တောင်ထွတ်သခင်ရဲ့ ယုံကြည်မှု
Vol. 112 Ch. 4.1193
ထို့အပြင် တစ်ဖက်လူသည် မီးထွက်တောင်ထွတ်ရဲ့ သခင်ငယ် ဖြစ်နေဆဲဖြစ်ပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် အမည်မသိသော လျှို့ဝှက်ရတနာ များစွာရှိနေသည်။ အနည်းဆုံး သူ့ခန္ဓာကိုယ်ပေါ်တွင် နတ်လက်နက်များရှိပြီး တစ်ခုထက်မကလည်း ရှိနေမည်မှာ ထင်ရှားပါသည်။
ထိုလူနှင့် ရန်ပွဲ၌ တစ်ချိန်လုံး သူ့ကို နှိမ်နှင်းနေသော်ငြား ၎င်းရဲ့ အနည်းငယ်သော ပေါ့ဆမှုသာ ဖြစ်နိုင်ပြီး ပြိုင်ဘက်သည် လျှို့ဝှက်ရတနာကို တစ်ချက်ရွှေ့ရုံဖြင့် မိမိကို ကျော်သွားနိုင်သည်။
အကြီးအကဲ နှစ်ယောက်သားက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ရင်း နှစ်ယောက်လုံး အံ့သြသွားသည့် အရိပ်အယောင်ကို တွေ့လိုက်ရသည်။ တုံးဖန်းမုက လုရွှမ်ရဲ့ ပုခုံးကို ပုတ်ပြီး ဆိုလိုက်၏။
"ဒီတစ်ခါတော့ ငါ ရတနာတစ်ခုကို ရှာတွေ့ခဲ့တာပဲ"
ချီးဖုန့်ကျူက ဘာမှ မပြောပေမယ့် သူမလည်း ပျော်နေပုံရသည်။
"ကောင်လေး.... ဒီအတိုင်းထားရအောင် ငါတို့နှစ်ယောက် တစ်ခုခုလုပ်မလို့ မင်း ကူညီပေးဖို့လိုတယ်.... မင်းအောင်မြင်ရင် မင်းအတွက် ငါတို့ကလည်း တစ်ခုခုလုပ်ပေးမှာပါ အဲဒီကောင်လေး ချန်ရှီးလည်း မင်းကို ထပ်ပြီး ဒုက္ခမပေးရဲစေရဘူး"
လုရွှမ်လည်း တုံးဖန်းမုအား မျက်လုံးပြူးကာ ကြည့်လိုက်သည်။
"အကြီးအကဲ.... ဒီအငယ်တန်းက ချန်ရှီးရဲ့ ပြိုင်ဘက်မဟုတ်ပေမယ့် ကျွန်တော် သူ့ကို တကယ် မကြောက်ပါဘူး"
ချီးဖုန့်ကျူလည်း အံ့အားသင့်သွားပြီး။
"တုံးဖန်းမု... မြင်တယ်မလား ဒီကောင်လေး သူတို့ဆီက အကျိုးအမြတ်ရဖို့ ကြိုးစားနေတဲ့ အတိုင်းပဲ"
တုံးဖန်းမု: "မင်းက လိမ္မာပါးနပ်တဲ့ ကောင်လေးပဲ.... မင်း ဘာမှ မလုပ်ခင်မှာ အကျိုးကျေးဇူးတွေကို အရင် တွေးနေတတ်တာလား"
လုရွှမ်သည် တုံးဖန်းမုဟာ ဒေါသကြီးပြီး ကစားရတာကို နှစ်သက်ကြောင်း တဖြည်းဖြည်း နားလည်လာသည်။
"အကြီးအကဲ ခင်ဗျားတို့ရဲ့ တောင်းဆိုမှုကို အရင် မပြောလို့ရမလား...မဟုတ်သေးဘူး ဒါဆို ကျွန်တော် လိုချင်တဲ့ဆုလာဘ်ကို အနည်းဆုံးရသင့်တယ်လေ... ခင်ဗျား ပြောသလို ခင်ဗျားကျွန်တော့်ကို အခုမခေါ်ရင် ဒါမှမဟုတ် တောင်းဆိုတာကို ကျွန်တော်လုပ်ပြီးတော့မှ အကြွေးကို ဝန်မခံရင် ကျွန်တော် ဘာလုပ်ရမလဲ ဒါမှမဟုတ် အကြီးအကဲတို့ ကျွန်တော့်ကို အခွင့်ကောင်း ယူနေတယ်လို့ ပြောရမလား?"
"အခုရှင်းထားတာက ပိုကောင်းပါတယ်"
ချီးဖုန့်ကျူလည်း ဤကဲ့သို့ ရဲရင့်သော ကောင်လေးကို ပထမဆုံးအကြိမ် တွေ့ဖူးတာကြောင့် ဒေါသထွက်ရမလို ရယ်ရမလို ဖြစ်နေသည်။ တုံးဖန်းမုက လုရွှမ်ရဲ့ ပုခုံးကို ပွတ်သပ်ရင်း ဆို၏။
"ကောင်လေး.... မင်းပြောတာက အဓိပ္ပာယ်ရှိတယ် ငါ့ကိုပြောစမ်း မြောက်ပိုင်း နက်ရှိုင်းရေတောင်ထွတ်မှာ မင်းဘယ်သူကိုကြိုက်လဲ မင်းကြိုက်တဲ့သူနဲ့ မင်းကို တွဲပေးမယ်လို့ ငါဆုံးဖြတ်လိုက်ပြီ..... တောင်ထွတ်သခင် ချီးဖုန့်ကျူက ပြဿနာမရှိပါဘူး”
"တုံးဖန်းမု... လူယုတ်မာ ရှင်ကျွန်မနဲ့ တိုက်ချင်တာလား"
ဒီတစ်ခါတော့ သူက သူမတပည့်တွေ အတွက်တောင် ဝင်ပါရတဲ့အထိ သတ္တိရှိနေချေပြီ။ တုံးဖန်းမုက ပြုံးပြီး လုရွှမ်ကို မျက်စိမှိတ်ပြသည်။
"ငါတို့ကို ဒီတစ်ခါ ဘာလုပ်ပေးရမလဲ အရင်ပြောကြည့်ရအောင်"
"အပြင်မှာ ရှိတဲ့ မဟာဂိုဏ်းကြီးတွေ အကြောင်း မင်းဘယ်လောက်သိလဲ"
လုရွှမ်က ခေါင်းခါလိုက်ပြီး "ဖေးဖေးနဲ့ ကစားနေတုန်း ဒြပ်စင်ငါးပါး မဟာဂိုဏ်းက တောင်တံခါးဖွင့်တယ်လို့ ကြားတာနဲ့ ကျွန်တော်တို့ လာခဲ့တာ"
အကြီးအကဲ နှစ်ယောက်သားက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ သူတို့၏ မျက်လုံးများတွင် အကူအညီမဲ့ခြင်းများကို မြင်တွေ့နိုင်သည်။
လုရွှမ်၏ စကားကြားရသောအခါ၌ ဤလူငယ်သည် ၎င်းတို့၏ ဒြပ်စင်ငါးပါး မဟာဂိုဏ်းသို့ ဝင်ရောက်လာခြင်းကြောင့် ကြီးမားသော အကျိုးကျေးဇူးကို ရရှိသွားပုံရသည်ဟု ထင်မိလာသည်။
"မဟာဂိုဏ်းထဲက တခြားဂိုဏ်းတွေ ဒါမှမဟုတ် တခြားသန့်ရှင်းတဲ့ နယ်မြေက မိသားစုတွေ ရှိတယ်ဆိုတာ ကျွန်တော်တကယ် မသိပါဘူး"
တုံးဖန်းမု: "ဟေ့ ကောင်လေး ရပ်လိုက်တော့... မင်း ရှေးဟောင်းကျမ်းခန်းမမှာ အနည်းဆုံး တစ်နှစ်လောက် နေခဲ့တာ အရင်က မသိခဲ့ရင်တောင် အခုသိသွားလောက်ပြီ.... မိုက်မဲတဲ့ စကားတွေကို ရပ်လိုက်ပြီး ဒီဆရာကြီးရဲ့ စကားကို နားထောင်လိုက်စမ်း"
လုရွှမ်သည် သူ့စိတ်ထဲတွင် ရယ်စရာကောင်းသည်ဟု ထင်ထားသော်လည်း သူ့မျက်နှာသည် အလွန်နာခံပြီး ဟန်ဆောင်မှုရှိသော အသွင် လုပ်ထားရာ ချီးဖုန့်ကျူမှာ အတော်လေး ရိုက်ပစ်ချင်နေသည်။
တောင်တံခါးကို ဖွင့်ပြီးနောက် ပြန်းရှင်တောက်က လုရွှမ်ဟာ အမှန်တကယ်ပင် ဒုက္ခပေးသူတစ်ယောက် ဖြစ်ကြောင်း ပြောခဲ့တာ အံ့သြစရာ မဟုတ်ပေ။ ချီးဖုန့်ကျူသည် ထိုကောင်လေး၏ အဓိပ္ပာယ်မဲ့သော အာရုံများကို ရပ်တန့်ခိုင်းလိုက်ပြီး စတင်မိတ်ဆက်လိုက်သည်။
"ယင်းယန်၊ ပါရမီသုံးပါး စတာတွေနဲ့ အပြင်မှာ မဟာဂိုဏ်းပေါင်းစုံက ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား တည်ရှိတယ် ငါတို့ ငယ်ငယ်တုန်းက လေ့လာရေးခရီးမှာ မြင့်မြတ်တဲ့ ရှေးဟောင်း မိသားစုကို မတော်တဆ ဝင်ခွင့်ရခဲ့ဖူးတယ်"
လုရွှမ် မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာ၏။ ရှေးဟောင်းမိသားစုလား?။ မြင့်မြတ်တဲ့ ရှေးဟောင်း မိသားစုလို့ ခေါ်နိုင်တဲ့သူတွေဟာ ထိပ်တန်း အင်းအားစုတွေဆိုတာ သေချာပါသည်။
"နတ်နဂါး မိသားစုအကြောင်း မင်းကြားဖူးတယ် မဟုတ်လား"
လုရွှမ်၏ မျက်လုံးများသည် ကောင်းကင်မီးများပါ လင်းလက်လာသည်။
"နတ်နဂါးမိသားစု?"
ရှေးဟောင်းကျမ်းခန်းမထဲက အကြီးအကဲ တစ်ယောက်၏ ခရီးသွား မှတ်တမ်းတွင် နတ်နဂါး မိသားစုအကြောင်း သူကြားသိခဲ့ရပါသည်။ နတ်နဂါး မိသားစုသည် ကြာမြင့်စွာကတည်းက တိုက်ကြီးတစ်ခုလုံးတွင် နံပါတ်တစ် မိသားစု ဖြစ်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အကြောင်းတစ်ခုခုကြောင့် တဖြည်းဖြည်း ပျက်ပြားသွားခဲ့သည်။
ဒါက လူတိုင်းရဲ့ စိတ်ထဲမှာ လျှို့ဝှက်ဆန်းကြယ်စရာတွေ ဖြစ်လာခဲ့ပါ၏။
"အကြီးအကဲ... ရှေးဟောင်း မိသားစုကို တွေ့ခဲ့တယ်လို့ ပြောနေတာတော့ မဟုတ်ဘူးမလား?"
တုံးဖန်းမုက တခစ်ခစ်ရယ်ပြီး။
"ဟုတ်တယ်... ရှေးဟောင်း မိသားစုကို ငါတို့ရှာတွေ့ခဲ့တယ်"
လုရွှမ်: "အကြီးအကဲ ပြောချင်တဲ့ သဘောက ကျင့်ကြံသူတွေရဲ့ ကျင့်ကြံမှု လိုအပ်ချက်တွေရှိလို့ မသွားနိုင်တော့ဘူး...ခင်ဗျားတို့ရဲ့ ကျင့်ကြံမှုက မျှော်စင်နယ်ပယ်ကို ကျော်သွားပြီမို့လို့ ရှေးဟောင်းမိသားစုထဲ မသွားနိုင်တော့ဘူး"
တုံးဖန်းမုက ပြုံး၍: "ထက်မြက်တယ်... ဒါပေမဲ့ မင်း မျှော်စင်နယ်ပယ်ကို ဖြတ်ကျော်ထားရင်ရော သွားနိုင်မလား ဆိုတာ သံသယရှိမနေဘူးလား"
လုရွှမ်ကလည်း ပြုံးလိုက်သည်။
"မျှော်စင်နယ်ပယ်လည်း ဖြစ်နိုင်တယ်လို့ ထင်တယ် ဒါပေမဲ့ နတ်မီးနယ်ပယ်က လူတွေ သွားတာ ပိုကောင်းလိမ့်မယ်.... ဒီတော့ အကြီးအကဲတို့က ကျွန်တော့်ကို ဆရာတူအစ်မ၊ ဆရာတူအစ်ကိုနဲ့အတူ လိုက်သွားစေချင်တာမလား"
"ကောင်လေး မင်းအရမ်း စဉ်းစားနေတတ်တာပဲ....ကျစ် ကျစ် အဲဒီကောင်လေး ချန်ရှီး အတွက်တော့ ငါ ဝမ်းနည်းတယ်.... မင်းကို စော်ကားခဲ့မယ်ဆိုရင် နောင်တစ်ချိန်မှာ ငါ သူ့ကို ဒုက္ခပေးရလိမ့်မယ်"
ချီးဖုန့်ကျူလည်း လုရွှမ်ကို စိတ်ထဲကနေ အကဲခတ်နေပါသည်။ သူတို့က ပြုစုပျိုးထောင်တဲ့ နေရာကို ရောက်နေပါပြီ။ ဝိညာဥ်ကျင့်စဉ်များ အကြောင်း အလွန်အကျွံလေ့လာပြီး ထက်မြက်သော လူငယ်များစွာကို တွေ့ဖူးသော်လည်း ထိုတချို့သည် နောက်ပိုင်းတွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနိုင်သည်။
အကြောင်းရင်းများစွာ ရှိသော်လည်း နောက်ဆုံး ခွဲခြမ်းစိတ်ဖြာချက်တွင် ၎င်းသည် လက်တွေ့ကျလောက်အောင် မတော်ဘူးဟု ဆိုနိုင်သည်။ သူတို့ မှားတာတွေ အများကြီး လုပ်ခဲ့ပြီးပြီ။ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့ကာ မစော်ကားသင့်တဲ့ လူတွေကိုလည်း စော်ကားခဲ့မိသည်။
သို့သော် လုရွှမ်၏စကားများသည် ယခုမှပင် သူ၏ဉာဏ်ပညာကို အပြည့်အဝ မီးထိုးပြသခဲ့သည်။
အဲဒါက နတ်နဂါး မိသားစုပဲ။ ဒါကြောင့် အတွင်းမှာရှိတဲ့ ရတနာတွေက အရမ်းတန်ဖိုးကြီးတယ်ဆိုတာ သိသာပါ၏။ ထုံးစံအတိုင်း သူတို့နှစ်ယောက်က လုရွှမ်ကို ယုံမှာ မဟုတ်ဘူး။ ဒါကြောင့် သူနဲ့လိုက်ဖို့ တစ်စုံတစ်ယောက်ကို ထည့်ပေးလိုက်မှာက သဘာဝအတိုင်းပါပဲ။
သူတို့နှစ်ဦး အတူတကွ ဆုံးဖြတ်သောအခါတွင် ကိုယ်စားလှယ်လောင်း နှစ်ဦး ရှိလာလိမ့်မည်။
နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့သမျှကို သိရှိခြင်းသည် ယခင်အကြောင်းရင်းများကို ခန့်မှန်းရန် သဘာဝအတိုင်း လွယ်ကူသော်လည်း အစမှစ၍ ဖြစ်ပေါ်လာသမျှကို ပိုင်းခြားစိတ်ဖြာခြင်း ပညာသည် အလွန်ခက်လှသည်။
"ဟုတ်တယ် ငါတို့ဆီက ကျင့်ကြံသူ တော်တော်များများက အဲဒီနေရာကို အတူတူ စူးစမ်းလေ့လာပြီးတော့မှ ကျင့်စဉ်တစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲခဲ့တယ်"
"ငါတို့ ကိုယ်စားလှယ်လောင်းတွေက မင်းကို အတိအကျ သိထားရမယ့် အရာတွေကို ပြောပြလိမ့်မယ်... မင်းသိထားရမှာက ငါတို့လိုချင်တာကို ပြန်ရနိုင်ရင် ဒြပ်စင်ငါးပါး မဟာဂိုဏ်းထဲက မင်းဘဝက ပိုလွယ်လာလိမ့်မယ် ငါတို့နှစ်ယောက်က မင်းရဲ့ခိုင်မာတဲ့ ပံ့ပိုးမှုနဲ့ နောက်ခံပဲ..."
တုံးဖန်းမုက အားရပါးရ အော်ပြောလိုက်၏။
ချီးဖုန့်ကျူက ရုတ်တရက် "မင်းရဲ့ ဉာဏ်ပညာနဲ့ အရည်အချင်းအရဆို မင်း နောင်မှာ ဒီလိုမျိုး ဆက်လုပ်နိုင်ရင် ဒြပ်စင်ငါးပါး မဟာဂိုဏ်းတစ်ခုလုံးရဲ့ ခေါင်းဆောင် မဖြစ်လာနိုင်မှာတော့ မဟုတ်ဘူး"
တုံးဖန်းမု အနည်းငယ် လန့်သွားပြီး ချာကနဲ လှည့်ကြည့်လိုက်သည်။
"နတ်သမီးရေ...."
"လုရွှမ်မှာ အဲဒီစွမ်းရည်ရှိတယ်... အနည်းဆုံး ချန်ရှီးထက်စာရင် လုရွှမ် ငါ မင်းကို ပိုပြီး အကောင်းမြင်တယ်"