← Chapters

လက်ဆောင်

Vol. 94 Ch. 1305

လက်ဆောင်

Vol. 94 Ch. 1305

နဝမမြောက်တံတားက ထာဝရကြယ်စင်ကုန်းမြေပေါ်ရှိ သက်ရှိအားလုံးအတွက် အထွတ်အမြတ်ထားရာနှင့် အံ့ဩဖွယ်ရာ ဖြစ်ပေသည်။ ရှေးခေတ်အချိန်ကတည်းက ယခုအချိန်အထိ လူလေးယောက်သာ ဤနေရာအထိ ရောက်ရှိခဲ့ဖူး၏။

ထိုလေးယောက်ထဲမှ တစ်ဦးက ထာဝရကြယ်စင်ကုန်းမြေ၏ အရှင်သခင်ဖြစ်ရာ ကျန်သုံးယောက်ကမူ အားအကောင်းဆုံး ကောင်းကင်အရှင် ဖြစ်ကြ၏။

သို့သော် ယခုတွင် နောက်ထပ်လူတစ်ယောက် ရှိလာခဲ့သည်။

တစ်ချိန်တည်းဆိုသလို ထာဝရကြယ်စင်ကုန်းမြေပေါ်ရှိ ၁၁စင်းမြောက် နေမင်းက  ထပ်မံတောက်ပလာသည်။ ထိုအရာ၏ မျက်စိစူးမတတ်ဖြစ်နေကာ တစ်ကမ္ဘာလုံးကို အလင်းရောင်ဖြင့် လွှမ်းခြုံချင်သလိုမျိုး ဖြစ်နေသည်။

နဝမမြောက်တံတားအစွန်းတွင် ရပ်နေသည့် ဝမ်ပေါင်လဲ့က အကြည့်များ တောက်ပလာ၏။ သူက သူ့ရှေ့တွင် ရှိနေသည့် ခုခံမှုကို ခံစားမိလိုက်ပြီး သူ့ခန္ဓာကိုယ်က ရပ်တန့်သွားခဲ့သည်။ သူက ခြေတစ်လှမ်းမှ ရှေ့ဆက်မတိုးနိုင်တော့ပေ။

ကောင်းကင်ဘုံဆီ လျှောက်လှမ်းသည့် လမ်းစဉ်က ဤနေရာတွင် တားဆီးခံလိုက်ရသည့်အလား ဖြစ်၏။

“ဒီနေရာမှာ မရပ်နိုင်ဘူး” ဝမ်ပေါင်လဲ့က တီးတိုးရေရွတ်လိုက်သည်။ သူက ခေါင်းအသာမော့လိုက်သည့်အချိန် သူ့မျက်ဝန်းရှိ အကြည့်များက ပြောင်းလဲသွား၏။ သူ့မျက်ဆံထဲတွင် အနက်ရောင် တောက်ပမှုတစ်ခု ပေါ်ထွက်လာကာ မင်ရည်က ရေကန်ထဲ ကျရောက်သွားသလိုမျိုး အဖက်ဖက်သို့ ပျံ့နှံ့သွားလေသည်။

ထိုစဉ် သူ့မျက်လုံးက အနက်ရောင် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်မှ မရဏအငွေ့အသက် ထွက်ပေါ်လာကာ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးကွယ်သွား၏။ အရှိန်အဝါ၏ ထူးဆန်းမှုကြောင့်  ထိုနေရာတွင် ရပ်နေသည့် ဝမ်ပေါင်လဲ့က သက်ရှိလူနှင့် မတူတော့ဘဲ အလောင်းကောင်လို ဖြစ်နေသည်။

မရဏအငွေ့အသက် ပျံ့လွင့်လာသည့်အခါ မရဏအငွေ့အသက်က ထပ်မံ လှုပ်ခတ်လာသည်။ ဝမ်ပေါင်လဲ့ ခန္ဓာကိုယ်ရှိ ချွေးပေါက်အားလုံးမှ အနက်ရောင်မြူခိုးများ စတင်ပျံ့နှံ့လာ၏။ ထိုအရာက ပတ်ဝန်းကျင်အနှံ့ ပျံ့နှံ့သွားကာ ပျက်ယွင်းမှုနှင့် သေဆုံးမှုတို့ကို ဆောင်ကျဉ်းပေးလာသည်။ ထိုအရာက ဝမ်ပေါင်လဲ့၏ အမှောင်တာအို ဖြစ်၏။

ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့ကို ကြည့်နေကြသည့် လူများက စိတ်ခံစားချက်ရောပြွန်းနေကြ၏။ အနက်ရောင်မြူခိုးပျံ့နှံ့လာသည်နှင့် နဝမမြောက် တံတားအထက်တွင် ရှိနေသည့် အနက်ရောင်မြူခိုးက ဧရာမရုပ်ထုကြီးတစ်ခုအသွင် ပြောင်းလဲသွားသည်။

ထိုရုပ်ထုက ဝမ်ပေါင်လဲ့နှင့် တူညီ၏။ သို့သော်လည်း ထိုအရာက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အေးစက်စက် အငွေ့အသက်မျိုး ပန်ဆင်ထားသည်။ စိတ်ခံစားချက်အရိပ်အယောင် မမြင်ရပေ။ သူ့လက်ထဲတွင် စာအုပ်တစ်အုပ်ကို ဆွဲကိုင်ထားပြီး ကမ္ဘာ၏ သေခြင်းတရားကို ထိန်းချုပ်နေသကဲ့သို့ ဖြစ်၏။ အဝေးမှကြည့်ပါက ကြက်သီးထဖွယ် ခံစားချက်မျိုးဖြင့် ပြည့်နှက်နေသည်။

“မရဏတာအိုရဲ့ ပြယုဂ်ပဲ”

“ဒဏ္ဍာရီထဲမှာ မရဏတာအိုကို ကျွမ်းကျင်ပြီး ဇစ်မြစ်တစ်ခု ဖြစ်လာတာနဲ့ အမှောင်သခင် ဖြစ်လာနိုင်တယ်လို့ ပြောတယ်”

“ဒါက အမှောင်သခင်ရဲ့ ခန္ဓာကိုယ်လား”

ထာဝရကြယ်စင်ကုန်းမြေရှိ ကျင့်ကြံသူများက တုန်လှုပ်နေစဉ် အနက်ရောင်မြူခိုးဖြင့် ဝန်းရံထားသည့် ပုံရိပ်က ရှေ့တစ်လှမ်းတိုးသွားခဲ့သည်။

ထိုခြေလှမ်းက မိုးမြေကို လှုပ်ခတ်သွားပြီး ကြယ်တာရာကောင်းကင်ကိုပင် အသံကျယ်ကြီး ထွက်ပေါ်လာစေသည်။ စကြဝဠာတစ်ခုလုံးက အပြင်းအထန် လှုပ်ခတ်နေ၏။

ထိုခြေလှမ်းက အဖက်ဖက်ရှိ အရာအားလုံးကို လှုပ်ခတ်သွားစေခဲ့ပြီး သူ့ကို ကြည့်နေသည့် လူများ၏ စိတ်ကိုလည်း အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားစေသည်။

ထိုခြေလှမ်းက သေမျိုးအဆင့်မှ မသေမျိုးအဆင့်သို့ လျှောက်လှမ်းသကဲ့သို့ ဖြစ်၏။ ထိုအရာက စတုတ္ထအဆင့် ပြီးမြောက်ခြင်းဖြစ်ကာ ပဉ္စမအဆင့်သို့ ဝင်ရောက်ခြင်း ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်ထဲ အသံကျယ်ကြီးများဖြင့် ပြည့်နှက်နေ၏။ ကောင်းကင်ကြီးက ဖြူဖျော့သွားကာ လေနှင့် တိမ်တိုက်များကလည်း နောက်ဆုတ်သွားကြသည်။ ကောင်းကင်ယံမှ အက်ကွဲသံများလည်း ထွက်ပေါ်လာ၏။ အကာအရံတချို့ ကျိုးပျက်သွားသကဲ့သို့ ဖြစ်သည်။ ရုပ်ထုကြီးက နဝမမြောက်တံတား၏ အစွန်းကို ဖြတ်သန်းပြီး နဝမမြောက်နှင့် ဒဿမမြောက်ကြားရှိ နေရာဆီ ရောက်ရှိလာသည်။

ထိုအရာ ရောက်ရှိလာသည်နှင့် ပုံရိပ်က ကျန်ရှိနေသည့် စွမ်းအားအကုန်လုံး ကုန်ဆုံးသွားဟန်ပေါ်သည်။ ထိုအရာက သူကိုယ်တိုင် မဟုတ်တော့ဘဲ လေတိုက်ခိုက်လာသည့်အခါ အနက်ရောင်မြူခိုး၏ တည်ရှိမှုကို လျှော့ချလိုက်သလိုမျိုး ဖြစ်၏။ ထိုအရာက ပျောက်ကွယ်သွားကာ ထိုရုပ်ထုအတွင်း ဝမ်ပေါင်လဲ့၏ ပုံရိပ်ကို ထွက်ပေါ်လာစေသည်။

ဒါက စတုတ္ထအဆင့် ပြီးမြောက်မှုလား …

နဝမမြောက်တံတားနဲ့ ဒဿမမြောက်တံတားကြားက လေဟာနယ်တွင် ရပ်နေရင်း ဝမ်ပေါင်လဲ့၏ အမူအရာက တည်ငြိမ်နေသည်။ သူက လက်ရှိအနေအထားကို ခံစားမိ၏။ လက်ရှိကိုယ်က အတိတ်ကိုယ်ကို ဖျက်ဆီးဖို့ရာ လက်တစ်ချောင်းမျှသာ လိုအပ်လိမ့်မည်။

နှစ်ခုကြားမှ ကွာဟချက်က အရမ်းကို ကြီးမားလွန်း၏။

အတိတ်ကိုယ်က အစွန်းရောက်တာအိုရှစ်ပါးကို ကျင့်ကြံပြီး စတုတ္ထအဆင့်တွင် ရှိခဲ့သည်။ သို့သော်လည်း သစ်သားဓာတ်တာအိုကသာ သဘာဝဇစ်မြစ် ရှိထားသည့် တစ်ခုတည်းသော တာအို ဖြစ်ခဲ့၏။ အကြောင်းအရင်းကမူ သူ့နဂိုသွင်ပြင်က သူကိုယ်တိုင်ဖြစ်နေ၍ ဖြစ်သည်။ သို့သော်လည်း တခြားသော တာအိုများက ဇစ်မြစ်တစ်ခုရှိနေဟန်ပေါ်သည်။ လက်တွေ့တွင် သူတို့က မဟုတ်ခဲ့ပေ။ သူတို့က သူတို့၏ ကိုယ်ပိုင်စွမ်းအား ရှိနေရုံမျှသာ ဖြစ်၏။

လက်ရှိ သူက သတ္တု၊ မြေ၊ ရေနှင့် မီးဓာတ်တို့၏ ဇစ်မြစ် ဖြစ်လာခဲ့သည်။ သူက ဓာတ်ငါးပါး၏ ဇစ်မြစ် ဖြစ်လာသော်လည်း သူနှင့် မျှဝေထားသည့်သူများလည်း ရှိနေသေး၏။ ကျင့်ကြံသူများက ဓာတ်ငါးပါးကို ရောက်ရှိနိုင်သည့် ကန့်သတ်ချက် ရောက်ရှိလာသည်။

သာမန်အခြေအနေအောက်တွင် မည်သူကမှ ဓာတ်ငါးပါးလုံးကို လက်ဝါးကြီးအုပ်မထားနိုင်ပေ။

သို့သော်လည်း ဝမ်ပေါင်လဲ့၏ သစ်သားတာအိုကမူ လုပ်ဆောင်နိုင်၏။

သူ့အမှောင်တာအိုကို ထည့်ပေါင်းလိုက်လျှင် စကြဝဠာထဲရှိ မရဏတာအိုဖြင့် ဆက်နွယ်သွားပြီး သူ့ကို အမှောင်သခင် ဖြစ်လာစေသည်။ သူက စတုတ္ထအဆင့်တွင် ရှိနေသော်လည်း စတုတ္ထအဆင့် ကျင့်ကြံသူအများစုကို ကျော်လွန်သွားခဲ့၏။

အများစုက တူညီသည့်ဇစ်မြစ် ရှိကြသော်လည်း ဝမ်ပေါင်လဲ့ကမူ ဇစ်မြစ် ၅ခု ရှိလေသည်။ သစ်သားဓာတ်တာအို၏ အစစ်အမှန်ဇစ်မြစ်နှင့် ထည့်ပေါင်းလိုက်လျှင် စတုတ္ထမြောက်အဆင့်ကို ဖိနှိပ်ထားနိုင်၏။

ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့က အားအကောင်းဆုံး စတုတ္ထအဆင့်ဟု ဆိုရပေမည်။ သူက ပြိုင်ဘက်ကင်း၏။

သို့သော်လည်း ဤသည်က ဝမ်ပေါင်လဲ့၏ လမ်းစဉ်အတွက် အဆုံးသတ် မဟုတ်သေးပေ။ သူက နဝမမြောက်တံတားနှင့် ဒဿမမြောက်တံတားကြားတွင် ရပ်နေရင်း ခေါင်းမော့ကာ ဒဿမမြောက် တံတားကို ကြည့်လိုက်၏။ သူ့လက်ရှိအဆင့်တွင် ဒဿမမြောက် တံတားအပေါ်တွင် ပုံရိပ်သုံးခုကို မြင်လိုက်ရသည်။

သူက ထိုပုံရိပ်သုံးခုနှင့် မရင်းနှီးသော်လည်း ဒဿမမြောက်တံတားသည် ထာဝရကြယ်စင်ကုန်းမြေတစ်ခုလုံးအနှံ့ ဝမ်ပေါင်လဲ့ကို အန္တရာယ်ခံစားမှု ပေးစွမ်းနိုင်သည့် ကောင်းကင်အရှင်များ ဖြစ်၏။

ဒဿမမြောက် တံတားအလယ်တွင် ရပ်နေသည့် သူက သူနှင့် စစ်တုရင် ကစားလေ့ရှိသည့် စစ်ထူ ဖြစ်ပေသည်။

တံတားအစွန်းတွင် မည်သူမှ ရှိမနေပေ။ ဧကဒဿမမြောက်တံတားတွင်လည်း မည်သူမှ ရှိမနေပေ။ ဤသည်က ဆိုလိုရင်း နှစ်ခုသာ ရှိ၏။ မည်သူကမှ ထိုအရာကို မဖြတ်ကျော်ဖူးခြင်း သို့မဟုတ် သူတို့က အပြီးတိုင် ဖြတ်ကျော်ပြီးသွားခြင်းတို့သာ ဖြစ်နေနိုင်သည်။ ထို့ကြောင့် မည်သူမှ ရှိမနေခြင်း ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ ဝမ်ပေါင်လဲ့၏ မျက်ဝန်းထဲတွင် ဒဿမမြောက် တံတားအလယ်ကို ကျော်လွန်၍ မည်သူမှ မရှိပေ။

ငါက ဒဿမမြောက်တံတားကို လျှောက်လှမ်းနိုင်မလား။

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်၏။ သူက နဝမမြောက်တံတားသည် စတုတ္ထအဆင့် ကိုယ်စားပြုပြီး ဒဿမမြောက်တံတားသည် ပဉ္စမအဆင့်ကို ကိုယ်စားပြုကြောင်း သိထားသည်။

သူက ဆက်လက် လျှောက်လှမ်းသွားသရွေ့ ပဉ္စမမြောက်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဆိုလိုနေ၏။ အလယ်အဆင့်ကို ရောက်ရှိခြင်းက ပဉ္စမမြောက်အဆင့်၏ တစ်ဝက်ကျင့်ကြံပြီးပြီဟု ဆိုလိုနေခြင်းဖြစ်သည်။ အကယ်၍ သူက အဆုံးသတ်သို့ ရောက်ရှိသွားပါက သူသည် ပဉ္စမအဆင့်ကို ပြီးပြည့်စုံသွားကြောင်း ဆိုလိုနေ၏။

သို့သော်လည်း ဝမ်ပေါင်လဲ့က ယုံကြည်ချက် မရှိပေ။ သူ့တာအိုအားလုံးကို သုံးစွဲပြီးသွားပြီ ဖြစ်၏။

သူက ယန်တာအို ကျန်ရှိနေသေးသော်လည်း တာအိုကို သယ်ဆောင်ထားသည့်အရာဟူ၍ မရှိပေ။

“နှမြောစရာပဲ” ဝမ်ပေါင်လဲ့က သက်ပြင်းချလိုက်၏။ ထိုအခိုက်အတန့်တွင် ပထမမြောက်တံတားဘေးတွင် ရပ်နေသည့် အဖေဝမ်က ရုတ်တရက် ပြောလိုက်သည်။

“ပေါင်လဲ့ ဆက်လျှောက်ထား”

ဝမ်ပေါင်လဲ့က ထိုစကားများကို ကြားသည့်အခါ အကြည့်များ တောက်ပလာကာ  အတွေးနက်နေဟန်ပေါ်သည်။ သူ့ခန္ဓာကိုယ်က ရုတ်ချည်း လှုပ်ခတ်သွားပြီး ဆက်လက် လျှောက်လှမ်းလိုက်သည်။ သူက ဆက်လက်လျှောက်လှမ်းနေရင်း သူ့ခန္ဓာကိုယ်က အရှိန်အဝါက ရုတ်ချည်း ထွက်ပေါ်လာသည်။ အမှောင်အရှိန်အဝါက ပျောက်ကွယ်သွားပြီး အားကောင်းသည့် အသက်ဓာတ်စွမ်းအားက သူ့ခန္ဓာကိုယ်မှ  ထွက်ပေါ်လာ၏။

ဤသည်က အမှောင်တာအိုနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ယန်တာအို ဖြစ်ပေသည်။

ထိုတာအိုက အားအကောင်းဆုံး တာအိုတစ်ခု ဖြစ်၏။ ထိုအရာပေါ်ထွက်လာသည်နှင့် ကြီးကျယ်ခမ်းနားသည့် အငွေ့အသက်များဖြင့် ပြည့်နှက်သွားကာ ကောင်းကင်ဆီ ပျံ့နှံ့သွားပြီး အလင်းရောင်က တောက်ပလွန်းသည့်အတွက် ကျန်အလင်းရောင်အားလုံးကို ဖိနှိပ်ထားလေသည်။ အသက်ဓာတ်စွမ်းအားက အားကောင်းလွန်းသည့်အတွက် သေခြင်းတရား အားလုံးကိုပင် ဖိနှိပ်ထားနိုင်စွမ်းရှိသည်။

သို့သော်လည်း နှမြောဖို့ကောင်းလှသည်က ထိုအရာသည် ပုံရိပ်ယောင် အငွေ့အသက်မျှသာ ဖြစ်နေပြီး လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ မရှိပေ။ ထိုအရာက အမြစ်မဲ့ အပင်လို ဖြစ်နေပြီး အားကောင်းဟန်ထင်ရသော်လည်း လက်တွေ့တွင်မူ အပေါ်ယံမျှသာ ဖြစ်၏။

အကြောင်းအရင်းကမူ ဝမ်ပေါင်လဲ့၏ အစွန်းရောက်တာအိုရှစ်ပါးထဲ လွတ်လပ်မှုတာအိုကလွဲ၍ ယန်တာအိုတစ်ခုကသာ တာအိုဆောင်ထားသည့်အရာဟူ၍ မရှိပေ။ သူက ကျောက်ပြားကမ္ဘာအတွင်း ထိုအရာကို မလျှောက်လှမ်းသည့်အတွက် ပြီးပြည့်စုံအောင် မလုပ်ဆောင်ရသေးပေ။

သို့သော်လည်း ထိုအခိုက်အတန့်၌ ဝမ်ပေါင်လဲ့၏ ယန်တာအိုက ပျံ့နှံ့သွားစဉ် ပထမတံတားဘေးတွင် ရပ်နေသည့် အဖေဝမ်က ချက်ချင်းဆိုသလို လက်မြှောက်လိုက်၏။ လက်ထဲ ပုံမှန် မဟုတ်သည့် ကျောက်တုံးတစ်ခု ပေါ်ထွက်လာသည်။

ကျောက်တုံးက လက်သီးအရွယ်အစားမျှသာ ရှိပြီး ထိုအရာမှ ကြီးကျယ်ခမ်းနားမှုတို့ ထုတ်လွှတ်နေသည်။ ထိုအရာက မကြီးမားသော်လည်း အဆုံးမဲ့ ခံစားချက်မျိုး ပေးစွမ်း၏။ သေချာအနီးကပ်ကြည့်မည်ဆိုပါက ထိုပစ္စည်းအပေါ်တွင် ရေးထွင်းထားသည့် အမှတ်အသားများစွာကို မြင်တွေ့ရလိမ့်မည်။ ထိုပစ္စည်းက ကောင်းကင်တံတားနှင့် တူညီသည့် ဇစ်မြစ် ရှိဟန်ပေါ်သော်လည်း

“ဒါက ငါ ဒဿမမြောက်တံတားကို တည်ဆောက်ဖို့ သုံးခဲ့တုန်းက ကျန်ရှိနေတဲ့ တံတားကျောက်တုံးပဲ။ မင်းကို တာအိုသယ်ဆောင်မဲ့ ပစ္စည်းအနေနဲ့ ပေးမယ်” အဖေဝမ်က ပြောလိုက်ရင်း လက်ကို ဝှေ့ယမ်းလိုက်သည်။ တံတားကျောက်တုံးက အလင်းရောင်အဖြစ် တောက်ပလာပြီး ဝမ်ပေါင်လဲ့ဆီ ရောက်ရှိလာသည်။

ထိုအရာက သူနှင့် နီးကပ်လာသည့်အခါ ချက်ချင်းဆိုသလို သူနှင့် ပေါင်းစည်းသွားခဲ့၏။

ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်လာပြီး ယန်ဓာတ်တာအိုကလည်း အသံကျယ်ကြီးနှင့်အတူ ပေါက်ထွက်လာသည်။

All Chapters