← Chapters

ထူးဆန်းသော အရိုး

Vol. 60 Ch. 833

ထူးဆန်းသော အရိုး

Vol. 60 Ch. 833

"ငါ နည်းနည်းလောက် တွက်ကြည့်လိုက်ဦးမယ်"

ရှန်မူက မျက်လုံးများမှိတ်၍ လက်ချောင်းသဏ္ဍာန်များ ထုတ်ဖော်လိုက်သောအခါ ငါးရောင်ခြယ်ချီများက ပတ်ဝန်းကျင်၌ လှိုင်းကြက်ခွပ်များပမာ ထွက်ပေါ်လာ၏။ ယဲ့ချန်နှင့် ခြင်္သေ့ကြီးက သူ့ကို နှောင့်ယှက်မိမည် စိုးရိမ်သောကြောင့် တိတ်တဆိတ် စောင့်ဆိုင်းလိုက်သည်။ ထို့နောက် ဆရာဖြစ်သူထံမှ ကြယ်များနှင့်ဆင်တူသော အလင်းစက်များ ထွက်ပေါ်လာကာ ရှုပ်ထွေးသော ကြယ်မြေပုံတစ်ခု ဖြစ်ပေါ်လာသည်။ အချိန်ကြာမြင့်သောအခါ သူက မျက်လုံးများ ပြန်ပွင့်လာပြီး ခန္ဓာကိုယ်ပတ်လည်ရှိ အလင်းရောင်များ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

"ဘယ်လိုလဲ ဆရာ"

ခြင်္သေ့ကြီးက စိုးရိမ်တကြီး မေးလိုက်သည်။

"ကောင်းကင်ဗေဒင်ပညာရပ်ကို အသုံးချပြီး တွက်ချက်လိုက်တဲ့အခါ ချန်ရဲဘဝမှာ ကပ်ဘေးတွေအများကြီး ကြုံရလိမ့်မယ်။ မင်းမှာ ရန်သူတွေ မရေမတွက်နိုင်အောင်ရှိပြီး ဒီကပ်ဘေးတွေကို ကျော်လွှားနိုင်မှ ရှင်သန်နိုင်လိမ့်မယ်"

ရှန်မူက ယဲ့ချန်ကို တစ်ချက်စိုက်ကြည့်၍ အဖြေပေးလိုက်သည်။

"ကပ်ဘေးတွေလား"

ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ဘဝတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသော်လည်း အားလုံးကို ကျော်ဖြတ်နိုင်ခဲ့သောကြောင့် အနာဂတ်၌ ကပ်ဘေးကြီးတစ်ခု စောင့်ဆိုင်းနေခြင်း ဖြစ်နိုင်သည်။ သို့သော် သူ၏မျက်လုံးတွင် အရာရာကို အုပ်စိုးလွှမ်းမိုးနိုင်သော အကြည့်မျိုး ထွက်ပေါ်လာပြီး မည်မျှခက်ခဲပါစေ၊ သတ်ဖြတ်ဖြေရှင်းရန် ဆုံးဖြတ်ထားသည်။

"မင်းကတော့ ကောင်းချီးခံတစ်ယောက် မဟုတ်ပေမယ့် သက်တမ်းအလွန်ရှည်ပြီး ကပ်ဘေးတွေ ရင်ဆိုင်ရရင်တောင် ကံကြမ္မာအရ ကျော်ဖြတ်နိုင်ပြီး အန္တရာယ်ကင်းလိမ့်မယ်။ မင်းရဲ့ကံကြောင့် ချန်ရဲရဲ့ကံက ပြောင်းလဲသွားပြီး သူ အခုထိ အသက်ရှင်နေရတာရဲ့ သော့ချက် ဖြစ်နေတယ်။ ကံကြမ္မာက အလွန်မြင့်မြတ်ဆန်းကျယ်ပြီး အစွမ်းထက်ပုဂ္ဂိုလ်အနည်းငယ်သာ ဒါကို ရင်ဆိုင်နိုင်တယ်"

ရှန်မူသည် ယဲ့ချန်၏ တည်ငြိမ်သော အမူအရောကြောင့် ကျေနပ်သွားကာ ခြင်္သေ့ကြီးဘက်လှည့်၍ ဟောကိန်းထုတ်လိုက်၏။

"ခြင်္သေ့ကြီးကြောင့် ကျုပ်ရဲ့ကံက ပြောင်းလဲသွားတာလား"

ယဲ့ချန်က တစ်ခုခုကို ရုတ်တရက် အမှတ်ရလိုက်သောကြောင့် စိတ်လှုပ်ရှားသွားသည်။ အကယ်၍ အစွမ်းထက်ကျင့်ကြံသူများက ကံကြမ္မာကို ရင်ဆိုင်နိုင်စွမ်းရှိလျှင် အချင်းချင်းတိုက်ခိုက် ယှဥ်ပြိုင်နေခြင်း ဖြစ်ရပေလိမ့်မည်။ ကံကြမ္မာကသာ သူတို့ကို သတ်ဖြတ်နိုင်စွမ်းရှိမည်ဖြစ်ရာ သူ့အတွက် ကျောက်စိမ်းနန်းတော်၏ ပိုင်ရှင်အကြောင်း သိချင်စိတ်များ ပိုမိုဖြစ်ပေါ်လာသည်။ ဖြစ်နိုင်သည်မှာ ထိုလူက သူ၏ကံကြမ္မာကို ကြိုတင်တွက်ချက်ခဲ့ပြီး ပြောင်းလဲပေးရန်အတွက် ခြင်္သေ့ကြီးကို ကောင်းကင်ကြယ်တာရာတံဆိပ်အတွင်း ပိတ်လှောင်ထားပြီး ပို့ဆောင်ပေးလိုက်ခြင်း ဖြစ်နိုင်သည်။ ထို့အပြင် ပင်မတံဆိပ်အတွင်းမှ ဖြစ်တည်မှုလည်း ရှိနေသောကြောင့် ထိုလူက အထူးအစီအစဥ်များ ဆွဲထားပုံရသည်။

"ကြည့်ရတာ အရင်ဘဝက မင်း အတော်ဆိုးခဲ့တယ် ထင်တယ်။ ဒါကြောင့် ကံဆိုးနေတာ ဖြစ်ရမယ်။ မစိုးရိမ်ပါနဲ့၊ ငါရှိနေမှတော့ မင်းရဲ့ကံကြမ္မာကို ပြောင်းလဲပေးမယ်"

ခြင်္သေ့ကြီးက တစ်ချက်ပြုံး၍ ယဲ့ချန်၏ပခုံးကို ပုတ်ကာ အားပေးလိုက်သည်။

"ခင်ဗျားရှိနေမှတော့ ကျုပ်က ဘာမှမစိုးရိမ်တော့ပါဘူး"

ယဲ့ချန်သည် ခြင်္သေ့ကြီး၏စိတ်ရင်းကို နားလည်လိုက်သောကြောင့် ကျေနပ်စွာ ရယ်မောလိုက်သည်။

"မင်းတို့က ငါ့တပည့်တွေဖြစ်လာမှတော့ အစွမ်းကုန်သုံးပြီး ကာကွယ်ပေးမယ်"

ရှန်မူကလည်း လေးနက်စွာ ကတိပေးလာခဲ့သည်။

"ကျေးဇူးတင်ပါတယ် ဆရာ"

ထိုအချိန်၌ ယဲ့ချန်တို့နှစ်ယောက်လုံးသည် ရှန်မူအပေါ် ဆရာအဖြစ် နက်ရှိုင်းစွာ အသိအမှတ်ပြုခဲ့ကြသည်။

"မင်းတို့နှစ်ယောက်က သစ်သားစိမ်းနန်းတော်မှာ စိတ်ကြိုက်ကျင့်ကြံနိုင်တယ်။ မင်းတို့မှာ မေးစရာရှိရင် ကြိုက်တဲ့အချိန် မေးနိုင်တယ်။ သုံးရက်ကြာရင် မင်းတို့ကို နေရာတစ်ခုဆီ ခေါ်သွားပေးမယ်"

ရှန်မူက ဆန်းကျယ်စွာ အသိပေးလာခဲ့သည်။

"အစက မင်းတို့အတွက် ရတနာတွေ ပြင်ဆင်ထားပေမယ့် တိမ်နက်ချပ်ဝတ်နဲ့ ရတနာတွေ ပိုင်ဆိုင်ထားတယ်ဆိုတော့ ဘာပေးရမလဲ မသိဘူး။ ချန်ရဲမှာလည်း အစွမ်းထက်လက်နက်တစ်ခု ရှိနေတယ်ဆိုတော့ မင်းအတွက် လက်နက်တစ် ခုပေးလိုက်မယ်"

"ကောင်းတယ်၊ ကောင်းတယ်။ ဆရာက ဆရာ့အလုပ်ကို သတိရသားပဲ"

ခြင်္သေ့ကြီးက ရှန်မူ၏စကားကြောင့် စိတ်လှုပ်ရှားသွားကာ ရတနာကို မျှော်လင့်နေခဲ့သည်။

"ဒီတပည့်ကတော့"

ရှန်မူက ခါးသက်သက်ပြုံးလိုက်သော်လည်း ဤတပည့်နှစ်ယောက်နှင့် ဆက်ဆံရာတွင် ရိုးသားပွင့်လင်းသောကြောင့် အသက်ပြန်ငယ်သွားသယောင် ခံစားလိုက်ရ၏။

"ဒါက နည်းနည်းတော့ ထူးဆန်းပြီး ငါကိုယ်တိုင်လည်း ဘာမှန်းမသိဘူး။ ဒီရတနာရဲ့ အရှိန်အဝါက မင်းတို့ရဲ့ရုပ်ခန္ဓာအရှိန်အဝါနဲ့ နည်းနည်းတော့ ဆင်တူတယ်"

ရှန်မူက လေးနက်စွာအသိပေး၍ ညာလက်ကို ယမ်းလိုက်သောအခါ တစ်မီတာခွဲခန့်ရှည်သော အရိုးကြီးတစ်ချောင်း ထွက်ပေါ်လာ၏။ ၎င်းသည် အစိမ်းရောင်ဖြစ်ပြီး အစွန်းနှစ်ဖက်က အလယ်ပိုင်းထက် ပို၍ကြီးမားနေသဖြင့် သတ္တဝါတစ်မျိုး၏ ခြေထောက်အရိုး ဖြစ်နိုင်သည်။ သို့သော် ၎င်းက သာမန်ဆန်လွန်းနေပြီး ကောင်းကင်ချီများပင် ထွက်ပေါ်နေခြင်း မရှိပေ။

"ဆရာ ကျုပ်ကို လက်ဆောင်ပေးမယ်ဆိုပြီး ဘယ်လိုလုပ် အရိုးတစ်ချောင်း ဖြစ်နေရတာလဲ။ ဒီလောက် ကပ်စေးမနည်းပါနဲ့"

ခြင်္သေ့ကြီးက အရိုးကို မြင်သောအခါ စိတ်ပျက်လက်ပျက် ရေရွတ်လိုက်မိသည်။ သို့သော် ရှန်မူက စိတ်ကွက်စိတ်ဆိုးရမည့်အစား ပြုံးနေခဲ့သည်။ ယဲ့ချန်က အရိုးကို လှမ်းယူ၍ ကိုင်ကြည့်လိုက်သောအခါ ကြောက်မက်ဖွယ်စွမ်းအားများ စီးဆင်းနေသဖြင့် ပိုင်ရှင်က အသက်ရှင်နေလျှင် အလွန်တရာအစွမ်းထက်ကြောင်း နားလည်လိုက်သည်။ ထို့အပြင် ၎င်းက သူနှင့် တစ်နည်းတဖုံ ရင်းနှီးနေသည်။ လက်ကို ပြန်ရုတ်လိုက်သောအခါ မည်သည့်စွမ်းအင်ကိုမှ မခံစားရတော့သဖြင့် အရိုးက ထူးဆန်းနေသည်ဖြစ်ရာ သူက အံ့သြနေခဲ့သည်။ ရှန်မူနှင့် ယဲ့ချန်၏အမူအရာကြောင့် ခြင်္သေ့ကြီးက စူးစမ်းချင်လာသဖြင့် ဧရာမလက်ဝါးကြီးဖြင့် ဆုပ်ကိုင်လိုက်သောအခါ အဆုံးမဲ့စွမ်းအားများကို ခံစားလိုက်ရ၏။ ၎င်းက အချိန်လေဟာနယ်ချီများ မဟုတ်သော်လည်း ကြောက်မက်ဖွယ်စွမ်းအင်တစ်ခု ဖြစ်နေသောကြောင့် သူက အလွန်ကျေနပ်သွားသည်။

"ဒါက ဘယ်လိုအရိုးမျိုးလဲ"

"ငါလည်း မသိဘူး။ ဒါကို တော်ဝင်သင်္ချိုင်းကနေ ရလာခဲ့တာဖြစ်ပြီး အစွမ်းထက်ကျင့်ကြံသူတွေက ဝိုင်းလုနေကြတယ်။ နောက်ဆုံးမှာ ငါ့လက်ထဲကို ရောက်လာပေမယ့် ပဟေဠိကို အဖြေမထုတ်နိုင်ခဲ့ဘူး။ ဒါပေမယ့် သေချာပေါက် မရိုးရှင်းဘူး"

ရှန်မူက ခေါင်းယမ်း၍ ပြောပြောဆိုဆိုနှင့် အဆင့်တစ်ဆယ် တာအိုလက်နက် ဓားရှည်တစ်လက်ကို ထုတ်ယူလိုက်သည်။ သူက ၎င်းကို စားပွဲပေါ်တွင် တင်ထားလိုက်ပြီး အရိုးကိုယူ၍ တစ်လက်မအကွာ၌ ထားလိုက်သည်။ ဘန်းခနဲ မြည်သံနှင့်အတူ ဓားရှည်က ချက်ချင်းအမှုန့်ဖြစ်သွားကာ အရိုးနှင့် ထိတွေ့မိခြင်းပင် မရှိပေ။

"အစွမ်းထက်လှချည်လား"

"တာအိုလက်နက်တွေအထက်မှာ နတ်လက်နက်တွေ ရှိတယ်။ နတ်လက်နက်တွေမှာ အဆင့်မြင့်၊ မြေနဲ့ ကောင်းကင်ဆိုပြီး ခွဲခြားထားတယ်။ ထိပ်တန်းမဟာမိတ်တစ်ခုလုံးမှာ ဓားအစီအရင်ကို စောင့်ကြပ်နေတဲ့ အစစ်အမှန် ဝိညာဥ်နတ်ဓားက မြေအဆင့် ဖြစ်တယ်။ ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းတစ်ခုလုံးမှာ မြေနတ်လက်နက်ငါးခုသာရှိပြီး ကောင်းကင်နတ်လက်နက်တွေကိုတော့ ငါတောင် မမြင်ဖူးဘူး။ ငါ သိရသလောက်ဆိုရင် ဝိညာဥ်နတ်ဓားတောင် ဒီအရိုးကို ထိခိုက်စေနိုင်မှာ မဟုတ်ဘူး"

ရှန်မူက အသေးစိတ် ရှင်းပြလိုက်သည်။

"နတ်လက်နက် ဟုတ်လား။ ဆည်းဆာနတ်ဓားကရော ဘယ်အဆင့်လဲ"

ယဲ့ချန်၏စိတ်ထဲတွင် မေးခွန်းတစ်ခု ဖြစ်ပေါ်လာသည်။

"မြေနတ်လက်နက်တောင် ဘာမှမလုပ်နိုင်ဘူးလား။ ဆရာက ဒါကို လက်ဆောင်ပေးမယ်လို့ ပြောထားပြီးပြီနော်။ ပြန်မရုတ်သိမ်းရဘူး"

ခြင်္သေ့ကြီးက အရိုးကို စိုက်ကြည့်နေရင်း မျက်လုံးများ အရောင်လက်လာသည်။ သူက ၎င်းကို ကြည့်လေလေ၊ ပို၍နှစ်ခြိုက်လေလေဖြစ်ပြီး အနာဂတ်၌ ရန်စလာသော ရန်သူကို အရိုးဖြင့် သေသည်အထိ ရိုက်နှက်နိုင်ပေလိမ့်မည်။ မြေနတ်လက်နက်ဖြင့် ၎င်းကို မယှဥ်နိုင်လျှင် သေချာပေါက် အစွမ်းထက်ပေလိမ့်မည်။

"ဟင် ဒီဒဏ်ရာက ဘယ်လိုဖြစ်ထားတာလဲ"

သူက အရိုးသည် လက်နက်တစ်ခုဖြင့် တိတိရိရိ ဖြတ်တောက်ခံထားရကြောင်း မြင်လိုက်ရသဖြင့် အံ့သြသွားခဲ့သည်။

"ငါလည်း ဒီအချက်ကို ထူးဆန်းတယ်လို့ ခံစားနေရတယ်။ ဖြတ်တောက်ရာအရ ဓားပျံလိုမျိုး လက်နက်တစ်ခုနဲ့ ခုတ်ပိုင်းခံထားရတာ ဖြစ်လိမ့်မယ်။ ဒီလက်နက်က သေချာပေါက် ကြောက်စရာကောင်းလိမ့်မယ်။ အရိုးရဲ့ပိုင်ရှင်က သေချာပေါက် အစွမ်းထက်ပေမယ့် ဒဏ်ရာကို ပြန်လည်မကုသနိုင်ခဲ့ဘူး။ ဒါက တော်တော်လေးထူးဆန်းတယ်"

ရှန်မူ၏စကားကြောင့် ယဲ့ချန်က သူ၏စိတ်အတွင်းမှ ဓားပျံကို အမှတ်ရလိုက်သည်။ သူက အရိုးပေါ်ရှိ ဖြတ်တောက်ရာကို အသေးစိတ်ကြည့်လိုက်သောအခါ အရွယ်အစားအရ အတူတူပင်ဖြစ်ကြောင်း တွေ့ခဲ့သည်။ ဖြစ်နိုင်သည်မှာ ဓားပျံ၏ပိုင်ရှင်က အရိုးပိုင်ရှင်ကို တိုက်ခိုက်ခဲ့ပုံရသည်။ ထို့အပြင် ၎င်းက တော်ဝင်သင်္ချိုင်းနှင့် ဆက်စပ်နေနိုင်သဖြင့် သူက အတွေးနက်နေစဥ် ခြင်္သေ့ကြီးသည်လည်း ထိုအချက်ကို သတိထားမိသွားကာ ဤဖြတ်တောက်ရာအကြောင်း စကားမစတော့ပေ။

"မင်းတို့ အရင်ဆုံး ကျင့်ကြံနေကြဦး။ ဆရာက အလုပ်ကိစ္စနည်းနည်း ရှိနေတယ်။ သုံးရက်အတွင်း ပြန်လာခဲ့မယ်"

ထို့နောက် ရှန်မူက နှုတ်ဆက်၍ ဖြည်းဖြည်းချင်း ပျောက်ကွယ်ကာ ထွက်ခွာသွားခဲ့သည်။

"ယဲ့ချန် ဒီအရိုးအကြောင်း မင်းရော ဘယ်လိုထင်လဲ"

ခြင်္သေ့ကြီးက မေးခွန်းထုတ်လိုက်၏။

"ကျုပ်လည်း မသိဘူး။ ကြည့်ရတာ တော်ဝင်သင်္ချိုင်းကို တစ်ခေါက်လောက် သွားကြည့်ရလိမ့်မယ်"

ယဲ့ချန်က ခေါင်းတစ်ချက် ယမ်းပြလိုက်၏။ သဲလွန်စတိုင်းက ထိုနေရာသို့ ညွှန်ပြနေသည့်အပြင် မျက်ကန်းကြီး၏စကားလည်း ရှိနေသောကြောင့် သူက တော်ဝင်သင်္ချိုင်းသို့ သွားရောက်ရန် စဥ်းစားထားသည်။ ဓားပျံ၏ဆန်းကျယ်မှုကို ဖြေရှင်းလိုလျှင် သူက ထိုနေရာသို့ သေချာပေါက် သွားရပေလိမ့်မည်။

"တော်ဝင်သင်္ချိုင်းထဲမှာ အန္တရာယ်တစ်ခုခုကြုံရရင် ငါတို့ရဲ့လက်ရှိခွန်အားက ဖြေရှင်းဖို့ မလုံလောက်ဘူး။ အရင်ဆုံး ကြယ်သခင်အဆင့်ရောက်အောင် ကျင့်ကြံလိုက်ကြစို့"

ကြယ်သခင်အဆင့်ရောက်လျှင် စကြဝဠာအတွင်း စိတ်ထင်တိုင်း သွားလာနိုင်မည်ဖြစ်သောကြောင့် ခြင်္သေ့ကြီးက ဤသို့အကြံပေးလိုက်သည်။ ယဲ့ချန်ကလည်း တော်ဝင်သင်္ချိုင်းသို့သွားရန် အလျင်မလိုသောကြောင့် သဘောတူလိုက်၏။

ယဲ့ချန်က ခန်းမတစ်ခုအတွင်း တင်ပျဥ်ခွေထိုင်၍ ကျင့်ကြံလိုက်ပြီး ဤနေရာ၌ အချိန်လေဟာနယ်ချီများ သိပ်သည်းနေသဖြင့် ရေထဲမှ ငါးတစ်ကောင်ပမာ ဖြစ်သည်။ သူက ကျင့်ကြံခြင်းကို အာရုံစိုက်လိုက်သောအခါ ခန္ဓာကိုယ်အတွင်းမှ အချိန်လေဟာနယ်ချီများ လှုပ်ရှားလာကြသည်။ သာမန်ကျင့်ကြံသူတစ်ယောက်အတွက် အချိန်များစွာ ယူရမည်ဖြစ်ပြီး အဆင့်ပိုမြင့်လျှင် ခက်ခဲလာပေလိမ့်မည်။ သို့သော် သူ၏ရုပ်ခန္ဓာက ထူးခြားပြီး ပါရမီထူးချွန်သောကြောင့် သူတို့နှင့် လုံးဝကွဲပြားပေသည်။ ဓားပျံက တုန်ခါလာပြီး ဒန်တန်အတွင်း ချီများကို ရေစီးကြောင်းပမာ ပို့ဆောင်လာခဲ့သည်။ ၎င်းတို့က ကြယ်ကိုးလုံးထံ စီးဝင်လာနေပြီး အချိန်လေဟာနယ်ချီများအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲသွားကြသည်။ ဓားပျံသည် အပြင်ကမ္ဘာထက် ဆယ်ဆပို၍ သိပ်သည်းသော အချိန်လေဟာနယ်ချီများကို အဆုံးမရှိ ထုတ်လုပ်ပေးနေသောအခါ ၎င်း၏ဆန်းကျယ်မှုက သူထင်ထားသည်ထက် ကျော်လွန်နေ၏။

ထို့နောက် အဝါရောင်ချီများက ဖြည်းညှင်းစွာ ဖြစ်ပေါ်လာပြီးနောက် ယဲ့ချန်သည် အချိန်လေဟာနယ်အဆင့်သုံးကို အောင်မြင်စွာ ဆင်ခြင်နိုင်ခဲ့သည်။ သူက ကျေနပ်ဝမ်းသာနေပြီး အချိန်လေဟာနယ်ချီကို ဆင်ခြင်ရခြင်းက အခြားလူများပြောသကဲ့သို့ မခက်ခဲဟု တွေးနေခဲ့သည်။ သူ၏အတွေးကို သာမန်လူများသာ သိသွားလျှင် သေချာပေါက် အော်ဟစ်ငိုယိုကြပေလိမ့်မည်။ ဤအလုပ်က အလွန်တရာ ခဲယဥ်းသောကြောင့် အချိန်လေဟာနယ် အဆင့်နှစ်နှင့် အဆင့်သုံး၌ တစ်ဆို့သွားသော ပါရမီရှင်များစွာ ရှိနေခြင်း ဖြစ်လေသည်။

All Chapters