“အမျိုးသမီးသူပုန်၏ စွမ်းအားများတိုးတတ်လာမှု”
Vol. 5 Ch. 65
“ညီအမ အယ်လီနာ ဒါနင်အမြဲပြောပြောနေတဲ့ လူရိုင်းစစ်သည်အကိုလား။ဝိုး....သူက ငါထင်ထားတဲ့ပုံနဲ့မတူပါလား....လူရိုင်းက ဒီလောက်ခန့်ညားမယ်လို့ ငါထင်မထားဘူး.....”
“ဟီးဟီး ဟုတ်ပ။ သူ့ရဲ့ကြွက်သားတွေကို ကြည့်ပါဦး...ခန္ဓာကိုယ်က တောင့်တင်းနေတာပဲ အန္တာရယ်များတဲ့ မြေရိုင်းလွင်ပြင်ကို တစ်ယောက်ထဲသွားနိုင်တာ မစမ်းပါဘူး...”
“အကို ညီအမအယ်လီနာကို သေချာဂရုစိုက်ပေးမှရမယ်နော်....သူမက မိန်းကလေးသူပုန်တွေထဲမှာဆို အလှဆုံးပန်းလေးလေ ၊ ပြီးတော့ အားကိုးရတဲ့မှော်လေးသည်တော် တစ်ယောက်လဲဖြစ်တယ်....ခစ်ခစ်....အကိုသိမှာတော့မဟုတ်ဘူး...အကိုတစ်ယောက်ထဲ ကျရှုံးပြီးပါလာဒင် ဂရစ်ဝေါလတ်နဲ့ ရင်ဆိုင်ဖို့ ထွက်သွားတဲ့အချိန်အတွင်းကဆို အယ်လီနာတစ်ယောက်အတော်စိတ်ပူပြီး ကျန်နေခဲ့တာ....သူ့အိမ်မက်ထဲမှာတောင် အကို့နာမည်ကို ယောင်ယောင်ပြီးခေါ်နေလေရဲ့.....”
ပန်းပွင့်လေးများကဲ့သို့ အမျိုးသမီးသူပုန်များမှာ ဖှေးနှင့် အယ်လီနာအား ဝိုင်းအုံပြီး စကားပြောဆိုစနောက်ကာ ရီမောနေကြသည်။
အနည်းငယ်ပိုရဲတင်းသော အမျိုးသမီးငယ်တစ်ချို့မှာ ဖှေး၏ ကြွက်သားများအား သူမတို့၏ အေးစက်သောလက်များဖြင့် ထိကိုင်ကြည့်လျှက်ရှိကြသည်။ ထိုအေးစက်သောလက်များမှာ [သူပုန်စခန်း] အားမကောင်းဆိုးဝါးများ လက်မှ အနှစ်နှစ်အလလကာကွယ်စောင့်ရှောက်ခဲ့သည့် လက်များလည်းဖြစ်ကြသည်။
အမျိုးသမီးများ အုပ်စုဖွဲ့၍ “အနိုင်ကျင့်”စနှောက်ပါက ကြောက်စရာပင်ဖြစ်သည်။ ဖှေးပင် အမျိုးသမီးသူပုန်စစ်သည်များ သူ့အားပတ်ပတ်လည်ဝိုင်းနေသောကြောင့် နေရထိုင်ရခက်လာ၏။ အယ်လီနာ၏ မျက်နှာမှာလည်း ရှက်ကိုးရှက်ကန်းဖြစ်ကာ နီရဲနေ၏။ အခြေအနေမှာ တစ်ခြားဘက်သို့ ဦးတည်နေသည်ကို ဖှေးသိသွားသော် အယ်လီနာ၏ လက်သေးသေးလေးကို ဆွဲကာ ရှောင်ပြေးသွားတော့၏။ အမျိုးသမီးငယ်များမှာ ရယ်မောကာ ကျန်ခဲ့တော့သည်။
“ငါညီအမ အယ်လီနာကို မနာလိုလိုက်တာ အဲ့လူရိုင်းစစ်သည်က တော်တော်ဖြောင့်မက်တဲ့ယောက်ျားပဲ.....”
“ဟုတ်တယ်..အယ်လီနာက တော်တော်ကံကောင်းတာပဲ အဲ့လိုခင်မင်ရင်းနှီးတတ်ပြီး၊ သဘောကောင်းတဲ့ ခရီးသွားနဲ့ တွေ့ဆုံရတယ်ဆိုတာ ရှားတယ်လေ.....”
“ဟီးဟီး ငါသာ ညီအမ အယ်လီနာနေရာမှာဆိုရင် အဲ့လူကို ချက်ချင်းငါ့ယောက်ျားဖြစ်သွားအောင် လုပ်လိုက်မှာပဲ.....”
သူတို့နှစ်ယောက်ထွက်ပြေးသွားသည်ကို ကြည့်ရင်း အမျိုးသမီးငယ်လေးများ အခြင်းခြင်းပြောနေကြသည်။ သူတို့၏ မျက်နှာပေါ်တွင် အားကျနေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ ဤကဲ့သို့ အသက်ရှင်နိုင်ရန်ပင် ခက်ခဲလှသော ဒိုင်ယာဘလိုကမ္ဘာထဲတွင် ချစ်ခြင်းတရားမှာ အလွန်ရှားပါးလှ၏။ ဖှေးကဲ့သို့ သမာသမက်ကျပြီး ကြင်နာတတ်သော ခရီးသွားများသည် အမျိုးသမီးသူပုန်တိုင်းလိုချင်ကြသည့် အိမ်မက်ထဲမှချစ်သူများပင်။ သို့သော် ထိုအမျိုးသမီးများ မကောင်းဆိုးဝါးများနှင့်တိုက်ခိုက်ရာတွင် မသေဆုံးခဲ့လျှင်လဲ သာမန်လူများဖြင့်ပင် စခန်းထဲတွင်မျိုးဆက်သစ်ချန်ထားပေးရန်အလို့ငှာ အိမ်ထောင်ကျသွားကြသည်များ၏။
............
လူရိုင်းဇာတ်ကောင်မှာ ဖှေး၏ လယ်ဗယ်အမြင့်ဆုံး ဇာတ်ကောင်ဖြစ်သည်။ ထို့ကြောင့်ထိုဇာတ်ကောက်တွင် အမြင့်ဆုံးတိုက်ခိုက်အားနှင့် ခုခံအားတို့ရှိသည်။ ဖှေးသည် လူရိုင်းဇာတ်ကောင်ကို အဓိကအနေဖြင့် လယ်ဗယ်မြှင့်တင်မည်ဟု ယခင်ကတည်းကဆုံးဖြတ်ထား၏။ ထိုမှသာ ဖှေးအချိန်မြန်မြန်နှင့် ပို၍ပို၍သန်မာသည့် ပုဂ္ဂိုလ်ဖြစ်လာလိမ့်မည်ဖြစ်သည်။ တစ်ခြားဇာတ်ကောင်များဖြစ်ကြသည့် မှော်ဆရာ၊ ပါလာဒင် စသည်တို့ကို ဖှေးအရံသဘောဖြင့်သာ အသုံးပြုမည်ဖြစ်သည်။
မြေရိုင်းလွင်ပြင်သို့ထွက်ခွာပြီး လယ်ဗယ်မြှင့်တင်ချင်းမပြုလုပ်မှီ ဖှေးပြင်ဆင်စရာများရှိသေးသည်။
ဇူလီမြစ်ကျောက်တံတားအား ဖျက်ဆီးရင်း ဖှေး၏ လူရိုင်းဇာတ်ကောင်လက်ဆွဲဖြစ်သော နှစ်ဖက်ကိုင်ပုဆိန်ကြီးမှာ ကျိုးပဲ့ပျက်ဆီးသွားပြီဖြစ်သည်။ ထို့ကြောင့် ပန်းပဲဆရာမ ချယ်စီထံသို့သွားပြီး လိုအပ်သည့် ပစ္စည်းတစ်ချို့ကို ဝယ်ရဦးမည်ဖြစ်သည်။ ဖှေး ရွှေဒင်္ဂါး၂၀၀၀ခန့် အသုံးပြုပြီး လက်နှစ်ဖက်ကိုင် ပုဆိန်နောက်တစ်လက်ကို ချယ်စီထဲမှဝယ်ယူလိုက်သည်။ ဤပုဆိန်အသစ်မှာ ယခင်ပုဆိန်နှင့် ပုံစံခြင်းဆင်သော်လည်း ထိခိုက်စေနိုင်မှုမှာ ၃မှတ်ခန့်ပိုပြီးမြင့်မား၏။ ချယ်စီရောင်းသမျှ ပုဆိန်များထဲတွင် ထိခိုက်စေနိုင်မှု အများဆုံး ပုဆိန်ဖြစ်သည်။
ပစ္စည်းများဝယ်ယူပြီးသော် ဖှေးသူ၏စိတ်အာရုံမြင်ကွင်းထဲတွင် ရွှေရောင် အမေးသင်္ကေတလေးတစ်ခု ရောက်ရှိနေသည်ကို သတိထားမိလိုက်သည်။ သူလုပ်ဆောင်ရန် အလုပ်အသစ်တစ်ခုရှိနေသည်ဟူသော အဓိပ္ပါယ်ပင်။ ဖှေး မှုန်ကုပ်ကုပ်ဖြစ်နေသော ကောင်မလေးချယ်စီနှင့် စကားပြောကြည့်လိုက်သည်။ စက္ကန့်၂၀ခန့်စကားပြောပြီးချိန်တွင် ဖှေးထင်ထားသည့်အတိုင်းပင် ချယ်စီ၏ ပျောက်ဆုံးနေခဲ့သော မှော်တူအား ပြန်လည်ရှာဖွေပေးရမည်ဖြစ်သည်။ ဤအလုပ်အား ပြီးမြောက်သွားပါက ချယ်စီမှာ ဖှေးအတွက် မှော်ပစ္စည်းများ ထုလုပ်ပေးနိုင်မည်လာတော့မည်ဖြစ်သည်။
ဖှေး အလုပ်အား လက်ခံလိုက်ပြီး ချက်ချင်းပင်စတင်တော့သည်။
ဖှေး မြေပုံကိုကြည့်ပြီး အစီစဥ်များဆွဲပြီးနောက်တွင် အနီးဆုံးနေရာတွင်ရှိသော အလုပ်အား အရင်ဆုံးပြီးမြောက်အောင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။ ဖှေး ချယ်စီတောင်းဆိုထားသော အလုပ်ကို မစတင်ခင် အဖိုးကြီးကိန်းအား ကယ်တင်ခြင်းအလုပ်ပြီးမြောက်သွားချိန်တွင် ပေါ်လာခဲ့သည့် တတိယမြောက်အလုပ်ဖြစ်သည့် [မေ့လျှော့ခြင်းခံရသော မျှော်စဥ်]ရှိ မြို့စားကတော်အား နှိမ်နှင်းပေးရမည့် အလုပ်ကိုအရင်ပြီးမြောက်အောင်လုပ်ကိုင်ရန် ဆုံးဖြတ်လိုက်သည်။ ဖှေး သူနှင့်ပြန်လည်ဆုံတွေ့ရသည့်အတွက် ပျော်ရွှင်နေသည့် အယ်လီနာကိုခေါ်ပြီး မြို့ပြောင်းစာလိပ် အသုံးပြုကာ [သူပုန်စခန်း] မှ [အမှောင်သစ်တော]ထဲသို့ရောက်လာခဲ့သည်။
လက်ရှိ ဒိုင်ယာဘလိုကမ္ဘာတွင် နေ့လည်ခင်းအချိန်ခါဖြစ်၏။ ရာသီဥတုမှာ အံ့သြဖွယ်ကောင်းစွာပင် မိုးများရွာ၍မနေပေ။ ကောင်းကင်ပေါ်တွင် အမြဲလိုလို အုံ့မှိုင်းနေတတ်သည့် တိမ်ညိုတိမ်မဲများပင် ကင်းစင်လျှက်ရှိသည်။ နေလုံးကြီးမှာ ကောင်းကင်တွင်တောက်ပလျှက်ရှိပြီး နွေးထွေးကာနေရထိုင်ရ အဆင်ပြေစေသည်။
ဦးတည်ရပ်အား အတည်ပြုပြီးချိန်တွင် သူတ်ို့နှစ်ယောက်သား သက်လုံဆေးပုလင်းတစ်ပုလင်းစီကို မော့သောက်လိုက်ကြပြီး ခိုးပြေးလာသော စုံတွဲကဲ့သို့ပင် [အမဲရောင် စိမ့်တော]သို့ ဦးတည်ပြီးပြေးကြတော့သည်။
“အော်ဟုတ်သားပဲ...အယ်လီနာ...ဒီလေးက နင့်အတွက် အသုံးဝင်မလားမသိဘူး.....”
ပြေးနေရင်းဖြင့် ဖှေးသတိရပြီး သူရရှိထားသော ရွှေရောင်ရှားပါးပစ္စည်းဖြစ်သည့် လေးတစ်လက်အား [ပစ္စည်းထားသိုရာ အကန့်]ထဲမှ ထုတ်ကာ အယ်လီနာကို ပေးလိုက်သည်။
ထိုအရာမှာ ပေါ့ပါးသည့် လေးတိုတစ်လက်ဖြစ်သည်။ လေးမှာ ရွေရောင်တောက်ပနေပြီးပြီး အနုစိတ်ကနုတ်များဖြင့် အလှဆင်ထား၏။
ရွှေရောင်ဖျော့ဖျော့တောက်ပနေသော လေးကြိုးတစ်ခုကို တပ်ဆင်ထား၏။ လေးတစ်ခုလုံးကိုလည်း မှော်စွမ်းအားများဖြင့် မွမ်းမံထားလေသည်။ အနုပညာလက်ရာတစ်ခုကဲ့သို့ပင်။
အယ်လီနာ၏မျက်နှာ နီရဲသွားသည်။ မှော်လေးသည်တော်မှ သူမခေါင်းကိုငုံ့လိုက်ပြီး ကလေးငယ်တစ်ယောက်ကဲ့သို့ ဝမ်းသာနေ၏။ ဖှေးလက်ထဲမှ လေးကိုညင်သာစွာယူလိုက်ပြီး “ကျေးဇူးပါ မစ်စတာ”ဟု နူးညံ့စွာပြောလိုက်၏။
“အမ်.....အယ်လီနာ နောက်ပြီး ငါ့ကို မစ်စတာလို့ဆက်မခေါ်တော့နဲ့ ဒီကရှေ့ရှောက် ငါ့နာမည်ကိုပဲ တိုက်ရိုက်ခေါ်ပါ ဟုတ်ပြီလား.....” ဖှေး အယ်လီနာ၏အလှကြောင့် အနည်းငယ်ကြာ ကြက်သေသေနေရာမှ သတိရလာပြီး ခေါင်းကုတ်ကာ ပြုံးပြီးပြောလိုက်သည်။
“ဟုတ်ကဲ့ပါ မစ်စတာဖှေး” အယ်လီနာပြန်ဖြေလိုက်၏။
“........”
...........
မြို့စားကတော်အား သတ်ဖြတ်နှိမ်နင်းရသည်မှာ မခက်ခဲလှပေ။
အလုပ်၏ နေရာမှာ [အမဲရောင် စိမ့်တော]အတွင်းရှိ [မေ့လျှော့ခြင်းခံရသော မျှော်စဥ်]တွင်ဖြစ်သည်။ မျှော်စဥ်အတွင်းသို့ဝင်ပြီးသောအခါ သူတို့နှစ်ယောက်လုံး မြို့စားကတော်ပုန်းအောင်းနေသည့်နေရာဖြစ်သည့် အနိမ့်ဆုံးကြမ်းပြင် အဆင့်၅အထိ ရောက်အောင် ဆင်းသွားခဲ့ကြရသည်။ [မေ့လျှော့ခြင်းခံရသော မျှော်စဥ်]၏ အထပ်တိုင်းအထပ်တိုင်းတွင် မကောင်ဆိုးဝါးအမျိုးအစား အများအပြားဖြင့် ပြည့်နှက်နေသည်။ ဗိုလ်ကြီးအငယ်စား တစ်ချို့ပါရှိ၏။ ခက်ခဲမှုမှာ သိသာစွာပင် ပို၍တိုးမြှင့်လာသည်။ အပြင်လောကနှင့်ယှဥ်ပါက မြေအောက်ထဲတွင်သာ ပို၍အဆင့်မြင့်မကောင်းဆိုးဝါးများ ခိုအောင်းတတ်ကြသည်မှာ အသိသာပင်။ ဖှေးနှင့် အယ်လီနာတို့နှစ်ယောက်လုံး အောက်ဆုံး အဆင့်၅ကြမ်းပြင်သို့ ရောက်ရှိနိုင်ရန်အတော်ကြိုးစားခဲ့ရ၏။
ဖှေးတွင် အစီစဥ်ကောင်းတစ်ခုရှိသည်။ အခြေအနေဆိုးဝါးလာပါက ဖှေး မြို့ပြောင်းစာလိပ် အသုံးပြုပြီး ပေါ်တယ်တစ်ခုအမြန်ဖွင့်ကာ အယ်လီနာအား သူပုန်စခန်းသို့ လုံခြုံအောင်အရင်ပြန်ပို့လိုက်မည်ဖြစ်သည်။ ထို့နောက်တွင် သူ၏ အရှက်ရှိသော ထွက်ပြေးလိုက်ရှောင်လိုက်ရိုက်လိုက် ဗျူဟာက်ို ထက်မံအသုံးချပြီး မြို့စားကတော်အား ရင်ဆိုင်ရန်ကြိုးစားမည်ဖြစ်သည်။ သို့သော် သူတို့နှစ်ယောက်လုံး အဆင့်၅အထပ်သို့စရောက်ရောက်ခြင်းပင် အယ်လီနာ၏ လေးမှရေခဲမြှားများ တရစက်စက်ထွက်လာခဲ့သည်။ မြှားများမှာ သေမင်းခေါ်သံကဲ့သို့ပင် နောက်ဆုံးဗိုလ်ကြီး မြို့စားကတော်မှာ ဂါထာမန္တန်များရွတ်ဖတ်ချိန်ပင် မရလိုက်ချေ။ ရေခဲမြှားများစွာ ထိမှန်သွားပြီး ရွှေ့လျားရန်အခက်အခဲဖြစ်သွားသည်။ ထိုအချိန်တွင် ဖှေးမှာ မြို့စားကတော်ထံသို့ တိုးဝင်သွားပြီး ပုဆိန်ကိုဝေ့ရမ်းကာ တရစက်တိုက်ခိုက်တော့သည်။ ဤကဲ့သို့ဖြင့် အနည်းငယ်အကြာတွင် အမှောင်စုန်း မြို့စားကတော်မှာ မြေပြင်ပေါ်သို့လဲကျသေဆုံးသွားပြီဖြစ်သည်။
“သေစမ်း.....တော်တော်လွယ်တာပဲဟ...ဘာလို့များပါလိမ့်....” ဖှေး အံ့သြသွားသည်။
အယ်လီနာ၏ အစွမ်းများမှာ ဖှေးထင်ထားသည်ထက် ပို၍ တိုးလာခဲ့ကြောင်းသတိထားလိုက်မိသည်။ ဤကဲ့သို့တိုက်ခိုက်မှုမျိုးမှာ လယ်ဗယ်(အဆင့်)၈ မှော်လေးသည်တော်၏ တိုက်ခိုက်မှုမျိုးဖြစ်သည်။ ယခင်တစ်ခေါက်က အယ်လီနာမှာ အဆင့်၅ မှော်လေးသည်တော်သာဖြစ်ကြောင်း ဖှေးအသေအချာမှတ်မိသည်။
“သူမရဲ့ အစွမ်းတွေက ဘာလို့ဒီလောက်မြန်မြန် တိုးတတ်လာခဲ့တာလဲ.....”
ဖှေး အံ့သြပြီး တွေးနေတုန်းမှာပင် ပြောင်းလဲမှုအနည်းငယ် စတင်ဖြစ်ပွားတော့သည်..
မြို့စားကတော်၏ အလောင်းထံမှ အဖြူရောင်အလင်းတန်းများ ခွဲဖြာထွက်လာပြီး မျှော်စဥ်တစ်ခုလုံးတုန်ခါလာတော့သည်။ ထို့နောက်တွင် ဘယ်ကရောက်လာမှန်းမသိသော တိမ်မြူများဖုံးလွှမ်းသွားပြီး ရွှေရောင်ရတနာသေတ္တာကြီးတစ်ခု ဖှေး၏ အရှေ့တွင်ပေါ်ပေါက်လာခဲ့သည်။ ထိုသတ္တာကြီးမှာ ရွှေတွင်းကဲ့သို့ပင် အဖုံးဖွင့်လိုက်သည့်အချိန်မှစပြီး အထဲမှရွှေဒင်္ဂါးပြားများ အပြင်သို့တရစက်ထွက်ကျလာတော့သည်။
“ဟအား ငါတော့ချမ်းသာပြီဟေ့.....” ဖှေးမြင်ကွင်းတွင် ရွှေဒင်္ဂါးပြားများဖြင့်သာ ပြည့်နှက်သွားတော့သည်။
မျက်စိတစ်မှိတ်ခန့်မျှ အချိန်တွင် မြေပြင်တစ်ခုလုံးအား ရွှေဒင်္ဂါးပြားများဖြင့် ဖုံးလွှမ်းသွားတော့သည်။ ရွှေရောင်အလင်းတန်းများ တဖျတ်ဖျတ်တောက်ပနေနေ၏။ ကြမ်းပြင်တစ်ခုးအား ရွှေအုပ်ဖြင့်ခင်းထားသကဲ့သို့ပင်။ ထို့နောက်တွင် သေတ္တာမှာပျောက်ကွယ်သွားတော့သည်။
ဖှေး တစ်ဖက်သိုအလှည့်ပြီး အယ်လီနာကိုလှမ်းကြည့်လိုက်သည်။ အယ်လီနာမှာ ယခင်နည်းတူပင် ထိုရွှေဒင်္ဂါးပြားများကို မြင်နိုင်ဟန်မရှိချေ။ သူမ၏ လေးကိုကိုင်တွယ်ပြီး ဘေးပတ်ဝန်းကျင်အခြေအနေကြည့်နေ၏။ ဖှေးစိုက်ကြည့်နေသည်ကို သိရှိသွားပြီးနောက်တွင် အယ်လီနာမှာ ဘာလုပ်မယ်မှန်းမသိဖြစ်သွားပြီး ရှက်ရွံ့ကာ ခေါင်းငုံ့ထားလေသည်။
ဖှေး သူ၏ အမျိုးသမီးကိုယ်ရံတော်၏ လှပသောအမူအယာကြောင့် ထက်မံ၍ပင် မင်သက်သွား၏။ ဖှေး အယ်လီနာအား စနောက်လိုသော်လည်း ရွှေဒင်္ဂါးပြားများကို အရင်လိုက်ကောက်သိမ်းဆည်းရဦးမည်ဖြစ်သည်။
[မေ့လျှော့ခြင်းခံရသော မျှော်စဥ်]၏ နောက်ဆုံးဗိုလ်ကြီး ဖြစ်သည့် မြို့စားကတော်အား သတ်ဖြတ်ပြီးချိန်တွင် ရှားပါးပစ္စည်းတစ်ခုမှ မရလိုက်သည်မှာ အနည်းငယ်စိတ်ပျက်စရာကောင်းသည်။ သို့သော်လည်း အပြာရောင်မှော်ပစ္စည်းတစ်ချို့နှင့် ရွှေဒင်္ဂါးအများအပြား ၅၀၀၀ကျော်ခန့်ရလိုက်သည်။
ဖှေး မြေပြင်ရှိ ပစ္စည်းများ၊ ရွှေဒင်္ဂါးပြားများကို လက်လံကောက်ယူ သိမ်းဆည်းပြီးချိန်တွင် သူ၏ အတွေ့ကြုံအမှတ်များ(exp)ကို တစ်ချက်ကြည့်လိုက်သည်။လယ်ဗယ်(အဆင့်)၁၃ သို့ရောက်ရှိရန် အမှတ်5%ခန့် လိုအပ်နေသေးကြောင်းတွေ့ရသည်။ အချိန်တစ်နာရီခန့် ကုန်ဆုံးသွားပြီဖြစ်သည်။ ဖှေး၏ အတွေ့ကြုံအရ လယ်ဗယ်(အဆင့်)များလာလေလေ အဆင့်တက်ရန်အတွက် အတွေကြုံအမှတ်(exp)ပို၍များများလိုအပ်လာလေ ဖြစ်သည့်အတွက် အဆင့်တတ်ရန်အချိန်မှာလဲ ပို၍ကြာလာလေလေဖြစ်သည်။
မြို့စားကတော်အား သတ်အပြီးတွင် ဖှေးနှင့် အယ်လီနာတို့ နောက်တစ်နေရာဖြစ်သည့် - [တာမိုး ကုန်းမြင့်]ရှိ [ဘုရားကျောင်း အဝင်ဝ]သို့ ချယ်စီ၏ တောင်းဆိုထားမှုအား ဆောင်ရွက်ပေးရန် ဆက်လက်ထွက်ခွာကြရသည်။ ထိုဘုရားကျောင်းမှာ ယခင်က သူတော်စဥ်များနေထိုင်ရာအရပ်ဖြစ်ခဲ့သည်။ သို့သော် မကောင်းဆိုးဝါးများ၊ နှင့် နတ်ဆိုးမျာ သိမ်းပိုက်ပြီးချိန်တွင် ထိုနေရာသည် ငရဲကဲ့သို့ပင်ဖြစ်လာခဲ့သည်။ အရေးကြီးဖော်ပြရန် ကျန်ရှိနေသေးသည့်အချက်မှာ [သူပုန်စခန်း]၏ နောက်ဆုံးဗိုလ်ကြီးဖြစ်သော အေဒရီရယ်မှာလဲ ထိုနေရာတွင် ပုန်းအောင်းနေခြင်းပင်။