← Chapters

ပြောင်းလဲခြင်း

Vol. 94 Ch. 1303

ပြောင်းလဲခြင်း

Vol. 94 Ch. 1303

သတ္တုဓာတ်နှင့် ရေဓာတ်တာအိုတို့က ဆဌမမြောက်တံတားကို လွှမ်းခြုံသွားခဲ့သည်။ တာအိုက အားမကောင်းခြင်း မဟုတ်ပေ။ ဝမ်ပေါင်လဲ့၏ နားလည်နိုင်စွမ်းက ဇစ်မြစ်အနေအထားသို့ မရောက်ရှိခြင်းသာ ဖြစ်၏။ လက်တွေ့တွင် ဓာတ်ငါးပါးကို ဇစ်မြစ်ထိရောက်အောင် ကျင့်ကြံဖို့ဆိုတာ မဖြစ်နိုင်ပေ။ ထိုအရာက စကြဝဠာ၏ စည်းမျဉ်းဥပဒေသများဖြင့် မကိုက်ညီပေ။

ဓာတ်ငါးပါးက စကြဝဠာ၏ အခြေခံနိယာမသဘောတရား ဖြစ်၏။ ၎င်းတို့က ကျင့်ကြံသူများ ထိန်းချုပ်နိုင်သည့်အရာမျိုး မဟုတ်ပေ။ အလွန်ဆုံး သူတို့က ဝမ်ပေါင်လဲ့ ဖြတ်ကျော်ရတော့မည့် အနေအထားသို့သာ ရောက်ရှိနိုင်သည်။ ထိုအရာက ဇစ်မြစ်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ဓာတ်ငါးပါးထဲမှ တစ်ခုမျှသာ ဖြစ်ပြီး အစိတ်အပိုင်းသာ ဖြစ်၏။

သူတို့ကြားရှိ ကွာဟချက်က အတုအယောင်ဇစ်မြစ်နှင့် အစစ်အမှန်ဇစ်မြစ်ကြားမှ ကွဲပြားချက် ဖြစ်သည်။

ကောင်းကင်တံတားကို ဤအနေအထားထိ လျှောက်လှမ်းနိုင်သည့် ဝမ်ပေါင်လဲ့က ထိုအရာကို ကောင်းကောင်းသိထား၏။ ထို့ကြောင့် သူ့အနေဖြင့် အံ့အားသင့်ခြင်း မရှိပေ။ သူက ဆဌမမြောက်နှင့် သတ္တမမြောက် တံတားကြားတွင် ရပ်နေသော်လည်း လက်တစ်ချက်အဝှေ့တွင် မြေဓာတ်တာအိုက ရုတ်ချည်း အသံကျယ်ကြီးနှင့်အတူ ကျရောက်လာသည်။

သူ့ဝန်းကျင်တွင် ဧရာမကျောက်ပြားကြီး တစ်ခု ထွက်ပေါ်လာ၏။ ထိုအရာက ပုံရိပ်ယောင်အနေအထားမှ ကိုယ်ထည် ရှိလာခဲ့သည်။ မြေဓာတ် တာအိုစည်းမျဉ်းဥပဒေသက အဖက်ဖက်သို့ ပျံ့နှံ့သွားပြီး ကြယ်တာရာကောင်းကင်ကိုပင် လှုပ်ခတ်သွားစေသည်။

အလျင်အမြန်ဆိုသလို ကျောက်ပြားကြီးက ရွှေရောင်အရည်အဖြစ် အရည်ပျော်ကျသွားပြီး ဝမ်ပေါင်လဲ့ဆီ စုဝေးလာသည်။ ထိုအရာက သူနှင့် အပြည့်အဝ ပေါင်းစည်းလိုသလိုမျိုး ဖြစ်၏။ တစ်ချိန်တည်းဆိုသလို စကြဝဠာတစ်လျှောက်မှ ကြိုးမျှင်များစွာအဖြစ် ပြောင်းလဲသွားကာ စကြဝဠာ၏ မြေဓာတ်အဆီအနှစ်နှင့် ဆက်နွယ်သွားဟန်ပေါ်သည်။

တခြားတစ်ဖက်က ရေကန်ဖြစ်ကာ တခြားတစ်ဖက်က ပင်လယ် ဖြစ်၏။ အရွယ်အစားအားဖြင့် ကွဲပြားသလို အနက်အားဖြင့်လည်း ကွဲပြားနေသည်။ သူတို့ကြားတွင် လှိုဏ်ခေါင်းတစ်ခု ပေါ်ထွက်လာပြီး ပင်လယ်ဘက်ရှိ ရေမျက်နှာပြင်က ရေကန်ဘက် စီးဝင်လာသည်။ အဆုံးသတ်တွင် ရေကန်က ပိုမိုအားကောင်းလာရုံသာမကဘဲ နှစ်ခုက ခွဲခြားလို့ မရသည်အထိ တစ်သားတည်းအဖြစ် ပေါင်းစည်းသွားသည်။

ဤသည်က တာအိုရယူခြင်း ဖြစ်သည်။

 သတ္တုတာအို၊ ရေဓာတ်တာအိုအတွက်လည်း အတူတူသာဖြစ်ကာ ယခုအခါ မြေဓာတ်တာအိုအတွက် ဖြစ်၏။ ထို့ကြောင့်  ထိုဖြစ်စဉ်အတွင်း ဝမ်ပေါင်လဲ့၏ မြေဓာတ်တာအိုက စွမ်းအားကို စုပ်ယူပြီး ပိုမိုအားကောင်းလာသည်။ သူက စွမ်းအားအသစ် ရရှိလိုက်သလိုမျိုး တစ်လှမ်းချင်းစီ လျှောက်လှမ်းသွား၏။

မြေဓာတ်တာအို စည်းမျဉ်းဥပဒေသက လှုပ်ခတ်သွားပြီး ဝမ်ပေါင်လဲ့ကို ဆက်လက် ထောက်ပံ့ပေးထား၏။ ဝမ်ပေါင်လဲ့၏ ပုံရိပ်က ပိုမိုကြီးမားကာ လေးလံလာပြီး ကြောက်ဖို့ကောင်းလာသည်။

သူက ဆက်လက်လျှောက်လှမ်းလာရင်း သူ့ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါက ဆက်တိုက် ပေါက်ထွက်လာ၏။ ထာဝရကြယ်စင်ကုန်းမြေပေါ်ရှိ ၁၁ စင်းမြောက်နေမင်းက ပိုမိုတောက်ပလာသည်။ ဝမ်ပေါင်လဲ့က သတ္တမမြောက်တံတားဆီ တစ်လှမ်းချင်းစီ လျှောက်လှမ်းလာ၏။ သူက ထိုအပေါ် တက်တော့မည့်ဆဲဆဲတွင် ထာဝရကြယ်စင်ကုန်းမြေပေါ်ရှိ ၁၁စင်းမြောက် နေမင်းက ဝံ့ဝံ့စွားစွား ပိုတောက်ပလာသည်။

အားလုံးက ဝမ်ပေါင်လဲ့၏ ပုံရိပ်ကို ကြည့်နေရင်း နှလုံးခုန်မြန်လာကြ၏။

“သတ္တမမြောက် တံတားပဲ”

“သူက သတ္တမမြောက်တံတားအထိ ရောက်သွားပြီ”

အားလုံးက အံ့အားသင့်နေကြသည်။ သတ္တမမြောက်တံတားဆီ လျှောက်လှမ်းသွားသည့် ဝမ်ပေါင်လဲ့ကလည်း အကြည့်များ တောက်ပနေ၏။ သူက သူ့သတ္တုဓာတ်တာအို၊ ရေဓာတ်တာအိုနှင့် မြေဓာတ်တာအိုတို့က သူ့ခန္ဓာကိုယ်ဖြင့် အပြီးတိုင်ပေါင်းစည်းသွားသည်ကို ခံစားမိလိုက်ပြီး ကောင်းကင်တံတားပေါ်တွင် တာအိုကို ရယူနိုင်ခဲ့သည်။

ဤသည်က ပေါင်းစည်းမှုဖြစ်သလို အသွင်ပြောင်းမှုလည်း ဖြစ်၏။

ကျောက်ပြားကမ္ဘာ၏ ဓာတ်ငါးပါးမှ စကြဝဠာ၏ ဓာတ်ငါးပါးအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုအရာက သူနှင့် တာအိုသုံးခုသည် ခွဲခြားမရနိုင်တော့ကြောင်း သဘောပေါက်သွားစေ၏။ သူ့ဓာတ်ငါးပါးတာအိုက စကြဝဠာ၏ ဓာတ်ငါးပါးဖြင့် ပေါင်းစည်းကာ ဇစ်မြစ်တစ်ခု ဖြစ်လာခဲ့သည်။

ထိုအရာက ဓာတ်ငါးပါးထဲမှ တစ်ခုသာ ဖြစ်နေသေးသော်လည်း ကျင့်ကြံသူတစ်ယောက်ယောက် ရှိနိုင်သည့် ကန့်သတ်ချက်သို့ ရောက်ရှိသည်ဟု မှတ်ယူနိုင်သည်။ သူ့ကျင့်ကြံဆင့်က ယခင်နှင့်ကွဲပြားသွားပြီး သူ့တိုက်ခိုက်စွမ်းရည်ကလည်း ကွဲပြားသွားခဲ့သည်။ ထိုအကြောင်းအရင်းက သူသည် သတ္တုဓာတ်တာအို၊ ရေဓာတ်တာအိုနှင့် မြေဓာတ်တာအိုတို့ကို သုံးစွဲရာ၌ သူ့ကိုယ်ပိုင်စွမ်းအားကို ထုတ်လွှတ်နိုင်ရုံသာမက စကြဝဠာရှိ ဓာတ်သုံးပါး စွမ်းအားကိုလည်း ထုတ်လွှတ်နိုင်လိမ့်မည်။

သူတို့အားလုံးက သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေ၏။

ကောင်းကင်တံတား…

ဝမ်ပေါင်လဲ့၏ အကြည့်များက ပိုမိုတောက်ပလာသည်။ အားကောင်းရသည်ကို သဘောမကျသည့်သူဟူ၍ ရှိမည် မဟုတ်ပေ။ ဝမ်ပေါင်လဲ့ကလည်း အတူတူသာ ဖြစ်၏။ သူက ပိုမိုအားကောင်းလိုသည်။ အကြောင်းအရင်းကမူ ဤနည်းဖြင့်သာ သူက ပိုမိုလွတ်လပ်နိုင်မည် ဖြစ်၏။

ထို့ကြောင့် သူက သတ္တမမြောက်တံတား၏ အလယ်သို့ ရောက်ရှိလာပြီး စွမ်းအားကုန်ဆုံးသွားကြောင်း သဘောပေါက်သွားခဲ့စဉ် ညာဖက်လက်ကို ရုတ်ချည်း ဝှေ့ယမ်းလိုက်သည်။

“မီးဓာတ်တာအို”

သူက ထိုစကားကို ပြောလိုက်သည်နှင့် သူ့ဝန်းကျင်တွင် ဧရာမမီးတောက်ကြီးတစ်ခု ထွက်ပေါ်လာသည်။ မီးတောက်က အဆုံးအစကင်းမဲ့သော်လည်း မြင့်မားသည့် အပူချိန်ကို ထုတ်လွှတ်နေခြင်း မရှိပေ။ ထိုအစား သူတို့က မြင့်မြတ်မှုနှင့် အမွေအနှစ်ကဲ့သို့ လေထုမျိုးကိုသာ ထုတ်လွှတ်နေသည်။

အကြောင်းအရင်းကမူ ဤသည်က အင်မော်တယ် မီးတောက်ဖြစ်၍ ဖြစ်သည်။

ထိုမီးတောက်က တာအိုမီးတောက် တစ်ခုဖြစ်နေသော်လည်း မီးတောက်တစ်ခု ဖြစ်နေဆဲဖြစ်၏။ ထိုအရာ ပေါ်ထွက်လာသည်နှင့် စကြဝဠာ၏ ဓာတ်ငါးပါးဖြင့် လိုက်ဖက်ညီသွားခဲ့သည်။ သူတို့က ချက်ချင်းဆက်နွယ်သွားလေသည်။

ဘေးပတ်လည်ကို ကြည့်လိုက်လျှင် ကောင်းကင်တံတားအပေါ်ရှိ မီးပင်လယ်က ပျံ့နှံ့သွားလေ၏။ သို့သော်လည်း မီးပင်လယ်က တောက်ပနေသော်လည်း ဝမ်ပေါင်လဲ့၏ ပုံရိပ်ကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။ မီးပင်လယ်က ဝမ်ပေါင်လဲ့၏ ပုံရိပ်နှင့် ယှဉ်လိုက်လျှင် အပြားအချပ်သဖွယ်သာ ဖြစ်နေလေ၏။ မီးတောက်ပင်လယ်က သူ့ခန္ဓာကိုယ်ဖြင့် ပေါင်းစည်းသွားသည့်အခါ သူ့ခြေထောက်ကို ထပ်မံ ကြွကာ ဆက်လက်လျှောက်လှမ်းလိုက်သည်။

သူ့အရှိန်က မြန်ဆန်ခြင်း မရှိသော်လည်း ခြေလှမ်းများက တည်ငြိမ်နေ၏။ ထိုအရာက သူ့ကျင့်ကြံဆင့်အတွက်လည်း အတူတူသာဖြစ်ပေသည်။ အကြည့်များစွာအောက်တွင် ဝမ်ပေါင်လဲ့က ဆဌမမြောက် တံတားအစွန်းသို့ ရောက်ရှိလာသည်။

သူက အောက်ဆင်းဖို့ရာ ခြေတစ်လှမ်းမျှသာ ကွာဝေးတော့၏။

တံတားကို ဖြတ်ကျော်ခြင်းနှင့် တံတားအပေါ်မှ ဆင်းခြင်းကြား ကွာဟချက်သည်လည်း ရှိနေသေးသည်။ ထို့ကြောင့် ထိုအခိုက်အတန့်၌ ဝမ်ပေါင်လဲ့အပေါ် စုဝေးနေသည့် အကြည့်များက ပိုမိုလေးနက်လာကြသည်။

သို့သော်လည်း ထိုလေးနက်မှုက အသုံးမဝင်ပေ။

အကြောင်းအရင်းမှာ ဆဌမမြောက်တံတားအစွန်းတွင် ရောက်ရှိနေသည့် ဝမ်ပေါင်လဲ့က ရပ်တန့်ခြင်း မရှိပေ။ သူက ရှေ့ဆက်တစ်လှမ်းတိုးကာ သတ္တမမြောက်တံတားမှ အလွယ်တကူ ဆင်းလိုက်ပြီး သတ္တမမြောက်နှင့် အဌမမြောက် တံတားကြားကို လျှောက်လှမ်းသွားသည်။

ထိုနေရာတွင် အံ့ဩတကြီး ရေရွတ်သံများဖြင့် ပြည့်နှက်သွား၏။

“သူက အဌမမြောက် တံတားကို လျှောက်တော့မယ်”

သူက ဘယ်လောက်ဝေးဝေးရောက်မှာလဲ”

အဖေဝမ်က ဝမ်ပေါင်လဲ့၏ ပုံရိပ်ကို မျှော်လင့်တောင်းတမှုတို့ဖြင့် စိုက်ကြည့်နေ၏။ တစ်ချိန်တည်းဆိုသလို ထာဝရကြယ်စင်ကုန်းမြေထက်ရှိ ကောင်းကင်အရှင်များကလည်း တူညီသည့် မှန်းဆမှုမျိုး ရှိကြသည်။

ဝမ်ပေါင်လဲ့ကလည်း သူကိုယ်တိုင် ထိုသို့ခံစားမိနေ၏။ သူက သတ္တမမြောက်တံတားနှင့် အဌမမြောက် တံတားကြားတွင် ရပ်နေသည်။ သူက ခေါင်းကို မော့ကာ ရှေ့တွင်ရှိနေသည့် အဌမမြောက်တံတားကို လှမ်းကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။

“သတ္တု၊ မီး၊ ရေနဲ့ မြေဓာတ် ဓာတ်လေးပါးက တံတားနှစ်စင်းကို ဖြတ်ကျော်ဖို့ ထောက်ပံ့ပေးနိုင်တယ်ဆိုရင် ငါ့ရဲ့ သစ်သားဓာတ်တာအိုက ဘယ်လောက်အထိ ထောက်ပံ့ပေးနိုင်မှာလဲ။”

“သစ်သားဓာတ်တာအို” နောက်အခိုက်အတန့်၌ ဝမ်ပေါင်လဲ့က လက်နှစ်ဖက်ကိုမြှောက်ကာ ရေရွတ်လိုက်သည်။

သူ့အသံထွက်ပေါ်လာသည်နှင့် သူ့အနောက်ဘက်တွင် ကျန်ရစ်နေသည့် ကောင်းကင်လျှောက်လမ်း တံတားခုနစ်စင်းလုံးက လှုပ်ခတ်သွား၏။ ယခင် ကောင်းကင်တံတားခုနစ်စင်းလုံးက တောင့်ခံနိုင်ဟန်မပေါ်ပေ။

အဌမမြောက်တံတားပင် လှုပ်ခတ်သွားခဲ့သည်။ နဝမမြောက် တံတားကသာ ပြောင်းလဲမှု များများစားစား မရှိပေ။

သို့သော်လည်း ဝမ်ပေါင်လဲ့အောက်ရှိ ကုန်းမြေကလည်း အပြင်းအထန် လှုပ်ခတ်သွား၏။ သားရဲများ၏ အော်ဟစ်သံများကလည်း ရုတ်ချည်းဆိုသလို ရပ်တန့်သွားခဲ့ပြီး လေဟာနယ်က ပုံပျက်လာခဲ့သည်။

အကြောင်းအရင်းကမူ ကြယ်တာရာကောင်းကင်အထက် လှိုင်းတွန့်များ ပေါ်ထွက်လာ၍ ဖြစ်၏။ ပြောရမည်ဆိုလျှင် စကြဝဠာအများစုက လှုပ်ခတ်သွား၍ ဖြစ်သည်။

စွမ်းအားကြီး သက်ရှိများ၏ နတ်ဘုရားအာရုံကလည်း တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။ သူတို့က အဖက်ဖက်မှ ရောက်ရှိလာကြပြီး ထာဝရကြယ်စင်ကုန်းမြေ အပြင်ဘက် ကြယ်တာရာကောင်းကင်ထဲ ဧရာမသစ်ပင်ကြီး ပေါ်ထွက်လာသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ထိုအရာက ကုန်းမြေနှင့် အရွယ်အစား တူညီသည့် ဧရာမသစ်ပင်ကြီး ဖြစ်၏။

ထို့အပြင် ထိုဝန်းကျင်တွင် ကြိုးမျှင်များစွာ ရှိနေပြီး စကြဝဠာတစ်ခုလုံးကို လွှမ်းခြုံထားသည့် ပိုက်ကွန်သဖွယ် ဖြစ်နေလေသည်။ သစ်ပင်ကို ထိုအရာနှင့် ပိုင်းခြားမရနိုင်အောင် ပြုလုပ်ထား၏။ ထိုပိုက်ကွန်ပေါ်ရှိ ကြိုးမျှင်တိုင်းက အံ့ဩဖို့ကောင်းလှစွာ စည်းမျဉ်းဥပဒေသတစ်ခု ဖြစ်နေသည်။

သူက သစ်ပင်ကို မော့ကြည့်လိုက်သည့်အခါ ခေါင်းတလားလိုမျိုး မဲနက်နေ၏။

ထိုအရာက နောင်တနှင့် ဝမ်းနည်းမှုနှင့်အတူ မဖော်ပြနိုင်ဖွယ် ဖိအားကို ထုတ်လွှတ်လာသည်။ သစ်ပင် ပေါ်ထွက်လာသည်နှင့်  ကြယ်တာရာကောင်းကင်အနှံ့ ပြည့်နှက်ကာ နေရာယူသွားလေ၏။

“ဒီစကြဝဠာရဲ့ တစ်ခုတည်းသော သစ်သားဓာတ် ဇစ်မြစ်”  အဖေဝမ်က ခေါင်းမော့ကြည့်ကာ ရေရွတ်လိုက်သည်။

All Chapters