← Chapters

အခန်း (၁၃၀၆)

Vol. 94 Ch. 1306

အခန်း (၁၃၀၆)

Vol. 94 Ch. 1306

အမှောင်တာအိုကို ယင်ဓာတ်တာအိုအဖြစ်လည်း သိကြသည်။ ကမ္ဘာထဲတွင် မရဏတာအိုလည်း ရှိ၏။ ထိုအရာကို ထိန်းချုပ်ထားသည့်သူများက ခေတ်ကာလတွင် လူအနည်းငယ်သာရှိပြီး ဂုဏ်ပုဒ်တစ်ခုကို ကိုင်စွဲထားသည်။ ထိုအရာက အမှောင်သခင်ဟူ၍ ဖြစ်သည်။

သူက မရဏ၊ ပြန်လည်ဝင်စားခြင်းနှင့် အမှောင်တာအိုကို ထိန်းချုပ်၏။

ဓာတ်ငါးပါးတာအိုနှင့် တူညီစွာ အမှောင်တာအိုက တစ်ခုတည်းသော ဇစ်မြစ်ဟူ၍ မရှိပေ။ စွမ်းအားကြီးပုဂ္ဂိုလ်က ထိုအရာကို အစွန်းရောက်အောင် ကျင့်ကြံမည်ဆိုလျှင်ပင် ဇစ်မြစ်ထဲမှ တစ်ခုမျှသာ ဖြစ်လာလိမ့်မည်။

ယခု ယန်ဓာတ်တာအိုသည်လည်း သဘောတရား အတူတူသာ ဖြစ်၏။

မူလက တာအိုသည် တာအို မပါရှိဘဲ အရာအားလုံးက ဗလာကျင်းနေခဲ့သည်။ ထိုအရာက အငွေ့အသက်သာရှိပြီး လက်ဆုပ်လက်ကိုင်မပြနိုင်ပေ။ သို့သော်လည်း အဖေဝမ်က ကျောက်တုံးကို ထုတ်လာပြီးသည့်နောက်တွင် အရာအားလုံးက ကွဲပြားသွားခဲ့၏။

ကျောက်တုံးကိုယ်တိုင်က ထူးဆန်းနေပြီဖြစ်ရာ ဧကဒဿမမြောက်တံတား၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေခဲ့သည်။ ကောင်းကင်လျှောက်လှမ်းတံတားကို ဖန်တီးဖို့ ထိုအရာကို အသုံးပြုခဲ့သည့်အတွက် ထိုပစ္စည်းသည် မည်မျှပင် ထူးဆန်းကာ ကြောက်ဖို့ကောင်းကြောင်း ပြောပြဖို့ပင် မလိုတော့ပေ။

ဧကဒဿမတံတား ပြီးဆုံးသွားသည်နှင့် ဆဌမအဆင့် ကျင့်ကြံခြင်းရှိကြောင်း သတိပြုနိုင်သည်။ ဤသို့သော အနေအထားက စကြဝဠာတစ်ခုလုံးတွင်ပင် အင်မတန် အရေးပါလှ၏။ သူတို့က စကြဝဠာသခင် ဟူသောရာထူးအတွက် ယှဉ်ပြိုင်ဖို့ အရည်အချင်းပြည့်မှီသွားသည်။

ထို့ကြောင့် တံတားကျောက်တုံး၏ တန်ဖိုးက စိတ်ကူးကြည့်၍ မရပေ။ ထိုအရာက ဝမ်ပေါင်လဲ့၏ တာအိုသယ်ဆောင်သည့် ပစ္စည်းအဖြစ် အသုံးပြုဖို့ အင်မတန် သင့်တော်လှ၏။

“ဆဌမမြောက်အဆင့် ရတနာမျိုးကို ပဉ္စမအဆင့်တာအိုကို ဖြတ်သန်းဖို့ သုံးမှာတဲ့လား” အဖေဝမ်ဘေးတွင် ရှိနေသည့် စစ်ထူက တီးတိုးရေရွတ်လိုက်သည်။

“ရက်ရောလိုက်တာ။ မင်းက တကယ်ကြီး ဒီပစ္စည်းကို လက်လျှော့ချင်တယ်ပေါ့။ မဟုတ်ရင် ဒီကောင်လေးက ပဉ္စမအဆင့်ကို လှမ်းနိုင်မှာ မဟုတ်ဘူး” စစ်ထူက သက်ပြင်းချလိုက်သည်။  သူ တစ်ချိန်လုံး စောင့်ကြည့်နေခဲ့ရသည့် ထိုသူက မည်မျှပင် ရက်ရောကြောင်း  မြင်သည့်အခါ ပိုမိုပင် အံ့အားသင့်သွားမိသည်။

လက်ဆောင်က တံတားကျောက်တုံးတစ်ခုမျှသာ မကဘဲ ကျင့်ကြံဆင့်တစ်ခု ဖြစ်၏။

ဤသည်က လူများစွာ အိပ်မက်မက်နေရသည့် အခွင့်အရေးတစ်ခုလည်း ဖြစ်ပေသည်။

“ကျုပ်က သူ့အပေါ် အကြွေးတင်နေတယ်ဆိုတော့ သူနဲ့ ထိုက်တန်ပါတယ်။ ပြီးတော့…” အဖေဝမ်က ခေါင်းမော့ကာ နဝမမြောက်တံတားနှင့် ဒဿမမြောက်တံတားကြားတွင် ရှိနေသည့် ဝမ်ပေါင်လဲ့ကို လှမ်းကြည့်လိုက်သည်။

“သူက နဂိုကတည်းက စတုတ္ထနဲ့ ပဉ္စမအဆင့်ကြားမှာ ရှိနေတာ။ သူ နဂိုရှိနေတဲ့ ကျောက်ပြားကမ္ဘာရဲ့ တာအိုက မပြီးပြည့်စုံတော့ သူ့တိုက်ခိုက်စွမ်းရည်က ရှိသင့်သလောက် မရောက်ခဲ့ဘူး။ ဒီလိုဆိုရင် ကျုပ်ဘက်က ဘာလို့ ကပ်စီးနည်းနေဦးမှာလဲ” အဖေဝမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

စစ်ထူက အတွေးနက်နေဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ တကယ်တော့ သူ ဝမ်ပေါင်လဲ့ကို မြင်ကတည်းက ဝမ်ပေါင်လဲ့၏ အခြေအနေကို သတိထားမိခဲ့၏။ အရိုးရှင်းဆုံးပြောရမည်ဆိုလျှင် ထိုစဉ်အချိန်က ဝမ်ပေါင်လဲ့သည် စတုတ္ထနှင့် ပဉ္စမအဆင့်ကြားတွင် ရှိနေခဲ့ပြီ ဖြစ်၏။

သို့သော်လည်း မပြီးပြည့်စုံသည့် တာအိုကြောင့် သူသည် တိုက်ခိုက်စွမ်းရည်ကို အပြည့်အဝ ထုတ်ဖော်နိုင်စွမ်း မရှိပေ။ ကောင်းကင်တံတားကို လျှောက်လှမ်းရင်းဖြင့် သူ့အတွက် ပြီးပြည့်စုံလာကာ စတုတ္ထအဆင့်၏ အစစ်အမှန် တိုက်ခိုက်စွမ်းရည်ကို ရရှိလာသည်။

ယခုအခိုက်အတန့်တွင် တံတားကျောက်တုံးကို ထည့်တွက်လိုက်လျှင် စစ်ထူက သိပ်မကြာခင် စကြဝဠာထဲ စွမ်းအားကြီးပုဂ္ဂိုလ်များကြား ပဉ္စမအဆင့် ကျင့်ကြံသူတစ်ယောက် ပေါ်ထွက်လာတော့မည် ဖြစ်ကြောင်း သိလိုက်သည်။

“ပဉ္စမအဆင့် .. စကြဝဠာထဲမှာ ရှိတဲ့ အရာအားလုံးကို ငါ အသုံးချမယ်” စစ်ထူက ရေရွတ်လိုက်ရင်း နဝမမြောက်တံတားနှင့် ဒဿမမြောက်တံတားကြားတွင် ရှိနေသည့် ဝမ်ပေါင်လဲ့က တံတားကျောက်တုံးဖြင့် ပေါင်းစည်းသွားခဲ့သည်။ သူ့ခန္ဓာကိုယ်မှ တောက်ပမှုက ပိုမိုပင် အံ့အားသင့်ဖို့ ကောင်းလှ၏။

အလင်းတန်းက ပျံ့နှံ့သွားသည့်အခါ အားကောင်းသည့် အသက်ဓာတ်စွမ်းအားက စကြဝဠာတစ်ဝက်ကို ဖုံးလွှမ်းသွားခဲ့သည်။ ထိုအရာက အဖက်ဖက်မှ ရောက်ရှိလာကာ သူ့ဝန်းကျင်တွင် စုဝေးလာ၏။ ထို့နောက် အားကောင်းသည့် အရှိန်အဝါတစ်ခု ပေါ်ထွက်လာသည်။

ထိုအရာ ပေါက်ထွက်လာသည်နှင့် ဝမ်ပေါင်လဲ့အထက်ရှိ ကောင်းကင်ထဲ ပုံရိပ်ယောင် တံတားတစ်စင်း ပေါ်ထွက်လာသည်။

ထိုတံတားက ကောင်းကင်တံတားဖြင့် ကွဲပြားချက် မရှိပေ။ ထိုအရာက ထာဝရကြယ်စင်ကုန်းမြေအပေါ်ရှိ သက်ရှိအားလုံး၏ စိတ်ကို တုန်ယင်သွားစေသည်။

ဝမ်ပေါင်လဲ့က  ယန်ဓာတ်တာအို၏ ပြီးပြည့်စုံမှုကို ခံစားမိရင်း သူ ရရှိထားသည့် တံတားကို စိုက်ကြည့်လိုက်သည်။ ဤသည်က ကောင်းကင်တံတား မဟုတ်ပေ။

ထိုအရာက တစ်ပုံစံထဲ တူညီနေသော်လည်း လုပ်ဆောင်ချက်များကမူ ကောင်းကင်တံတား၏ အားဖြည့်မှု မဟုတ်ပေ။ အတိအကျပြောရမည်ဆိုလျှင် တံတားက တာအိုကို သယ်ဆောင်ထားသည့်အရာနှင့် ဆက်နွယ်မှုတစ်ခု ဖြစ်၏။

ယန်ဓာတ်တာအိုက ထိုတာအိုဖြင့် တစ်ဖက်တွင် သူ့ကို ဆက်နွယ်ပေးထားပြီး တခြားတစ်ဖက်တွင် ကျယ်ပြောသည့် စကြဝဠာထဲမှ ရှင်သန်မှုတာအိုဖြင့် ဆက်နွယ်ပေးထားသည်။

မရဏတာအိုဖြင့် တူညီစွာ ရှင်သန်မှုတာအိုက တစ်ယောက်တည်း အပိုင် မရပေ။ သို့သော်လည်း တံတားကျောက်တုံး၏ အထောက်အပံ့ဖြင့် ဝမ်ပေါင်လဲ့၏ ယန်ဓာတ်တာအိုက ထိတွေ့မိသည့် အခိုက်အတန့်တွင် ဇစ်မြစ်တစ်ခုအဖြစ် အောင်အောင်မြင်မြင် ပြောင်းလဲသွားခဲ့သည်။

တာအို ပြီးပြည့်စုံသွားသည့်အခါ ဝမ်ပေါင်လဲ့၏ စိတ်ထဲ မယုံနိုင်လောက်ဖွယ် စွမ်းအားတစ်ခု ပေါ်ထွက်လာသည်။ ထိုအရာက သူ့မြင်ကွင်းထဲရှိ ကမ္ဘာကြီးရှိ အရာအားလုံးက ပြောင်းလဲသကဲ့သို့ ဖြစ်၏။ ထိုအရာသည် အစစ်အမှန်နှင့် မတူတော့ဘဲ ပုံရိပ်ယောင်သဖွယ် ဖြစ်လာခဲ့သည်။

“တာအိုရဲ့ အဆုံးသတ်မှာ အရာအားလုံးက ဗလာကျင်းနေတာလား” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်၏။ သူက ခြေထောက်ကို ကြွရင်း ဒဿမမြောက်တံတားဆီ လျှောက်လှမ်းလိုက်သည်။ သူ့ခြေထောက်ကြွလိုက်သည့်အခါ ကောင်းကင်ယံရှိ တံတားပုံရိပ်က ဖြည်းဖြည်းချင်းစီ ကျဆင်းလာခဲ့၏။ တံတားပုံရိပ်က သူ့ခန္ဓာကိုယ်ဖြင့် အပြီးတိုင် ပေါင်းစည်းသွားသည့်အခါ ဝမ်ပေါင်လဲ့၏ အရှိန်အဝါက ထပ်မံ ပေါက်ထွက်လာသည်။

ဓာတ်ငါးပါးက သူ့ဝန်းကျင်တွင် လှည့်ပတ်နေပြီး ရှင်သန်မှုနှင့် မရဏကလည်း တစ်ခုနှင့်တစ်ခု လိုက်ဖက်ညီနေသည်။

မျက်စိတစ်မှိတ်အတွင်း ဝမ်ပေါင်လဲ့က နဝမမြောက်တံတားနှင့် ဒဿမမြောက် တံတားကြားရှိ လေဟာနယ်ကို ဖြတ်သန်းလာပြီး ဒဿမမြောက်တံတားဆီ ရောက်ရှိလာသည်။

သူက မရပ်တန့်ခဲ့ပေ။ နောက်ထပ် ခြေတစ်လှမ်းဖြင့် သူ့ပုံရိပ်က ဒဿမမြောက်တံတား၏ အလယ်သို့ ရောက်ရှိလာခဲ့၏။ ထိုအရာက သူသည် နောက်တစ်လှမ်း လှမ်းတော့မည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ ခြေထောက်ကို မ မနိုင်တော့ပေ။

“ငါက ကန့်သတ်ချက်ကို ရောက်သွားပြီ” ဝမ်ပေါင်လဲ့က ရေရွတ်လိုက်၏။ ကမ္ဘာကြီးက တုန်ယင်သွားကာ ကောင်းကင်မှ လှိုင်းလုံးများ ပေါ်ထွက်လာသည်။ စကြဝဠာကြီးက လှုပ်ခတ်သွားဟန်ပေါ်၏။ သက်ရှိအားလုံးက ခေါင်းငုံ့လိုက်ကြသည်။ ဤစကြဝဠာတစ်ခုလုံးအတွင်း သူနှင့် ကျင့်ကြံဆင့်တူသည့်သူများကသာ သူ့ကို ကြည့်နိုင်ကြသည်။ ကျန်သည့်သူများကမူ အရည်အချင်း မပြည့်မှီပေ။

လက်ရှိ ငါက ဒဿမမြောက်တံတားကို မဖြတ်ကျော်နိုင်ဘူး…

ဝမ်ပေါင်လဲ့က တိတ်ဆိတ်နေ၏။ သူက လက်ရှိအနေအထားသည် ယခင်နှင့် ကွဲပြားကြောင်း ခံစားမိ၏။ ဒဿမမြောက်တံတားကို မတက်လှမ်းခင်က သူ ထိန်းချုပ်နိုင်သည့် တာအိုသည် ဓာတ်ငါးပါး၊ မရဏနှင့် ရှင်သန်မှုတို့သာ ဖြစ်၏။

သို့သော်လည်း ယခုတွင် စကြဝဠာထဲရှိ အရာအားလုံး၊ စကြဝဠာထဲရှိ တာအိုအားလုံးကို သူ့အနေဖြင့် အသုံးပြုလာနိုင်သည်။

သူက ပြီးပြည့်စုံစွာ အသုံးပြုနိုင်ခြင်း မရှိသေးသော်လည်း သူ့ရှေ့တွင်ရှိနေသည့် စတုတ္ထအဆင့်မှ လူများကိုမူ အလွယ်တကူ ဖိနှိပ်နိုင်စွမ်း ရှိလာပြီ ဖြစ်၏။ ဤသည်က ဖိနှိပ်မှုပုံစံတစ်မျိုး ဖြစ်လေသည်။

သူ့ကိုယ်သူ အာရုံခံလိုက်ရင်း ပထမဦးဆုံးအကြိမ် ဝမ်ပေါင်လဲ့က စကြဝဠာထဲ စုဝေးလာသည့် နတ်ဘုရားအသိစိတ်အားလုံးကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။ သူက ခေါင်းမော့ကာ စကြဝဠာထဲမှ ကြယ်တာရာကောင်းကင်ကို ခေါင်းမော့ကြည့်လိုက်၏။

သူက အဝေးတစ်နေရာရှိ ကုန်းမြေတစ်ခုကို မြင်လိုက်ရသည်။ ထိုအရာက ထာဝရကြယ်စင်ကုန်းမြေနှင့် ဆင်တူ၏။ ပုံရိပ်က သူ့ကို ကြည့်ကာ ခေါင်းအသာညိတ်ပြလာသည်။ ထိုပုံရိပ်က မဖော်ပြနိုင်သည့် ကံကြမ္မာအငွေ့အသက်တို့ကို ထုတ်လွှတ်လာသည်။ သို့သော် သူ့ ကံကြမ္မာ မဟုတ်ပေ။ သူ့တည်ရှိမှုကပင် စကြဝဠာထဲမှ ကံကြမ္မာတာအို တစ်စိတ်တစ်ပိုင်းဖြစ်နေသကဲ့သို့ ဖြစ်၏။

ထိုအရာအပြင် တခြားတစ်ဖက်တွင် ဝမ်ပေါင်လဲ့က စာရွက်တစ်ရွက်ကို မြင်လိုက်ရသည်။ ထိုအရာမှ အားကောင်းသည့် ကံဆက်နွယ်မှုကို ခံစားမိလိုက်၏။ ကြော့ရှင်းစွာ ဝတ်ဆင်ထားသည့် လူငယ်လေးက စာရွက်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေရင်း သူ့ကို ပြုံးပြလာသည်။

ဝမ်ပေါင်လဲ့က သူ့ခန္ဓာကိုယ်ထဲမှ သတ္တုတာအိုကို သယ်ဆောင်ထားသည့်အရာသည် ထိုအရာနှင် ပတ်သက်နေရမည် ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွားခဲ့၏။

တစ်ချိန်တည်းဆိုသလို သူက ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထိုပုံရိပ်၏ အကြည့်များက ရှုပ်ထွေးနေ၏။ သူက သက်ပြင်း ဆက်တိုက်ချနေသလိုမျိုး သူ့ကို ကြည့်လာခဲ့သည်။

ပုံရိပ်များစွာဟူ၍ မရှိဘဲ ပုံရိပ်က ရှစ်ခုသာ ရှိ၏။

သူက တစ်ယောက်ပြီးတစ်ယောက် ကြည့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့၏ အကြည့်က ဧရာမစကြဝဠာကြီး၏ ဗဟိုချက်ဆီ ကျရောက်လာသည်။ ဤနေရာတွင် အရာအားလုံးကို လွှမ်းမိုးထားသည့် အနီရောင်မြူခိုး ရှိ၏။ ထိုအရာက သံသရာကို ပိတ်ဆို့ထားသော်လည်း ထိုအရာထဲမှ ထွက်ပေါ်နေသည့် ရင်းနှီးပြီးသား ဆက်နွယ်မှုတစ်ခုကို မပိတ်ဆို့ထားနိုင်ပေ။

“ငါ့ရဲ့ အစစ်အမှန် ပုံစံက အဲဒီမှာပဲ”

“နတ်ဧကရာဇ်ရဲ့ ကျယ်ပြောတဲ့ တာအိုနယ်မြေ ဒါမှမဟုတ်ဘူးဆိုရင် မူလစကြဝဠာ တာအိုနေရာ” ဝမ်ပေါင်လဲ့က ထိုနေရာကို လှမ်းကြည့်လိုက်၏။ ဤသည်က သူ နောက်ထပ် သွားရမည့် နေရာတစ်ခု ဖြစ်ပေသည်။

သူက ဤရင်းနှီးပြီးသား ခံစားချက် သို့မဟုတ် ဆက်နွယ်မှုမျိုး ခံစားမိလိုက်ပြီး အနီရောင်မြူခိုးဖြင့် ဖုံးလွှမ်းထားသည့် ကြယ်တာရာကောင်းကင်ထဲ ဝင်ဖို့ ခြေတစ်လှမ်းမျှသာ လိုအပ်လေသည်။

All Chapters