← Chapters

အိပ်မက်မြို့တော်

Vol. 94 Ch. 1309

အိပ်မက်မြို့တော်

Vol. 94 Ch. 1309

မဟာစကြဝဠာထဲရှိ လူမှုအဖွဲ့အစည်းများစွာအတွက် ဝမ်ပေါင်လဲ့ ရောက်နေသည့်နေရာက သူတို့တစ်ဘဝလုံးအိပ်မက် မမက်ဖူးသည့် နေရာတစ်ခု ဖြစ်၏။

ဤမဟာစကြဝဠာထဲရှိ သက်ရှိများ၏ ၉၉ရာခိုင်နှုန်းလောက်က မူလစကြဝဠာတာအိုနေရာဟု ခေါ်ဆိုသည့် နေရာ ရှိကြောင်းပင် မသိကြပေ။

ထိုအရာက ရှေးကျလွန်းသည့်အတွက် ထိုအရာ ပါဝင်နေသည့် နှစ်များက စကြဝဠာအစောပိုင်း ဖြစ်တည်စဉ်အချိန် ပါဝင်နေသည်။ ထိုအရာက လျှို့ဝှက်ဆန်းကြယ်ကာ နက်နဲ၏။

အမှန်တကယ် ရှေးကျကာ သမိုင်းကြောင်းကို ဖြတ်ကျော်လာသည့် လူမှုအဖွဲ့အစည်းပမာဏ အနည်းငယ်ကသာ သူတို့၏ စုဆောင်းမှုများထဲ မှတ်တမ်းတချို့ ကျန်ရှိလိမ့်မည်။  အကယ်၍ ထိုမှတ်တမ်းများကို စုစည်းနိုင်သည့် စွမ်းရည်ရှိပါက မူလစကြဝဠာတာအိုနေရာ၏ အကြောင်းအရာ အကြမ်းဖျင်းကို လိုက်ရှာနိုင်လိမ့်မည်။

စကြဝဠာစတင်စဉ်က ပထမဦးဆုံး မွေးဖွားခဲ့သည့် သက်ရှိ ဖြစ်၏။  သူက ကြယ်တာရာကောင်းကင်ကို အုပ်စိုးပြီး သူ့နောက်တွင် မွေးဖွားခဲ့သည့် အထွတ်အထိပ် အင်အားစုများကို ဖိနှိပ်ထားကာ သူ့ကို မှီခိုရသည့် တည်ရှိမှု ဖြစ်လာစေသည်။

သူက အင်မတန် အားကောင်းကာ ပြိုင်ဘက်ကင်း၏။ သူက လွှမ်းမိုးမှုကြီးပြီး ရူးသွပ်နေခဲ့သည်။

မူလစကြဝဠာတာအိုနေရာက အကျဉ်းထောင်သဖွယ် ဖြစ်၏။ သူ့လက်အောက်တွင် ဖိနှိပ်ခံရသည့် အထွတ်အထိပ်ပုဂ္ဂိုလ်များက မျိုးဆက်များစွာတိုင် ဤနေရာမှ ထွက်သွားနိုင်မည် မဟုတ်ပေ။ သူတို့က သူ့အမိန့်ကို နာခံကာ သူတို့ကိုယ်ပိုင်စကြဝဠာကို ဖွဲ့စည်းထားသည့်အတွက် စကြဝဠာ ၁၀၈ ခု ဖြစ်နေခြင်းဖြစ်၏။

ထိုစကြဝဠာ၁၀၈ခုက အတူတကွ ရစ်ပတ်ကာ မူလစကြဝဠာတာအိုနေရာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာသည်။

မူလစကြဝဠာတာအိုနေရာ၏ အရှင်သခင်သည် ဤစွမ်းအားကြီးပုဂ္ဂိုလ် ၁၀၈ယောက်ကို အဘယ်ကြောင့် ပိတ်ဆို့ထားမှန်း မသိကြပေ။

ခန့်မှန်းချက်တချို့ရှိသော်လည်း လူများစွာကမူ သူ့ကျင့်ကြံရေးစနစ်ဖြင့် ဆက်နွယ်နေလိမ့်မည်ဟု ယုံကြည်ထားကြသည်။

အမှန်တရားအတွက်မူ လူအနည်းငယ်ကသာ အမှန်တကယ် သိကြ၏။

ထိုအရာအားလုံးက ထိုဧကရာဇ်နှင့် မူလစကြဝဠာတာအိုနေရာ၏ ဖော်ပြချက်သာ ဖြစ်ပေသည်။

ထိုမှတ်တမ်းများက တစ်ချိန်တည်းဆိုသလို ရပ်တန့်သွားလေ၏။ ထိုအချိန်က ဧကရာဇ်သည် ရူးသွပ်သွားသည့်အချိန် ဖြစ်ပေသည်။ သူက မဟာစကြဝဠာ၏ စည်းမျဉ်းအားလုံးကို ပေါင်းစည်းလိုခဲ့၏။ ထိုစဉ် သူ့အကြောင်း ကောလဟာလများက အချိန်နှင့်အမျှ မှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။ မူလစကြဝဠာတာအိုနေရာ၏ အကြောင်းများက သက်ရှိများ၏ မှတ်ဉာဏ်မှ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့၏။

ထိုစဉ်အချိန်ကတည်းက ပဉ္စမအဆင့် ရောက်ရှိသည့်သူများကသာ ထိုနယ်မြေနှင့် သမိုင်းကြောင်း အကြောင်းသိဖို့ အရည်အချင်း ပြည့်မှီကြသည်။

သူတို့ကသာ မူလစကြဝဠာတာအိုနေရာကို အာရုံခံနိုင်ကြ၏။

အကြောင်းအရင်းကမူ ထိုနေရာတွင် သဘာဝစည်းမျဉ်းဟူ၍ မရှိသလို အမှတ်အသားဟူ၍ မရှိဘဲ ဗလာကျင်းနေ၍ ဖြစ်သည်။

တူညီလှစွာ သူတို့က ထိုနေရာကို အာရုံခံမိပြီး သဲလွန်စရှာဖွေလျှင်ပင် နတ်ဧကရာဇ်က သစ်သားဓာတ်စမ်းသပ်ချက် ထိမှန်ပြီးသည့်နောက်တွင် မည်သူကမှ အသက်ရှင်လျက် ထွက်မလာခဲ့တော့ပေ။

အနီရောင်မြူက အရာအားလုံးကို ပိုင်းခြားထားပြီး ဝင်ရောက်သူများကပင် ပျောက်ကွယ်သွားကြသည်။

ထိုနေရာတွင် ဝင်ရောက်ကာ ထွက်လာနိုင်သည့်သူများက နည်းပါးလှ၏။ သူတို့အတွက် မူလစကြဝဠာတာအိုနေရာက ထိုရှေးဟောင်းအင်အားကြီးပုဂ္ဂိုလ်၏ အပိုင်သာ ဖြစ်သည်။ သူတို့အတွက် ဝင်ရောက်ဖို့ရာ အကြောင်းအရင်းဟူ၍ မရှိပေ။ သူတို့က ထိုနေရာဆီ လက်လွတ်စပယ် မသွားရဲကြပေ။

အကြောင်းအရင်းကမူ ပဋိပက္ခဖြစ်လာသည်နှင့် စကြဝဠာကြီးက ဆက်လက်တည်ရှိတော့မည် မဟုတ်ပေ။

ယနေ့တွင် ဝမ်ပေါင်လဲ့က ထူးကဲသည့် အိပ်မက်တာအိုနည်းစနစ်ကို အသုံးပြုကာ ထာဝရကြယ်စင်ကုန်းမြေမှ ထိုလျှို့ဝှက်ဆန်းကြယ်ကာ ရှေးကျသည့် မူလစကြဝဠာတာအိုနေရာဆီ ဆင်းသက်ခဲ့သည်။

သူက ကွဲပြားသည့် နည်းလမ်းဖြစ်သည့် အိပ်မက်တာအိုကို အသုံးပြုခဲ့၏။ ထိုအရာက ပုံရိပ်ယောင်နှင့် အစစ်အမှန် နှစ်မျိုးလုံး ဖြစ်နေလေ၏။ အိပ်မက်တာအိုနည်းစနစ်ကို ထုတ်ဖော်လိုက်သည်နှင့် ဝမ်ပေါင်လဲ့၏ အသိစိတ်က ကြယ်တာရာကောင်းကင်ကြီးကို ဖြတ်သန်းပြီး မူလစကြဝဠာတာအိုနေရာဆီ မြောလွင့်ကာ ပေါ်ထွက်လာသည်။

သူ မြင်တွေ့ခဲ့သည့် ဧရာမပုံရိပ်ကြီးသဖွယ် မဟုတ်တော့ပေ။ ထိုအစား ကြယ်များစွာဖြင့် ဖွဲ့စည်းထားသည့် ကြယ်မြေပုံတစ်ခု ဖြစ်နေလေ၏။

ထိုကြယ်များစွာက ဝမ်ပေါင်လဲ့၏ အမြင်တွင် တောက်ပနေကြသည်။ သူတို့က ကမ္ဘာမြေတွင် ရှိနေသည့် ကြယ်တာရာကောင်းကင်ကဲ့သို့ ဖြစ်၏။ သို့သော်လည်း ကြယ်အများစုက မှေးမှိန်နေပြီး သူတို့က အချိန်မရွေး ပျောက်ကွယ်သွားလုမတတ် ဖြစ်နေသည်။ တချို့ကသာ ဆက်လက် တောက်ပနေဆဲဖြစ်၏။ သေချာအနီးကပ်ကြည့်မည်ဆိုပါက ထိုအလင်းများကြား ငါးခုကသာ သာမန်တောက်ပမှုကို ထိန်းသိမ်းထားနိုင်ကြသည်။

ထိုအရာက ဝမ်ပေါင်လဲ့ကို တုံ့ဆိုင်းသွားစေ၏။ သူက အချိန်အတော်ကြာ အာရုံစိုက်နေခဲ့သည်။ သီးသန့်တာအိုကို ကျင့်ကြံပြီးသည့်နောက်တွင် သူက သူ ရှိနေသည့်ကြယ်စင်များသည် မည်သည်ကို ဆိုလိုကြောင်း နားလည်ထားသည်။

အိပ်မက်တာအိုက ဒီနေရာဆီ ရောက်ရှိလာတာ။ ငါက တကယ့်ခန္ဓာကိုယ် မဟုတ်ဘူး။ အသိစိတ်မျှင်ပဲ။ အဲဒါကြောင့် ငါ့ဆီမှာ ထိတွေ့မှု၊ အကြားအာရုံနဲ့ အမြင်အာရုံ  ရှိမှာမ ဟုတ်ဘူး။ ဒီကြယ်စင်လို့ခေါ်နေတဲ့ အရာတွေက တကယ့်ကြယ် မဟုတ်ဘဲနဲ့ အိပ်မက်တွေပဲ…

ကြယ်စင်တိုင်းက သက်ရှိရဲ့ အိပ်မက်တစ်ခုဆိုရင် အလင်းက တောက်ပလေလေ အိပ်မက်က ပိုပြီး တည်ငြိမ်လေလေပဲ။

“ ဒီမူလစကြဝဠာတာအိုနေရာထဲကို အမှန်တကယ် ဝင်ရောက်နိုင်ဖို့ ငါက အဲဒီအိပ်မက်နဲ့ ပေါင်းစည်းဖို့ လိုတယ်။ အဲဒီအိပ်မက်ထဲမှာ အိပ်မက်မက်သူတွေကို ရှာဖွေပြီးတော့ သူ့ကို နိုးထအောင် လုပ်ဖို့လိုတယ်။ သူ နိုးထလာတာနဲ့အိပ်မက်က ကြေမွသွားပြီးတော့ ပုံရိပ်ယောင်နဲ့ အတွေးက ရောယှက်သွားပြီး ငါက အဲဒီနေရာကို အစစ်အမှန် ရောက်ရှိသွားလိမ့်မယ်”

ဝမ်ပေါင်လဲ့က အတွေးနက်နေရင်း ကြယ်အလင်းရောင်ကို အာရုံစိုက်လိုက်သည်။ မှေးမှိန်နေသည့် အရာများကို ချက်ချင်း ပယ်ထုတ်လိုက်၏။ ဤသို့သော အိပ်မက်မျိုးက အချိန်မရွေး ဖျက်ဆီးခံရနိုင်ချေရှိသည်။ သူသည်ပင် ဝင်ရောက်လိုက်သည်နှင့် ဖျက်ဆီးခံရနိုင်ချေရှိ၏။ ဤနည်းဖြင့် သူက အိပ်မက်သခင်ကို ရှာနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် ဤသို့သော ပုံစံက သက်ရောက်မှု မရှိပေ။ ထိုအရာ ကျဆုံးသွားသည်နှင့် အသိစိတ်အမျှင်ကလည်း ပျောက်ကွယ်သွားမည် ဖြစ်၏။

အတည်ငြိမ်ဆုံးငါးခုကမူ ဝမ်ပေါင်လဲ့၏ ပထမဦးဆုံး ရွေးချယ်မှု ဖြစ်ပေသည်။ သို့သော်လည်း သူ့အသိစိတ်ကို ဖြန့်ကျက်ပြီး သူ ပေါင်းစည်းဖို့ရာအတွက် တစ်စုံတစ်ခုကို ရွေးချယ်တော့မည်ဖြစ်၏။ ဝမ်ပေါင်လဲ့၏ စိတ်ထဲ ရုတ်တရက် လှုပ်ခတ်သွားသည်။ သူ့အာရုံထဲ မှေးမှိန်မနေတော့သော်လည်း ကြာရှည်ခံမည် မဟုတ်သည့် ကြယ်တစ်လုံးကို အာရုံခံမိလိုက်သည်။ ထိုကြယ်စင်ထွက်ပေါ်နေသည့် အလင်းရောင်က ဝမ်ပေါင်လဲ့အား ရင်းနှီးသည့် အငွေ့အသက်ကို ပေးစွမ်း၏။

“ဝူလေးရဲ့ အငွေ့အသက်လား”

ဝမ်ပေါင်လဲ့က ထိုကြယ်စင်မှ အလင်းတန်းကို အာရုံခံလိုက်ရင်း ဝူလေး၏အငွေ့အသက်ကို ခံစားမိလိုက်သည်။ ဆိုလိုသည်မှာ အိပ်မက်သခင်သည် ဝူလေးနှင့် ပတ်သက်နေခြင်းသာ ဖြစ်ရမည်။ ပို၍အတိအကျပြောရမည်ဆိုလျှင် သူက အိပ်မက်ထဲတွင် ဝူလေးကို ထည့်မက်နေခြင်း ဖြစ်၏။

ဝမ်ပေါင်လဲ့က အတွေးနက်နေမိသည်။ ခေတ္တမျှ တွေးပြီးသည့်နောက်တွင် သူက အတည်ငြိမ်ဆုံးဖြစ်ဟန်ပေါ်သည့် အိပ်မက်ငါးခုကို လက်လျှော့လိုက်ပြီး ဝူလေး၏ အငွေ့အသက်ရှိသည့် ကြယ်စင်ကို ရွေးချယ်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူက အာရုံကို ဖြန့်ကျက်ပြီး ပေါင်းစည်းလိုက်၏။

အမည်မသိအချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် သူ့ဆုံးရှုံးသွားသည့် ထိတွေ့မှုတို့က ပြန်လည်ရရှိလာသည်။ ဝမ်ပေါင်လဲ့က သူ့အရေပြားအထက် အေးစက်စက်လေတစ်ချက် တိုက်ခတ်သွားသည်ကို ခံစားမိလိုက်၏။

ထို့နောက် ရနံ့ခံနိုင်စွမ်း ပြန်လည်ရရှိလာသည်။ သူက မိုးရွာပြီးသည့်နောက် မိုးမြေကြားတွင်ရှိနေသည့် သင်းပျံ့ပျံ့ ရနံ့ကို အနံ့ရလိုက်မိသည်။ အသံအာရုံအပြီးတွင် ခြေလှမ်း၊ မိုးစက်နှင့် အသံများလည်း ပြန်လည်ကြားလိုက်ရသည်။

နောက်ဆုံးတွင် ဝမ်ပေါင်လဲ့က မျက်လုံးဖွင့်လိုက်၏။

သူက တိမ်မဲ့များဖြင့် လွှမ်းခြုံနေသည့် ကောင်းကင်ကြီးကို မြင်လိုက်ရသည်။ သူက ကောင်းကင်ယံမှ မိုးများကျဆင်းနေပြီး မြေကြီးအထက် ရွှံ့ဗွက်များ ဖြစ်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။ သူ့ရှေ့တွင် ထီးကိုယ်စီ ဆောင်းလျက် သွားလာနေသည့်သူများကိုပင် မြင်လိုက်ရ၏။

သူ့ရှေ့တွင် ရှိနေသည့်ကမ္ဘာကြီးက ပိုမိုရှင်းလင်းပြတ်သားလာသည်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့၏ စိတ်ထဲ ဧရာမမြို့ကြီးတစ်ခု ပေါ်ထွက်လာ၏။ မြို့ထဲတွင် လူများစွာရှိနေသည်။ မိုးရွာသွန်းနေသော်လည်း အသက်ဝင်စည်ကားနေဆဲသာ ဖြစ်၏။

ထိုအခိုက်အတန့်တွင် သူက မြို့ထဲမှ လမ်းမတစ်ခုအထက် ရပ်နေပြီး ဆီစိမ် ထီးကို လက်ထဲတွင် ကိုင်ဆောင်ထားသည်။

ခဏအကြာတွင် ဝမ်ပေါင်လဲ့က အသက်ပြင်းပြင်းရှူကာ ထီးမှ လက်ကိုဆန့်ထုတ်ပြီး မိုးရေစက်ကို ခံလိုက်သည်။ သူက မိုးစက်မှ အေးစက်မှုကို ခံစားမိလိုက်သည်။ သူက ခေါင်းကို မော့ကာ အဝေးတစ်နေရာရှိ တော်ဝင်နန်းဆောင်ကို လှမ်းကြည့်လိုက်၏။ ထိုနေရာတွင် ဧရာမတိရစ္ဆာန်အရုပ်ကြီး ရှိနေသည်။ ထိုတိရစ္ဆာန်အရုပ်က သက်ဝင်လှုပ်ရှားနေသည့် ကြက်တူရွေးတစ်ကောင်နှင့် တူ၏။

“မြေနက်အင်ပါယာ” ဝမ်ပေါင်လဲ့က တီးတိုးရေရွတ်လိုက်သည်။

All Chapters