← Chapters

ရှန်မူ

Vol. 60 Ch. 831

ရှန်မူ

Vol. 60 Ch. 831

ကျင့်ကြံခြင်းတွင် နစ်မြုပ်နေသော ယဲ့ချန်သည် အဘိုးအို ထွက်ပေါ်လာသောအခါ မွေးညှင်းပေါက်များပွင့်သွားကာ စိတ်ရောကိုယ်ပါ လန်းဆန်းသွားကြောင်း ခံစားလိုက်ရ၏။ ထိုစွမ်းအင်များကို သူက ချက်ချင်းစုပ်ယူလိုက်ပြီး ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးထံ အဆုံးမရှိ ပို့ဆောင်လိုက်သည်။

"ခေါင်းဆောင်ရှန်"

လင်ချိုး၊ လီရိစသူတို့သည် ကောင်းကင်ထက်မှ ပုံရိပ်ကို မြင်သောအခါ အားလုံးမတ်တပ်ရပ်၍ အလွန်လေးစားဟန်ဖြင့် အရိုအသေပေးလိုက်ကြသည်။

"ကျန်ခေါင်းဆောင်တွေက တံခါးပိတ်ကျင့်စဥ်ဝင်နေတဲ့အတွက် ဒီနေ့သင်ခန်းစာကို ငါ ပို့ချပေးမယ်"

ရှန်မူက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး မုတ်ဆိတ်ဖြူကြီးကို လက်ဖြင့်သပ်ကာ ကြင်နာစွာ ပြောလိုက်၏။ သူ၏အစစ်အမှန်ခန္ဓာကိုယ်က အဝေးတစ်နေရာ၌ ရှိနေပြီး ဤပုံရိပ်ကို ဝိညာဥ်အသိစိတ်မှတဆင့် ထုတ်ဖော်ထားခြင်းဖြစ်သည်။

"ဒီနေ့ အသစ်နှစ်ယောက် ထပ်ရောက်လာတာလား"

သူက တစ်ချက်ပြုံးလိုက်ပြီး ယဲ့ချန်နှင့် ခြင်္သေ့ကြီးကို အကဲခတ်လိုက်၏။ ထိုအချိန်၌ ယဲ့ချန်သည် အဆုံးမဲ့တွင်းနက်ကြီးပမာ ရင်ပြင်ထက်ရှိ စွမ်းအားများကို စုပ်ယူနေသောကြောင့် ဝဲကြီးတစ်ခုက သူ့အား ဗဟိုပြု၍ ဖြစ်တည်နေသည်။ ကြယ်သခင်အဆင့်မရောက်သေးလျှင် သာမန်လူများအတွက် ဤသို့စုပ်ယူခြင်းက သေလမ်းရှာခြင်းဖြစ်ပြီး နတ်အစေခံတစ်ယောက်၏ရုပ်ခန္ဓာက ဤမျှပမာဏများများကို မသိမ်းဆည်းထားနိုင်ပေ။ ပေါက်ကွဲ၍ သေဆုံးသွားနိုင်သောကြောင့် နတ်အစေခံများက အချိန်လေဟာနယ်ချီကို ဆင်ခြင်နိုင်လျှင် ၎င်းတို့ကို ရုပ်ခန္ဓာအပြင်ဘက်၌ စုဝေးထားရဲကြသည်။ တိုက်ခိုက်ရန်အတွက် ပတ်ဝန်းကျင်မှ ချီများကို ငှားယူသုံးစွဲကြရသည်။

ယဲ့ချန်က သာမန်ကျင့်ကြံသူများနှင့် ကွဲပြားပြီး နတ်အစေခံတစ်ယောက်သာဖြစ်သော်လည်း စကြဝဠာအတွင်းမှ အချိန်လေဟာနယ်ချီများကို စုပ်ယူနိုင်နေသည်။ ထို့အပြင် ခြင်္သေ့ကြီးကလည်း ရိုးရှင်းပုံမရကြောင်းကို ရှန်မူက အာရုံခံနိုင်ခဲ့သည်။ သူက သေသေချာချာ အကဲခတ်လေလေ၊ မရိုးရှင်းကြောင်း သိလာလေလေဖြစ်ပြီး မျက်လုံးများ၌ ကျေနပ်သည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။

"သူတို့က အခုမှ ကြယ်အလင်းနယ်မြေကို ရောက်လာတာလား"

ရှန်မူက မေးလိုက်ခြင်းဖြစ်သည်။

"ဟုတ်ပါတယ် ခေါင်းဆောင်"

ကြယ်အလင်းနယ်မြေတွင် ရှန်မူနှင့် အရင်းအနှီးဆုံးဖြစ်သော လင်ချိုးက ဖြေလိုက်သည်။ တစ်ချိန်တွင် ရှန်မူက သူမ၏ကျင့်ကြံခြင်း၌ တိုးတက်မှုများရှိလာလျှင် တပည့်အဖြစ် လက်ခံမည်ဟု ပြောဖူးသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူမက ရှန်မူကို ဆရာအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။

"သူတို့မှာ ဆရာရှိပြီလား"

"မရှိသေးပါဘူး "

ရှန်မူက လေးနက်စွာမေးလာသောအခါ လင်ချိုးက ရင်ထိတ်သွားသော်လည်း မလိမ်ရဲသဖြင့် ခါးသီးစွာဖြင့် အမှန်အတိုင်း ဖြေလိုက်ရ၏။ သူမ၏စကားကြောင့် ရှန်မူက ကျေနပ်စွာပြုံးလိုက်ပြီး နောက်ထပ်မေးခွန်းများ ထွက်မလာတော့ပေ။ ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းတွင်ဖြစ်စေ၊ ထာဝရပြည်ထောင်တစ်ခုလုံးတွင်ဖြစ်စေ ဆရာနှင့် တပည့်ဆက်ဆံရေးက နက်ရှိုင်းလှပြီး တစ်ရက်ဆရာဖြစ်ဖူးလျှင် တစ်သက်တာအဖေဟု သတ်မှတ်ထားကြသည်။ ရှန်မူ၌ တပည့်များရှိထားသော်လည်း နောက်ထပ်လက်ခံလိုနေသည့်တိုင်အောင် အလားအလာမဆိုးသော လင်ချိုးက အရည်အချင်း မပြည့်မီချေ။ သူက တစ်ခုခုလိုအပ်နေသည်ဟု ခံစားရသောကြောင့် တပည့်အဖြစ်လက်ခံရန် တုံ့ဆိုင်းနေခြင်းဖြစ်သည်။ ခေါင်းဆောင်တစ်ယောက်အနေဖြင့် အစွမ်းထက်ကျင့်ကြံသူဖြစ်သော​ကြောင့် တစ်ချက်ကြည့်ရုံဖြင့် ယဲ့ချန်နှင့် ခြင်္သေ့ကြီးက ထူးခြားပြီး သေချာပျိုးထောင်ပေးလျှင် ထွန်းတောက်လာမည်ဟု အတပ်ပြောနိုင်သည်။ စကြဝဠာအတွင်း၌ အန္တရာယ်များ ပြည့်နှက်နေသောကြောင့် ထိပ်တန်းအဆင့် ကြယ်သခင်များပင် အစွမ်းထက်တပည့်များကို လိုအပ်ပြီး စကြဝဠာတစ်ခွင်၌ အလွန်အမင်းပါရမီရှိသူများအား ရှာဖွေတတ်ကြသည်။ အဆင့်တစ်ဆယ် နတ်အစေခံများကြားတွင် အချိန်လေဟာနယ်အဆင့်များကို နားလည်နိုင်သူများက သူတို့၏ပစ်မှတ်ဖြစ်သည်။

ယဲ့ချန်သည် ပတ်ဝန်းကျင်ကို လုံးဝလျစ်လျူရှုထားပြီး ကျင့်ကြံခြင်းကို အာရုံစိုက်​နေသည်။ ရှန်မူက လက်တစ်ဖက်ယမ်းလိုက်သောအခါ အချိန်လေဟာနယ်ချီများက သူနှင့် ခြင်္သေ့ကြီးအပေါ် ရေတံခွန်တစ်ခုပမာ ဖြာကျလာခဲ့သည်။ သူက ချီပမာဏများစွာကို အသုံးပြုနိုင်စွမ်းရှိပြီး ၎င်းချီများက သက်ရှိဝိညာဥ်များပမာ လှုပ်ရှားသွားလာနေကြသည်။ သူက ယဲ့ချန် မည်မျှပမာဏအထိ စုပ်ယူနိုင်မည်ကို မြင်တွေ့လိုနေခဲ့သည်။ ရင်ပြင်ထက်ရှိ အခြားပါရမီရှင်များအတွက် ဤပမာဏက များပြားလွန်းသောကြောင့် ခုခံနိုင်စွမ်းကင်းမဲ့စပြုလာသည်။ ယဲ့ချန်နှင့် ခြင်္သေ့ကြီးကမူ ရေထဲရောက်နေသည့် ငါးများပမာ အလွန်အမင်းသက်တောင့်သက်သာရှိနေသည်။ ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာက အဆင့်တစ်ရုပ်ခန္ဓာနီးပါး အစွမ်းထက်ပြီး ဤပမာဏက ဖိအားအနည်းငယ်မျှကိုပင် မဖြစ်ပေါ်စေခဲ့ပေ။ ယဲ့ချန်၏ကိုယ်တွင်းရှိ ဒန်တန်သည် တွင်းနက်ကြီးပမာ ချီများကို ဆက်တိုက်စုပ်ယူနေပြီး ကြယ်ကိုးလုံးထံ ပို့ဆောင်ပေးလိုက်သောအခါ ချက်ချင်းပျောက်ကွယ်သွားကြသည်။

အချိန်လေဟာနယ်ချီများ ရောက်သွားသော နေရာကို ယဲ့ချန်ကိုယ်တိုင်ပင် မသိသောကြောင့် စိတ်ရှုပ်သွားသည်။ သို့သော်လည်း အများစုက သူ၏ရုပ်ခန္ဓာအတွင်း သန့်စင်ခံလိုက်ရပြီး အချိန်ကြာလာသောအခါ အချိန်လေဟာနယ်အဆင့်နှစ်အပေါ် သူ၏နားလည်နိုင်စွမ်း ကြီးမားလာနေသည်။ အနီရောင်နှင့် လိမ္မော်ရောင်များက လှပသော ဖဲကြိုးများပမာ ကြယ်ကိုးလုံးကို ရစ်ပတ်ထားကြသည်။ အပြင်လူများက သူ၏ကိုယ်တွင်းသို့ မမြင်နိုင်သောကြောင့် အဆင့်နှစ်အထိ နားလည်ထားကြောင်း မသိနိုင်ကြပေ။ သူတို့က အချိန်လေဟာနယ်ချီများ လည်ပတ်သွားသောအခါ ဖြစ်ပေါ်လာသည့် သွေးကြောအတွင်းမှ မူမမှန်မှုအနည်းငယ်ကိုသာ အာရုံခံနိုင်ကြပေလိမ့်မည်။ အချိန်တစ်ခုအကြာတွင် သူက ကျင့်ကြံခြင်းကို ရပ်နား၍ မျက်လုံးများ ဖွင့်လိုက်သည်။

"ယဲ့ချန် ခေါင်းဆောင်လို့ထင်ရတဲ့ အဘိုးကြီးတစ်ယောက် ရောက်နေတယ်။ သူ့နာမည်က ရှန်မူဆိုလား ဘာလား တစ်ခုခုပဲ"

ခြင်္သေ့ကြီးက ထိုအချိန်၌ အသံချင်းဆက်သွယ်လာခဲ့သည်။ ယဲ့ချန်က မော့ကြည့်လိုက်သောအခါ ရသေ့တစ်ယောက်နှင့်ဆင်တူသော မီတာရာချီမြင့်သည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ အချိန်လေဟာနယ်ချီငါးရောင်က ထိုအဘိုးအို၏ပတ်လည်၌ လှည့်ပတ်နေကြပြီး သေမျိုးဘုံသို့ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးပမာ မြင်ရသူအပေါင်းကို အံ့သြမင်သက်စေသည်။

"ခေါင်းဆောင်ရှန်က အဆင့်ငါးကို နားလည်ပြီးတဲ့နောက်မှာ ကြယ်သခင်အဆင့်တက်ခဲ့တယ်။ သူက ကြယ်သခင်ဖြစ်လာတာ နှစ်ပေါင်းငါးထောင်ကြာပြီး အသန်မာဆုံးကျင့်ကြံသူတွေထဲမှာ အဆင့်ခြောက်ချိတ်တယ်။ သူက မင်းတို့ကို တပည့်အဖြစ်ခေါ်ယူဖို့ စိတ်ဝင်စားနေပုံရတယ်။ ဒီအခွင့်အရေးက ကြုံတောင့်ကြုံခဲနော်၊ မလွတ်သွားစေနဲ့"

ယဲ့ချန်၏အကျိုးကို လိုလားသော မီကွမ်ကလည်း ရှန်မူအကြောင်း အသိပေးလာခဲ့သည်။

"ငါနားလည်ပြီ"

တစ်ဖက်လူ၏စိတ်ကောင်းကို နားလည်သဖြင့် ယဲ့ချန်က သူ့ကို မိတ်ဆွေကောင်းတစ်ယောက်အဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။

"မင်းတို့နှစ်ယောက် ထိပ်တန်းမဟာမိတ်ကိုရောက်တာ ဘယ်လောက်ကြာပြီလဲ"

ထိုအချိန်၌ ရှန်မူက မေးခွန်းထုတ်လာခဲ့သည်။

"လဝက်အတွင်း ရှိပါသေးတယ် ခေါင်းဆောင်ရှန်"

ယဲ့ချန်က ယဥ်ကျေးစွာ ဖြေလိုက်သည်။ တစ်ဖက်လူက အစစ်အမှန်ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်အပြင် သူမြင်တွေ့ခဲ့ဖူးသော ကြယ်သခင်ချင်းရန်ထက် များစွာပို၍ အစွမ်းထက်နေခဲ့သည်။

"လဝက်ထက်တောင် နည်းတာလား"

ရှန်မူက မျက်မှောင်ကြုတ်လိုက်ပြီး ဤမျှအချိန်တိုတောင်းနေမည်ဟု ထင်မထားခဲ့ပေ။

"ဟုတ်ပါတယ်ခင်ဗျာ"

ယဲ့ချန်က တည်ငြိမ်စွာ ဖြေလိုက်သည်။

"မင်းတို့ရဲ့မွေးရပ်မြေက ဘယ်မှာလဲ"

"ကျုပ်တို့က အလွန်ချောင်ကျတဲ့ သီးသန့်ကြယ်တစ်ခုမှာ မွေးဖွားခဲ့ပါတယ်။ ဒါပေမယ့် အပြင်ကျင့်ကြံသူတွေများစွာနဲ့ ပြဿနာလေးတွေရှိတဲ့အတွက် တည်နေရာနဲ့ အမည်ကို မပြောနိုင်တာ ခွင့်လွှတ်ပါ"

ယဲ့ချန်က လင်ချိုးကို တစ်ချက်ကြည့်၍ ဖြေလိုက်သည်။

"မင်းတို့က ငါ့ကို ဆရာအဖြစ် လိုချင်လား"

ယဲ့ချန်၏ပွင့်လင်းမှုကို သဘောကျသော ရှန်မူသည် တစ်ချက်ပြုံး၍ ချက်ချင်းကမ်းလှမ်းလိုက်သည်။ တစ်ဖက်လူက တပည့်အဖြစ်လိုချင်နေကြောင်း ခန့်မှန်းထားသော်လည်း မြန်လွန်းနေသဖြင့် ယဲ့ချန်ပင် မင်သက်သွားခဲ့သည်။ သူက မေးခွန်းအနည်းငယ်သာမေး၍ တပည့်အဖြစ် ခေါ်ဆောင်ရန် လုံးဝတွန့်ဆုတ်မနေခဲ့ပေ။ ကြယ်အလင်းနယ်မြေမှ ကျင့်ကြံသူများသည် ရှန်မူ၏စကားကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားကာ ကံကောင်းလွန်းသော ယဲ့ချန်နှင့် ခြင်္သေ့ကြီးအပေါ် မနာလိုအားကျနေသည်။ ကြယ်အလင်းနယ်မြေအတွင်း ကျင့်ကြံနေသူတိုင်းသည် ခေါင်းဆောင်များနှင့် မဟာအကြီးအကဲများကို ဆရာအဖြစ် တင်မြှောက်လိုနေသည်။ သူတို့သာဆိုလျှင် ခေါင်းဆောင်တစ်ယောက်၏ ကမ်းလှမ်းမှုကို ချက်ချင်းလက်ခံမည်ဖြစ်သော်လည်း ယဲ့ချန်က တုံ့ဆိုင်းနေခဲ့သည်။

"ခေါင်းဆောင်ရှန်က ထိပ်တန်းမဟာမိတ်မှာ လူငယ်မျိုးဆက်ကို အလေးပေးတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။ သူ့တပည့်သာ ဖြစ်လာရင် မင်းအတွက် အနာဂတ်က အကန့်အသတ်မဲ့ပြီ"

မီကွမ်သည် ယဲ့ချန် တုံ့ဆိုင်းနေသောအခါ စိုးရိမ်တကြီးဖြစ်သွားပြီး ချက်ချင်းတိုက်တွန်းလာခဲ့သည်။ သူ၏စကားကြောင့် ယဲ့ချန်၏သံသယများ လျော့နည်းသွားခဲ့သည်။

"ယဲ့ချန် ငါတို့ သူ့ကို ဆရာအဖြစ် ရွေးလိုက်သင့်လား။ ခေါင်းဆောင်တစ်ယောက်ကို နောက်ခံအဖြစ်ရထားရင် မဆိုးဘူး။ ခေါင်းဆောင်လောင်က ရုန်ယွမ်ကိစ္စကြောင့် ပြဿနာလာရှာရင် ဒီအဘိုးကြီးက ကာကွယ်ပေးနိုင်လောက်တယ်"

ခြင်္သေ့ကြီး၏စကားကြောင့် ယဲ့ချန်က ရှန်မူ၏တပည့် ဖြစ်လာခြင်းအတွက် အကျိုးအပြစ်များကို တွက်ချက်နေသည်။

"ဟေ့ အဘိုးကြီး ခင်ဗျားကို ဆရာတင်ရင် ကျုပ်တို့ ဘာရမှာလဲ"

ခြင်္သေ့ကြီးက ခေါင်းမော့ကြည့်လိုက်ပြီး ခပ်အေးအေးအမူအရာဖြင့် မေးလိုက်ခြင်းဖြစ်သည်။ သူက ပွင့်လင်းသော ကိုယ်ကျင့်စရိုက်ကို ပိုင်ဆိုင်ထားကာ သေခြင်းရှင်ခြင်း အခြေအနေများကို ကျော်ဖြတ်ခဲ့ရသဖြင့် အကြောက်အလန့်ကင်းမဲ့နေသည်။ ခေါင်းဆောင်ရှန်ကဲ့သို့ ထိပ်တန်းကြယ်သခင်တစ်ယောက်ရှေ့၌ပင် သူက ရဲတင်းစွာ ပြုမူနေသည်။

လင်ချိုး၊ လီရိစသူတို့က သူ့ကို ထူးဆန်းသော မျက်နှာထားများဖြင့် လှည့်ကြည့်လာကြသည်။ ရှန်မူက တပည့်ဖြစ်ချင်သလားဟု မေးနေသည့်တိုင်အောင် သူက အကျိုးအမြတ်များကို တွက်ချက်မေးခွန်းထုတ်နေသည်။ အသန်မာဆုံးကျင့်ကြံသူဖြစ်လာရန် ပါရမီရှင်တိုင်း ရည်ရွယ်ထားသော်လည်း ဤအခွင့်အရေးမျိုးက နှစ်ခါမရပေ။ လင်ချိုးသည် ရှန်မူ၏သဘောထားကို သိလိုက်ရသောအခါ ဒေါသူပုန်ထနေပြီး ယဲ့ချန်တို့ကို အသွေးအသားထဲမှ မုန်းတီးသွားခဲ့သည်။ အကယ်၍ ဤနှစ်ယောက်သာ ကြယ်အလင်းနယ်မြေသို့ ရောက်မလာခဲ့လျှင် သူမက ရှန်မူ၏တပည့် ဖြစ်လာပေလိမ့်မည်။

"ဒါပေါ့။ ဒီအဘိုးကြီးကို ဆရာတင်လိုက်ရင် မင်းတို့အတွက် အကျိုးအမြတ်ရှိတယ်။ အခြားလူတွေကို မေးကြည့်လိုက်ရုံနဲ့ သိနိုင်ပါတယ်။ ငါဖန်တီးထားတဲ့ လျှို့ဝှက်ကျင့်စဥ်တွေကို သင်ယူခွင့်ရှိမယ်။ ကြယ်သခင်အဆင့်ရောက်ရင် မင်းတို့ကျင့်ကြံဖို့အတွက် သီးသန့်နယ်မြေတွေကို ခေါ်သွားပေးမယ်။ အဲ့ဒီနေရာတွေမှာ ကြိုးစားအားထုတ်မှုရဲ့ အသီးအပွင့်ကို နှစ်ဆရလိမ့်မယ်"

ရှန်မူက ခြင်္သေ့ကြီး၏စကားကြောင့် ဒေါသထွက်ရမည့်အစား တဟားဟားရယ်မောကာ စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏။

"ကောင်းပြီ။ ဒါဆိုရင် ခင်ဗျားကို ဆရာတင်မယ်"

ခြင်္သေ့ကြီးက ခေါင်းညိတ်၍ ချက်ချင်းအဖြေပေးလိုက်လေသည်။

All Chapters