ကိုယ့်အဆင့်ကို မသိသူ
Vol. 112 Ch. 4.1190
ကျယ်လောင်သော အသံနှင့်အတူ နတ်လက်နက် ပြီးမြောက်တော့မည်ကို သူတို့ သုံးယောက်လုံး သိလိုက်ကြသည်။
လုရွှမ်: "ဖေးဖေး... ဒီဓားရဲ့နာမည်ကို ဘယ်လိုပေးမလဲ?"
"ဖေးယွီဓားလို့ ခေါ်မယ်!"
"ကောင်းပြီ!"
လုရွှမ်သည် သူ့လက်ဖဝါးကို လှုပ်လိုက်ပြီး ဓားကိုယ်ထည်ထဲသို့ ရှဲ့ဖေးဖေး၏ အငွေ့အသက်များကို ထည့်သွင်းလိုက်သည်။
"အနာဂတ်မှာ မင်းနာမည်ကို ထုတ်ဖော်ချင်တဲ့အခါ... သူကလည်း သဘာဝအတိုင်း ပေါ်လာလိမ့်မယ်"
ကောင်းကင်ယံမှ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ ထင်ရှားသည်မှာ ကောင်းကင်ယံ၌ မိုးခြိမ်းသံများက မီးထွက်တောင်ထွတ်တွင် မကြာခဏဆိုသလို ရောက်လာတတ်သောကြောင့် လုရွှမ်တို့ကို တခြားသူများက ဂရုမစိုက်ပေ။ လုရွှမ်အတွက် ဤကဲ့သို့ မိုးခြိမ်းသံက မိုးဖွဲကဲ့သို့ပင်။
ကျောက်ထောင်းနဲ့ ယွမ်ရှင်းတို့၏ အံ့အားသင့်နေသော မျက်လုံးများရှေ့တွင်ပင် လုရွှမ်သည် မိုးခြိမ်းသံအများစုကို မျိုချလိုက်ပြီး မိုးခြိမ်းသံကို သန့်စင်ပစ်သည်။ နတ်ဓားသည် ကျယ်လောင်သော အသံနှင့်အတူ ခုန်တက်လာကာ ရှဲ့ဖေးဖေး အနားသို့ အလိုအလျောက် ပျံသန်းသွားခဲ့သည်။
ရှဲ့ဖေးဖေး ဓားစောင်းကို ထိတ်လန့်စွာ ဆုပ်ကိုင်လိုက်ရာ ဓား၏ကိုယ်ထည်သည် အလင်းရောင်နှင့်အတူ ထွန်းတောက်လာကာ စာလုံးသုံးလုံး ပေါ်လာသည်။
ဖေးယွီဓား!
လက်ထဲတွင် ကိုင်ထားရသော ခံစားချက်သည် သူမ၏ ခန္ဓာကိုယ်နှင့် စိတ်ကို ဓားစွမ်းအင်များဖြင့် ပြည့်နှက်နေစေကာ ခဏကြာတဲ့အခါ ရှဲ့ဖေးဖေးသည် ဤဓားက သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုလိုပင် ခံစားလိုက်ရသည်။
ချွမ်း!
ရှဲ့ဖေးဖေး တုံ့ပြန်လိုက်သလိုမျိုး နတ်ဓားက တိုးညှင်းစွာ တီးခတ်နေသည်။
လုရွှမ် ခေါင်းညိတ်လိုက်၏။ အစကတော့ သန့်စင်မှုဟာ ပြီးပြည့်စုံရုံလောက်ပဲလို့ သူထင်ခဲ့သည်။ သို့သော် ဓားကိုထုတ်ပြီးနောက် ဤနတ်ဓားသည် အတော်အသင့် ကောင်းမွန်ကြောင်းကို တွေ့ရှိခဲ့သည်။ ၎င်းမှာ သတ္တမအဆင့် နတ်ဓားတစ်လက်သာ ဖြစ်သော်ငြား ၎င်းမှာ တိုးတက်ကောင်းမွန်လာနိုင်သည့် အခြေအနေ ရှိသည်။
ဤဓားသည် သူ၏ လက်ရှိလက်နက် သန့်စင်ခြင်း၏ အမြင့်ဆုံး ကန့်သတ်ချက် ဖြစ်နေပါပြီ။ လုရွှမ် ထပ်မံ လှုပ်ရှားလိုက်ပြီး နတ်ဓားကို ဓားအိမ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် လေးယောက်လုံး ထွက်လာကြ၏။
"မင်းတို့နှစ်ယောက် ဘာတွေ သင်ယူပြီးပြီထင်လဲ"
လုရွှမ်မေးတော့ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ခေါင်းယမ်းလိုက်ကြသည်။
"အစ်ကို... ကျွန်တော်တို့ ဘာမှ နားမလည်နိုင်ဘူး....အမ်!"
လုရွှမ် ပြုံးပြီး "ငါထင်သလိုပဲ... မင်းတို့ကို ဒီကို ခေါ်လာတုန်းက ဒီလိုမျိုး ရလဒ်တွေ ရှိလာမယ်ဆိုတာ ငါသိတယ် စိတ်မပျက်ပါနဲ့ ဒါက ပုံမှန်ပဲ။ မင်းတို့ကို ဒီခံစားချက်ကို သိပြီးရင် လက်နက် သန့်စင်မှု အဆင့်ကို ဖြည်းဖြည်းချင်း မြှင့်တင်ပြီးတဲ့အခါ တစ်နေ့ အောင်မြင်လာလိမ့်မယ်...အဲဒီအခါ မင်းတို့ ဒီနေ့ဒီမှာ ရှိတာကို တဖြည်းဖြည်း နားလည်လာလိမ့်မယ်"
နှစ်ယောက်သား လေးလေးနက်နက် ခေါင်းညိတ်ကြပြီး အနာဂတ်အတွက် မျှော်လင့်ချက်တွေ ရသွားကြသည်။
"ဟားဟား... ငါ မင်းကို ပြောဦးမယ် ဒီနေ့ လက်နက်သန့်စင်တဲ့ လူတွေက ဘာလို့ ဒီလောက် များနေရတာလဲ... ဒီလို လူတွေလည်း ဓားသန့်စင်နေကြတာကွ ဟမ့် သူတို့ ဘာတွေ သန့်စင်နေကြတာလဲ သိချင်လိုက်တာ!"
လူလေးယောက် ဂူထဲက ထွက်လာပြီး သိပ်မကြာခင်မှာပဲ သူတို့ရှေ့မှာ လူသုံးယောက်က သူတို့လမ်းကို ပိတ်ဆို့လာ၏။ အဝတ်အစားများကို ကြည့်ရင်း သူတို့အားလုံးဟာ အနည်းဆုံး မျှော်စင်နယ်ပယ် တတိယအဆင့်ရှိ အဓိကတပည့်များ ဖြစ်ကြောင်း သိနိုင်သည်။
အထူးသဖြင့် သူတို့လေးယောက်ဆီက အတွင်းတပည့်များ၏ တံဆိပ်များကို မြင်သောအခါတွင် ကဲ့ရဲ့မှုများနှင့် ပြည့်နှက်နေသော သူတို့မျက်လုံးများက သူတို့လေးယောက်ကို အထင်အမြင်သေးစွာဖြင့် ကြည့်နေ၏။
"အိုး.... မင်းတို့က အကြီးကို တွေ့ရဲ့သားနဲ့ ဘာလို့ မလေးစားတာလဲ"
သူတို့လေးယောက် နှုတ်ဆိတ်နေတာကို မြင်တော့ နောက်တစ်ယောက်က ဟစ်အော်လိုက်၏။ လုရွှမ် ရုတ်တရက် သူ့လက်ကိုဖွင့်လိုက်ပြီး ယွမ်ရှင်းနဲ့ ကျောက်ထောင်းတို့ရှေ့ကို ပိတ်ဆို့ထားလိုက်သည်။
"မင်းမှာ ပြောစရာရှိရင် ပြော...လုပ်စရာရှိရင်လုပ်... ပြောစရာ မရှိဘူးဆိုရင် လွှတ်ထားလိုက်တော့"
လုရွှမ်၏ စကားများသည် ဂရုမစိုက်ဘဲ မောက်မာမှု အပြည့်ဖြင့်။ ထို့ကြောင့် လူသုံးယောက်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"ကောင်လေး မင်းက ရန်ပွဲရှာနေတာ မဟုတ်လား... မင်းရဲ့ ဆရာတူအကိုကြီးနဲ့ ဒီလို စကားပြောဝံ့တာ မင်းရဲ့ သခင်ကို ဘယ်လို လေးစားရမှန်း မသိဘူးလား"
လက်သီးတစ်ချက်က လုရွှမ်ကို တိုက်ရိုက် တိုက်ခိုက်လာသည်။ လုရွှမ်ရဲ့ လက်ဖဝါးက ပြိုင်ဘက်ရဲ့ လက်သီးကို ဖုံးအုပ်လိုက်ပြီး သူ့လက်ထဲက မြေကြီးမီးတစ်ဆုပ် ထွက်လာ၏။ ဤအခိုက်တွင် လုရွှမ် အသုံးပြုခဲ့သော ကောင်းကင်မီးသည် ကမ္ဘာမြေမီး အနည်းငယ်ကို စွဲဆောင်သွားမိကြောင်း သိလိုက်ပါပြီ။ သူ ယခင်က ရရှိခဲ့သော အကျိုးကျေးဇူး အနည်းငယ်မျှပဲဟု မထင်ရပေ။
"အား..........."
မြေကြီးမီးက ဘယ်လောက်တောင် အစွမ်းထက်လိုက်လဲ။
မီးထွက်တောင်ထွတ်က မှော်တန်ခိုးရှင်ကြီးများက လက်နက်များကို သန့်စင်ရန်အတွက်သာ အသုံးပြုသော မြေကြီးမီးကို သာမာန် ကျင့်ကြံသူတွေ မခံနိုင်ပါ။ ဤအခိုက်တွင် မြေကြီးမီး လောင်ကျွမ်းလာတာကြောင့် ထိုလူမှာ ထိတ်လန့် တုန်လှုပ်လာသည်။
“မြေမီး မြေမီး”
တခြားလူ နှစ်ယောက်လည်း ကြောက်လန့်တကြား ဖြစ်သွားခဲ့ကြသည်။
ရိုးရိုးသားသား ပြောရလျှင် လူများစွာသည် ဤနေရာတွင် မြေကြီးမီးကို မြင်ပြီး မီးတစ်လုံးကို ရချင်ကြသော်လည်း မြေကြီးမီးသည် အစွမ်းထက်လွန်း၏။ မထိန်းထားနိုင်လျှင် ၎င်းတို့သည် သဘာဝအလျောက် အသာစီးရသွားမည် ဖြစ်သည်။
သို့သော် မရေမတွက်နိုင်သော ကြိုးပမ်းမှုများပြီးနောက် ဤအရာအားလုံးသည် လှည့်စားခြင်းသာ ဖြစ်ကြောင်း မီးထွက်တောင်ထွတ်က ပညာရှင်များ ရှာဖွေတွေ့ရှိခဲ့သည်။ အကယ်၍ ဤမြေကြီးမီးသည် ပိုင်ရှင်မရှိခဲ့လို့ အခင်းအကျင်းများဖြင့် ချုပ်နှောင်ထားသည်ဟု နောက်ပိုင်းတွင် သတင်းထွက်ပေါ်နေသော်လည်း ဘယ်သူမှ လုံးဝ မငြိမ်းသတ်နိုင်ပေ။
ဒါပေမဲ့ အခုအချိန်မှာတော့ လုရွှမ်ရဲ့ အသွင်အပြင်က အဲဒီလူတွေရဲ့ ခံယူချက်တွေကို ချိုးဖျက်လိုက်ပါပြီ။ မီးလုံးကြီး ပေါက်ကွဲပြီး တစ်ဖက်လူက နာကျင်စွာ အော်ဟစ်နေရရှာ၏။ လုရွှမ်လက်ကို ဖယ်ရှားပစ်ချင်သော်လည်း တစ်ဖက်သား၏ စွမ်းအားသည် ကြီးမားလွန်းသဖြင့် ၎င်းကို လုံးဝ မယှဉ်နိုင်ပေ။
"မင်း ငါတို့ကို ဆရာတူအစ်ကိုလို့ ခေါ်စေချင်သေးလား"
လုရွှမ် ပေါ့ပေါ့ပါးပါး မေးလိုက်ပြီး သူ့အသံက ဖြည်းဖြည်းမှန်မှန်ပင်။
“မဟုတ်.... မဟုတ်လည်း ဆရာတူညီလေးလို့ အခေါ်ခံပါ့မယ်”
"မင်းတို့ သုံးယောက်လုံးလား?"
လုရွှမ် အခြားလူနှစ်ယောက်ကိုလည်း ကြည့်လိုက်သည်။ လုရွှမ်ဆီက လက်ကို ဖမ်းဆုပ်ခံထားရသော လူသည် သူ့အဖော်နှစ်ယောက်ကို စိုက်ကြည့်ကာ တောင်းပန်နေသော မျက်လုံးအမူအရာများနှင့် ပြည့်နေသည်။
၎င်းတို့နှစ်ဦးစလုံးသည် မျှော်စင်နယ်ပယ်က ဖြစ်သော်ငြား နတ်မီးနယ်ပယ်ကို ဆရာတူအစ်ကိုလို့ ခေါ်ရမလို ဖြစ်နေသည်။ သူတို့နှစ်ယောက်က ဘယ်လိုလုပ် သဘောထား ကြီးနိုင်ပါ့မလဲ။
"ဟမ့် ကောင်လေး.... လွှတ်လိုက်စမ်း!"
သူတို့နှစ်ယောက်က အရမ်းမိုက်မဲပြီး တခဲနက် တိုက်ခိုက်လာကြသည်။
လုရွှမ် : "ဖေးဖေး... မင်းလက်ထဲ အပ်လိုက်မယ်!"
ရှဲ့ဖေးဖေး ခဏလောက် ထိတ်လန့်သွားသည်။ သူမဟာ ဒီလူနှစ်ယောက်ရဲ့ ရန်ဘက်ဖြစ်လာနိုင်ပေမယ့် အစ်ကိုလုရွှမ်က ဖေးယွီဓားကို အသုံးပြုဖို့ အချက်ပြနေတာပဲ ဆိုတာ ရုတ်တရက် သိလိုက်ရ၏။
ချွင်းကနဲ တီးတိုးသံနှင့်အတူ ဖေးယွီဓား ပေါ်လာသည်။ ၎င်းဆီက နတ်အလင်းရောင်နှင့် မိုးခြိမ်းသံ အနည်းငယ်ပါ ပေါ်လာသည်။ တောက်ပနေသော အဖြူရောင်ဓားကို ရှဲ့ဖေးဖေး၏ လက်ထဲတွင် ဆုပ်ကိုင်ထားပြီး သူမ၏ ရောင်ဝါများ မြင့်တက်လာကာ သူမသည် မသေမျိုးကမ္ဘာမှ နတ်သမီးကဲ့သို့ ခံစားလာရလေသည်။
"ဓားကို ကြည့်စမ်း!"
ရှဲ့ဖေးဖေး အော်ပြောလိုက်ပြီး ဓားကို လွှဲကာ သူတို့နှစ်ယောက်ကို ခုတ်ချလိုက်သည်။
"နတ်လက်နက်!"
နှစ်ယောက်စလုံး မျက်လုံးနှစ်ဖက်ဖြင့် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရှဲ့ဖေးဖေး ကိုင်ထားသော အရာသည် နတ်လက်နက်ဖြစ်သည်ကို တစ်ချက် ကြည့်လိုက်ရုံဖြင့် သဘောပေါက်ကြသည်။
စူးရှသော အလင်းတန်းများက သူတို့၏ မျက်လုံးများကို ထိမှန်ကာ အေးစက်သော ဓားစွမ်းအင်က သူတို့၏ နှလုံးသားများကို တိတ်တဆိတ် တုန်လှုပ်သွားစေခဲ့သည်။ ဒီကလေးမလေးက ဘယ်ဆရာရဲ့ တပည့်မလို နတ်မီးနယ်ပယ် အဆင့်၂နဲ့ နတ်ဓားတစ်ချောင်းကို လက်ဆောင်ရခဲ့တာလဲ။
သူတို့နှစ်ယောက်က မနာလို မကျေမနပ် ဖြစ်နေကြသော်လည်း ရှဲ့ဖေးဖေးကို လုံးဝ အလေးမထားခဲ့ဘဲ လုံးဝ မဝံ့ရဲလည်း ဖြစ်နေခဲ့ကြသည်။
ရှဲ့ဖေးဖေး သူမဓားကို ဆွဲထုတ်ပြီးသည်နှင့် နတ်ဓား၏ မှော်ဆန်မှုကို ခံစားလိုက်ရသည်။ သူမ၏ ဓားကျွမ်းကျင်မှုမှာလည်း သဘာဝအတိုင်း ထွက်ပေါ်လာသည်။ ဓားစွမ်းအင်များ ပြေးထွက်လာစဥ် နှစ်ယောက်စလုံး ဘယ်ညာ ယိမ်းထိုးကာ တစ်ယောက်ပြီး တစ်ယောက် ရှောင်ထွက်သွားကြရသဖြင့် အလွန်အရှက်ကွဲသွားကြသည်။
ရုတ်တရက် ဓားသံက ထွက်လာပြန်သည်။ သူတို့နှစ်ယောက် မရှောင်နိုင်တော့ဘဲ ကမန်းကတမ်း ခုခံရန် လက်နက်များ သုံးခဲ့ကြသော်လည်း နတ်ဓားက ပေါ့ပေါ့တန်တန် ခုတ်ထစ်သွားကာ လက်နက်ကြီးနှစ်ခု ကွဲထွက်သွားသည်။