စိန်ခေါ်မှုက တံခါးဝဆီသို့ ရောက်ရှိလာ
Vol. 112 Ch. 4.1195
ယခုအချိန်အထိ လုရွှမ်သည် နတ်မီးနယ်ပယ်၏ အဆင့်၁၀ရှိ လူများကိုသာ တိုက်ခိုက်ခဲ့ဖူးသည်။ ဒါပေမဲ့ အဲဒါက တစ်ဖက်သတ်နီးပါးပါပဲ။ နောက်ဆုံးတော့ တုံးထန်းဂိုဏ်းနဲ့ မဟာဂိုဏ်းကြီးကြားက ကွာဟချက်ဟာ အလွန်ကြီးမားတဲ့အတွက် ဆင်ခြင်ဖို့ မဖြစ်နိုင်သလောက်ပဲလေ။
ထိုရှေးဟောင်း မိသားစု၏ မြင့်မြတ်သော နေရာများကို မပြောဘဲ သူတို့၏ ခွန်အားသည် ပို၍ပင် ရက်စက်ကြမ်းကြုတ် လာလိမ့်မည်။
အကြီးအကဲနှစ်ယောက် ပြောသည့်အတိုင်း ခွန်အားကို မြင့်မားသော အဆင့်သို့ မြှင့်တင်ထားခြင်းသည် အကောင်းဆုံး ဖြစ်ပေသည်။ သို့မှသာ ထိုပြိုင်ဘက်များနှင့် ရင်ဆိုင်ရသောအခါတွင် သင်သည် ပိုမိုတည်ငြိမ်လာမည် ဖြစ်သည်။
"ဆရာတူ အစ်ကိုကြီးလုရွှမ် ပြန်လာပြီ!"
လုရွှမ် သူတို့နှစ်ယောက်ကို ဝှေ့ယမ်းပြီးနောက် ပြုံးကာ ခြံထဲသို့မဝင်မီ သူတို့၏လေ့ကျင့်မှုကို ပေါ့ပေါ့ပါးပါး လမ်းညွှန်ပေးခဲ့သည်။
"ငါ သုံးလအတွင်း အပြင်ထွက်ရမယ် ဒီအတောအတွင်း တံခါးပိတ် လေ့ကျင့်ရလိမ့်မယ်"
"အကိုကြီး စိတ်မပူပါနဲ့၊ ဒီကာလမှာ မင်းကိုဘယ်သူမှ ထိခိုက်စေမှာ မဟုတ်ဘူး"
ကျောက်ထောင်းက ဦးစွာ အော်လိုက်သည်။
လုရွှမ်က ပြုံးပြီး "ငါဆိုလိုတာက မင်းတို့လေ့ကျင့်ချင်ရင် ငါနဲ့ လေ့ကျင့်လို့ရတယ် ဒီသုံးလမှာ ငါ့ကို ဘယ်သူမှ လာနှောက်ယှက်မှာ မဟုတ်ဘူး"
သူတို့နှစ်ယောက်လုံးရဲ့ မျက်လုံးတွေ လင်းထိန်လာသည်။ ဆရာတူအစ်ကို ဖြစ်သူ လုရွှမ်၏ ရက်စက်ကြမ်းကြုတ်သော ကျင့်ကြံမှုကို စေ့စေ့စပ်စပ် မြင်လိုက်ရသည်။ ၎င်းသည် နတ်မီးနယ်ပယ်၏ ဒုတိယအဆင့်သာ ဖြစ်သော်လည်း မျှော်စင်နယ်ပယ်ထက် မဆိုးပါ။
လုရွှမ်နှင့် လေ့ကျင့်နိုင်ခြင်း၊ လမ်းညွှန်မှုအနည်းငယ်ပေးခြင်းသည် ကြီးစွာသောအကူအညီဖြစ်ပြီး မှားယွင်းသော လမ်းကြောင်းများစွာကို ရှောင်ရှားရန် ကူညီပေးနိုင်ပါသည်။ နှစ်ယောက်သား စိတ်လှုပ်ရှားစွာဖြင့် လုရွှမ်နောက် လိုက်သွားကာ သူ့ဝင်းထဲသို့ ဝင်သွားကြသည်။
တခြားလူတို့သည် အနည်းငယ် မနာလို၍ မထီမဲ့မြင် ပြုကြသော်လည်း သူတို့အမြင်အရ နတ်မီးနယ်ပယ်က ဘာကူညီနိုင်မှာမလို့လဲ။
အထူးသဖြင့် လုရွှမ်နဲ့ ရှဲ့ဖေးဖေးတို့ နှစ်ဦးနှင့်အတူ ထွက်ခွာသွားပြီးနောက် ကျောက်ထောင်းနှင့် ယွမ်ရှင်းတို့သည် ဤတပည့်များကြားတွင် အနည်းငယ် ဝိုင်းပယ်ခံရသည်ကို မြင်သောကြောင့် သူတို့က ဤသို့ အကြံပြုခဲ့ခြင်းပဲ ဖြစ်သည်။
လုရွှမ် အခင်းအကျင်း ကန့်သတ်ချက်တစ်ခု ချမှတ်လိုက်ပြီး သုံးယောက်သား တြိဂံပုံသဏ္ဌာန်ဖွဲ့ကာ မျက်လုံးများကို မှိတ်ထားသည်။ လူငယ် နှစ်ယောက်သားကလည်း တစ်ယောက်ကို တစ်ယောက်ကြည့်ကာ မျက်လုံးမှိတ်ကာ ငြိမ်သက်စွာ လေ့ကျင့်နေကြတော့သည်။
သုံးရက်အကြာတွင်။ လုရွှမ်သည် အကြီးအကဲနှစ်ယောက်၏ စကားကို နားထောင်ပြီးနောက်တွင် စိန်ခေါ်သူများစွာ ရှိသင့်သည်ကို သူသိသော်လည်း ဒီလောက်မြန်မြန်ကြီး သူတို့ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။
ကျောက်ထောင်းနဲ့ ယွမ်ရှင်းတို့လည်း အံ့သြမှုအပြည့်ဖြင့် မျက်လုံးများ ပွင့်လာကြသည်။ သုံးရက်သာ ရှိသော်လည်း ဆယ်ရက်ခွဲလောက် ကုန်ဆုံးသွားသလို ခံစားလိုက်ရ၏။ ထူးဆန်းတာက သူတို့စိတ်ထဲမှာ အနှောင့်အယှက်တွေမရှိဘဲ စိတ်တည်ငြိမ်ဖို့ အရမ်းလွယ်ကူတယ်လို့ ခံစားရပြီး အာရုံထွေပြားတဲ့ အတွေးတွေတောင် မရှိခဲ့ပေ။
သူတို့နှစ်ယောက်ဟာ ငတုံးတွေ မဟုတ်ဘူးဆိုတာ သိသာထင်ရှားတာကြောင့် လုရွှမ်နဲ့ လေ့ကျင့်ဖို့က အခွင့်အလမ်း တစ်ခုပဲလို့ မှတ်ယူလိုက်သည်။
ကျောက်ထောင်း: "ဆရာတူအစ်ကို လုရွှမ်... ဘာဖြစ်နေတာလဲ"
"မင်းကို ငါပြောခဲ့တာကို မှတ်ထား ငါ သုံးလအတွင်း အပြင်ထွက်ချင်နေတာ ဒါ အလုပ်တစ်ခုပဲ.... ဒါပေမဲ့ တချို့လူတွေက ငါ့ကို မယုံကြည်သလို စိန်ခေါ်ချင်ကြတယ်... အခုတော့ အပြင်ထွက်ကြည့်ရအောင်"
အခင်းအကျင်း ကန့်သတ်ချက်ကို ဖွင့်ပြီးနောက် လုရွှမ် ထွက်လာခဲ့သည်။ သူတို့နှစ်ဦးသည်လည်း မည်သို့သောတာဝန်ကို ထမ်းဆောင်ရမည်ကို စိတ်ထဲမှာ သိချင်ကာ အမြန်လိုက်၍ ယှဉ်ပြိုင်ရန် ကြိုးစားနေကြဆဲ ဖြစ်သည်။
သုံးယောက်သား ထွက်လာကြပြီး တောင်ထိပ်ပေါ်မှ ဆင်းလာကြသည်။ မီးထွက်တောင်ထွတ်က အတွင်းစိတ် တပည့်တစ်စုလည်း လေ့ကျင့်နေကြတာ တစ်ယောက်တစ်မျိုး ပေါက်ကွဲကာ အော်ဟစ်လျက်ရှိ၏။
"အဲဒါက ဆရာတူအစ်ကို ကျောက်ချွန်ယန်ပဲ... သူ ငါတို့နေရာကို လာမယ်လို့ မမျှော်လင့်ထားဘူး အမာခံတပည့် တစ်ယောက်အဖြစ် ရာထူးတိုးခံရမှာများလား"
"အဲဒါက ရွှေသက်တမ်းတောင်ထွတ်က ဂိုဏ်းတူအစ်ကို ရှောက်လော့ပဲ... သူလည်း ဒီမှာ ရှိတယ်ဟ ထူးဆန်းတယ် တစ်ခုခု ဖြစ်သွားတာလား?"
"နက်ရှိုင်းရေတောင်ထွတ်က ဂိုဏ်းတူအစ်မ လော့ဟွားရောပဲ...ထူးဆန်းတယ် သူတို့က ဘာလို့ ငါတို့ဆီ လာတာလဲ"
လုရွှမ် ထွက်လာပြီး သူတို့ သုံးယောက်ကို ကြည့်ကာ ဖျတ်ခနဲ ပြုံးလိုက်သည်။ သူတို့ မျက်နှာပြင်ပေါ်တွင် အနည်းဆုံး သူတို့သုံးယောက်သည် အတိအကျအားဖြင့် နတ်မီးနယ်ပယ် အဆင့်၁၀ ကို ဖြတ်သွားပြီ သို့မဟုတ် အဆင့် ၁၁လား ဆိုတာ မေးခွန်းထုတ်နိုင်သည်။
လော့ဟွား: "မင်းက လုရွှမ်လား?"
"အမှန်ပဲ... ကျောက်ထောင်း ယွမ်ရှင်း... မင်းတို့နှစ်ယောက် မတ်တပ်ရပ်လိုက်ကြ ခဏလောက် တိုက်ခိုက်ရလိမ့်မယ်... မတော်တဆ ဒဏ်ရာတွေ မရအောင် သတိထားပါ။ သူတို့ရဲ့ လှုပ်ရှားမှုကို သေချာကြည့်ပြီး များများတွေးထား အများကြီး သင်ယူနိုင်လိမ့်မယ်"
နှစ်ယောက်သား ဝေးရာသို့ ထွက်သွားကြသည်။ ထိုအချိန်မှသာ သူတို့သုံးယောက်သည် တကယ်တမ်းတော့ လုရွှမ်ကို လာရှာနေကြောင်း လူတိုင်း သိသွားကြပြီး မျက်လုံးထဲတွင် ကြည်နူးမှု အရိပ်အယောင်များဖြင့် တစ်ယောက်ပြီး တစ်ယောက် အမြန်ထွက်သွားကြသည်။
လုရွှမ်သည် သူဒီကို ရောက်လာသည်နှင့် တပြိုင်နက် ရက်စက်ကြမ်းကြုတ်သူ တစ်ဦးကဲ့သို့ ပြုမူခဲ့ပြီး အလွန်တော်သည်။ ယခု သူနှင့်ထိုက်တန်သည့် အတိုင်း ဤဆရာတူ ညီအစ်ကိုညီအစ်မများက သူ့ကို ပညာပေးတော့မည်။
သူတို့ သုံးယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးတော့ လူငယ်တစ်ဦးက နတ်သမီးလော့ဟွားကို ပြုံးပြလိုက်သည်။
"နတ်သမီး ကျေးဇူးပြုပြီး အရင်သွားပါ"
နတ်သမီးလော့ဟွာက မြောက်ပိုင်း နက်ရှိုင်းရေတောင်ထွတ်ကပင်။ သူမတို့ နက်ရှိုင်းရေတောင်ထွတ်က လူများသည် မီးထွက်တောင်ထွတ်နဲ့ ရွှေသက်တမ်းတောင်ထွတ်က ကျင့်ကြံသူများအား ကောင်းကောင်း အထင်ကြီးခြင်း မရှိခဲ့ပေ။ တစ်ယောက်က ဒေါသကြီးပြီး နောက်တစ်ယောက်က သတ်ရတာကို ကြိုက်ကြသူတွေသာ။
သူတို့နှစ်ယောက် စကားပြောပုံကို ကြည့်ရသလောက့ကတော့ သူမကို လေးစားပုံရသည်။
ဘာကြောင့်မှန်းမသိပေမယ့် ဆရာက နတ်မီးနယ်ပယ် ဒုတိယအဆင့်ဖြစ်တဲ့ လူငယ်ကို စိန်ခေါ်ဖို့ ဒီကိုလာခိုင်းသည်။ ဒါပေမဲ့ စိန်ခေါ်မှု အောင်မြင်ရင် ဆရာ့ရဲ့မျက်လုံးတွေကို နွေးထွေးစေတဲ့ အရာပဲလို့ တွေးကြည့်ရင် အဲဒီထဲမှာ ကြီးမားတဲ့ အခွင့်အရေးတစ်ခု ရှိတယ်ဆိုတာ သူတို့သဘောပေါက်ကြ၏။ အရင်းအနှီးကတော့ ဒီကောင်လေးကို အနိုင်ယူဖို့ပဲ လိုတာပါ။
"လော့ဟွား!" လော့ဟွား အော်လိုက်ပြီး သူ့အသံက အေးစက်သွားသည်။
လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"လျိုရွှေပါ!"
လော့ဟွား မထိန်းနိုင်ဘဲ အော်ဟစ်နေခဲ့သည်။ သေချာပါတယ် ဒီကောင်လေးရဲ့ နာမည်က လုရွှမ်ပါပဲ။ သူ့ကိုယ်သူ လျိုရွှေလို့တောင် အရှက်မဲ့စွာနဲ့ ခေါ်ခဲ့သေးသည်။ သဘောက ကြွေကျနေတဲ့ ပန်းတွေ (လော့ဟွား) က စီးဆင်းနေတဲ့ရေ(လျိုရွှေ) နောက်ကို လိုက်နေတယ်လို့ ဆိုလိုခြင်းပင်။
ကျောက်ချွန်ယန်နဲ့ ရှောက်လော့မှာ မရယ်နိုင်သော်လည်း လုရွှမ်ကို မထိန်းနိုင်ဘဲ တစ်ချက် ကြည့်လိုက်ရသေးသည်။ သူတို့ရှေ့မှာ အေးအေးဆေးဆေး နေနိုင်ဖို့ ဒီကောင်လေးရဲ့ အစွမ်းက သူ့အဆင့်အတန်းနဲ့ ယှဉ်နိုင်တဲ့ အတိုင်းအတာထက် သာလွန်နေမှာ သေချာပါသည်။
"ဟမ့်!"
လော့ဟွား ထပ်ပြီး ဟစ်အော်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှ လူသတ် အငွေ့အသက်များ ကျယ်လောင်စွာ ထိုးထွက်လာ၏။ ၎င်းတို့က လှည့်ပတ်ကာ လေထုထဲတွင် ရေခဲနှင့် အေးစက်နေသော လှိုင်းလုံးများ ပြည့်သွားကာ လေထုသည် ခဏတာအတွင်း အေးခဲသွားခဲ့သည်။
"လျှာသွက်နေတယ်ပေါ့!"
လော့ဟွား တိုးတိုးလေး အသံပေးရင်း သူ့လက်ဖဝါး တစ်ဖက်တည်းနဲ့ လုရွှမ်ဘက်ကို ဓားဝေ့ယမ်းလိုက်သည်။ လှုပ်ရှားပြီးသည်နှင့် တပြိုင်နက် ကျွမ်းကျင်သူများက သိရှိနိုင်မည်ဖြစ်သည်။
"နတ်မီးနယ်ပယ် အဆင့်၁၀က တကယ့်ကို အစွမ်းထက်တာပဲ.... ဒီလော့ဟွားရဲ့ အငွေ့အသက်က သခင်လေးရှောင်းရောင်ထက် အဆမတန် မြင့်တဲ့ နတ်မီးအဆင့်အထိ မွေးမြူထားတာ ဖြစ်နိုင်တယ်"
လော့ဟွား မျက်လုံးများ တောက်ပလာသည်။ ဤကောင်လေးသည် သူမနယ်ပယ်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမ အရည်အချင်း တချို့ကို ခန့်မှန်းနိုင်ရာ အစွမ်းအစ ရှိသူဆိုတာတော့ သေချာသွားပြီ။
"ဓားနာမည်က မိုးဖြတ်ဓားပါ... ဒါ နတ်လက်နက်ရဲ့ တတိယအဆင့်ပါ ကောင်လေး မင်းမှာလည်း နတ်လက်နက်တစ်ခု ရှိတယ်လို့ ငါကြားတယ်... ထုတ်လိုက်လေ..."
လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး။
"နတ်သမီးတွေနဲ့ တိုက်ခိုက်ရင် လက်နက်တွေ ဘယ်လိုလုပ် သုံးနိုင်မှာလဲ ခဏလောက် စောင့်ရအောင်"
လော့ဟွား သူမ၏ ငွေရောင်သွားများကို ကိုက်လိုက်သည်။
"သေချင်နေတဲ့ကောင်!"
ဓားအစီအရင်သည် တစ်ခဏအတွင်း မုန်တိုင်းကဲ့သို့ ပြောင်းလဲသွားကာ လုရွှမ်ကို ဗုံးကြဲတိုက်ခိုက်တော့သည်။