← Chapters

​တောင်ထွတ်သခင်နှစ်ယောက်

Vol. 112 Ch. 4.1192

​တောင်ထွတ်သခင်နှစ်ယောက်

Vol. 112 Ch. 4.1192

ထိုမိန်းမနှစ်ယောက်၏ အသွင်အပြင်ကို ကြည့်ရင်း လုရွှမ် နက်ရှိုင်းရေတောင်ထွတ်ကို သူ့စိတ်ထဲတွင် ရွံရှာသွားခဲ့သည်။

"ဖေးဖေး... မင်းရဲ့ကြိုးစား အားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်"

အကယ်၍ ဤတောင်တွင် ထိုသို့သော လူများဖြင့်သာ ပြည့်နှက်နေပါက ရှဲ့ဖေးဖေး ဤနေရာတွင် လေ့ကျင့်နေရတာ မည်မျှရွံရှာဖွယ်ကောင်းပြီး သူမ၏နေ့စဥ် အလေ့အကျင့်သည် မည်မျှခက်ခဲမည်ကို တွေးကြည့်နိုင်ပါသည်။

"အစ်ကိုကြီး... ညီမမှာ ဒီဓားကိုရပြီဆိုတော့ ညီမ သူတို့ကို အနိုင်ကျင့်ခွင့်​ပြုမှာ မဟုတ်ဘူး"

ရှဲ့ဖေးဖေးကလည်း ရှားရှားပါးပါး လူသတ်ချင်တဲ့ အသံနဲ့ ပြောလိုက်သည်။

"ကောင်းပြီ.... ငါတို့သူများကို ဒုက္ခမပေးဘူး ဒါပေမယ့် ငါတို့ဘက်ကလည်း ဒုက္ခကိုမကြောက်ဘူး.... ဒါကြောင့်ဆက်သွားပါ"

ရှဲ့ဖေးဖေး အားတက်စွာ ခေါင်းညိတ်ကာ နက်ရှိုင်းရေတောင်ထွတ်သို့ အလျင်အမြန် တက်သွားခဲ့သည်။ လုရွှမ်လည်း လှည့်ပြီး ထွက်သွား၏။

သူသည် အတွင်းစည်းတပည့် ဖြစ်လာသည်နှင့်အမျှ ဒြပ်စင်ငါးပါး မဟာဂိုဏ်း၏ တောင်ထွတ် ငါးခုကို သဘာဝအတိုင်း ဝင်ရောက်နိုင်သည်။ သို့သော် ယေဘူယျအားဖြင့် ပြောရလျှင် တောင်ပိုင်းသခင်များသည် မြောက်ပိုင်း နက်ရှိုင်းရေတောင်ထွတ်နှင့် ပတ်သက်ပြီး သာမာန်အခြေအနေအရ အလွယ်တကူ ခြေချနိုင်လိမ့်မည် မဟုတ်ပေ။

ဤစည်းမျဉ်းများသည် လုရွှမ်အတွက် အဓိပ္ပာယ်မရှိသလို သူ လုံးဝ ဂရုမစိုက်ပါ။ သူမတက်ရတဲ့ အကြောင်းရင်းက ပထမအချက်က ရှဲ့ဖေးဖေးကို လွတ်လပ်စေချင်လို့ ဖြစ်ပြီး ဒုတိယကတော့ မြောက်ပိုင်း နက်ရှိုင်းရေတောင်ထွတ်မှာ လောလောဆယ် သူလိုချင်တာ ဘာတစ်ခုမှ မရှိလို့ပါပဲ။

မီးထွက်တောင်ထွတ်က ကမ္ဘာမြေမီးကို ဖန်တီးပေးပြီး အလယ်ရှိ စစ်ပွဲမြေတောင်ထွတ်က သူ၏နောက်ထပ် မှတ်တိုင်ဖြစ်သည်။

"ဟားဟားဟား... မင်းဒုက္ခမပေးရင် မင်းကလည်း ဒုက္ခကို မကြောက်ဘူး.... ကောင်လေး ပြောတာကောင်းတယ်ကွ!" ဆိုတဲ့ အသံအိုကြီး တစ်သံ ထွက်ပေါ်လာ၏။

လုရွှမ်စိတ်တွေ လှုပ်ရှားသွားပြီး သူ အမြန် လှည့်ကြည့်လိုက်ပေမယ့် စကားပြောနေတဲ့သူကို မတွေ့ရတော့ပါ။ ဘယ်သူပြောနေမှန်း မခံစားနိုင်ဘူး ဆိုရင်တော့ ဒြပ်စင်ငါးပါးမဟာဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက် ဖြစ်မှာ သေချာပါသည်။

လုရွှမ် သူ့လက်တွေကို ကောင်းကင်ကို ဦးတည်၍ ခါးကွေးလိုက်ပြီး

"အကြီးအကဲက ဘယ်သူများလဲ?"

"ဟားဟား ကောင်လေး မင်းဘယ်လိုထင်လဲ"

လုရွှမ် သူ့ရင်ဘတ်မှာ အနည်းငယ် တင်းကြပ်နေသလို ခံစားလိုက်ရသည်။ တစ်ဖက်လူက သူ့ကို တကယ်ပဲ ခန့်မှန်းခွင့်ပေးရင် ဘယ်လိုများ ခန့်မှန်းနိုင်မလဲ။ ယခု သူသည် မူလမြောက်ပိုင်း နက်ရှိုင်းရေတောင်ထွတ်၏ ခြေရင်းတွင် ရပ်နေလို့ ထိုလူသည် မြောက်ပိုင်း နက်ရှိုင်းရေတောင်ထွတ်က အကြီးအကဲ ဖြစ်ဖွယ်ရှိသည်။

ဒါပေမဲ့ ၎င်းကဒီမှာ အကြီးအကဲ ဆိုရင် သူ့ကို ဘာလို့ မှန်းဆခိုင်းနေတာလဲ။ ထို့အပြင် သူသည် အခြားသူကို အနိုင်ကျင့်ခဲ့သော အငယ်တန်း တပည့်တစ်ဦး ဖြစ်နေတာတောင် တစ်ဖက်လူရဲ့အသံက ဒီလောက် ပျော်ရွှင်နေပုံပေါက်နေတာလဲ။

"အကြီးအကဲ ခင်ဗျားက တခြားတောင်ထွတ်က အကြီးအကဲတစ်ယောက်ပဲ... ဒါပေမဲ့ ဒီမှာတော့ မြောက်ပိုင်း နက်ရှိုင်းရေတောင်ထွတ်ရဲ့ ဧည့်သည်ပေါ့....ပြီးတော့ ခင်ဗျားရဲ့အသံထဲမှာ အရိပ်အမြွက်တစ်ခု ရှိတယ် ကျွန်တော် ခန့်မှန်းရမယ်ဆိုရင် ခင်ဗျားက အရှေ့ဘက် ယွိသစ်သားတောင်ထွတ်က ကျင့်ကြံသူပဲ ဖြစ်ရမယ်"

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး ခဏအကြာတွင် "ဘာလို့လဲ" ဆိုတဲ့ အသံတစ်သံ ထပ်ထွက်လာ၏။

ဒီလို ပြန်မေးကတည်းက သူပြောတာမှန်တယ်လို့ ဆိုလိုနေပြီ မဟုတ်ပါလား။ လုရွှမ် ပြုံးပြီးပြောလိုက်သည်။

"မီးထွက်တောင်ထွတ်က ပေါက်ကွဲတယ်၊ နက်ရှိုင်းရေတောင်ထွတ်က နက်တယ်၊ စစ်မြေက ထူတယ်၊ ရွှေသက်တမ်းတောင်တွတ်က လူတွေကို သတ်ဖြတ်ချင်တယ်၊ ယွိသစ်သားက အတက်ကြွဆုံးပဲ... အကြီးအကဲက အရမ်းတက်ကြွတယ် အဲ့တော့ သေချာပေါက် ယွိသစ်သားတောင်ထွတ်က ဖြစ်နိုင်တယ်"

"ဟား ဟား ဟား!"

ရယ်မောသံများ ထွက်ပေါ်လာပြီး နောက်အခိုက်အတန့်တွင် လူအရိပ်နှစ်ခုသည် မြောက်ပိုင်း နက်ရှိုင်းရေတောင်ထွတ်ပေါ်မှ ဖြတ်သွားကာ လုရွှမ်ရှေ့သို့ ဆင်းသက်လာခဲ့သည်။

ရှားရှားပါးပါး ဂုဏ်ယူဝံ့ကြွားသော အသွင်အပြင်ဖြင့် ယောက်ျားနှင့် မိန်းမ တစ်ယောက် ဖြစ်သော်လည်း လုရွှမ်ကို စိုက်ကြည့်နေတဲ့ အမျိုးသမီး၏ မျက်နှာမှာ အနည်းငယ် မည်းမှောင်နေသည်။

"ကောင်လေး မင်းက ငါ့ရဲ့ အငယ်တန်း တပည့်ကို အနိုင်ကျင့်နေတာပဲ....မင်းကို ဘယ်သူက သတ္တိပေးခဲ့တာလဲ"

လုရွှမ်သည် စိတ်ဓာတ်ကျနေပါပြီ။ ဤလူကြီးနှစ်ယောက်အနားတွင် နက်ရှိုင်းရေတောင်ထွတ်မှ အကြီးတန်း တစ်ယောက်ရှိမည်ဟု သူ မထင်ထားခဲ့ပေ။

"အကြီးအကဲတို့ နှစ်ယောက်ကို ဂါရဝပြုပါတယ်.... ဒီအငယ်တန်းက သိပ်သတ္တိ မရှိပါဘူး ဘယ်သူ့ဆီမှ ကျွန်တော့်သတ္တိကို မပြတတ်ဘူး ဘယ်သူက ကျွန်တော့်ကို သတ္တိပေးခဲ့တာလို့ မေးချင်ရင်တော့ အဲဒါက ခင်ဗျားပါပဲ အကြီးအကဲ"

"ဘာကိုဆိုလိုတာလဲ?"

လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး။

"အကြီးအကဲ... ခင်ဗျားသာ အရင်ကတည်းက ကန့်ကွက်ခဲ့မယ်ဆိုရင် ကျွန်တော့်ကို ဝင်တားပြီးလောက်ပြီ... ကျွန်တော် နက်ရှိုင်းရေတောင်ထွတ် တောင်ခြေမှာ ရှိနေမှာတောင် မဟုတ်ဘူး... ဟုတ်တယ်မလား? အကြီးအကဲတို့...."

လုရွှမ် အခြားအဘိုးအိုကို ကြည့်ကာ လူနှစ်ယောက်ကြားက ဆက်ဆံရေးက ထူးထူးခြားခြား ဖြစ်သင့်သည်ဟု ထင်မိသည်။

အမျိုးသမီးက "အဲဒီဓားကို မင်း သန့်စင်ထားတာလား?"

အဘိုးအိုက ရယ်မောရင်း "ကောင်လေး... ငါ မင်းကို ယဉ်ယဉ်ကျေးကျေး ပြောတိုင်း တခြားသူတွေကို လိမ်ဖို့ မကြိုးစားနဲ့နော် ငါအကြံပေးတယ်.... တောင်ထွတ်သခင် ချီးဖုန့်ကျူက လက်နက်ကို သန့်စင်တဲ့ ကျွမ်းကျင်ပညာရှင်ပဲ"

ဤအမျိုးသမီးသည် တကယ်တော့ နက်ရှိုင်းရေတောင်ထွတ်၏ တောင်ထွတ်သခင်ပဲ ဖြစ်သည်။

"သခင်မချီကို နှုတ်ခွန်းဆက်သပါတယ်... ဒီဓားကို ဒီအငယ်တန်းက သန့်စင်ထားတာပါ"

ချီးဖုန့်ကျူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် လှုပ်ရှားသွားပြီး လုရွှမ်၏ ဦးခေါင်းထိပ်ကို လက်ဖဝါးဖြင့် ဆုပ်ကိုင်လိုက်လေသည်။ လက်ငါးချောင်းက ခြေသည်းများ ဖြစ်သွားကာ သူ၏ သတ်ပစ်ရန် ရည်ရွယ်ချက်မှာ ပြင်းထန်လွန်းသဖြင့် လုရွှမ် ခဏတာမျှ အထိတ်တလန့် ဖြစ်သွားခဲ့ရသည်။

ရှင်းနေသည်မှာ ဤအရာသည် သူ့ကိုယ်ပိုင်ခွန်အားကို စမ်းသပ်မှုတစ်ခု ဖြစ်သော်လည်း ခံစားချက်သည် လက်တွေ့ ကျလွန်းလှသဖြင့် သူ မခုခံလျှင် တကယ်ကို နာကျင်ရလိမ့်မည်ပင်။

လုရွှမ် သူ့ခြေရင်းမှ ချီထျန်းပုကို လှမ်းလိုက်ပြီး သူ့ခေါင်းထက်တွင် ဝိညာဉ်ဒိုင်းလွှာသုံးခု သဘာဝအတိုင်း ထွက်ပေါ်လာသည်။ တစ်ခုက အပြာရောင်ဖြစ်ပြီး တစ်ခုမှာ ပုံမှန်စိတ်ဝိညာဉ်ဒိုင်းလွှားဖြစ်ကာ နောက်တစ်ခုက သန်မာသော ရွှမ်ဝူရောင်ဝါဖြင့် ထင်ရှားလေသည်။

နောက်ဆုံးတစ်ခုကို ယန်စွမ်းအင် ချမ်းသာကြွယ်ဝသော ယွမ်ယန်ကျင့်စဥ်ဖြင့် ပြုလုပ်ထားပြီး သခင်ကို အလိုလို ကာကွယ်ပေးသည့် နတ်ဝိညာဥ်ဒိုင်းလွှာပင်။

တစ်ချိန်တည်းမှာပင် လုရွှမ်နောက်ကွယ်မှ ချင်ထျန်းဓားသည် အလိုအလျောက် အော်ဟစ်လိုက်၏။ သူ့ခန္ဓာကိုယ်မှ စွမ်းအင်ကြွယ်ဝသော ဓားသည် လွင့်ထွက်သွားပြီး ဓားရည်ရွယ်ချက်က ကောင်းကင်သို့ တက်သွားကာ သူ့ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် အကာအကွယ်ပေးလေသည်။

ဤအရာအားလုံးသည် လုံးဝ ပင်ကိုယ်သဘောရှိပြီး သူတုံ့ပြန်မှုမပြုမီ ပြီးမြောက်သွားခဲ့သည်။

ချီးဖုန့်ကျူရဲ့ သူ့မျက်လုံးများထဲတွင် အလင်းရောင် တဖျပ်ဖျပ် ခတ်သွားကာ သူမလက်ဖဝါးကို ပြန်ဆုတ်လိုက်သည်။

"ကောင်လေး မင်းရဲ့ ခွန်အားက တော်တော်ကောင်းတယ် ဒါပေမဲ့ မင်းရဲ့နယ်ပယ်က နည်းနည်းတော့ နိမ့်တယ်"

အဘိုးအို: "ဟေ့ မင်းက ဝက်တစ်ကောင်လို ဟန်ဆောင်ပြီး ကျားသားစားနေတာ မဟုတ်ဘူးလား။"

ချီးဖုန့်ကျူ၏ ပါးစပ်ထောင့်တွင်လည်း အပြုံးတစ်ခု ပေါ်လာသည်။

"သတိထားပါ... ငါတို့ရဲ့ မြောက်ပိုင်း နက်ရှိုင်းရေတောင်ထွတ်ရဲ့ အတွင်းပိုင်း ကိစ္စကို တောင်ထွတ်က ဖြေရှင်းလိမ့်မယ် အပြင်လူတွေကို ဝင်စွက်ဖက်ခွင့် မရှိဘူး"

လုရွှမ်၏ စိတ်ထဲရှိ အတွေးများသည် သူ့အတွေ့အကြုံများနှင့်အတူ လည်ပတ်နေကာ ဂိုဏ်းခေါင်းဆောင်တွေ ဘာတွေးနေမှန်း မသိဘဲ မနေချေ။ သို့သော် ဤနေရာတွင် အထွတ်အထိပ် သခင် နှစ်ယောက် ရှိနေသည်။

"အကြီးအကဲတို့ ကျွန်တော့်ကို ဘာလုပ်စေချင်လဲ"

လုရွှမ် အော်မေးလိုက်သည်။ အဘိုးအိုက ဟက်ဟက်ပက်ပက် ရယ်မောပြီး။

"မင်းကို ငါပြောသားပဲ... ဒီကောင်က အရမ်း ဉာဏ်ကောင်းပါတယ်ဆို ဟုတ်တယ်မလား တောင်ထွက်သခင်ချီး.... မင်းဘာလို့ မပြောပြတာလဲ"

ချီးဖုန့်ကျူက အဘိုးအိုကို အော်ဟစ်လိုက်ပြီးမှ ဆို၏။

"သူက အရှေ့ဘက် ယွိသစ်သားတောင်ထွတ်ရဲ့ တောင်ထွတ်သခင် တုံးဖန်းမုပဲ.... ကောင်လေး၊ မင်းရဲ့ ခွန်အားက မဆိုးဘူးလို့ ငါမြင်တယ်... ဒီမှာ အခွင့်အရေးရှိတယ် မင်းရဲ့ ခွန်အားက လုံလုံလောက်လောက် အားကောင်းသလားဆိုတဲ့အပေါ်မှာ မူတည်တယ်..."

လုရွှမ် စိတ်ဆင်းရဲစွာဖြင့် ခေါင်းခါလိုက်ပြီး ပြန်ဖြေသည်။

"ဟူး....ကြင်နာမှုအတွက် အကြီးတန်း နှစ်ယောက်ကို ကျေးဇူးတင်ပါတယ် ဒီအငယ်တန်းရဲ့ ခွန်အားက မခိုင်လုံဘူး ဒီအခွင့်အရေးက မရနိုင်တော့ဘူးလေ... အကြီးအကဲ နှစ်ယောက်ကို မနှောင့်ယှက်တော့ပါဘူး ကျွန်တော် အရင် ထွက်သွားလိုက်ပါဦးမယ်"

"နေဦး!"

"မင်း မင်းက တော်တော် လိမ္မာပါးနပ်တာပဲ... ဟေး ငါတို့ နှစ်ယောက်စလုံးက မင်းကို မျက်စိကျနေတာတောင် မင်းက ထွက်သွားချင်သေးတယ်ပေါ့... တံခါးမရှိဘူးကွ! မဟုတ်ရင် မင်း ငါတို့ပြောတာကို နားထောင်ရင် ပိုကောင်းမယ် ဟဲဟဲ အစောက ကောင်မလေးက အဆင်ပြေတယ်.... မင်းနဲ့ လက်ထပ်ပေးလိုက်မှာနော်..."

"အိုး.... အကြီးအကဲ... ခင်ဗျားအရမ်း အဆိပ်ပြင်းတာပဲ"

လုရွှမ်လည်း ဒီလူကြီးကို ထိတ်လန့်ပြီး ရက်စက်လွန်းတယ်လို့ ထင်​မြင်မိလာသည်။

တုံးဖန်းမုပ တခစ်ခစ်ရယ်ပြီး "ဒါဆို မင်းနားမထောင်ဘူးလား?"

ချီးဖုန့်ကျူ၏ ဆိုးညစ်သော အသွင်အပြင်ကို ခံစားလိုက်ရသဖြင့် လုရွှမ် ခေါင်းခါနေဆဲ ဖြစ်သည်။

"ကြင်နာမှုအတွက် အကြီးအကဲ နှစ်ယောက်ကို ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ဒီအငယ်တန်းရဲ့ ခွန်အားရ တကယ်ကို မခိုင်မာပါဘူး ဥပမာ... သခင်လေးချန်ရှီးပေါ့... ဒီအငယ်တန်းက နည်းနည်းတော့ ကိုယ့်ကိုယ်ကိုယ် သတိရှိနေတုန်းပါပဲ... ကျွန်တော်က သူ့ပြိုင်ဘက်မဟုတ်တာ သေချာတယ်"

လုရွှမ်၏ စကားများသည် အမှန်တကယ်ပင် မှန်ပေသည်။ သခင်လေးချန်ရှီးသည် မျှော်စင်နယ်ပယ် အဆင့်၅ တွင် ရှိနေပြီဖြစ်သည်။ ထို့အပြင် ချန်ရှီးသည် မျှော်စင်နယ်ပယ် ပထမအဆင့်တွင်ရှိလျှင် သူတိုက်ခိုက်နိုင်မည်ဟု ယုံကြည်သော်လည်း ယခု နယ်ပယ် ကွာခြားချက်မှာ အလွန်ကြီးမားလှသည်။

All Chapters