နဝမြောက်တံတား
Vol. 94 Ch. 1304
ထိုစဉ် ထာဝရကြယ်စင်ကုန်းမြေ အလွန်ရှိ ကြယ်တာရာကောင်းကင်ကြီးက ကြီးမားကျယ်ပြန့်သည့် ပိုက်ကွန်ကြီးဖြင့် ဖုံးလွှမ်းခံထားရသည်။ ထိုပိုက်ကွန်ကြီးက ကြီးမားလွန်းသည့်အတွက် စကြဝဠာတစ်ခုလုံးကို ဖုံးလွှမ်းထားသကဲ့သို့ ဖြစ်နေသည်။ ထိုပိုက်ကွန်က စည်းမျဉ်းဥပဒေသ ဖြစ်ပေသည်။
ထိုဝန်းကျင်တွင် ရှိနေသည့် ကြိုးမျှင်တိုင်းကလည်း စည်းမျဉ်းဥပဒေသ ဖြစ်၏။
ထာဝရကြယ်စင်ကုန်းမြေဝန်းကျင်ရှိ နေရာအတွက်မူ ပိုက်ကွန်ထဲရှိ အနက်ရောင်သစ်သားက ပိုမိုရှင်းလင်းလာသည်။ သစ်သားပုံစံကိုပင် မျက်စိဖြင့် မြင်နိုင်၏။ အနက်ရောင်သစ်သားမှ ထုတ်လွှတ်နေသည့် ဖိအားက ခံစားမိသည့်သူတချို့အား တုန်ယင်သွားစေသည်။
တကယ်တော့ ပိုက်ကွန်ပေါ်ရှိ စည်းမျဉ်းဥပဒေသများက ထိုအရာဖြင့်ပင် မယှဉ်နိုင်ပေ။
ထိုစဉ် အနက်ရောင်သစ်သားက စတင်ကျုံ့လာပြီး ထာဝရကြယ်စင်ကုန်းမြေနှင့် ထိတွေ့လိုဟန်ပေါ်သည်။
ထိုအရာသည့် မြင်သည့်သူတိုင်းက တုန်လှုပ်သွားကြပြီး သူတို့၏ ခန္ဓာကိုယ်က တုန်တုန်ယင်ယင် ဖြစ်သွားကြသည်။ ထာဝရကြယ်စင်ကုန်းမြေအတွင်း ကောင်းကင်ယံရှိ နေမင်းကို ကိုယ်စားပြုသည့် စွမ်းအားကြီးပုဂ္ဂိုလ်များကပင် အတူတူ ခံစားနေကြရ၏။
သူတို့အတွက် ထာဝရကြယ်စင်ကုန်းမြေအပေါ်တွင် အပြင်ဘက်တွင် ပေါ်ထွက်လာသည့် အနက်ရောင်သစ်ပင်က အစစ်အမှန်ဖြစ်ပြီး ထိုအရာမှ ထုတ်လွှတ်နေသည့် ဖိအားက ပို၍ပင် စစ်မှန်နေသေးသည်။ တကယ်တော့ သူတို့အတွက် အနက်ရောင်သစ်ပင် ကျဆင်းလာသည်နှင့် ထာဝရကြယ်စင်ကုန်းမြေတစ်ခုလုံးက အနက်ရောင် ပြောင်းလဲသွားခဲ့၏။
“ဒါက…”
“ငါတို့တွေ ဒီသစ်ပင် ကျဆင်းလာတာကို တားဆီးရမယ်”
ထာဝရကြယ်စင်ကုန်းမြေအနှံ့ တုန်လှုပ်တကြီး ရေရွတ်သံများဖြင့် ပြည့်နှက်သွားလေ၏။ ဝမ်ပေါင်လဲ့နှင့် အမြဲတမ်းလိုလို စစ်တုရင် ကစားလေ့ရှိသည့် စစ်ထူပင် အဖေဝမ်အနားတွင် လေးနက်သော အမူအရာဖြင့် ပေါ်ထွက်လာသည်။
တစ်ချိန်တည်းဆိုသလို ထာဝရကြယ်စင်ကုန်းမြေပေါ်ရှိ နေမင်း၁၁စင်းအနက် ဝမ်ပေါင်လဲ့၏ လက်ရှိနေမင်းထက် တောက်ပသည့် နေမင်းနှစ်စင်းမှ တည်ရှိမှု နှစ်ခု ထွက်ပေါ်လာခဲ့သည်။ သူတို့က ကောင်းကင်ကို မော့ကြည့်ရင်း ဖိအားကို ခံစားလိုက်မိသည်။
သူတို့ သိထားသလောက် ထိုသစ်ပင်က ခြိမ်းခြောက်မှု ပါဝင်နေသည်။ ထိုအရာက ထာဝရကြယ်စင်တစ်ခုလုံးအပေါ် သက်ရောက်မှု ဖြစ်စေလိမ့်မည်။ ထိုအခိုက်အတန့်တွင် ထာဝရကြယ်စင်ကုန်းမြေပေါ်၌ စိတ်ငြိမ်ငြိမ်ဖြင့် ထိန်းထားနိုင်သည့်သူ နှစ်ဦးသာ ရှိ၏။ သူတို့ထဲက တစ်ဦးက အဖေဝမ် ဖြစ်ပေသည်။
သူက ကောင်းကင်ယံရှိ အနက်ရောင်သစ်ပင်ကို တည်တည်ငြိမ်ငြိမ်ဖြင့်သာ ကြည့်နေလေ၏။ ထို့နောက် သူက ဒုတိယမြောက်စကားကို ရေရွတ်လိုက်သည်။
“နှမြောစရာကောင်းတာက ဒါက မပြီးပြည့်စုံသေးဘူး”
“မပြီးပြည့်စုံသေးဘူးလား” အဖေဝမ်ဘေးတွင် ရှိနေသည့် စစ်ထူက ကြောက်လန့်သွား၏။ သူ့လက်ရှိကျင့်ကြံဆင့်ဖြင့် ကောင်းကင်ယံတွင် ပေါ်ထွက်လာသည့် အနက်ရောင်သစ်ပင်က အစစ်အမှန် ဖြစ်နေသည်။ မပြီးပြည့်စုံသည့် အရိပ်အယောင်ဟူ၍ မရှိပေ။
“ဟုတ်တယ်။ ဒါက အစစ်အမှန်နဲ့တူတဲ့ အရိပ်အယောင်တစ်ခုပဲ” အဖေဝမ်က တီးတိုးပြောလိုက်သည်။
“ပုံရိပ်ယောင်လား” စစ်ထူက ပိုမိုပင် အံ့အားသင့်သွား၏။ တစ်ချိန်တည်းဆိုသလို သတ္တမမြောက်နှင့် အဋ္ဌမတံတားကြားတွင် ရပ်နေသည့် ဝမ်ပေါင်လဲ့က သက်ပြင်းချလိုက်သည်။
အနက်ရောင်သစ်သားက သူ့သစ်သားအဆီအနှစ်မှ ပုံပေါ်လာခြင်း ဖြစ်၏။ ထို့ကြောင့် ထာဝရကြယ်စင်ကုန်းမြေအပြင်ဘက်တွင် ပေါ်ထွက်လာသည့် အနက်ရောင်သစ်ပင်သည် အစစ်အမှန် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိသည်။
ထို့ကြောင့် သူ့စိတ်က ကြည်လင်နေပြီး အမူအရာက တည်ငြိမ်နေခြင်း ဖြစ်၏။
သို့သော်လည်း သူက သူနှင့် အနက်ရောင်သစ်သားပြားမှ မချိုးဖောက်နိုင်သည့် ဆက်နွယ်မှုတစ်ခု ရှိနေသည်ကို သိသိသာသာ ခံစားမိ၏။ အဖေဝမ်က သူနှင့် အတော်လေး ကွဲပြားနေသည်။ ထိုအမြင်မှ ကြည့်လျှင် ထိုသူက မည်မျှပင် ကြောက်ဖို့ကောင်းကြောင်း မြင်နိုင်၏။
“ဒါက ပုံရိပ်ယောင်ပဲဆိုရင် တကယ့် အစစ်အမှန်က ဘယ်ကနေ ရောက်လာမှာလဲ” ပထမတံတားနားတွင် စစ်ထူက ရုတ်ချည်း မေးလိုက်သည်။ ထို့နောက် သူက အတွေးနက်သွားဟန်ဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်၏။ သူ့အကြည့်က လေဟာနယ်ကို ထိုးဖောက်သွားကာ တည်နေရာတစ်ခုဆီ ကျရောက်လာသည်။
“အဲဒီမှာ” အဖေဝမ်က တည်ငြိမ်စွာ ပြောလိုက်စဉ် တံတားနှစ်ခုကြားတွင် ရပ်နေသည့် ဝမ်ပေါင်လဲ့ကလည်း ခေါင်းလှည့်ကာ ကြည့်လာခဲ့သည်။ သူ့အာရုံဖြင့် သေချာသည့်ဘက်သို့ လှည့်ကြည့်လိုက်၏။
သူ ကြည့်လိုက်သည့်နေရာထဲတွင် အဆုံးမဲ့ အနီရောင်မြူခိုး ရှိနေဟန်ပေါ်သည်။ ထိုမြူခိုးက အချိန်အတော်ကြာ မရပ်တန့်တော့သလိုမျိုး ဆက်တိုက်လှုပ်ခတ်လာသည်။
ထိုမြူခိုးအလယ်တွင် ပုံရိပ် ၁၀၈ ခု ရှိနေသည်။ တစ်ခုချင်းစီက ကြီးမားကာ သူတို့တစ်ခုချင်းစီ၏ အလယ်ထဲတွင် ကွဲပြားသည့် ကြယ်တာရာကောင်းကင် ရှိနေကြသည်။
ပုံရိပ် ၁၀၈ခုက တစ်ယောက်နှင့်တစ်ယောက် ဝိုင်းလျက်ရှိနေပြီး ပုံသဏ္ဍာန်တစ်ခု ဖွဲ့စည်းထားသည်။ အကယ်၍ မြင့်မားသည့်အနေအထားမှ ကြည့်ပါက သူတို့သည် လူသားပုံစံအတိုင်း နေရာယူထားသည်ကို မြင်တွေ့ရလိမ့်မည်။
ထိုလူသားပုံစံ၏ အလယ်ဗဟိုချက်သည် စွမ်းအင်ဗဟိုချက် ဖြစ်၏။ ထိုနေရာက အနီရောင်မြူခိုး၏ ဗဟိုချက် ဖြစ်ပေသည်။ ထိုနေရာကို အမြင်အာရုံ သို့မဟုတ် နတ်ဘုရားအာရုံတို့ဖြင့် ထိုးဖောက်မဝင်ရောက်နိုင်ပေ။
ထိုပိုင်းခြားထားသည့်နေရာထဲတွင် ၁၀၉ ယောက်မြောက် ပုံရိပ် ရှိနေ၏။
ပုံရိပ်က တင်ပျဉ်ခွေကာ တရားထိုင်လျက်ရှိသည်။ သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရဘဲ သူ့ခန္ဓာကိုယ်က အနီရောင်မြူခိုးများဖြင့် ဖုံးလွှမ်းထား၏။ သူ့နဖူးဝန်းကျင်ကိုသာ ရှင်းရှင်းလင်းလင်း မြင်ရသည်။ ထိုသူ့နဖူးအလယ်တွင် အနက်ရောင်ဆူးချွန်က ထိုးစိုက်နေလျက် ရှိ၏။
အနက်ရောင်သစ်သား၏ စွမ်းအားက ထိုနေရာကို ပျက်ယွင်းသွားစေပြီး အနီရောင်မြူခိုးများက ထိုနေရာဆီ ထိုးဖောက်မလာအောင် တားဆီးထားသည်။ သို့သော်လည်း အနီရောင်မြူခိုးများက လက်လျှော့လိုဟန်မပေါ်ပေ။ ထိုအရာများက ဆက်တိုက်ဆိုသလို ထိုနေရာတစ်ဝိုက် ဖုံးလွှမ်းဖို့ ကြိုးစားနေလေ၏။
ကြယ်တာရာကောင်းကင်အပြင်ဘက်တွင် အနီရောင်မြူခိုးမြောက်များစွာ ဖြစ်ပေါ်နေပြီး နှစ်များစွာ တက်လိုက်ကျလိုက် ဖြစ်နေသည်။
“ဒါက တကယ့်ခန္ဓာကိုယ် တည်ရှိတဲ့နေရာပဲ” ဝမ်ပေါင်လဲ့က အကြည့်ကို ပြန်ရုတ်သိမ်းလျက် ကောင်းကင်လျှောက်လှမ်းတံတားကို ဆက်လက် လျှောက်လှမ်းလိုက်သည်။ သူက အသက်ရှိုက်စာအနည်းငယ် တိတ်ဆိတ်သွားပြီးသည့်နောက်တွင် ထပ်မံ ခေါင်းမော့ကြည့်လိုက်၏။ သူ့မျက်ဝန်းအထက် ဆုံးဖြတ်ချက် ပြတ်သားမှုတို့ ထွက်ပေါ်လာကာ ခြေထောက်ကို ကြွလျက် ဆက်လက်လျှောက်လှမ်းလိုက်သည်။
သူက ဆက်လက်လျှောက်လှမ်းနေရင်း ကြယ်တာရာကောင်းကင်ထဲရှိ အနက်ရောင်သစ်ပင်ပုံရိပ်က အံ့မခန်း အလျင်နှုန်းဖြင့် ဆင်းသက်လာ၏။ ထာဝရကြယ်စင်ကုန်းမြေပေါ်ရှိ လူများကလည်း တုန်လှုပ်တကြီး ဖြစ်နေကြသည့်အတွက် ဝမ်ပေါင်လဲ့က ခြေကြွကာ တစ်လှမ်းချင်း လျှောက်လှမ်းလိုက်သည်။ အနက်ရောင်သစ်သားက ထာဝရကြယ်စင်ကုန်းမြေအပေါ်ရှိ ကောင်းကင်တံတားလျှောက်လှမ်းနေသည့် ဝမ်ပေါင်လဲ့၏ ဦးခေါင်းအထက် ကျရောက်လာသည်။
မြေကြီးနှင့်တောင်တန်းများက ထင်ထားသလို တုန်ခါခြင်းမရှိဘဲ မိုးမြေက လှုပ်ခတ်သွား၏။ လူများစွာက တုန်လှုပ်တကြီး ဖြစ်နေကြသည်။ အနက်ရောင်သစ်သားက ဝမ်ပေါင်လဲ့နှင့် ထိတွေ့သွားသည့်အခိုက်အတန့်တွင် တိတ်တဆိတ်ဖြင့်သာ သူ့ခန္ဓာကိုယ်တွင် ဝင်ရောက်ပေါင်းစည်းသွားခဲ့၏။
ဝမ်ပေါင်လဲ့က အနက်ရောင်သစ်သားနှင့် ယှဉ်လိုက်လျှင် အင်မတန် သေးနုပ်နေသည်။ အနက်ရောင်သစ်သားက ထာဝရကြယ်စင်ကုန်းမြေလောက် ကြီးမားသော်လည်း ထိုအခိုက်အတန့်၌ သူ့အာရုံခံစားမှုအပေါ် သက်ရောက်မှုရှိလာဟန်ပေါ်သည်။ မျက်စိတစ်မှိတ်အတွင်း ဧရာမအနက်ရောင်သစ်သားကြီးက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အတွင်း ထွက်ပေါ်လာသည်။
နောက်အခိုက်အတန့်လေး၌ ဝမ်ပေါင်လဲ့၏ ခြေထောက်က ပြီးပြည့်စုံစွာ ဆက်လက်လျှောက်လှမ်းသွား၏။
သူက သတ္တမမြောက်နှင့် အဋ္ဌမမြောက် တံတားကြား နေရာကို ဖြတ်ကျော်ပြီး အဋ္ဌမမြောက်တံတားဆီ ဦးတည်လိုက်သည်။ ထို့နောက် အဋ္ဌမမြောက်တံတားကို ဖြတ်ကာ လျှောက်လှမ်းလာပြီး အဋ္ဌမမြောက်နှင့် နဝမမြောက်တံတားကြား အကွာအဝေးကို ဖြတ်ကျော်လိုက်၏။
ထို့နောက် နဝမမြောက်တံတားဆီ ကျရောက်လာခဲ့သည်။
နဝမမြောက်တံတားအစတွင် မဟုတ်ဘဲ အဆုံးသတ်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ဝမ်ပေါင်လဲ့၏ ပုံရိပ်က နဝမမြောက်တံတားအပေါ်တွင် ချက်ချင်းပေါ်ထွက်လာသည်။ ထိုအခိုက်အတန့်၌ တစ်ကမ္ဘာလုံးက တုန်လှုပ်သွားပြီး အသံများစွာ ထွက်ပေါ်လာ၏။
“နဝမမြောက် တံတားပဲ”
“တံတားကို ဖြတ်သန်းဖို့ တစ်လှမ်းပဲ လိုတော့တယ်”
“တံတားကို ဖြတ်သန်းဖို့ မဟုတ်ဘူး။ သတ္တမမြောက်တံတားကနေ နဝမမြောက်တံတားကို ရောက်သွားတာ”
ထိုဆူဆူညံညံအသံများကြားတွင် ဝမ်ပေါင်လဲ့က နောင်တတရားကို ခံစားမိလိုက်၏။ သူက ပေါ်ထွက်လာသည့် အနက်ရောင်သစ်သားသည် သူ့အစစ်အမှန်ကိုယ် မဟုတ်ဘဲ ပုံရိပ်ယောင်မျှသာ ဖြစ်ကြောင်း နားလည်ထားသည့်အတွက် သူသည် ဧကဒဿမတံတားအစွန်းထိ ရောက်ဖို့ရာ မလုပ်ဆောင်နိုင်ပေ။
ထိုအခိုက်အတန့်လေး၌ ဒဿမမြောက် တံတားအစွန်းတွင် ရပ်နေသော်လည်း သူ့ရှေ့တွင် အတားအဆီးကြီးကြီးမားမားရှိနေသလို ခံစားမိနေသည်။ ထိုအရာက သူ့အနေဖြင့် ဆက်လက်လျှောက်လှမ်းဖို့ အင်မတန်ခက်ခဲစေသည်။
“အဖေ သူက ရပ်လိုက်တော့မှာလား” သူက တံတားဘေးတွင် ဝမ်ရီရီက တီးတိုးမေးလိုက်သည်။
“ငါက သူ့ကို လက်ဆောင် မပေးရသေးဘူးလေ။ အဲဒါဆိုတော့ မရပ်သေးပါဘူး” အဖေဝမ်၏ အမူအရာက အစမှအဆုံးအထိ တည်ငြိမ်နေလေ၏။