"ညှာတာခြင်းကင်းသော သတ်ဖြတ်မှု"
Vol. 5 Ch. 61
မင်းသမီးမှာ ဆူဇန်၏ သတိပေးမှုအား ဂရုမစိုက်ချေ။ သူမပြုံးလိုက်ပြီး "သူကြေအေးပေးတာ၊မပေးတာကို ငါက ဘာလို့ဂရုစိုက်ဖို့လိုမှာလဲ...။ ဇစ်ဂေါ့ဖ်က သူ့ရဲ့လူယုံ စီးမက်ခ်ကို ထရိုပင်စကီအနောက်ကို တချိန်လုံးလိုက်ခိုင်းထားတာ သဘောရိုးနဲ့လို့ထင်လား...။ စီးမက်ခ်အခုသေသွားတာ ငါ့အတွက်ပိုကောင်းတယ်။ ငါကိုယ်တိုင် ကပ္ပတိန်ရိုမန် ကိုသတ်ခိုင်းဖို့တောင်းဆိုစရာမလိုတော့ဘူးပေါ့။ ဟီးဟီး နောက်ပြီး အခုစီးမက်ခ်ကို သတ်မှာက ငါမဟုတ်ဘူး ဘုရင်အလတ်ဇန္ဒားလေ....."
အမျိုးသမီးစစ်သည် ထိုအရာက်ိုကြားသော် မင်းသမီးအား ထိတ်လန့်မိသွားသည်။
............
ရင်ပြင်၏ အလယ်ခေါင်တွင်ဖြစ်သည်။
စူးရှသည့် လူသတ်ချင်စိတ်အာရုံများသည် မင်းသားထရိုပင်စကီထံသို့ တရွေ့ရွေ့ချည်းကပ်လာသည်။ မင်းသားမှာ ကြယ်နှစ်လုံးအဆင့် စစ်သည်ဖြစ်သော်လည်း ထိုကဲ့သို့ဖိအားမျိုးနှင့် ရင်ဆိုင်ရသည့်အချိန်တွင် မက်တပ်ပင် အနိုင်အနိုင်ရပ်နေရသည်ကို ထိတ်လန့်အံ့သြဖွယ်သိရှိလိုက်ရသည်။ သို့သော် မင်းသားမှာ အံကြိတ်လျှက် ခြေလှမ်းတစ်လှမ်းမှနောက်ဆုတ်မသွားပဲ နေရာ၌တွင်ဆက်လက်ရပ်နေ၏။
ဖှေးလည်း ဆက်လက်တိုးကပ်လာသည်။
ထိုအချိန်တွင် လူတိုင်း၏အမြင်အာရုံများခနတာဝေဝါးသွားပြီး မင်းသားငယ်နှင့် ဖှေးအကြားတွင် အရပ်ရှည်ရှည်နှင့် လူတစ်ယောက်ရုတ်တရက်ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။
"မင်းက ဘယ်သူလဲ..."
ဖှေး မျက်မှောင်ကြုံ့လိုက်သည်။ လူရိုင်းဇာတ်ကောင်၏ မသိစိတ်များမှာ ဖှေးအား အန္တရာယ်ကို သတိပေးလျှက်ရှိသည်။ ရုတ်တရက်ရောက်ရှိလာသော ပြုံးနေသော ဆံပင်ရွှေရောင်နှင့် စစ်သည်မှာ ဖှေးအားမကြုံဖူးသော ဖိအားများပေးလျှက်ရှိသည်။ ဤလူမှာ အနည်းဆုံး ကြယ်သုံးလုံးအဆင့်ရှိသော စစ်သည်ဖြစ်ပေလိမ့်မည်။
"ဇီးနစ်အင်ပါယာရဲ့ သူရဲကောင်း ကပ္ပတိန်ရိုမန်ပါ။" ဆံပင်ရွှေရောင်နှင့် စစ်သည်ပြုံးပြီး ပြန်ဖြေလိုက်သည်။ သူ့တွင် စီးမက်ခ် နှင့် ကျန်မြင်းစစ်သည်များကဲ့သို့ မာနထောင်လွှားသည် ပုံစံမရှိချေ။ သူ၏နာမည်အားပြောအပြီးတွင် ဘုရင်အား လေးစားမှုပေးသည့်အနေဖြင့် ခေါင်းအနည်းငယ်ငုံ့ကာအရိုအသေပေးလိုက်သည်။ ထိုကဲ့သို့ပြေပြစ်သောအမူအရာတို့ကြောင့် လူတိုင်းမှာသူ့အား နွေးထွေးဖော်ရွေသည့်လူဟု ထင်ကြ၏။
ဖှေး ပြန်ပြုံးပြလိုက်သည်။ "အိုး နာမည်ကြီးတဲ့ သူရဲကောင်းရိုမန်ပါလား....ငါ့ကို တားဖို့ရောက်လာပြီပေါ့...."
ရိုမန်၏ မျက်နှာမှ အပြုံးမှာမပျောက်ကွယ်သေးပေ။ သူ၏မျက်လုံးများ ကျဥ်းမြောင်းလိုက်ပြီး ဖှေးအားပြောလိုက်သည်။ "ရိုးရိုးသားသားပြောရရင်တော့ ကျွန်တော်လဲ ဘုရင်အလတ်ဇန္ဒားနဲ့ တစ်ပွဲတစ်လမ်းလောက်တိုက်ခိုက်ကြည့်ချင်ပါသေးတယ်။ လက်အောက်ခံနိုင်ငံတွေရဲ့ ဘုရင်တွေထဲမှာ အရှင့်ကိုပဲ ကျွန်တော်လေးစားမိတယ်....ဒါပေမယ့် မင်းသမီးက မတိုက်ခိုက်ဖို့ အမိန့်ပေးလိုက်တယ်လေ...ဒီကိုလာတာ အရှင်နဲ့တိုက်ခိုက်ဖို့မဟုတ်ပါဘူး..မင်းသားကိုခေါ်ဖို့လာတာပါ..."
"အော်"
ဖှေး ထိုအဖြေကြောင့် အံ့သြသွားသည်။ သူ၏အရှေ့တွင် ရှိနေသည့် ချွေးများစိုရွဲနေသော ထရိုပင်စကီကိုကြည့်လိုက်ပြီး စိတ်ထဲတွင်တစ်ခု ဖျတ်ကနဲပေါ်လာ၏။ သူခေါင်းငြိမ့်ပြီး ပြောလိုက်သည် "ငါက အကြောင်းမဲ့လူသတ်တဲ့သူမဟုတ်ပါဘူး...သူ့ကိုခေါ်သွားလို့ရပါတယ်...ဒါပေမယ့် စီးမက်ခ်လို့ခေါ်တဲ့ ခွေးသားကတော့ နေခဲ့ရမယ်။ ဒီကောင်က ချမ်းဘော့ဒ်ကို အရင်စပြီးစော်ကားတာ အဲ့အတွက် သူသေကိုသေရမယ်...."
သူရဲကောင်း ကပ္ပတိန်ရိုမန် မှာ ပုခုံးတွန့်ပြလိုက်ပြီး မင်းသားထရိုပင်စကီအား ပုခုံးမှကိုင်လိုက်သည်။ ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်အား ယိမ်းလိုက်ရာ လူတိုင်းသူတို့၏ မျက်လုံးထဲတွင် ရွှေရောင်အလင်းတန်းတစ်ခုကိုသာ ဖျတ်ကနဲမြင်လိုက်ရသည်။ မင်းသားထရိုပင်စကီနှင့် ပြုံးနေသော စစ်သည် ရိုမန်မှာ ပျောက်ကွယ်သွား၏။
ဖှေး၏ မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ သူသည် လယ်ဗယ်(အဆင့်)၁၂ လူရိုင်းဇာတ်ကောင်အစွမ်းများရှိသော်လည်း ရိုမန်၏ လှုပ်ရှားမှုကို မမြင်လိုက်ရချေ။ ရိုမန်မှာ တစ်စုံတစ်ယောက်ကို ကိုင်စွဲပြီးထွက်ခွာသွားခြင်းဖြစ်သော်လည်း ဖှေးသူတို့ဘယ်ရောက်သွားသည်စသော လှုပ်ရှားမှုတို့ကိုမမြင်လိုက်ရ။ မျက်စိရှေ့မှ ချက်ချင်း ပျောက်ကွယ်သွားသကဲ့သို့ပင်။ "ငါသူ့ရဲ့အစွမ်းကို ခန့်မှန်းတာမှားသွားပြီ။ သူက ငါထင်တာထက် ပိုပြီးကြောက်စရာကောင်းတာပဲ....သူက ကြယ်သုံးလုံးစစ်သည်ထက် အများကြီးပိုစွမ်းတယ်။ ရိုမန်ဆိုတဲ့ဘဲက အနည်းဆုံးကြယ်လေးလုံးအဆင့်ရှိမှာပဲ......"
ဤအခိုက်အတန့်တွင် ဖှေး သူ၏အစွမ်းများကို တိုးမြှင့်ရန်လိုအပ်ချက်ကို ခံစားလိုက်ရသည်။
"ငါဒီကိစ္စတွေအကုန် ဖြေရှင်းပြီးသွားရင် ဒိုင်ယာဘလို ကမ္ဘာကိုပြန်သွားပြီး လယ်ဗယ်(အဆင့်) မြင့်နိုင်သမျှ မြင့်အောင်လုပ်ရမယ်။ ကြယ်နှစ်လုံးအဆင့်ပဲရှိတဲ့ အမိအင်ပါယာက စစ်သည်အရာရှိကတောင် လက်အောက်ခံနိုင်ငံတစ်ခုရဲ့ ပါတီပွဲမှာ မိဖုရားကို ထိပါးဖို့ကြံရဲသေးတာပဲ။ တစ်ခြားရာထူးပိုကြီးတဲ့လူတွေ လောဘကြီးလာရင်မချောင်လောက်ဘူး.....ဒီတိုက်မှာ ရှင်သန်ပြီး လူလိုသူလိုနေထိုင်နိုင်ဖို့က စွမ်းအားကြီးနေမှဖြစ်မယ်....."
ဖှေးစိတ်ထဲမှ ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ ထို့နောက်တွင် အထင်သေးသော အမူအရာဖြင့် စီးမက်ခ်ထံသို့ ချည်းကပ်သွား၏။ ဖှေး သူ့အား အလျှင်စလိုမသတ်လိုချေ။ ဖြေးဖြေးခြင်းပင် ချည်းကပ်သွားပြီ စီးမက်ခ်အား ဖိအားများစွာခံစားစေလျှက်ရှိသည်။
"မဟုတ်ဘူး....မဟုတ်ဘူး....ငါက ဇီးနစ်အင်ပါယာရဲ့ စစ်သည်အရာရှိတစ်ယောက်နော်.....ငါသေလို့မရဘူး......မင်းငါ့ကို သတ်လို့မရဘူး......"သူ၏တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည့် မင်းသားထရိုပင်စကီနှင့် သူရဲကောင်း ရိုမန်တို့ သူ့အားအသိမှတ်မပြုပဲထွက်ခွာသွားကြပြီး၊ ဘုရင်မှာ သူ့အားသတ်ဖြတ်ရန် တဖြည်းဖြည်းချည်းကပ်လာသည်ကို တွေ့သောအခါ စီးမက်ခ် ကြောက်လန့်ရမ်းကားနေ၏။ ဤသည်မှာ စီးမက်ခ် ပထမဦးဆုံးအနေဖြင့် သေခါးနီးအခြေအနေသို့ရောက်ရှိခြင်းဖြစ်ပြီး ကြောက်လန့်ကာ ပြာယာခက်နေတော့သည်။ ချောင်ပိတ်ခံနေရသော မြေခွေးတစ်ကောင်ကဲ့သို့ ကြောက်လန့်တကြား အော်ဟစ်ကာ ရန်သူအား ခြောက်လန့်လွှတ်ရန်ကြိုးစားနေ၏။
သို့သော် ချည်းကပ်လာသော လူမှာ လုံးဝရပ်တံ့သွားခြင်းမရှိပေ။
"မလုပ်ပါနဲ့...မလုပ်ပါနဲ့...ကျွန်တော်တောင်းပန်ပါတယ်...ဒူးထောက်ပြီး ဖိနပ်ကိုနမ်းဆိုရင်လည်း နမ်းပါ့မယ် အသက်ချမ်းသာပေးပါ....ကျေးဇူးပြုပြီး ညာတာပေးပါ....." စီးမက်ခ် ဒူးထောက်ပြီး တောင်းပန်နေ၏။
သို့သော် ဘာမှထူးမလာချေ။
ဘေးရှိ ချမ်းဘော့ဒ် မြို့သားများမှာ လက်သီးလက်မောင်းတန်းလျှက် "သတ်ပစ်၊ သတ်ပစ်"ဟု ကြွေးကြော်နေကြသည်။
စီးမက်ခ်မှာ တောင်းပန်နေတုန်းပင်။ ဒေါသထွက်နေသော လူများ၏မျက်နှာအား မီးပုံ၏အလင်းရောင်မှ ထင်ဟပ်နေသည်။စီးမက်ခ် ပိုးမွှားကဲ့သို့ဆက်ဆံခဲ့သော မြို့သူမြို့သားများမှာ ယခုအခါတွင် သူ့အား မကြုံဖူးသေးသော ကြောက်လန့်မှုများ ပေးလျှက်ရှိသည်။
နောက်ဆုံးတွင်....
"သေစမ်းကွာ....ကျား......"
ချောင်ပိတ်မိနေသော စီးမက်ခ်မှာ မြေပြင်ပေါ်ရှိ မြင်းစစ်သည်တစ်ဦးအလောင်းအနားမှ ဓားတစ်ချောင်းအား ကောက်ယူပြီး ရုတ်တရက်တိုက်ခိုက်လိုက်တော့သည်။ အဝါရောင်အတွင်းအားစွမ်းအင်းများကို ချက်ချင်းပင်ထုတ်သုံးလိုက်ပြီး ဖှေးထံသို့ လေမုန်တိုင်းတစ်ခုကဲ့သို့ ဝင်ရောက်လာသည်။
"ကလေးကွက်တွေ..."
ဖှေး သူ၏လက်ထဲမှ မုန်တိုင်းဆေဘာဓားအား ဝှေ့ရမ်းလိုက်သည်။
ရလဒ်မှာ မေးစရာပင်လိုမည်မဟုတ်ချေ။ စီမက်ခ်သဲအိပ်တစ်အိပ်ကဲ့သို့ အနောက်သို့လွင့်ထွက်သွားပြီး ကျောက်တုံးနတ်ရုပ်တုကြီးနှင့် ထက်မံထိရိုက်မိသည်။ "ချွတ် ချွတ်" အရိုးများကျိုးကြေ ကုန်သည့်အသံဖြစ်သည်။ ယခုအခါတွင် အလွန်မာနကြီးလှသော ကပ္ပတိန်စီးမက်ခ်မှာ ပြန်မထနိုင်တော့ချေ။
"ဝှစ်"
ဖှေး ခန္ဓာကိုယ်အား ယိမ်းလိုက်ပြီး စီးမက်ခ်၏ အရှေ့သို့ လျှင်မြန်စွာပင်ရောက်ရှိသွား၏။ သူစိတ်မရှည်တော့ချေ။ စီးမက်ခ်အား ဆံပင်ကနေပြီး ကိုင်စွဲမပြီး လည်ပင်းအားဖြင့်ရွယ်ကာ နောက်ဆုံးအနေဖြင့် စကားတစ်ခွန်းပြောလိုက်သည်။ "စားပွဲအဝိုင်းအကကြည့်ချင်တာလား ခွေးသား။ မင်းအမေကို သွားကခိုင်းလိုက်..."
"ဇွပ်"
ကြောက်လန့်နေသော စီးမက်ခ်၏ အကြည့်များအောက်တွင် မုန်တိုင်းဆေဘာဓားမှာ သူ၏လည်ပင်းထဲသို့ လွယ်ကူစွာပင် ဖောက်ဝင်သွားတော့သည်။ ဓားထိပ်မှာ စီးမက်ခ်၏ လည်ပင်းအနောက်မှ ပြန်လည်ဖောက်ထွက်လာခဲ့သည်။ ဖှေးဓားအား ရမ်းလိုက်ပြီး မာနထောင်လွှားနေခဲ့သော စစ်သည်ခေါင်းဆောင်အရာရှိအား ခေါင်းဖြတ်ပစ်လိုက်တော့သည်။
"ချမ်းဘော့ဒ်ကို ထိခိုက်ဖို့ကြိုးစားလာတဲ့သူမှန်သမျှ အသတ်ခံရမယ်....."
ဖှေး ခေါင်းပြတ်အား ရင်ပြင်ပေါ်ရှိ နတ်ဘုရားရုပ်တုအားလုံး၏ အရှေ့တွင်ရှိသော စင်တစ်ခုပေါ်သို့ ပစ်တင်ပြီး အော်ဟစ်လိုက်သည်။ "ချမ်းဘော့ဒ်ကို ထိခိုက်ဖို့ကြိုးစားလာတဲ့သူမှန်သမျှ အသတ်ခံရမယ်....." ဟူသော စကားမှာ မြို့သူမြို့သားများ၏ နှလုံးသားအား ထိမှန်သွားသည်။ ဤကဲ့သို့စစ်ပွဲများလှသော ခေတ်ကြီးထဲတွင် ပထမဆုံးအနေဖြင့် လုံခြုံသွားသကဲ့သို့ ခံစားရ၏။
"ဘုရင်အလတ်ဇန္ဒားကို ဂုဏ်ပြုပါတယ်..." ဖှေး၏ ဘေးပတ်ပတ်လည်တွင်ရှိသော ချမ်းဘော့ဒ်မြို့သူမြို့သားများမှာ ဒူးထောက်ပြီးအရိုအသေပြုလိုက်ကြတော့သည်။
..............
ရင်ပြင်၏ မြောက်ဘက်တွင်ရှိသော နန်းတော်လှေကားပေါ်တွင်ဖြစ်သည်။
အသက်ကြီး ခန့်ညားလှပသော ဘတ်စ်နှင့် ချမ်းဘော့ဒ် နံပါတ်၁ စစ်သည် လမ်းပါ့ဒ်တို့နှစ်ယောက် ဘေးချင်းကပ်ယှဥ်ပြီး ရပ်နေကြသည်။ ဤအခိုက်တန့်တွင် သူတို့နှစ်ယောက် တစ်ယောက်မှ စကားမပြောကြချေ။ သူတို့၏ မျက်လုံးများမှာ ကြယ်စုံ ကောင်းကင်ရံအောက်ရှိ မီးပုံသို့သာရောက်ရှိနေကြ၏။
တော်ဝင်မိသားစု၏ ဘဏ္ဍာထိန်း၊ အန်ဂျယ်လာ၏ ဖခင်တစ်ယောက်အနေဖြင့် ဘတ်စ်မှာ ပြသနာစဖြစ်စဥ်ကတည်းက အမြန်ပြေးသွားပြီး ဖြေရှင်းအသင့်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ သို့သော် ပြသနာတတ်နေရာနေသာသို့ ဖှေးရောက်လာသည်ကို မြင်သောအခါ ဘတ်စ်သူ၏ အပြေးသွားချင်စိတ်ကို ချုပ်ထိန်းခဲ့သည်။ ဖှေး သူ၏ဓားကို ကိုင်မြှောက်ပြီး မြင်းစစ်သည်တစ်ယောက်ကိုသတ်လိုက်သည့်အချိန်တွင်မူ ဘတ်စ်မှာ အလွန်ထိတ်လန့်သွားခဲ့ရ၏။ သူ၏စိတ်ထဲတွင် ပထမဦးဆုံးပေါ်လာသည့်အရာမှာ ဇီးနစ်အင်ပါယာကို ဖီဆန်သည့်အတွက် ရရှိလာမည့် ကြောက်မက်ဖွယ် အကျိုးဆက်များပင်။ ထို့ကြောင့် ဖှေး၏ ကမူးရှူးထိုးလုပ်ရပ်များအား သွားရောက်တားဆီးရန်ပြင်လိုက်သည်။ သို့သော် ခြေလှမ်းနှစ်လှမ်းခန့်လှမ်းပြီးသော် ရုတ်တရက်တစ်ခုခုအားတွေးလိုက်မိပြီး ယခင်ရပ်နေသည့်နေရာသို့သာ ပြန်လာခဲ့သည်။
ထိုအချိန်တွင် ဘတ်စ်၏ စိတ်မှာ လုံးဝတည်ငြိမ်သွားပြီဖြစ်သည်။ မင်းသားထရိုပင်စကီနှင့် ရိုမန်တို့ဘေးတွင် ရပ်နေသော ဝတ်ရုံခြုံထားသည့်လူနှစ်ဦးကိုပါ လှမ်းမြင်၊ သတိထားလိုက်မိ၏။ ဘတ်စ်၏ စူးရှထက်မြတ်သည့် မျက်လုံးများမှာ ထိုသူနှစ်ဦး မည်သူတွေဖြစ်သည်ဆိုသည်အား ချက်ချင်းပင် သိရှိလိုက်၏။ ထီးနန်းတင်မြှောက်ပေးမည့် သံတမန်အဖွဲ့နှင့် အတူ ချမ်းဘော့ဒ်သို့ပြန်လာခဲ့စဥ်က ဘတ်စ် ထိုအမျိုးသမီး၏ ရည်ရွယ်ချက်အကြံအစည်ကို သိရှိရန်ကြိုးစားနေခဲ့သည်။ သို့သော်ယခုအချိန်တွင် မလိုအပ်တော့ဟု ဘတ်စ်ခံစားမိလိုက်သည်။ ဘတ်စ် ကျောကိုမက်လိုက်ပြီး ပို၍ပင် ဖြောင်ဖြောင့်မက်နမက်ရပ်လိုက်သည်။
"မင်း ဒီတစ်ခါ တော်တော်ကြိုးစားခဲ့ရတာပဲ ဘတ်စ်" တိတ်ဆိတ်နေသော လမ်းပါ့ဒ်မှာ ရုတ်တရက်ပြောလိုက်သည်။ "မြို့သားတွေကတော့ အခုလောလောဆယ်မင်းကို အထင်အမြင်လွဲပြီး အမြင်မကြည်ဖြစ်နေကြပေမယ့်...ဘုရင်အလတ်ဇန္ဒား ကတော့ တစ်နေ့မှာ မင်းရဲ့ရည်ရွယ်ချက်ကောင်း စေတနာတွေကို နားလည်လာမှာပါ......"
ဘတ်စ် တစ်ဖက်သို့ လှည့်ပြီး ပြန်လည်ပြုံးပြလိုက်သည်။
"ဒီတစ်ခါတော့ မင်းမှားသွားပြီ ဖရန့်ခ်။ တစ်နေ့နေ့ကျရင်နားလည်လာမှာမဟုတ်ပါဘူး...ဘုရင်အလတ်ဇန္ဒားက အစကတည်းက ငါ့ရည်ရွယ်ချက်တွေကို နားလည်နေခဲ့တယ်လို့ ငါယုံကြည်တယ်...."
...........
ရင်ပြင်၏ ဘေးတစ်ဖက်တွင်ဖြစ်သည်။
ရင်ပြည်၏အလယ်တွင် ရပ်နေသော လူမှာ စီးမက်ခ် ကိုမတွန့်မဆုတ်သတ်ပစ်လိုက်ပြီး ဘေးရှိလူများအားလုံး ဒူးထောက်လိုက်သည်ကိုမြင်သောအခါ တိတ်ဆိတ်နေခဲ့သော မင်းသမီးမှာရုတ်တရက် သက်ပြင်းချလိုက်ပြီး တစ်ဖက်သို့လှည့်ကာ ထွက်ခွာသွား၏။
"သွားကြစို့ ငါတို့ဒီကိစ္စကို ဘယ်တုန်းကမှမဖြစ်ခဲ့သလိုပဲ သဘောထားကြမယ်....သံတမန်အဖွဲ့ကလူတွေဘယ်သူမှ ဒီအကြောင်းကို ထပ်မပြောရဘူး...."
ဤသည်မှာ သူမ၏ ယနေ့အတွက် ဒုတိယအမိန့်ဖြစ်သည်။
..............
..............
သွေးထွက်သံယို ပြသနာကြီးတစ်ခုတက်ခဲ့သော်လည်း ချမ်းဘော့ဒ်၏ အောင်ပွဲခံပါတီပွဲမှာ မိုးလင်းသည်အထိပင် ဆက်လက်ကျင်းပ၏။ ကောင်းကင်ကြီး လင်းထိန်ပြီး နေထွက်လာသောအခါတွင်မှသာ မြို့သူမြို့သားများနှင့် စစ်သားများ ပျော်လို့အားမရသေးပဲ အိမ်ပြန်ကုန်ကြရ၏။ ရှုပ်ပွနေသော ပါတီပွဲ၏ ခြေရာလက်ရာများမှာ ရင်ပြင်ပေါ်တွင် ကျန်ရှိနေခဲ့၏။
ဖှေးမှာ တွေ့သမျှ လူတိုင်းတိုက်သော ဝိုင်တိုင်းအား သောက်ပြီးနောက်အတွင် အလွန်ပင် မူးသွားခဲ့၏။ အန်ဂျယ်လာနှင့် အန်မာတို့ တွဲခေါ်၍ပင် နန်းတော်သို့ပြန်လာနိုင်ခဲ့သည်။ အိပ်ရာပေါ်သို့ရောက်ရောက်ခြင်းပင် သူဘာကိုမှမစိုးရိမ်ပဲ အိပ်ပျော်သွားခဲ့သည်။
အတွေ့အကြုံနှင့် ပညာသတိရှိသော ဘရွတ်မှာ ဘုရင်ကဲ့သို့ အေးဆေးမနေရဲချေ။ မနေ့ကပွဲတွင် တော်ဝင်မြင်းသည်တော်များနှင့် ခေါင်းဆောင်အား သတ်ဖြတ်လိုက်ခြင်းတို့ကြောင့် လက်စားခြေလာခြင်းတို့ကို ကာကွယ်ရန်အတွက် စစ်သား၁၀၀ ကျော်နှင့်အတူ သံတမန်နေထိုင်ရာနေရာအား သူကိုယ်တိုင်စောင့်ကြည့်နေခဲ့သည်။
ခံတပ်နံရံပေါ်ရှိ စောင့်ကြည့်သူများနှင့် နန်းတော်ထဲတွင် ကင်းလှည့်သူများကလဲ ဘရွတ်အမိန့်အောက်တွင် ချောမွေ့စွာ ထမ်းဆောင်နေကြသည်။ ပီးရာ့စ်နှင့် ဒရော့ဂ်ဘာ တို့မှာလဲ ညကင်းစောင့်ရန်အတွက် ခံတပ်နံရံပေါ်သို့ သွားကြရသည်။ အရက်မူးပြီး စိတ်ချလိုက်ချအိပ်နေသောဘုရင်မှလွဲ၍ ကျန်လူများမှာ စစ်ပွဲပြီးသော်လဲ စိတ်အေးလက်အေး မဖြစ်နိုင်ကြသေးပေ။
နောက်ဆုံးတွင် နန်းတော်အရှေ့ဘက် တောင်တန်းများထံမှ နေထွက်လာပြီး ကုန်းမြေကြီးတစ်ခုလုံး လင်းထိန်လာလေသည်။
နေ့သစ်တစ်ခု စတင်ပြီဖြစ်သည်။