← Chapters

“အနာဂတ်အတွက် အစီစဥ်များ”

Vol. 5 Ch. 62

“အနာဂတ်အတွက် အစီစဥ်များ”

Vol. 5 Ch. 62

ဖှေး ကြောင်တောင်တောင် အိမ်မက်တစ်ခု မက်ခဲ့သည်။

သူ၏အိမ်မက်ထဲတွင် ဘယ်ကရောက်လာမှန်းမသိသော ရန်သူများမှာ ချမ်းဘော့ဒ်သို့ ကိုလိုနီပျားများကဲ့သို့ ဝင်ရောက်တိုက်ခိုက်နေကြသည်။ ဖှေး သူ၏ပုဆိန်ကြီးအား အသားကုန်ဝှေ့ရမ်းကာ တိုက်ခိုက်နေသော်လည်း ရန်သူအရေအတွက်မှာ များပြားလွန်းလှသည်။ နောက်ဆုံးတွင် သူခြေကုန်လက်ပန်းကျ မောပန်းလာပြီး ရန်သူများမှာ သူ့အား ကြိုးဖြင့်တုတ်ကာ ဖမ်းဆီးလိုက်ကြသည်။ ထို့နောက်တွင် ဘယ်ကရောက်လာမှန်းမသိသော မှော်ဆရာတစ်ဦးမှ ရယ်မောကာ သူ၏ ဖင်အား မီးလုံးဖြင့်ပစ်တော့သည်။

ဖှေး ကြောက်လန့်တကြား ရုန်းကန်ပြီး အိပ်မက်မှနိုးလာခဲ့သည်။

သူမျက်လုံးများဖွင့်လိုက်သည်အချိန်တွင် ဘေးတွင် ရန်သူများ၊ မှော်ဆရာများမရှိချေ။ တကယ်တန်းမှာ ဖှေးအိပ်နေသည်မှာ နေ့လည်ခင်းထိရောက်သွားပြီး ပြတင်းပေါက်မှဝင်လာသည့် ပူပြင်းသောနေရောင်ခြည်မှာ သူ၏ အဝတ်အစားမပါသော တင်ပါးပေါ်တည့်တည့်သို့ ကျရောက်နေသောကြောင့်ဖြစ်သည်။

“သေစမ်း....ဘာတွေဖြစ်နေတာလဲ....ငါ အဝတ်အစားမပါပဲ အိပ်နေခဲ့တာလားဟ......”

ဖှေး ၏စိတ်မှာ ရုတ်တရက်ကြည်လင်သွားပြီဖြစ်ပြီး မူးမိုက်မှုများလည်းမရှိတော့ချေ။

ဖှေး သူ၏ခေါင်းကိုကိုင်ပြီး မနေ့ညက ရင်ပြင်ပေါ်တွင် ပြသနာများအပြီးတွင် ဖြစ်ခဲ့သမျှဟာတို့အား မှတ်မိနိုင်ရန်ကြိုးစားနေသည်။ သူ့အားလေးစားနေသော စစ်သားများ၊ မြို့သားများမှ သူ့အားဝိုင်းအုံလာကာ အရက်များဝိုင်းတိုက်ကြတော့သည်ကိုသာ မှတ်မိတော့၏။ ဖှေးမှာ ပွင့်လင်းသောလူတစ်ယောက်ဖြစ်သည်။ စိတ်ပါပါက တိုက်သမျှ အကုန်သောက်မည့် လူစားမျိုးပင်။ ထို့ကြောင့်ပင် အလွန်မူးသွားပြီး ဤကဲ့သို့ အိပ်ရာထဲတွင် အဝတ်မပါပဲ မနက်ခင်းတွင်ထောင်နေတတ်သော ဒုတ်တစ်ချောင်းနှင့်နိုးထလာသည့် အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း မမှတ်မိတော့ချေ။

ဖှေး အနည်းငယ် ရှက်သွားသည်။ “ငါတော့​ သွားပါပြီ။ ငါကယောက်ျားလေးဆိုပေမယ့် လူပျိုပဲရှိသေးတာလေ...ငါ့အောက်ကညီလေးကို ဘယ်သူတွေမြင်သွားကြပြီလဲမသိဘူး.......”

ဖှေး အိပ်ယာပေါ်တွင် ခနတာထိုင်နေခဲ့သည်။ ပြတင်းပေါက်မှ လေညင်းတစ်ခု တိုးဝှေ့ဝင်လာခဲ့သည်။

ဖှေး ဘေးပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်သည်။ မည်သူမှ မရှိသည်ကိုတွေ့ရသောအခါ အိပ်ရာပေါ်မှအမြန်ထပြီး အဝတ်စားယူရန် ဘီရိုထံသို့ အ​ပြေးသွားတော့သည်။ အဝတ်အစားမပါပဲ နန်းတော်ထဲတွင် လှည့်ပတ်လမ်းလျှောက်နေသည်မှာ ဘုရင်တစ်ပါအတွက်ပြသနာရှိလိမ့်မည့် မဟုတ်သော်လည်း ဖှေးထံတွင် ထိုကဲ့သို့သော တနာရူး အကျင့်များမရှိချေ။ သို့သော် ဖှေး အဝတ်အစားဝတ်နေရင် သူ့အား ပဟေဋိဖြစ်စေသော တစ်စုံတစ်ခုအား သတိထားမိသွားသည်။ ဤကမ္ဘာရှိ လူများသည် အတွင်းခံဘောင်းဘီများ မဝတ်ကြခြင်းပင်။

အချိန်မရှိခြင်းနှင့် ဖိအားကြီးကြီးကို ရင်ဆိုင်နေခဲ့ရသောကြောင့် ဖှေးယခင်က ထိုအချက်ကို သတိမထားမိချေ။ ဤကမ္ဘာရှိလူများသည် ရှေးခေတ်ဥရောပ စတိုင်ဝတ်စားကြသည်ကို တွေ့ရသည်။ ဆင်းရဲသည့်မြို့သူမြို့သား တော်တော်များများမှာ အဝတ်စတစ်ခုကိုသာ ခန္ဓာကိုယ်တွင် ပတ်ပြီး၊ ကြိုးဖြင့် စုချည်ထားကြမည်ဖြစ်သည်။ ဤသည်မှာ ဝတ်ရုံတစ်ခုနှင့် တူသော်လည်း အထဲတွင် ဘာမှခံမထားချေ။ တစ်ချို့လူများဆိုလျှင် ခါးအပေါ်ပိုင်း ဗလာကျင်းနေကြသည်။ အထက်တန်းစားဆွေကြီးမျိုးကြီးများနှင့် ချမ်းသာသော မိသားစုများမှာ အနည်းငယ်ပို၍ ကောင်းကောင်းမွန်မွန် ဝတ်ဆင်ကြသည်။ အဝတ်စနှစ်ဆ ခန့်ဝတ်ဆင်ကြသည်။ သို့သော် သူတို့၏ အဝတ်စားများအောက်တွင် အတွင်းခံပါရှိမပါရှိကိုဖြင့် ဖှေး သေချာမသိချေ။ သူ၏ အောက်ပိုင်းအတွက် တြိဂံပုံ​ပိတ်စတစ်ခုကိုသာ ရှာတွေ့၏။

ဖှေး အဝတ်အစားများ ဝတ်ဆင်ပြီးသောအခါ သူ၏ခေါင်းလောင်းမှာ လေတိုးပြီး အေးစိမ့်စိမ့်ဖြစ်နေသည့်အတွက် နေရထိုင်ရအဆင်မပြေသလို ခံစားရသည်။

အနည်းငယ်ကြာတွေးပြီးနောက်တွင် ဖှေး လယ်သာ သူရဲကောင်းချပ်ဝတ်ကိုသာ ဝတ်ဆင်ရန်ဆုံးဖြတ်လိုက်သည်။ သူ၏ခေါင်လောင်းနှင့် ပွတ်တိုက်မှု အနည်းငယ်ရှိမည်ဖြစ်သော်လည်း ယခင်ကဲ့သို့တော့ ဟာလာဟင်းလင်းဖြစ်နေတော့မည်မဟုတ်ပေ။

နန်းတော်အတွင်းတွင် တိတ်ဆိတ်နေသည်။ ဖှေးတစ်ဖက်သို့လှည့်ကာ ပြတင်းပေါက်တစ်ခုထံသို့ လမ်းလျှောက်သွား၏။ ပြတင်းပေါက်မှာပင် တံခါးကြီးတစ်ချပ်ကဲ့သို့ ကြီးမားသည်။ နန်းတော်အားကြီးမားသည့် အဖြူရောင်ကျောက်တုံးကြီးများနှင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အလွန်ထည်ဝါ၏။ နန်းတော်ဆောင်ထဲတွင် ကြီးမားသည့် ကျောက်တိုင်ကြီးများ၊ နတ်ဘုရားရုပ်တုများ တည်ရှိသည်။ ကျောက်သားနံရံကြီးများမှာလည်း ထည်ဝါလွန်းလှသည်။ နံရံ၄ဖက်စလုံးတွင် ပြတင်းပေါက်ကြီးများ ပါရှိသည်။ နန်းတော်ဆောင်အတွင်းသို့ နေရောင်ခြည်ကောင်းစွာ ဝင်ရောက်စေပြီး သဘာဝနှင့် တစ်သားတည်းဖြစ်နေစေ၏။

ဤကမ္ဘာမှာ မြေကမ္ဘာ(ကျွန်တော်တို့ နေတဲ့ကမ္ဘာပေါ့) လောက် ညစ်ညမ်းမှုမရှိပေ။ တောက်ပသော နေရောင်အောက်တွင် မြက်ခင်းများမှာ စိမ်းလန်းစိုပြေနေကြသည်။ ကောင်းကင်ပေါ်တွင်လည်း ကျေးငှက်များ ပျံသန်း တေးဆိုလျှက်ရှိကြ၏။

ပထဝီအနေအထားကြောင့် ဘုရင့်နန်းတော်ဆောင်မှာ ဘေးပတ်ပတ်လည်ရှိ အဆောက်ဦးများထက် ပို၍မြင့်သော နေရာတွင်တည်ရှိသည်။ ထို့ကြောင့် ပြတင်းပေါက်မှနေ၍ ဖှေး မြို့တစ်ခုလုံး၏ မြင်ကွင်းကို လွယ်ကူစွာကြည့်ရှုနိုင်သည်။ အသေးစိတ်ကြည့်ရှုလေ့လာပြီးနောက်တွက် မြို့တစ်ခုလုံးအားလည်း အဖြူရောင်ကျောက်တုံးကြီးများနှင့် ပင်ဆောက်လုပ်ထားကြောင်းတွေ့ရသည်။ တစ်ချို့အဆောက်ဦးများမှလွဲ၍ လူနေအိမ်တော်တော်များများကိုလည်း ကျောက်တုံးအဖြူများဖြင့်ပင် ဆောက်လုပ်ထား၏။ လမ်းများကိုလည်း ထိုကျောက်တုံးများဖြင့်ပင် ခင်းကျင်းထား၏။ ၁၀ (သို့) ၂၀ ကိုက်ခန့် အမြင့်ရှိသော ရုပ်တုများကိုနေရာ အနှံ့တွင် တွေ့မြင်နေရသည်။ ဤသည်မှာ ဖှေးသူ၏တိုင်းပြည်အား ပထမဦးဆုံးအနေဖြင့် နီးနီးကပ်ကပ် အသေးစိတ် မြင်ဖူးခြင်းပင်။ တိုင်းပြည်၏ သန့်ရှင်းပြီး သဘာဝကျသော လုပ်ဆောင်နိုင်မှုတို့ကြောင့် ဖှေးအံ့သြရသည်။ လူနေအိမ်များ၊ စျေးများ၊ စုဝေးရာနေရာများ၊ စစ်ရေးလေ့ကျင့်ရာနေရာများ၊ အမှိုက်သရိုက်စွန့်ပစ်ရာနေရာများ စသည်တို့ကို စနစ်တကျခွဲခြားထား၏။

“မယုံနိုင်စရာပဲ ဒီတိုင်းပြည်ကို နည်းပညာမြင့်မားတဲ့ မျက်မှောက်ခေတ်က လူတစ်ဦးက ဒီဇိုင်းဆွဲဆောက်လုပ်ခဲ့သလိုပါလား.......” ဖှေး အံ့သြရုံမှတစ်ပါး မတတ်နိုင်ချေ။ သူ ဇူလီမြစ်အား ကျော်ကြည့်လိုက်ပြီး သူ၏ မျက်လုံးများသည် တောင်ဘက်ကမ်း အကျော်ရှိ အစိမ်းရောင် လွင်ပြင်များထံသို့ရောက်ရှိသွားသည်။ ချမ်းဘော့ဒ်တိုင်းပြည်တွင် ပုန်းကွယ်နေသော လျို့ဝှက်ချက်တစ်ခုရှိသည်ဟူသည့် သူ၏ သီအိုရီမှာ 99.99%မှန်ကန်သည်ဟု ဖှေး ခံစားလိုက်ရသည်။ လက်ရှိချမ်းဘော့ဒ်တိုင်းပြည်တွင် နေထိုင်နေကြသူအားလုံးမှာ ​နောက်မျိုးဆက်များသာဖြစ်ကြသည်။ တိုင်းပြည်အား တည်ဆောက်ခဲ့ကြသူများ မဟုတ်ကြပေ။ လက်ရှိချမ်းဘော့ဒ်တိုင်းပြည်၏ လူဦးရေနှင့် ဆောက်လုပ်ရေးအရည်ချင်းများနှင့်ဆိုပါက ဤကဲ့သို့ မဟာခံတပ်ကြီးအား တည်ဆောက်နိုင်ကြမည်မဟုတ်ပေ။

ဖှေး အံ့အားသင့် ကြည့်ရှုနေစဥ်မှာပင် သူ၏လှပသော ဇနီးလောင်းအန်ဂျယ်လာ၏ ချိုသာသော အသံလေး ပေါ်ထွက်လာသည်။

“နင်နိုးလာပြီလား အလတ်ဇန္ဒား...ငါနင့်အတွက် မနက်စာပြင်လာပြီးသွားပြီ...ပူနေတုန်းစားလိုက်။ ဒါပြီးရင် ထုံးတမ်းစဥ်လာတွေအရ ဝန်ကြီးတွေနဲ့ ဆွေကြီးမျိုးကြီးတွေက ဘုရင်ကိုနှုတ်ဆက်ဖို့ရောက်လာကြလိမ့်မယ်.....” အန်ဂျယ်လာမှ ရွှေလင်ဗန်းတစ်ခု သယ်လာခဲ့သည်။ လင်ဗန်းပေါ်တွင် လက်ဆက်သောသစ်သီးတစ်ချို့နှင့် ပူနွေးသော နွားနို့တစ်ခွက်ပါရှိသည်။

ဖှေး ပြုံးနေသော အန်ဂျယ်လာ၏ မျက်နှာကိုကြည့်ရင် သူ၏မနက်စာကိုစားနေ၏။ သူ အန်ဂျယ်လာဝတ်ဆင်ထားသော အပြာရောင်ဂါဝန်အား ခိုးကြည့်ပြီး ညစ်ညမ်းစွာတွေးလိုက်မိသည်။ “သူမအဲ့ဝတ်စုံအောက်မှာ ဘရာဖြစ်ဖြစ် အတွင်းခံတစ်ခုခု ခံဝတ်ထားမလားမသိဘူး......”

“ငါချမ်းဘော့ဒ်တိုင်းပြည်ရဲ့ ဝတ်စားပုံကို ပြောင်းလိုက်ရင်ကောင်းမလားမသိဘူး။ လူတိုင်းအတွင်းခံဝတ်ရမယ်ဆိုပြီးတော့......”

ဖှေး ဝတ်စားပုံအသစ်အား စိတ်ကူးကြည့်နေ၏။

.............

.............

“ဘာ ဝန်ကြီးချုပ် ဘစ်ဇား နဲ့ သူ့သား ဂေးလ်ပျောက်သွားပြီ ဟုတ်လား....”

တစ်နာရီကြာပြီးနောက် ဖှေး ဘုရင်၏ အုပ်ချုပ်ခြင်းဆိုင်ရာ ခန်းမဆောင်ရှိ ဘုရင့်ပလ္လင်ပေါ်တွင်ထိုင်နေရင်း ဘရွတ်အစီခံသည်ကိုကြားသော် အံ့သြသွားသည်။

“ကျွန်တော်မျိုးရဲ့ ပေါ့လျှော့မှုကိုခွင့်လွှတ်ပေးပါ ဘုရင်အလတ်ဇန္ဒား....ဘစ်ဇားကိုတစ်ညလုံးစောင့်ကြည့်နေတဲ့ စစ်သည်အဖွဲ့တွေလဲ ဘာမှ သတိမထားလိုက်မိကြပါဘူး။ ဒါပေမယ့် ဒီမနက်ရောက်မှ ဝန်ကြီးချုပ်ရဲ့အိမ်တော်ထိန်းက သူတို့စံအိမ်ထဲကနေ ကပျာကယာ ပြေးထွက်လာပြီး ဝန်ကြီးချုပ်နဲ့ သူ့သား ညက ပျောက်ဆုံးသွားတဲ့အကြောင်းကို သတင်းပို့လာတာပါ.....”

ဘရွတ် သူ၏ ခေါင်းကိုနှိမ့်ချပြီး ရှက်ရွံ့သော အမူအယာဖြင့် လျှောက်တင်လိုက်သည်။

ဖှေး အနည်းငယ် တုန်လှုပ်သွားသည်။ ဘရွတ်ပြောပြခဲ့သည်အရ ဘစ်ဇားမှာ အတွင်းအားနှင့် မှော်ပညာလုံးဝမရှိသော သာမန်လူတစ်ဦးသာဖြစ်ပြီး၊ သူ့သား ဂေးလ်မှာလဲ ပညာသင်စ မှော်ဆရာတစ်ဦးသာဖြစ်သည်။ သူတို့နှစ်ယောက်လုံး စောင့်ကြည့်မှုများစွာအောက်တွင် ထိုကဲ့သို့ ရုတ်တရက်ပျောက်ကွယ်၊ လွတ်မြောက်သွားနိုင်မည်မဟုတ်ပေ။

“အဲ့တာ မင်းအမှားမဟုတ်ပါဘူး ဘရွတ်.....” တိတ်ဆိတ်နေသော လမ်းပါ့ဒ်မှာ ရုတ်တရက်ပြောလိုက်သည်။ “တကယ်လို့သာ ဘစ်ဇားက ထွက်သွားချင်တယ်ဆိုရင် ချမ်းဘော့ဒ်မှာရှိတဲ့သူ ဘယ်သူမှ သူ့ကိုတားစီးလို့ရမှာမဟုတ်ဘူး.....ငါနဲ့ ဘုရင်အလတ်ဇန္ဒားနဲ့ နှစ်ယောက်ပေါင်းပြီး တားတောင်မရနိုင်ဘူး.......”

ခန်းမဆောင်ထဲတွင် အာမေဋိတ်သံများဖြင့် ပြည့်နှက်သွားသည်။

“ကြယ်သုံးလုံးစစ်သည် နဲ့ ကြယ်သုံးလုံးစစ်သည် တစ်ယောက်ကို သတ်နိုင်ခဲ့တဲ့ ဘုရင်နဲ့ပေါင်းတာတောင် ခပ်ပိန်ပိန်သာမန်အဖိုးကြီးတစ်ယောက်ကို မတားနိုင်ဘူးတဲ့လား ဘာလို့လဲ......”

လူအများအပြား သူ့အား ဇဝေဇဝါဖြစ်နေသည့် မျက်လုံးများနှင့် ဝိုင်းကြည့်နေသည်ကို လမ်းပါ့ဒ်တွေ့ရသော် ဆက်ပြောလိုက်၏။ “လွန်ခဲ့တဲ့အချိန်အကြာက အကြောင်းအမျိုးမျိုးကြောင့် အစွမ်းထက်တဲ့ ကြယ်သုံးလုံးအဆင့်မှော်ဆရာတစ်ယောက်က ဘစ်ဇားအတွက် အလုပ်လုပ်ပေးနေတာကို ငါသိလိုက်ရတယ်.....ငါအဲ့မှော်ဆရာနဲ့တောင် နှစ်ကိုယ်ကြားတိုက်ခိုက်ခဲ့ကြသေးတယ်....ဒါပေမယ့် ငါသူ့ကို အနိုင်မယူနိုင်ခဲ့ဘူး.......တကယ်လို့ အဲ့မှော်ဆရာကသာ လူနှစ်ယောက်နဲ့အတူ ချမ်းဘော့ဒ်ကနေ လူမသိသူမသိထွက်သွားချင်တယ်ဆိုရင် ဘာမှခက်မှာမဟုတ်ဘူး......”

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.....”

“ကြယ်သုံးလုံးမှော်ဆရာတဲ့လား...ဘုရားရေ....”

“ဘစ်ဇားမှာ သူ့အတွက်အလုပ်လုပ်ပေးနေတဲ့ မှော်ဆရာတစ်ယောက်ရှိတယ်......”

“ဂေးလ်က ပညာသင် မှော်စရာတစ်ယောက်ဖြစ်နေတာ ဒါကြောင့်ကို......”

“သေစမ်း ဒီအဖိုးကြီးမှာ ဝှက်ဖဲတွေအများကြီးရှိတာပဲဟ......”

လမ်းပါ့ဒ် လျို့ဝှက်ချက်ကြီးတစ်ခုအား ဖော်ထုတ်လိုက်သည့်အချိန်တွင် ခန်းမဆောင်တွင်းရှိ လူများအားလုံး တစ်​ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အံ့သြနေကြသည်။ ချမ်းဘော့ဒ်၏ ဂုဏ်ယူရသော ကြယ်သုံးလုံးစစ်သည် စစ်သည်လမ်းပါ့ဒ်အပြင် နောက်ထက် ကြယ်သုံးလုံးအဆင့် မှော်ဆရာတစ်ယောက် ချမ်းဘော့ဒ်တွင်ရှိနေလိမ့်မည်ဟု သူတို့အားလုံးမည်သူမျှ ထင်မထားခဲ့ကြချေ။ ထိုမှော်ဆရာမှာ ဘစ်ဇားအတွက် အလုပ်လုပ်ပေးနေသည်မှာ တော်တော်ဆိုးလှသည် သို့မဟုတ်ပါက ကြယ်သုံးလုံးစစ်သည်နှင့် ကြယ်သုံးလုံးမှော်ဆရာ ရှိနေပါက ချမ်းဘော့ဒ်တိုင်းပြည်သည် အဆင့်၅ အင်ပါယာ အဖွဲ့ဝင်အဖြစ် အဆင့်တက်သွားမည်ဖြစ်ပြီး အဆင့်၄သို့ရောက်ရန်ကား အိမ်မက်တစ်ခုသာမဖြစ်နိုင်တော့ချေ။

သို့သော် ဘစ်ဇားတစ်ယောက် အလတ်ဇန္ဒား၏ ထီးနန်းကိုထိန်းချုပ်ကာ ထင်ထိုင်းလုပ်နေခဲ့စဥ်က အရင်ဘုရင်၏ သူငယ်ချင်းဟောင်းဖြစ်သူ လမ်းပါ့ဒ်မှာ အလတ်ဇန္ဒား၏ အသက်ကို စောင့်ရှောက်ထားပြီး စစ်ဘက်ဆိုင်ရာကိစ္စများကိုသာ တည်ငြိမ်အောင်လုပ်ထားနိုင်ခဲ့သည့် အကြောင်းရင်းကို လူအများနားလည်သွားကြသည်။ ယခင်က ဘစ်ဇား အုပ်ချုပ်ရေးတွင် ဝင်ရောက်ချယ်လှယ်နေသည်အား လမ်းပါ့ဒ် ဘာကြောင့် မတားတာလဲ ဟုလူအများတွေးမိကြသည်။ သို့သော် ယခုအချိန်တွင် အကြောင်းအရင်းမှာ ရှင်းလင်းသွားပြီဖြစ်သည်။

ဖှေး လည်းခေါင်းငြိမ့်လိုက်သည်။

ဖှေး ခံတပ်နံရံမျှော်စဥ်ပေါ်တွင် မှော်ဆရာဇာတ်ကောင်အဖြစ်သို့ ပြောင်းလဲလိုက်စဥ်က ဘစ်ဇား၏ ဘေးမှ မှော်စွမ်းအား အများအပြားကို အာရုံခံမိလိုက်ပြီး၊ ရုတ်တရက်ပင် ပြသနာများစွာကို နားလည်သွား၏။ ယခုအချိန်တွင် လမ်းပါ့ဒ်မှ ဖှေး၏ သီအိုရီမှန်ကန်ကြောင်း အတည်ပြုပေးလိုက်ပြီဖြစ်သည်။

“ဒါပေမယ့် စွမ်းအားကြီးမှော်ဆရာတစ်ယောက်က ဘာလို့ဘစ်ဇားလိုလူစီမှာ သစ္စာခံထားရတာလဲ......”ထိုအချက်ကို ဖှေးနားမလည်ချေ။

“ဘရွတ် မြို့တစ်ခုလုံးကို သေချာရှာပြီး ဘစ်ဇားက တကယ်ထွက်သွားကြောင်း၊ ချမ်းဘော့ဒ်ထဲမှာပဲ ပုန်းအောင်းနေပြီး ပုန်ကန်ဖို့ကြံနေတာမဟုတ်ကြောင်း အတည်ပြုပေး....” ဖှေး အမိန့်ပေးလိုက်သည်။ “ဘစ်ဇားရဲ့ စံအိမ်က ကျေးကျွန်တွေ၊ အစေခံတွေကို လွှတ်ပေးလိုက်တော့၊ စံအိမ်နဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုတော့ ဘုရင်ပိုင်အနေနဲ့ သိမ်းပိုက်မယ်.....”

ဖှေး ထိုကဲ့သို့ ပြောအပြီးတွင် ပလ္လင်အမြင့်ပေါ်တွင်ထိုင်ပြီး ခန်းမအတွင်းရှိ လူများအားကြည့်လိုက်သည်။ “ပီးရာ့စ်၊ ဒရော့ဂ်ဘာ၊ ဘရွတ်၊ တိုးရီစ်၊ လမ်းပါ့ဒ် နှင့် လူခန့်ညားအဖိုးကြီး ဘတ်စ်တို့ဖြစ်ကြသည်။ ချမ်းဘော့ဒ် တွင် လေးစားခြင်းခံရမှုများသည့် အသက်ကြီးပိုင်းလူတစ်ချို့လဲရှိသည်။ ဤခန်းမအတွင်းရှိ လူများအားလုံးသည် ချမ်းဘော့ဒ်အနာဂတ်အတွက် အရေးပါသော ခေါင်းဆောင်များ ဖြစ်လာကြမည်ဖြစ်သည်။

“ဒါပေမယ့် ငါတို့အဖွဲ့ရဲ့ စွမ်းအားတွေက နည်းနေသေးတယ်....လူတိုင်းရဲ့အစွမ်းတွေကို မြှင့်တင်ပေးမယ့် နည်းလမ်းကိုရှာမှဖြစ်မယ်.....အဲ့နည်းလမ်းကို ငါဒိုင်ယာဘလိုကမ္ဘာထဲမှာ ရှာတွေ့နိုင်မလားပဲ......” ဖှေးတွေးလိုက်မိသည်။ “စစ်တပ်ကို ပြန်လည်တည်ဆောက်ဖို့နဲ့ တိုင်းပြည်ရဲ့ ဥပဒေနဲ့ ပေါ်လစီတွေကို ပြုပြင်ဖို့ကိုလဲ အခုအစည်းအဝေးမှာ ဆွေးနွေးမှဖြစ်မယ်....ဒီလို စစ်ပွဲတွေပြည့်နှက်နေတဲ့ တိုက်ပေါ်မှာ ငါတို့ရဲ့စွမ်းအားတွေကို တိုးမြှင့်ခြင်းကသာ တစ်ခုတည်းသော အသက်ရှင်နိုင်တဲ့နည်းလမ်းပဲ......”

All Chapters