိန်လေဟာနယ်ချီကို ခန္ဓာကိုယ်အပြင်၌သာစု ဆောင်းထားနိုင်စွမ်းရှိသည်။ သူကမူ ၎င်းကို ခန္ဓာကိုယ်အတွင်း ကွယ်ဝှက်ထားပြီး အနီရောင်ချီများ၏တောက်ပမှုက ကြယ်ကိုးလုံးထက်တွင် ရောင်ပြန်ဟပ်​နေသည်။ သူက နောက်တစ်ကြိမ် စျာန်ဝင်စားသွားကာ အရာရာကို မေ့လျော့သွားပြီး စကြဝဠာအတွင်း သိပ်သည်းစွာရှိနေသည့် အချိန်လေဟာနယ်ချီမျိုးစုံကို အာရုံခံနေခဲ့သည်။ ထို့နောက် သူက ၎င်းတို့ကို အတားအဆီးမရှိ စုပ်ယူလိုက်သောအခါ ရင်ပြင်ထက်၌ ဧရာမစုပ်ဝဲကြီးတစ်ခု ဖြစ်ပေါ်လာပြန်ပြီး ခန္ဓာကိုယ်အတွင်း အရူးအမူး တိုးဝင်လာကြသည်။ သူကိုယ်တိုင်ကမူ ပတ်ဝန်းကျင်၌ ဖြစ်ပျက်နေသည်များကို သတိမထားမိဘဲ ကျင့်ကြံခြင်းတွင် နစ်မြုပ်နေသည်။

ခြင်္သေ့ကြီးသည် အချိန်လေဟာနယ်ချီများကို ခွဲထုတ်ရမည့်နည်းလမ်းကို ခက်ခက်ခဲခဲလေ့လာ၍ နားလည်သွားသောအခါ ခါးသက်သက်ဖြစ်သွားခဲ့သည်။ သူက အချိန်လေဟာနယ်ချီများကို စုပ်ယူချင်သော်လည်း အားလုံးကို ယဲ့ချန်က ပြင်းထန်စွာ စုပ်ယူနေသောကြောင့် တစ်ခုတလေပင် မရလိုက်ချေ။ ထိုအချိန်၌ ရင်ပြင်ထက်ရှိ လူတိုင်းက ယဲ့ချန်ကို အံ့အားသင့်စွာ ကြည့်နေခဲ့ကြသည်။ သူတို့အမြင်၌ ဉာဏ်အလင်း နှောင့်ယှက်ခံလိုက်ရသောကြောင့် သူက အပြင်းအထန် ဒဏ်ရာရသွားပေလိမ့်မည်။ သို့သော် အချိန်တိုအတွင်း သူက အချိန်လေဟာနယ်ချီများကို ပိုမိုကြမ်းတမ်းစွာ စုပ်ယူနိုင်မည်ကိုမူ မျှော်လင့်မထားပေ။ ယဲ့ချန်သာ ဆက်လက်ကျင့်ကြံနေလျှင် သူတို့အတွက် စုပ်ယူစရာစွမ်းအင်များ မရှိကြောင်း ဖြည်းဖြည်းချင်း နားလည်လာခဲ့သည်။ သူတို့က ကြိုးကြိုးစားစားဖြင့် ချီအနည်းငယ်ကို စုဆောင်းလိုက်နိုင်သည့်တိုင်အောင် အားလုံးက ယဲ့ချန်၏စုပ်ယူမှုကြောင့် ပြန်ပါသွားသောအခါ ကျင့်ကြံမရတော့ပေ။ သို့သော် နံပတ်တစ်ပါရမီရှင်ဖြစ်သော ရုန်ယွမ်ပင် ယဲ့ချန်လက်ထဲတွင် ပြာနှမ်းနေအောင် အရိုက်ခံထားရသည်ဖြစ်သောကြောင့် နောက်ထပ်လည်း ရန်မစရဲပေ။

ယဲ့ချန်သည် အချိန်တစ်ခုကြာ ကျင့်ကြံပြီးနောက် အနီရောင်ချီများအပြင် လိမ္မော်ရောင်ချီများ ဖြည်းညှင်းစွာ ဖြစ်ပေါ်လာသောကြောင့် အချိန်လေဟာနယ် အဆင့်နှစ်ဖြစ်ကြောင်း သိလိုက်ရ၏။ ၎င်းကို နားလည်ပြီးနောက် သူ၏ခွန်အားက အဆပေါင်းများစွာ တိုးတက်လာကာ အဆင့်နှစ်ခုကို ဆက်တိုက်နားလည်ရန်မှာ အဆင့်သုံးမျိုးနွယ်တစ်ယောက်အတွက် လုံးဝမဖြစ်နိုင်ပေ။ အခြားကျင့်ကြံသူများက အဆင့်တစ်ခုကို နားလည်ရန်အတွက် နှစ်ပေါင်းဆယ်ချီ အချိန်ယူရပြီး ပါရမီနည်းသူများဆိုလျှင် နှစ်ပေါင်းရာချီပင် လိုအပ်သည်။

ယဲ့ချန်၏ရုပ်ခန္ဓာက ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာဖြစ်သည့်အပြင် ကောင်းကင်ချီကျင့်ကြံခြင်းတွင်ရော ဝိညာဥ်အသိစိတ်ပါ အထွတ်အထိပ်သို့ ရောက်နေသည်။ အချိန်လေဟာနယ်အဆင့်နှစ်ကို ဆင်ခြင်ပြီးနောက် သူ၏ခွန်အားက နတ်အစေခံများ စိတ်ကူးမရလောက်သော အဆင့်မျိုးအထိ တိုးတက်သွားခဲ့သည်။ အကယ်၍ သူသာ ဆန္ဒရှိလျှင် ကြယ်သခင်အဆင့်သို့ အချိန်မရွေး တက်ရောက်နိုင်ပြီး ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာအားကိုးကြောင့် ရှင်းဟွမ်၏အကူအညီကို မလိုအပ်ပေ။ သို့သော် သူက ကြယ်သခင်အဆင့်မတက်ခင် နောက်ထပ်အချိန်လေဟာနယ်အဆင့်များကို နားလည်ရန်အတွက် ကြိုးစားချင်နေခဲ့သည်။

ချင်းရန် ချန်ထားရစ်ခဲ့သော စာလိပ်အတွင်းမှ နည်းလမ်းအပေါ် ယဲ့ချန်က နားလည်မှုအသစ်တစ်ခု ဖြစ်ပေါ်လာသည်။ ချင်းရန်က အချိန်လေဟာနယ်ချီများကို စကြဝဠာအတွင်းမှ ခွဲထုတ်ရန် ကြိုးစားခဲ့သော နည်းလမ်းမှာ အမှန်တကယ် အကျိုးသက်ရောက်မှုရှိနေသည်။ သူက ကျင့်ကြံခြင်းတွင် နစ်မျောနေစဥ် မီတာရာချီမြင့်မားသော ပုံရိပ်တစ်ခုသည် ရင်ပြင်အထက်ကောင်းကင်တွင် ဖြစ်တည်လာသည်။ ၎င်းက ဆံပင်ဖြူအဘိုးအိုတစ်ယောက်ဖြစ်ကာ လေအတိုက်၌ ဆံပင်ရှည်များက လူးလွင့်နေ၍ တာအိုဝတ်စုံဆင်မြန်းထားသည်။ သူက သူတော်စင်တစ်ယောက်ကဲ့သို့ အရှိန်အဝါမျိုး ပိုင်ဆိုင်ထားကာ ရင်ပြင်ထက်မှ ပါရမီရှင်များကို တည်ငြိမ်စွာ ငုံ့ကြည့်နေသည်။ ထိုအဘိုးအို ထွက်ပေါ်လာသောအခါ ရင်ပြင်ရှိ အချိန်လေဟာနယ်ချီများက ဆယ်ဆပို၍သိပ်သည်းလာသောကြောင့် လူတိုင်းက လတ်ဆတ်လန်းဆန်းသော စွမ်းအားတစ်ခုအတွင်း ရောက်ရှိသွားလေသည်။

All Chapters