← Chapters

ချန်းယွမ်နှင့် တိုက်ပွဲ

Vol. 60 Ch. 838

ချန်းယွမ်နှင့် တိုက်ပွဲ

Vol. 60 Ch. 838

မြို့ဟောင်းအထက်ရှိ ကောင်းကင်တွင် ကျင့်ကြံသူများနှင့် နတ်ဆိုးစစ်သည်များက ပြင်းထန်စွာ တိုက်ခိုက်နေသောကြောင့် ဘက်ပေါင်းစုံသို့ စွမ်းအင်အလင်းများ ပြန့်ထွက်နေ၏။ ချန်းယွမ်သည် ပတ်ဝန်းကျင်တစ်ခုလုံးကို လိုက်လံစစ်ဆေး၍ ယဲ့ချန်နှင့် ခြင်္သေ့ကြီးကို ရှာဖွေနေသောအခါ နောက်ဆုံး၌ ဥမင်လမ်းကြောင်းကို ရှာတွေ့သွားခဲ့သည်။ သူက မြေအောက်သို့ ဦးတည်နေသော လမ်းကြောင်းကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးကာ ဝိညာဥ်ကျောက်များအကြောင်း တွေးမိလိုက်သဖြင့် မျက်လုံးများ ပြူးကျယ်လာ၏။

"မီးတောက်နီနန်းတော်က တပည့်တွေ လိုက်ခဲ့ကြ"

သူက အပေါင်းအပါများကို အော်ဟစ်သတိပေးလိုက်ပြီး အလင်းတန်းတစ်ခုအသွင်နှင့် ဥမင်လမ်းကြောင်းအတွင်း ခုန်ဆင်းလိုက်သည်။ အခြားအင်အားစုများမှ ကျင့်ကြံသူများသည်လည်း မီးတောက်နီနန်းတော် တပည့်များ၏ မူမမှန်သော လုပ်ရပ်ကို သတိထားမိသဖြင့် ဥမင်လမ်းကြောင်းအတွင်း လိုက်ပါလာကြသည်။ မြေအောက်နန်းတော်သို့ ရောက်သောအခါ ချန်းယွမ်သည် ဝိညာဥ်ကျောက်များ၏ အရှိန်အဝါကို ရသော်လည်း ဗလာဖြစ်နေသော အခန်းလွတ်များကိုသာ တွေ့လိုက်ရသဖြင့် မျက်နှာကြီး မည်းနက်နေ၏။ ဝိညာဥ်ကျောက်အားလုံးကို ယဲ့ချန်နှင့် ခြင်္သေ့ကြီးက ကုန်စင်အောင် ယူသွားသောကြောင့် လမ်းတလျှောက်ရှိ အခန်းများအကြောင်း တွေးမိလိုက်သောအခါ ပမာဏအလွန်များကြောင်း နားလည်လိုက်ပြီး သူက အလွန်မနာလို ဖြစ်နေသည်။ ဝိညာဥ်ကျောက်များကို သိုလှောင်အိတ်များ၏ နေရာလပ်အတွင်း သိမ်းဆည်းပြီးလျှင် ဤနေရာ၌ ရုပ်ခန္ဓာအစစ်များ မရှိသောကြောင့် သူက ယဲ့ချန်တို့ကို သတ်ဖြတ်လိုက်လျှင်ပင် ပြန်လည်ရယူနိုင်စွမ်း မရှိပေ။ ကျင့်ကြံသူများက မြေအောက်နန်းတော်အတွင်း တစ်ယောက်ပြီးတစ်ယောက် လှစ်ခနဲ ဝင်ရောက်လာနေကြသည်။

ယဲ့ချန်နှင့် ခြင်္သေ့ကြီးသည် ဝိညာဥ်ကျောက်များကို အလျင်အမြန်သိမ်းယူရင်း ဆက်လက်ချီတက်နေကြသည်။ ​မြေအောက်နန်းတော်အတွင်းရှိ ဝိညာဥ်ကျောက်အားလုံးကို သူတို့က သိမ်းယူနိုင်ခဲ့သောကြောင့် သုံးလေးသောင်းအထိ များပြားနေသည်။ သူက ဝိညာဥ်ကျောက်လက်တစ်ဆုပ်ကို နှိုက်ယူ၍ လမ်းမအထက်တွင် ဖြန့်ကြဲလိုက်သည်။

"ယဲ့ချန် မင်း တော်တော်ဉာဏ်များတယ်။ ဒါပေမယ့် ဒီအကြံက တကယ်မဆိုးဘူး"

သူ၏ရည်ရွယ်ချက်ကို ချက်ချင်းသဘောပေါက်လိုက်သော ခြင်္သေ့ကြီးက ချီးကျူးလိုက်ခြင်း ဖြစ်သည်။ သူက ဤဝိညာဥ်ကျောက်များကို အသုံးပြု၍ နောက်မှလိုက်လာသူများအား ရန်တိုက်ပေးကာ အချိန်ဆွဲလိုခြင်းဖြစ်သည်။ ခြင်္သေ့ကြီးသည်လည်း ဝိညာဥ်ကျောက်တစ်ထောင်ခန့်ကို လမ်းမထက်တွင် ဖြန့်ကြဲလိုက်ပြန်သည်။ သူတို့၏လက်ထဲတွင် အရေအတွက် သုံးသောင်းကျော်ရှိနေပြီဖြစ်ရာ တစ်ထောင် နှစ်ထောင်မျှလောက်ဖြင့် နှမြောမနေခဲ့ပေ။ အရေးအကြီးဆုံးမှာ ဤဝိညာဥ်ကျောက်များက နောက်မှလိုက်လာသူများကို အချိန်ဆွဲပေးနိုင်သောကြောင့်ဖြစ်သည်။ အချိန်ခဏအကြာတွင် သူတို့က မိုင်တစ်ရာကျော်သို့ မြေအောက်လမ်းကြောင်းအတွင်း ပျံသန်းရောက်ရှိသွား၏။

"ဘန်း ဘန်း ဘန်း"

အနောက်မှ ပြင်းထန်သော တိုက်ပွဲသံများကို ကြားလိုက်ရသဖြင့် လိုက်လာသူများက ဝိညာဥ်ကျောက်များအတွက် စတင်တိုက်ခိုက်နေကြပြီဖြစ်သည်။ ထို့ကြောင့် ယဲ့ချန်နှင့် ခြင်္သေ့ကြီးက တစ်ယောက်ကို တစ်ယောက်ကြည့်၍ ပြုံးလိုက်ကြသော်လည်း ခဏပင်မနားကြဘဲ ဆက်လက်ပျံသန်းခဲ့ကြ၏။ မြေအောက်နန်းတော်အတွင်း မည်သူက အစီအရင်တစ်ခု ခင်းကျင်းခဲ့ကြောင်း မသိရသော်လည်း ကြယ်သခင်တစ်ယောက်ပင် အစွမ်းကုန်မထုတ်သုံးနိုင်ပေ။ မိုင်ပေါင်းရာချီ ဖြတ်သန်းလာပြီးနောက် သူတို့က ဧရာမသိုလှောင်ရုံကြီးတစ်ခုထံ ရောက်ရှိလာကြပြီး ဖွင့်လှစ်လိုက်သောအခါ တောင်ကုန်းတစ်ခုပမာ စုပုံနေသည့် ဝိညာဥ်ကျောက်များကို တွေ့လိုက်ရသည်။ ဤပမာဏက အံ့လောက်စရာဖြစ်ပြီး သိုလှောင်ရုံတစ်ခုလုံး နေအလင်းရောင်ကဲ့သို့ ထွန်းလင်းတောက်ပနေသည်။

"ငါတို့ချမ်းသာပြီကွ"

ခြင်္သေ့ကြီး၏ မျက်နှာထက်တွင် ဝိညာဥ်ကျောက်များ၏ အလင်းရောင်ဟပ်နေသဖြင့် လင်းလက်နေသည်။ ထိုအချိန်၌ သူတို့နောက်သို့ အဆက်မပြတ်လိုက်လာသော ချန်းယွမ်က အနောက်ဘက်မှ ထွက်ပေါ်လာသည်။ သူက ပြန့်ကြဲနေသော ဝိညာဥ်ကျောက်များကို လျစ်လျူရှုကာ ဆက်တိုက်လိုက်လာသောကြောင့် တောင်ပမာ စုပုံနေသည့် ဝိညာဥ်ကျောက်များကို မြင်လိုက်ရသောအခါ လုယူရန် ရည်ရွယ်ချက်ဖြင့် ချက်ချင်းခုန်အုပ်လိုက်၏။

"ဒါတွေက ငါ့အပိုင်ကွ။ မင်းတို့တွေ တစ်တုံးတောင်ယူဖို့ မစဥ်းစားနဲ့"

"ခြင်္သေ့ကြီး ဒီကောင့်ကို ကျုပ် တားထားမယ်"

သူက အော်ဟစ်ကြုံးဝါးလိုက်သော်လည်း ယဲ့ချန်က အချိန်လေဟာနယ်ချီများ ထုတ်ဖော်၍ ဝိညာဥ်ကို ဘီလူးအသွင်​ပြောင်းကာ ချန်းယွမ်ကို ပိတ်ဆို့လိုက်သည်။

"ဘုန်း"

လက်သီးချင်း ရင်ဆိုင်သွားသောအခါ နန်းတော်၏ လေးဖက်လေးတန်မှ နံရံများ တုန်ခါသွားကာ ယဲ့ချန်က ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်ရသော်လည်း တစ်ဖက်လူကို ပိတ်ဆို့လိုက်နိုင်၏။ ချန်းယွမ်သည် ပို၍အခြေအနေဆိုးကာ ဒဏ်ရာရသွားသည့်အပြင် နောက်သို့ ဆုတ်ပေးလိုက်ရသည်။ ယဲ့ချန်က နတ်အစေခံတစ်ယောက်ဖြစ်သောကြောင့် အလွယ်တကူ အနိုင်ယူနိုင်မည်ဟု ထင်ထားသော သူက အလွန်အမင်း အံ့အားသင့်နေခဲ့သည်။ ထိုအချိန်၌ ခြင်္သေ့ကြီးက တောင်လိုပုံနေသော ဝိညာဥ်ကျောက်များကို အရူးအမူး သိမ်းဆည်းနေကာ သိုလှောင်အိတ်နေရာလပ်အတွင်း တဖွဲဖွဲဝင်ရောက် ပျောက်ကွယ်နေသည်။

"မင်းကို ငါ သတ်ပစ်မယ်"

ဤမြင်ကွင်းကြောင့် မနာလိုစိတ်အားကြီးသော ချန်းယွမ်က ဒေါသူပုန်ထသွား၍ အစစ်အမှန်အသွင်ဖြစ်သည့် ဧရာမမြွေကြီးသဏ္ဍာန်ပြောင်းကာ တိုက်ခိုက်လိုက်၏။ ယဲ့ချန်၏ ဝိညာဥ်တစ်ဖြစ်လည်း ဘီလူးသည် လက်ထဲရှိ သံကြိုးထံ ဝိညာဥ်စွမ်းအားများ ပေါင်းစပ်လိုက်သောကြောင့် ဆူးချွန်များက အေးစက်စက် လင်းလက်လာသည်။ ထိုအချိန်၌ အခေါင်းအတွင်း သူ၏ရုပ်ခန္ဓာက တည်ငြိမ်စွာ လဲလျောင်းနေသော်လည်း အခေါင်းနံရံများတွင် ရေးထိုးထားသော သရဲပန်းချီရာချီက အသက်ဝင်လာပြီး လှုပ်ရှားလာသောကြောင့် အလွန်ထူးဆန်းနေသည်။ ဤသရဲများ၏ မျက်လုံးများ ရွေ့လျားသွားကာ ယဲ့ချန်ကို ပြိုင်တူကြည့်လိုက်ပြီးနောက် အခေါင်းက ရုတ်တရက် တောက်ပလာသကဲ့သို့ နောက်ဆုံးတွင် ခုနစ်ရောင်ခြယ် ကြယ်အလင်းများ ဖြစ်တည်လာ၏။ ဤအလင်းများက ယဲ့ချန်၏ရုပ်ခန္ဓာအတွင်း စိမ့်ဝင်သွားသောအခါ တစ်ချိန်တည်းမှာပင် ဘီလူးထံသို့ ဘက်ပေါင်းစုံမှ စွမ်းအားများ တိုးဝင်လာသောကြောင့် ပိုမိုကြီးမားလာကာ အရှိန်အဝါလည်း မြင့်တက်လာသည်။

"ဒီကောင်က ဘယ်လိုလုပ် ရုတ်တရက် ခွန်အားတိုးလာတာလဲ။ ဒီစွမ်းအင်တွေက ဝိညာဥ်နတ်ဘုရားကုန်းမြေက ထွက်ပေါ်လာတာပဲ။ သူက ဒီနယ်မြေရဲ့ လျှို့ဝှက်ချက်ကို သိထားလို့ စွမ်းအားတွေ ငှားရမ်းနိုင်တာများ ဖြစ်နေမလား"

ယဲ့ချန်၏ခွန်အား ရုတ်တရက် တိုးလာသောကြောင့် ချန်းယွမ်က ရင်ထိတ်သွားပြီး ထွက်ပြေးချင်သော်လည်း နောက်ကျသွားခဲ့သည်။ ဘီလူးက အော်ဟစ်ကြုံးဝါး၍ သံကြိုးကို ပစ်ခတ်လိုက်သောအခါ သူ၏ခန္ဓာကိုယ်အတွင်း ဆူးချွန်က နစ်ဝင်သွားသည်။ ထို့နောက် ဘီလူးက သံကြိုးကို နန်းတော်၏နံရံထံ လွှဲယမ်းလိုက်သောအခါ ချန်းယွမ်မှာ ကိုင်ရိုက်ခြင်းခံလိုက်ရသဖြင့် ဘုန်းခနဲ မြည်သံနှင့်အတူ နာကျင်လွန်းသဖြင့် မျက်လုံးများ ပြာဝေကုန်သည်။

"ဘုန်း ဘုန်း ဘုန်း"

ဘီလူးက သူ့ကို နံရံနှင့် ထပ်ကာထပ်ကာ လွှဲရိုက်နေသောကြောင့် လောကကြီးတစ်ခုလုံး ပြောင်းပြန်လည်ပတ်နေသယောင် ထင်မှတ်နေရ၏။ ဤမြင်ကွင်းကြောင့် ယဲ့ချန်၏ခွန်အားက ချန်းယွမ်ကို တားမြစ်နိုင်ရုံသာဖြစ်ကြောင်း သိထားသော ခြင်္သေ့ကြီးက ပဟေဠိဖြစ်နေသည်။ လက်ရှိတွင် ယဲ့ချန်က တားမြစ်နိုင်ရုံသာမက ရန်သူကိုပင် တစ်ဖက်သတ်ရိုက်နှက်နေသောအခါ အကြောင်းအရင်းကို နားမလည်နိုင်ပေ။ သို့သော် မည်သို့ပင်ဖြစ်ပါစေ၊ ချန်းယွမ် အရိုက်ခံနေရသည်ကို မြင်ရသောကြောင့် သူ၏စိတ်ခံစားချက်များ ကောင်းမွန်နေသည်။ သူက ဝိညာဥ်ကျောက်များကို အလောတကြီး သိမ်းယူနေပြီး အများစုကို သိမ်းဆည်းပြီးဖြစ်ကာ အပုံအနည်းငယ်သာ ကျန်ရစ်သည်။

"သူတို့က ဒီမှာဟေ့"

ထိုအချိန်တွင် အခြားကျင့်ကြံသူများသည်လည်း သိုလှောင်ရုံထံ ရောက်ရှိလာကြသည်။

"ခြင်္သေ့ကြီး သွားကြစို့"

ယဲ့ချန်က ချန်းယွမ်ကို ဝင်ရောက်လာသူများထံ ပစ်ခတ်တားမြစ်၍ သတိပေးလိုက်သည်။

"ထားလိုက်ပါ၊ ငါလည်း အတော်များများ ရထားပြီးပြီ"

ခြင်္သေ့ကြီးက လက်ကျန်ဝိညာဥ်ကျောက်များကို နှမြောနေဟန်ဖြင့် တစ်ချက်ကြည့်လိုက်သော်လည်း စိတ်ဖြတ်ကာ ယဲ့ချန်နှင့်အတူ သိုလှောင်ရုံအပြင်သို့ ထွက်ပြေးသွားခဲ့သည်။ ချန်းယွမ်မှာမူ ဝင်ရောက်လာသူများ၏ တိုက်ပွဲအတွင်း ကြားညှပ်သွားကာ အဆက်မပြတ် ကန်ကျောက်ထိုးနှက်ခံနေရသည်။ များမကြာမီ လက်ကျန်ဝိညာဥ်ကျောက်များမှာ ထိုကျင့်ကြံသူများ၏ လက်အတွင်း ကျရောက်သွားခဲ့သည်။

"မင်းတို့ကို တစ်သက်မကြေဘူးကွ"

ချန်းယွမ်က အမြင်အာရုံများပင် ဝေဝါးနေသော်လည်း အားတင်း၍ တင်ပျဥ်ခွေထိုင်လိုက်ပြီး ကျင့်ကြံခဲ့ရသည်။ သို့မဟုတ်လျှင် ဒဏ်ရာများပြင်းထန်ပါက ဝိညာဥ်နတ်ဘုရားနယ်မြေ အပြင်ဘက်သို့ နှင်ထုတ်ခံလိုက်ရပေလိမ့်မည်။ ဝိညာဥ်ကျောက်သိုလှောင်ရုံများကို မြေအောက်နန်းတော်တစ်ခွင်၌ ရှာတွေ့နေရသဖြင့် အင်အားစုအသီးသီးမှ ကျင့်ကြံသူများက လုယက်တိုက်ခိုက်နေကြသည်။ အချို့က ဝိညာဥ်ကျောက်ပမာဏများစွာ ရယူနိုင်ခဲ့ကြသော်လည်း ကံဆိုးပြီး အားနည်းသူများက တိုက်ခိုက်ခံလိုက်ရသောအခါ ဝိညာဥ်နယ်မြေအပြင်သို့ ထုတ်ပယ်ခံခဲ့ရသည်။

ကျန်တစ်ဖက်တွင် ယဲ့ချန်နှင့် ခြင်္သေ့ကြီးသည် တိုက်ပွဲများကို ရှောင်ရှား၍ မြေအောက်နန်းတော်တစ်ခွင် လှည့်ပတ်သွားလာကာ ဝိညာဥ်ကျောက်များ ရှာဖွေနေပြီး လက်ရှိ၌ နှစ်သိန်းကျော် ပိုင်ဆိုင်ထားပြီဖြစ်သည်။ ဤပမာဏသည် ရတနာများစွာကို လဲလှယ်နိုင်စွမ်းရှိသော်လည်း ဓားပျံအစိတ်အပိုင်းကို ရယူရန်အတွက် ဝေးကွာလွန်းနေသည်။ သူတို့က စိတ်ပျက်လက်ပျက်ဖြစ်နေကြပြီး သန်းချီစုဆောင်းရန်မှာ ထင်ထားသည်ထက် ပို၍ခက်ခဲနေသောကြောင့် ဖြစ်၏။ အခြားကျင့်ကြံသူများအတွက်မူ ဓားပျံအစိတ်အပိုင်း၏ ထူးခြားမှုကို မည်သူမှ မသိသည့်အပြင် ဝိညာဥ်တစ်သန်းကိုပင် ရှာဖွေရန် ခက်ခဲလွန်းသောကြောင့် အခြားရတနာများကိုသာ ရွေးချယ်လဲလှယ်ခဲ့ကြသည်။

"ယဲ့ချန် ဒီလိုသာဆိုရင် ငါတို့ နှစ်နဲ့ချီနေရင်တောင် ဝိညာဥ်ကျောက် သန်းနှစ်ဆယ်ကို ရမှာ မဟုတ်ဘူး"

ခြင်္သေ့ကြီးက ညည်းတွားလိုက်ခြင်း ဖြစ်သည်။ သူတို့က ဝိညာဥ်နယ်မြေအတွင်း ဝိညာဥ်ကျောက်နှစ်သိန်းကျော် ရှာဖွေနိုင်ခဲ့သော်လည်း သန်းနှစ်ဆယ်ကို အလျင်အမြန် စုဆောင်းရန် မဖြစ်နိုင်ပေ။

"အပြင်လောကမှာ ဝိညာဥ်ကျောက်တွေ ရောင်းဝယ်ကြလား"

ယဲ့ချန်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ အကယ်၍ သူသာ အပြင်လောက၌ ဝိညာဥ်ကျောက်များကို ဝယ်ယူနိုင်လျှင် သန်းနှစ်ဆယ်ကို စုဆောင်းရန် နောက်တွ့န်နေမည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေကာမူ၊ သူက ဤဓားပျံအစိတ်အပိုင်းကို သေချာပေါက် ရယူရပေလိမ့်မည်။

All Chapters