ဒေါသ
Vol. 112 Ch. 4.1196
"ဆရာတူအစ်ကိုလုရွှမ်... ဒါက မြောက်ပိုင်း နက်ရှိုင်းရေတောင်ထွတ်ရဲ့ စတုတ္ထအဆင့် ဓားသိုင်း! ဓားမိုးရွာခြင်း!"
လုရွှမ်ဟာ မကြာသေးခင်ကမှ တောင်တံခါးထဲကို ဝင်ခဲ့တာကို သိခဲ့ရတဲ့ ယွမ်ရှင်းသည် လုရွှမ် ရှုံးသွားမှာ ကြောက်သောကြောင့် အမြန်အော်ဟစ် သတိပေးလိုက်သည်။
လုရွှမ် သူမကို ကျေးဇူးတင်ကြောင်း အသံပေး၍ နောက်ပြန် ဆုတ်လိုက်ပြီး လော့ဟွားအား တိုက်ခိုက်ခွင့် ပေးလိုက်သည်။ လူတိုင်း၏အမြင်တွင် လုရွှမ်သည် ပြင်းထန်သော မုန်တိုင်းအောက်တွင် လွင့်မျောနေသော လှေငယ်တစ်စင်းနဲ့ ဘာမှမခြားပေ။ အတက်အဆင်း၊ ဘယ်ညာ တိမ်းစောင်းသွားကာ ရေလွှမ်းမိုးမှုကြောင့် အချိန်မရွေး ပျက်စီးသွားနိုင်သည်။
သို့သော် သူသည် ခံနိုင်ရည်ရှိစွာဖြင့် ထိုနေရာ၌ အခိုင်အမာ ရပ်တည်နေခဲ့သည်။ တစ်ကွက် တိုက်ခိုက်ပြီးနောက် လော့ဟွား ရပ်တန့်လိုက်သည်။
"မင်းမှာ အရည်အချင်းတွေ တကယ်ရှိသားပဲ... သိပ်ကောင်းတယ်..."
အဲဒီအခါမှာ လော့ဟွားရဲ့ အငွေ့အသက်တွေ ပြောင်းလဲသွားပြီး သူမခန္ဓာကိုယ်ထဲက အအေးလှိုင်းတွေ ရုတ်တရက် နိုးထလာသလို အေးခဲလာခဲ့ပြန်သည်။
"မင်းတို့ နောက်ကို ထပ်ဆုတ်!"
လော့ဟွားထံမှ အလွန်အေးသော အအေးဓာတ်ကို ခံစားလိုက်ရသဖြင့် လုရွှမ် လူငယ်နှစ်ယောက်ဘက် သတိပေးလိုက်ရသည်။ အလွန်ပြင်းထန်သော အအေးဓာတ်သည် ထူးဆန်းသော မီး၏ ထက်မြက်မှုကိုပင် လုံးဝ ဖုံးလွှမ်းသွားနိုင်လောက်၏။
လုရွှမ်၏စကားနှင့် ပတ်သက်၍ ကျောက်ထောင်းနဲ့ ယွမ်ရှင်းတို့သည် သဘာဝအတိုင်း နာခံခဲ့ကြသည်။ နောက်ဆုံးတွင် ဤသည်မှာ မီးထွက်တောင်ထွတ် ဖြစ်လို့ မြေကြီးမီး၏ အကျိုးသက်ရောက်မှုကြောင့် သာမန်အအေးအမျိုးအစား တိုက်ခိုက်မှုများ၏ ခြိမ်းခြောက်မှုမှာ အလွန်လျော့ကျသွားသည်။
ဆရာတူအစ်ကို လုရွှမ် အလွန်ပြင်းထန်သောကြောင့် ဤအေးစက်သော လေက အလွန်အစွမ်းထက်ကြောင်း ခံစားမိလို့သာ ဖြစ်နိုင်သည်။ တခြားတပည့်တွေကလည်း ဒုက္ခရောက်မှာ ကြောက်တာကြောင့် အဝေးကို အမြန်ပြောင်းသွားကြ၏။
"မင်းရဲ့ဓားကို ဆွဲထုတ်စမ်း!"
လော့ဟွား အော်ပြောလိုက်သည်။ မောက်မာတဲ့မျက်ခုံးတွေနဲ့ သူမလက်ထဲက မိုးဖြတ်ဓားကို ပိုသဘောကျသွားသည်။ ဤမိုးဖြတ်ဓားဖြင့် သူမ၏ ရေခဲစွမ်းအင်သည် သုံးဆပိုမို အားကောင်းလာပါသည်။
လုရွှမ်ကို အနိုင်ယူနိုင်ရင် ဒီဓားကို ပေးမယ်လို့ ဆရာသခင်က သူမကို ကတိပေးထား၏။ လုရွှမ်လည်း အနည်းငယ် ထိတ်လန့်သွားသည်။ ဤနတ်လက်နက်သည် အစပိုင်းတွင် သိပ်မကောင်းဟန်ပေါက်လို့ လုရွှမ် ၎င်းကို အလေးအနက် မထားခဲ့ပေ။
နောက်ဆုံးတွင် ၎င်းသည် တတိယအဆင့် နတ်လက်နက် တစ်ခုမျှသာ ဖြစ်သော်လည်း ယခုအချိန်တွင် လော့ဟွား၏ လုပ်ဆောင်နိုင်စွမ်းနှင့် ဆက်စပ်၍ နတ်လက်နက်၏ ရောင်ဝါက ရုတ်တရက် ပြောင်းလဲသွားပြီး အအေးဓာတ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားချေပြီ။ ၎င်းဓားက လော့ဟွားရဲ့ ရေခဲဒြပ်စင် စွမ်းရည်က်ု အပြည့်အဝနီးပါး ထုတ်ပေးနိုင်လုနီးပါး ဖြစ်သည်။
"နင်က ငါ့ကို နှိမ့်ချနေတာလား?"
လော့ဟွား လှောင်ပြောင်သံဖြင့် အော်လိုက်သည်။ နတ်မီးနယ်ပယ် အဆင့်၂က ကောင်လေးတစ်ယောက်က နတ်မီးနယ်ပယ် အဆင့်၁၁ကို ကဲ့ရဲ့ရှုံ့ချပိုင်ခွင့်ရှိသလား။ ဟာသပဲ။
လုရွှမ်: "မင်းကို နှိမ့်ချဖို့ ငါမရည်ရွယ်ပေမယ့် မင်းကို ဓားဆွဲ တိုက်ခိုက်ရရင် တခြားမဟာဂိုဏ်းကြီးတွေရဲ့ ထက်မြက်တဲ့ တပည့်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘာလုပ်ရမလဲ... သန့်ရှင်းတဲ့နယ်မြေနဲ့ ရှေးဟောင်းမိသားစုက တပည့်တွေ... မင်း ဒီအဆင့်တောင် မကျော်နိုင်ရင် အဲဒီလူတွေကို ဘယ်လို ဆက်ဆံမလို့လဲ...!"
လော့ဟွား ခဏလောက် ထိတ်လန့်သွားပြီး နောက်အခိုက်အတန့်မှာ လေအေးတွေနဲ့ ပြည့်နှက်နေတဲ့ သူမမျက်ခုံးတွေကို ပင့်တင်လိုက်သည်။ သူမမျက်လုံးတွေက အေးစက်တဲ့ အလင်းရောင်တွေနဲ့ ပြည့်နှက်နေကာ လက်ဖဝါးတွေကလည်း အနည်းငယ် တုန်ခါနေလေရာ မိုးဖြတ်ဓားဆီက လျင်မြန်တဲ့ ဝီစီသံပင် လှုပ်ခတ်သွားသည်။
"နင်က သိပ်သတ္တိရှိတာပဲ!"
လော့ဟွား အော်လိုက်ပြီး သူ့ခန္ဓာကိုယ်က ယိမ်းယိုင်သွားကာ အဖြူရောင် အလင်းတန်းတစ်ခုနှင့် အရိပ်တစ်ခု ဆွဲထုတ်လိုက်ပြီး ဓားရှည်က လုရွှမ်ရင်ဘတ်ကို ထိုးလိုက်လေသည်။ လုရွှမ်လည်း နတ်လက်နက်က သူ့ကိုမထိုးခင်မှာ ထက်မြက်တဲ့ ဓားစွမ်းအင်က သူ့ကိုအရင် ထိနေပြီ။
ဝုန်းကနဲ အသံနှင့်အတူ လုရွှမ်ရှေ့တွင် အပြာရောင် အလင်းတန်းတစ်ခု တောက်ပလာပြီး ကောင်းကင်ထက်မှ ဓားစွမ်းအင်ကို တားဆီးလိုက်သည်။ တခဏချင်းမှာပဲ ဓားစွမ်းအင်က အေးစက်တဲ့ စွမ်းအင်အဖြစ် ပြောင်းလဲသွားပြီး လုရွှမ်ရဲ့ ဝိညာဉ်ဒိုင်းကို ဖုံးအုပ်လိုက်ပါ၏။
ဤအခိုက်တွင် လော့ဟွား၏ ဓားရှည်သည် နတ်ဝိညာဥ်ဒိုင်းလွှာနှင့် ထိမှန်သွားပြီ။ သို့သော် နတ်ဝိညာဉ်ဒိုင်း နောက်တစ်ခုက တောက်ပစွာ ထွက်လာပြန်သည်။ စူးရှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး နတ်လက်နက်နှင့် ထိတွေ့လိုက်သည့် အခိုက်တွင် နတ်ဝိညာဉ်ဒိုင်းသည် အပိုင်းပိုင်း မပြိုကွဲမီ တစ်ခဏမျှပင် ကြာကြာမခံခဲ့ပေ။
လော့ဟွား၏ နှုတ်ခမ်းတွင် ရက်စက်သော အပြုံးတစ်ခု ပွင့်လာသည်။ ဤကောင်လေးက သူမကို အလွန်အမင်း စော်ကားခဲ့ပြီး မာနကြီးလွန်းသည်။ ဤဓားသည် သူ့ကို မသတ်နိုင်သော်လည်း အလွန်ဒုက္ခရောက်စေမှာ သေချာသည်။
ထိတ်လန့်တုန်လှုပ်ဖွယ် အသံတစ်ခု ထွက်ပေါ်လာပြီး လုရွှမ်ခန္ဓာကိုယ်ကို ဖောက်ထွင်း ဝင်ရောက်လာသော နတ်လက်နက်၏ စိတ်ကူးယဉ်မြင်ကွင်းသည် ပေါ်မလာခဲ့ပေ။ ယခင်က အပြာရောင်နှင့် အဝါရောင်ထက် ယခုနတ်ဝိညာဥ် ဒိုင်းလွှားတစ်ခု ထပ်ထွန်းလင်းလာသည်။ သို့သော် လက်ရှိ နတ်ဝိညာဉ်ဒိုင်းသည် အရောင်ကင်းစင်ပြီး ပွင့်လင်းသည်။
သူမ၏နတ်လက်နက်ကို အမှန်တကယ် ပိတ်ဆို့ထားသည့် ဤနတ်ဝိညာဉ်ဒိုင်း ရှိနေလို့သာ မဟုတ်ပါက ထိုကဲ့သို့သော နတ်ဝိညာဉ်ဒိုင်းတစ်ခု ရှိသည်ကို သူမ သတိပြုမိမည် မဟုတ်ပါ။
နတ်ဝိညာဉ်ဒိုင်း အကာအကွယ်မှ သူမသည် သန့်စင်သော ယန်စွမ်းအင် ရှူရှိုက်မှုကို ခံစားနိုင်သော်လည်း နူးညံ့သိမ်မွေ့သောကြောင့် အနည်းငယ် မူးဝေသွားသည်။ ဒါက နတ်မီးနယ်ပယ် ဒုတိယအဆင့် ပြုစုပျိုးထောင်နိုင်သော ပညာလား။
အဲဒါက ဘယ်လိုသိုင်းပညာမျိုးလဲ။ မီးထွက်တောင်ထွတ်ရဲ့ သိုင်းလား။ အရင်က ဘာကြောင့် မခံစားဖူးတာလဲ။
ဤအခိုက်အတန့်တွင် သူမသည် လုရွှမ်၏ရှေ့တွင် ပြိုင်ဘက်အပေါ် နားမလည်ကြောင်း ရုတ်တရက် သိလိုက်ရသည်။ ဆရာက သူ့ကို အကြီးမားဆုံး ရန်သူလို့ မှတ်ယူထားခဲ့ပေမယ့် ဒီကောင်ကို မျက်နှာချင်းဆိုင် မကြည့်ဖူးဘူးမလား။
ဆရာသခင်က သူမကို လျစ်လျူရှုထားဖို့ ဒီကောင်လေးမှာ ဘာအရည်အချင်းတွေ ရှိသလဲလို့ တွေးကြည့်ဖူးသည်။
ယွမ်ယန်ကျင့်စဥ်မှ ပေါက်ကွဲထွက်လာသော နတ်ဝိညာဉ်ဒိုင်းက နတ်လက်နက်များ၏ သက်ရောက်မှုကို မခံနိုင်သေးပေ။ လော့ဟွား၏ နောက်ဆက်တွဲ တိုက်ခိုက်မှုကြောင့် လုရွှမ်၏ ခန္ဓာကိုယ်သည် နောက်သို့ ဆုတ်သွားရသည်။
သို့သော်လည်း လော့ဟွားသည် ဆက်တိုက်ခိုက်ရန် အခြေအနေကို အခွင့်ကောင်းမယူဘဲ မှော်အတားအဆီး တစ်ခုထဲတွင် ပိတ်မိနေသကဲ့သို့ သူမမျက်လုံးများသည် အနည်းငယ် ဖြောင့်စင်းသွားသည်ကို မြင်လိုက်ရသည်။
"နတ်သမီး?" လုရွှမ် ချောင်းဆိုးလိုက်သည်။
လော့ဟွား အသိစိတ် အာရုံများ ပြန်ရောက်လာပြီး မျက်လုံးမှိတ်ကာ ခဏလောက် ပြန်ဖွင့်လိုက်သောအခါတွင် သူမဒေါသများ ပျောက်ကွယ်သွားသည်။ သူမသည် သူမ၏ ငြိမ်သက်သော စိတ်ကို တစ်ဖန် ပြန်လည်ရရှိကာ တီးတိုးသံနှင့်အတူ ဓားကို ချုပ်ထားလိုက်သည်။
"ကြိုးစား လေ့ကျင့်ထားပါ... သုံးလအတွင်း ပြန်လာမယ်"
သူမက ပြောပြီး ကျန်လူနှစ်ယောက်ကို လျစ်လျူရှုကာ လှည့်ထွက် ပြေးသွားခဲ့သည်။ ကျန်နှစ်ယောက်လည်း နတ်သမီးလော့ဟွားရဲ့ နောက်ကျောကို ထိတ်လန့်တကြား ကြည့်ရင်း သူမ ဘာဖြစ်သွားတာလဲလို့ တွေးမိ၏။ နှစ်ခါလောက် စမ်းကြည့်ပြီးမှ ထွက်သွားရောလား။
ဒါဟာ အောင်ပွဲလား ဒါမှမဟုတ် ကျရှုံးမှုလား မသိရသောကြောင့် နှစ်ယောက်သား အံ့ဩတုန်လှုပ်သွားကြသည်။ လုရွှမ်၏ မျက်လုံးများသည်လည်း လေးမြတ်ခြင်းများဖြင့် တောက်ပလာ၏။ ဤနတ်သမီးက သူမဒေါသကို မြန်မြန်ပဲ ငြိမ်သက်သွားနိုင်လေသည်။
လုရွှမ် တခြားလူနှစ်ယောက်ကို ကြည့်ပြီး ပြုံးပြုံးလေးနဲ့ ဖိတ်ခေါ်လိုက်သည်။
"မင်းတို့ထဲက ဘယ်တစ်ယောက် အရင်တက်လာမှာလဲ"
တစ်ချိန်တည်းမှာပင် သူတို့နှစ်ဦးလုံး၏ အမူအရာများ ပြောင်းလဲသွားပြီး ကျောက်ချွန်ယန် ဒေါသအမျက်ထွက်ကာ အရင်ဆုံး စအော်သည်။
"လုရွှမ် ဟုတ်တယ်မဟုတ်လား? အတွင်းစည်း တပည့်တစ်ယောက် အနေနဲ့ မင်းက တိုက်ရိုက်တပည့်တွေနဲ့ တွေ့တာတောင် နည်းနည်းလေးမှ လေးစားမှု မရှိဘူး.... ဟမ့် ဂိုဏ်းရဲ့ ကျင့်ဝတ်တွေကို သင်ယူပြီးပြီလား?"
လုရွှမ် ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။
"တကယ်ပဲ တိုက်ရိုက် တပည့်တစ်ယောက်ကလည်း အတွင်းတပည့်ကို စိန်ခေါ်ဖို့ လာတာပဲမလား... ဟားဟား မင်းကို လေးစားဖို့ အရည်အချင်း ပြည့်မီတယ်လို့ မင်းထင်လား"
"မင်း!"
ယွမ်ရှင်းက ပွက်ပွက်ဆူကာ ရယ်မောလိုက်သည်။ ကျောက်ချွန်ယန်၏ ပါးစပ်ထောင့်သည် ရုတ်တရက် တုန်လှုပ်သွားပြီး သူ့လက်ကို ဝှေ့ယမ်းကာ ပြင်းထန်သော အင်အားဖြင့် စက်ဝိုင်း၏ အလယ်ဗဟိုကို ဖိချလိုက်သည်။
"အမိုက်မ!"
ဖြောင်း!
ယွမ်ရှင်း၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ အမြဲနာမည်ကြီးခဲ့သော ဆရာတူအစ်ကိုသည် သူမအား သွေးအေးသည့်ပုံစံဖြင့် အမှန်တကယ် ရိုက်လာလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
ကျောက်ချွန်ယန်: "ဒါ မင်းရဲ့ ကြီးပြင်းလာတဲ့ ပုံစံလား? အရိုက်ခံရဖို့ ထိုက်တန်တယ်!"
သူ့လက်ဖဝါးကို တွန်းထုတ်လိုက်သည်နှင့် ယွမ်ရှင်း၏ ခန္ဓာကိုယ်အား လမ်းပေါ်မှ ချက်ချင်းပင် လွင့်ထွက်သွားသည်။